သူစိမ်းနယ်မြေ
Vol. 58 Ch. 804
စုမင်ရှေ့တွင် ပေါ်လာသော မြင်ကွင်းက မယုံနိုင်လောက်အောင် ကြီးမားလှ၏။ထိုအရာက ရတနာဘူးသီးခြောက်ပုံသဏ္ဍာန်တစ်ဝက်ကို ရှင်းရှင်းလင်းလင်းပြသထားသည်။ စုမင်က တစ်နေရာတည်းကို ငေးကြည့်နေပြီး ထိုနေရာရှိလူများနှင့်အရာဝတ္ထုများအားလုံး သူ့ခေါင်းထဲမှာ ချက်ချင်းပေါ်လာသည်။
ထိုခံစားချက်မျိုးမှာ နဂါးငွေ့တန်းက သူ့အပိုင်ဖြစ်သွားသောခံစားချက်မျိုးပင်ဖြစ်သည်။ နဂါးငွေ့တန်းရှိ သက်ရှိများနှင့် တည်ရှိမှုတိုင်းက မျက်စိရှေ့တွင် ရှင်းရှင်းလင်းလင်း ပေါ်လွင်နေသည်။
စုမင်က ထိုအချက်ကိုသတိပြုမိလိုက်သော် သူ့နှလုံးသား တုန်လှုပ်သွားပြီး မယုံကြည်နိုင်မှုများ ပေါ်လာသည်။
သူက စစ်မှန်သောလောကအစောင့်တပ်၏စွမ်းအားအရင်းအမြစ်ကို ရုတ်တရက် နားလည်လာသည်။ သူတို့၏ကျင့်ကြံဆင့်၊ သူတို့၏စွမ်းအားအတွက် အရေးအကြီးဆုံး အချက်ကတော့ နဂါးငွေ့တန်း တစ်ခုလုံးကို စောင့်ကြည့်နိုင်မှုပင် ဖြစ်၏။
ထိုသို့ အရာအားလုံးကိုလက်ဝါးကြီးအုပ်နိုင်သူများက ပုံမှန်အားဖြင့် အရှုံးမရှိကြပေ။
အဆုံးမဲ့အဖြူရောင်အစက်များ၊ မရေမတွက်နိုင်သောကြယ်များ၊ နတ်ဆိုးနတ္ထိနယ်မြေအတွင်းရှိ နေရာလေးခု၊ မဟာလောကကြီးလေးခုမှ အင်အားစုလေးခုက သူတို့၏အခြေစိုက်စခန်းနှင့်ချိတ်ဆက်ထားပုံတို့ကို စုမင် မြင်တွေ့ခဲ့ရသည်။
တစ်ချိန်တည်းမှာပင် ကြိုးကြာငှက်ပြောနေသည့် ဟင်းလင်းပြင်ချိတ်ပိတ်မှော်အစီအရင်ကို တွေ့လိုက်ရသည်။ ထိုမှော်အစီအရင်က နတ်ဆိုးနတ္ထိနယ်မြေဧ။်နေရာလေးခုနှင့်တစ်ဖက်ရှိမဟာလောကကြီးလေးခုကြား ရှည်လျားသောမြစ်တစ်စင်းကဲ့သို့ တည်ရှိနေလေသည်။
စုမင်က ထိုပုံရိပ်ယောင်ထဲမှာ မင်နက်ရောင်ဂြိုလ်ကိုလဲ မြင်လိုက်ရသည်။ နတ်ဆိုးနတ္ထိနယ်မြေ၏အစွန်းတွင်ရှိသော ဤဂြိုလ်သည် ခရမ်းရင့်ရောင်အစက်အပြောက်အဖြစ် အမှတ်အသားပြုထားပြီး စုမင်ရှိရာနေရာနှင့် ဝေးကွာလွန်းလှသည်။
စုမင်က စိတ်ကူးယဉ်ဆန်သော မြင်ကွင်းထဲရှိ ထူးဆန်းသော နေရာများစွာကို သတိပြုမိသည်။ ကြည့်မိသူတိုင်းက အန္တရာယ်အငွေ့အသက်ကို ခံစားမိပြီး ထိတ်လန့်တုန်လှုပ်သွားမည်ဖြစ်သည်။
ထို့အပြင် မှော်အစီအရင်က ဤအစက်အပြောက်များသာ ဖုံးအုပ်ထားနိုင်ပြီး ၎င်းတို့ကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။ စုမင်က ထိုနေရာများကိုကြည့်မိသောအခါ အန္တရာယ်အငွေ့အသက်က
သူ့စိတ်ထဲသို့ တိုးဝင်လာပြီး ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
မထင်ရှားသော စုပ်ယူမှုစွမ်းအားတစ်ခုက ထွက်ပေါ်လာပြီး သူ့ကိုဝါးမျိုတော့မည့်ပုံပေါ်နေသည်။
ထိုကဲ့သို့အန္တရာယ်နယ်မြေလေးမျိုးရှိလေသည်။ နယ်မြေများက သွေးပင်လယ်နှင့်တူပြီး ၎င်းတို့ထဲမှ တစ်ခုက နတ်ဆိုးနတ္ထိနယ်မြေ၏နဂါးငွေ့တန်းလေးခုထဲတွင် တည်ရှိသည်။ အနီးဆုံးနယ်မြေက စုမင်နှင့်သိပ်မဝေးချေ။
“နဂါးငွေ့တန်းတစ်ခုစီမှာ ဒီလိုနယ်မြေမျိုးတွေရှိတာပဲ...”
စုမင်က သူ့စိတ်ထဲရှိ ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို တွန်းလှန်လိုက်သည်။ စုမင်က အကြည့်ကို လွှဲလိုက်သည်နှင့် ထိုခံစားချက်က အလိုလို
ပျောက်ကွယ်သွားသည်။
“ဒါတွေက သီးခြားနယ်မြေတွေပဲ”
မီးလျှံဂြိုလ်သခင်က ထိုပုံရိပ်ယောင်မြင်ကွင်းကို ကြည့်ပြီးနောက် တိုးတိုးလေးပြောလိုက်သည်။
စုမင်က ချက်ချင်းပြန်မဖြေပေ။ ယင်းအစား သူက မျက်လုံးမှိတ်လိုက်ပြီး သူစုပ်ယူခဲ့သောလောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူ၏မှတ်ဉာဏ်ထဲကို ဝင်ရောက်ရှာဖွေနေလေသည်။ ခဏအကြာတွင် သူ့မျက်လုံးများ ပွင့်လာပြီး မျက်မှောင်ကြုတ်မိသွားလေသည်။
“ဝင်သွားသူတိုင်း သေသွားတာများတယ်..နှစ်တွေကြာလာတာနဲ့အမျှ အဲဒီနယ်မြေထဲကို ဝင်ပြီး အသက်ပြန်ရှင်လာသူ အရေအတွက်က နည်းပါးတယ်..စစ်မှန်တဲ့လောကကြီးလေးခုထဲကအစောင့်တွေတောင် အဲဒီနေရာလေးခုကိုရှောင်ပြီး အရာရာကိုအဆုံးသတ်စေတဲ့နယ်မြေတွေလို့ ယူဆကြတယ်...”
“အနှစ်သာရကြယ်ဂြိုလ်အပါအဝင်..ဒီနေရာတွေကို တားမြစ်နယ်မြေငါးခုအဖြစ် သတ်မှတ်ထားတယ်...”
ဤသည်မှာ စုမင် စုပ်ယူခဲ့သော အမှတ်ရစရာများမှ ရရှိသော အဖြေ ဖြစ်သည်။
“သီးခြားနယ်မြေ၊ တားမြစ်နယ်မြေဆိုတာ ဘာလဲ...”
စုမင်က မီးလျှံဂြိုလ်သခင်ဆီသို့ လှမ်းမေးလိုက်သည်။
“မဟာလောကကြီးလေးခုက ငါးခုမြောက်လောကကြီးကို မတိုက်ခင်တုန်းက ဒီနဂါးငွေ့တန်းကို အနှစ်သာရနယ်မြေလို့ ခေါ်ခဲ့ကြတယ်..အဲဒါက မဟာလောကကြီးလေးခု ဒါမှမဟုတ် ငါးခုမြောက်လောကကြီးနဲ့ ဘာမှမသက်ဆိုင်ဘူး..ဒါက နယ်နမိတ်တစ်ခု..ဆန်းကြယ်တဲ့နယ်မြေတစ်ခုပဲ...”
“ဒီနဂါးငွေ့တန်းမှာ ပျံ့နှံ့နေတဲ့ ကောလဟာလတွေ အများကြီးရှိခဲ့တယ်..အဲဒီအချိန်မှာ သီးခြားနယ်မြေတွေအများကြီးရှိလာပြီ..လူတော်တော်များများက အဲဒီ့နေရာတွေကို စုံစမ်းဖို့ သွားခဲ့ကြပေမဲ့ ပြန်လာတဲ့သူက တော်တော်နည်းတယ်...”
“အဲဒီနေရာတွေက ပြန်လာသူတွေကလဲ သူတို့ရဲ့ အတွေ့အကြုံတွေကို မပြောချင်ကြဘူး..အချိန်ကြာလာတာနဲ့အမျှ အဲဒီနေရာတွေရဲ့ အန္တရာယ်တွေနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေက ပဟေဠိတစ်ခုအဖြစ် ပြောင်းလဲသွားတယ်...”
“ဒါပေမဲ့ ငါးခုမြောက်လောကကြီးရဲ့အချုပ်အခြာအာဏာပိုင်ဖြစ်တဲ့ မင်းရဲ့ အသူရာဘိုးဘေးက အဲဒီနယ်မြေတွေကိုသွားစုံစမ်းပြီး အသက်ရှင်လျက်ပြန်လာခဲ့တယ်..သူလဲ အဲဒီအကြောင်းကို သိပ်မပြောပြဘူး..အဲဒီအချိန်ကစပြီး သူရဲ့ကျင့်ကြံဆင့်ကိုအရှိန်မြှင့်လိုက်တာက အရမ်းကြောက်စရာကောင်းတယ်...ဘယ်လိုအနေအထားထိတောင်ရောက်လဲဆိုရင် သူ့ပါးစပ်ကစကားတစ်ခွန်းပြောလိုက်ရင် ကံကြမ္မာ၊ ရှင်သန်ခြင်းနဲ့သေခြင်းတရားကိုပါထိန်းချုပ်နိုင်တဲ့နယ်ပယ်ရောက်သွားတာ...”
“အဲဒီသီးခြားနယ်မြေတွေကဘာလဲဆိုတာ သိတဲ့သူနည်းတယ်...ငါးခုမြောက်လောကကြီးက စစ်ဖြစ်နေတဲ့အချိန်မှာတောင် စစ်မီးတောက်တွေက သူတို့ရဲ့ဖြစ်တည်မှုကို မတုန်လှုပ်နိုင်ဘူး..ခေတ်ကာလအဆက်ဆက်သာပြောင်းသွားတယ်..ဒီနေ့အထိ သူတို့က မပြောင်းလဲဘဲ တည်ရှိနေတုန်းပဲ...”
မီးလျှံဂြိုလ်သခင်က တိုးတိုးတိတ်တိတ်ပြောပြီး သီးခြားနယ်မြေများကို ကြည့်လိုက်သည်။ သူ့အသံတွင် ရှေးခေတ်လေထုအသံတစ်ခုပါဝင်နေလေသည်။
စုမင်က သီးခြားနယ်မြေများကို နီးနီးကပ်ကပ်ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူ့အကြည့်ကို လွှဲလိုက်ပြီး ပုံရိပ်ယောင်ပြကွက်များပေါ်ရှိ အခြားနေရာများကို ကြည့်လိုက်သည်။
ထို့နောက် စုမင်က မဟာလောကကြီးလေးခု၏အခြေစိုက်နေရာကို မြင်လိုက်ရ၏။ ထိုအရာ အခြေစိုက်နေရာမှာရှိသော အပြာရောင်ဂြိုလ်ဆယ့်ကိုးလုံးဖြစ်သည်။
ထိုနေရာ၌ ကျင့်ကြံခြင်းဂြိုလ်ပေါင်းမြောက်မြားစွာရှိပြီး စစ်မှန်သောလောကကိုကိုယ်စားပြုသည့်မရေမတွက်နိုင်သော တောက်ပသည့်နေရာများစွာရှိသည်။ မဟာလောကကြီးလေးခု၏ပင်မစခန်းအစွန်းတွင် လှည့်ပတ်နေသော ဝဲဂယက်တစ်ခုလဲရှိသည်။ ထိုဝဲဂယက်က နတ္ထိအနှစ်သာရနယ်မြေ ဝင်ပေါက် ၊ ထွက်ပေါက်ပင်ဖြစ်၏။ ထိုအပေါက်က မဟာလောကကြီးလေးခု၊ စစ်မှန်သောမနက်ခင်းတာအိုလောကနှင့် ယင်မရဏနယ်မြေဆီသို့ ဦးတည်သွားလေသည်။
“ဆရာကြီး...အစ်ကိုကြီး..ဒုတိယအစ်ကို..ဟူကျီနဲ့ မာန်ကျင့်ကြံသူတို့ရဲ့မွေးရပ်မြေ...”
စုမင်က ထွက်ပေါက်ကိုညွှန်ပြသည့် ဝဲဂယက်ကိုကြည့်လိုက်ရာ သူ့နှလုံးသားက စူးခနဲအောင့်လာလေသည်။ အမည်မသိစွမ်းအားတစ်မျိုးက သူ၏ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုကို ထိန်းချုပ်နိုင်သည်။ သို့သော် ထိုစွမ်းအားက သူ့နှလုံးသားထဲက နာကျင်မှုများကို မဖျောက်ဖျက်နိုင်ပေ။
အချိန်အတော်ကြာပြီးနောက် စုမင်က မျက်လုံးမှိတ်လိုက်သည်။ သူပြန်ဖွင့်လိုက်သောအခါ သူ့မျက်လုံးထဲတွင် ခက်ထန်သောအကြည့် ပေါ်လာလေသည်။ ထို့နောက် သူက မဟာလောကကြီးလေးခု၏အခြေစိုက်နယ်မြေကို ငေးကြည့်သောအခါ ရင်းနှီးမှုလှိုင်းလုံးကြီးတစ်ခုက သူ့နှလုံးသားထဲသို့ ဝင်ရောက်လာသည်။ ထိုခဏတွင် သူ ထိတ်လန့်သွားလေသည်။
သူ၏အကြည့်က စစ်မှန်သောအစောင့်တပ်ဖွဲ့၏တောက်ပသောအစက်များပေါ်တွင် ကျရောက်သွားပြီး သူ၏ခေါင်းထဲတွင် ပုံရိပ်တစ်ခု ချက်ချင်းထွက်ပေါ်လာသည်။
ထိုပုံရိပ်ထဲတွင် အဝတ်မဖုံးသော အရေပြားပေါ်တွင်အနက်ရောင်သက်ေတများရှိသည့်လူကြီးတစ်ယောက်ရှိလေသည်။ သူက အနက်ရောင်ဝတ်ရုံနက်ကို၀တ်ဆင်ထားပြီး အနက်ရောင်မြေကြီးရှိသောကျင့်ကြံခြင်းဂြိုလ်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေလေသည်။ ထိုလူ တရားထိုင်နေစဉ်တွင် မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်တို့မှ အနက်ရောင်အခိုးအငွေ့များ ထွက်လာသည်။ ထိုအနက်ရောင်အခိုးအငွေ့များအတွင်းတွင် အဆိပ်များ ပါဝင်နေပြီး သူ့ပတ်ဝန်းကျင်ရှိ မြေကြီးသာမက ပတ်ဝန်းကျင်ရှိ အပင်များအားလုံးလည်း ညှိုးနွမ်းသေဆုံးသွားသွားသည်။
စုမင်က သူ့ခေါင်းထဲတွင်ပေါ်လာသောပုံရိပ်ကို ကြည့်ပြီး သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။
“ကျိယွင်ဟိုင်...”
ခဏအကြာတွင် စုမင်က နာမည်တစ်ခုကို တိုးတိုးလေးရေရွတ်လိုက်သည်။ သူက ထိုလူကို အတိအကျမှတ်မိလေသည်။ ထိုလူက စုမင် အရင်ကသန့်စင်ထားသောကိုယ်ပွားပင်ဖြစ်သည်။
ယခင်က မဒမ်ကျီ၏အသွင်အပြင်က စုမင်၏ခန္ဓာကိုယ်ထဲရှိ ဟုန်လော့ကို နိုးကြားစေခဲ့သည်။ သူက စုမင်အတွက် ဒုက္ခများစွာ ယူဆောင်လာခဲ့ရုံသာမက ကြီးမားသောကောင်းချီးကိုလဲ ပေးခဲ့သည်။ စုမင်က ကျိယွင်ဟိုင်၏ခန္ဓာကိုယ်ကို ကိုယ်ပွားအဖြစ် သန့်စင်ခဲ့သည်။
သူ့ခန္ဓာကိုယ်ရှိ အနက်ရောင်ပိုးတောင်မာများက ထိုကိုယ်ပွားကို ကြီးမားသော တိုက်ခိုက်ရေးစွမ်းရည်များ ပိုင်ဆိုင်နိုင်စေခဲ့သည်။ စုမင်က ယင်းကိုးပါးလောကသို့ ခရီးသွားချိန်တွင်လည်း သူ၏ပျောက်ဆုံးနေသော ကိုယ်ပွားကို ရှာမတွေ့နိုင်ခဲ့ပေ။
ယခုက စုမင်က သူ့ကိုယ်ပွားကို နတ္ထိအနှစ်သာရနယ်မြေတွင်တွေ့လိုက်ရပြီး ထိတ်လန့်အံ့ဩသွားလေသည်။
“ကျိယွင်ဟိုင်က ကိုယ်ပွားလေးပဲ..တကယ့်အစစ်က သေသွားတာကြာပြီ..မဒမ်ကျီက သူ့ကိုသတ်ခဲ့တာ..ဒါပေမဲ့ သူ့ရဲ့လက်ရှိ အသွင်အပြင်ကို ကြည့်လိုက်မယ်ဆိုရင် ဒီကိုယ်ပွားလေးမှာ ဉာဏ်ရည်ရှိနေပြီ..ဒါပေမဲ့ သူ့ကိုယ်ပေါ်မှာ ဒီလောက် ပြင်းထန်တဲ့ အဆိပ်ရှိနေရတာလဲ..”
စုမင်က သူ့ခေါင်းထဲရှိပုံရိပ်ကို မြင်လိုက်သော် ယင်းကိုးပါးလောကရှိမြင်ကွင်းများက ဖျတ်ခနဲ လင်းလက်လာသည်။
အတိတ်က စုမင်မှာ အလောင်းကောင်ကိုတွေ့ဖူး၏။ သူက ထိုအလောင်းကောင်ကို ယင်းကိုးပါးလောကသို့ခေါ်ယူခဲ့ပြီး ကံကြမ္မာမျိုးနွယ်စုဝင်များကို ပေးခဲ့သည်။ထိုအလောင်းကောင်က ကံကြမ္မာမျိုးနွယ်စု၏အစောင့်အရှောက်ဖြစ်လာသည်။ ထို့ကြောင့် စုမင်က သူ၏ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးတစ်ခုကိုလျော့ချနိုင်ခဲ့သည်။
“ကျိယွင်ဟိုင်..အရင်တုန်းက သူ့ကိုယင်းကိုးပါးလောကမှာ ရှာမတွေ့ဘူး..တစ်ယောက်ယောက်ကသူ့ကို ယင်းကိုးပါးလောကထဲက ခေါ်သွားတာပဲဖြစ်မယ်..ငါ မာန်ပြည်နတ်ဘုရားဖြစ်လာပြီး ငါ့ရဲ့အခြေတည်ဝိညာဉ်ကို မာန်ပြည်ထောင်တစ်ခုလုံးကို ဖြန့်ကျက်ခဲ့တယ်..အဲ့တုန်းက ငါ သူ့ရဲ့တည်ရှိမှုကို အာရုံမခံလိုက်ရဘူး...”
“ဒါဆိုရင် တစ်ယောက်ယောက်က သူ့ကို ခေါ်သွားတာမဟုတ်ဘူးပဲ..သူ
ယင်းကိုးပါးလောကမှာရှိတုန်းက စစ်မှန်တဲ့ယင်းလောကကိုသွားဖို့ ရှေးဟောင်းကြေးဝါဓါးကို ချန်ထားခဲ့တယ်...”
စုမင်က အခြေအနေကို ခွဲခြမ်းစိတ်ဖြာပြီးနောက် သူ့မျက်လုံးများက တောက်ပလာသည်။
‘သူက ပိုသန်မာလာတာပဲ.. သူတကယ်ပဲ
လောကမှော်ယာဉ်ပျံအရှင်သခင်အဆင့်ကို ရောက်နေပြီ ဒါမှမဟုတ်ရင် သူက စစ်မှန်တဲ့လောကရဲ့အစောင့်ဖြစ်လာမှာမဟုတ်ဘူး..စိတ်ဝင်စားစရာပဲ...”
စုမင်က ပုံရိပ်ယောင်မြင်ကွင်းကို ထပ်မံကြည့်ပြီးနောက် မျက်မှောင်ကြုတ်သွားပြန်သည်။
စုမင်က ကျိယွင်ဟိုင်တည်ရှိရာဂြိုလ်ပေါ်ရှိ အခြားတောက်ပသော အစက်အပြောက်နှစ်ခုကို ရှင်းရှင်းလင်းလင်း မြင်ရသည်။
“ကျစ်လုံရှန်း...လီဟော်..သူတို့ အသက်ရှင်နေသေးတာလား”
စုမင်က လျင်မြန်စွာ မတ်တပ်ထရပ်လိုက်ပြီး ခံစားချက်ပေါင်းများစွာက သူ့မျက်နှာတွင် ပေါ်လာသည်။ ခဏကြာပြီးနောက် သူက မဟာလောကကြီးလေးခုမှ အင်အားစုများရှိသောနဂါးငွေ့တန်းတစ်ခုစီကို စတင်ကြည့်ရှုခဲ့သည်။
နာရီများစွာကြာပြီးနောက် စုမင်၏အကြည့်က တောက်ပနေသောနေရာတစ်ခုကို အာရုံစိုက်မိသွားပြီးအနည်းငယ်စိတ်ရှုပ်သွားလေသည်။
“ရဲဝမ်..”
စုမင်က စိတ်တည်ငြိမ်အောင် ခဏမျက်လုံးမှိတ်ထားလိုက်ပြန်သည်။ ခဏအကြာမှ သူ့မျက်လုံးများကို ပြန်ဖွင့်ပြီး ယခုသူရောက်ရှိနေသောနေရာနှင့်သူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ထိုပုံရိပ်ယောင်မြင်ကွင်းများမှ တစ်ဆင့် စုမင်က သူ့ပတ်ဝန်းကျင်တွင် ရစ်ဝဲနေသောအစက်အပြောက်ကလေးများကို တွေ့လိုက်ရသည်။ ထိုအစက်များက သူ့၏တည်နေရာကို အတိအကျလိုက်ရှာနေသကဲ့သို့ ထင်ရလေသည်။
ထိုလူများအပြင် အဝေးတွင် ရှေးဟောင်း
ကြေးဝါဓါးကိုးချောင်းလည်း ရှိသေးသည်။ သူတို့က ရှေ့ကို အရှိန်တင်နေသော်လည်း စုမင်၏နေရာကို စမ်းတဝါးဝါးဖြစ်နေလေသည်။
‘သူတို့ အဝေးကြီးကနေ ငါ့ကိုရှာဖို့ မှော်အစီအရင်ကို မသုံးနိုင်တော့ဘူး..ဒါကြောင့် ငါ့ရဲ့တည်ရှိမှုကို တစ်ခြားသူတွေကို သတင်းပေးလို့မရတော့ဘူး..သွေးအမှတ်အသားပုလဲကိုသုံးဖို့ အခက်ခဲရှိသွားပြီ..ပြီးတော့ မီးလျှံဂြိုလ်သခင်ရဲ့အချိန်နဲ့နေရာလှည့်စားတဲ့စွမ်းရည် ပြန်အကျုံးဝင်လာမယ်..”
“အခု မင်းတို့ ဘယ်ရောက်နေလဲ သိဖို့ ငါ မှော်အစီအရင်ရဲ့စွမ်းအားကိုသုံးမယ်..မင်းတို့ ငါ့နောက်ကိုလိုက်ပြီးဆိုကတည်းက အဲဒါနဲ့ထိုက်တန်တဲ့အဖိုးအခပေးဆပ်ရမယ်...”
စုမင်၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်များပျံ့နှံ့သွားသည်။ သူ့ညာလက်ကို မြှောက်လိုက်သောအခါသူ၏ခြေရင်းရှိ ကြက်သွေးရောင်ခေါင်းတလားက လှံရှည်တစ်ခုအဖြစ်သို့ အရည်ပျော်သွားသည်။ စုမင်က လှံကိုကိုင်လိုက်သည်နှင့်
ကြိုးကြာငှက်က စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။ စုမင်၏ခန္ဓာကိုယ်မှ ချက်ချင်းပင် စွမ်းအားလှိုင်းများ ထွက်လာသည်။ ထို့နောက် စုမင်၏ခြေအောက်တွင် ခရမ်းရင့်ရောင်မှော်အစီအရင်လေး ပေါ်လာပြီး ချက်ချင်းကိုယ်ပျောက်သွားလေသည်။။
ဒါဇင်ပေါင်းများစွာသောအလင်းတန်းရှည်များက အနောက်ငွေ့ရည်တိမ်တိုက်ဂြိုလ်တစ်ဝိုက်တွင် ပိုက်စိပ်တိုက်ရှာဖွေနေကြသည်။ ဤလူများအားလုံးက မဟာလောကကြီးလေးခု၏ဆုလာဘ်များကြောင့် စုမင်ကိုသတ်ရန်ရောက်ရှိလာသူများဖြစ်သည်။
သူတို့က သေခြင်းတရားကို ဂရုမစိုက်ကြပေ။ နတ္ထိအနှစ်သာရနယ်မြေတွင် သူတို့အတွက် မျှော်လင့်ချက်မရှိပေ။ တို့၏ တစ်ခုတည်းသော ဆန္ဒက သူတို့ကိုယ်သူတို့ ပိုသန်မာအောင် လုပ်ပြီး ကျင့်ကြံဆင့် မြှင့်တင်ရန်ဖြစ်သည်။
ထို့ကြောင့် သူတို့က ဆာလောင်နေသော ဝံပုလွေများကဲ့သို့ ဤဆုလာဘ်များကိုအငမ်းမရ လိုချင်နေကြသည်။
သို့သော် သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးအမှတ်အသားပုလဲများ တောက်ပနေချိန်တွင် နေရာတစ်ခုကို ညွှန်ပြခဲ့သည်။ မကြာသေးမီက သွေးအမှတ်အသားပုလဲများက သူတို့အား ထိုတူညီသောနေရာသို့ ညွှန်ပြခဲ့သေးသည်။
‘ဘာတွေဖြစ်နေတာလဲ...ဒီမိုစုက ထူးဆန်းတဲ့ရတနာကိုသုံးပြီး နေရာပြောင်းရွေ့သွားတာလား...”
နဂါးငွေ့တန်းထဲတွင် အပြာရောင် ၀တ်စုံကို ၀တ်ဆင်ထားသော အဖိုးအိုတစ်ဦးရှိပြီး သူ့မျက်နှာတွင် မည်းမှောင်နေသည့် မျက်နှာထားရှိသည်။ ထိုအချိန်တွင် သူက ရှေ့သို့အရှိန်တင်လာသော်လည်း သူ့နှလုံးသားက ပဟေဠိများဖြင့် ပြည့်နှက်နေသည်။
ထို့နောက် သူ့နှလုံးသားက ရုတ်တရက်တုန်လှုပ်သွားသည်။ သူ့ခေါင်းကို လှည့်ကြည့်လိုက်သော် သူနှင့်မဝေးသောနဂါးငွေ့တန်းထဲတွင် ကြက်သွေးရောင်မှော်အစီအရင်ပေါ်လာသည်ကို ချက်ချင်းတွေ့လိုက်ရသည်။
ရေမျက်နှာပြင်ပေါ်ရှိ လှိုင်းဂယက်များဖြင့် ဖုံးလွှမ်းနေသကဲ့သို့ မှော်အစီအရင်ကလဲ မထင်မရှားဖြစ်နေလေသည်။ ထိုလှိုင်းဂယက်များက မီးခိုရောင်ဆံပင်ရှိသောစုမင်ထွက်ပေါ်လာသောကြောင့် ပျောက်ကွယ်သွားသည်။
အဘိုးအိုက ခဏတာ အံ့အားသင့်သွားသည်။ သို့သော်လည်း သူ့မျက်လုံးများတွင် အံ့ဩတုန်လှုပ်မှုနှင့်အတူ သတ်ဖြတ်လိုစိတ်များပေါ်လာသည်။ သူ့ခန္ဓာကိုယ်မှ လောကမှော်ယာဉ်ပျံအရှင်သခင်စွမ်းအားများ ပျံ့နှံ့လာသည်။
“ဗုန်းးးးးး”
အပြာရောင်မြူပင်လယ်ကြီးက ပေရာနှင့်ချီသောဧရိယာကို ဖုံးလွှမ်းသွားသည်။ မြူခိုးများ ပြန့်ကျဲနေချိန်တွင် စုမင်က ညာလက်ကို မြှောက်လိုက်ပြီး အဘိုးအိုကို ချိန်ရွယ်လိုက်သည်။ထို့နောက် စုမင်က အေးစက်စွာ အမိန့်ပေးလိုက်သည်။
“မှော်အစီအရင်ရဲ့စွမ်းအား..ဒီလူကို ဖိနှိပ်လိုက်စမ်းးး..”