ဓါးကိုးစင်း
Vol. 58 Ch. 797
သို့သော် ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူများက ထွက်သွားရန် မရွေးချယ်ခဲ့ကြပေ။ ထို့အပြင် နောက်မဆုတ်ရန်ရွေးချယ်ခဲ့ကြသည့်လူအချို့လဲ ရှိ၏။ သူတို့က လောာကအသူရာနယ်ပယ်ကျင့်ကြံသူတို့၏နောက်ကိုလိုက်ကာ အဝေးမှကြည့်ရှုခဲ့ကြသည်။သူတို့က ရှုံးနိမ့်မှုကို
မဝန်ခံလိုစိတ် အနည်းငယ်ရှိသေးသည်။
သူတို့ အားနည်းမှန်း
သိသော်လည်း လောဘဇောက
သူတို့၏ဆင်ခြင်တုံတရားကို
အမှောင်ဖုံးလိုက်လေသည်။ သူတို့က ကျားနှင့် ခြင်္သေ့တိုက်ပွဲကို စောင့်ကြည့်နေသည့်ကျားသစ်များနှင့်တူလေ၏။ သူတို့က နေရာတစ်ဝိုက်တွင် ရစ်သီရစ်သီလုပ်ကာ နှစ်ဦးနှစ်ဖက် ပြင်းထန်စွာဒါဏ်ရာရမည့်အချိန်ကို စောင့်မျှော်နေလေသည်။
ဤသည်မှာ ကျင့်ကြံခြင်း၏လမ်းစဉ်ဖြစ်သည်။ သတ်ဖြတ်ရန်၊ အခွင့်အရေးစောင့်ရန်နှင့် လုယူရန်ဖြစ်သည်။
ကျင့်ကြံသူများက သူတို့၏ဘဝကို ထိုလမ်းစဉ်အတိုင်း လျှောက်လှမ်းခဲ့ကြသည်။
လူသားများက မတူညီသောအမူအကျင့်များစွာနှင့်မတူညီသောအဆင့်များဖြင့် ဖြတ်သန်းနေထိုင်ကြသည်။ လူအမျိုးမျိုး စိတ်အထွေထွေရှိကြပြီး ဤလူခြောက်ရာခုနစ်ရာတို့တွင် ဤကဲ့သို့အခွင့်အရေးကိုချောင်းမြောင်းနေသည့်လူတစ်ရာနီးပါး ရှိသည်။
သို့သော် ထိုလူများက သာမန်ကျင့်ကြံသူဖြစ်ဖြစ် လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူဖြစ်ဖြစ် အရေးမကြီးပေ။ သို့သော် ထိုသတ်ဖြတ်ပွဲက စုမင်၏အစီအစဉ်တစ်ဝက်ကိုတောင် မရောက်သေးကြောင်း မည်သူမှ မသိခဲ့ကြပေ။
သူ့အစီအစဥ်က ဇာတ်ရှိန်အပြင်းဆုံးအနေအထားသို့မရောက်သေးပေ။ သူက ပိုက်ကွန်ကို ချထားရုံသာဖြစ်ပြီး ပိုက်ကွန်ပြန်ရုတ်ရန် အချိန်မရောက်သေးပေ။
“ငါ မင်းကို နေရာပြောင်းရွေ့ပေးဖို့လိုတယ်..”
စုမင်က လေပြင်းသမုဒ္ဒရာ၏နက်နဲရာ၌
ရှိနေစဉ် ဂြိုလ်သခင်က စကားလှမ်း
ပြောလိုက်သည်။
သူပြောသည့်ခဏတွင် သူ့ပတ်ဝန်းကျင်မှ လှိုင်းလုံးများပေါ်လာပြီး ချက်ချင်းပျောက်ကွယ်သွားသည်။
“မင်းမှာ တစ်နာရီကျန်သေးတယ်.. နောက်တစ်နာရီလောက်ကြာရင် မင်းကို သွေးအမှတ်အသားပုလဲ မတွေ့အောင် ငါ ဖုံးကွယ်ထားလို့ မရဘူး.. မင်း အစွမ်းကုန် ကြိုးစားပြီး ရှင်သန်ရလိမ့်မယ်...”
မီးလျှံဂြိုလ်သခင်၏အသံက လေထဲတွင် တဟုန်ထိုး တုန်ခါလာသောအခါ စုမင်က
ပေပေါင်းသောင်းချီအကွာမှ ပေါ်လာသည်။ သူပေါ်လာသည်နှင့် တပြိုင်နက် သူ့ခန္ဓာကိုယ်က လျင်မြန်စွာ ညှိုးနွမ်းလာသည်။
သူ၏ လက်များ၊ ခြေထောက်များ၊ ခန္ဓာကိုယ်နှင့် ဦးခေါင်းတို့က အရေခွံနှင့် အရိုးများအဖြစ် လျင်မြန်စွာ လျော့ကျသွားသည်။သူ့ခန္ဓာကိုယ်က ပေါက်ကွဲသံနှင့်အတူ ကွဲကြေသွားကာ လေထဲသို့ ရောနှောသွားသော အဆုံးမဲ့အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားသည်။
“ပုံရိပ်များကို ဝါးမျိုခြင်းစွမ်းရည်..”
စုမင်က အပိုင်းအစများအဖြစ်သို့ ပြောင်းလဲကာ အဝေးသို့ ထွက်ခွာသွားသောအခါတွင် သူ့ဟစ်ကြွေးသံက နယ်မြေတစ်လျှောက် ကျယ်လောင်စွာ ပျံ့နှံ့သွားသည်။
“ဗုန်းးးး..”
“ဘယ်သူလဲ.. ငါ့ကို ချောင်းကြည့်ရဲတဲ့သူက ဘယ်သူလဲ...ထွက်လာခဲ့စမ်း...”
လေထဲတွင် ဒေါသသံတစ်ခု ထွက်ပေါ်လာပြီးနောက် ထိုအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူ၏ပတ်လည်တွင် သွေးများဖြင့်ဖုံးလွှမ်းနေပုံပေါ်၏။ သူ့ခန္ဓာကိုယ်မှ လောကမှော်ယာဉ်ပျံစွမ်းအား ပျံ့နှံ့သွားပြီး သူ့ပတ်ဝန်းကျင်ရှိ တိမ်တိုက်များကို လှုပ်ခတ်သွားစေလေသည်။ ကျယ်လောင်သော မိုးခြိမ်းသံများနှင့်အတူ ကောင်းကင်ယံတွင် လျှပ်စီးကြောင်းအလွှာတစ်ခု ဖြတ်သွားကာ အဝေးမှပင် လူများကြားနိုင်သည်။
သို့သော် လျှပ်စီးလက်ပြီး တစ်စက္ကန့်တောင်မကြာသည့်အချိန်တွင် ရှုံးနိမ့်မှုကို ဝန်မခံသည့်ကျယ်လောင်သော ဟိန်းဟောက်သံက လေပြင်းသမုဒ္ဒရာတွင် ပဲ့တင်ထပ်လာလေသည်။
“မိုစု”
ထိုနာမည်ကြောင့် လေပြင်းသမုဒ္ဒရာရှိလောကအသူရာနတ်ဘုရားနယ်ပယ်ရှိကျင့်ကြံသူအားလုံးက မျက်နှာပျက်ယွင်းသွားလေသည်။ တကယ်တော့ သူတို့ထဲက တချို့က တုန်တုန်မှ မလှုပ်တော့ပေ။
“ဘိုးဘေးလေ့ရှန်...အဲဒါကဘိုးဘေးလေ့ရှန်ရဲ့အသံပဲ..သူ့မှာ လောကမှော်ယာဉ်ပျံနယ်ပယ်ကနဦးအဆင့်ရဲ့အထွတ်အထိပ်စွမ်းအားရှိတယ်..သူရဲ့ အဲဒီစွမ်းအားက တော်တော်ပြင်းထန်တာပဲ...”
“လေ့ရှန် အသတ်ခံရပြီကွ...”
လူတိုင်း ထိတ်လန့်တုန်လှုပ်နေသည့်ကြားတွင် အပိုင်းအစများအဖြစ်ပြောင်းသွားသောစုမင်က လေပြင်းသမုဒ္ဒရာထဲတွင် ကူးလူးသွားလာနေသည်။ ထိုအပိုင်းအစများက လုံးဝပျက်စီးနေပုံပေါ်သည်။ အရောင်က မှိန်ဖျော့သွားသော်လည်း
သူတို့ဧ။်အရှိန်က အရင်ကထက်တောင် ပိုမြန်လာသည်။
ယခင်က အပိုင်းအစများရှိခဲ့သောနေရာမှာ လှေပျက်ကြီးရှိ၏။ထိုနေရာတွင် အသွေးနှင့်အသားများ ပြန့်ကျဲနေပြီး လက်ဖဝါးအရွယ်ရှိ အပိုင်းအစတစ်ခုလဲ ရှိနေ၏။ ထိုအပိုင်းအစက မြေပြင်ပေါ်တွင် မလှုပ်မယှက် မတ်မတ်ရှိနေ၏။
ထိုနေရာက ဤမျှလောက်အပိုင်းအစရှိနိုင်သည့် တစ်ခုတည်းသော နေရာမဟုတ်ပေ။ အမှန်တော့ စုမင်က လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူများကို သတ်ပြီးတိုင်း ထိုကဲ့သို့အပိုင်းအစတစ်ခုကို ချန်ထားခဲ့သည်။ ထိုအပိုင်းအစကို သူ၏ပုံရိပ်များကိုဝါးမျိုခြင်း စွမ်းရည်ဖြင့် ဖန်တီးခဲ့သည်။
အချိန်က လျှင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။ လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူများက ရှေ့သို့ တိုးဝင်ကာ လေပြင်းသမုဒ္ဒရာရှိ စုမင်ကို အဆက်မပြတ် ရှာဖွေနေကြသည်။ တကယ်တော့၊ တစ်ယောက်တည်းရှာဖွေတာမဟုတ်ဘဲ အုပ်စုလိုက် အမဲလိုက်နေသော လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူများတောင်ရှိလေသည်။ သူတို့၏ရှာဖွေမှုက အရှိန်နှေးသော်လည်း စုမင်နှင့်ထိပ်တိုက်တွေ့ဆုံခဲ့ပါက အနိုင်ရရန် အခွင့်အလမ်းများ ပိုမိုများပြားလာမည်ဖြစ်သည်။
ခဏအကြာတွင် အရပ်ရပ်မှ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာ၏။ မကြာမီ ကျယ်လောင်သော ပေါက်ကွဲသံက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေခဲ့သည်။ ကျယ်လောင်သော ပေါက်ကွဲသံက ယခင်က အသံအားလုံးကို ကျော်တက်သွားပြီး ကောင်းကင်ကြီး တုန်ခါသွားသည်အထိပင် ဖြစ်ခဲ့သည်။ လေပြင်းသမုဒ္ဒရာ၏ ရေမျက်နှာပြင်က ကျယ်ဝန်းသောနေရာလွတ်တစ်ခုကို ဖော်ထုတ်ရန် နောက်ပြန်ဆုတ်သွားသည်။
ထိုနေရာလွတ်တွင် ပေါက်ကွဲသံကြားမှ လူတစ်ဦး၏အလောင်းကို တွေ့နိုင်သည်။
ကြီးမားသောအဖျက်စွမ်းအားက အရပ်ရပ်သို့ ပျံ့လွင့်သွားပြီး မြင်သူအားလုံး၏ နှလုံးသားထဲသို့ ကြောက်ရွံ့ထိတ်လန့်မှု ဝင်လာခဲ့သည်။
“မိမိကိုယ်တိုင် ဖျက်ဆီးခြင်း... တကယ်ပဲ သူက ကိုယ်တိုင်ဖျက်ဆီးဖို့ အတင်းအကျပ်စေခိုင်းခံရတာလား...”
“မိုစုမှာ ဘယ်လိုအရည်အချင်းတွေရှိ နေတာလဲ...ချီးပဲကွာ ငါ သူ့ကို အာရုံခံလို့ကိုမရဘူး..ငါတို့ သူ့ကို ဘယ်လိုရှာရမလဲ..ငါတို့ သူ့ကို ဘယ်လိုသတ်ရမလဲ”
“မိမိကိုယ်တိုင် ဖျက်ဆီးခြင်း...”
ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာနှင့်
ပေထောင်နှင့်ချီအကွာတွင် မမြင်နိုင်သော
အပိုင်းအစများက နောက်ပြန်ဆုတ်ကာ ပေတစ်ထောင်နီးပါးအကွာသို့ လွင့်ပျံသွားခဲ့သည်။ ၎င်းတို့က အဝေးကြီးကို ခရီးနှင်ပြီးမှသာ အရှိန်လျော့သွားကြသည်။ ထို့နောက် အပိုင်းအစများစွာကစုမင်အဖြစ်သို့ ချက်ချင်းပင် စုစည်းလိုက်ကြသည်။
သူက သွေးတစ်လုတ်ကြီးချောင်းဆိုးလိုက်ရ၏။ ထို့နောက် သူက ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာကို မော့ကြည့်ရင်း ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်သည်။
“သူက ဝါးမျိုခံရမှာထက် ကိုယ်တိုင်ဖျက်ဆီးခြင်းကို ရွေးလိုက်တာပဲ..ဒီလူရဲ့တုံ့ပြန်မှုအချိန်က ငါတွေ့ဖူးသမျှတွေထဲမှာ အမြန်ဆုံးပဲ..”
စုမင်က မျက်လုံးများကို မှိတ်ထားသည်။
ထို့နောက် တစ်ချက်လှုပ်ရုံဖြင့် သူ့ခန္ဓာကိုယ်က တစ်ဖန် ညှိုးနွမ်းသွားကာ လေပြင်းသမုဒ္ဒရာထဲသို့ တိုးဝင်သွားသောအပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားသည်။
“နောက်တစ်ယောက်...နောက်တစ်ယောက်...နောက်တစ်ယောက်...”
ခဏတာလေးအတွင်းမှာပဲ ဟိန်းဟောက်သံသုံးခုက လေထဲမှာပဲ့တင်ထပ်ပြီး ခေါင်းသုံးလုံးက ခေါင်းပြတ်လေပွေထဲကို ပြေးဝင်သွားလေသည်။ ဆိုလိုသည်မှာ ဤအချိန်တိုလေးအတွင်းမှာပင် လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူ သုံးဦးသေဆုံးသွားခဲ့သည်။
သူတို့က ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူများမဟုတ်ဘဲ လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူများဖြစ်၏။ သူတို့က လောကမှော်ယာဉ်ပျံအရှင်သခင်များဖြစ်လာမည့်သူများဖြစ်၍ သူတို့၏ကျင့်ကြံဂြိုလ်တွင် အထွဋ်အထိပ်ရောက်နေသူများ ဖြစ်ကြသည်။ သူတို့ကို သတ်ဖြတ်ရန် ခက်ခဲသော်လည်း ယခု သူတို့ထဲမှ ဆယ်ဦးသေဆုံးသွားခဲ့သည်။
မိမိကိုယ်တိုင် ဖျက်ဆီးသူ သုံးဦးပင် ရှိခဲ့သည်။
ဤကဲ့သို့ သတ်ဖြတ်ခြင်းမျိုးသည် လေပြင်းသမုဒ္ဒရာရှိ လောကအသူရာနယ်ပယ်ကျင့်ကြံသူများ၏နှလုံးသားများကို ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့သည်။
တကယ်တော့ သူတို့ ရှေ့ကို တိုးလာသည်နှင့်အမျှ အရှိန်က ပို၍နှေးကွေးလာသည်။ ဤလေပြင်းသမုဒ္ဒရာက လက်ညိုးမမြှောက်ဘဲ ရနိုင်သောကောင်းချီးမဟုတ်တော့ဘဲ သူတို့ကို ဝါးမျိုရန် ပါးစပ်ကျယ်ကျယ်ဟထားသည့်ရှေးခေတ် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ဖြစ်လာသည်။
သူတို့က မိုစုကို မမြင်နိုင်သလို သူ့တည်ရှိမှုကိုလဲ အာရုံမခံနိုင်ဖြစ်နေလေသည်။ သူတို့နှင့် အရမ်းနီးကပ်လာမှ အာရုံခံနိုင်လာပြီး သူ့ကို သတိထားမိတဲ့သူတိုင်းက ကိုယ်တိုင်ဖျက်ဆီးခြင်းဖြင့် သေဆုံးသွားလေသည်။ ထိုဖြစ်ရပ်က သူတို့၏ နှလုံးသားများကို ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေပြီး ဆက်လက် ရှေ့တိုးရန် ခက်ခဲ စေသည်။
လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူအားလုံးမှာ နောက်ကြောင်းပြန်လှည့်ရန်စိတ်ကူးများ ပေါ်လာလေသည်။ ထိုစဉ် စုမင်ကို ခြောက်နာရီကြာအောင် ဖုံးကွယ်ထားနိုင်သောမီးလျှံဂြိုလ်သခင်၏စွမ်းရည်က တဖြည်းဖြည်းပျက်ပြယ်စပြုလာလေသည်။ အမွှေးတစ်တိုင်စာကြာပြီးနောက် ထိုစွမ်းရည်က လုံးဝပျောက်ကွယ်သွားလေသည်။
“ ငါမင်းကို ဆက်ပြီး မဖုံးထားပေးနိုင်တော့ဘူး..ငါ့စွမ်းရည်ကို အနှောင့်အယှက်ပေးနေတဲ့ ပြင်ပအင်အားတစ်ခုရှိတယ်...စုမင်..မဟာလောကကြီးလေးခုက လူတွေရောက်လာပြီ...”
မီးလျှံဂြိုလ်သခင်၏အသံက စုမင်၏နှလုံးသားသို့ ရောက်ရှိသွားသောအခါ အပိုင်းအစများက စုစည်းပြီး စုမင်အဖြစ် ရုပ်လုံးပေါ်လာလေသည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး ပါးစပ်ထောင့်မှာ သွေးများစီးကျလာသည်။ သို့သော် သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့ထွက်လာသောလောကမှော်ယာဉ်ပျံစွမ်းအားက မယုံနိုင်လောက်အောင် ထူထဲနေသည်။ဤသည်မှာ လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူဆယ်ယောက်ကိုဝါးမျိုပြီးနောက် စုမင်ပိုင်ဆိုင်သည့် တည်ရှိမှုဖြစ်သည်။
ပို၍တိကျစွာပြောရလျှင် ဤသည်မှာ သူ့ရုပ်ခန္ဓာ၏တည်ရှိမှုပင်ဖြစ်သည်။
“ကျုပ် အာရုံခံမိပြီ..ခင်ဗျားပြောတဲ့ ကျုပ်နဲ့ လောကမှော်ယာဉ်ပျံနယ်ပယ်ကို ခွဲထုတ်ထားတဲ့ကောင်းကင်ဘုံနယ်ပယ်တံတိုင်းကို ထိနေပြီ..နောက်ထပ်လူတစ်ယောက်ကို ကိုက်စားလိုက်ရင် အဲဒီနံရံကို ရှင်းရှင်းလင်းလင်းထိနိုင်လိမ့်မယ်”
စုမင်က ခေါင်းတွင်တွင်ယမ်းလိုက်သည်။ သူ့ခန္ဓာကိုယ် ပေါ်လာပြီးနောက် လေပြင်းသမုဒ္ဒရာနက်နဲရာရှိ တိုင်ဖွန်းမုန်တိုင်း၏ မျက်လုံးသို့ လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။
မီးလျှံဂြိုလ်သခင်၏စွမ်းရည်က စုမင်၏
ခန္ဓာကိုယ်မှ ပျောက်ကွယ်လုနီးနီးတွင် သွေးအမှတ်အသားပုလဲများမှ ပြင်းထန်သော အနီရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် စုမင်၏တည်ရှိမှုက လောကအသူရာနယ်ပယ်ကျင့်ကြံသူများ၏နှလုံးသားများအတွင်း မယုံနိုင်လောက်အောင် ထူးခြားလာခဲ့သည်။
သူတို့က စုမင်၏တည်နေရာကို အလွယ်တကူအာရုံခံမိသွားကြသည်။ ထိုခံစားချက်မှာ မျက်မမြင်တစ်ယောက် မျက်လုံးမှိတ်ပြီးကြည့်လိုက်စဉ် ရုတ်တရက် မျက်စိပြန်မြင်သွားသလိုပင်ဖြစ်၏။
“ဟားးးဟားး..ကျုပ် မိုစုရဲ့တည်နေရာကို မြင်ရတယ်..အဲဒါက ကျုပ်ကို မိုးကောင်းကင်က ကူညီပေးနေတာပဲ..မိုစု..မင်း အခု ဘယ်လို တန်ပြန်တိုက်ခိုက်မယ်ဆိုတာ ကြည့်ချင်တယ်...”
“အရင်က မိုစုက သူ့ရဲ့ တည်ရှိမှုကို ဖုံးကွယ်ဖို့ စွမ်းရည်တစ်မျိုးမျိုးကို အသုံးပြုခဲ့တယ်...အခု အဲဒီစွမ်းရည်ရဲ့အကျိုးသက်ရောက်မှုက သိသိသာသာ ပျောက်ကွယ်သွားတော့ သူ့ရဲ့ တည်ရှိမှုက လယ်ပြင်မှာဆင်သွားနေသလို ရှင်းလင်းနေတာပဲ..ဟားးဒီတစ်ခါတော့ သူ မဖုံးကွယ်နိုင်တော့ဘူး...”
“သူ့ကိုယ်သူ ထုတ်ဖော်ပြသတာက သူ့ခြေထောက်နှစ်ချောင်းကျိုးတာနဲ့ အတူတူပါပဲ..ငါက သူရဲ့ထူးဆန်းတဲ့စွမ်းရည်ကို သတိထားပြီး သူ့အနားမကပ်နေသရွေ့ အန္တရာယ်ရှိမှာမဟုတ်ဘူး..သူ တခြားသူတွေနဲ့ ရန်ဖြစ်တဲ့အခါ ငါ့အတွက်အခွင့်အရေးရလာလိမ့်မယ်..”
စုမင်၏ရုပ်လုံးပြမှုက နောက်ပြန်ဆုတ်ချင်သောလောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူများကို အံ့ဩမင်သက်သွားစေသည်။ သူတို့က စုမင်ရှိရာနေရာကို အရှိန်အပြည့်ဖြင့် ချီတက်ကြလေသည်။
သူတို့သည် စုမင်၏ဖိနှိပ်မှုကို အချိန်အတော်ကြာခံခဲ့ရသည်။ အရင်က မျက်စိကန်းခြင်းဆိုသောခံစားချက်မှာ စုမင်ကို ပြန်တွေ့လိုက်ရခြင်းကြောင့် ပျောက်ကွယ်သွားပြီး စွမ်းအားအပြည့်ထုတ်သုံးကြလေသည်။ သို့သော် လေပြင်းသမုဒ္ဒရာအတွင်း၌ မှုန်မှိုင်းပြီး မထင်ရှားသောအပိုင်းအစဆယ့်သုံးခုရှိနေသည်ကို မည်သူမှ သတိမထားမိကြပေ။ ထိုအပိုင်းအစများမှာ စုမင်ချန်ထားရစ်ခဲ့သောအရာများဖြစ်၏။
သူချန်ထားခဲ့သော နေရာတိုင်းက လောကအသူရာနယ်ပယ်ကျင့်ကြံသူများကိုသတ်သည့်နေရာဖြစ်သည်။
အပိုင်းအစတစ်ခုစီအတွင်း စုမင်၏အသက်လမ်းစဉ်တည်ရှိမှု ကိန်းအောင်းနေလေသည်။
တစ်ချိန်တည်းမှာပင် ထိုနေရာရှိ လောကအသူရာနယ်ပယ်ကျင့်ကြံသူများက စုမင်ရှိရာအရပ်ဆီသို့ အရှိန်တင်လိုက်ကြပြီး တုန်လှုပ်ချောက်ချားဖွယ်ရာ ပေါက်ကွဲသံများက အမြင့်မှ ထွက်ပေါ်လာသည်။ ထိုအသံများက အဆက်မပြတ်ထွက်ပေါ်လာကာ ကောင်းကင်တွင် လှိုင်းလုံးကြီးများ လှုပ်ခတ်သွားပုံပေါ်စေသည်။ ဤထူးဆန်းသောမြင်ကွင်းသည် လူအများ၏အာရုံကို ချက်ချင်းဖမ်းစားနိုင်ခဲ့သည်။
ထိုအချိန်တွင် ပြင်းထန်သော ဖိအားတစ်ခု ကောင်းကင်မှ ဆင်းသက်လာသည်။ ထိုဖိအားက ကောင်းကင်ရတနာကျင့်ကြံဂြိုလ်ကိုဖြတ်ကျော်ပြီး နဂါးငွေ့တန်းအထိပါ လှိုင်းဂယက်ထသွားလေသည်။ တစ်စုံတစ်ခုက နဂါးငွေ့တန်းကို ထိုးဖောက်နေပုံရပြီး ထိုထဲမှ ကြေးဝါရှေးဟောင်းဓားကြီးများ ပေါ်လာသည်။
ရှေးဟောင်းဓါးကြီးဧ။်ထိပ်ဖျားမှာ ပထမဆုံးပေါ်လာခြင်းဖြစ်သည်။ထိုဓါးထိပ်ဖျားတွင် အနက်ရောင်လျှပ်စီးကြောင်းများက ကူးလူးယှက်နွယ်နေကြသည်။ အသက်ရှိူက်စာအနည်းငယ်ကြာသောအခါ ဓါးက ပုံစံအပြည့်ဖြင့် ပေါ်လာပြီး ကြီးမားသောဖိအားတစ်ခုသည် ကောင်းကင်ရတနာဂြိုဟ်တစ်ခုလုံးကို ချက်ချင်းလွှမ်းမိုးသွားခဲ့သည်။
ကောင်းကင်တွင် စုစုပေါင်း ကြေးဝါဓားရှည်ကြီး ကိုးစင်း ရှိသည်။ ၎င်းတို့က နဂါးငွေ့တန်းတွင် ပျံဝဲနေပြီး ကောင်းကင်ဘုံရတနာဂြိုလ်ကို ဝန်းရံထားသည်။ ထိုဓားရှည်ကြီးတစ်ခုစီတွင်
မဟာလောကကြီးလေးခုမှ စွမ်းအားကြီးကျင့်ကြံသူများ ပါရှိပြီး နတ္ထိအနှစ်သာရနယ်မြေကို ဖိနှိပ်ရန် ရောက်ရှိလာသူများဖြစ်သည်။
ဓားရှည်ထိပ်မှာ ရပ်နေသူတော်တော်များများက သူတို့၏စွမ်းအားများကို ဖြန့်ကျက်ပြီး လောကမှော်ယာဉ်ပျံအလယ်လတ်စွမ်းအားကို ထုတ်ဖော်ပြသခဲ့သည်။
စစ်မှန်သောကမ္ဘာကြီးလေးခု ရောက်ရှိလာပါပြီ။
ထိုခဏ၌ ရှေးဟောင်းဓါးကိုးချောင်း ပေါ်လာပြီး ရှေးဟောင်းဓါးတစ်ချောင်းစီ၏ထိပ်ဖျားမှ လူတစ်ယောက်စီ ပြေးထွက်လာသည်။ စုစုပေါင်း ကိုးယောက်ရှိ၏။ သူတို့က လေထဲ၌ ရပ်နေကြစဉ်၊ ရွှေရောင်အလင်းတန်းများက သူတို့၏ကိုယ်ခန္ဓာအနှံ့ ထွန်းလင်းတောက်လာသည်။ သူတို့ကို ဝိုင်းရံထားသည့် အဆုံးမရှိသောရွှေကွင်းများက ပေရာနှင့်ချီရှည်လျားသော ရှေးဟောင်းဓားရှည်ပုံစံငယ်ကိုးခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ကျင့်နန်ကျစ်က အနီရောင်ခေါင်းတလားကို ပိုင်ဆိုင်ထားရသကဲ့သို့ ရှေးဟောင်းကြေးဝါဓါးမှအစောင့်များက အလားတူ ထူးဆန်းသောရတနာများကို ပိုင်ဆိုင်ထားကြသည်။
ဓါးကိုးစင်းက နဂါးငွေ့တန်းကိုဖြတ်၍
တရွှီးရွှီးမြည်သံကို ထုတ်လွှတ်ပေးခဲ့သည်။ သူတို့က ကောင်းကင်ဘုံရတနာဂြိုလ်ဆီသို့ အရှိန်တင်လိုက်ကြသည်။ သူတို့ ဂြိုလ်၏အမြင့်ဆုံးနေရာမှပျံသန်း၍
ဂြိုဟ်အား ပြင်းထန်စွာ တုန်လှုပ်စေခဲ့သည်။ ဓားရှည်ကြီးကိုးစင်းက လေပြင်းသမုဒ္ဒရာနားသို့ နီးကပ်လာသည်။
ထိုဖြစ်ရပ်က နှေးကွေးသလိုထင်ရသော်လည်း တကယ်တမ်းတော့ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဖြစ်ပျက်ခဲ့သည်။
တစ်ချိန်တည်းမှာပင် သမုဒ္ဒရာထဲရှိလူများသည် ကောင်းကင်ရှိပြင်းထန်သောဖိအားများနှင့် အလင်းတန်းရှည် ၉ ခုကို သတိထားမိလေသည်။
“ဗုန်းးးးးဗုန်းးးးဗုန်းးးး”
မြေပြင်က ကိုးကြိမ်ဆက်တိုက်ပေါက်ကွဲသံကြောင့် တသိမ့်သိမ့်တုန်ခါသွားလေ
သည် ။ ရှေးဟောင်းဓါးကိုးစင်းက လေပြင်းသမုဒ္ဒရာထဲသို့ ထိုးစင်းသွားပြီး ရေအောက်မျက်နှာပြင်တွင် နစ်မြုပ်သွားသည်။