← Chapters

ဖိနှိမ်ခြင်း

Vol. 58 Ch. 805

ဖိနှိမ်ခြင်း

Vol. 58 Ch. 805

အပြာရောင်ဝတ်ရုံနှင့်အဘိုးအိုက လောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားများကို ဖြန့်ကျက်လိုက်စဉ် သူ့ခေါင်းထဲတွင် အတွေးတစ်ခုပေါ်လာသည်။

“ငါရှေ့မှာ ဒီကောင်ပေါ်လာကတည်းက သူ့မျက်နှာမှာ ကြောက်ရွံ့မှု မရှိဘူး..သူ ငါ့ကိုသတ်နိုင်ဖို့ ယုံကြည်မှုအပြည့်ရှိနေတယ်..ဒါမှမဟုတ်ရင် သူ ဒါမျိုးပုံစံလုပ်ရဲမှာမဟုတ်ဘူး...ကောင်းကင်ဘုံရတနာဂြိုလ်မှာသတ်ဖြတ်တဲ့ပုံစံကိုကြည့်ရင် သူ့ဘယ်လောက်ရက်စကြုမ်းကြုတ်မယ်ဆိုတာ ခန့်မှန်းလို့ရတယ်...”

ထို့နောက် အဘိုးအိုက သူ့လက်များကို မြှောက်ပြီး ခါးကုန်းလိုက်သည်။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ နဂါး‌ငွေ့တန်းကို ဖိနှိမ်လိုက်သည်။

“‌နေရာပေါင်းစုံမှ ဦးညွတ်ခြင်း...”

တစ်ချိန်တည်းတွင် ထိုအသံက လူပေါင်းသောင်းနှင့်ချီ၍အော်ဟစ်နေသကဲ့သို့ ထင်ရလေသည်။ထိုအသံများက နယ်မြေအတွင်း ပဲ့တင်ထပ်သွားသည့်အခါ ရာနှင့်ချီသောမြူပင်လယ်ပြင်အတွင်း မထင်မရှားသောပုံရိပ်များ ချက်ချင်းပေါ်လာသည်။ ထိုပုံရိပ်များက အနီးနားတွင် နေရာယူထားပြီး အရေအတွက်မှာ ထောင်၊ သောင်းချီလေသည်။

ထိုလူများထဲတွင် အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုများနှင့် လူငယ်များလည်း ပါ၀င်သည်။ သူတို့၏အမူအရာများက ခက်ထန်နေပြီး သူတို့၏မျက်လုံးများတွင် အမုန်းတရားများဖြင့် ပြည့်နှက်နေလေသည်။ သူတို့၏ ခန္ဓာကိုယ်များက အစစ်အမှန်မဟုတ်ဘဲ ဖောက်ထွင်းမြင်ရလေသည်။ သူတို့က အပြာရောင်ဝတ်ရုံနှင့်အဘိုးအိုကဲ့သို့ လက်များကို မြှောက်ကာ ခါးကုန်းလိုက်သည်။

“ဗုန်းးးးးးးး...”

ကြီးမားသော ဖိအားတစ်ခုက နဂါးငွေ့တန်းကို တုန်လှုပ်စေသည်။ စုမင်က ကောင်းကင်ဘုံစွမ်းအားနှင့်တူသော စွမ်းအားတစ်ခုကို ချက်ချင်း ခံစားလိုက်ရသည်။ ထိုအရာက မမြင်နိုင်သောပုံစံဖြင့် သူ့အပေါ်သို့ ဆင်းသက်လာဧ။်။

သူ့ပတ်ဝန်းကျင်ရှိ အစက်အပြောက်များအားလုံးကို ချိပ်ပိတ်လိုက်ပြီး သူ့ကို ပြားချပ်သွားစေမည့် စွမ်းအားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ကြီးမားသောလက်တစ်စုံက သူ့ပတ်ဝန်းကျင်တွင် ပေါ်လာပြီး သူ့ကို အသက်ရှင်လျက် ချေမှုန်းပစ်ချင်နေပုံရသည်။

စုမင်က အေးစက်စွာ နှာမှုတ်ထုတ်လိုက်သည်။ ထိုစဉ် သူ၏ခြေရင်းအောက်တွင် စက်ဝိုင်းပုံကြက်သွေးရောင်မှော်အစီအရင်ပေါ်လာလေသည်။ ထိုမှော်အစီအရင်က လင်းလက်စွာ တောက်ပနေပြီး ပေါ်လာသည့်အချိန်တွင် ပေတစ်ရာခန့်သာ အရွယ်အစားရှိ၏။

ထိုအစီအရင်က လျှင်မြန်စွာ ပြန့်ကားလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပေပေါင်း သောင်းနှင့်ချီ၍ ကြီးထွားလာခဲ့သည်။ ၎င်းက အဘိုးအို၏မြူပင်လယ်ပြာမှ ဖြစ်ပေါ်လာသော ဦးညွတ်မှုကို ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။

“ဗုန်းးး...ဗုန်းးးးးး”

နဂါးငွေ့တန်းတွင် အက်ကွဲကြောင်းကြီးများ ပေါ်လာသည်။ဟင်းလင်းပြင်မှ ပြင်းထန်သောရိုက်ခတ်မှု လှိုင်းလုံးကြီး ထွက်ပေါ်လာသည်။စုမင်၏ခြေအောက်ရှိ

မှော်အစီအရင်က ပေသုံးသိန်းအထိ ဖောင်းပွလာပြီး အဘိုးအို၏မြူပင်လယ်ကို ဖိချေနေတော့သည်။

“ဗုန်းးးးးးဗုန်းးးးးးး...”

အဘိုးအို၏အမူအရာက ပြောင်းလဲသွားသည်။ သူ့မြူပင်လယ်က စုမင်၏မှော်အစီအရင်နှင့်တိုက်မိသောအခါ ပြိုကျသွားလေသည်။ မြူခိုးများက ပြန့်ကျဲသွားပြီး အဘိုးအိုက ‌နောက်သို့ပြန်တွန်းပို့ခံလိုက်ရသည်။ မူလနေရာနှင့် ပေတစ်သောင်းအကွာသို့ရောက်ပြီးနောက် သူ့မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာ ပေါ်လာသည်။

စုမင်လဲ ရိုက်ခတ်လာသော လှိုင်းလုံးများကြောင့် နောက်သို့ ဆုတ်သွားသော်လည်း ပေတစ်ထောင်သာ ရွေ့သွားလေသည်။ ကြက်သွေးရောင်မှော်အစီအရင်က သူ့ခြေထောက်အောက်တွင် ရှိနေလေသည်။ သူက လောကမှော်ယာဉ်ပျံနယ်ပယ်သို့မရောက်သေးသော်လည်း သူ့တွင် မှော်အစီအရင်၏စွမ်းအားရှိလေသည်။ သူက နဂါးငွေ့တန်းတစ်ခုလုံးကိုလွှမ်းခြုံထားသည့်ကြီးမြတ်သောချိပ်ပိတ်မှော်အစီအရင်၏ဧရိယာအတွင်းမှာ ရှိနေသရွေ့တော့ မှော်အစီအရင်၏စွမ်းအားက အ တောမသတ်နိုင်ပေ။

စုမင်က သူ့လက်ထဲရှိစွမ်းအားဖြင့် လောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားနှင့်ဆင်တူသောစွမ်းအားကို ထုတ်လွှတ်နိုင်သည်။ သူ့ခြေထောက်အောက်ရှိ မှော်အစီအရင်က လျင်မြန်စွာ လင်းလက်လာသည်။အနီရောင်အလင်းတန်းက ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားသည်။ စုမင်က ခေါင်းကို လျင်မြန်စွာ မော့လိုက်ပြီး ညာလက်ဖြင့် တံဆိပ်တစ်ခု ဖန်တီးလိုက်သည်။ ထို့နောက် သူ့လက်ကို သူ့ရှေ့သို့ လွှဲယမ်းလိုက်သည်။

သူ့ဦးခေါင်းအထက်ရှိ နဂါးငွေ့တန်းက ချက်ချင်းပင် တုန်လှုပ်သွားကာ သွေးနီရောင် မှော်အစီအရင်ကပေါ်လာပြန်သည်။ ဤမှော်အစီအရင်က နံရံတစ်ခုကဲ့သို့ ဒေါင်လိုက်အနေအထားရှိပြီး ပြင်းထန်သောအရှိန်အဟုန်ဖြင့် ၎င်းနှင့် ပေတစ်သောင်းကွာဝေးသော အပြာရောင်အဖိုးအိုဆီသို့ ဦးတည်သွားခဲ့သည်။

ကြက်သွေးရောင်မှော်အစီအရင်က အဆက်မပြတ် ပြန့်ကားလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပေတစ်ရာစီ တိုးလာသည်။ အဝေးကနေ လှမ်းကြည့်လျှင် ထိတ်လန့်စရာမဟုတ် ပေ။သို့သော်လည်း အနီးကပ်ကနေကြည့်လျှင် ပေတစ်သိန်းရှိသောမှော်အစီအရင်က လွန်စွာကြီးမားပြီး သူ့ဧ။်အမြန်နှုန်းကလဲ စကားလုံးနှင့် ဖော်ပြလို့မရလောက်အောင် မြန်ဆန်လွန်းသည်။ ၎င်းက ချက်ချင်းဆိုသလို ပစ်မှတ်နှင့် နီးကပ်လာသည်။

အဘိုးအို၏မျက်လုံးထဲတွင် မယုံကြည်မှု များပေါ်လာ၏။သူက လောကမှော်ယာဉ်ပျံနယ်ပယ်အလယ်လတ်အဆင့်သို့ မရောက်သော်လည်း ကနဦးအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။

သူ့မှာ တိုက်ပွဲအတွေ့အကြုံများစွာ ရှိ၏။သူက စုမင်၏ခြေဖဝါးအောက်က ကြက်သွေးရောင်မှော်အစီအရင်ကို ပထမဆုံး မြင်လိုက်ရစဉ် အတော်လေးရင်းနှီးသလိုခံစားခဲ့ရသည်။ သို့သော် သူ အရင်က မြင်ဖူးသောနေရာကို မမှတ်မိတော့ပေ။ မှော်အစီအရင်က သူ့ဆီသို့ တည့်တည့်တိုးလာသည်ကို မြင်လိုက်ရသောအခါ သူ့ခေါင်းထဲတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး သတိရသွားသည်။

“ဒါ...ဒါ မဖြစ်နိုင်ဘူး..ဒါက ကြီးမြတ်တဲ့ချိပ်ပိတ်မှော်အစီအရင်ပဲ..မဟာလောကကြီးလေးခုက အစောင့်တွေပဲ အသက်သွင်းနိုင်တဲ့မှော်အစီအရင်..မင်း..မင်းက စစ်မှန်တဲ့လောကအစောင့်လား...”

ဤရှာဖွေတွေ့ရှိမှုက အဘိုးအိုကို အလွန်ကြောက်လန့်စေခဲ့ပြီး သူ့ဝိညာဉ်လွင့်မတတ်ခံစားရစေသည်။ အတွေးပေါင်းများစွာ သူ့ခေါင်းထဲသို့ ရောက်လာပြီ‌နောက် အဓိပ္ပါယ်မဲ့သော အတွေးတစ်ခုက သူ့စိတ်ထဲတွင် ပေါ်လာသည်။

“ တကယ်တော့ ဒီဆုကြေးငွေဟာ ထောင်ချောက်လား..မဟာလောကကြီးလေးခုက ငါတို့ကို သတ်ပစ်ချင်နေတာ...ဒါပေမဲ့ ဒါက...”

အဘိုးအို၏ မျက်လုံးများမှ သွေးနီရောင်အတိဖြစ်သွားလေသည်။ သူက ကျယ်လောင်စွာ ဟိန်းဟောက်ပြီးနောက် သူ့အဝတ်အစားများက ပြဲဆုတ်သွားလေသည်။ မြူပင်လယ်ကြီး ပြိုကျပြီးနောက်

ထောင်သောင်းမကသော ပုံရိပ်ယောင်များက သူ့နောက်မှာ ပေါ်လာသည်။ ထိုပုံရိပ်ယောင်များက သူတို့၏လက်သီးကို လက်ဝါးဖြင့်ထပ်ကာ ဦးညွှတ်လိုက်သည်။

နောက်ဆုံးတန်းကလူများက ဦးစွာ ဦးညွှတ်ကြပြီး ရှေ့တန်းကလူများပါ တစ်တန်းချင်းစီ ဦးညွတ်လာကြသည်။ သူတို့က အစီအစဥ်အတိုင်း ဦးညွှတ်ကြရင်း၊ နောက်ဆုံးတွင် အဘိုးအိုဆီသို့ လှိုင်းလုံးများကဲ့သို့ တက်လာကြသည်။ အဘိုးအိုကလဲ တိုးဝင်လာသောကြက်သွေးရောင်မှော်အစီအရင်ကို ဦးညွှတ်လိုက်သည်။

“ဗုန်းးးးး...”

အဘိုးအိုရှေ့ရှိဟင်းလင်းပြင်က တသိမ့်သိမ့်တုန်လှုပ်သွားပြီး ထောင်ပေါင်းများစွာသောမြင့်သောပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်က လူမဟုတ်သော်လည်း လက်တစ်စုံက ရစ်ပတ်ထားသည်။ ထိုလက်များက အဘိုးကြီးနှင့် သူ့နောက်ရှိ ထောင်ပေါင်းများစွာသော လူများဧ။်လက်များ ဖြစ်ကြ၏။

ထိုပုံရိပ်ပေါ်လာစဉ် အဘိုးအိုက သူ့ရှေ့ကို ဦးညွှတ်ကာ မှော်အစီအရင်ဆီသို့ တိုးဝင်သွားလေသည်။

“ဗုန်းးးးးဗုန်းးးးး...”

ထိုပုံရိပ်ယောင်လက်တစ်စုံက တစ်လက်မချင်းစီ ကွဲအက်သွားလေသည်။ ထိုလက်များက နောက်ပြန်ဆုတ်သွားပြီး အဘိုးအို၏ဆံပင်များက လေပြင်းတိုက်ခတ်ခံရသလို့ ဝဲလွင့်နေသည်။ ထောင်သောင်းချီသောပုံရိပ်ယောင်များက ကွဲအက်သွားပြီး လူစုကွဲသွားလေသည်။ ထို့နောက် သူတို့က မှော်အစီအရင်ကို လျင်မြန်စွာ ဖြတ်ကျော်သွားခဲ့သည်။ ထိုအချိန်တွင် ကြက်သွေးရောင်မှော်အစီအရင်က အဘိုးအိုကိုနှိမ်နှင်းမည့်ကြီးမားသော အနီရောင် ပိုက်ကွန်ကြီး ဖြစ်သွားသည်။

တစ်ချိန်တည်းမှာပင် စုမင်၏ခန္ဓာကိုယ်က လျင်မြန်စွာ ညှိုးနွမ်းလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက ကြက်သွေးရောင်မှော်အစီအရင်ဖြစ်သော ပိုက်ကွန်ကို ဖြတ်၍ ရှေ့သို့အရှိန်တင်နေသော အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအပိုင်းအစများက ဘိုးအို၏ခန္ဓာကိုယ်ထဲသို့ တည့်တည့် ပြေးဝင်သွားပြီး သူ့အမှတ်တရများကို စတင်စုပ်ယူလေသည်။ ထို့နောက် အဘိုးအို၏ရုပ်ပိုင်းဆိုင်ရာစွမ်းအားသာမက လောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားကိုလဲ စုပ်ယူလိုက်သည်။ခဏအကြာတွင် အဘိုးအို၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားပြီး

အပိုင်းအစများက စုမင်အဖြစ်သို့ပြောင်းလဲရန် စုစည်းသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ သူ့ခန္ဓာကိုယ်မှာ နွမ်းလျနေသောအနေအထားကနေ ပြန်လည်ကောင်းမွန်လာသည်။ သူ့ထံမှ လောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအားများ ပျံ့နှံ့လာကာ သူ့မျက်လုံးထဲတွင် လင်းလက်လာသည်။

“နောက်ထပ်လူတစ်ယောက်စီကနေ လောကမှော်ယာဉ်ပျံစွမ်းအားကို စုပ်ယူနိုင်ရင် ငါ့ကို လောကမှော်ယာဉ်ပျံနယ်ပယ်ကနေခွဲထုတ်ထားတဲ့ နယ်နမိတ်ကိုထိတော့မယ်..ကပ်ဘေးကြီးတစ်ခုကိုဖြတ်ကျော်ပြီးတာနဲ့ ငါ့ခန္ဓာကိုယ်က လောကအသူရာနတ်ဘုရားနယ်ပယ်ကို ရောက်သွားလိမ့်မယ်...”

တစ်ချိန်တည်းမှာပင် စုမင်၏ မျက်လုံးများတွင် စိတ်ဆန္ဒတစ်ခု ပေါ်လာပြီး မှော်အစီအရင် ချေးငှားခြင်း၏ စွမ်းအားကို

ခံစားလိုက်ရသည်။ ၎င်းက မည်သူမှ ခံနိုင်ရည်မရှိသည့် ပြင်းထန်သော ဖိနှိပ်မှုတစ်ခုဖြစ်သည်။

ဤတိုက်ပွဲအတွင်း စုမင်မှာ တိုက်ခိုက်ခဲ့သူဟု မယူဆနိုင်တော့ပေ။ အပြာရောင်အဖိုးအိုကို ဆန့်ကျင်တိုက်ခိုက်သူမှာစုမင် မဟုတ်ဘဲ နဂါးငွေ့တန်းတစ်ခုလုံးကို ဖုံးအုပ်ထားသည့် ကြီးမြတ်သောချိပ်ပိတ်မှော်အစီအရင် ဖြစ်သည်။

သူက မှော်အစီအရင်၏ဆယ်ပုံနှစ်ပုံကို အသုံးပြုခဲ့လိမ့်မည်။ သို့သော် လောကမှော်ယာဉ်ပျံကနဦးအဆင့်ရှိသူအားဖိနှိမ်ခြင်းက မှော်အစီအရင်အတွက် အလွယ်လေးဖြစ်သည်။

စုမင်က သူ့လက်သီးကို ဖြည်းညှင်းစွာ ဆုပ်လိုက်ပြီး တစ်ခါမှ မခံစားဖူးသော စွမ်းအားတစ်ခုက သူ့နှလုံးသားတွင် ပြည့်နှက်သွားသည်။ ထိုစွမ်းအားက သူ့ကိုယ်ပိုင်မဟုတ်သော်လည်း ယခုအချိန်တွင် သူ့အပိုင်ဖြစ်၏။

စုမင်က သူ၏လက်သီးများကို ဖြည်းညှင်းစွာဖြေလျော့လိုက်သည်။ ထိူ့နောက် နဂါးငွေ့တန်းတွင် သွေးထွက်သံယိုတိုက်ပွဲတစ်ခု စတင်ခဲ့သည်။ ထိုတိုက်ပွဲတွင် စုမင်က လူသုံးဦးသာ သတ်ဖြတ်ပြီး ထွက်ခွာသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူကို လောကမှော်ယာဉ်ပျံနယ်ပယ်နှင့်ခွဲထုတ်ထားသော ကောင်းကင်ဘုံနယ်ပယ်နယ်နမိတ်ကို ထိနေပြီဖြစ်၏။ ပုံရိပ်ဝါးမျိုခြင်းစွမ်းရည်ကပြီးပြည့်စုံသောအခြေအနေသို့ရောက်ရှိခဲ့ပြီး လောကမှော်ယာဉ်ပျံစွမ်းအားကို မစုပ်ယူနိုင်တော့ပေ။ ထို့ထက် ပို၍အရေးကြီးသည်မှာ ပုံရိပ်ဝါးမျိုခြင်းစွမ်းရည်၏ပထမကပ်ဘေးက ရက်အတော်ကြာပြီးနောက် ရောက်ရှိလာမည်ကို စုမင် သိထားလေသည်။

သူက လူသုံးယောက်နှင့် လျင်မြန်စွာတိုက်ခိုက်ခဲ့သည်။ သူ့ဘေးနားက ခပ်တိုတို အကွာအဝေးထိ ခုန်ပျံနိုင်သော စွမ်းရည်ရှိပြီး သူသွားချင်သည့်နေရာတိုင်းကို ရောက်အောင်သွားနိုင်သည်။တစ်စုံတစ်ယောက်မှ ထွက်ပြေးရန် ပုံရိပ်ယောင်များကိုအသုံးပြုခဲ့သော်လည်း စုမင်က အမိအရဖမ်းဆုပ်နိုင်ခဲ့သည်။

မှော်အစီအရင်၏စွမ်းအားက စုမင်အတွက် လောကမှော်ယာဉ်ပျံစွမ်းအားနှင့်တူညီသောအရှိန်အဝါကို ပိုင်ဆိုင်စေခဲ့သည်။ ထို့ကြောင့် စုမင်က လောကမှော်ယာဉ်ပျံအရှင်သခင်နယ်ပယ်ရှိသူများနှင့်

ရင်ဆိုင်ရသောအခါ သူ့၏အားနည်းချက်ကို လုံးဝဖုံးကွယ်ခဲ့သည်။

သူက ဖိနှိမ်ခြင်းစွမ်းရည်ကို အသက်သွင်းရန် ကြီးမြတ်သောချိပ်ပိတ်မှော်အစီအရင်ကို ငှားရမ်းခဲ့သည်။ ဤတိုက်ပွဲက လုံးဝ တရားမျှတမှုမရှိပေ။အဘယ်ကြောင့်ဆိုသော် အင်အားကြီးကျင့်ကြံသူများက စုမင်လက်ထဲတွင် မသေဘဲ မှော်အစီအရင်၏စွမ်းအားကြောင့် သေဆုံးခဲ့ရသည်။

စုမင်က လူသုံးယောက်ကိုသတ်ပြီးတာနဲ့ ထွက်သွားလေသည်။ သူက ရှေးဟောင်းကြေးဝါဓါးကိုးလက်ရှေ့မှာ ပေါ်မလာခဲ့ပေ။ သူက မှော်အစီအရင်၏စွမ်းအားကို မငှားနိုင်ခဲ့လျှင် ကောင်းကင်ဘုံရတနာဂြိုလ်ကိုဖျက်ဆီးခဲ့သောဓါးရောင်ဝါနှင့် အလွယ်တကူရင်ဆိုင်နိူင်မှာ မဟုတ်ပေ။

ရက်အတော်ကြာပြီးနောက် စုမင်က နဂါးငွေ့တန်းကိုဖြတ်၍ရွေ့လျားနေသော

ဥက္ကာခဲတစ်ခုပေါ်တွင် ထိုင်နေခဲ့သည်။ မီးလျှံဂြိုလ်သခင်က သူနှင့်မနီးမဝေးမှာရှိနေခဲ့သည်။ သူက လေးနက်သောအမူအရာဖြင့် စုမင်ကို ကာကွယ်ခဲ့သည်။ကြိုးကြာငှက်က မကြာမဏ အရူးလိုပြုံးလျက် စုမင် ဘေးနားတွင် လဲလျောင်းနေသည်။ ငှက်က သလင်းကျောက်များ တိုးလာမည့်အကြောင်းကိုတွေးတောနေပြီး လွန်စွာပျော်ရွှင်နေလေသည်။

စုမင်က ထိုနေရာတွင် ထိုင်နေသည်မှာ သုံးရက်ရှိလေပြီ။ သူက ဥက္ကာခဲတစ်လုံးကိုသီးခြားနေရာအဖြစ် ရွေးချယ်ခဲ့သည်။

ဥက္ကာခဲမှာ ပုံမှန်အတိုင်းရွေ့လျားနေပြီး

နှေးကွေးခြင်းမရှိပေ။ ထို့အတွက်ကြောင့် သွေးအမှတ်အသားပုလဲများကသူ၏တည်နေရာကို ရှာဖွေတွေ့ရှိရန် ပိုမိုခက်ခဲမည်ဖြစ်သည်။ အကယ်၍ သူသာ နေရာတစ်ခုတည်းတွင် ရှိနေပါက ခုနစ်ရက်တာ အချိန်နှင့် နေရာလှည့်စားခြင်းစွမ်းရည်က အသုံးမဝင်တော့ပေ။

ထိုအချိန်တွင် သူ့ခန္ဓာကိုယ်က တဆတ်ဆတ်တုန်နေသည်။ သူ့အရေပြားပေါ်ရှိ သွေးပြန်ကြောများ ပေါ်လာပြီးသူ့သွေးကြောအတွင်း၌ မှော်သင်္ကေတများ ရှိနေသကဲ့သို့ ဖျတ်ခနဲ မှိတ်တုတ်မှိတ်တုတ် မြင်ရသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်က တောက်ပြောင်ပြီး ရွေ့လျားနေသောမှော်သင်္ကေတများ ရှိသယောင်ထင်ရလေသည်။

“ပုံရိပ်ဝါးမျိုခြင်းစွမ်းရည်ရဲ့ ပထမဆုံးကပ်ဘေးက လောင်ကျွမ်းနေတဲ့မီးတောက်ကပ်ဘေးပဲ...တကယ်လို့ မင်း ဒီကပ်ဘေးကိုဖြတ်ကျော်နိုင်လို့ရှိရင် မင်းရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအားက ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုကို တွေ့ကြုံရလိမ့်မယ်...မင်းက လောကမှော်ယာဉ်ပျံစွမ်းအားနဲ့ ပေါင်းစပ်သွားပြီး မင်းရဲ့ခန္ဓာကိုယ်က လောကအသူရာနတ်ဘုရားနယ်ပယ်ဖြစ်လာလိမ့်မယ်..”

“ဒါပေမဲ့ မကြာခင် မင်းရဲ့ကိုယ်ပွားကို ရှာဖို့လိုတယ်..ဒါမှမဟုတ်ရင် ဒုတိယပြီးပြည့်စုံခြင်းအခြေအနေရောက်လာတဲ့ ဒုတိယကပ်ဘေးကို ရင်ဆိုင်ရမယ်..မင်း အောင်မြင်တာပဲဖြစ်ဖြစ် ကျရှုံးတာပဲဖြစ်ဖြစ်..မင်းရဲ့ဝိညာဉ်က မင်းရဲ့ခန္ဓာကိုယ်နဲ့ လုံးဝပေါင်းစပ်သွားမှာ..အဲဒီအချိန်ကစပြီး မင်း နောက်ထပ် ကိုယ်ပွားကို ဖန်တီးလို့မရတော့ဘူး..ဒါကို သတိရပြီး မင်းစိတ်ထဲ မြဲမြဲမှတ်ထားပါ...”

ဤသည်မှာ စုမင်အတွက် မီးလျှံဂြိုလ်သခင်၏လေးနက်သော အကြံဉာဏ်ဖြစ်၏။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားလေ၏။ မှော်သင်္ကေတများက စုမင်၏ခန္ဓာကိုယ်တွင် ကူးလူးသွားလာနေသည်။ သေးငယ်သော မီးတောက်များက သူ၏ချွေးပေါက်များအားလုံးမှ ပျံ့နှံ့သွားပြီး တစ်ကိုယ်လုံးကို ဖုံးလွှမ်းကာ လောင်ကျွမ်းသွားသည်။ မီးတောက်များ ပိုမိုပျံ့နှံ့လာပြီး စုမင်၏ ခန္ဓာကိုယ်တစ်ခုလုံး မီးပုံထဲတွင် ဖုံးလွှမ်းသွားသည်။

တစ်ချိန်တည်းမှာပင် နတ္ထိအနှစ်သာရနယ်မြေရှိ နဂါးငွေ့တန်းကြီးမှ

သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

ဤသတိပေးချက်က ကျင့်ကြံသူများအားလုံးနီးပါးကို တုန်လှုပ်စေရုံသာမက တစ်နှစ်ပတ်လုံးဂူပိတ်ကျင့်ကြံနေသောမိစ္ဆာအိုကြီးများဆီပါ ရောက်ရှိသွားသည်။။

“မိုစုကို သတ်နိုင်တဲ့သူတွေကို လောကအမြုတေကျောက်တုံးတစ်ထောင်နဲ့အနှစ်သာရပါတဲ့ကျင့်ကြံခြင်းဂြိုလ်တစ်လုံးပေးမယ်...”

ထိုသတိပေးချက်ကြောင့် အနောက်ငွေ့ရည်တိမ်တိုက်ဂြိုလ်မှ ကျင့်ကြံသူများက အုံကြွလာသည်။ ထိုမျှမက အခြားနဂါးငွေ့တန်းသုံးခုမှ ကျင့်ကြံသူများလဲ စုမင်ရှိရာသို့ ပြေးသွားကြသည်။ မဟာလောကကြီးလေးခုမှ အင်အားကြီးသူများက စုမင်ကို လိုက်ဖမ်းရန်အတွက် အစောင့်အရေအတွက်တိုးလိုက်သည်။

ကျစ်လုံရှန်း၊ လီဟော်နှင့်ကျိယွင်ဟိုင်ကဲ့သို့သော လူသစ်များကို အနောက်ငွေ့ရည်တိမ်တိုက်ဂြိုလ်ရှိစုမင်ကို ရှာဖွေရန် စေလွှတ်ခဲ့သည်။

မနက်ခင်းတာအိုလောကနှင့် စစ်မှန်သောအသူရာဧကရာဇ်ပြည်ထောင်က စုမင်ကို ‌လိုက်ဖမ်းရန် အစောင့်များကို စေလွှတ်ခဲ့သည်။ အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်သောလေးခုမြောက်လောကကြီးအပြင် အခြားလောကကြီးသုံးခုမှ လူများ ထွက်ပေါ်လာ၏။

အလင်းတန်းရှည်တစ်ခုက စစ်မှန်သောယင်းလောက၏အခြေစိုက်နယ်မြေဆီသို့ ဦးတည်နေလေသည်။ ထိုအလင်းတန်းတွင် လူငယ်တစ်ယောက်ပါရှိ၍ သူ့မျက်နှာပေါ်တွင် မည်းမှောင်သောအမူအရာရှိသည်။ သူ့မျက်ခုံးအလယ်မှာ မက်မွန်ပွင့်အမှတ်အသားရှိလေသည်။

သူက အမိန့်ကို လက်ခံရရှိပြီး ဤကိစ္စနှင့် ပတ်သက်၍ စစ်မှန်သောအာဏာပိုင်လေးဦးကိုပြောပြရန် အခြေစိုက်နယ်မြေသို့ သွားနေသည်။ထိုသူက မိုစု၏ဆု၏ဇာစ်မြစ်နှင့်နတ္ထိအနှစ်သာရနယ်မြေသို့ မည်ကဲ့သို့ ပို့ဆောင်ခံရပုံ၊ မိုစုလာခဲ့သောလောကအစစ်နှင့်ကျူးလွန်ခဲ့သောရာဇဝတ်မှုများကို စစ်ဆေးရန် ရောက်ရှိလာခဲ့ခြင်းဖြစ်၏။

All Chapters