← Chapters

လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူကြောင့် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ရလာတယ်

Vol. 58 Ch. 806

လောကအသူရာနတ်ဘုရားနယ်ပယ်ကျင့်ကြံသူကြောင့် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ရလာတယ်

Vol. 58 Ch. 806

နတ္ထိအနှစ်သာရနယ်မြေက

ရတနာဘူးသီးခြောက်ပုံစံကဲ့သို့ တည်ရှိသည်။

ဘူးသီးခြောက်၏ထိပ်ပိုင်းမှာ နတ္ထိအနှစ်သာရနယ်မြေကို စောင့်ကြပ်နေသော‌မဟာလောကကြီးလေးခုမှ အင်အားစုများ၏အဓိပင်မစခန်းဖြစ်၏။

ထိုနေရာက တင်းမာသောလေထုဖြင့် ပြည့်နှက်နေပြီး များသောအားဖြင့် မရဏအငွေ့အသက်များဖြင့် တိတ်ဆိတ်စွာ ဖုံးလွှမ်းထားသည်။ မဟာလောကကြီးလေးခုမှ စစ်မှန်သောအစောင့်များသည်ပင် ဆင့်ခေါ်ခြင်းမခံရပါက ဤနေရာသို့ ခြေတစ်လှမ်းမျှပင် ဝင်ရောက်ခွင့်မပြုပေ။

ဤစည်းမျဉ်းကို ဆန့်ကျင်သူများအားလုံးကို ကြီးလေးသောရာဇ၀တ်မှုကျူးလွန်သည်ဟု ယူဆပြီး နတ္ထိအနှစ်သာရနယ်မြေသို့ နှင်ထုတ်ခံရမည်ဖြစ်သည်။

ပင်မအခြေစိုက်နေရာအတွင်းတွင် အလွန်ကြီးမားသောဝဲဂယက်တစ်ခုရှိလေသည်။ ထိုဝဲဂယက်က အဆက်မပြတ် လည်ပတ်နေသော်လည်း အသံထွက်မလာပေ။ အဝေးမှကြည့်လျှင် ဝဲဂယက်မှ တောက်ပသော အလင်းရောင်များမှာ ကြယ်ပင်လယ်ကဲ့သို့ ထင်ရသည်။ မည်သူမဆို အနီးကပ်ကြည့်လျှင် ကြယ်ပင်လယ်ကို ဖန်ဆင်းပေးသောအရာများမှာ ကျင့်ကြံခြင်းဂြိုလ်များဖြစ်ကြောင်း တွေ့ရလိမ့်မည်။ မရေမတွက်နိုင်သော ကြယ်များဖြင့် ဖွဲ့စည်းထားသော ဧရာမ

ဝဲဂယက်ကြီးဖြစ်သည်။ မြင်သူတိုင်းက ပါးစပ်အဟောင်းသားဖြစ်ပြီး တုန်လှုပ်သွားကြသည်။

ထိုအချိန်တွင် ဝဲဂယက်မှ ပင်မအခြေစိုက်နေရာသို့ အရှိန်တင်နေသောအလင်းတန်းရှည်တစ်ခု ရှိလေသည်။ ထိုအလင်းတန်းရှည်က နီးကပ်လာသည်နှင့်

မျက်ခုံးအလယ်တွင် မက်မွန်ပွင့်အမှတ်အသားရှိသောလူငယ်တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည်။သူ့က လေးစားသောမျက်နှာထားဖြင့် ဝဲဂယက်ဘက်သို့ လက်သီးကို လက်ဖဝါးဖြင့် ရစ်ပတ်ကာ ဦးညွှတ်လိုက်သည်။သူက ထိုအနေအထားတွင် အချိန်အတော်ကြာ နေခဲ့ရပြီး ခါးကို ပြန်မမတ်ခဲ့ပေ။

ဤကြီးမားလှသောဝဲဂယက်နှင့် နှိုင်းယှဉ်ပါက သူ၏တည်ရှိမှုက ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင်။ သူက လုံးဝသေးနုပ်သောလူသားတစ်ယောက်ပင်ဖြစ်သည်။

အချိန်များက တရွေ့ရွေ့ကုန်ဆုံးသွားလေသည်။ နာရီပေါင်းများစွာ ကုန်ဆုံးသွားသော်လည်း ထိုလူငယ်က ဦးညွှတ်လျက် မလှုပ်ရှားဘဲ ငြိမ်ငြိမ်နေကာ စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သူကနေရာတွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။

ထိုစဉ် ဝဲဂယက်၏လည်ပတ်မှုအရှိန်ကအနည်းငယ် ပိုမြန်လာသည်။ ကျင့်ကြံခြင်းဂြိုလ်တစ်လုံးက ဝဲဂယက်မှထွက်ခွာကာ အပြင်ဘက်သို့ ဦးတည်လာလေသည်။၎င်းက လောကကြီးကို ဖျက်ဆီးနိုင်သောအရှိန်အဝါနှင့်အတူ လူငယ်လေးရှိရာကို ဦးတည်လာလေ၏။

ဂြိုလ်က လူငယ်ရှေ့တွင်ရပ်တန့်သွားပြီး အေးစက်ခက်ထန်သောအသံတစ်ခုထွက်ပေါ်လာသည်။

“လာခဲ့...”

ထိုအသံတွင် စကားလုံးတစ်လုံးတည်းသာ ပါသော်လည်း လောကကြီးထဲရှိ မည်သူမျှ မခုခံနိုင်သောစွမ်းအားကြီးတစ်ရပ် ပါဝင်၏။

ထိုအချိန်တွင် မျက်ခုံးအလယ်ဗဟိုတွင် မက်မွန်ပွင့်အမှတ်အသားရှိသော လူငယ်က ခါးကိုပြန်မတ်ပြီး ထိုဂြိုလ်ထဲသို့ ဝင်ရောက်သွားလေသည်။ ခဏအကြာတွင် သူက ထိုဂြိုလ်ပေါ် ခြေချခဲ့ပြီး သူ့ရှေ့တွင် ကျယ်ပြန့်သော သဲကန္တာရတစ်ခုဖြစ်သည်။

လူငယ်က အဝေးရှိကြီးမားသော ခန်းမကြီးကိုယောင်ဝါးဝါး မြင်နေရသည်။ ထိုခန်းမကြီးက နီညိုရောင်ရှိပြီးသဲကန္တာရထဲမှာ ခမ်းနားစွာတည်ရှိလေသည်။ ထိုခန်းမပတ်လည်တွင် လေပွေများ လည်ပတ်နေပြီး သဲမုန်တိုင်းတစ်ခုဖြစ်ပေါ်လာသည်။

သဲကန္တာရထဲရှိ ခန်းမရှေ့မှာ ရပ်နေသော ပုံရိပ်တစ်ရာနီးပါးကို တွေ့နိုင်သည်။

ထိုပုံရိပ်များအားလုံးက ကျင့်ကြံသူများဖြစ်၏။သူတို့က ယောက်ျား၊ မိန်းမ၊ သက်ကြီးရွယ်အိုနှင့် ငယ်ရွယ်သူများဖြစ်သည်။ သူတို့က သဲကန္တာရနှင့် ဆန့်ကျင်ဘက်သို့ မျက်နှာမူကာ ဖြည်းညှင်းစွာ ရှေ့သို့ တွားသွားကြသည်။

သူတို့က စုတ်ပြတ်သောအဝတ်များဝတ်ဆင်ထားသော်လည်း ခန်းမဆီသို့ အရူးအမူးသွားနေကြလေသည်။

မျက်ခုံးအလယ်ဗဟိုတွင် မက်မွန်ပွင့် အမှတ်အသားရှိသော လူငယ်က အဝေးက ခန်းမကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ကို သဲများဖြင့်ဖုံးကာ ဖြည်းညှင်းစွာ ဝပ်နေလိုက်သည်။ ထို့နောက် သူက အခြားလူများကဲ့သို့ပင် ရှေ့သို့ တွားသွားခဲ့သည်။

သူ့ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။ ထိုနေရာတွင် လေတဝှီးဝှီးတိုက်သံများအပြင် အခြားအသံများလဲ မကြားရပေ။ သဲကန္တာရတွင် ရှေ့သို့တွားသွားနေသောမြေပြင်ပေါ်ရှိလူများအားလုံးကြောင့် လေထုက ထူးဆန်းနေလေသည်။ သို့သော် အခြားသူများအားလုံးရှေ့ရှ်ိကျင့်ကြံသူတစ်ဦးက ခန်းမအနီးသို့ ရောက်နေပြီဟု ထင်ရသော်လည်း

ထိုသူက ခန်းမကို မမြင်နိုင်သလိုပင် ရှေ့သို့ ဆက်သွားနေသေးသည်။

ခန်းမနှင့်အကွာအဝေးက သူတို့တစ်ဦးစီအတွက် ကွဲပြားပုံပေါ်သည်။

မျက်ခုံးအလယ်ဗဟိုတွင် မက်မွန်ပွင့် အမှတ်အသားရှိသော လူငယ်က ရှေ့သို့ ဆက်လက်တွားသွားလေသည်။ ထို့နောက် သူ့ ၀တ်ရုံများ စုတ်ပြဲသွားကာ မီးလောင်ခံထားရသည့် အရိပ်အယောင်များ ပြသလာသည်။ သူ့ဆံပင်များ ဖွာလန်ကြဲနေသော်လည်း သူ့မျက်လုံးထဲတွင် ပြတ်သားသောဆုံးဖြတ်ချက်ရှိနေလေသည်။ နှစ်နာရီကြာပြီးနောက် သူက ခန်းမဆီသို့ အရောက်သွားနိုင်ခဲ့သည်။

သူက အသက်ပြင်းပြင်းရှုရှိုက်ပြီးနောက် မတ်တပ်ထလိုက်သည်။ ထို့နောက် ခန်းမထဲသို့ လမ်းလျှောက်သွားလေသည်။

ခန်းမကြီးက ဗလာဖြစ်နေပြီး စားပွဲတစ်လုံးနှင့်မီးအိမ်သာ ရှိလေသည်။ မီးအိမ်ထဲရှိမီးတောက်က အနည်းငယ်ယိမ်းထိုးနေသည်။ ထို့မီးတောက်ထဲမှာ ထူးဆန်းသောအပြုံးများရှိနေသောမျက်နှာများစွာ တစ်လှည့်စီပေါ်လာလေသည်။

ထို့နောက် ခန်းမထဲရှိမီးတောက်များမှ တဖျစ်ဖျစ် မြည်သံများ ထွက်ပေါ်လာသည်။ စားပွဲပေါ်ရှိ မီးအိမ်အပြင် ဘေးမှာ ဝါးလိပ်တစ်ခုလဲ ရှိနေ၏။ မီးအိမ်အောက်မှာ ဝါးလိပ်တစ်ဝက်လောက်က ဖြန့်ပြီးသားအနေအထားတွင်ရှိပြီး ထိုထဲမှာ ရှေးဟောင်းတည်ရှိမှုတစ်ခု ပျံ့နှံ့လာသည်။

“ကျုပ်.. တာအိုရမ် စစ်မှန်တဲ့ယင်းလောကက နဝမအဆင့်အစောင့်တပ်ရဲ့စစ်သူကြီး ဟော်ကျူးကို နှုတ်ဆက်ပါတယ်..”

လူငယ်က ဒူးထောက်ပြီး မြေပြင်ပေါ်ရှိကျောက်တုံးကိုလက်တစ်ဖက်တင်ကာ

လေးလေးစားစားနှုတ်ဆက်လိုက်သည်။

“ပြောပါ”

အေးစက်သောရှေ့ဟောင်းအသံက မီးအိမ်ပေါ်ရှိ မီးတောက်များမှ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် မီးအိမ်ပေါ်မှ မျက်နှာများ ပြောင်းလဲမှုရပ်တန့်သွားသည်။ ညစ်ကျယ်ကျယ်အပြုံးနှင့်အတူအမျိုးသမီးတစ်ဦး၏မျက်နှာပေါ်လာလေသည်။

“ဒီလူကို ကြက်သွေးရောင်မီးလျှံဂြိုလ်မှာ

ပထမဆုံးရှာတွေ့ခဲ့တယ်…”

လူငယ်က ခေါင်းမမော့ရဲဘဲ မိုစုအကြောင်း သူသိထားသမျှကို ပြန်ပြောလိုက်သည်။

“ ဒီနှိမ်ကျတဲ့အစောင့်..(ကျုပ်)က ဟိုးရှေးရှေးတုန်းက လူဝင်စားတဲ့ကျမ်းလိပ်တွေထဲမှာ မိုစုရဲ့ဇာတ်မြစ်ကို ရှာပေးစေချင်ပါတယ်..ပြီးတော့ သူကိုယ်တိုင် ကျုပ်တို့ရှေ့ပေါ်လာဖို့ မျှားခေါ်တဲ့အစီအစဉ်ကို ဆွဲပေးပါ...”

လူငယ်က စကားပြီးသောအခါတွင် သူ့အသံက အချိန်အတော်ကြာသည့်အထိ ပဲ့တင်ထပ်နေလေသည်။

အချိန်အတော်ကြာပြီးနောက် မီးအိမ်ပေါ်ရှိ အမျိုးသမီးထံမှ အေးစက်သောအသံတစ်ခုပျံ့နှံ့လာသည်။

“ဒီလူမှာ လူဝင်စားခြင်း သံသရာထဲမှာ မရှိဘူး...”

လူငယ်က ခဏတာ အံ့အားသင့်သွားကာ သူ့အမူအရာ ချက်ချင်းပြောင်းသွားသည်။ ခဏအကြာတွင် သူက အံကြိတ်ကာ ထပ်ပြောလိုက်သည်။

“ဒီလူက အနောက်ငွေ့ရည်တိမ်တိုက်ဂြိုလ်မှာ ရှိနေသေးတယ်..သူက နည်းလမ်းတစ်ခုကိုသုံးပြီး ကြီးမြတ်တဲ့ချိပ်ပိတ်မှော်အစီအရင်နဲ့ပေါင်းစပ်ထားတယ်..သူက မှော်အစီအရင်ရဲ့စွမ်းအားကို ငှားသုံးပြီး အခြားသူတွေကို နှိမ်နင်းဖို့ သုံးခဲ့တယ်..ကျုပ်အနေနဲ့ ငွေ့ရည်တိမ်တိုက်ဂြိုလ်မှာရှိတဲ့ အခြားနဂါးငွေ့တန်းတွေကိုသွားနိုင်တဲ့နယ်နမိတ်တွေအားလုံးကို ပိတ်ဆို့ပေးဖို့တောင်းဆိုပါတယ်..ပြီးတော့ ကြီးမြတ်တဲ့ချိပ်ပိတ်မှော်အစီအရင်ကို ပိတ်သွားအောင်လုပ်ပေးပါ..”

“မင်းကို ဖယောင်းတိုင်က မီးတောက်တစ်ခု ပေးမယ်.. မီးတောက်ကိုမငြိမ်းအောင်လို့ မင်းရဲ့အသက်စွမ်းအားတွေကို လောင်ကျွမ်းမှရမယ်..ကံကြမ္မာက မင်းကို ဒီလူကို ရှာဖို့လမ်းပြပေးလိမ့်မယ်..မင်းကို အခွင့်အရေးတစ်ကြိမ်ပေးမယ်..ငါ ကြီးမြတ်တဲ့မှော်အစီအရင်ကို ရပ်သွားအောင်လုပ်ပေမယ်..ဒါပေမဲ့ အချိန်သုံးလထက်တော့ ပိုမရဘူး..”

ထို့နောက် မီးခွက်ထဲရှိမီးတောက်များ တုန်ခါသွား၏။တစ်ချိန်တည်းမှာပင်မက်မွန်ပွင့်အမှတ်အသားရှိသော လူငယ်လေးက ပြင်းထန်စွာ တုန်လှုပ်လာသည်။

မီးတောက်များက သူ့ခန္ဓာကိုယ်ကို ချက်ချင်း လောင်ကျွမ်းသွားသည်။ မီးတောက်များက သူ့အပေါ်စီးဆင်းနေသောရေကဲ့သို့ ရွေ့လျားနေသည်။ သူ့ဆံပင်များကလဲ လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး မီးတောက်များ ပြန့်လွင့်သကဲ့သို့ ထင်ရသည်။

သူ၏မျက်ခုံးအလယ်ဗဟိုရှိ မက်မွန်ပွင့်၏ အမှတ်အသားကလဲ ချက်ချင်းပျောက်ကွယ်သွားပြီး မီးတောက်အဖြစ်သို့ ပြောင်းလဲသွားသည်။

“မင်းရဲ့ခန္ဓာကိုယ်က ဖယောင်းတိုင်ဖြစ်ပြီး မင်းဘဝက မီးတောက်ပဲ.. မင်း... အခုထွက်သွားလို့ရပြီ”

လူငယ်လေး၏ခန္ဓာကိုယ်က သူ့အလိုဆန္ဒနှင့် ဆန့်ကျင်ဘက်ဖြစ်သွားသည်။ သူက

ခန်းမ၊သဲကန္တာရနှင့် ဂြိုလ်အပြင်ဘက်ရောက်သွားသောမီးလုံးကြီးတစ်ခုအဖြစ် ချက်ချင်းပင် ပြောင်းလဲသွားသည်။ ထို့နောက် သူက နဂါးငွေ့တန်းထဲမှာ ပြန်ပေါ်လာလေသည်။ သူ့ရှေ့သို့ ဂြိုလ်က ဝဲဂယက်ထဲတွင် ပျောက်ကွယ်သွားကာ ၎င်းအတွင်းရှိ ဂြိုဟ်များစွာထဲမှ တစ်ခုဖြစ်လာခဲ့သည်။

“သူက လူဝင်စားခြင်းသံသရာထဲမှာ မရှိဘူး..ဒါဆို သူက အထူးနည်းလမ်းတစ်ခုသုံးပြီး ဒီနေရာကို ပို့ခံလိုက်ရတဲ့လူပဲ..နေအုံး..ငါ ‌ဘာလို့ ဒီလူရဲ့တည်ရှိမှုကို အာရုံခံမိနေတာလဲ...”

“အမြဲတမ်း ဒုက္ခပင်လယ်ထဲ နစ်မြုပ်သွားပြီး ကျိန်စာမိနေမဲ့ ငှက်စုတ်..လူတွေ အကြိမ်ပေါင်း သန်းနဲ့ချီပြီး သတ်ချင်နေတဲ့ ငှက်စုတ်...”

လူငယ်လေး နဂါးငွေ့တန်းထဲသို့ ပြန်ရောက်ပြီးနောက် ရှေးဟောင်းအသံ၏ကျိန်ဆဲမှုကို ကြားလိုက်ရသည်။

ထိုအသံက လေထဲတွင် ပဲ့တင်ထပ်နေချိန်ခန်းမအတွင်းရှိ ဆီမီးအိမ်မှ ပြင်းထန်သော အက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ အဆုံးမရှိသောမျက်နှာများက မီးတောက်များပေါ်တွင် ချက်ချင်း ပေါ်လာပြီး ခန်းမတစ်ခုလုံး ပြည့်နှက်သွားလေသည်။ ထို့နောက် မီးတောက်များက ကျင့်ကြံခြင်းဂြိုလ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ချက်ချင်းပင် လောင်ကျွမ်းသွားတော့သည်။

“ဟက်ချိူးးး...ဟက်ချိူးးး...ဟက်ချိူးးး...”

ကြိုးကြာငှက်က ဥက္ကာခဲပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေ၏။ သူ့ခြေသည်းများတွင် သလင်းကျောက်များရှိနေသည်။ သူက သုံးကြိမ်ဆက်တိုက်နှာချေမိသော်လည်း သူ့မျက်နှာက ‌အလွန်ကျေနပ်နေပုံပေါ်လေသည်။

“တစ်ယောက်ယောက်က ငါ့အကြောင်းကို ပြောနေတာပဲ..ငှက်တစ်ကောင်အနေနဲ့ ငါ သိုသိုသိပ်သိပ်နေမှရတော့မယ်..

တကယ့်ကို တိတ်တိတ်လေးနေရမယ်..လူတွေရဲ့စိတ်ထဲမှာ ငါ့ကိုမှတ်မိနေလို့မဖြစ်ဘူး..ဟက်ချိုးးးး...”

ကြိုးကြာငှက်က သူ့စကားမဆုံးမီ နှာချေပြန်သည်။ ယခုတစ်ခါတော့ သူ စိတ်ဆိုးသွားလေသည်။

သူ မတ်တပ်ထရပ်ပြီး သူ့အလိုလို ပတ်ဝန်းကျင်ကို အဆက်မပြတ်ကြည့်နေသည်။ ထိုစဉ် သူ့မျက်လုံးထဲမှာ ပြင်းထန်သော အကြည့်တစ်ခု ပေါ်လာသည်။

“ငါ့အကြောင်း ဘယ်သူမကောင်းပြောနေတာလဲ..မင်းတို့ ပြန်ပေးဆပ်ရမယ်ကွ..”

ကြိုးကြာငှက်က ဒေါသထွက်နေစဉ်

မီးလျှံဂြိုလ်သခင်က အနှောင့်အယှက်မပေးဝံ့တော့ဘဲအလိုလို ခေါင်းငုံ့လိုက်သည်။ သူ့စိတ်ထဲတွင် ငှက်ကို ဒဏ္ဍာရီလာသားရဲဖြစ်သည်ဟု တထစ်ချယုံကြည်ထားပြီး ငှက်နှင့်မပေါင်းဝံ့ဖြစ်နေသည်။ ထိုသားရဲနှင့်ပတ်သတ်သောကောလဟာလများကို မှတ်မိပြီး ၎င်းနှင့်ပတ်သတ်သူများမှာ ဇာတ်သိမ်းမလှ‌ခဲ့ပေ။

ဥက္ကာခဲကနဂါးငွေ့တန်းကိုဖြတ်၍ ပျံသန်းသွားလေသည်။ မီးလျှံဂြိုလ်သခင်က စုမင်ကို ကာကွယ်ပြီး ငှက်ကတော့ ဒေါသတချောင်းချောင်းထွက်နေလေသည်။ ထိုစဉ် စုမင်၏ခန္ဓာကိုယ်များ မီးတောက်များက ပို၍ကြီးမားလာသည်။ မီးတောက်များက သူ့အသွေးအသားတိုင်းကို လောင်ကျွမ်းစေခဲ့သည်။ သူ့အရေပြား၊ သူ့ကိုယ်တွင်းအင်္ဂါများနှင့်သူနှင့်ပတ်သက်သော အရာအားလုံးမှာ မီးလောင်ပျက်စီးသွားသည်။

သူ့ခန္ဓာကိုယ်က ညှိုးနွမ်းနေပြီး ခြောက်သွေ့နေသော သစ်ငုတ်တိုနှင့်တူလေ၏။

နောက်ထပ် အချိန်တစ်လခွဲကြာသွား၏။ စုမင်က တုပ်တုပ်မှ မလှုပ်ပေ။ သူ့အရေခွံများ အကုန်ကွဲကျလာသည်။ သို့သော် သူ့အပေါ်တွင် မီးတောက်များမရှိတော့သလို ထင်ရသည်။ လွန်ခဲ့သည့် ခုနှစ်ရက်က သူ့ခန္ဓာကိုယ်ပေါ်ရှိ မီးပင်လယ်က သူ့ကိုယ်ထဲသို့ တဖြည်းဖြည်းနစ်ဝင်သွားခဲ့သည်။

စုမင်၏ခန္ဓာကိုယ်ပေါ်ရှိ မရဏအငွေ့အသက်က ပို၍ပင် ထူထဲလာသည်။ တစ်နေ့မှာတော့ သူ့၏အရေပြားက‌‌နေ အက်ကွဲသံများ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် မီးလျှံဂြိုလ်သခင်က လေးနက်သောအကြည့်ဖြင့် သူ့ဆီသို့ လှမ်းကြည့်လိုက်သည်။ ငှက်၏အကြည့်ကလဲ စုမင်ပေါ်သို့ ရောက်သွားသည် ။

စုမင်၏ကွဲအက်နေသောအရေပြားက ထပ်မံကွဲအက်သွားပြန်သည်။တစ်ချိန်တည်းမှာပင် စုမင်က သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ သူ့မျက်လုံးများမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်ကာ အရာအားလုံးကို ခြိမ်းခြောက်နေသကဲ့သို့ထင်ရသည်။ သူ့မျက်လုံးကို ဖွင့်လိုက်စဉ်တွင် တ‌ဖျောက်ဖျောက်မြည်သံများက ပို၍အားကောင်းလာသည်။ နောက်ဆုံးတွင် ကွဲအက်နေသော အရေပြားကရွှေရောင်ဖျော့ဖျော့ အသားအရေကို ဖော်ထုတ်ရန် ကွာကျသွားသည်။ စုမင်၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော ရွှေရောင်အလင်းတန်းများက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီးမှ အနည်းငယ် မှေးမှိန်သွားသည် ။

စုမင်က အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့ပတ်ဝန်းကျင်ရှိ နဂါးငွေ့တန်းက ချက်ချင်းပင် တုန်ခါလာပြီး ဥက္ကာပျံတစ်ဝိုက်တွင် မီးပင်လယ်တစ်ခု ပေါ်လာသည်။ မီးပင်လယ်က တရှဲရှဲမြည်သံဖြင့် လောင်ကျွမ်းပြီး ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပျံ့နှံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်း ပေငါးသောင်းရှိသောဧရိယာကို ဖုံးလွှမ်းသွားသည်။

လောကမှော်ယာဉ်ပျံနယ်ပယ်ဧ။် တည်ရှိမှုကထိုပေငါးသောင်းဧရိယာအတွင်း ပျံ့နှံ့သွားလေသည်။ ယခုတစ်ကြိမ်တွင် စုမင်က မှော်အစီအရင်၏စွမ်းအားကို ချေးငှားခြင်း မဟုတ်ဘဲ သူ၏ခန္ဓာကိုယ်

တစ်ခုတည်းဖြင့် လောကမှော်ယာဉ်ပျံစွမ်းအားကို ရောက်နိုင်ခဲ့သည်။

“လောကမှော်ယာဉ်ပျံနယ်ပယ်စွမ်းအား”

စုမင်က ဥက္ကာပျံပေါ်တွင် မတ်တပ်ရပ်လိုက်သည်။ ကျယ်လောင်သောပေါက်ကွဲသံများက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ စုမင်က သူ့လက်သီးကို

ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း ပေငါးသောင်းရှိသော မီးတောက်ပင်လယ်ကြီးက ချက်ချင်း နောက်ပြန်ကျသွားသည်။ ထို့နောက် မီးပင်လယ်ကြီးက ကျုံ့သွားကာ သူ့လက်ဖဝါးပေါ်သို့ စုရုံးရောက်ရှိသွားသည်။

“ဒါက ငါ့ရဲ့ကိုယ်ပိုင် စွမ်းအားပဲ.. ငါ့ရဲ့ ခန္ဓာကိုယ်က လောကမှော်ယာဉ်ပျံနယ်ပယ်ရောက်လာတယ်..”

စုမင်က မျက်လုံးမှိတ်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူ့မျက်လုံး

ပြန်ဖွင့်လိုက်သောအခါတွင် သူ့နှုတ်ခမ်းတွင် အပြုံးတစ်ခုထင်ရှားလာသည်။ ထိုအပြုံးက အနည်းငယ် ခါးသီးပြီး ဝမ်းနည်းနေပုံ ပေါ်၏။ သူ မာန်ပြည်ထောင်မှာ ရှိစဉ်က အခုလိုစွမ်းအားမျိုးရှိခဲ့လျှင် ယခုအချိန်မှာ အရာအားလုံးကကွဲပြားသွားလိမ့်မည်။

All Chapters