← Chapters

မြေအက္ခရာ

Vol. 58 Ch. 798

မြေအက္ခရာ

Vol. 58 Ch. 798

“ပုံရိပ်ဝါးမျိုစွမ်းရည်ကိုကျင့်ကြံတဲ့သူတွေက သူတော်စင်အဆင့်တက်ဖို့ ပြည့်စုံမှု ( ၉) ကြိမ်နဲ့ကပ်ဘေး၉ကြိမ်ကျော်ဖြတ်ရမယ်...”

“ပြီးရင် မင်းက ဒီဝါးမျိုတဲ့စွမ်းရည်နဲ့ တွဲသုံးရတဲ့ စွမ်းရည်ကိုးမျိုးရလာလိမ့်မယ်..အဲဒီစွမ်းရည်ကိုးမျိုးထဲက ပထမဆုံးပုံစံကိုမြေအက္ခရာစွမ်းရည်လို့ ခေါ်တယ်..မင်းက မြေအက္ခရာကို မြေအောက်ထဲမှာ ရေးရမယ်..ဒါကို ဂူလို့လဲ ခေါ်ကြတယ်...”

“မင်းရဲ့ ပထမဆုံးပြည့်စုံမှုအခြေအနေကိုရောက်တဲ့အခါ ပုံရိပ်ဝါးမျိုးစွမ်းရည်ကို တိုက်ခိုက်တဲ့အခါ သုံးနိုင်တယ်...မင်းကပ်ဘေးကို ဖြတ်ကျော်ပြီးတာနဲ့ မြေကြီးကို ဖုန်မှုန့်အဖြစ် ပြောင်းလဲနိုင်ပြီး သချိုင်းမြေပုံ(ဂူ)ပုံစံပေါ်လာမဲ့မြေအက္ခရာကို ရေးနိုင်လိမ့်မယ်”

စုမင်က လေပြင်းသမုဒ္ဒရာ၏အလယ်ဗဟိုတွင် ရပ်နေသည်။ သူ့နောက်ဘက်ရှိ ပေထောင်ပေါင်းများစွာအကွာအဝေးတွင် တိုင်ဖွန်းမုန်တိုင်း၏မျက်လုံး ရှိနေသည်။

စုမင်က ထိုနေရာ၌ ရပ်နေစဉ် ကောင်းကင်မှ ဆင်းသက်လာသောအလင်းတန်းရှည်ကိုးခုကို ခေါင်းမော့ကြည့်လိုက်သည်။ ထိုအချိန်တွင် စုမင်က မီးလျှံဂြိုလ်သခင်ကပေးခဲ့‌သောစွမ်းရည်ကို အသုံးချရန် အချိန်ကျရောက်လာပြီဖြစ်သည်။

‘အခုအချိန်မှာတော့ ငါ့ရဲ့ ပထမဆုံးပြည့်စုံမှုအခြေအနေကို ရောက်နေပြီ..

ဒါဆိုငါ မြေအက္ခရာစွမ်းရည်ကို သုံးလို့ရတာပေါ့...”

စုမင်၏မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု ပေါ်လာသည်။ သူက ထိုမြေအက္ခရာစွမ်းရည်ကို အသက်သွင်းရန် အသေးစိတ်ပြင်ဆင်မှုများ ပြုလုပ်နေခဲ့သည်

ထိုအချိန်တွင် ပြင်းထန်သောတုန်ခါမှုများက လေပြင်းသမုဒ္ဒရာအောက်ရှိကြမ်းပြင်မှ ထွက်ပေါ်လာသည်။ ဓါးကိုးချောင်းက သမုဒ္ဒရာကြမ်းပြင်ကို ထိသွားသည့်အခါ ပေါက်ကွဲသံနှင့်အတူ တုန်လှုပ်သွားလေသည်။ ပြင်းထန်လှသောလေပွေများက လှည့်ပတ်နေပြီး အရပ်ရပ်သို့ တဖြည်းဖြည်း ‌ပြန့်ကျဲသွားလေသည်။ စုမင်ပြုလုပ်ထားသောခေါင်းပြတ်လေပွေက ထိုထဲမှဓါးတစ်ချောင်းနဲ့ ထိပ်တိုက်တွေ့မိပြီး ခေါင်းပြတ်များ ပြန့်ကျဲသွားတော့သည်။

မြေပြင်က ကိုးကြိမ်တိုင်တိုင် တုန်ခါသွားစဉ် လေပြင်းသမုဒ္ဒရာ၏အလည်အူတိုင်ရှိလေထုအပြင် အခြားလေအားလုံးက အချင်းချင်း ရောယှက်ပြီး သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် လေပြင်းသမုဒ္ဒရာလဲ ပျောက်ကွယ်သွားပြီး ကျယ်ပြောလှသောမြေနေရာလွတ်ကြီးတစ်ခု ပေါ်လာလေသည်။ အရာအားလုံးက ရှင်းလင်းသွားသောကြောင့် မည်သူတစ်ဦးတစ်ယောက်၏အမြင်အာရုံကိုမျှ ပိတ်ဆို့ထားခြင်းမရှိတော့ပေ။ လူတိုင်းက သူတို့၏ နတ်ဘုရားအာရုံများကို ဖြန့်ကျက်နိုင်ကြသည်။ သို့သော် ထိုနေရာရှိကျင့်ကြံသူအားလုံး၏ နှလုံးသားကို တုန်လှုပ်စေခဲ့၏။ သူတို့၏မျက်နှာပေါ်ရှိ လေးစားမှုနှင့် လက်အောက်ခံလိုမှုကိုယူဆောင်လာသောအရာမှာ လေပြင်းသမုဒ္ဒရာအလယ်မျက်နှာပြင်ကို ထိုးစိုက်ခဲ့သောရှေးဟောင်းဓါးကိုးစင်းဖြစ်လေသည်။

ရှေး‌ဟောင်း ဓါးကိုးစင်းက စက်ဝိုင်းပုံစံဖြင့် လေပြင်းသမုဒ္ဒရာကို ဝန်းရံထားပုံရသည်။

“စစ်မှန်တဲ့လောကရဲ့အစောင့်တွေ...”

နေရာတစ်ဝိုက်ရှိကျင့်ကြံသူများက တိတ်ဆိတ်သွားပြီး သူတို့၏မျက်လုံးများတွင် ရောထွေးနေသောခံစားချက်များ ဖုံးကွယ်ထားကြသည်။

“ဗုန်းးးး...”

တစ်ချိန်တည်းမှာပင် ပေါက်ကွဲသံကိုးချက် ထွက်ပေါ်လာပြီး ရှေးဟောင်းဓါးကိုးစင်းပေါ်တွင် အက်ကွဲကြောင်းကြီးများ ပေါ်လာသည်။ ဓါးကိုးစင်းက အစိတ်စိတ်အမွှာမွှာကွဲသွားသောအခါတွင် အတွင်းထဲရှိတင်ပျဉ်ခွေထိုင်နေ သောလူကိုးဦးက ပေါ်လွင်လာသည်။

ထိုလူကိုးယောက်က တစ်ပြိုင်နက် မတ်တပ်ရပ်လိုက်ကြသည်။ ထို့နောက် သူတို့ပတ်လည်ရှိဓါးအပိုင်းအစများက လျင်မြန်စွာ စုရုံးလာကြသည်။ ကွဲအက်နေသောအသံများက လေထဲတွင် တဟုန်ထိုးထွက်ပေါ်လာပြီး သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာကိုးခုအဖြစ်ပေါ်လာသည်။

ကြေးဝါရောင်ချပ်ဝတ်တန်ဆာများက သူတို့၏ခန္ဓာကိုယ်ပေါ်တွင် စွဲမက်ဖွယ်ကောင်းသော အလင်းရောင်တစ်ခုဖြင့် ထွန်းလင်းတောက်ပနေသည်။ ထိုချပ်ဝတ်တန်ဆာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သောလေထုများဖြင့်

ပြည့်နှက်နေသော မှော်သက်ေတများစွာလဲ ရှိခဲ့သည်။

လူကိုးယောက်တွင် အမျိုးသား၊ အမျိုးသမီး ပါ၀င်သည်။ အသက်အကြီးဆုံးက အဘိုးကြီးဖြစ်ပြီး အငယ်ဆုံးက လူငယ်ပင်ဖြစ်၏။ သို့သော် သူတို့အားလုံးတွင် ခက်ထန်သောအမူအရာများရှိနေပြီး သူတို့၏မျက်လုံးများရှိရက်စက်ကြမ်းကြုတ်မှုများက တူညီစွာရှိနေခဲ့သည်။

“စစ်မှန်တဲ့‌လောကရဲ့အစောင့်တွေက ရာဇ၀တ်သားကို ဖမ်းတော့မယ်... မင်းတို့အားလုံး ဒီမှာစောင့်နေကြ.. မင်းတို့ကိုထွက်သွားခွင့်မပြုဘူး”

ဆံနီရောင်အဘိုးအိုက ထိုသို့ကြိမ်းဝါးလိုက်၏။ ထိုလူကိုးယောက်ထဲမှ တစ်ဦးထံမှလောကမှော်ယာဉ်ပျံအလယ်လတ်အဆင့်ရှိပြင်းထန်သောဖိအားများ ပျံ့နှံ့သွားသည်။ သူ၏အသံက လေထဲတွင်ပဲ့တင်ထပ်နေပြီး ပြင်းထန်သော ဖိအားတစ်ခု ဖြစ်ပေါ်လာ၏။ ‌စစ်မှန်သောလောကအစောင့်များ၏အနေအထားကြောင့် နေရာရှိလောကအသူရာနတ်ဘုရားနယ်ပယ်ရှိကျင့်ကြံသူများက တိတ်ဆိတ်စွာ ခေါင်းတညိမ့်ညိမ့် လုပ်နေလေ၏။

စစ်မှန်သော‌လောက၏အစောင့်များဆင်းသက်လာချိန်တွင် လေပြင်းသမုဒ္ဒရာရှိကျင့်ကြံသူများက မခုခံရဲကြပေ။

စစ်မှန်သော‌လောကအစောင့်အဘိုးအိုက သူ့ပတ်ဝန်းကျင်ရှိလူများအပေါ် ဖိနှိပ်ခြယ်လှယ်လိုစိတ်ရှိလေ၏။သူက ဘေးဘီလှည့်ကြည့်ပြီး လေပြင်းသမုဒ္ဒရာ၏အလယ်ဗဟိုသို့ ချက်ချင်း ပြေးသွားသည်။ အခြားလူရှစ်ဦးလည်း ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သမုဒ္ဒရာထဲသို့ ပျောက်ကွယ်သွားခဲ့သည်။

“သူတော်စင်ယင်းရွှမ်ရဲ့ဆန္ဒအရ..ဒီလူက အနောက်ငွေ့ရည်တိမ်တိုက်ကြယ်ဂြိုလ်မှာ ပထမဆုံးပေါ်လာတုန်းက ရာဒစ်ကျင့်ကြံခြင်းဂြိုလ်ရဲ့ဆင့်ခေါ်စာတွေကို လစ်လျူရှုခဲ့တယ်..တိုက်တိုက်ဆိုင်ဆိုင် ကြက်သွေးရောင်မီးလျှံဂြိုလ်က အနောက်ငွေ့ရည်တိမ်တိုက်ကြယ်ဂြိုလ်ရဲ့မဟာမိတ်ပုံစံမျိုးဖြစ်နေတယ်..ဒါကြောင့် စစ်မှန်တဲ့လောကရဲ့အစောင့်တွေက ရာဇဝတ်သားရဲ့သဲလွန်စကိုလိုက်ရှာနိုင်တာ...”

“ဒီလူမှာ သူတော်စင်ယင်းရွှမ်လိုချင်တဲ့လျှို့ဝှက်ချက်တွေရှိတယ်..ဒါပေမဲ့ သူ့ကို အရှင်လတ်လတ် မဖမ်းနိုင်ရင် ဘာလျှို့ဝှက်ချက်မှသိရမှာမဟုတ်ဘူး..ဒါ့ကြောင့် အခြားလောကကြီးသုံးခုထဲကလူတွေ သူ့ကို ဖမ်းမိသွားလို့မဖြစ်ဘူး..မဟုတ်ရင်ကျုပ်တို့ သူ့ကိုအရင်သတ်မှရမယ်...”

“တကယ်လို့ သူတော်စင်ယင်းရွှမ်က ဒီလိုကန့်သတ်ချက်တွေနဲ့မထုတ်ခဲ့ဘူးဆိုရင်

လူတိုင်းက ရာဇဝတ်သားကို သတ်ဖို့တကဲကဲလုပ်နေမှာပဲ..ပြီးတော့ မက်လုံးပေးတာက လောကအမြုတေကျောက်တုံးတွေထက် ပိုကောင်းတယ်..ရာဇ၀တ်ကောင်ထက်စွမ်းအားကြီးတဲ့ကျင့်ကြံသူတွေတောင် လောဘဇောတက်မိသွားတာပဲ...သူတော်စင်က ဒီလူကို ကြိုပြီးသတ်မှာကို စိုးရိမ်တဲ့အတွက်ကြောင့်မို့ ဒါတွေအားလုံးစီစဥ်ခဲ့တာ....ရလဒ်အနေနဲ့ ဒီတိုက်ပွဲက ကျုပ်တို့အတွက် ဒီအခွင့်အရေးကို ဖန်တီးပေးလိုက်တာပဲ..”

ထိုခဏ၌ လူကိုးယောက်က လေပြင်းသမုဒ္ဒရာထဲသို့ ရွေ့လျားသွားကာ အချင်းချင်း စကားပြောနေကြသည်။ သူတို့က စစ်မှန်သော‌လောကအစောင့်များဖြစ်နိုင်သည်။သို့သော်လည်းသူတို့ အစောင့်မဖြစ်မီက စစ်မှန်သောယင်းလောကတွင် နေထိုင်သူများဖြစ်သည်။ ထို့ကြောင့် သူတို့ကစစ်မှန်သောယင်းလောက၏အမိန့်ကို ဦးစွာနာခံကြလေသည်။

ထိုစဉ် စုမင်၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ တဖွားဖွားပေါ်လာသည်။ သူက အသက်ပြင်းပြင်းရှူပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်ဖန်တီးကာ ထိုလက်နှစ်ဖက်ကို ဒူးပေါ်တင်လိုက်သည်။

“ပိုက်ကွန်ချဖို့အချိန်ရောက်ပြီ..စစ်မှန်တဲ့လောကအစောင့်တွေက လောကမှော်ယာဉ်ပျံအလယ်လတ်အဆင့်မှာရှိတယ်.. မီးလျှံဂြိုလ်သခင် ကျုပ် လူတစ်ယောက်ကို ဝါးမျိုနိုင်ရင် ပထမပြည့်စုံမှုအခြေအနေကို ဖြတ်ကျော်ပြီး ကျုပ်ရဲ့ခန္ဓာကိုယ် လောကမှော်ယာဉ်ပျံနယ်ပယ်ကို ရောက်သွားမှာလား...”

“မင်းသာ မြေအက္ခရာကျင့်စဉ်ကို ပြည့်ပြည့်စုံစုံ အသက်သွင်းနိုင်ရင်..လောကမှော်ယာဉ်ပျံနယ်ပယ်အလတ်လတ်အဆင့်ရှိသူကို သတ်ဖို့အခွင့်အရေးရလာမယ်..ဒါပေမဲ့ မင်းမှာ ပထမပြည်စုံမှုအခြေအနေသာရှိပြီး ကပ်ဘေးကို မဖြတ်ကျော်ရသေးဘူး..ဒါ့ကြောင့် မြေအက္ခရာကျင့်စဉ်ကို လက်နဲ့ပဲချိပ်တံဆိပ်ဖော်လို့ရအုံးမယ်..မင်း သူတို့ကို မဝါးမျိုနိုင်သေးဘူး...”

“ကျုပ် ကြိုးစားကြည့်ချင်တယ်.. အောင်မြင်ရင်တော့ အကောင်းဆုံးပဲပေါ့..ဒါပေမဲ့ မအောင်မြင်ရင်တော့ ဒီဂြိုလ်မှာချိပ်ပိတ်ခံထားရတဲ့အင်အားကြီးကျင့်ကြံသူရဲ့အနှစ်သာရစွမ်းအင်ကို ဖောက်ခွဲပစ်လိုက်ပါ...ပြီးတော့ တိုင်ဖွန်းမုန်တိုင်းရဲ့မျက်လုံးဆီကို သွားလိုက်...ကျုပ်နောက်ကိုလိုက်လာသူတိုင်းအတွက် သတိပေးချက်အဖြစ် ပြောင်းလဲလိုက်ပါ...”

“ကောင်းပြီ. ငါကြိုတင်ပြင်ဆင်မှု အားလုံးကို လုပ်ထားပြီးသားပါ..အခု

မင်းကြိုက်တဲ့အချိန် ချိတ်ပိတ်ထားတဲ့ အနှစ်သာရစွမ်းအင်ကို ဖောက်ခွဲနိုင်တယ်..”

မီးလျှံဂြိုလ်သခင်၏ငြိမ်သက်သောအသံက စုမင်၏စိတ်ထဲတွင် ပဲ့တင်ထပ်နေချိန် စုမင်က သူ့လက်များကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

ထိုအချိန်တွင် လေပြင်းသမုဒ္ဒရာ၏ အလယ်ဗဟိုကျော်ရှိနယ်မြေက ပြင်းထန်‌ သောလေထု၏ဝန်းရံခြင်းကို ခံရလေသည်။ ကျယ်ပြောလှသောသမုဒ္ဒရာမျက်နှာပြင်တွင် စုမင်ထားခဲ့သောအပိုင်းအစဆယ့်သုံးခုထဲမှကိုးခုက စူးရှသော အလင်းရောင်နှင့်အတူ ချက်ချင်း တောက်ပလာသည်။

ဤနေရာကိုးခုအပြင် လေပြင်းသမုဒ္ဒရာ၏နက်နဲရာအလယ်ဗဟိုတွင် အပိုင်းအစများပါသောအခြားနေရာကိုးခုလည်း ရှိသေးသည်။ ထိုအချိန်တွင် ထိုအပိုင်းအစကိုးခုက ထွန်းလင်းတောက်လာသည်။

စုမင်က သူ့ညာလက်ကို မြှောက်လိုက်ပြီး ဘယ်ဘက်လက်ကို မြှောက်လိုက်သည်။ ထို့နောက် သူ့လက်နှင့် ချိပ်တံဆိပ်ခတ်လိုက်ပြီး မြေကြီးပေါ် ဖိချလိုက်သည်။ အပြင်ဘက်ရှိအပိုင်းအစကိုးခုက တရွှီးရွှီးမြည်သံကိုထုတ်လွှတ်ကာ လေပြင်းသမုဒ္ဒရာ၏အလယ်ဗဟိုအထိ ရှည်လျားသော အလင်းတန်းခုအဖြစ် ပြောင်းလဲသွားသည်။

အူလှိုက်သည်းလှိုက်အော်ဟစ်သံက

နေရာတစ်ဝိုက်ရှိကျင့်ကြံသူများ၏အာရုံကို ချက်ချင်း ဆွဲဆောင်ခဲ့သည်။ သူတို့က ထိုအသံလာရာကိုကြည့်လိုက်ရာ အလင်းတန်းရှည်များတွင်အပိုင်းအစကိုးခုကို တွေ့လိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့က လေပြင်းသမုဒ္ဒရာထဲသို့ ရောက်သွားကြသည်။

“အဲဒါတွေက…”

“အဲဒီနေရာတိုင်းဟာ လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူတွေ သေဆုံးခဲ့ရတဲ့ နေရာတွေပဲ...မိုစုက ဒါကို ကြိုပြီး ပြင်ဆင်ထားတာလား...”

“ဒါက နတ်ဘုရားစွမ်းရည်တစ်ခုပဲ ဖြစ်ရမယ်...”

ထိုအပိုင်းအစများက ‌စစ်မှန်သောလောကအစောင့်များကို မည့်သည့်အန္တရာယ်အငွေ့အသက်မှမပေးပေ။ သူတို့က လေပြင်းသမုဒ္ဒရာသို့ အာရုံစူးစိုက်မှုရှိပြီး တောက်ပသော မျက်လုံးများဖြင့်မျှော်ကြည့်ကြသည်။

ထိုအပိုင်းအစကိုးခုက လေပြင်းသမုဒ္ဒရာထဲသို့ ပြေးဝင်လာစဉ် သမုဒ္ဒရာအတွင်းထဲရှိအပိုင်းအစလေးခုက ပျံတက်လာကြသည်။ အားလုံးပေါင်းအပိုင်းအစဆယ့်သုံးခုက စုမင်ဆီသို့ အရပ်ရပ်မှ တိုးဝင်လာသည်။

ထိုအချိန်တွင် စစ်မှန်သောလောကအစောင့်‌ကိုးယောက်က စုမင်ဆီသို့မယုံနိုင်လောက်သော အရှိန်အဟုန်ဖြင့် ခရီးနှင်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း စုမင်နှင့်သိပ်မဝေးသောအကွာအဝေးသို့ရောက်ရှိလာခဲ့သည်။ ပြင်းထန်သော ဖိအားလှိုင်းကိုးခုက တစ်ပြိုင်နက်တည်း ပျံ့နှံ့သွားပြီး စုမင်ကို ဖိနှိမ်ထားသည့်လှောင်အိမ်နှင့်တူသောစွမ်းရည်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

စစ်မှန်သောလောကအစောင့်များက တင်ပျဉ်ခွေထိုင်နေသောစုမင်ကို မြင်လိုက်ရသည်။ ထိုအချိန်တွင် စုမင်ကမျက်လုံးကိုချက်ချင်းဖွင့်လိုက်သည်။ သူ့နားသို့ နီးကပ်လာသောလူကိုးယောက်ကို သတိထားမိပြီး သူ့ဘယ်လက်ကိုမြှောက်ကာ မျက်ခုံးအလယ်ကို ဖိလိုက်သည်။

ထိုအချိန်တွင် စုမင်က သူ၏ညာဖက်လက်ဖဝါးကို မြေပြင်ကို ဖိထားပြီး ဘယ်လက်ကို သူ၏မျက်ခုံးအလယ်ဗဟိုတွင် ဖိထားသည်။ သူ့မျက်လုံးထဲက အလင်းရောင်က အနက်ရောင်ပြောင်းလဲသွားပြီး သူ့အသက်စွမ်းအားလှိုင်းများတောင် ရပ်တန့်လုနီးပါး ဖြစ်သွားသည်။ သူက လျင်မြန်စွာသေဆုံးသွားသလိုပင်ဖြစ်သည်။

စုမင်က ထို‌သို့လုပ်နေစဉ် လေပြင်းသမုဒ္ဒရာကို ဖြတ်၍ အရှိန်တင်နေသောအပိုင်းအစဆယ့်သုံးခုက ပို၍ လျင်မြန်လာပြီး ပို၍ပင် တောက်ပလာသည်။ သို့တိုင် စစ်မှန်သောလောကအစောင့်များက စုမင်ကို နီးကပ်လာပြီဖြစ်သည်။ သူတို့အားလုံးက လက်ဖြင့် ချိပ်တံဆိပ်ဖန်တီးစဉ် မတူညီသောရောင်စုံအလင်းတန်းကိုးခုက သူတို့၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

အလင်းတန်းကိုးခုက တစ်စုံတစ်ခုကို ယက်လုပ်နေသလိုမျိုး လေထုထဲတွင် တစ်ခုနှင့်တစ်ခု ရောယှက်နေသည်။

၎င်းတို့က စုမင်နားသို့ လျင်မြန်စွာနီးကပ်လာကာ ကိုးရောင်ခြယ်ပိုက်ကွန်တစ်ခု ဖြစ်သွားသည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် အစောင့်များကသူ့ကိုထိုပိုက်ကွန်ဖြင့် ဖမ်းချင်ပုံရသည်။

“မင်းမလွတ်နိုင်တော့ဘူး..”

အေးစက်သောအသံတစ်သံက လူကိုးယောက်ထဲမှ ထွက်ပေါ်လာသည်။ ပိုက်ကွန်က စုမင်နှင့်ပေနှစ်ရာအောက်သာ ကွာဝေးပြီး ၎င်းနှင့်ထိစပ်နေသောလေပြင်းအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ တကယ်တော့ ပိုက်ကွန်ရွေ့လျားတိုင်း လေထုထဲမှာ အက်ကွဲကြောင်းများပေါ်လာပြီး လေထုကိုထိုးခွင်းသလိုဖြစ်နေသည်။

စုမင်က သူ့အပေါ် ပိုက်ကွန်ကျလာတော့မည်ကိုမြင်သော်အခါ သူ့မျက်နှာပေါ်က သွေးကြောများက ထောင်းထလာပြီး ခေါင်းကိုမော့ကြည့်လိုက်သည်။

“မြေအက္ခရာစွမ်းရည်...”

စုမင်က ထိုစကားနှစ်လုံးကို အော်ပြောလိုက်သည်နှင့် သူ့တစ်ကိုယ်လုံး ကွဲကြေသွားသော်လည်း အပိုင်းအစများအဖြစ်သို့ မပြောင်းလဲခဲ့ပေ။ ယင်းအစား သူကကွဲကြေသွားသော ကျောက်ရုပ်ထုကြီးကဲ့သို့ ဖြစ်သွား၏။ မြေပြင်ပေါ်ရှိ အညစ်အကြေးများက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး လူကိုးယောက်အနက် စုမင်နှင့် အနီးစပ်ဆုံးဖြစ်သော အဘိုးအိုဆီသို့ ပြေးသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျယ်လောင်သော ဝီစီသံနှင့်အတူ အပိုင်းအစဆယ့်သုံးခုက အဘိုးအိုထံသို့ အရှိန်ပြင်းပြင်းနှင့် ပြေးဝင်လာသည်။

“မင်းကိုယ်မင်း တော်လှပြီထင်နေတာလား မိုစု..ဟေ့ကောင်တွေ ငါ သူ့ကို ထိန်းထားမယ်..မင်းတို့အားလုံး ချိတ်ပိတ်ပိုက်ကွန်ကို ထိန်းချုပ်ပြီး သူ့ကို အရှင်လတ်လတ် ဖမ်းကြ...”

အဘိုးအိုက အေးစက်သောအသံကိုထုတ်လွှတ်လိုက်ပြီး လောကမှော်ယာဉ်ပျံစွမ်းအားက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲသံနှင့်အတူ ထွက်ပေါ်လာသည်။

ထိုစွမ်းအားများ ပေါက်ကွဲထွက်လာစဉ် အဖိုးအိုဆီကနေ ရွှေရောင်လှိုင်းလုံးကြီးတစ်ခုက အရပ်ရပ်သို့ ပျံ့လွင့်သွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလှိုင်းလုံးကြီးက ပေတစ်သောင်း ဧရိယာကို လွှမ်းခြုံသွားသည်။

ထိုပေတစ်သောင်းအတွင်းတွင် သက်ရှိအရာများနှင့် အခြားအရာအားလုံးတို့မှာ ရွှေရောင်တောက်တောက်ဖြင့် အရောင်ခြယ်ထားခံရသည်။ လောကမှော်ယာဉ်ပျံစွမ်းအားကို ထိန်းချုပ်သည့်ပုံစံမှာ လောကမှော်ယာဉ်ပျံအလယ်လတ်အဆင့်သို့ ပြောင်းရွှေ့လာသူများ၏ အမှတ်အသားဖြစ်သည်။ ထိုအမှတ်အသားက လောကကြီးထဲရှိ ဥပဒေသအားလုံးနှင့် မူလအနှစ်သာရအားလုံးကို အတင်းအကျပ် မောင်းထုတ်ခဲ့သည်။ တစ်ခုတည်းကျန်နေသောအရာမှာ ဖန်တီးခြင်းခံရသောဥပဒေသအသစ်များသာဖြစ်သည်။

“ငါ့ရဲ့ဟင်းလင်းပြင်ပိုင်နက်ထဲမှာ ငါက မင်း ဒဏ်ရာ ရလိမ့်မယ် လို့ပြောရင် မင်း ဒဏ်ရာရကိုရလိမ့်မယ်...”

အဘိုးအိုက သူ့လက်မောင်းကို လှုပ်လိုက်ပြီး ညာလက်ကိုမြှောက်ကာရုပ်တုအဖြစ်ပြောင်းသွားသောစုမင်ဆီသို့ ချိန်ရွယ်လိုက်သည်။

“သေစမ်းးးးသေစမ်းးးးနာကျင်အောင်လုပ်လိုက်စမ်းးး..”

မြေရုပ်တုဖြစ်နေသောစုမင်က အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ရုပ်တုတစ်ဝက်လောက်က ပြိုကျသွားသည်။ ကျန်တစ်ဝက်ကတော့ လေထဲမှာလွင့်မျောနေသောမျက်နှာကြီးအဖြစ်ပြောင်းလဲသွားသည်။ ထိုမျက်နှာက စုမင်၏မျက်နှာပင်ဖြစ်သည်။ အားနည်းသောအကြည့်က သူ့မျက်နှာမှာ ပေါ်လာသော်လည်း ရူးသွပ်မှုက မကြာခင် အစားထိုးသွားခဲ့သည်။

“မြေအက္ခရာစွမ်းရည်..”

ထိုဟိန်းဟောက်သံနှင့်အတူ စုမင်၏အရှိန်က အဆပေါင်းများစွာ တိုးလာသည်။ လျင်မြန်စွာထွက်ပေါ်လာသောအပိုင်းအစဆယ့်သုံးခုက ရွှေရောင်လွှမ်းသောနယ်မြေကို ဖြတ်၍ မျက်စိတစ်မှိတ်အတွင်းမှာပင် အဘိုးအို၏နောက်ကွယ်မှ ပေါ်လာ၏။

“ဟမ်”

ဤရုတ်တရက် မြင်ကွင်းကြောင့် အဘိုးအိုက မျက်မှောင်ကြုတ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏လောကမှော်ယာဉ်ပျံစွမ်းအားများက စုမင်ကိုယ်ထဲရှိပြောင်းလဲမှုများကို ရပ်တန့်ရန်ခက်ခဲသောကြောင့် ဖြစ်သည်။သို့သော် သူ၏ မြင့်မြတ်သော စွမ်းရည်ကို ထပ်မံအသက်မသွင်းခင်...

“ဗုန်းးးး...ဗုန်းးးး..ဗုန်းးးး..”

ကောင်းကင်နှင့် မြေကြီးပေါ်တွင် ပေါက်ကွဲသံများစွာထွက်ပေါ်လာပြီး တသိမ့်သိမ့် တုန်ခါသွားသည် ။ မြေရုပ်တုဖြစ်နေသောစုမင်က အဘိုးအို၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ပြီး မြေပြင်ပေါ်တွင် သင်္ချိုင်းမြေပုံတစ်ခုလို ပြောင်းလဲသွားသည်။

အပိုင်းအစဆယ့်သုံးခုက နီးကပ်လာပြီး မြေပုံတွင်းသို့ ဝင်သွား၏။ ထို့နောက် ၎င်းတို့က လျင်မြန်စွာ စုရုံးလာကြပြီး သင်္ချိုင်း‌ မြေပုံတစ်ခု တည်ဆောက်လာကြသည်။

ထိုသင်္ချိုင်း‌မြေပုံပေါ်တွင် ပုံရိပ်တစ်ပုံက လျင်မြန်စွာ ထင်းပေါ်လာသည်။ ထိုပုံက လူတစ်ယောက်၏ပုံဖြစ်ပြီး စစ်မှန်သောလောကအစောင့်အဘိုးအို၏မျက်နှာပုံပင်ဖြစ်၏။

All Chapters