မိတ်ဆွေဟောင်း
Vol. 58 Ch. 800
ကျယ်ပြောလှသောနဂါးငွေ့တန်းက သမုဒ္ဒရာတစ်ခုနှင့်တူ၏။ သို့သော် ဤသမုဒ္ဒရာ(နဂါးငွေ့တန်း)၏အရောင်မှာ အနက်ရောင်ဖြစ်သည်။ ပြင်းထန်သောလှိုင်းလုံးများ သို့မဟုတ် တုန်လှုပ်ချောက်ချားဖွယ်ရာ လှိုင်းလုံးများ မပါရှိပေ။ သို့ရာတွင် ၎င်းက အဆုံးမရှိပေ။
ရံဖန်ရံခါတွင် နဂါးငွေ့တန်းထဲရှိကျင့်ကြံဂြိုလ်များက တောက်ပသော အလင်းရောင်ဖြင့် တောက်ပနေလိမ့်မည်။
အဝေးမှကြည့်လျှင် မြူပင်လယ်ထဲတွင် တောက်ပနေသော အစက်အပြောက်များနှင့် အဆုံးမဲ့နယ်မြေက နဂါးငွေ့တန်း ဖြစ်ပေါ်လာပုံရ၏။
ပို၍တိကျစွာပြောရလျှင် နတ္ထိအနှစ်သာရနယ်မြေကို အပိုင်းသုံးပိုင်းဖြင့် ဖွဲ့စည်းထားသည်။ အနက်ရှိုင်းဆုံးအပိုင်းမှာ အနှစ်သာရကြယ်သမုဒ္ဒရာဖြစ်၏။ အလယ်ပိုင်းက နတ်ဆိုးနတ္ထိနယ်မြေဖြစ်ပြီး အပြင်ဘက်ဆုံးအပိုင်းမှာ မဟာလောကကြီးလေးခုက အမြဲမပြတ်စောင့်ကြည့်နေသော ဤနဂါးငွေ့တန်းကြီးပင်ဖြစ်၏။
တစ်စုံတစ်ယောက်က နတ္ထိအနှစ်သာရနယ်မြေကို ရတနာဘူးသီးခြောက်နှင့်နှိုင်းယှဉ်ပါက အနှစ်သာရကြယ်သမုဒ္ဒရာက ဘူးသီး၏အောက်ဆုံးပိုင်းနှင့် ဖြစ်ပေလိမ့်မည်။ နတ်ဆိုးနတ္ထိနယ်မြေက ဘူးသီးခြောက်၏အလယ်ပိုင်းဖြစ်ပြီး ထိပ်ဆုံးကတော့ နဂါးငွေ့တန်းပင်ဖြစ်သည်။ ထိုတတိယမြောက်နေရာက ဝင်ပေါက်များနှင့် ထွက်ပေါက်များကိုထိန်းချုပ်သည့် ဤနဂါးငွေ့တန်း ဖြစ်၏။
စုမင်လက်ရှိနေထိုင်သည့် အနောက်ငွေ့ရည်တိမ်တိုက်ကြယ်ဂြိုလ်က နတ်ဆိုးနတ္ထိနယ်မြေ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဤနေရာကို စောင့်ကြည့်နေသည့် မဟာလောကကြီးလေးခုမှ အင်အားစုများက နတ်ဆိုးနတ္ထိနယ်မြေရှိ
နေရာလေးခုကို ခြိမ်းခြောက်နိုင်သည်။
နတ်ဆိုးနတ္ထိနယ်မြေရှိ ဤနေရာလေးခုက မြောက်၊ တောင်၊ အရှေ့နှင့် အနောက်တို့တွင် မရှိပေ။ ၎င်းတို့က ဘေးချင်းကပ်လျှက်တည်ရှိနေသည်။ အစိတ်အပိုင်းများကိုတစ်ခုနှင့်တစ်ခု ဘေးချင်းကပ်လျက် နေရာလေးခုအဖြစ် ဖြန့်ကျက်ထားသည်။မဟာလောကကြီးလေးခုက နတ်ဆိုးနတ္ထိနယ်မြေရှိ နေရာလေးခုကိုစောင့်ကြည့်နေပြီး ထိုထဲမှနေရာတစ်ခုမှ အနောက်ငွေ့ရည်တိမ်တိုက်ကြယ်ဂြိုလ်ဖြစ်၏။
စစ်မှန်သောယင်းလောကက အနောက်ငွေ့ရည်တိမ်တိုက်ကြယ်ဂြိုလ်ကို စောင့်ကြည့်နေလေ၏။
မင်နက်ရောင်ဂြိုလ်က အမှန်တကယ်အားဖြင့် နယ်နိမိတ်မျဉ်းဖြစ်ပြီး နေရာအကူးအပြောင်းလုပ်နိုင်သောနေရာဖြစ်သည်။
တစ်စုံတစ်ယောက်က မင်နက်ရောင်ဂြိုလ်ကို ဖြတ်ကျော်လိုက်လျှင် အနှစ်သာရကြယ်သမုဒ္ဒရာသို့ ဝင်ရောက်နိုင်သည်ဟု ဆိုလို၏။ မဟာလောကကြီးလေးခုက ထိုနေရာသို့လာခဲ၏။ သူတို့က သတိကြီးကြီးထားတတ်သူများဖြစ်သည်။ အမှန်မှာ မဟာလောကကြီးလေးခုက နတ်ဆိုးနတ္ထိနယ်မြေကို သတိမထားဘဲ အနှစ်သာရကြယ်ဂြိုလ်ရှိဂြိုလ်သားမျိုးနွယ်စုဝင်များကို ဂရုစိုက်ကြလေသည်။
စုမင်က နတ်ဆိုးနတ္ထိနယ်မြေ၏အလိုရှိရာဇ၀တ်သားဖြစ်သောကြောင့် အနောက်ငွေ့ရည်တိမ်တိုက်ကြယ်ဂြိုလ်သို့ ထွက်ပြေးပုန်းရှောင်လာခဲ့သည်။ ထို့ကြောင့် မဟာလောကကြီးလေးခုက သူတို့ပိုင်ဆိုင်သော နဂါးငွေ့တန်းတွင် နှစ်တစ်ရာလျှင် တစ်ကြိမ်သာ ဖြစ်ပေါ်မည့် အပြောင်းအရွှေ့တစ်ခုကို စီစဉ်နေသည်။
အပြောင်းအရွှေ့တစ်ခုစီတိုင်းမှာ စစ်မှန်သောလောကအစောင့်များက အဖွဲ့ခွဲကာ တစ်လှည့်စီကင်းစောင့်ရလေ့ရှိသည်။ အလားတူပင်၊ စစ်မှန်သော လောကအစောင့်အဖွဲ့ဝင်များဖြစ်လာရန် ဤနေရာသို့ စေလွှတ်မည့် မဟာလောကကြီးလေးခုမှ အသစ်ရောက်လာသူများလည်း ရှိလိမ့်မည်။
ထွက်ခွာသည်ဖြစ်စေ၊ ရောက်လာသည်ဖြစ်စေ နေရာပြောင်းသည်ဖြစ်စေ၊ ကျင့်ကြံသူများက နဂါးငွေ့တန်းထဲတွင် စခန်းချထားလေသည်။ အစောင့်ဟောင်းများက ထွက်ခွာလျှင် လူသစ်များက သူတို့စောင့်ကြပ်ထားရမည့် နဂါးငွေ့တန်းဆီသို့ ပို့ဆောင်ခြင်းခံရသည်။
စစ်မှန်သောအစောင့်တပ်များက အရှည်ပေတစ်သိန်းရှိသော ရှေးဟောင်းကြေးဝါရောင်ဓါးသုံးချောင်းကို အသုံးပြုပြီး အသစ်ရောက်ရှိလာသူများကို နတ္ထိအနှစ်သာရနယ်မြေရှိနဂါးငွေ့တန်းသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ ထိုအချိန်တွင် ဤရှေးဟောင်းဓါးသုံးစင်းက နဂါးငွေ့တန်းအတွင်း ငြိမ်သက်စွာ ပျံသန်းနေခဲ့၏။ ဓါးနှစ်ချောင်းက ဘေးတစ်ဖက်တစ်ချက်စီတွင်ရှိပြီး အလယ်ရှိဓါးကို အကာအကွယ်ပေးနေလေသည်။ အလယ်ကဓါးရှိကျင့်ကြံသူများက အရေးပါသူများဖြစ်ကြပြီး ပင်မစခန်းချထားသောနေရာသို့ ပြန်သွားကြလေသည်။
ဤတစ်ကြိမ်တွင် စစ်မှန်သောယင်လောကက လူတစ်ရာနီးပါးစေလွှတ်ခဲ့သည်။ ထိုလူတိုင်းက လောကမှော်ယာဉ်ပျံအရှင်သခင်နယ်ပယ်ရှိသူများ ဖြစ်သည်။ ထိုအလယ်ဓါးပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသော လူတစ်ရာ ရှိသည်။သူတို့ရှေ့တွင် ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရပ်နေလေ၏။
ထိုလူလတ်ပိုင်းအရွယ်အမျိုးသားက ဆံပင်အဖြူရောင်ရှိပြီး သူ့မျက်နှာတွင် အံ့သြထိတ်လန့်နေသည့် အမူအရာရှိ၏။ ထိုလူက လူတစ်ရာကျော်ကို ငေးကြည့်ရင်း လူသုံးယောက်ကို အာရုံစိုက်လိုက်သည်။
ပထမဆုံး သူအာရုံစိုက်ခဲ့သောလူက ရှေးလူကြီးတစ်ယောက်ပင် ဖြစ်၏။
သူက မယုံနိုင်လောက်အောင် အရပ်ရှည်ပြီး ဖွံ့ဖွံ့ထွားထွားကြီးရှိလေသည်။ သူ ထိုင်နေရုံမျှဖြင့် အခြားသူများက သူ့ကို မျှော်ကြည့်ရလေသည်။ တကယ်တော့ သူ့ပတ်ဝန်းကျင်မှာ ဘာမှမရှိပေ။ သူ့အဖော်နှစ်ယောက်ကလွဲလျှင် တခြားဘယ်သူကမှ သူ့အနားမကပ်ရဲတော့ပေ။
ထိုလူလတ်ပိုင်းအရွယ်က ထိုလူကြီးဆီသို့လှမ်းကြည့်သောအခါ အဘိုးအိုက ခေါင်းကို မော့ကာ အေးစက်စွာ ကြည့်လိုက်သည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ယင်းကိုးပါးဝိညာဥ်လောကရဲ့ဘိုးဘေးက မဟာလောကကြီးလေးခုကို ပြန်လာခဲ့တယ်လို့ ကျုပ်ကြားဖူးတယ်..အရှင်သခင်ယင်းရှန့်ကတောင် သူ့ကို အလွန်အရေးပါသူလို့ မှတ်ယူခဲ့တယ်..သူက အတိတ်ကနဂါးငွေ့တန်းထဲက မျိုးနွယ်စုဝင်တွေရဲ့စွမ်းအားတွေကို ကိုယ်တိုင်ကာကွယ်ခဲ့တယ်..ပြီးတော့ အဲဒီစွမ်းအားတွေကို သန့်စင်ပြီး ယင်းကိုးပါးလောကဝိညာဉ်တွေဆီ ပြန်ပေးခဲ့တယ်...”
‘တကယ်တော့ သူက ယင်းကိုးပါးလောကဝိညာဉ်တွေအတွက် ရုပ်ခန္ဓာတွေဖန်တီးဖို့ လောကီရတနာကို အသုံးပြုခဲ့တယ်..ဒါ့ကြောင့် ဝိညာဉ်တွေဟာ ရုပ်ခန္ဓာနဲ့ပေါင်းစပ်ပြီး ပြန်လည်မွေးဖွားခြင်းနဲ့ တူတဲ့အခြေအနေကို ဖန်တီးခဲ့တယ်.. သူတို့က တစ်ဝက်သေဆုံးနေတဲ့ သက်ရှိတွေဖြစ်လာခဲ့တယ်..”
ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ်အမျိုးသား၏ မျက်လုံးများတွင် သိသိသာသာလင်းလက်လာသည်။
သူက အဘိုးအိုကို ကြည့်ပြီး ရုတ်တရက်
မေးခွန်းထုတ်လိုက်သည်။
“ဆရာကြီး..ခင်ဗျားမှာထူးခြားတဲ့ စွမ်းအားတွေ ရှိတယ်. နာမည်လေး သိပါရစေ...”
“ယင်းကိုးပါးလောကရဲ့ဝိညာဉ်..ကျစ်လုံရှန်းး..”
အဖိုးအိုက ပြတ်ပြတ်သားသား ပြန်ဖြေသည်။
“ကျစ်လုံရှန်းးး..”
“မင်းတို့နှစ်ယောက်ကရော..”
လူလတ်ပိုင်းအရွယ်လူက မျက်မှောင်ကြုတ်လိုက်ပြီး အဘိုးကြီး၏
ဘေးနားက လူနှစ်ယောက်ကို ကြည့်လိုက်သည်။ သူတို့ထဲက တစ်ယောက်က တောင့်တင်းထွားကျိုင်း၏။သို့သော် ထိုလူက အဘိုးကြီးနှင့်ယှဉ်လျှင် ဒုတိယဖြစ်သည်။ သူ့အမူအရာက တည်ငြိမ်နေသော်လည်း သူ့မျက်လုံးထဲမှာ ရံဖန်ရံခါ တောက်ပနေသောအလင်းတန်းများ ပေါ်လာသည်။ သူ့မျက်လုံးထဲ၌ အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များရှိနေလေသည်။
သူသည် လူလတ်ပိုင်းအရွယ်နှင့်လူကို ကြည့်ကာ ပြုံးပြသည်။
“ယင်ကိုးပါးလောကရဲ့ဝိညာဉ်..လီဟော်..”
နောက်ဆုံးလူက အနက်ရောင်ဝတ်ရုံကြီးကို ၀တ်ဆင်ထားသည်။ ဝတ်ရုံမဖုံးသောအရေပြားပေါ်တွင် အနက်ရောင်သက်ေတများ နေရာယူထားရုံသာမက သူ့မျက်နှာပေါ်တွင်ပင် ရှိနေသည်။ သူ့မှာ ဆံပင်မရှိပေ။ တကယ်တော့ သူ့မျက်လုံးများက မှိုင်းပျနေပြီးနဲ့ အသက်မဲ့သလိုဖြစ်နေသည်။ သို့သော်၊ သူ၏အသက်မဲ့မျက်လုံးများတွင် ဝှက်ထားသောသတ်ဖြတ်လိုစိတ်များက လူလတ်ပိုင်းအရွယ်နှင့်လူကို အနည်းငယ်တုန်လှုပ်သွားစေသည်။
“ကျိယွင်ဟိုင်...”
အနက်ရောင်၀တ်ရုံ၀တ်ထားသော အမျိုးသားက အသံကျယ်ကျယ်နှင့်ပြောလိုက်သည် ။ သူ့အသံက စူးရှနေပြီး နားဝင်ဆိုးလှသည်။ ထိုအသံကအရိုးများ အချင်းချင်း ပွတ်တိုက်နေသကဲ့သို့ ဖြစ်ပြီး
သူ့ခန္ဓာကိုယ်အတွင်း မရဏအငွေ့အသက်များရှိနေသည်။ ဘေးနားရှိလူများက သူ့ကိုမြင်သောအခါ ထိတ်လန့်သွားကြသည်။
“ယင်းကိုးပါးလောကရဲ့ဝိညာဉ်တော်သုံးပါး ဒီကိုလာမယ်လို့ မမျှော်လင့်ထားဘူး..ခင်ဗျားတို့ရဲ့လူတွေက စစ်မှန်တဲ့လောကကြီးကနေ ပျောက်ကွယ်သွားတာကြာပါပြီ..ဒါဆို မင်းတို့ နတ္ထိအနှစ်သာရနယ်မြေကိုလာတာ ပထမဆုံးအကြိမ်ပေါ့..”
“စစ်မှန်တဲ့ယင်းလောကက နတ္ထိအနှစ်သာရနယ်မြေရဲ့နေရာလေးခုထဲက တစ်ခုဖြစ်တဲ့အနောက်ငွေ့ရည်တိမ်တိုက်ဂြိုလ်ကို စောင့်ကြည့်နေတာ...အဲဒီ့နေရာမှာ အင်အားကြီးကျင့်ကြံသူတွေရှိပေမဲ့
ဒါက ကျုပ်တို့လိုချင်တာ မဟုတ်ဘူး..စစ်မှန်တဲ့ယင်းလောကရဲ့တကယ့်အကြောင်းရင်းနဲ့ရန်သူတွေက အနှစ်သာရကြယ်ဂြိုလ်က ဂြိုလ်သားမျိုးနွယ်စုဝင်တွေပဲ...”
“သူတို့ကို အလျင်အမြန် မထွက်သွားအောင် တားဆီးဖို့ နဲ့ သူတို့ကို ခြိမ်းခြောက်ဖို့ပဲ လိုတာပါ”
လူလတ်ပိုင်းအရွယ်လူက သူ့လက်ကို လှုပ်ယမ်းလိုက်သော် ရှေးဟောင်းကြေးနီရောင်ဓါး ၃ ချောင်းက နဂါးငွေ့တန်းကို ဖြတ်သွားလေသည်။ သူတို့က အဝေးသို့ တရွေ့ရွေ့ ထွက်ခွာသွားစဉ် ထိုလူ၏အသံက တိုးတိုးလေး ထွက်ပေါ်လာသည်။
“မကြာသေးခင်က အနောက်ငွေ့ရည်တိမ်တိုက်ကြယ်ဂြိုလ်မှာ စိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခု ဖြစ်ပျက်ခဲ့တယ်..မိုစုလို့ခေါ်တဲ့လူဟာ မဟာလောကကြီးလေးခုက အလိုရှိနေတဲ့ ရာဇဝတ်ကောင်ဖြစ်လာခဲ့တယ်...ခင်ဗျားတို့လဲ စစ်မှန်တဲ့လောကရဲ့အစောင့်တွေဖြစ်လာပြီ..ခင်ဗျားတို့ထဲက တစ်ယောက်ယောက်က ဒီလူကို သတ်နိုင်ရင် ထိုက်တန်တဲ့ဆုကြေးတွေရမှာပဲ..”
စစ်မှန်သောယင်းလောကက လူများမှာ သူတို့၏အဓိကစခန်းများသို့ ဦးတည်ထွက်ခွာလာစဉ်တွင် ပေတစ်သိန်းရှည်လျားသော နဂါးကြီးနှစ်ကောင်က ကျယ်လောင်စွာဟိန်းဟောက်လိုက်ကြသည်။ ထိုနဂါးကြီးနှစ်ကောင်က စစ်မှန် သောမနက်ခင်းတာအိုလောကထဲသို့ တိုးဝင်လာခဲ့သည်။
ဤနဂါးနှစ်ကောင်သည် ကြီးမားသောအသွင်အပြင်ရှိ၏။ ၎င်းတို့၏ အကြေးခွံတစ်ခုစီကို တောက်ပသောမှော်သင်္ကေတများဖြင့် ဖုံးအုပ်ထားသည်။ နဂါးကြီးပေါ်မှာ ကျင့်ကြံသူအများအပြားရှိနေသည်။ သို့သော် နဂါးခေါင်းထိပ်မှာ ထိုင်နေသူတစ်ယောက်ရှိလေသည်။ ထိုလူက အသက်သုံးဆယ်လောက်ရှိပုံရသည်။ သူ့မျက်နှာက အေးစက်ခက်ထန်နေပြီး ကြယ်တာရာဝတ်ရုံကို ဝတ်ဆင်ထားသည်။ ဝတ်ရုံပေါ်ရှိကြယ်များက ဖြည်းညှင်းစွာ လှည့်ပတ်နေသည်။ သူ့နောက်တွင် ကျင့်ကြံသူအများအပြားရှိကာ သူတို့မျက်နှာတွင် လေးစားမှုနှင့်ပြည့်နှက်နေသည်။
“သခင်လေး ဒါက နတ္ထိအနှစ်သာရနယ်မြေပဲ...ကျုပ်တို့ စစ်မှန်တဲ့မနက်ခင်းတာအိုလောကက ထွက်လာတာနဲ့ နတ်ဆိုးနတ္ထိနယ်မြေကို ရောက်လာမှာပဲ..
အဲဒီနေရာဟာ ယုတ်မာကောက်ကျစ်တဲ့လူတွေနဲ့ပြည့်နေတယ်..မင်းအတွက် အကောင်းဆုံး လေ့ကျင့်ရေးကွင်း ဖြစ်လာနိုင်တယ်..”
ကြယ်တာရာဝတ်ရုံဝတ်ဆင်ထားသောလူငယ်က ပေါ့ပေါ့တန်တန် ခေါင်းညိတ်လိုက်သည်။ ထိုလူငယ်က သူတို့နှင့် သိပ်မဝေးသော အခြားနဂါးကြီးကို ကြည့်ရန် ခေါင်းလှည့်လိုက်သည်။ထိုနေရာ၌ အဖြူရောင်၀တ်ရုံနှင့် နဂါးခေါင်းပေါ်၌ ရပ်နေသည့် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။
ထိုလူငယ်သည် ချောမောသော မျက်နှာနှင့် အထီးကျန်ဆန်သောလေထုနှင့်အတူ ရှိသည်။ သူက ဓါးအိမ်မှ ဆွဲထုတ်ခံရတော့မည့်ဓါးတစ်ချောင်းနှင့်တူပြီး မြင်သူတိုင်းက သူ့ကို စိုက်ကြည့်နေကြသည်။
ထိုလူတွင် ခန့်မှန်းရခက်သော စိတ်နေစိတ်ထားရှိပြီး သူက မည်သည့်နေရာ၌ပင်ရှိပါစေ မြင်သူတိုင်းဧ။်အာရုံကို
ချက်ချင်း ဖမ်းစားနိုင်ဆုံးသူ ဖြစ်လာသည်။ သူက ကြယ်တာရာဝတ်ရုံကို မဝတ်ထားလျှင်တောင် သူ၏ ငြိမ်သက်နေသော တည်ရှိမှုမှာ အခြေအနေအရပ်ရပ်ကို လွှမ်းမိုးထားသည်။
သူ့နောက်တွင် လေ့ကျင့်ရေးသမား အများအပြားရှိကာ ၎င်းတို့အားလုံးက အဝတ်အစားအမျိုးမျိုးကို ဝတ်ဆင်ကြသည်။ ရှင်းနေသည်မှာ သူတို့က မတူညီသော ဂိုဏ်းခွဲများမှ ဖြစ်ကြ၏။
“ရဲဝမ်...”
ထိုလူငယ်လေး၏မျက်လုံးများက တလက်လက်တောက်ပနေပြီး နာမည်တစ်ခုကို ရေရွတ်လိုက်သည်။
“လွန်ခဲ့တဲ့နှစ်တွေက စစ်မှန်တဲ့မနက်ခင်းတာအိုလောကမှာရှိတဲ့ အင်မော်တယ်တွေကြားထဲမှာ အလားအလာအရှိဆုံးသူပဲ..သူက မနက်ခင်းတာအိုဂိုဏ်းက မိစ္ဆာအိုကြီးတွေရဲ့အာရုံကိုတောင် ဖမ်းစားနိုင်ခဲ့တယ်..သူက မျိုးဆက်တွေကြားထဲမှာ ကံကြမ္မာမှော်စက်ဝန်းနယ်ပယ်ကိုသွားနိုင်တဲ့အခွင့်အလမ်းအမြင့်မားဆုံးလူပဲ...”
“သူက မနက်ခင်းတာအိုဂိုဏ်းရဲ့အကြီးအကဲ သုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဟမ့်ခုန်ကျစ်ရဲ့ နောက်ပေါက်တပည့်ပဲ..ရဲဝမ်...ငါမင်းကို တပည့်အဖြစ်မွေးနိုင်ရင် ငါ့မိသားစုမှာ တခြားသူတွေထက် ငါ့စွမ်းအားတွေ ပိုကြီးလာမှာ..ပြီးတော့ စွမ်းအားကြီးနယ်ပယ်ရှိထိပ်တန်းငါးယောက်ကို ရောက်သွားမှာ...”
ကြယ်တာရာဝတ်ရုံဝတ်ဆင်ထားသောလူငယ်လေးက မျက်လုံးများကို မှိတ်ထားသည်။
တစ်ချိန်တည်းမှာပင် စစ်မှန်သောလောက၏အသူရာဧကရာဇ်ပြည်ထောင်ရှိ အသူရာကူးပြောင်းနဂါးလေးကောင်က ရှေ့သို့ ချီတက်လာလေသည်။ နဂါးတစ်ကောင်စီပေါ်တွင် မျက်လုံးမှိတ်ပြီး တရားထိုင်နေသော လူတစ်ရာကျော်ရှိလေသည်။ ထိုလူများက တစ်ယောက်မှစကားမပြောကြပေ။
အသူရာကူးပြောင်းနဂါးလေးကောင်က ပုံသဏ္ဍန်တူသော်လည်း နဂါးတစ်ကောင်၏အရောင်အဝါက မှိန်းပျနေလေသည်။ ထို့ပြင် ၄င်း၏ခန္ဓာကိုယ်ကို ဖောက်ထားသည့် ဧရာမသံချိန်းကြိုးများ ရှိလေသည်။ ထိုပုံစံအရ ထိုနဂါးက အသူရာကူးပြောင်းနဂါးများမဟုတ်တော့ဘဲ သာမန်သားရဲသာဖြစ်လာသည်။
အခြားနဂါးသုံးကောင်တွင် ထိုကဲ့သို့ချည်နှောင်မှုမျိုး မရှိပေ။ သူတို့ခန္ဓာကိုယ်မှာ သံကြိုးမရှိပေ။ သူတို့က ချည်နှောင်ခံထားရသောနဂါးကိုကြည့်လျှင် သူတို့မျက်နှာမှာ ဝမ်းနည်းမှုများ ရှိလာသည်။
သံကြိုးဖြင့်ချည်နှောင်ခံရသောနဂါးကြီးဧ။်မျက်လုံးက လွမ်းဆွတ်နေပုံရပြီအတိတ်က ဖြစ်ပျက်ခဲ့သော အရာများကို ပြန်တွေးနေသကဲ့သို့ ထင်ရသည်။
အမျိုးသမီးငယ်တစ်ဦးက သူ ကျောပေါ်ထိုင်ရင်း ရွှင်မြူးရယ်မောခဲ့သည့်အချိန်ကို သတိရမိသည်။
“အသူရာဧကရာဇ်က အမိန့်ထုတ်ထားတယ်..ဒီအသူရာနဂါးက ကြီးလေးတဲ့အပြစ်ကို ကျူးလွန်းခဲ့တယ်.. သူ့ရဲ့လောကတွေကို ကူးပြောင်းနိုင်တဲ့စွမ်းအားတွေကို ချိပ်ပိတ်ခံရပြီး နတ္ထိအနှစ်သာရနယ်မြေကို ပို့ဆောင်ခံရတော့မှာ..အခုကစပြီး အဲဒီနဂါးက အသူရာအငွေ့အသက်ကို ပိုင်ဆိုင်တော့မှာ မဟုတ်ဘူး..သူ့ရဲ့ရှင်သန်မှုဟာ ကံကြမ္မာပေါ်ပဲမူတည်တော့တယ်...”
ထိုနေရာ၌ အေးစက်ခက်ထန်သောအသံတစ်ခု ပဲ့တင်ထပ်လာသောအခါ သံကြိုးဖြင့်ချည်နှောင်ခံရသောအသူရာနဂါး၏ မျက်လုံးများက မှေးမှိန်သွားခဲ့သည်။
ထို့နောက် ထိုနဂါးကြီး၏ရှေ့တွင် ဧရာမ ဝဲဂယက်ကြီး ပေါ်လာသည်။ ထိုဝဲဂယက်က အသူရာနဂါးကို ဝါးမျိုနိုင်သောပါးစပ်ကြီးနှင့်တူပြီး နဂါးကြီးက သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်။
အခြားအသူရာနဂါးသုံးကောင်၏ ဝမ်းနည်းပူဆွေးမှုများ တိုးပွားလာခဲ့သည်။ သူတို့အဖော် ပျောက်ကွယ်သွားသည့်နေရာကို ကြည့်လိုက်ရင်း ပူဆွေး ငိုကြွေးကြသည်။ ဤဘဝတွင် သူတို့၏အဖော်ကို မမြင်နိုင်တော့ပေ။ သူတို့၏အဖော်က အသူရာနဂါးများအားလုံးအတွက် အရှက်ရစရာဖြစ်နေသည်ကို သိကြသည်။ သူတို့အနေနှင့် စိတ်ပျက်အားငယ်မှုကို ထာဝရရင်ဆိုင်ရလိမ့်မည်။
ဤနဂါးအတွက် ရလဒ်နှစ်ခုသာ ရှိခဲ့သည်- ၎င်းက သူ့အလိုလို စွမ်းအားများပျောက်ဆုံးကာ လမ်းပျောက်သွားနိုင်သည် သို့မဟုတ် သေသွားမည်။
စုမင်သာ ထိုနေရာမှာ ရှိခဲ့လျှင် ထိုနဂါးမှာ ယွီရှန့်၏ဘေးနားမှာ အမြဲရှိနေခဲ့သောအဝါရောင်ခွေးကြီးဖြစ်ရုံသာမက ကြိုးကြာငှက် အမြဲအတုခိုးခဲ့သောခွေးကြီးဖြစ်ကြောင်း သိနိုင်သည်။
ကံကြမ္မာက ဤလောကကြီးတွင် တကယ်တည်ရှိပြီး လူသားတို့၏ဘဝကို ခြယ်လှယ်ကစားနေ၏။ ကံကြမ္မာက ဤလောကထဲရှိ သက်ရှိများကို ချိတ်ဆက်ပေးသော ကြိုးတစ်ချောင်းဖြစ်သည်။ ထို့ကြောင့် ရဲဝမ်..အသူရာနဂါး..ကျစ်လုံရှန့်...လီဟော်တို့က နတ္ထိအနှစ်သာရနယ်မြေတွင် ပေါ်လာလိမ့်မည်..ကျိယွင်ဟိုင်လဲ ပါလိမ့်မည်။ကျိယွင်ဟိုင်မှာ စုမင်ရှာမတွေ့ခဲ့သော ကိုယ်ပွားဖြစ်ပြီး ရှေးခေတ်ကြေးဝါရောင်ဓါးနှင့်အတူ ပျောက်ဆုံးသွားခဲ့သည်။
Note....
ယင်ကိုးပါးလောကရဲ့ဝိညာဉ်များ.- စုမင်
ယင်ကိုးပါးလောကမှာရှိစဉ်က သူ ငှားရမ်းနိုင်တဲ့ဝိညာဉ်တွေ ဖြစ်တယ် နောက်ပိုင်း စုမင် အဲဒီလောကကထွက်နိုင်တာက သူတို့ရဲ့အကူအညီတွေကြောင့်ပဲ”
ကျစ်လုံရှန့် - စုမင်ငှားရမ်းခဲ့သော ယင်းကိုးပါးလောကရဲ့ ဝိညာဉ်ဟောင်း..စွမ်းအားအလွန်ကြီးပြီး နန်းကုန်းဟန်နဲ့ ပတ်သတ်ဖူးတယ်..
လီဟော် - အရင်တုန်းက စုမင်ငှားခဲ့တဲ့ဝိညာဉ်..နည်းနည်းအားနည်းတယ်..စုမင် ကြက်သွေးရောင်နဂါးကို သွားကယ်တုန်းက တိုက်ခိုက်ဖို့ ငြင်းဆန်ခဲ့သူ..”
ကျိယွင်ဟိုင်...အရင်တုန်းက စုမင်ရဲ့ကိုယ်ပွားထဲက တစ်ခု..ယင်းကိုးပါးလောကမှာပျောက်ကွယ်သွားခဲ့တယ်..သူက မဒမ်ကျီရဲ့ ခင်ပွန်း..သူမကို ကျိန်စာတိုက်နည်းသင်ပေးတဲ့သူ...”
ရဲဝမ်...- လေပြေစီးကြောင်းမျိုးနွယ်စုရဲ့တောင်တက်ပြိုင်ပွဲမှာ စုမင်နဲ့ အဆုံးထိတိုက်ခိုက်ခဲ့တဲ့သူ..နောက်ပိုင်း အင်မော်တယ်ဘိုးဘေးတွေကြားထဲမှာ တော်တယ်လို့ ခဏခဏချီးကျူးခံရတဲ့သူ...”