တိုက်ပွဲတစ်ပွဲကြောင့် ကျော်ကြားလာတယ်
Vol. 58 Ch. 799
သို့သော် ထိုမျက်နှာက အနည်းငယ်
မပြည့်မစုံဖြစ်ပြီး မှိန်းဖျော့နေသည်။
ထို့အပြင် ရှင်းရှင်းလင်းလင်းမရှိသေးပေ။
ကြည့်ရှုသူတိုင်းက အဘိုးအို၏မျက်နှာရှိဒေါသနှင့်တုန်လှုပ်ချောက်ချားမှုကို ဝိုးတဝါးမြင်ရလေသည်။ သို့သော် မြေပုံပေါ်တွင် အဘိုးအိုမျက်နှာထင်းပေါ်လာစေရန် ခက်ခဲသည်။ ထို့ကြောင့် ထိုပုံရိပ် ထင်ယောင်ထင်မှားလိုလို အစစ်မှန်လိုကြားတွင်ရှိနေပြီး ပျောက်လိုက် ပေါ်လိုက်ဖြစ်နေလေ၏။
“ဗုန်းးးးး...”
သင်္ချိုင်းမြေပုံက ကွဲအက်သွားပြီး မြေပုံက ပြိုကျသွားသည်။ထိုစဉ်
စုမင်၏ခန္ဓာကိုယ် စုရုံးဖြစ်ပေါ်လာပြီး
ဖြူဖျော့နေသောမျက်နှာဖြင့် သွေးအန်လိုက်ရသည်။ စုမင်အသက်သွင်းသောစွမ်းရည်က အလုပ်မဖြစ်သော်လည်း စုမင်၏မျက်နှာပေါ်တွင် မည်သည့်အငွေ့အသက်ကိုမှ မပြချေ။
သချ်ုင်းမြေပုံ ပြိုကျလာသောအခါ အတွင်းမှစစ်မှန်သောလောကအစောင့်၏ ရုပ်အလောင်းကို ထုတ်ဖော်လိုက်သည်။အသက်တစ်ရှိက်စာအတွင်း အဘိုးအိုက ပိုမိုပိန်လှီးလာပြီး သူ့မျက်တွင်းများက ခွက်လာသည်။ တကယ်တော့ သူဧ။်လောကမှော်ယာဉ်ပျံစွမ်းအားများမှ
သုံးပုံတစ်ပုံလျော့ကျသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ့မျက်လုံးများထဲတွင် ဒေါသနှင့် ကြောက်ရွံ့မှုတို့လည်း ထွက်ပေါ်လာသည်။
‘ဒီနတ်ဘုရားစွမ်းရည်က ဘာလဲ.. ဒီစွမ်းရည်က မပြည့်စုံသေးဘူး..ဒီစွမ်းရည်ကိုပြီးမြောက်ခဲ့မယ်ဆိုရင် ဒါဟာ မယုံနိုင်လောက်အောင်ကို ကြောက်စရာကောင်းလိမ့်မယ်..ဒီလူကို အသက်ရှင်လျက် ဖမ်းလို့မရဘူး..အသေဖမ်းမှရမယ်....”
မြေအက္ခရာစွမ်းရည်ကိုအကောင်အထည်ဖော်သည့်စုမင်၏လုပ်ရပ်က အဘိုးအိုကို ထိတ်လန့်စေရုံသာမက အခြားလူရှစ်ဦးကိုပါ မျက်မှောင်ကြုတ်သွားစေခဲ့သည်။ သူတို့အတွက် ဤထူးဆန်းသောစွမ်းရည်က
စစ်မှန်သောမဟာလောကကြီးလေးခုမှ မြင့်မြတ်သောစွမ်းရည်များနှင့်
လုံးဝမသက်ဆိုင်ပေ။
“ဂြိုလ်သားမျိုးနွယ်စုရဲ့စွမ်းရည်...ဒါက
“ဂြိုလ်သားမျိုးနွယ်စုရဲ့စွမ်းရည်ပဲ...”
ကျန်ရှစ်ယောက်ထဲက တစ်ယောက်က
ထိုစကားများကို ပြောနေစဉ် ကိုးရောင်ခြယ်ပိုက်ကွန်က အဆုံးမဲ့ပြန့်ကားသွားပြီး စုမင်ကို လွှမ်းခြုံရန် နီးကပ်လာခဲ့သည်။
ထိုအချိန်တွင် စုမင်၏ဆုတ်ခွာနေသော ခန္ဓာကိုယ်မှ စွမ်းအားလှိုင်းလုံးများ ချက်ချင်း ပျံ့နှံ့သွားသည်။ ထိုစွမ်းအားလှိုင်းလုံးများက စုမင်ကို ချက်ချင်းဖုံးလွှမ်းသွားသည်။ထို့နောက် လူကိုးယောက်၏ မြင်ကွင်းမှ စုမင် ကွယ်ပျောက်သွားသည်။
“နေရာရွေ့ပြောင်းတာလား...”
လူကိုးဦး၏အမူအရာများ ပြောင်းလဲလာပြီး စုမင်က သူတို့နှင့် ပေထောင်နှင့်ချီဝေးသော လေပြင်းသမုဒ္ဒရာဗဟိုချက်တွင် ပေါ်လာသည်။ ထိုနေရာက တိုင်ဖွန်းမုန်တိုင်း၏မျက်လုံးရှိရာအရပ် ဖြစ်၏။
“သူ့နောက်မှာ...
လူကိုးဦးက လျင်မြန်စွာ ရွေ့လျားသွားပြီး ပေထောင်ပေါင်းများစွာအကွာရှိ တိုင်ဖွန်းမုန်တိုင်းကိုခြေလှမ်းနေသည့်
စုမင်ကို လိုက်ဖမ်းသောအလင်းတန်းရှည်ကိုးခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုလူများက ပေထောင်ချီအကွာအဝေးကို အသက်တစ်ရှိုက်စာအတွင်းမှာနီးကပ်လာကြသည်။
ထိုစဉ် စုမင်က ထိုနေရာရှိလေပြင်းတိုက်ခတ်မှုကိုကြံ့ကြံ့ခံရင်း
ခြေတစ်လှမ်းလှမ်းခဲ့သည်။ ထို့နောက် သူက လူကိုးယောက်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူ့မှာ အချိန်မရှိသောကြောင့် သူ့နှုတ်ခမ်းထောင့်ရှိသွေးများကိုပင် မသုတ်ရသေးပေ။ သို့သော် သူ့မျက်လုံးထဲတွင် အေးစက်ခက်ထန်သောအလင်းတန်းတစ်ခုရှိနေလေသည်။
“တည်နေရာရွေ့ပြောင်းတဲ့အပေါက်လား..သေစမ်း.ဘာလို့.ဒီနေရာမှာ ဒီလိုအပေါက်မျိုးရှိနေတာလဲ...”
“သူ့ကို လုံးဝ မလွတ်စေနဲ့.. ငါတို့ သူ့ကို အရှင်လတ်လတ် မဖမ်းနိုင်ရင် သူ့ကို သတ်ရမယ်”
လူကိုးဦးက စစ်မှန်သောလောကအစောင့်များဖြစ်ပြီး လောကမှော်ယာဉ်ပျံအလယ်လတ်အဆင့်ရှိအားကောင်းသောကျင့်ကြံသူများဖြစ်သည်။ လောကစွမ်းအားနှင့်ပတ်သတ်သောသူတို့၏အသိပညာက သဘာဝအားဖြင့် ထူးကဲလှသည်။ ထိုအချိန်တွင် သူတို့က စုမင်၏လှုပ်ရှားမှုကို မြင်လိုက်ရပြီး တိုင်ဖွန်းမျက်လုံး၏ထူးဆန်းသော စွမ်းရည်ကို ချက်ချင်း တွေ့လိုက်ရသည်။
“မင်းတို့အားလုံးအတွက် ငါ လက်ဆောင်အကြီးကြီးတစ်ခု ပြင်ဆင်ပြီးပြီ”
စုမင်က အေးစက်စွာရယ်မောရင်း သူ့ခန္ဓာကိုယ်ကို တိုင်ဖွန်း၏မျက်လုံးထဲသို့ လုံးလုံးလျားလျား ရွှေ့လိုက်သည်။ သူ့ခန္ဓာကိုယ်က အထဲတွင် နစ်မြုပ်သွားပြီးနောက ကောင်းကင်ရတနာဂြိုလ်တစ်ခုလုံး၏မြေပြင်က ရုတ်တရက်ပြင်းထန်စွာ တုန်ခါလာသည်။
“ဗုန်းးးးးး...”
ပေပေါင်းသောင်းနှင့်ချီကြီးမားသောလေပွေကြီးတစ်ခုက မြေပြင်ပေါ်မှ ထွက်ပေါ်လာသည်။ ထို့နောက် ကောင်းကင်ဘုံ ရတနာဂြိုလ်ကြီးတစ်ခုလုံး ထပ်မံတုန်ခါသွားပြီး ပေပေါင်းသောင်းနှင့်ချီကြီးမားသောလေပွေကြီး ပေါ်ထွက်လာပြန်သည်။
လေလှိုင်းများ၏ပြင်းထန်မှုနှင့်အဖျက်စွမ်းအားက ဂြိုလ်တစ်ခုလုံးကိုတိုက်ခတ်သွားခဲ့သည်။ ထိုစဉ် စစ်မှန်သောလောကအစောင့်များ၏အမူအရာများ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ စုမင်က တိုင်ဖွန်းမုန်တိုင်း၏ မျက်လုံးထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။စုမင်နောက်ရှိအရာအားလုံးက အပျက်သဘောဆောင်သည့် အလင်းတန်းတစ်ခုနှင့်အတူ လျင်မြန်စွာ ပေါက်ကွဲထွက်လာသည်။
အလင်းတိုင်များက လေထဲသို့ထွက်ပေါ်လာစဉ် အစောင့်ကိုးဦးက မဆိုင်းမတွ ဆုတ်ခွာသွားခဲ့သည်။ သူတို့ထဲက တစ်ယောက်က နည်းနည်းနှေးသွားပြီး အလင်းတိုင်၏ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးနှင့် ချပ်ဝတ်တန်ဆာများက ပြာအဖြစ်သို့ပြောင်းသွားပြီး သူ့တွင် ရုန်းကန်ရန် အခွင့်အရေးပင်မရှိခဲ့ပေ။
သူ၏ခန္ဓာကိုယ်နှင့်အခြေတည်ဝိညာဉ်များ ပျက်စီးသွားခဲ့သည်။
“ဂြိုလ်သားမျိုးနွယ်စုဝင်ရဲ့ အနှစ်သာရ.. ဒါက ကောင်းကင်ဘုံရတနာဂြိုလ်မှာ ချိတ်ပိတ်ထားတဲ့ ဂြိုလ်မျိုးနွယ်ဝင်တစ်ယောက် ပျောက်ကွယ်သွားပြီးနောက် ကျန်ရစ်ခဲ့တဲ့ အနှစ်သာရပဲ..တကယ်ပဲ သူ(စုမင်)က မီးလျှံဂြိုလ်ပြောင်းလဲမှုရဲ့ အကြောင်းအရင်းလား...သူက ကောင်းကင်ဘုံရတနာဂြိုလ်ရဲ့ချိပ်တံဆိပ်ကို ချိုးဖျက်လိုက်တာလား...
လူရှစ်ဦးက တုန်လှုပ်ချောက်ချားစွာ ဆုတ်ခွာသွားသောအခါ ကောင်းကင်ဘုံရတနာဂြိုလ်ရှိ နေရာအသီးသီးမှ ကျယ်လောင်သော အသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေသောအလင်းတိုင်များက သူတို့သွားလေရာရာမြေကြီးနှင့် ကောင်းကင်ကို ဖျက်ဆီးပစ်လိုက်သည်။
ကျေးဇူးတင်စရာကောင်းတာက ကောင်းကင်ဘုံရတနာဂြိုလ်တွင် သေမျိုးများ မရှိပေ။ ထိုနေရာတွင် ကျင့်ကြံသူများသာရှိ၏။ သို့မဟုတ်ပါက ဝိညာဉ်စွမ်းအားအပြည့်ရှိသောကျင့်ကြံဂြိုလ်တွင် ထိုသို့သော အပြောင်းအလဲတစ်ခု ဖြစ်ပွားပါက သူတို့၏ဘဝများက ကျိန်းသေပျက်စီးသွားမည်ဖြစ်သည်။
ကျင့်ကြံသူများအနေဖြင့် သူတို့က
အမြဲရှင်သန်နေမည် သို့မဟုတ် စကြာဝဠာ၏ရှင်းလင်းသုတ်သင်ခြင်းကိုခံရမည်။ထို့ပြင် သူတို့က ကျင့်ကြံခြင်းလမ်းစဉ်သို့ လျှောက်လှမ်းသည့်အချိန်မှစ၍သူများကို သတ်ရန်သို့မဟုတ် အသတ်ခံရန် အဆင်သင့်ဖြစ်ရမည်။
ကျယ်လောင်သောဟိန်းဟောက်သံက မရပ်မနား ထွက်ပေါ်လာခဲ့သည်။ ထိုအချိန်တွင် စုမင်က အလင်းတိုင်အတွင်း၌ ရှိနေသည်။ တိုင်ဖွန်းမုန်တိုင်း၏မျက်လုံးနှင့်မီးလျှံဂြိုလ်သခင်က အလင်းတိုင်ကို ထိန်းချုပ်ထားသောကြောင့် ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ပေ။ စုမင်၏ခန္ဓာကိုယ်က လျင်မြန်စွာ နွမ်းလျလာပြီး တည်နေရာပြောင်းခါနီးတွင် ကောင်းကင်ဘုံရတနာဂြိုလ်ထက်မှ ရပ်တန့်သွားသော ရှေးဟောင်းကြေးဝါဓားကိုးလက်၏ထိပ်ဖျားများကအလင်းရောင်နှင့်အတူ ရုတ်တရက် တောက်ပလာခဲ့သည်။ဓားရှည်များပတ်လည်ရှိအလင်းတန်းများက အထူးတလည် လင်းလက်နေ၏။
ရှေးကြေးဝါဓားရှည်များပေါ်ရှိအစောင့်များက ကောင်းကင်ဘုံရတနာဂြိုလ်ရှိ စစ်မှန်သောလောကအစောင့်ရှစ်ဦးထံမှ
အတွေးများကို လက်ခံရရှိခဲ့သည်။ သူတို့က စုမင်ကို အရှင်လတ်လတ် ဖမ်းရန် မစဉ်းစားတော့ဘဲ သူ့ကို အသေသတ်မည့်အစီအစဥ်ကို ပြောင်းလဲပစ်ခဲ့သည်။
အကယ်၍ သူတို့က ကောင်းကင်ဘုံရတနာဂြိုလ်တစ်ခုလုံးကို ဖျက်ဆီးခဲ့မည်ဆိုလျှင် လောကကြီးထဲရှိ သက်ရှိများအားလုံးကို ဖျက်ဆီးသကဲ့သို့ ဖြစ်လိမ့်မည်။ ထိုမှသာ စုမင်ကို သတ်နိုင်မည်ဖြစ်သည်။
“ဗုန်းးးးးး...”
ဓာါးကိုးစင်း..... ရာနှင့်ချီသော ထောင်ပေါင်းများစွာ သို့မဟုတ် သောင်းနှင့်ချီသောဓါးရောင်ဝါများက ကောင်းကင်ဘုံရတနာဂြိုလ်သို့ အရှိန်တင်လိုက်ကြလေသည်။ သူတို့၏ပစ်မှတ်က စုမင်ရှိနေသော တိုင်ဖွန်းမုန်တိုင်း၏မျက်လုံးဆီသို့ ဖြစ်သည်။
ဓါးကိုးစင်းက ကောင်းကင်ဘုံရတနာဂြိုလ်ကို ဖြတ်၍ မီးလျှံဂြိုလ်သခင်နှိုးဆော်ခဲ့သော အနှစ်သာရစွမ်းအင်ဆီသိုထိပ်တိုက်တွေ့ရန် ဦးတည်လေသည်။ လောကကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည့် ကျယ်လောင်သောပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် ကောင်းကင်ဘုံရတနာဂြိုလ်၏ အစိတ်အပိုင်းတစ်ခုက
လူတိုင်း၏မျက်စိရှေ့တွင် ကွဲအက်သွားသည်။
ကောင်းကင်ဘုံရတနာဂြိုလ်က ကွဲအက်သွားချိန်၌ နဂါးငွေ့တန်းတွင် ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။ ဓါးရောင်ဝါများက တိုင်ဖွန်းမုန်တိုင်း၏မျက်လုံးထဲသို့ အတင်းတိုးဝင်သွားလေသည်။ ထိုဓါးရောင်ဝါများက လေပွေကြီးများကို ချေဖျက်သွားခဲ့သည်။ ထို့နောက် ၎င်းတို့က တိုင်ဖွန်းမုန်တိုင်း၏မျက်လုံးရှိရာအပေါက်ကိုလဲ ဖောက်ခွဲဖျက်စီးခဲ့သည်။ ထိုအပေါက်က အက်ကြောင်းများထင်းလာကာ ကောင်းကင်ဘုံရတနာဂြိုလ်တစ်ခုလုံးကိုပါ ပျံ့နှံ့သွားခဲ့သည်။
အမွှေးတစ်တိုင်စာကြာပြီးနောက် အနောက်ငွေ့ရည်တိမ်တိုက်ဂြိုလ်မှ ပေါက်ကွဲတစ်ခုပဲ့တင်ထပ်လာခဲ့သည်။ထိုပေါက်ကွဲသံကြီးက မရပ်တန့်ဘဲ လှိုင်းဂယက်များပျံ့နှံ့သွားလေသည်။ ထို့နောက် ကွဲအက်နေသောကျောက်တုံးများက နောက်သို့လှိမ့်သွားပြီး ကောင်းကင်ဘုံရတနာဂြိုလ် ပြိုကျပျက်စီးသွားခဲ့သည်။
ပျံ့နှံ့လာသော လှိုင်းဂယက်များက သက်ရှိအားလုံးကို ဖျက်စီးပစ်နိုင်လေသည်။ သေဆုံးသွားသောအစောင့်တစ်ဦးမှလွဲ၍အခြားရှစ်ဦးတွင် ရှင်သန်ရန် ကိုယ်ပိုင်နည်းလမ်းများ ရှိသည်။ သူတို့က အလင်းတန်းရှည်ရှစ်ခုအဖြစ် ရှေးဟောင်းကြေးနီရောင်ဓါးကြီးဆီသို့ ပြန်သွားခဲ့သည်။ စုမင်နောက်ကိုလိုက်သူများအားလုံးထဲတွင် ကျန်ရစ်သူတစ်ယောက်ကလွဲ၍ အခြားကျင့်ကြံသူများက သေဆုံးသွားခဲ့ကြသည်။ ထိုသူမှာ လောကမှော်ယာဉ်ပျံအလယ်လတ်အဆင့်ရှိသော ခရမ်းရောင်ဝတ်အဘိုးအိုပင်ဖြစ်၏။
စုမင် သို့မဟုတ် စစ်မှန်သောလောက အစောင့်များက ကောင်းကင်ဘုံရတနာဂြိုလ်ကို ဖျက်ဆီးခဲ့သူများဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မပြောနိုင်ပေ။ အမှန်မှာ စုမင်က မီးလျှံဂြိုလ်သခင်ကို ဖောက်ခွဲရန်တောင်းဆိုခဲ့သည်အနှစ်သာရမှာ များပြားလွန်းလှသည်။ သို့သော် ပေါက်ကွဲမှု၏ဆယ်ပုံကိုးပုံက လေပြင်းသမုဒ္ဒရာထဲတွင် စုရုံးသွားခဲ့သည်။ ထို့ကြောင့် ပေါက်ကွဲမှုက ကုန်းမြေကို အလွန်အကျွံ ထိခိုက်စေမည် မဟုတ်သလို ကောင်းကင်ဘုံရတနာဂြိုလ်မှာ ဤကဲ့သို့ ပြီးပြည့်စုံသောပျက်စီးခြင်းကို ကြုံတွေ့ရလိမ့်မည်မဟုတ်ပေ။
ထိုဂြိုလ်ပျက်စီးရခြင်း၏မှန်သော အကြောင်းအရင်းမှာ မယုံနိုင်လောက်အောင် ကြောက်စရာကောင်းသော ဓါးရောင်ဝါလှိုင်းကိုးခုကြောင့် ဖြစ်သည်။
စုမင်က စစ်မှန်သောလောကကြီးလေးခုမှ အင်အားကြီးသူများနှင့် တိုက်ရိုက်ထိပ်တိုက်တွေ့ဖူးသည့် အကြိမ်ဖြစ်သည်။ အစောင့်များက သူ့ကို အရှင်လတ်လတ်ဖမ်းဆီးရမိရန် လိုလားသောကြောင့် သတ်ဖြတ်လိုစိတ်ဖြင့် မတိုက်ခဲ့ကြပေ။သို့မဟုတ်ပါက စုမင်အတွက် ပြန်လည်တိုက်ခိုက်ရန် အလားအလာမရှိပေ။ ထို့အပြင် သူက ကောင်းကင်ဘုံရတနာဂြိုလ်နှင့်အတူ သေဆုံးသွားလိမ့်မည်။
သို့သော် ဤနေရာကို စောင့်ကြည့်နေသည့်မဟာလောကကြီးလေးခုမှတန်ခိုးရှင်များက ဤအလှည့်အပြောင်းကို ကြုံတွေ့ပြီးနောက်တွင် စုမင်ကို နောက်တစ်ကြိမ်တွေ့လျှင် အသက်ရှင်လျက် ဖမ်းရန် စဉ်းစားတော့မည်မဟုတ်ပေ။ ယင်းအစား သူတို့က စုမင်ကို ချက်ချင်းသတ်ဖြတ်ကြလိမ့်မည်။
ကောင်းကင်ဘုံရတနာဂြိုလ်ပြိုကျမှုကြောင့် လပေါင်းများစွာကြာအောင် လှိုင်းဂယက်ကြီးများနှင့် ကျယ်လောင်သောအသံများ ထွက်ပေါ်လာခဲ့သည်။ အနောက်ငွေ့ရည်တိမ်တိုက်ဂြိုလ်ရှိကျင့်ကြံသူများအားလုံးက ထိတ်လန့်သွားခဲ့ကြသည်။ စုမင်၏ခြိမ်းခြောက်မှုကြောင့် တိုက်ပွဲတွင် စောစော ထွက်ခွာသွားသောကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူများမှလွဲ၍ အခြားလူအားလုံးနီးပါး သေဆုံးသွားကြောင်း သိရှိလိုက်သောအခါ သူတို့၏ ထိတ်လန့်မှုက ပို၍ ကြီးမားလာသည်။
စစ်မှန်သောအစောင့်များနှင့် ပတ်သက်သည့် သေဆုံးမှုများအပြင် အခြားသေဆုံးမှု၏သဲလွန်စများအားလုံးက လူတစ်ဦးကို ညွှန်ပြခဲ့သည်။ ကျန်ရစ်ခဲ့သောကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူများ၏စကားကြောင့် ထိုလူ၏အမည်က အနောက်ငွေ့ရည်တိမ်တိုက်ဂြိုလ်တစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့သည်။
“မိုစု...”
အလိုရှိသော ရာဇ၀တ်ကောင်၏အမည်မှာ မိုစု ဖြစ်၏။
သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် မရေမတွက်နိုင်သော အင်အားကြီးမားသောကျင့်ကြံသူများကိုသတ်ပစ်ခဲ့သည်။ သူက မဟာလောကကြီးလေးခုမှအစောင့်များကိုလဲ ဂြိုလ်တစ်လုံး ဖျက်ဆီးစေခဲ့သည်။ ဤကြီးကျယ်ခမ်းနားသော လုပ်ရပ်နှင့် လူများအားလုံးကို ထိတ်လန့်စေသောနည်းဖြင့် မိုစုဟူသောနာမည်က ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့သည်။
အနာဂတ်မှာ စုမင်နောက်ကိုလိုက်ချင်သူများက ကောင်းကင်ဘုံရတနာဂြိုလ်၏ပြောင်းလဲမှုနှင့် ကိုယ်ပိုင်အရည်အချင်းများကို ထည့်တွက်ရန်စဉ်းစားရလိမ့်မည်။ တဖြည်းဖြည်းနှင့် လူအားလုံးနီးပါးက မိုစုကိုလိုက်ရှာမည့် စိတ်ကူးများကို စွန့်လွှတ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် စုမင်နောက်ကိုလိုက်ရင်း သူတို့ပါ ဘဝဆုံးပါးမည်ကိုကြောက်သောကြောင့်ဖြစ်၏။သူတို့အနေဖြင့် ကိုယ့်သေတွင်းကိုယ်တူးသူများဖြစ်သွားမည်။
စုမင်က တိုက်ပွဲတစ်ခုတည်းဖြင့် ကျော်ကြားလာခဲ့သည်။
ထိုလူအားလုံးကို သတ်ခြင်းဖြင့် အခြားလူအားလုံးကို ခြိမ်းခြောက်နိုင်ခဲ့သည်။
စုမင်၏ရူးသွပ်စွာသတ်ဖြတ်မှုနှင့်ကောင်းကင်ဘုံရတနာဂြိုလ်ပျက်စီးခြင်းအပြင် စုမင်၏အမည်က အနောက်ငွေ့ရည်တိမ်တိုက်ဂြိုလ်တစ်ခုလုံးတွင် ပျံ့နှံ့သွားရသည့်နောက်ထပ်အကြောင်းရင်းများရှိသေးသည်။
ဆယ်ရက်အကြာတွင် မဟာလောကကြီးလေးခုက နတ္ထိအနှစ်သာရနယ်မြေအားလုံးကို ဖမ်းဆီးမိန့်တစ်ခု ပေးပို့ခဲ့သည်။ ဆုကြေးများလည်း ထပ်တိုး ထည့်ထားခဲ့သည်။ လောကမှော်ယာဉ်ပျံကနဦးအဆင့်ရှိသူများ စိတ်ဝင်စားစေမည့်လောကအမြုတေကျောက်တုံးများအပါအဝင် အနောက်ငွေ့ရည်တိမ်တိုက်ဂြိုလ်ရှိ ကျင့်ကြံသူအများစုကို ရူးသွပ်သွားစေရန် ဆုလာဘ်များ တိုးပေးခဲ့သည်။
“လောကအမြုတေကျောက်တုံးတစ်ရာ...”
စုမင်ကို အသေဖမ်းမိမိ အရှင်ဖမ်းမိမိအရေးမကြီးပေ။ သူ့ကိုဖမ်းမိသူ သို့မဟုတ် သတ်ပစ်သူများသည် လောကအမြုတေကျောက်တုံးများကို လက်ခံရရှိမည်ဖြစ်၏။
ထိုသို့ဆုလာဘ်မျိုး အရင်က တစ်ခါမှ မပေးအပ်ဖူးပေ။ သို့သော်မင်နက်ဂြိုလ်၏နောက်ဆုံးအကြိမ်ပြောင်းလဲမှုအတွင်း လွတ်မြောက်လာသောဂြိုလ်သားမျိုးနွယ်စု၏အင်အားကြီးကျင့်ကြံသူကို ဖမ်းမိခြင်း ၊သတ်ဖြတ်ခြင်းအတွက် ဆုကြေးများထုတ်ခဲ့သည်။ ပေးအပ်သော ဆုများထဲမှ တစ်ခုက လောကအမြုတေကျောက်တုံးတစ်ထောင်ပင်ဖြစ်သည်။ ထိုကဲ့သို့ ဆုလာဘ်မျိုး ရှားရှားပါးပါးတစ်ကြိမ်သာ ရှိခဲ့သည်။ ထို့အပြင် ချိပ်တံဆိပ်မှ လွတ်မြောက်နိုင်သော ခွန်အားကြီးကျင့်ကြံသူမှာ ခေသူမဟုတ် ၊ အားနည်းသူမဟုတ်သည်မှာ သေချာ၏။ ထို့ကြောင့် ဤကဲ့သို့ ဆွဲဆောင်မှုရှိသော ဆုကြေးကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် နတ္ထိအနှစ်သာရနယ်မြေမှ အင်အားကြီးကျင့်ကြံသူများက ဆုကြေးအပေါ်တပ်မက်မှုကြောင့် မဟာလောကကြီးလေးခုအပေါ် မုန်းတီမှုကို မျိုသိပ်၍ အသုံးချခဲ့ကြသည်။
စုမင်က အင်အားကြီးသော်လည်းဂြိုလ်သားမျိုးနွယ်မှ တန်ခိုးကြီးသောကျင့်ကြံသူနှင့် နှိုင်းယှဉ်ကြည့်လျှင် သူက အားနည်းနေသေးသည်။ သူတို့ကြားက ခြားနားချက်က စကောင်းကင်နဲ့မြေကြီးကြားက အကွာအဝေးတစ်ခုနှင့်တူ၏။ထို့ကြောင့် လောကအမြုလောကျောက်တုံးတစ်ရာဆုလာဘ်က အခြားသူများကို ဆွဲဆောင်နိုင်ခဲ့သည်။
ဆုကြေးများ တိုးလာသည်နှင့်အမျှ အနောက်ငွေ့ရည်တိမ်တိုက်ဂြိုလ်တွင် ဤဆုလာဘ်ကို ရနိုင်သည်ဟု ယုံကြည်သောကျင့်ကြံသူအားလုံးက မိုစုကို အာရုံစိုက်ခဲ့ကြသည်။ သူတို့က ပြင်းထန်သောယုံကြည်မှုနှင့် ပိုက်စိပ်တိုက်ရှာဖွေခဲ့ကြသည်။
ကောင်းကင်ဘုံရတနာဂြိုလ်ပြိုကျပြီး တစ်လအကြာတွင် ကြီးမားကျယ်ပြန့်သောနဂါးငွေ့တန်းရှိ အနောက်ငွေ့ရည်တိမ်တိုက်ဂြိုလ်တွင်
မားသောအက်ကွဲကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ အက်ကွဲကြောင်းအတွင်းမှ မှောင်မိုက်သော အလင်းတန်းများ ထွန်းလင်းလာကာ လူတစ်ဦး ထွက် ပေါ်လာခဲ့သည်။
ထိုလူမှာ ဆံပင်အဖြူရောင်ရှိပြီး အနီရောင်၀တ်ရုံဝတ်ထားသော စုမင်ပင်ဖြစ်၏။ စုမင် ထွက်လာသည်နှင့် သူ့ပါးစပ်မှ သွေးတစ်လုတ်ကြီး အန်လိုက်ရသည်။ သူ၏သွေးများက နဂါးငွေ့တန်းအတွင်း ချက်ချင်းလွင့်မျောကာ ပြန့်ကျဲနေသော သွေးမြူအလွှာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ အမှန်မှာ ထိုသွေးအတွင်း၌ ဓရောင်ဝါများ မသိမသာ ရှိနေ၏။ထို့ကြောင့် စုမင်၏သွေးများက သွေးမြူများအဖြစ်ပြောင်းလဲသွားသည်။
“ဒီဓါးရောင်ဝါကိုးခုက ကျင့်ကြံခြင်းဂြိုလ်ကို ဖျက်ဆီးပစ်နိုင်တယ်.. ငါ ကြိုပြီးတည်နေရာမရွေ့ပြောင်းလိုက်ရင်တောင်မှ အဲဒီအကျိုးသက်ရောက်မှုကို ခံနေရတုန်းပဲ..ဒီငြိမ်သက်နေတဲ့ဟင်းလင်းပြင်မှာ ငါ တစ်လလုံး သတိလစ်နေပြီး ငါ့ခန္ဓာကိုယ်ကလဲ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်”
စုမင်၏ မျက်နှာက သွေးမရှိသလို ဖြူဖျော့နေ၏။ သူက ခေါင်းငုံ့ပြီး ကြယ်တာရာဝတ်ရုံကို ချွတ်ရန်ညာလက်ကို မြှောက်လိုက်သည်။ သူ့ရင်ဘတ်မှာ ဒဏ်ရာတစ်ခုကို တွေ့လိုက်ရသည်။
ထိုဒဏ်ရာက ဓါးပုံစံနှင့်တူပြီး ဓားထိပ်ဖျားက စုမင်၏ရင်ဘတ်အထက်တွင် တည်ရှိနေသည်။
“ငါကိုယ်တိုင် တုန်လှုပ်မှုဒါဏ်ကိုတော်တော်လေး ခံစားခဲ့ရတယ်..သူ့အထဲမှာ ဒီလောက် အစွမ်းထက်တဲ့ စွမ်းအားတွေ ရှိနေပြီး ကောင်းကင်ဘုံ ရတနာဂြိုလ်ကို ဖျက်ဆီးနိုင်တာ အံ့သြစရာတော့မဟုတ်ဘူး..မဟာလောကကြီးလေးခု...မင်းတို့က ငါ့ကိုအရင်လာရန်စတာမလို့.. ငါမသေခင် မင်းတို့ကို ဒီအတိုင်းထားမှာ မဟုတ်ဘူး...”
စုမင်၏ အမူအရာက မည်းမှောင်သွားသည် ။ သူက ခေါင်းမာပြီး စိတ်ဆတ်သူဖြစ်လေ၏။သို့သော် နတ္ထိအနှစ်သာရနယ်မြေသို့ အတင်းအကျပ်ခိုင်းစေခံရပြီးနောက်တွင် သူ၏ အတွေးများကို အများစု မျိုသိပ်ထားခဲ့သည်။ ထိုအချိန်တွင် သူ နင်းချေခံရကာ ဒဏ်ရာရပြီးနောက်တွင် သူ၏ပင်ကိုယ်စရိုက်ရူးသွပ်မှုများ ထွက်ပေါ်လာသည်။ သတ်ဖြတ်လိုစိတ်က သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပြီး သူက အဝေးသို့ထွက်ခွာသွားသော အလင်းတန်းရှည်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။