← Chapters

သွေးစွန်းနေတဲ့နာမည်

Vol. 58 Ch. 796

သွေးစွန်းနေတဲ့နာမည်

Vol. 58 Ch. 796

“ဗုန်းးးးး...”

ပြင်းထန်သောလှိုင်းလုံးကြီးများဖြစ်ပေါ်နေသောသမုဒ္ဒရာထဲတွင် နေရာတစ်ခုရှိလေ၏။ထိုစဉ် ခန္ဓာကိုယ်တစ်ခုက အစိတ်စိတ်အမွှာမွှာ ကွဲကြေသွား၏။ ထိုကိုယ်ထဲမှအပိုင်းအစများ ထွက်ပေါ်လာပြီး စုမင်အဖြစ် ပြောင်းလဲသွားသည်။

သူက ရှေ့သို့ခြေလှမ်းအနည်းငယ်ကို လှမ်းခဲ့သည်။ စုမင်က ဖျော့တော့သော မျက်နှာဖြင့် သူ့နောက်ရှိပေါက်ကွဲသွားသောခန္ဓာကိုယ်ကို တစ်ချက်ကြည့်လိုက်သည်။

“ ကြက်သွေးရောင်မီးလျှံဂြိုလ်ကနေထွက်ပြီးတဲ့နောက် မင်းက ငါသတ်ခဲ့တဲ့ခုနှစ်ယောက်မြောက် လောကအသူရာနတ်ဘုရားနယ်ပယ်မှာရှိတဲ့ကျင့်ကြံသူပဲ...”

စုမင်၏မျက်လုံးများက သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပနေလေသည်။ သူ့

ခန္ဓာကိုယ်ထဲတွင် လောကမှော်ယာဉ်ပျံစွမ်းအားအပြည့်ရှိနေလေသည်။ ထိုစွမ်းအားက သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွား

လေ၏။ မူလက သူ့ကျင့်ကြံဆင့်နှင့်

သူ့ကိုယ်တွင်းရှိထိုစွမ်းအားကို ထိန်းထားရန် မဖြစ်နိုင်ပေ။

သို့သော်လည်း မီးလျှံဂြိုလ်သခင်၏ပုံရိပ်ဝါးမျိုစွမ်းရည်က မယုံနိုင်လောက်အောင် အစွမ်းထက်သည်။ ၎င်းက စုမင်၏

ခန္ဓာကိုယ်ကို လှောင်အိမ်အဖြစ်သို့ ပြောင်းလဲစေပြီး လောကမှော်ယာဉ်ပျံစွမ်းအားများ ပြန့်ကျဲမသွားစေရန် ကာကွယ်ပေးသည်။

“ပုံရိပ်ဝါးမျိုခြင်းစွမ်းရည်ကို ကျင့်ကြံမယ်ဆိုရင် ပြည့်စုံမှုအခြေအနေကိုးခု တွေ့ရလိမ့်မယ်.. ပြည့်စုံမှုတစ်ခုရောက်တိုင်း ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်.. မင်း အဲဒီဘေးအန္တရာယ်ကို ဖြတ်ကျော်နိုင်ရင် အောင်မြင်မှုရမှာပဲ..”

“မင်းရဲ့လောကမှော်ယာဉ်ပျံစွမ်းအားကို လေ့လာကြည့်ဖူးတယ်..မင်းက ပထမပြည့်စုံမှုအခြေအနေကို မရောက်ခင် နောက်ထပ် အသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူဆယ်ယောက်ကို ဝါးမျိုဖို့လိုလိမ့်မယ်..ဒါဆို မင်းရဲ့ရုပ်ခန္ဓာဟာ ကောင်းကင်ဘုံကျင့်ကြံခြင်းနယ်နမိတ်ကိုရောက်သွားမယ်..”

“ပြီးတော့ မင်းသာ ထပ်အောင်မြင်ခဲ့ရင် မင်းရဲ့ရုပ်ခန္ဓာက လောကမှော်ယာဉ်ပျံနယ်ပယ်ကို တက်သွားလိမ့်မယ်...”

မီးလျှံဂြိုလ်သခင်၏အသံက စုမင်၏

နှလုံးသားထဲတွင် တုန်ခါသွားသည်။

စုမင်က သူ၏နောက်ပစ်မှတ်ဆီသို့ ဦးတည်သွားကာ လေပြင်းသမုဒ္ဒရာထဲသို့ ပျောက်ကွယ်သွားသည်။

“ကောင်စုတ်..မင်းဘယ်မှာလဲ..”

“ထွက်လာခဲ့စမ်း..မင်း သမုဒ္ဒရာထဲမှာ ပုန်းပြီး အလစ်တိုက်ဖို့ပဲကြံနေတယ်.. ရှေ့ကို ရဲရဲဝံဝံထွက်ပြီး မတိုက်ခိုက်ရဲဘူးလား”

“ထွက်လာခဲ့စမ်း..”

ခပ်အုပ်အုပ်ဟိန်းဟောက်သံများက လေပြင်းသမုဒ္ဒရာတွင် ပဲ့တင်ထပ်နေလေသည်။ လူတစ်ရာနီးပါးသေဆုံးသွားသောအခါ ကျင့်ကြံသူများက စိတ်ချောက်ချားပြီး ထွက်ခွာသွားချင်ခဲ့ကြသည်။ သို့သော် ထွက်ခွာလိုသူတိုင်းနီးပါးက သေခြင်းမှ မလွတ်မြောက်နိုင်ခဲ့ပေ။

အလိုရှိသောရာဇ၀တ်ကောင်က ရက်စက်ကြမ်းကြုတ်ပြီးအဆိပ်ရှိသောမြွေတစ်ကောင်ကဲ့သို့ဖြစ်ပြီး သူတို့တစ်ဦးစီကို ဂရုစိုက်စောင့်ကြည့်နေလေသည်။ သူတို့က နည်းနည်းလေး သတိလွတ်လိုက်ဖြစ်လျှင် စုမင်က သူတို့ကို အလစ်ဝင်သတ်ဖြတ်ခဲ့သည်။

လေထုထဲတွင် ဆက်တိုက်ထွက်ပေါ်လာသောနာကျင်စွာအော်ဟစ်သံများက ကျင့်ကြံသူအများစုကို ထိတ်လန့်စေခဲ့သည်။ သူတို့ထဲက လူအများကြီး သေဆုံးခဲ့သည်။ ထို့ပြင် သေဆုံးသူထဲတွင် လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူများပါရှိနေသောကြောင့်

စုမင်ကို သတ်ဖြတ်လိုသူများ၏စိတ်ဆန္ဒမှာ ယိမ်းယိုင်သွားပါတော့သည်။

“အခုဆိုလေးနာရီလောက်ရှိပြီ..ဒါပေမဲ့ အဲဒီကောင်ကို တစ်ခါမှမတွေ့ဖူးဘူး.. သူ့မှာ ကြောက်စရာကောင်းတဲ့ရတနာတစ်ခုရှိရုံတင်မကဘူး..သူ့အနီးနားက သူတွေကို ရှာဖွေဖို့ နည်းလမ်းလဲ ရှိလိမ့်မယ်..”

ခရမ်းရောင်ဝတ်ရုံနှင့်အဘိုးကြီးက မျက်မှောင်ကြုတ်ကာ ရှေ့သို့ တိုးလာသည်။ သူခြေတစ်လှမ်း လှမ်းတိုင်း သူ့အရှိန်အဝါက ပေတစ်သိန်းနီးပါး ဖုံးလွှမ်းသွားခဲ့သည်။ ထိုသို့သောအရှိန်ဖြင့်လဲ လေးနာရီအတွင်း စုမင်ကို ရှာမတွေ့ခဲ့ပေ။

တစ်ခုတည်းသောအဖြေမှာ စုမင်က သူ့တည်နေရာကို ကြိုသိနေခြင်းဖြစ်သည်။

‘စိတ်ဝင်စားဖို့ကောင်းတယ်.. ဘယ်လောက်ကြာကြာ ဖုံးကွယ်ထားနိုင်မလဲဆိုတာ သိချင်မိတယ်..”

ထိုအဘိုးအိုမှာ မီးလျှံဂြိုလ်သခင် သတိထားရမည်ဟုပြောခဲ့သူဖြစ်ဧ။်။ ထိုလူမှာ လောကမှော်ယာဉ်ပျံနယ်ပယ်အလယ်လတ်အဆင့်ကျင့်ကြံသူဖြစ်သည်။

အတိတ်က ကျင့်နန်ကျစ်ကို ကြည့်ခြင်းအားဖြင့် အဘိုးအို၏စွမ်းအားအချို့ကို ခန့်မှန်းနိုင်သည်။ ကျင့်နန်ကျစ်က လောကမှော်ယာဉ်ပျံနယ်ပယ်ကျင့်ကြံသူ ဖြစ်သည်။

လွန်ခဲ့သောလေးနာရီအတွင်း စုမင်က လူတစ်ရာကျော်ကို သတ်ဖြတ်ခဲ့သည်။ထို့ကြောင့် ကျန်လူများ၏နှလုံးသားထဲတွင် ထွက်ပြေးရန်အတွေး ချက်ချင်းဝင်လာခဲ့သည်။ထိုစဉ် ကျယ်လောင်သောအသံများက ကောင်းကင်မှာ ရုတ်တရက် ပဲ့တင်ထပ်သွားသည်။

ထို့နောက် အလင်းတန်းရှည်များက လေထုထဲတွင်ထွက်ပေါ်လာပြီး လေပြင်းသမုဒ္ဒရာဆီသို့ ဦးတည်သွားလေသည်။ ထိုသူများက အနောက်ငွေ့ရည်တိမ်တိုက်ဂြိုလ်မှ ဒုတိယအသုတ်ရောက်ရှိလာသောလူများဖြစ်သည်။ အလင်းတန်းရှည်ငါးရာခန့်ရှိပြီး သူတို့ထဲမှာ မဟာမြေကြီးကျင့်ကြံနယ်ပယ်ကနဦးအဆင့်ရှိသူလေးဆယ် ပါဝင်သည်။

တရွှီးရွှီးမြည်နေသောလေချွန်သံများက ကောင်းကင်ဘုံကျင့်ကြံဂြိုလ်တစ်ခုလုံးကို ပျံ့နှံ့သွားလေသည်။ ထိုလူငါးရာတို့ ရောက်ရှိလာခြင်းကြောင့် သမုဒ္ဒရာက ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။

“ဟားဟား.. ငါတို့ အချိန်ကိုက်ရောက်လာတယ်..အလိုရှိတဲ့ရာဇ၀တ်ကောင်ကို မသတ်ရသေးဘူး..ဆုလာဘ်က ငါ့အတွက်ပဲ”

“သူသာ အခုအချိန်အထိ အသက်ရှင်နေသေးရင် မဟာမြေကြီးကျင့်ကြံသူမဟုတ်ဘူး..ဒါပေမဲ့ သူ ဆက်ရှင်သန်နိုင်မှာမဟုတ်ဘူး...အခု သူ ဘယ်သူ့လက်ထဲမှာ‌သေမလဲဆိုတာပဲ ကြည့်ရတော့မှာ”

အလင်းတန်းရှည်ငါးရာက အချင်းချင်းဆွေးနွေးနေရင်း လေပြင်းသမုဒ္ဒရာထဲသို့ တိုးဝင်သွားကြလေသည်။

“ဗုန်းးးး...”

ထိုအသံက အရပ်ရပ်ကိုတုန်လှုပ်သွားစေပြီး သမုဒ္ဒရာအတွင်းရှိ လေထုပင် ခဏတာ အေးခဲသွားစေသည်။ ဤသည်မှာ လူငါးရာကြောင့်ဖြစ်ပေါ်လာသောဖိအားဖြစ်သည်။

စုမင်၏သတ်ဖြတ်မှုကြောင့် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေခဲ့သောလူများမှာ ထွက်မပြေးတော့ပေ။ ယင်းအစား သူတို့၏မျက်လုံးများက လောဘဇောနှင့်တောက်ပနေပြီး ဦးတည်ချက် ပြောင်းသွားလေသည်။ ထို့နောက် သူတို့က စုမင်ကိုတစ်ကြိမ် လိုက်လံသတ်ပစ်ရန် ကြိုးပမ်းနေကြသူများ၏နောက်သို့ လိုက်သွားကြလေသည်။

“မီးလျှံဂြိုလ်သခင်ရဲ့နတ်ဘုရားအာရုံက ငါ့ရဲ့တည်ရှိမှုကို နောက်ထပ်နှစ်နာရီလောက်ပဲ ဖုံးကွယ်ထားနိုင်မှာ..အခု နောက်လူတစ်သုတ်ရောက်လာပြီဆိုတော့ ငါစိတ်ကျေနပ်တဲ့အထိ သတ်ပစ်မယ်..”

စုမင်၏ မျက်လုံးများတွင် သွေးနီရောင် အလင်းတန်းတစ်ခု ပေါ်လာသည်။ ထို့နောက် သူက လေပြင်းသမုဒ္ဒရာထဲသို့ တစ်ဖန် ပျောက်ကွယ်သွားပြန်သည်။

ခဏကြာတော့ နာကျင်စွာအော်ဟစ်သံက များက ပဲ့တင်ထပ်လာပြန်ဧ။်။ ထိုအော်သံများက မြင့်တက်လာပြီး စုမင်ဆီသို့ပြေးဝင်လာသောကျင့်ကြံသူများက

သေခြင်းမှ မလွတ်မြောက်နိုင်ပေ။ စုမင်က လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူများကို ဂရုမစိုက်ဘဲ သူ၏ပစ်မှတ်အများစုမှာ ကောင်းကင်ဘုံကျင့်ကြံနယ်ပယ်ရှိသူများဖြစ်သည်။

“၁၁၃၊ ၁၁၄၊ ၁၁၅ ယောက်မြောက်...”

“ဘုန်းးးးး...”

သမုဒ္ဒရာထဲရှိ လေပြင်းဓါးသွားများက နောက်သို့ဆုတ်သွားပြီး သမုဒ္ဒရာ၏အစိတ်အပိုင်းတစ်ခုမှာ တွန့်လိမ်ပုံပျက်လာသည်။ စုမင်က လဲကျသွားပြီး သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ သူနှင့် မနီးမဝေးတွင် လူသုံးယောက်က အရှိန်အဟုန်ဖြင့် ပြေးလာသည်။

သူတို့က လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူများဖြစ်သောကြောင့်

သူတို့ဧ။်ကိုယ်ခန္ဓာတစ်ခုလုံးမှလောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားများ ပေါက်ကွဲထွက်လာသည်။

သို့သော် သူတို့က စုမင်ကိုတိုက်ခိုက်ရန်မြင့်မြတ်သောစွမ်းရည်များကို ပေါင်းစည်းလိုက်သည်။ ထို့နောက် စုမင်က အေးစက်စွာရယ်မောလိုက်စဉ် သူ့ခန္ဓာကိုယ်မှ စွမ်းအားလှိုင်းများထွက်ပေါ်လာသည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။

လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူသုံးယောက်၏ မျက်နှာများသည် မယုံနိုင်လောက်အောင် မည်းမှောင်နေခဲ့သည်။ သူတို့က စကားမပြောဘဲ စုမင်ကိုရှာရန် လမ်းခွဲလိုက်ကြသည်။

ထိုနေရာမှ ပေတစ်သောင်းခန့်အကွာတွင်စုမင်က ရုတ်တရက် ပေါ်လာသည်။ သူ့မျက်လုံးများက သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပနေပြီး အခြားဘက်သို့ ဦးတည်သွားခဲ့သည်။

“ ၁၅၂၊ ၁၅၇၊ ၁၆၃..ယောက်..”

ခေါင်းပြတ်များက တစ်ခေါင်းပြီးတစ်ခေါင်း လေထဲသို့ ပျံတက်သွားလေသည်။ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ အရေးမကြီးဘဲ စုမင်သတ်ခဲ့သော လူအားလုံးတွင် နှစ်မျိုးနှစ်စားရှိလေသည်။

တစ်မျိုးက သူတို့မသေခင်မှာ မယုံနိုင်လောက်အောင် အော်ဟစ်ငိုကြွေးကြလိမ့်မည်။

နောက်တစ်မျိုးက သူတို့ဦးခေါင်းများကွဲကြေသွားပြီး သမုဒ္ဒရာ၏ အရပ်ရပ်သို့ ပြန့်ကျဲသွားလေသည်။ လေထုက သူတို့၏ခန္ဓာကိုယ်ကို ရှင်းထုတ်‌ပစ်နိုင်သော်လည်း ခေါင်းများကို မရှင်းလင်းနိုင်ခဲ့ပေ။

စုမင်က ထိုခေါင်းများ နေရာမှန်တွင်ရှိနေစေရန် စွမ်းအားအချို့ကိုအသုံးပြုခဲ့သည်။

စုမင်က သတ်ဖြတ်လိုစိတ်များဖြင့် မွှန်ထူနေလေသည်။ သူ့ဓါးထိပ်မှ တဝီဝီမြည်သံကိုထုတ်လွှတ်နေပြီး အခြားသူများ၏သွေးများက သူ့လှံထိပ်တွင် ရွှဲနစ်နေလေသည်။ သူ့ဝတ်ရုံက သွေးနီရောင် လုံးဝစွန်းထင်းသွားလေသည်။

စုမင်က ခေါင်းကိုမော့ပြီး ကြိမ်ဝါးလိုက်သည်။

“ဒီတိုက်ပွဲမှာ ငါ့နောက်လိုက်တဲ့သူတွေအဖိုးအခကို သေချာပေးဆပ်ရမယ်..ငါပဲ သေချာပေါက် အနိုင်ရမှာ...”

သူ၏အသံက လေပြင်းသမုဒ္ဒရာတစ်ခုလုံးတွင် ပျံ့နှံ့သွားပြီး သူ၏စစ်ကြေငြာချက်ကို ရေပြင်ရှိ ကျင့်ကြံသူအားလုံးထံ ပေးပို့ခဲ့သည်။

ထိုအချိန်တွင် လေပြင်းသမုဒ္ဒရာရှိ ကျင့်ကြံသူအယောက်ခြောက်ရာက သူ့ဟိန်းဟောက်သံကို ကြားလိုက်ရသည်။ သူ၏ အော်ဟစ်သံမှ အရူးအမူးသတ်ဖြတ်လိုစိတ်ကို ခံစားခဲ့ရသည်။သူ၏ တိုက်ပွဲဝင်စိတ်ဓါတ်က ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါစေပြီး လေထုက သူ့အသံကို ပဲ့တင်ထပ်ပျံ့နှံ့သွားစေသည်။

ကောင်းကင်က မည်းမှောင်နေသော်လည်း ထိုအမှောင်ထုအလယ်တွင် စုမင်အော်သံကြောင့် ခေါင်းပြတ်များပျံတက်လာလေသည်။ သူတို့မျက်နှာက မဆင်တူသော်လည်း အားလုံးတွင် ထိတ်လန့်နေသောအမူအရာများ ရှိလေသည်။ ထိုအတွင်း ထူထဲသောမရဏအရှိန်အဝါများ ထွက်ပေါ်လာလေသည်။

ထိုခေါင်းပြတ်များက လေထဲ၌ ပျံဝဲနေလေသည်။ စုမင်၏ထိန်းချုပ်မှုအောက်တွင် ၎င်းတို့က လေထုထဲတွင် မျောပါသွားကာ လူသားခေါင်းလေပွေအဖြစ် ပြောင်းလဲသွားခဲ့သည်။

လေပွေက တဝီဝီမြည်သံနှင့်အတူ လှည့်ပတ်နေလေသည်။ ၎င်းထံမှ ထိတ်လန့်တုန်လှုပ်ဖွယ် တွန်းအားများ

မထွက်ပေါ်သလို ရာသီဥတု ပြောင်းလဲမှုကို ဖြစ်စေနိုင်သည့် အံ့အားသင့်ဖွယ်စွမ်းအားလည်း ရှိမနေပေ။ သို့သော် ထိုခေါင်းပြတ်လေပွေက ဆက်လက်လည်ပတ်နေသဖြင့် မြင်သူအားလုံးကို သွေးပျက်သွားစေပြီး အသက်ရှူသံများ ခေတ္တမျှ ငြိမ်သက်သွားစေသည်။

ထိုမြင်ကွင်းမှာ ရက်စက်သောခြိမ်းခြောက်မှုတစ်ခုပင်ဖြစ်သည်။ စုမင်၏လုပ်ရပ်က သူ့နောက်လိုက်သူအားလုံး၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို တသိမ့်သိမ့်တုန်လှုပ်သွားစေခဲ့သည်။

စုမင်က လူအားလုံးထဲက ၁၆၃ ယောက်ကိုသတ်ပြီးပြီဟု စတင်ခြိမ်းခြောက်ခဲ့သည်။ ထိုလူသတ်မှုက အစသာသာရှိသေးသည်။ သူက ဆက်လက် သတ်ဖြတ် နေမည်ဖြစ်၏။

“ဒါ... ဒါက... ခေါင်းပေါင်း နှစ်ရာနီးပါး.. သူက ဒီလူတွေကို တကယ်သတ်နိုင်ခဲ့တာလား..”

“ဒီခေါင်းပြတ်က သခင်လေး ချန်ဖူပဲ.. သူက လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူဖြစ်ပေမဲ့ အသတ်ခံလိုက်ရတာလား...”

“ခေါင်းပြတ် ၁၆၃ ခုထဲက သုံးခေါင်းက လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူတွေပဲ..ဒါဆိုက သူ့ရဲ့ကျင့်ကြံဆင့်က ဘယ်အဆင့်ထိရောက်‌နေပြီလဲ”

လေပြင်းသမုဒ္ဒရာမှာ ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။ ရာနှင့်ချီ သောကျင့်ကြံသူများက ကောင်းကင်ရှိလေပွေကိုတွေ့သောအခါ ထိတ်လန့်တုန်လှုပ်သွား၏။ တစ်ချိန်တည်းမှာပင် ဤအရာအားလုံးကို လုပ်ဆောင်ခဲ့သောစုမင်ကို လေးစားကြည်ညိုစိတ်များ တိုးလာခဲ့သည်။

“သူတို့ကိုသတ်တဲ့လူက မိုစုပဲ...”

ကျယ်လောင်သောဟိန်းဟောက်သံများက လောကတစ်ခွင် ပဲ့တင်ထပ်နေလေသည်။

“အဲဒါ မိုစုရဲ့အသံပဲ...”

စုမင်၏အသံ အရပ်ရပ်သို့ ပျံ့နှံ့သွားပြီး ခေါင်းပြတ်လေပွေမှကျယ်လောင်သော အသံများနှင့်အတူ ရောထွေးနေသည်။ ထို့နောက် လူတိုင်းက သူတို့၏ခန္ဓာကိုယ်တွင် သွေးများစွန်းထင်းလာပြီး စေးကပ်လာသည်ဟု ခံစားနေရလေသည်။

“မိုစု...သူ့နာမည်က မိုစုပဲ...

“မဟာလောကကြီးလေးခုက အလိုရှိနေတဲ့ ရာဇ၀တ်ကောင်က မိုစုပဲ”

“ဒီလူက လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူပဲဖြစ်ရမယ်..မဟုတ်ရင်..သူဒီလိုလုပ်နိုင်မှာ မဟုတ်ဘူး..လောကအသူရာနတ်ဘုရားနယ်ပယ်မှာရှိတဲ့မိုစု..သူသာ ဒီတိုက်ပွဲကနေ လွတ်မြောက်နိုင်ခဲ့ရင် သူ့နာမည်က ငွေ့ရည်တိမ်တိုက်ကြယ်ဂြိုလ်တစ်ခုလုံးမှာ ပျံ့နှံ့သွားမှာ သေချာတယ်....”

ရာနှင့်ချီသော လူများ၏ အသံများသည် လေပြင်းသမုဒ္ဒရာတွင် ပဲ့တင်ထပ်နေသည့် ကျယ်လောင်သော အသံများအဖြစ် ပေါင်းစပ်သွားကြသည်။

သမုဒ္ဒရာ၏ထောင့်တစ်နေရာတွင် ခရမ်းရောင် ၀တ်ရုံဝတ်ထားသော အဘိုးအိုမှာ လောကမှော်ယာဉ်ပျံနယ်ပယ်အလယ်လတ်အဆင့်ရှိသူဖြစ်၏။ သူက ကောင်းကင်ရှိခေါင်းပြတ်လေပွေကို မော့ကြည့်လိုက်လေသည်။ ပထမဆုံးအကြိမ် သူ့မျက်နှာတွင် လေးနက်သောအမူအရာတစ်ခုပေါ်လာသည်။ ယခင်က သူ ‌ဒေါသူပုန်ထခဲ့သော်လည်း ယခုအချိန်မှာတော့ သူ့နှလုံးသားက တုန်လှုပ်သွားခဲ့သည်။

လောကအသူရာနယ်ပယ်ကျင့်ကြံသူများက ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူများ သေဆုံးသည်ကို ဂရုမစိုက်ပေ။ သို့သော်သူတို့က လောကအသူရာနယ်ပယ်ရှိသူများဧ။်ဦးခေါင်းသုံးလုံးကို တွေ့လိုက်သောအခါ အားလုံး တိတ်ဆိတ်သွားကြသည်။

မဟာလောကကြီးလေးခုမှ အလိုရှိသောသူမှာ အလွန်အင်အားကြီးပြီး စွမ်းအားရှိကြောင်းကို သူတို့လက်ခံလိုက်ရသည်။

“သူက အရမ်းစွမ်းအားရှိတော့ရော ဘာဖြစ်လဲ သူက တစ်ယောက်တည်းလေ..”

“မှန်တယ်.. ငါတို့က သူ့ကို ဒီလောက်တောင်တိုက်ခိုက်ပြီးပြီ..ငါတို့နောက်ဆုတ်ဖို့ မဖြစ်နိုင်တော့ဘူး..မဟာလောကကြီးလေးခုကပေးတဲ့ဆုလာဘ်ဆိုတာ အရမ်းရှားတယ်.. ငါတို့ဒီအခွင့်အရေးကိုလက်လွတ်သွားရင် နောက်ထပ်နှစ်ပေါင်းဘယ်နှစ်သောင်းတောင်စောင့်ရမယ်ဆိုတာ ဘယ်သူမှ မသိဘူး..”

“ဒါ့အပြင် သူက လူတွေအများကြီးကိုသတ်နိုင်ခဲ့ပေမဲ့ လောကအသူရာနယ်ပယ်ကျင့်ကြံသူသုံးယောက်ကိုသာ သတ်နိုင်တယ်..ဒါကိုကြည့်လိုက်ရင် သူ့အနေနဲ့

အသူရာနယ်ပယ်ကျင့်ကြံသူတွေကိုသတ်ရတာ မလွယ်ကူဘူး..”

“သူ့ကိုရှာမယ်... သူ့ကိုသတ်ကြ..ဆုလာဘ်တွေယူကြမယ်...”

“သူ့ကိုသတ်ကြ...”

လောကအသူရာနယ်ပယ်ကျင့်ကြံသူခုနှစ်ဆယ်နီးပါးက လေပြင်းသမုဒ္ဒရာကို ဖြန့်ကျက်ကာ ဆက်လက်လိုက်ဖမ်းရန် ရွေးချယ်ခဲ့သည်။ သူတို့က စုမင်၏အသံလာရာသို့ အရူးအမူးလိုက်ကြလေသည်။

သို့သော် ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူများက စုမင်၏ အရူးအမူးသတ်မှုကြောင့် တုန်လှုပ်သွားကြသည်။ ခေါင်းပြတ်ထဲရှ်ိလေပွေခေါင်းပေါင်းတစ်ရာက သူတို့ကို ဆုတ်ခွာသွားစေခဲ့သည်။

ဤသည်မှာ သူတို့ပါဝင်နိုင်သော တိုက်ပွဲမဟုတ်သလို မိုစုကလဲ သူတို့အသုံးချနိုင်သော သူမဟုတ်ပေ။

သူတို့ စုမင်အကြောင်းကို မသိသေးခင်က အပျော်ကြီးပျော်နေခဲ့ကြသည်။ ယခုတွင်

လက်တွေ့ဘဝ၏ကြောက်လန့်မှုသည် သူတို့၏နှလုံးသားများကို ထိတ်လန့်ခြင်းများဖြင့် ပြည့်နှက်စေသည်။ သူတို့စိတ်ထဲက တစ်သက်လုံးမှတ်မိနေသောနာမည်က - မိုစုပင်ဖြစ်၏။

All Chapters