← Chapters

မြင့်မြတ်တဲ့ဟင်းလင်ပြင်လောက

Vol. 58 Ch. 803

မြင့်မြတ်တဲ့ဟင်းလင်ပြင်လောက

Vol. 58 Ch. 803

မဟာလောကကြီးလေးခုစောင့်ကြည့်နေသော နဂါးငွေ့တန်းထဲတွင် လှေကားထစ်ပုံသဏ္ဍန်ရာဒစ်ဂြိုလ်ခြောက်လုံးရှိသည်။

ထိုခဏ၌ ၎င်းတို့က တောက်ပသော အလင်းရောင်ဖြင့် စတင်ထွန်းလင်းလာကာ ထိုအလင်းရောင်က ပတ်ဝန်းကျင်ရှိ အရာအားလုံးကို လင်းထိန်သွားစေသည်။

ထို့နောက် ဂြိုလ်ခြောက်လုံးမှ အသံများစွာ ထွက်ပေါ်လာသည်။

“နတ်ဆိုးနတ္ထိနယ်မြေမှာရှိတဲ့ အနောက်ငွေ့ရည်တိမ်တိုက်ဂြိုလ်ရဲ့ ကြီးမြတ်‌တဲ့ချိပ်ပိတ်မှော်အစီအရင်နဲ့ပေါင်းစပ်ဖို့ကြိုးစားနေတဲ့ ရှစ်အဆင့်ရှိ စွမ်းအားတစ်ခု ရှိတယ်....’’

“နတ်ဆိုးနတ္ထိနယ်မြေမှာရှိတဲ့ အနောက်ငွေ့ရည်တိမ်တိုက်ဂြိုလ်ရဲ့ ကြီးမြတ်‌တဲ့ချိပ်ပိတ်မှော်အစီအရင်နဲ့ပေါင်းစပ်ဖို့ကြိုးစားနေတဲ့ ကိုးအဆင့် ရှိစွမ်းအားတစ်ခု ရှိတယ်....’

“နတ်ဆိုးနတ္ထိနယ်မြေမှာရှိတဲ့ အနောက်ငွေ့ရည်တိမ်တိုက်ဂြိုလ်ရဲ့ ကြီးမြတ်‌တဲ့ချိပ်ပိတ်မှော်အစီအရင်နဲ့ပေါင်းစပ်ဖို့ကြိုးစားနေတဲ့ တစ်ဆယ်အဆင့်ရှိ စွမ်းအားတစ်ခု ရှိတယ်....’’

“နတ်ဆိုးနတ္ထိနယ်မြေမှာရှိတဲ့ အနောက်ငွေ့ရည်တိမ်တိုက်ဂြိုလ်ရဲ့ ကြီးမြတ်‌တဲ့ချိပ်ပိတ်မှော်အစီအရင်နဲ့ပေါင်းစပ်ဖို့ကြိုးစားနေတဲ့ ဆယ့်တစ်အဆင့်ရှိ စွမ်းအားတစ်ခု ရှိတယ်....’’

ထိုအသံများက ကျင့်ကြံခြင်းဂြိုလ်များစွာကို ပဲ့တင်ထပ်သွားချိန်တွင် မဟာလောကကြီးလေးခုရှိအစောင့်များ၏အမူအရာများ ပြောင်းလဲသွားခဲ့သည်။

ထိုအချိန်၌ပင် ဆယ့်ကိုးခုမြောက်ရာဒစ်ဂြိုလ်များအနက် ကိုးခုက ပြင်းထန်သော အလင်းရောင်တစ်ခုဖြင့် ထွက်ပေါ်လာခဲ့သည်။ ထိုအလင်းရောင် ထွန်းတောက်လာသည်နှင့် ရှေးဟောင်းအသံတစ်ခုထွက်ပေါ်လာသည်။

“ကြီးမြတ်တဲ့ချိပ်ပိတ်မှော်အစီအရင်မှာ အန္တရာယ်ရှိနေပြီ..မဟာလောကကြီးလေးခုက အစောင့်တွေ အန္တရာယ်ရှိနေတဲ့နေရာကို ချီတက်ကြ...မင်းတို့အားလုံး မှော်အစီအရင်ကိုချိုးဖျက်တဲ့သက်ရှိတွေကို ဖျက်စီးပစ်လိုက်စမ်း...ဒီစွမ်းအားက ဆယ့်သုံးအဆင့်ရှိစွမ်းအားပဲ..ဒီစွမ်းအားနဲ့မှော်အစီအရင်ကိုချိုးဖျက်ဖို့ နှစ်ပေါင်း ၂၃၀၀၀ လိုလိမ့်မယ်..”

ကျယ်လောင်သောအသံများက နဂါးငွေ့တန်းထဲမှ အဆက်မပြတ်ထွက်ပေါ်လာသည်။ အလင်းတန်းရှည်များက လေထုထဲသို့ ခုန်ထွက်လာသည်။ ယင်းကိုးပါးလောက အခြေစိုက်ရာနယ်မြေတွင် ရှေးဟောင်းကြေးဝါဓါးများ ပေါ်လာသည်။ ဓါးပေါင်း တစ်ထောင်နီးနီးရှိလာသည်ကို တွေ့မြင်နိုင်သည်။ ထို့အပြင် ကံကြမ္မာ‌မှော်စက်ဝန်းနယ်ပယ်စွမ်းအားတည်ရှိမှုအနည်းငယ်ရှိနေသည်။ ထိုစွမ်းအားအနည်းငယ်ကပင် နဂါးငွေ့တန်းကို တုန်လှုပ်စေခဲ့သည်။

အသူရာနတ်ဘုရားနယ်ပယ်ရှိသူများက စစ်မှန်‌သောအသူရာလောကရှိနဂါးငွေ့တန်းတွင် ကျယ်လောင်စွာဟိန်းဟောက်နေလေသည်။ အသူရာနဂါးများပေါ်ရှိ အနက်ရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် ပုံရိပ်များ ရှိနေ၏။ထိုပုံရိပ်များမှ အနက်ရောင်မီးခိုးများ ပြန့်ကျဲထွက်ပေါ်လာသည်။

မနက်ခင်းတာအိုလောကအခြေစိုက်ယူထားသော နဂါးငွေ့တန်းတွင် အလားတူ မြင်ကွင်းတစ်ခု ပေါ်လာသည်။ ထိုရှေးဟောင်းအသံကြောင့် မဟာလောကကြီးလေးခုမှ အင်အားကြီးကျင့်ကြံသူများရှိရာ နဂါးငွေ့တန်းတွင် အုတ်အော်သောင်းနင်းဖြစ်နေလေသည်။

“’ဂြိုလ်သားမျိုးနွယ်တွေက ငါတို့နယ်မြေကို လာကျူးကျော်နေတာလား..မဟုတ်ရင် ဘယ်လိုစွမ်းအားက ရာဒစ်ဂြိုလ်ကိုးလုံးကို တစ်ပြိုင်နက်တည်း လင်းစေတာလဲ...”

“ဂြိုလ်သားမျိုးနွယ်စုတွေက ငါတို့ကို အလုံးအရင်းနဲ့ ကျူးကျော်နေတာလား..မဟုတ်ရင် သူတို့က ကြီးမြတ်တဲ့ချိပ်ပိတ်မှော်အစီအရင်ကို ဘယ်လိုလုပ်လှုပ်ခတ်စေတာလဲ...”

‘’စစ်ဖြစ်တော့မှာလား..”

စစ်မှန်သောလောကအစောင့်များ၏နှလုံးသားထဲတွင် ပဟေဠိဆန်သောမေးခွန်းများ ထွက်ပေါ်လာသည်။

ထို့ပြင် ရာဒစ်ဂြိုလ်ဆယ့်ကိုးလုံးအနက် ဆယ့်ငါးလုံးက တောက်ပစွာ လင်းလက်လာသည်။ဆိုလိုသည်မှာ နတ္ထိအနှစ်သာရနယ်မြေတွင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ပြောင်းလဲမှုတစ်ခု ပေါ်လာသည်ဟု ဆိုလိုခြင်းဖြစ်သည်။

“မှော်အစီအရင်ကို အန္တရာယ်ပေးနိုင်တဲ့ စွမ်းအားက အဆင့်ဆယ့်ငါးဆင့်ရှိစွမ်းအားဖြစ်ပြီး မှော်အစီအရင်ကို ချိုးဖျက်ဖို့ နှစ်ပေါင်း ၆၂၀၀ လိုလိမ့်မယ်”

“မှော်အစီအရင်ကို အန္တရာယ်ပေးနိုင်တဲ့ စွမ်းအားက အဆင့်ဆယ့်ခြောက်ဆင့်ရှိစွမ်းအားဖြစ်ပြီး မှော်အစီအရင်ကို ချိုးဖျက်ဖို့ နှစ်ပေါင်း ၁၅၀၀ လိုလိမ့်မယ်”

“မှော်အစီအရင်ကို အန္တရာယ်ပေးနိုင်တဲ့ စွမ်းအားက အဆင့်ဆယ့်ခုနစ်ဆင့်ရှိစွမ်းအားဖြစ်ပြီး မှော်အစီအရင်ကို ချိုးဖျက်ဖို့ နှစ်ပေါင်း ၃၀၀ လိုလိမ့်မယ်”

“မှော်အစီအရင်ကို အန္တရာယ်ပေးနိုင်တဲ့ စွမ်းအားက အဆင့်ဆယ့်ရှစ်ဆင့်ရှိစွမ်းအားဖြစ်ပြီး မှော်အစီအရင်ကို ချိုးဖျက်ဖို့ ၅ နှစ် လိုလိမ့်မယ်”

“မှော်အစီအရင်ကို အန္တရာယ်ပေးနိုင်တဲ့ စွမ်းအားက အဆင့်ဆယ့်ကိုးဆင့်ရှိစွမ်းအားဖြစ်ပြီး မှော်အစီအရင်ကို ချိုးဖျက်ဖို့ အသက်ဆယ်ရှိုက်စာ လိုလိမ့်မယ်”

ရာဒစ်ဂြိုလ်ဆယ့်ငါးခုမှ ထွက်ပေါ်လာသည့် အေးစက်သောအသံက ဟင်းလင်းပြင်ထဲသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပဲ့တင်ထပ်လာသည်။ သို့သော် အစောင့်တပ်က တည်နေရာရွေ့ပြောင်းခြင်းမပြုမီ ရှေးဟောင်းအသံက တိတ်ဆိတ်သွားခဲ့သည်။

အသက်ရှိုက်စာများစွာကြာပြီးနောက် ထွက်လာသောစကားများက နဂါးငွေ့တန်းရှိလူအားလုံး၏စိတ်ကို တုန်လှုပ်သွားစေခဲ့သည်။

“ကြီးမြတ်တဲ့ချိပ်ပိတ်မှော်အစီအရင် ကျိုးပဲ့သွားပြီ...မှော်အစီအရင်ရဲ့ဆယ်ပုံနှစ်ပုံ ဆုံးရှုံးသွားပြီ...”

ထိုစကားသံကြားသောအခါ မဟာလောကကြီးလေးခုမှ အသံအားလုံးက ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

....

နတ်‌ဆိုးနတ္ထိနယ်မြေတွင်တည်ရှိသော အနောက်ငွေ့ရည်တိမ်တိုက်ကြယ်ဂြိုလ်တွင် ကြိုးကြာငှက်၏ ရယ်မောသံက နေရာအနှံ့ပျံ့နှံ့သွားတော့သည်။ ထိုရယ်မောမှုအတွင်းတွင် အဆုံးမဲ့ မာနထောင်လွှားမှုများ ရှိ‌နေသည်။

“ဒါဆိုရင်ရော ဘယ်လိုလဲ..မင်း ငါ့ကို မရှုံးမပေးသေးဘူးလား..မင်းရဲ့အဘိုး...ငါက

တကယ့်ကို တန်ခိုးကြီးတာကွ..ဘယ်လိုပဲဖြစ်ဖြစ် ငါ့လက်ထဲမှာ မှော်အစီအရင်ရှိနေတယ်..ဘယ်လိုမှ မလွတ်မြောက်နိုင်ဘူး”

ကျယ်လောင်သောတဘုန်းဘုန်းပေါက်ကွဲသံများက နဂါးငွေ့တန်းတွင် ပဲ့တင်ထပ်ကာ ကြက်သွေးရောင်မှော်အစီအရင်ကို ဖုံးလွှမ်းသွားသည်။ ကြိုးကြာငှက်၏ ခန္ဓာကိုယ်က ဟင်းလင်းပြင်ထဲတွင် မြင့်မားစွာ နေရာယူထားသည်။ ၎င်းက မှော်အစီအရင်နှင့်ပေါင်းစပ်ထားသကဲ့သို့ဖြစ်ပြီး ၎င်းတို့ကို တစ်ခုနှင့်တစ်ခု ခွဲခြား၍မရတော့ပေ။

မီးလျှံဂြိုလ်သခင်က ထိုမြင်ကွင်းကို အံ့ဩမင်သက်စွာ ကြည့်လိုက်မိသည်။ အချိန်အတော်ကြာပြီးနောက် သူ့နှလုံးသားက ပြင်းထန်စွာ တုန်လှုပ်လာသည်။ထိုအချိန်တွင် ငှက်က အတိတ်က ဒဏ္ဍာရီလာသားရဲ ဖြစ်မည်ဟု သူ ထင်နေလေသည်။

စုမင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ့လက်ကို ဆွဲယမ်းလိုက်စဉ် သူ့ရှေ့က သိုလှောင်အိတ်တွေအားလုံးကို ပျံသန်းသွားလေသည်။ ကြက်သွေးရောင်မှော်အစီအရင်မှ စုပ်ယူစွမ်းအားက ချက်ချင်း ထွက်ပေါ်လာပြီး ထိုအိတ်များအားလုံးကို သိမ်းယူသွားလေသည်။

ကြိုးကြာငှက်၏ ရင်ခုန်သံနှင့် ရယ်မောသံများက ဝေဝေဆာဆာထွက်ပေါ်လာပြန်သည်။

“ကောင်လေးစု...ငါတော်တယ်မလား...ဟဲဟဲ ဒီမှော်အစီအရင်က အားနည်းလွန်းတယ်..ငါက ဒီမှော်အစီအရင်ထက် ဆယ်ဆပိုပြင်းထန်တဲ့ဟာကို ချိူးဖူးတယ်..

နေအုံး ဒီ့ထက်ဆယ်ဆပိုအားကောင်းတဲ့ဟာကို ဘယ်တုန်းက ချိုးခဲ့တာပါလိမ့်..”

ကြက်သွေးရောင်မှော်အစီအရင်အတွင်းမှ အလင်းတန်းများ လင်းလက်လာသည်။

ကြိုးကြာငှက်၏ခန္ဓာကိုယ်က ထင်ရှားလာပြီး ဘဝင်မြင့်နေသောအမူအရာဖြင့် စုမင်ရှေ့တွင် မတ်တပ်ရပ်လိုက်သည်။ သူ့အတိတ်က မမှတ်မိသောအရာကို ထပ်တွေးမနေတော့ပေ။

စုမင်၏မျက်လုံးများက ဖျတ်ခနဲလင်းလက်လာပြီး စကားပြောလိုက်သည်။

“ဒီမှော်အစီအရင်ကို ထိန်းချုပ်ပြီး ငါ့အပေါ်စောင့်ကြည့်နေတာကို ဖယ်ရှားလိုက်..ပြီးတော့ ဒီမှော်အစီအရင်ကို သုံးပြီး ငါ့ကို ဘယ်သူမှမရှာနိုင်အောင်လုပ်လိုက်...”

“ကိစ္စမရှိဘူး...ငါက ဒီစုတ်ပြတ်နေတဲ့မှော်အစီအရင်နဲ့ ပေါင်းစပ်ပြီးသွားပြီ..ငါ့စကားနားမထောင်ရင် ဖျက်ဆီးပစ်လိုက်မယ်..”

ကြိုးကြာငှက်က မာနကြီးသောမျက်နှာထားဖြင့် သူ့ရင်ဘတ်ကို ထုလိုက်သည်။

“အဟမ်းးး ကောင်လေးစု..ငါတို့အပေးအယူနည်းနည်းထပ်လုပ်လို့ရတယ်..မင်း သိုလှောင်အိတ်တချို့ကို သိမ်းသွားတာကို ငါမြင်လိုက်တယ်...သိုလှောင်အိတ်ထဲက သလင်းကျောက်ကို ငါ့က်ုပေး..ငါ မှော်အစီအရင်ရဲ့စွမ်းအားကိုသုံးပြီး မင်း ရုပ်ဖျက်နိုင်အောင် ကူညီပေးမယ်...”

“ဒီမှော်အစီအရင်က ဘာလဲ...”

စုမင်က ခပ်ပြတ်ပြတ်မေးလိုက်သည်။

“ဒီမှော်အစီအရင်ကို ကြီးမြတ်တဲ့ချိပ်ပိတ်မှော်အစီအရင်လို့ခေါ်တယ်..ဒါက မဟာလောကကြီးလေးခုအပြင် နတ်ဆိုးနတ္ထိနယ်မြေကို လွှမ်းမိုးထားတယ်..သူ့မှာ ကြီးမြတ်တဲ့ဟင်းလင်းပြင်ချိပ်ပိတ်ခြင်းနဲ့ ဂြိုလ်အရွယ်အစားပြောင်းလဲခြင်းမှော်အစီအရင်....အတိုကောက်ဆိုရင် ဟင်းလင်းပြင်ချိပ်ပိတ်ခြင်းမှော်အစီအရင်ပါတယ်..ဒါက မဟာလောကကြီးလေးခုလုံးရဲ့အခြေစိုက်နေရာကို ကာကွယ်ပေးတဲ့ ဂိတ်တံခါးပဲ..ဒီမှော်အစီအရင်ရဲ့အကာအကွယ်ကို မရတဲ့သူတွေက မဟာလောကကြီးလေးခုထဲက‌နယ်မြေတွေကိုသွားဖို့ ခက်ခဲတယ်...”

“ဒီမှော်အစီအရင်နှစ်ခုကို တစ်စုတစ်စည်းတည်း ပေါင်းလိုက်တဲ့အခါ သူတို့ဟာ နတ္ထိအနှစ်သာရနယ်မြေရဲ့ပထမဆုံးဟင်းလင်းပြင်မှော်အစီအရင်ဖြစ်လာတာပဲ...”

စုမင်က အပေးအယူထပ်မလုပ်မှာစိုးသောကြောင့် ငှက်က အလောတကြီးရှင်းပြလိုက်သည်။ သူ့အတွက် အရေးကြီးတာက မှော်အစီအရင်များမဟုတ်ပေ၊ သလင်းကျောက်များသာဖြစ်၏။

“ဒါက ကြီးမြတ်တဲ့ဟင်းလင်းပြင်မှော်အစီအရင်လား...”

ဘေးနားရှိမီးလျှံဂြိုလ်သခင်က အံ့အားသင့်ကာ ရေရွတ်မိလိုက်သည်။။

စုမင်က သူ့ကိုလှမ်းကြည့်လိုက်သော် သူ၏မျက်နှာပေါ်တွင် စိတ်မချမ်းမြေ့ဖွယ်အရိပ်အယောင်များကို တွေ့လိုက်ရသည်။ လွမ်းဆွတ်ပူဆွေးမှုက သူ့မျက်လုံးထဲသို့ ဝင်ရောက်လာကာ တစ်ချိန်တည်းမှာပင် ကြောက်ရွံ့မှုလဲ ရှိနေ၏။

“ငါ ချိပ်မပိတ်ခံရခင်က မဟာလောကကြီးလေးခုက ဖန်တီးထားတဲ့ ကြီးမြတ်တဲ့ဟင်းလင်းပြင်မှော်အစီအရင်ကို ကိုယ်တိုင်ကြုံ‌ခဲ့ရတယ်..ဒီမှော်အစီအရင်မှာ အဆုံးမဲ့စွမ်းအားရှိတယ်..သူ့မှာ ဥပဒေသတစ်ခုလဲ ပိုင်ဆိုင်ထားတယ်..မှော်အစီအရင်လို့ မခေါ်သင့်ဘူး..နဂါးငွေ့တန်းနဲ့ပိုတူတယ်...”

မီးလျှံဂြိုလ်သခင်က ခပ်နိမ့်နိမ့်အသံဖြင့်ပြောလေသည်။

ထိုအချိန် စုမင်၏မျက်လုံးများက တောက်ပလာသည်။ သူက မီးလျှံဂြိုလ်သခင် စကားပြောဆိုမည့်အချိန်ကို တိတ်တဆိတ်စောင့်ဆိုင်းခဲ့သည်။

“အဲဒီမှော်အစီအရင်က ဘယ်နေရာမှာပဲနေနေ၊ ရှိပြီးသား နဂါးငွေ့တန်းကို အစားထိုးပြီး လွှမ်းမိုးပစ်လိုက်တယ်..ဒီဟာက အရင်ငါးခုမြောက်လောကကြီးနဲ့စစ်ပွဲတုန်းက လူတော်တော်များများကို သေစေခဲ့တယ်..ငါ ချိပ်ပိတ်ခံခဲ့ရတဲ့အချိန်ထိတော့ ဒီအမှော်အစီအရင်ကို ဖျက်ဆီးလို့ရတယ်လို့ မကြားဖူးဘူး..”

“သူ့ရဲ့ဟင်းလင်းပြင်လောကအတွင်းမှာ စည်းမျဉ်းတွေ..ဥပဒေဿတွေနဲ့ ကိုယ်ပိုင်နဂါးငွေ့တန်းကို ဖွဲ့စည်းလိမ့်မယ်...မှော်အစီအရင်ကိုထိန်းချုပ်ဖို့ ဘာကျင့်ကြံသူမှမလိုဘူး..ဘာလို့ဆိုတော့ မှော်အစီအရင်ထဲမှာ မှော်အစီအရင်ဝိညာဉ်မွေးထားလို့ပဲ..အဲဒီဝိညာဉ်က အသိအမှတ်ပြုထားတဲ့သူတွေဟာ မှော်အစီအရင်ရဲ့စွမ်းအားကို သုံးပြီး ဟင်းလင်းပြင်လောကကရန်သူတွေကို သတ်ဖြတ်နိုင်တယ်...”

“မှော်အစီအရင်က အနီးအနားမှာပဲရှိနေလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး..ဒီမှော်အစီအရင်က နတ္ထိအနှစ်သာရနယ်မြေတစ်ဝက်ကိုလွှမ်းခြုံဖို့ ဟင်းလင်းပြင်မှော်အစီအရင်ကို အသက်သွင်းခဲ့တယ် ...အနှစ်သာရကြယ်ဂြိုလ်ကလွဲရင် ကျန်တာတွေအားလုံးက ကြီးမြတ်တဲ့ဟင်းလင်ပြင်လောကရဲ့ပိုင်နက်ပဲ...”

မီးလျှံဂြိုလ်သခင်က နဂါးငွေ့တန်းအတွင်းရှိ အကန့်အသတ်မဲ့ကြီးမားသောမှော်အစီအရင်ကို ကြည့်လိုက်သည်။ သူ့လေသံတွင် နက်နဲသောသတိကြီးမှုနှင့်လေးနက်မှုတို့ ပါဝင်သည်။ အမှန်မှာ သူက အတိတ်က ကောလာဟလများကို သတိရလာသဖြင့် ကြိုးကြာငှက်ကို အလိုလို တစ်ချက်ကြည့်လိုက်သည်။

“မှော်အစီအရင်ဝိညာဉ် ရှိတာလား..အာ..မဟုတ်ပါဘူး..ကျုပ်ဖြင့်မတွေ့မိပါဘူး...”

ကြိုးကြာငှက်က ခေတ္တ အံ့အားသင့်သွားသည်။ သူ့မျက်လုံးများကိုမှိတ်ထားပြီး

မှော်အစီအရင်၏ဧရိယာကို သေချာအာရုံစိုက်ကြည့်လိုက်သည်။

“ဒါပေမဲ့ ဒီမှော်အစီအရင်က မပြည့်စုံသေးဘူး..အတိတ်က ဖျက်စီးခံရသလိုပြီး မှော်အစီအရင်နှစ်ပိုင်းကွဲသွားတာနဲ့တူတယ်...တစ်ခုက ချိပ်ပိတ်မှော်အစီအရင်..နောက်တစ်ခုက ဟင်းလင်းပြင်မှော်အစီအရင်..ခင်‌ဗျားခုနကပြောတဲ့မှော်အစီအရင်တွေနဲ့ ကျုပ်နဲ့ပေါင်းစပ်ထားတယ်..အဲဒါက နဂါးငွေ့တန်းဖြစ်ပေါ်လာပေမဲ့ ခင်ဗျားပြောသလိုတအားလဲ ကြောက်စရာမကောင်းပါဘူး...မှော်အစီအရင်တွေက နှစ်ခုလုံးတစ်ပြိုင်နက်တည်း အစွမ်းမပြနိုင်ပါဘူး...”

ကြိုးကြာငှက်က ခေါင်းကို ကုတ်ကာ စုမင်ကို မျှော်လင့်ချက်အပြည့်ဖြင့် တစ်ဖန် စိုက်ကြည့်လိုက်သည်။

“မှော်အစီအရင်ရဲ့ စွမ်းအားက အားနည်းနေပေမဲ့ အကွာအဝေးနည်းနည်းကို

နေရာပြောင်းရွေ့နိုင်ဖို့ လွယ်တယ်..စုမင် မင်း ငါနဲ့အပေးအယူလုပ်ချင်လား...”

ကြိုးကြာငှက်က ထိုစကားပြောလိုက်သော် မီးလျှံဂြိုလ်သခင်က ခေတ္တအံ့ဩမင်သက်နေလေသည်။ ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် သူက အခြေအနေကို နားလည်လာပုံရသည်။

“မဟာလောကကြီးလေးခုက ငါတို့ကိုလိုက်ဖမ်းဖို့ မှော်အစီအရင်ရဲ့စွမ်းအားကိုအသုံးချနိုင်တာ အံ့ဩစရာမရှိဘူး..မှော်အစီအရင်မှာ ဝိညာဉ်မရှိတာကြောင့် သူ့ရဲ့အသိအမှတ်ပြုမှုကို လူတိုင်းရရှိဖို့ ခက်ခဲတယ်...မှော်အစီအရင်ရဲ့ စွမ်းအားအပြည့်ကို သုံးလို့မရသေးဘူး..ဒါ့ကြောင့် သူတို့က မှော်အစီအရင်ကို ထိန်းချုပ်ပြီး နယ်မြေတွေကိုစုံစမ်းဖို့လောက်ပဲ သုံးနိုင်တယ်..ဘာလို့ မိစ္ဆာအိုကြီးတွေက မှော်အစီအရင်ကိုအရင်က ပြင်ဖို့မလုပ်တာလဲ”

မီးလျှံဂြိုလ်သခင်က ရေရွတ်နေချိန် စုမင်၏မျက်လုံးများက တလက်လက်တောက်ပနေသည်။

“ငါတို့ အပေးအယူလုပ်မယ်..ဒါပေမဲ့ နေရာရွေ့ပြောင်းတာအပြင် မှော်အစီအရင်ရဲ့အသိအမှတ်ပြုမှုကို ရချင်သေးတယ်...နဂါးငွေ့တန်းမှာရှိတဲ့ ဒီမှော်အစီအရင်ကို ထိန်းချုပ်ဖို့ အာဏာသုံးချင်တယ်”

စုမင်က ကြိုးကြာငှက်ကို ကြည့်လိုက်သည်။ ငှက်က စိတ်ပူပန်သောကရောက်နေသည့်ပုံဟန်ဆောင်ပြီး သလင်းကျောက်များ ထပ်တောင်းမည်ကို

စုမင် သေချာသိလေသည်။ ထို့နောက် စုမင်က သိုလှောင်အိတ်အနည်းငယ်ကိုထုတ်ကာ ပစ်ပေးလိုက်သည်။

ငှက်က သိုလှောင်အိတ်များကို သိမ်းဆည်းပြီး စိတ်လှုပ်ရှားစွာ စစ်ဆေးခဲ့သည်။ထိုစဉ် ငှက်က စုမင်၏မျက်နှာမကောင်းတာကို ရိပ်စားမိသောအခါ အလိုက်အကဲသိစွာ ပြန်ဖြေခဲ့သည်။

“ဒါဆို ငါ အရင်ဆုံးပြောမယ်..နေရာရွေ့ပြောင်းတာက ပြဿနာမဟုတ်ဘူး ဒါပေမဲ့ ငါက မှော်အစီအရင်ရဲ့ဆယ်ပုံနှစ်ပုံနဲ့သာပေါင်းစပ်ထားတာမလို့ မှော်အစီအရင်ရဲ့စွမ်းအား နည်းနည်းပဲသုံးလို့ရမယ်..ဒါပေမဲ့ စိတ်မပူပါနဲ့..ငါသာဒီထက်ပိုပြီး ပေါင်းစပ်လိုက်ရင် မှော်အစီအရင်ရဲ့စွမ်းအားကို ပိုသုံးနိုင်မှာပါ...”

“တကယ်တော့ ငါ မင်း ကျင့်ကြံဖို့တောင် ကူညီပေးနိုင်တယ် ဒါပေမဲ့ အဓိကက ငါ့စိတ်ကို နှိုးဆွပေးဖို့ လိုလိမ့်မယ်..ငါ့မှာ စိတ်အားထက်သန်တဲ့ဆွမှု ရှိမှသာ ငါ့ဘဝရဲ့ အကြီးမားဆုံး တွန်းအားက ထွက်ပေါ်လာမှာ..အဲဒီအခါကျ မှော်အစီအရင်နဲ့ ပိုပြီး ပေါင်းစပ်နိုင်မှာ...”

“ဒီမှာ နဂါးငွေ့တန်းရဲ့မြင်ကွင်းကို ထုတ်လိုက်..ဒီနေရာမှာ ငါ့အပြင် လူဘယ်နှစ်ယောက်ရှိလဲဆိုတာ ကြည့်ချင်တယ်”

သတ်ဖြတ်လိုစိတ်က စုမင်၏မျက်လုံးထဲတွင် တောက်ပနေခဲ့သည်။

ကြိုးကြာငှက်သည် ချက်ချင်းပင် အော်ဟစ်လိုက်သည်... နှင့် စစ်မှန်သောအစောင့်များသာ ပိုင်ဆိုင်သော

ပုံရိပ်ယောင်မြင်ကွင်းက စုမင်၏ရှေ့တွင် ချက်ချင်းပေါ်လာသည်။

ထိုပုံရိပ်ယောင်မြင်ကွင်းက မြေပုံနှင့်တူသည်။ ထိုမြင်ကွင်းအတွင်းပြသထားသည့် ဧရိယာက မယုံနိုင်လောက်အောင် ကြီးမား၏။ အနှစ်သာရကြယ်ပင်လယ်မှလွဲ၍ နတ္ထိအနှစ်သာရနယ်မြေများရှိ ဒေသအားလုံးက မြေပုံပေါ်တွင် ပေါ်လာသည်... စစ်မှန်သောလောကကြီးက နတ္ထိအနှစ်သာရနယ်မြေကိုစောင့်ကြည့်သည့်အခါ အသုံးပြုသောမှော်အစီအရင်

စစ်မှန်သောအစောင့်များက ထိုမြင်ကွင်းကိုမြင်လျှင် အလွန် ထိတ်လန့်ကြမည်မှာ သေချာ၏။ အဘယ်ကြောင့်ဆိုသော်

သူတို့က ကြီးမြတ်သောချိပ်ပိတ်မှော်အစီအရင်ကို ကိုအသုံးပြုသောအခါ နယ်မြေတစ်ခု၏အစိတ်အပိုင်းကိုသာ မြင်နိုင်သောကြောင့်ဖြစ်သည်။ နယ်မြေတစ်ခုလုံး သို့မဟုတ် အများကြီးကိုမြင်ရန် ခက်ခဲသည်။

တကယ်တော့ ကံကြမ္မာမှော်စက်ဝန်းနယ်ပယ်ရှိအင်အားကြီးကျင့်ကြံသူများပင်လျှင် ကြီးမြတ်သောချိပ်ပိတ်မှော်အစီအရင်ကို ဤကဲ့သို့ ပုံဖော်ခြင်းမျိုး မပေါ်နိုင်ပေ။ အများစုမှာ လေးပုံတစ်ပုံသာ ထုတ်ကြည့်နိုင်သည်။

All Chapters