ကြီးမြတ်တဲ့ချိပ်ပိတ်မှော်အစီအရင်ရပ်သွားအောင် ပြုလုပ်ခြင်း
Vol. 58 Ch. 807
“မကြာခင် ငါ့ရဲ့ကိုယ်ပွားတစ်ခုကို ရှာမှဖြစ်တော့မယ်..မဟာလောကကြီးလေးခုပဲဖြစ်ဖြစ် ငါးခုမြောက်လောကကြီးပဲဖြစ်ဖြစ် အရေးမကြီးဘူး..ဒီလိုရုပ်ခန္ဓာက လောကမှော်ယာဥ်ပျံနယ်ပယ်ဖြစ်လာတဲ့သူတွေ အများကြီးရှိတယ်. ရှားရှားပါးပါးတော့မဟုတ်ဘူး..”
“ပိုတိတိကျကျပြောရရင်..ရုပ်ခန္ဓာက လောကမှော်ယာဉ်ပျံနယ်ပယ်အဆင့်ကိုရောက်သွားတဲ့သူတွေကို ဘယ်သူမှအရေးတယူမပြောကြဘူး..အမှန်တော့ မင်းရဲ့ကျင့်ကြံဆင့်က လောကမှော်ယာဉ်ပျံနယ်ပယ်မရောက်သေးဘူး..မင်းရဲ့ရုပ်ခန္ဓာက လောကမှော်ယာဉ်ပျံကနဦးအဆင့်ရှိသူတွေရဲ့နတ်စွမ်းရည်တွေကို ဒါဏ်ရာမရဘဲ ခုခံနိုင်တယ်...မင်းရဲ့ချီစွမ်းအားက လောကမှော်ယာဉ်ပျံအရှင်သခင်စွမ်းအားတွေကို အသုံးချပြီးလောကအသူရာနတ်ဘုရားနယ်ပယ်ရောက်အောင် လုပ်လို့ရတယ်...”
“မင်းက လောကမှော်ယာဉ်ပျံနယ်ပယ်ရှိတဲ့လူတွေရဲ့စွမ်းအားတွေကိုဝါးမျိုဖို့
ပုံရိပ်ဝါးမျိုခြင်းစွမ်းရည်ကို ဆက်ပြီးအသုံးပြုရမှာပဲ..မင်း နည်းနည်းပိုအားကြီးလာတာနဲ့ ကျင့်ကြံခြင်းဂြိုလ်တွေရဲ့အနှစ်သာရကို ဝါးမျိုလို့ရပြီ...”
“ဒါပေမဲ့ ဒါက ရေရှည်တော့မရဘူး..တကယ့်လောကမှော်ယာဉ်ပျံနယ်ပယ်ရှိသူဟာ ကျင့်ကြံခြင်းဂြိုလ်ရဲ့အနှစ်သာရရဲ့အသိအမှတ်ပြုမှုကို ရယူနိုင်တဲ့သူပဲ..အဲဒီသူက လောကတစ်သောင်းစီကအသိအမှတ်ပြုမှုကို ရရင် သူ့ရင်ထဲမှာ ကံကြမ္မာမှော်စက်ဝန်းနယ်ပယ်ရဲ့အနှစ်သာရစွမ်းအား ပေါက်ဖွားလာလိမ့်မယ်..ဒါက စစ်မှန်ပြီးကြီးမြတ်တဲ့တာအိုသဘောတရားပဲ...မင်းရဲ့ကျင့်ကြံဆင့်က အသူရာနတ်ဘုရားနယ်ပယ်ကိုရောက်မှသာ အဲဒီ့ကြီးမြတ်တဲ့လမ်းစဉ်ကို လျှောက်လှမ်းနိုင်မှာ...”
“မင်းရဲ့ ရုပ်ခန္ဓာက ဒီလမ်းစဥ်ကိုလျှောက်လှမ်းနိုင်အောင်ကူညီပေးမဲ့အရာပဲ..မင်းရဲ့ကနဦးကျင့်ကြံစွမ်းအားက လောကမှော်ယာဥ်ပျံနယ်ပယ်ထိ သန့်စင်ပြီးသွားတဲ့အခါ မင်းရဲ့ရုပ်ခန္ဓာအကူအညီနဲ့မင်းတကယ် သန်မာလာလိမ့်မယ်...အဲဒီအချိန်မှာ မင်းရဲ့ကျင့်ကြံလမ်းစဉ်က ခိုင်မာလာပြီလို့ ပြောလို့ရတယ်..မင်းရဲ့ စွမ်းအားကို စုဆောင်းပြီး ဒီစွမ်းအားတွေ ပေါက်ကွဲထွက်လာရင် မင်း
က ပြိုင်စံရှားတဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာနိုင်တယ်..”
မီးလျှံဂြိုလ်သခင်က စုမင်ကိုကြည့်ရင်း တိုးညှင်းသောလေသံဖြင့် ပြောလိုက်သည်။
“မင်းရဲ့ကိုယ်ပွားကို အရည်အချင်းရှိတဲ့ကျင့်ကြံသူကိုရွေးဖို့ ငါအကြုံပြုတယ်..မင်း ဒီလိုလုပ်ရင် တခြားဟာတွေ မလိုတော့ဘူး..မင်းပိုင်ဆိုင်ထားတဲ့လူရဲ့ အလားအလာကို အသုံးပြုပြီး မင်းရဲ့လေ့ကျင့်မှုကို အရှိန်မြှင့်နိုင်တယ်...”
“အသူရာဖန်ဆင်းရှင်တွေက စွမ်းအားကြီးလာအောင် သူတို့ကိုယ်ပွားတွေကို လေ့ကျင့်ပေးကြတယ်..အသူရာဖန်ဆင်းရှင်တစ်ယောက်စီက သူတို့ဖန်တီးနိုင်တဲ့ကိုယ်ပွားအရေအတွက်က ကွဲပြားတယ်..
မင်း ဖန်တီးနိုင်တဲ့ကိုယ်ပွားအရေအတွက်ကကန့်သတ်ချက်ကိုရောက်လာလိမ့်မယ် ..အဲ့နေ့ကျရင် မင်းက အသူရာဖန်ဆင်းရှင်တွေကြားမှာ အပြင်းထန်ဆုံးနတ်ဘုရားစွမ်းရည်ကို အကောင်အထည်ဖော်နိုင်လိမ့်မယ်..အသူရာဖန်ဆင်းရှင်တွေရဲ့ပြောင်းလဲမှု...”
“ဒီစွမ်းရည်နဲ့ မင်းရဲ့ကိုယ်ပွားအားလုံးက
မင်းရဲ့ကိုယ်ခန္ဓာအစစ်အမှန်နဲ့ပေါင်းစပ်သွားရင် မင်းရဲ့အပြင်းထန်ဆုံးတိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ပြနိုင်လိမ့်မယ်..”
“ငါ မှတ်မိသလောက်တော့ ငါးခုမြောက်လောကကြီးထဲမှာရှိတဲ့သူတွေက အသူရာဖန်ဆင်းရှင်ပြောင်းလဲခြင်းစွမ်းရည်ကို ဘယ်သူမှ အကောင်အထည်မဖော်နိုင်သေးဘူး..ဒါပေမဲ့ မျိုးနွယ်စုတစ်ခုချင်းစီးကြားမှာ စွမ်းအားကွဲပြားမှုတွေရှိတယ်..ငါက သူတို့မျိုးနွယ်စုထဲကမဟုတ်လို့ အသေးစိတ်တော့မသိဘူး..”
“ဒါပေမဲ့ ငါးခုမြောက်လောကကြီးရဲ့အချုပ်အခြာအာဏာပိုင်တစ်ယောက်ဖြစ်တဲ့မင်းရဲ့ဘိုးဘေးက မဟာလောကကြီးလေးခုက အင်အားကြီးကျင့်ကြံသူကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ ငါကြားဖူးတယ်...အဲဒီကျင့်ကြံသူက ကံကြမ္မာ၊ သေခြင်း နဲ့ရှင်ခြင်းကို ထိန်းချုပ်နိူင်တယ်..ပြီးတော့ သူ့ကိုယ်ပွားတွေကိုစုစည်းပြီး အသူရာဖန်ဆင်းရှင်ပြောင်းလဲခြင်းစွမ်းရည်ကို ထုတ်သုံးနိုင်ခဲ့တယ်..အဲဒါက သူ ကံကြမ္မာ၊ သေခြင်း နဲ့ရှင်ခြင်းကို မထိန်းချုပ်နိုင်တဲ့နယ်ပယ်ကို မရောက်ခင်ကပဲ...”
“ငါတို့ရဲ့အချုပ်အခြာအာဏာပိုင်ဘိုးဘေးက အဲဒီနယ်ပယ်ကိုရောက်တဲ့အခါ အသူရာဖန်ဆင်းရှင်ရဲ့ပြောင်းလဲခြင်းစွမ်းရည်ကို အသက်သွင်းနိုင်ခဲ့တယ်..ပြီးတော့ သူက မဟာလောကကြီးလေးခုကို ဆန့်ကျင်တိုက်ခိုက်နိုင်ခဲ့တယ်...””
မီးလျှံဂြိုလ်သခင်က ထိုစကားများကိုပြောနေရင်း သူ့လေသံမှာ စိတ်လှုပ်ရှားမှု အပြည့်ရှိသည်။ ငါးခုမြောက်လောကကြီးထဲက လူတစ်ယောက်အနေဖြင့် မီးလျှံဂြိုလ်သခင်က ထိုအကြောင်းကို ဂုဏ်ယူဝင့်ကြွားစွာ ပြောပြနေလေသည်။
စုမင်က သူ့လက်သီးကို ကြည့်လိုက်သည် ။ သူ၏လက်ချောင်းများကို ဖြည်းညှင်းစွာ ဖြေလျှော့ပြီး မီးလျှံဂြိုလ်သခင်၏စိတ်လှုပ်ရှားဖွယ်အသံကို နားထောင်နေ၏။ ထို့နောက် သူကအဝေးရှိ နဂါးငွေ့တန်းထဲသို့ စိုက်ကြည့်နေသည်။
“မဟာလောကကြီးလေးခုရဲ့အချုပ်အခြာအာဏာပိုင်ဖြစ်တဲ့ဘိုးဘေးဟာ သူ့ရဲ့အိမ်ကိုတော့ မကာကွယ်နိုင်ခဲ့ဘူး..သူ့လူတွေအကုန်လုံးနီးပါးရှင်းလင်းခံလိုက်ရတယ်...”
“ဒီကြီးမားတဲ့နဂါးငွေ့တန်းကြီးမှာ ကံကြမ္မာ၊ ဘဝနဲ့သေခြင်းတရားတွေကို ထိန်းချုပ်နိုင်တဲ့အခြေအနေထက်ကျော်လွန်ပြီး သက်ရှိအားလုံး၏ဘဝကို ဆုံးဖြတ်ပေးနိုင်သည့် နယ်ပယ်တစ်ခုရှိလာအုံးမလား..ဒီစွမ်းအားက ကံကြမ္မာ၊ ဘဝနဲ့ သေခြင်းတရားတွေကို ထိန်းချုပ်နိုင်တဲ့သူတွေကို သတ်နိုင်ပါ့မလား.. “
စုမင်က နဂါးငွေ့တန်းကို ငေးမောကြည့်ရင်း ထိုအတွေးက သူ့ခေါင်းထဲမှာ ပေါ်လာလေသည်။
“အဲဒီလူတွေနဲ့ယှဉ်ရင် ငါက ပုရွက်ဆိတ်တစ်ကောင်လို အားနည်းနေသေးတယ်”
စုမင်က နှုတ်ဆိတ်သွားလေသည်။
ခဏအကြာတွင် သူက မေးခွန်းတစ်ခုကို မေးလိုက်သည်။
“ကျုပ်ရဲ့ဘိုးဘေးမှာ ကိုယ်ပွားဘယ်နှစ်ယောက်ရှိလဲ...”
“သူ့မှာ ကြီးကျယ်ခမ်းနားတဲ့ ကိုယ်ပွားခြောက်ယောက်ရှိပြီး သူတို့အားလုံးက မယုံနိုင်လောက်အောင် အစွမ်းထက်တယ်”
မီးလျှံဂြိုလ်သခင်က ချက်ချင်းပြန်ဖြေလေသည်။
စုမင်၏မျက်လုံးများက ဖျတ်ခနဲလင်းလက်လာသည်။ မမြင်နိုင်ပြီးပြင်းထန်သော ဖိအားတစ်ခုက သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့သွားသည်။ ထိုအချိန်တွင် ထွက်လာသော စွမ်းအားလှိုင်းများက စုမင်၏နှလုံးသားကို ပြင်းထန်စွာ လှုပ်ရှားစေခဲ့သည်။
“ကျုပ်ရဲ့ဘိုးဘေးကတောင် သူ့အိမ်နဲ့သူ့လူတွေကို မကာကွယ်နိုင်ခဲ့ဘူး..သူ သေသွားတာလဲ ဖြစ်နိုင်တယ်...”
“ငါးခုမြောက်လောကကြီးက စုတ်ပြတ်နေတဲ့လောကကြီးအသွင်ပြောင်းသွားပြီး အဲဒီကလူတွေလဲ ဖိနှိမ်ခံခဲ့ရတယ်..
“ဘာကြောင့် မဟာလောကကြီးလေးခုက ပူးပေါင်းပြီး ငါးခုမြောက်လောကကြီးကိုတိုက်ခိုက်ခဲ့တာလဲ..ဘာအကြောင်းပြချက်ကြောင့် ငါးခုမြောက်လောကကြီးကိုဖျက်ဆီးခဲ့ရတာလဲ..ကြည့်ရတာတော့ သူတို့ရဲ့အဓိက ပစ်မှတ်တွေက အသူရာဖန်ဆင်းရှင်တွေပဲ...”
“ငါက ကံကြမ္မာရဲ့ ရုပ်သေးရုပ်ဖြစ်နေတာ တော်လောက်ပြီ..အတိတ်က တိထျန်းဟာ ငါ့ကိုထိန်းချုပ်ခဲ့တယ်..အခု ယင်းမရဏနယ်မြေက ငါ့ကို ထိန်းချုပ်နေတယ်..အနာဂတ်မှာ ငါ့ကံကြမ္မာကို ငါမသေမချင်း ထိန်းချုပ်မယ့် တခြားသူတွေ ရှိလိမ့်မယ်...”
“ငါ ဆက်ပြီး အထိန်းချုပ်မခံချင်တော့ဘူး..ငါ့ကံကြမ္မာကို ငါကိုယ်တိုင်ထိန်းချုပ်ချင်တယ်..ငါ့ရဲ့ဆန္ဒကို ဘယ်အရာကမှ မထိခိုက်စေရဘူး..ငါကာကွယ်ချင်တဲ့လူတွေကို ထာဝရလုံခြုံစေချင်တယ်။ သန်မာချင်တယ်...”
“ငါ အင်အားကြီးတဲ့သူတစ်ယောက်ဖြစ်ရမယ်..ငါ အဆုံးမဲ့သန်မာမှသာ..ငါ့ဘိုးဘေးရဲ့အဆင့်ထက်သာလွန်မှသာ ငါ့လူတွေနဲ့ ငါတန်ဖိုးထားရတဲ့အိမ်ကို အမှန်တကယ် ကာကွယ်နိုင်မှာ...ဒါမှ ငါက ငါဖြစ်မှာပေါ့...”
စုမင်၏ မျက်လုံးများရှိ တောက်ပသော အလင်းရောင်က ပို၍ပင် တောက်ပလာသည်။ အချိန်အတော်ကြာပြီးမှသာ ထိုအလင်းရောင်က ပျောက်ကွယ်သွားပြီး
သူ့နှလုံးသား၏နက်နဲရာမှာ နစ်ဝင်သွားပုံပေါ်သည်။
“သွားကြစို့...ကျုပ်တို့ မင်နက်ရောင်ဂြိုလ်ကိုသွားကြမယ်...”
စုမင်က နဂါးငွေ့တန်းမှ အကြည့်လွှဲလိုက်ပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။
ထို့နောက် ဥက္ကာခဲက နဂါးငွေ့တန်း၏ နက်နဲရာဆီသို့ ဦးတည်သွားသည်။
ရက်အတော်ကြာပြီးနောက် စုမင်က တရားထိုင်ရာမှ ရုတ်တရက် မျက်လုံးပွင့်လာသည်။ ထိုအချိန်တွင် မီးလျှံဂြိုလ်သခင်၏အသံက သူ့စိတ်ထဲသို့ ရောက်ရှိလာသည်။
“စုမင်..ရှေ့မှာ ငါတို့ဆီလာနေတဲ့သူတစ်ယောက်ရှ်ိတယ်..ငါတို့ ဘယ်ရောက်နေမှန်း မသိပေမဲ့ အဲ့လူက ငါတို့နဲ့မှ တိုက်တိုက်ဆိုင်ဆိုင်လာတိုးနေတယ်...”
စုမင်က စကားပြန်မပြောပေ။ သူ့အပေါ်ရှိ
နဂါးငွေ့တန်းကို တစ်ချက်ကြည့်လိုက်ပြီး
မျက်လုံးပြန်မှိတ်လိုက်သည်။ သူက
သတ်ဖြတ်ခြင်းကို နှစ်သက်သူမဟုတ်သလို၊ သူ့ ပင်ကိုယ်စရိုက်မှာ သူ့ကို ရန်မစသရွေ့တိုက်ခိုက်မည်မဟုတ်ပေ။ သို့သော် တစ်စုံတစ်ယောက်က သူ့ကို ရန်စလိုက်လျှင် သူ၏အကျင့်စရိုက်က သူ့ကို ရက်စက်ကြမ်းကြုတ်သော လူအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။
အမွှေးတစ်တိုင်စာ ကုန်ဆုံးသွားပြီးနောက် အလင်းတန်းရှည်တစ်ခုက ရှေ့သို့ အရှိန်တင်လာသည်။ ထိုအလင်းတန်းက ဥက္ကာပျံနှင့် နီးကပ်လာသော်လည်း မရပ်တန့်ခဲ့ပေ။ ထို့နောက် ၎င်းက စုမင်ဘက်သို့ တည့်တည့်တိုးဝင်သွားလေသည်။ ထိုအလင်းတန်းတွင် ဆံပင်ရှည်နှင့် လူငယ်တစ်ယောက်ရှိသည်။ထိုသူက ခရမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ ဝတ်ရုံပေါ်တွင် ရွှေချည်များဖြင့်ရက်လုပ်ထားသောနဂါးပုံတစ်ခု ပါသည်။ ထိုနဂါးပုံမှာ စကားလုံးတစ်လုံးနှင့်တူလေ၏။
စုမင်က လူကို လျစ်လျူရှုခဲ့သည်။ သူသည် မျက်လုံးမှိတ်ကာ တရားထိုင်နေသော်လည်း မကြာမီတွင် မောက်မာထောင်လွှားသောနတ်ဘုရားအာရုံတစ်ခုကထိုနေရာကို ဖြတ်ကျော်သွားသည်။ စုမင်က မျက်မှောင်ကြုတ်လိုက်ပြီး ဖြတ်သွားသောလူငယ်လေးက ရုတ်တရက်ပြန်လှည့်လာသည်။ ထို့နောက် သူက စုမင်ကို လှမ်းကြည့်လိုက်သည်။
သူ့မျက်နှာမှာ စိတ်ရှုပ်ထွေးမှုများရှိနေလေသည်။ ထို့နောက်သူက ခေါင်းယမ်းကာ အမြန်ထွက်ခွာသွားခဲ့သည်။ သူ့မျက်လုံးများတွင် စိတ်လှုပ်ရှားမှုနှင့် သတိထားမှု အရိပ်အယောင်တစ်ခု ရှိနေသည်။ သူက ရှေ့တိုးလာရင်း ကျောက်စိမ်းပြားတစ်ခုကို ချက်ချင်းထုတ်လိုက်သည်။
“ကျုပ် တကယ်သူနဲ့တွေ့ခဲ့တယ်..”
“တွေ့လား သူက မင်းကိုမှတ်မိတယ်..သူက မင်းရဲ့တည်နေရာကိုအခြားလူတွေဆီ ကျောက်စိမ်းပြားကနေတစ်ဆင့် ပြောပြနေတာ...”
မီးလျှံဂြိုလ်သခင်၏ အသံက စုမင်၏ နားထဲသို့ တိုးဝင်သွားသည်။
“ကျုပ် သိတယ်..”
စုမင်က အကယ်၍ ထိုလူက သူ့ကို မမှတ်မိဟန်ဆောင်ပြီး ကျောက်စိမ်းပြားဖြင့်လွှတ်ထားပေလိမ့်မည်၊ သို့သော် သူက အခြားလူကို သတင်းစကားပေးလိုက်သောကြောင့် ကိုယ်သေတွင်းကိုယ်တူးသလိုဖြစ်သွား၏။
“မြေအက္ခရာစွမ်းရည်..သင်္ချိုင်းမြေပုံတစ်ခုဖြစ်လာစမ်း..”
စုမင်က ပေါ့ပေါ့ပါးပါး ရေရွတ်ရင် သူ့ခန္ဓာကိုယ်ကသဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်။
ခပ်လှမ်းလှမ်းရှိ ခရမ်းရောင်ဝတ်ရုံဝတ် လူငယ်လေးက ကျောက်စိမ်းပြားဖြင့်
သတင်းပို့နေချိန် သူ့နှလုံးသားထဲတွင် ပြင်းထန်သော အန္တရာယ် အာရုံတစ်ခု ရုတ်ချည်း ပေါ်လာသည်။ သူ့အမူအရာက ပြောင်းလဲသွားပြီး ကျောက်စိမ်းပြားကို ဖိ
ချေလိုက်သည်။
“ဗုန်းးးး”
သူ့ပတ်ဝန်းကျင်မှာ မြူခိုးထု ပေါ်လာသည်။ ထိုမြူခိုးများက ချက်ချင်း ရပ်တန့်သွားပြီး လူငယ်လေးကို ဖုံးလွှမ်းသွားသည်။ အပေါ်စီးမှလှမ်းကြည့်လျှင် လူငယ်လေးရှိရာနေရာ၌ သင်္ချိုင်းမြေပုံ
ပေါ်လာသည်ကို ရှင်းရှင်းလင်းလင်းမြင်ရလိမ့်မည်။
ထိုသင်္ချိုင်းမြေပုံပေါ်တွင် ကွဲအက်နေသော အရေခွံအပိုင်းအစများ ပေါ်လာပြီး အုတ်ဂူတစ်ခုပြုလုပ်ရန် အတူတကွစုရုံးကြသည်။ထို့နောက် ထိုဂူပေါ်တွင် လူငယ်၏မျက်နှာ ပေါ်လာ၏။
“သေစမ်း...”
ကျယ်လောင်သော အသံက နဂါးငွေ့တန်းအတွင်း ပဲ့တင်ထပ်နေ၏။ ထို့နောက်
စုမင်၏ ခန္ဓာကိုယ်က ဥက္ကာပျံပေါ်တွင် ပြန်ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ်တစ်လ ကုန်ဆုံးသွားသည်။ ဥက္ကာပျံတွင် သွေးစွန်း နေပြီး သွေးနံ့များမွှန်ထူ နေလေသည်။ လွန်ခဲ့သည့်လဝက်အတွင်းတွင် စုမင်က လိုက်ရှာသူများနှင့် လေးကြိမ်တိတိထိပ်တိုက်တွေ့ခဲ့သည်။
ပထမအကြိမ်မှာ လူနှစ်ယောက်ရှိခဲ့သည်။ ဒုတိယ အကြိမ်တွင် လူ သုံးဦးရှိခဲ့သည်။ တတိယအကြိမ်တွင် လူခြောက်ဦးရှိခဲ့သည်။ စတုတ္ထအကြိမ်တွင် လူဆယ်ဦးရှိခဲ့သည်။
ပထမနှစ်ကြိမ်တိုက်ခိုက်ခြင်းအပြင် စုမင် အခြားတိုက်ပွဲနှစ်ခုကို ရှောင်ရှားခဲ့သည်။
စုမင်က မင်နက်ရောင်ဂြိုလ်ဆီသို့ရောက်အောင် ပိုမိုအားစိုက်ခဲ့သည်။ သူက ပုံရိပ်ယောင်မြင်ကွင်းများမှ ခြိမ်းခြောက်မှုကို ပိုမိုခံစားခဲ့ရသည်။
သူ့ဆီသို့ ဦးတည်နေသည့် အလင်းတန်းရှည်များ ပိုမိုများပြားလာသည်ကို သူ သတိပြုမိသည်။
“မီးလျှံဂြိုလ်သခင်...တစ်ယောက်ယောက်က ခင်ဗျားရဲ့အချိန်နဲ့ နေရာကို ခုနစ်ရက်ကြာလှည့်စားတဲ့စွမ်းရည်ကို ဖျက်ဆီးနေတယ်...”
စုမင်က အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။
မီးလျှံဂြိုလ်သခင်က ငြိမ်ကျသွားလေသည်။ သူက ထိုအရာကို ယောင်ဝါးဝါး မှန်းဆနိုင်သည်။ မဟုတ်လျှင် လွန်ခဲ့ တဲ့လအတွင်းမှာ သူတို့ကို လိုက်ဖမ်းသူအရေအတွက်က တိုးလာသည်ကို မရှင်းပြနိုင်ပေ။
“တကယ်လို့ ငါသာ မဟာလောကကြီးလေးခုထဲက လူတစ်ယောက်ဖြစ်ခဲ့ရင် ပထမဆုဲးက ခုနစ်ရက်တာလှည့်စားတဲ့စွမ်းရည်ကို ချိုးဖျက်ဖို့ပဲ..ဒုတိယကတော့ ဒီမှော်အစီအရင်ကိုဖွင့်နိုင်တဲ့အတွက် ပိတ်ပစ်တာကလဲ သဘာဝကျပါတယ်..ရန်သူက မှော်အစီအရင်ကို သုံးနေတာကြောင့် ဒါကို ပိတ်ပြီး ရန်သူက ဆက်သုံးလို့မရတော့အောင် လုပ်မယ်...”
စုမင်က ဥက္ကာပျံပေါ်တွင် ထိုင်ကာ သူ့ရှေ့မှပုံရိပ်ယောင်မြင်ကွင်းမှ လှိုင်းဂယက်များကို ကြည့်လိုက်သည်။ မှော်အစီအရင်က မတည်ငြိမ်တော့သကဲ့သို့ တောက်ပနေသော အစက်အပြောက်များ တိုးများလာသည်။ ထို့နောက် သူသည် အေးစက်သောလေသံဖြင့် ပြောလိုက်သည်။
“ဒါဆို ခုနှစ်တာလှည့်စားတဲ့စွမ်းရည်ပျက်စီးပြီး မှော်အစီအရင်ပိတ်သွားရင် မဟာလောကကြီးလေးခုက အစောင့်တွေက အစုအပြုံလိုက် ပေါ်လာမှာပဲ..ကျုပ်သာ စစ်မှန်တဲ့အစောင့်ဖြစ်ရင် နယ်မြေကိုပိတ်ဆို့ပြီး ပစ်မှတ်ဖို့ဖျက်ဆီးဖို့ အတိုဆုံးအချိန်ကို အသုံးပြုမယ်...”
စုမင်က ထိုစကားများကိုပြောပြီးနောက်
သူ့ရှေ့က အလင်းတန်းများက ပို၍တောက်ပလာသည်။ ထို့နောက် ရုတ်တရက်မှောင်ကျသွားပြီး ပျောက်ကွယ်သွား၏။ သို့သော် စုမင်၏မျက်နှာတွင် အံ့သြမှုအရိပ်အမြွက်မျှ မတွေ့ခဲ့ရပေ။
“အေးကွာ.. မင်းတို့အားလုံး ယုတ်မာတဲ့ကောင်တွေ.. ယုတ်မာတဲ့ကောင်တွေပဲကွာ...”
ကြိုးကြာငှက်က ချက်ချင်းပင် ဒေါသတကြီး မကျိန်ဆဲမီ ခေတ္တ ထိတ်လန့်သွားသည်။
“ကောင်လေးစု..အရာအားလုံးပြီးဆုံးသွားပြီ..မင်းရဲ့ပါးစပ်ကြောင့်ပဲ..မင်းက ဘယ်တော့မှအကောင်းမပြောဘူး..မင်းပြောသမျှတွေက ဆိုးတာတွေပဲ အမြဲဖြစ်တတ်တယ်..ငါလဲ ကြီးမြတ်တဲ့ချိပ်ပိတ်မှော်အစီအရင်ကိုနားမလည်တော့ဘူး..ပိတ်သွားပြီ..ဟိုကောင်တွေက ငါ ချမ်းသာမဲ့လမ်းကိုပိတ်ဆို့လိုက်တာ..ဘယ်လောက်တောင်စက်ဆုပ်ရွံရှာစရာဖို့ကောင်းလဲ..ငါ အနှေးနဲ့အမြန် မင်းတို့အားလုံးကို ချေမှုန်းပစ်မယ်...”
ကြိုးကြာငှက်၏ရင်ထဲတွင် နက်ရှိုင်းသော မုန်းတီးမှု နှင့် ပြည့်နှက်နေသည်။ သူက မှော်အစီအရင်ကြောင့် စိတ်ထိခိုက်စရာ မကြုံခဲ့ရ ပေ။ သို့သော်လည်း မှော်အစီအရင်ကို ပိတ်လိုက်ပြီးနောက် သူက စုမင်ကို ငွေညှစ်လို့မရတော့ပေ။ စုမင်နှင့် အပေးအယူ မလုပ်နိုင်တော့ပေ။ နောက်ဆုံးတော့ သူ့အနားမှာ မှော်အစီအရင်ရှိနေလျှင် သူ့အတွက် ရွှေဥဥပေးသော တကယ့်ရွှေငန်းတစ်ကောင်ပင်ဖြစ်၏။
စုမင်က မှော်အစီအရင်၏စွမ်းအားကိုငှားရမ်းတိုင်း ငှက်ကို သလင်းကျောက်များစွာပေးလေသည်။
“လောကအမြုတေကျောက်တုံးတစ်ထောင်..ပြီးပြည့်စုံတဲ့လောကတစ်ခုရဲ့အနှစ်သာရကိုပိုင်ဆိုင်ထားတဲ့ ကျင့်ကြံခြင်းဂြိုလ်..ဒီဆုလာဘ်တွေကြောင့် ကျင့်ကြံသူတစ်ယောက်တည်း ငါ့ကို စုံစမ်းတော့မှာ မဟုတ်ဘူး… ဒါပေမဲ့ မိသားစုတစ်ခုလုံးတော့ဖြစ်နိုင်တယ်...”
စုမင်က ပျောက်ကွယ်သွားသော မြင်ကွင်းကို ကြည့်ကာ သတ်ဖြတ်လိုစိတ် ပေါ်လာသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က သူသတ်ခဲ့သော ထိုလူငယ်၏ ခရမ်းရောင် ၀တ်စုံပေါ်တွင်ချုပ်ထားသည့် ‘ ကျောက်’ ဟူသောစကားလုံးကို သတိရမိသည်။
“နတ္ထိအနှစ်သာရနယ်မြေရဲ့.ထူးခြားတဲ့အခြေအနေတွေကြောင့် မဟာလောကကြီးလေးခုက အပြစ်သားတွေဟာ ဒီနေရာမှာပဲနေထိုင်ပြီး သားစဉ်မြေးဆက်တွေရှိလာတယ်...နှစ်တွေကြာလာတာနဲ့ မိသားစုဆက်နွယ်မှုမှ ဖြစ်ပေါ်လာတဲ့ စွမ်းအားတွေက သဘာဝအတိုင်းပေါ်လာတယ်..ဒီလိုမိသားစုတွေအတွက် ပြုပြင်မွမ်းမံထားတဲ့ကျင့်ကြံခြင်းဂြိုလ်ရဲ့ဆွဲဆောင်မှုက လောကအမြုတေကျောက်တုံးထက်သာတယ်..
“မဟာလောကကြီးလေးခုနဲ့လိုက်ရှာသူတွေ..မင်းတို့အားလုံး ငါ့ကိုသတ်ဖို့အသည်းအသန်လိုက်ရှာနေကတည်းက.မှားနေပြီ..ငါ့ကိုအပြစ်မတင်နဲ့..မင်းတို့ကြီးကြီးမားမားပြန်ပေးဆပ်ရမယ်..”
စုမင်၏ နှုတ်ခမ်းတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး သူ့မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု လင်းလက်သွားသည်။
“ငှက်..မင်း မဟာလောကကြီးလေးခုကို လက်စားချေချင်လား...”
စုမင်က ငှက်ကိုကြည့်ရင်း မေးလိုက်သည်။
ထိုအချိန်တွင် ကြိုးကြာငှက်က ဒေါသချောင်းချောင်းထွက်ကာ တဆတ်ဆတ်တုန်ယင်နေလေသည်။ စုမင်၏ အမေးကို ကြားသောအခါ သူက မုန်းတီးမှုဖြင့် အံကြိတ်ကာ ချက်ချင်း ခေါင်းညိတ်လိုက်သည်။