← Chapters

မှော်အစီအရင်ကိုချိုးဖျက်ခြင်း

Vol. 58 Ch. 802

မှော်အစီအရင်ကိုချိုးဖျက်ခြင်း

Vol. 58 Ch. 802

ကြိုးကြာငှက်က စိတ်လှုပ်ရှားစွာ အော်ဟစ်နေချိန် ထိုသိုလှောင်အိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။

ထိုနေရာတွင် သလင်းကျောက်များ မြောက်မြားစွာရှိခဲ့ပြီး အများစုမှာ မကောင်းသောအရည်အသွေးမရှိပေ။ ၎င်းတို့က ယင်းမရဏဒေသတွင် စုမင်ရရှိခဲ့သော အရည်အသွေးမြင့်သော သလင်းကျောက်အမျိုးအစားများဖြစ်၏။

ဤတောက်ပသော အရာများမှာ ထိပ်ပြောင်ကြိုးကြာငှက်၏ အသက်ဖြစ်သည်။ တကယ်တော့ ထိုကျောက်များက သူ့ဘဝထက် ပိုအရေးကြီးလေသည်။ ထိုအရာက သူ့ကို တိုက်ခိုက်လိုစိတ်ဖြစ်စေပြီး ရူးသွပ်သွားအောင် လုပ်နိုင်သော အရင်းအမြစ်ပင်ဖြစ်၏။

စုမင်က နောက်ထပ် သိုလှောင်အိတ်ကို ထုတ်၍ ပြောင်ကြိုးကြာငှက်ဆီ ပစ်ချပေးလိုက်သောအခါ ကြိုးကြာငှက်၏ မူလစိတ်လှုပ်ရှားနေသော နှလုံးသားချက်ချင်းဆိုသလို ပေါက်ထွက်လာလေသည်။

“ဘာပဲဖြစ်ဖြစ် ငါလုပ်မယ်..ငါလုပ်ကိုလုပ်မယ်ကွာ...”

ငှက်က သူ့ကိုယ်သူကြိမ်းဝါးနေရင်း သူ၏ မျက်လုံးများပင် နီရဲလာခဲ့သည်။

“အဲဒါဆို ဒီသလင်းကျောက်တွေအတွက်

ငါ့ကိုယ်ငါ ပေးဆပ်ရမှာပဲ..တိရစ္ဆာန်တစ်ကောင်က အစာအတွက် သေနိုင်ရင် ငါလဲ ပိုက်ဆံအတွက် အသေခံရမှာပဲ..ဒီကောင်စုတ်လေးစုက အရင်က ဒီလောက် ရက်ရောတာ မဟုတ်ဘူး..အခု ငါ့ကိုဒီလောက်အများကြီးပေးလိုက်ရတော့

ငါ့ထက်ပိုပြီးနာကျင်နေမှာပဲ..ဒီကောင်လေး အရမ်းရက်ရောလာတာများလား..

ငါ ဒီအခွင့်အရေးကို လုံးဝလက်လွတ်မခံဘူး...”

ထိပ်ပြောင်ကြိုးကြာငှက်က အော်ဟစ်ရင်း အရှေ့ဘက်နဂါးငွေ့တန်းထဲသို့ အားရပါးရ ခုန်တက်သွားလေသည်။

“ငါ့ကိုယ်ငါ အစွမ်းကုန်ပေးဆပ်မယ်...”

ငှက်၏ခန္ဓာကိုယ်မှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ပေရာနှင့်ချီထိ ပဲ့တင်ထပ်သွားလေသည်။ ထို့နောက် အဆုံးမရှိသော လှိုင်းဂယက်များ ထလာပြီး နဂါးငွေ့တန်းထဲသို့ ပေါင်းစပ်လုနီးနီး ဖြစ်နေတော့သည်။

စုမင်က ငှက်ကို သေချာကြည့်လိုက်သည်။ ကြိုးကြာငှက် မချိုးနိုင်သောမှော်အစီအရင်ကို တစ်ခါမှ မမြင်ဖူးပေ။ ယခင်က ဟူကျီတွင် ထိုကဲ့သို့ အရည်အချင်းမျိုးကိုသာ မြင်ဖူးသည်။ ယခု သူက ငှက်ကိုကြည့်နေရင်း ဓါးပေါင်းမြောက်မြားစွာဖြင့်ထိုးသောနာကျင်မှုကို ခံစားနေရလေသည်။

ဤအရာက ရုပ်ပိုင်းဆိုင်ရာ နာကျင်မှု မဟုတ်ပေ။ ပို၍တိကျစွာပြောရလျှင် ဤခံစားချက်က အတိတ်ကအဖြစ်အပျက်များကို ပြန်ပြောင်းတွေးရင်း မွေးဖွားလာခဲ့သည့်နာကျင်ခြင်းတစ်မျိုးဖြစ်သည်။ စုမင်က ဟူကျီကို သတိရနေမှန်းသိသော်လည်း ထိုကဲ့သို့ခံစားချက်မျိုးဖြစ်ပေါ်လာရန် သူ့ကို တစ်စုံတစ်ခုက တားမြစ်နေလေသည်။

ဘေးနားရှိမီးလျှံဂြိုလ်သခင်က အံ့ဩမင်သက်သွားသော အကြည့်ဖြင့် ငှက်ကို ကြည့်နေသည်။ သူက ဝိသမလောဘသားကောင်များကို မြင်ဖူးသော်လည်း သလင်းကျောက်အိတ်နှစ်လုံးအတွက်ဤမျှကြီးမားသော အသက်စွမ်းအားပေါက်ကွဲထွက်လာသူကို မမြင်ဖူးပေ။

သူ ကြည့်လိုက်ရုံမျှဖြင့် ငှက်က စိတ်လှုပ်ရှားမှု လွန်ကဲနေကြောင်း သိသာ‌သည်။

“မဖြစ်နိုင်ဘူး...ဒါက ဒဏ္ဍာရီလာ သားရဲပဲဖြစ်ရမယ်...ငါမှတ်မိတာကတော့ ဒီကောင်လေးက ပိုက်ဆံအရမ်းမမက်ပါဘူး..ဒါ့အပြင် သူ့အခြေအနေနဲ့ဆို..ဒီသလင်းကျောက်တွေ....”

မီးလျှံဂြိုလ်သခင်က ငှက်နှင့်ပတ်သတ်၍ အမြဲမသေချာမရေရာဖြစ်နေ၏။ ထိုအရာက သူ့လျှို့ဝှက်ချက်ဖြစ်ပြီး စုမင်ကိုတောင် မေးမကြည့်ဖူးပေ။

“အားးးးးး.”

ကြိုးကြာငှက်က ကျယ်လောင်စွာအော်

ဟစ်လိုက်ပြန်သည်။ ၎င်းကတစ်ဖန် ဖောင်းပွလာပြီး ပေတစ်ထောင်နီးပါး ကြီးမားလာသည်။

သူ့ ပတ်ဝန်းကျင်ရှိလှိုင်းဂယက်များ ပို၍တောင် အားကောင်းလာသည်။ သူက ဆက်လက်၍ဖောင်းပွလာစဉ် နဂါးငွေ့တန်းတစ်ခုလုံးက လှိုင်းဂယက်များဖြင့် ပြည့်နေလေသည်။

ငှက်က နဂါးငွေ့တန်းနှင့် ပေါင်းစပ်ရန် ဤနည်းလမ်းကို အသုံးပြုလိုဟန်တူသည်။

ထိုအခိုက်အတန့်တွင် ထိပ်ပြောင်ကြိုးကြာငှက်က နှစ်ပေါင်းများစွာ တည်ရှိခဲ့သောမှော်အစီအရင်ကို ဖြိုခွင်းရန် ၎င်း၏စွမ်းအားကို ပြသခဲ့သည်၊၊ မဟာလောကကြီးလေးခုမှ အစွမ်းထက်သော ကျင့်ကြံသူများက နက်နဲသောနေရာများမှလွဲ၍ နဂါးငွေ့တန်းတစ်ခုလုံးကို ထိုမှော်အစီအရင်ဖြင့် ဖုံးလွှမ်းထားခဲ့သည်။

“နတ်ဆိုးနတ္ထိနယ်မြေမှာရှိတဲ့ အနောက်ငွေ့ရည်တိမ်တိုက်ဂြိုလ်ရဲ့ ကြီးမြတ်‌တဲ့ချိပ်ပိတ်မှော်အစီအရင်နဲ့ပေါင်းစပ်ဖို့ကြိုးစားနေတဲ့ တတိယအဆင့် စွမ်းအားတစ်ခု ရှိတယ်...ဒီစွမ်းအားက မှော်အစီအရင်နဲ့ပေါင်းစပ်အောင်မြင်ဖို့ နှစ်သန်းပေါင်း ၉၇၀ လိုအပ်လိမ့်မယ်...”

ကျယ်လောင်လွန်းလှသောအသံက နတ္ထိအနှစ်သာရနယ်ကိုစောင့်ကြည့်နေသည့်မဟာလောကကြီးလေးခုဆီသို့ ပျံ့နှံ့သွားသည်။ထိုလောကကြီးလေးခုမှ ကျင့်ကြံသူများက ထိုသတင်းစကားကို ချက်ချက်ချင်းကြားလိုက်ရသည်။

သို့သော် မည်သူမျှ ဂရုမစိုက်ခဲ့ပေ။ တစ်ချို့ကသာ ခေါင်းမော့ပြီး ကောင်းကင်ကိုကြည့်နေတတ်သည်။

မှော်အစီအရင်ကိုချိုးဖျက်ရန် ကြိုးစားသောအပြုအမှုက သာမန်မဟုတ်သော်လည်း ရှားရှားပါးပါးလည်း မဟုတ်ပေ။ နှစ်များတစ်လျှောက်တွင်၊ မည်သူမျှ ၎င်းကို အောင်မြင်စွာ ပေါင်းစပ်ပြီး ကြီးမြတ်သောချိပ်ပိတ်မှော်အစီအရင်ကို မချိုးဖျက်နိုင်ခဲ့ပေ။ စစ်မှန်သောလောကအစောင့်တို့၏အမြင်တွင် ဤလုပ်ရပ်က ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲနေသူတစ်ဦး၏လုပ်ရပ်တစ်ခုဖြစ်သည်။

ထိုအချိန်တွင်ပင် တောက်ပနေသောရာဒစ်ကျင့်ကြံခြင်းဂြိုလ်လေးခုမှ အေးစက်သောအသံက ရုတ်တရက် ထွက်ပေါ်လာပြန်သည်။

“နတ်ဆိုးနတ္ထိနယ်မြေမှာရှိတဲ့ အနောက်ငွေ့ရည်တိမ်တိုက်ဂြိုလ်ရဲ့ ကြီးမြတ်‌တဲ့ချိပ်ပိတ်မှော်အစီအရင်နဲ့ပေါင်းစပ်ဖို့ကြိုးစားနေတဲ့ စတုတ္ထအဆင့် စွမ်းအားတစ်ခု ရှိတယ်...ဒီစွမ်းအားက မှော်အစီအရင်နဲ့ပေါင်းစပ်အောင်မြင်ဖို့ နှစ်သန်းပေါင်း ၇၂၀ လိုအပ်လိမ့်မယ်...”

“အဲဒီစတုတ္ထအဆင့်စွမ်းအားက ချက်ချင်းပေါ်လာတာလား..ဒါပေမဲ့ ဒီမှော်အစီအရင်ကိုချိုးဖျက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး.. ဘယ်လိုယုံကြည်မှုလွန်ကဲနေတဲ့ကောင်စုတ်က စမ်းသပ်နေတာလဲ..”

“အနောက်ငွေ့ရည်တိမ်တိုက်ဂြိုလ်ဆိုတာရာဇ၀တ်ကောင် မိုစုကို အလိုရှိနေတဲ့ နေရာလား...”

ကြီးမားကျယ်ပြန့်သော နဂါးငွေ့တန်းရှိ အဆုံးမဲ့ကျင့်ကြံခြင်းဂြိုလ်များအတွင်းတွင် စစ်မှန်သောလောကအစောင့်အချို့ရှိခဲ့သည်။ နဂါးငွေ့တန်းတစ်ခုလုံး ပျံ့နှံ့သွားသောအသံကြောင့် သူတို့၏ လေ့ကျင့်မှုက ရပ်တန့်သွားသော်လည်း အများစုမှာ ယင်းကို ဂရုမစိုက်ကြပေ။

...........

စုမင်က အနောက်ငွေ့ရည်တိမ်တိုက်ဂြိုလ်

တွင်ရပ်နေစဉ် နဂါးငွေ့တန်းရှိကြိုးကြာငှက်ကို ကြည့်လိုက်သည်။ထိုအချိန်တွင် ငှက်၏ ခန္ဓာကိုယ်သည် ပေထောင်ပေါင်းများစွာအထိ ဖောင်းကားလာသည်။ ၎င်း၏ပါးစပ်မှ ဟိန်းဟောက်သံများ ကျယ်လောင်စွာထွက်ပေါ်လာပြီး

လှိုင်းဂယက်ကြီးများက လီတစ်သောင်းဧရိယာထိ မရပ်မနား ပဲ့တင်ထပ်သွားသည်။

“ဒီမှော်အစီအရင်က ဘာလဲကွ..ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်နေတာလဲ....ချီးပဲကွာ မှော်အစီအရင်အစုတ်ပလုတ်က ဒီလောက်တောင် စွမ်းအားကြီးနေတာလား...ဒါ လှည့်စားနေတာမဟုတ်ဘူးလား...”

ကြိုးကြာငှက်က ကျယ်လောင်စွာ ကျိန်ဆဲလိုက်တော့သည်။

မကြာမီပင် ကြိုးကြာငှက်၏ကျိန်ဆဲသံများ တိတ်ဆိတ်သွားကာ ဟောဟဲလိုက်နေတော့သည်။ ၎င်းက နဂါးငွေ့တန်းထဲတွင် ရှိနေသော်လည်း ၎င်း၏အသက်ရှုသံမှာ မြန်ဆန်နေဆဲဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် စုမင်က နောက်ထပ်သိုလှောင်အိတ်နှစ်လုံးကို ပစ်ပေးလိုက်သောကြောင့်ဖြစ်၏။

ထိပ်ပြောင်ကြိုးကြာငှက်၏ မျက်လုံးများ နီရဲလာပြီး ရူးသွပ်သွားခဲ့သည်။ ၎င်းက ဟိန်းဟောက်လိုက်စဉ် သူ့ခန္ဓာကိုယ်ကပေတစ်သောင်းကို ရောက်ရှိသွားသည်။ ၎င်း၏ခန္ဓာကိုယ်မှ လှိုင်းဂယက်များကလဲ

နေရာအနှံ့ ပျံ့နှံ့သွားသည်။

မီးလျှံဂြိုလ်သခင်က ထိုမြင်ကွင်းကိုမြင်သောအခါ မျက်မှောင်ကြုတ်မိသွားသည်။

“ဒီတစ်ခါတော့ ငါမင်းကို လွှမ်းမိုးပြမယ်..ငါ အတည်လုပ်ပြမယ်...”

ထိပ်ပြောင်ကြိုးကြာငှက်က မာန်ပါပါအော်ဟစ်လိုက်ပြီး စုမင်ကို ခေါင်းငုံ့ကြည့်လိုက်သည်။

စုမင်က နောက်ထပ် သိုလှောင်အိတ်ကို ထုတ်ယူလိုက်သည်ကို မြင်သောအခါ ငှက် လုံးဝရူးသွပ်သွားလေသည်။နဂိုက စုမင်မှာ တစ်ခြားအရာအများကြီး မပိုင်ဆိုင်ပေ။ သို့သော် သူစတင်တိုက်ခိုက်သည်နှင့် သူ့လက်ထဲသို့မရောက်သောသိုလှောင်အိတ်ဟူ၍မရှိပေ။ သူ့မှာ အချို့သောပစ္စည်းအနည်းငယ်သာရှိနေလျှင်တောင် ကြွယ်ဝမှုကို ရရှိနေသေးသည်။

ထိပ်ပြောင်ကြိုးကြာငှက်ကြီး၏ခန္ဓာကိုယ်က ပေါက်ကွဲသွားသောအခါတွင် နဂါးငွေ့တန်းထဲတွင် တောက်ပသောရာဒစ်ကျင့်ကြံခြင်းဂြိုလ်လေးလုံး မရှိတော့ပေ။ ယခုအခါ ရာဒစ်ကျင့်ကြံခြင်းဂြိုလ်ငါးလုံးမှအလင်းတန်းတစ်ခုက တောက်ပစွာ လင်းလက်လာသည်။

“နတ်ဆိုးနတ္ထိနယ်မြေမှာရှိတဲ့ အနောက်ငွေ့ရည်တိမ်တိုက်ဂြိုလ်ရဲ့ ကြီးမြတ်‌တဲ့ချိပ်ပိတ်မှော်အစီအရင်နဲ့ပေါင်းစပ်ဖို့ကြိုးစားနေတဲ့ ပဉ္စမအဆင့် စွမ်းအားတစ်ခု ရှိတယ်....’’

ထိုစကားမဆုံးမီတွင် ရုတ်တရက်အသံရပ်သွားသည်။

“နတ်ဆိုးနတ္ထိနယ်မြေမှာရှိတဲ့ အနောက်ငွေ့ရည်တိမ်တိုက်ဂြိုလ်ရဲ့ ကြီးမြတ်‌တဲ့ချိပ်ပိတ်မှော်အစီအရင်နဲ့ပေါင်းစပ်ဖို့ကြိုးစားနေတဲ့ ဆဌမအဆင့် စွမ်းအားတစ်ခု ရှိတယ်....’’

သိပ်မကြာခင်မှာပင် လေထဲရှိစကားသံများက ထပ်ခါထပ်ခါ ပြောင်းသွားလေသည်။

ထိုအသံက ရပ်တန့်သွားပြန်သည်။ ခဏအကြာတွင် ထိုအသံက နောက်တစ်ကြိမ် ပဲ့တင်ထပ်လာသောအခါ နဂါးငွေ့တန်းထဲရှိ ကျင့်ကြံသူတစ်ဝက်နီးပါးက အမူအရာများ ပြောင်းလဲသွားလေသည်။

“နတ်ဆိုးနတ္ထိနယ်မြေမှာရှိတဲ့ အနောက်ငွေ့ရည်တိမ်တိုက်ဂြိုလ်ရဲ့ ကြီးမြတ်‌တဲ့ချိပ်ပိတ်မှော်အစီအရင်နဲ့ပေါင်းစပ်ဖို့ကြိုးစားနေတဲ့ သတ္တမအဆင့် စွမ်းအားတစ်ခု ရှိတယ်....’’

ထိပ်ပြောင်ကြိုးကြာငှက်၏ ခန္ဓာကိုယ်သည် ပေပေါင်း သောင်းနှင့်ချီ၍ ကြီးမားလာသည်။ ၎င်း၏ခန္ဓာကိုယ်မှ ပျံ့နှံ့ထွက်လာသော လှိုင်းလုံးများက လီရာနှင့်ချီ၍လွှမ်းသွားသည်။ သူ့တစ်ကိုယ်လုံး တုန်ခါနေပြီး မျက်လုံးများက ကြက်သွေးရောင်သန်းနေလေသည်။

“အဟင်းးးးအံ့ဩစရာပဲ..ဒါက ငါ့ဘဝမှာ မြင်ဖူးသမျှထဲက အစွမ်းအထက်ဆုံးမှော်အစီအရင်ပဲ..အဲဒါက... အလွှာကိုးသိန်းတောင်ရှိတယ်..ငါ ဒါကို ဘယ်လို ချိုးရမှာလဲ”

ကြိုးကြာငှက်က ညည်းညူနေရင်း စုမင်ကို ခေါင်းငုံ့ကြည့်လိုက်သည်။

စုမင်က တသိမ့်သိမ့်တုန်လှုပ်သွားလေသသည်။ သူက ညာလက်ကိုမြှောက်လိုက်ပြီး သိုလှောင်အိတ်ငါးအိတ်ကို ထုတ်ယူလိုက်သည်။ ထို့နောက် သူက ငှက်ရှေ့တွင် အိတ်များကို ဖွင့်ချကျလိုက်စဉ် အတွင်းမှ ကျောက်တုံးများအချင်းချင်းထိခတ်သံထွက်ပေါ်လာသည်။ သူက ထိုငါးအိတ် အရင်သိုလှောင်အိတ်နှစ်ဆယ်ရှိသောနေရာသို့ ပစ်ချလိုက်သည်။

ကြိုးကြာငှက်၏ နှလုံးသားက ပီတိဖြာ ရွှင်မြူးခြင်းများဖြင့် ပြည့်နေသည်။ ထိုသလင်းကျောက်များကြောင့် ၎င်းကစိတ်အားထက်သန်နေပုံရသည်။ ၎င်း၏ ခန္ဓာကိုယ်က ပေါက်ကွဲသံနှင့်အတူ အရွယ်အစား တိုးလာပြီး ပေတစ်သောင်းအထိ မြင့်မားလာသည်။ နဂါးငွေ့တန်းတွင် ၎င်း၏ခန္ဓာကိုယ်မှ ထွက်လာသော လှိုင်းလုံးများဖြင့် ပြည့်နေသည်။ ဤလှိုင်းဂယက်များက လျင်မြန်စွာ ပျံနှံ့လာကာ ပထမဆုံးအကြိမ် နဂါးငွေ့တန်းနှင့် ပေါင်းစပ်တော့မည့် လက္ခဏာများကို ပြသခဲ့သည်။

“ငါအကောင်းဆုံးကြိုးစားပြီးပြီ...ဒါပေမဲ့ ဒီမှော်အစီအရင်က အစွမ်းထက်လွန်းတယ်..ငါ ရူး‌တော့မှာပဲကွာ...”

စုမင်က သူ့ကို အရေးတယူမကြည့်သောအခါ ငှက်က နှုတ်သီးကို လျှာဖြင့်သပ်ကာ ချက်ချင်းအော်လိုက်သည်။

စုမင်က စကားတစ်ခွန်းမှ မပြောဘဲ နောက်ထပ် အိတ်ဆယ်လုံးကို ထုတ်ပေးလိုက်သည်။ သူက ထိုအိတ်ထဲရှိသလင်းကျောက်များကို ဘေးသို့ပုံလိုက်သည်။

ထိပ်ပြောင်ကြိုးကြာငှက်က ကောင်းကင်ဆီသို့ ဟိန်းဟောက်လိုက်ပြန်သည်။၎င်း၏အရွယ်အစားက

ပေ နှစ်သိန်းနီးပါး မြင့်လာခဲ့သည်။

စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူက နောက်ထပ် သိုလှောင်အိတ် အနည်းငယ်ကို ထုတ်ကာ ဘေးသို့ ပုံထားလိုက်သည်။ငှက်၏မျက်လုံးများက အရောင်တောက်လာပြီး ၎င်း၏နှလုံးသားထဲတွင် စိတ်လှုပ်ရှားစွာ အော်ဟစ်နေတော့သည်။

“ဟားးးငါချမ်းသာပြီကွ...ချမ်းသာပြီ..ကောင်လေးစု..မင်းစိတ်မကောင်းဖြစ်နေတာမလားးဟဲဟဲ..ငါလှည့်ကွက်တချို့သုံးဖို့ပဲ လိုတော့တယ်..မင်းမှာထပ်ရှိလောက်သေးတယ်..မင်းကိုဆက်ပြီး ငွေညှစ်မယ်...”

ထိပ်ပြောင်ကြိုးကြာငှက်အော်သံကြောင့် ၎င်း၏ ခန္ဓာကိုယ်က တစ်ဖန် ဖောင်းကားလာသည်။ ယခုတစ်ကြိမ်က ပေသုံးသိန်းနီးပါးအထိ ရောက်လာသည်။ ထိုလှိုင်းဂယက်များ ဖြတ်သန်းသွားတိုင်း နဂါးငွေ့တန်းက ပြင်းထန်စွာ တောက်ပလာသည်။

မီးလျှံဂြိုလ်သခင်းက လုံးဝပါးစပ်အဟောင်းသားဖြစ်နေသည်။ သူက အံအားသင့်နေသောအမူအရာဖြင့် ကြိုးကြာငှက်ကို ကြည့်နေလေသည်။

“နဂါးငွေ့တန်းတစ်ခုလုံးကို ဖုံးအုပ်ထားတဲ့မှော်အစီအရင်ကို ချိူးဖျက်နေတာ...ဒီငှက်...ငှက်က..ဒဏ္ဍာရီလာသားရဲလား..”

ငှက်၏ခန္ဓာကိုယ်က ပေသုံးသိန်းအထိ မြင့်လာပြီးနောက် ထပ်မံညည်းတွားပြန်သည်။

“ငါမလုပ်နိုင်တော့ဘူး...အစွမ်းကုန်လုပ်ပြီးပြီ..ဒါပေမဲ့ ဒီအရာက အရမ်းချိုးဖျက်ဖို့ခက်တယ်...ငါ လှုံ့ဆော်မှုလိုတယ်၊ စိတ်အားထက်သန်မှု အပြည့်ရှိဖို့ လိုတယ်၊ လှုံ့ဆော်မှုလိုတယ်...”

ငှက်က ထိုသို့ပြောရင်း စုမင်ကို စိတ်လှုပ်ရှားစွာ ငုံ့ကြည့်လိုက်သည်။

“နှိုးဆော်မှုလိုရင် ငါ မင်းကို နှိုးဆွပေးမယ်”

စုမင်က အေးစက်စွာ နှာမှုတ်ထုတ်လိုက်ပြီး သူ့ညာလက်ကို မြှောက်ကာ လေထုကို ဆုပ်ကိုင်လိုက်သည်။ သိုလှောင်အိတ်သုံးဆယ်က သူ့လက်ထဲတွင် ချက်ချင်းရောက်လာသည်။

“ငါမင်းကို အသက်ဆယ်ရှိုက်စာ ပေးမယ်..အသက်တစ်ရှိုက်စာကုန်သွာစားတိုင်း အိတ်သုံးလုံးကို ပြန်ယူမယ်..မင်း ဒီမှော်အစီအရင်ကို မချိုးဖျက်နိုင်ရင်လဲ ထားလိုက်ပါ..ကိုယ့်ကိုယ်ကို ဖိအားပေးမနေနဲ့တော့...”

စုမင်က ပြတ်ပြတ်သားသားပြောပြီး အိတ်သုံးလုံးကို ပြန်သိမ်းလိုက်သည်။

ထိပ်ပြောင်ကြိုးကြာငှက်၏ နှုတ်သီးမှ စူးစူးရှရှ နာကျင်စွာ အော်သံ ထွက်ပေါ်လာသည်။ယခုတစ်ခါ သူ့မျက်လုံးများက ဒေါသထွက်နေသောသားရဲကြီး၏မျက်လုံးများကဲ့ဖြစ်နေသည်။ အရင်က သူ့မျက်လုံးများ နီရဲသွားအောင် တမင်တကာလုပ်ထားလေသည်။ ယခုမူ သူ့နှလုံးသားနာကျင်မှုကြောင့် မျက်လုံးများ ရဲတွတ်လာကာ အမှန်တကယ် ရူးသွပ်သွားစေသည်။

စုမင်က နောက်ထပ်အိတ်သုံးလုံးကို ပြန်ယူရန် လက်လှမ်းလိုက်သောအခါ ငှက်၏အော်သံများထဲတွင် နှမြောတသဖြစ်နေသောစိတ်များ ပါဝင်လေသည်။

“ပိုကြီးစမ်း...ပိုကြီးလာစမ်းကွ...ကြီးနိုင်သမျှကြီးးးး...”

ငှက်၏ခန္ဓာကိုယ်က ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားပြီး ပေလေးသိန်း၊ ပေငါးသိန်း...ထို့နောက် ပေတစ်သန်းအထိ အထိ ကြီးထွားလာသည်။

“မှော်အစီအရင် ချိုးဖျက်စမ်းးးး..”

ငှက်က ထိုသို့အော်ဟစ်လိုက်သောအခါ ပတ်ဝန်းကျင်ရှိ လှိုင်းဂယက်များက တစ်ဟုန်ထိုး ပျံ့နှံ့သွားသည်။ လှိုင်းဂယက်များ ပျံ့နှံ့သွားတိုင်း နဂါးငွေ့တန်းကြီးက တစ်လွှာပြီးတစ်လွှာပြိုကျလုမတတ်ဖြစ်သွားသည်။ ကြက်သွေးရောင်မှော်အစီအရင်က စုမင်၏ရှေ့တွင် အဆုံးမဲ့စွာပေါ်လာသည်။

ထိုအချိန်တွင် စွမ်းအားလှိုင်းဂယက်များက ကြက်သွေးရောင်မှော်အစီအရင်နှင့်ပေါင်းစပ်သွားလေသည်။ နဂါးငွေ့တန်းကို တုန်လှုပ်စေသော တုန်လှုပ်ချောက်ချားသော ပေါက်ကွဲသံကြီးက မှော်အစီအရင်

မှ ထွက်ပေါ်လာပြီး ကြိုးကြာငှက်က ထိုမှော်အစီအရင်နှင့် လုံးဝပေါင်းစပ်သွားခဲ့သည်။

All Chapters