← Chapters

ကျောက်မိသားစုရဲ့ဘိုးဘေး

Vol. 58 Ch. 808

ကျောက်မိသားစုရဲ့ဘိုးဘေး

Vol. 58 Ch. 808

“ငါ့ကို ဘက်ပေါင်းစုံကနေ ဝိုင်းတိုက်နေကြပြီ...ဒီလိုက်ဖမ်းသူပဲဖြစ်ဖြစ်..စစ်မှန်တဲ့လောကကြီးထဲကအစောင့်တွေပဲဖြစ်ဖြစ်..အားလုံးက ငါ့ကို သတ်ချင်နေကြတာပဲလေ..”

စုမင်က ထိုဥက္ကာခဲများထဲမှ ပျံသန်းလာသည်။ ကြက်သွေးရောင်ချည်မျှင်များက လေထုထဲမှထွက်ပေါ်လာပြီး စုမင်ကို ဝန်းရံလိုက်သည်။ ထို့နောက် ထိုချည်မျှင်များက အဝေးသို့အရှိန်တင်နေသောအနီရောင်ခေါင်းတလားအဖြစ်သို့ ပြောင်းသွားသည်။

စုမင်က ကြိုးကြာငှက်ကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့အတူ မီးလျှံဂြိုလ်သခင်က ခေါင်းတလားပေါ်ရှိသားရဲရုပ်တုအဖြစ်ပြောင်းလဲသွားသည်။ သူတို့ အားလုံးက အဝေးသို့ အမြန်ထွက်ခွာသွားကြသည်။

အနီရောင်ခေါင်းတလားက လျင်မြန်စွာ ခရီးဆက်သွားခဲ့ဧ။်။ သို့သော်လည်း သူတို့

ထွက်သွားပြီး ခဏအကြာတွင် နဂါးငွေ့တန်းက ရုတ်တရက် ကျယ်လောင်စွာ ပေါက်ကွဲထွက်လာပြီး အပြာရောင်စွမ်းအားလှိုင်းများက လျင်မြန်စွာ ပျံ့နှံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် စွမ်းအားလှိုင်းများက တစ်သိန်းခန့်ရှိသော စက်ဝိုင်းဧရိယာကို ဖုံးလွှမ်းကာ စုမင်ရှိသောအနီရောင်ခေါင်းတလားဆီသို့ ရောက်ရှိသွားသည်။

အပြာရောင်စွမ်းအားလှိုင်းများက မြူများအဖြစ်သို့ ပြောင်းလဲသွားကာ နယ်မြေတစ်ဝိုက်ကို အုံ့ဆိုင်းစေခဲ့သည်။ တစ်ချိန်တည်းမှာပင် စုမင်၏ခေါင်းတလားက ရွံ့နွံထဲနစ်မြုပ်သွားပုံရပြီး သူ၏အရှိန်မှာ ထက်ဝက်လျော့ကျသွားခဲ့သည်။

“ဒီစွမ်းအားက လောကမှော်ယာဉ်ပျံအရှင်သခင်အလယ်လတ်အဆင့်ပဲ..သူ့က နောက်အဆင့်ကိုရောက်ဖို့ ခြေတစ်လှမ်းပဲလိုတော့တယ်...တော်တော်မြန်တဲ့အရှိန်ပဲ..မင်းက သူ့ပြိုင်ဘက်မဟုတ်ဘူး..မင်းနဲ့စွမ်းအားကွာဟချက်က အရမ်းကြီးလွန်းတယ်..အဲဒါတောင် နတ္ထိအနှစ်သာရနယ်မြေမှာ စွမ်းအားအရင်းအမြစ်တွေ သိပ်မရှိလို့..မဟုတ်ရင် အဲ့လူက လောကမှော်ယာဉ်ပျံအရှင်သခင်နှောင်းပိုင်းအဆင့်ကို ရောက်လောက်ပြီ..ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို ဒီနယ်မြေရဲ့အရှင်သခင်လို့ ယူဆလို့ရတယ်...”

မီးလျှံဂြိုလ်သခင်က စုမင်ကို အလျင်အမြန်ပြောလိုက်သည်။

သူ့အသံတွင် စိုးရွံ့သောအရိပ်အယောင်ပါနေလေသည်။

တစ်ချိန်တည်းမှာပင် အေးစက်သောအသံလှိုင်းက ပေတစ်ရာပတ်လည်ရှိမြူခိုးထုမှ ပျံ့နှံ့ဘာသည်။ ထိုကြောင့် နဂါးငွေ့တန်းကြီး တုန်လှုပ်သွားပြီး အက်ကွဲကြောင်းများ ပေါ်လာသည်။ အနီရောင်ခေါင်းတလားကိုလည်း တုန်လှုပ်စေခဲ့ပြီး ကွဲအက်သွားခဲ့သည်။

“ဗုန်းးးးး...”

ခေါင်းတလားက ကွဲအက်သွားပြီး

ထိုအပိုင်းအစများက စုမင်အဖြစ် ပေါ်လာရန် လွင့်စင်သွားလေသည်။မကြာမီ ထိုအပိုင်းအစများက အနီရောင်လှံရှည်တစ်ခုအဖြစ်သို့ လျင်မြန်စွာ စုရုံးလာပြီး အလင်းတန်းတစ်ခုနှင့်အတူ စုမင်၏ခန္ဓာကိုယ်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။

စုမင်၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ မမြင်နိူင်သောလုပ်ရပ်တစ်ခုက ခေါင်းတလားကို ကွဲကြေစေရုံသာမက ကြီးမားသော အင်အားတစ်ခု ပေါ်လာစေခဲ့သည်။ ခေါင်းတလားပေါက်ကွဲသွားသောအခါ စုမင်က ဒါဏ်ရာရသွားခဲ့သည်။

ထိုအေးစက်သောအသံလှိုင်းက ပဲ့တင်ထပ်လာသောကြောင့် စုမင်မှာ

ခုခံကာကွယ်ရန် ခက်ခဲသွားကာ ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့သည်။

အကယ်၍ သူ့ခန္ဓာကိုယ်က လောက မှော်ယာဉ်ပျံနယ်ပယ်မဖြစ်လာပါက ထိုစွမ်းအားကြောင့် ခေါင်းတလားကဲ့သို့ပင် အစိတ်စိတ်အမွှာမွှာကွဲသွားလိမ့်မည်။

တစ်ဖက်လူ၏စွမ်းအားက ကြီးမားလွန်းလှသည်။ သူ၏စွမ်းအားက စုမင်နှင့်တိုက်ခိုက်ခဲ့သောကျစ်နန်ကျင့်ထက်သွာလွန်လေသည်။ ဤသူက စုမင်တွေ့ဖူးသမျှ စွမ်းအားအကြီးဆုံးသူဖြစ်၏။

“ငါ လောကမှော်ယာဉ်ပျံအလယ်လတ်ရှိတဲ့သူနဲ့ ကြုံဖူးတယ်..ဒါပေမဲ့ ငါ့ကို အေးစက်တဲ့အသံလေးတစ်သံကြောင့်နဲ့ တစ်ခါမှ ပြင်းပြင်းထန်ထန်ဒါဏ်ရာမရခဲ့ဖူးဘူး..

ဒါက လောကမှော်ယာဉ်ပျံအလယ်အလတ်အဆင့်ကိုမှ အထွဋ်အထိပ်သို့ ရောက်ရှိသွားသူတွေရဲ့ စွမ်းအားများလား...သူက လောကမှော်ယာဉ်ပျံနယ်ပယ်အောက်ကသူတွေကို လုံးဝနှိမ်နိင်းနိုင်တယ်..ကောင်းကင်၊ မြေကြီးနဲ့လူသားကျင့်ကြံနယ်ပယ်ရှိသူတွေကတော့ ပြန်တိုက်ခိုက်ဖို့ကို အခွင့်အရေးရလိုက်မှာ မဟုတ်ဘူး...ကလေးနဲ့လူကြီးလိုပဲ ကွာခြားတယ်..”

“လောကမှော်ယာဉ်ပျံနယ်ပယ်ရောက်သူတွေတောင် ကနဦးအဆင့်သာရှိရင် လွတ်မြောက်နိုင်ခြေနည်းပါးတယ်..သူ့ကိုပြန်တိုက်လို့တော့ ရမယ်...”

စုမင်က သူ့ပါးစပ်ထောင့်ရှိ သွေးများကို သုတ်ရန် အချိန်တောင် မရလိုက်ပေ။ သို့သော်လည်း သူက ထိုလူ၏အသွင်အပြင်ကြောင့် သိပ်အံ့ဩမနေပေ။ ကြီးမြတ်သောချိပ်ပိတ်မှော်အစီအရင် ပျောက်ကွယ်သွားချိန်တွင် စစ်မှန်သောအစောင့်များနှင့် အခြားလိုက်ရှာသူများ ချက်ချင်းပေါ်လာမည်ကို သူခန့်မှန်းထားပြီးဖြစ်၏။

ဘယ်သူ ဘယ်ကလာတယ်ဆိုတာ အရေးမကြီးပေ။ ထူးခြားမှု မရှိပေ။ ထို့အပြင် နတ္ထိအနှစ်သာရနယ်မြေ၏ဖြစ်ရပ်များကြောင့် စုမင်ကို သတ်ပစ်ရန်ပေါ်လာသူမှာ ပိုမိုအားကောင်းလာခဲ့သည်။

“တကယ်လို့ ကြီးမြတ်တဲ့ချိပ်ပိတ်မှော်အစီအရင်သာ ရှိနေသေးရင် ဒီလူက်ုတိုက်ခိုက်ဖို့ စွမ်းအားငှားရမ်းလို့ရပေမဲ့ အခုတော့ ငါက သူ့ပြိုင်ဘက်မဟုတ်တော့ဘူး...”

စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခုပေါ်လာသည်။ သူက ညာလက်ကို မြှောက်ကာ ဟင်းလင်းပြင်ကို ဖိချေလိုက်သည်။ ချက်ချင်းဆိုသလိုပင် ရွှေရောင်လှိုင်းလုံးကြီးများ ထွက်ပေါ်လာပြီး ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။၎င်းတို့က ပေငါးသောင်းရှိသော ဧရိယာကို ဖုံးလွှမ်းသွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ လောကမှော်ယာဉ်ပျံစွမ်းအား ထွက်ပေါ်လာသည်။

“မင်းက ဖယောင်းတိုင်မီးတောက်ပဲ...ဘယ်လိုသတ္တိနဲ့များ လကို တုပရဲတာလဲ...”

အေးစက်သောအသံက ဟင်းလင်းပြင်တွင် ပဲ့တင်ထပ်သွား၏။ပေတစ်သိန်းအထိ ပျံ့နှံ့သွားသော မြူခိုးများသည် ပေတစ်ထောင်အရွယ်အစားရှိသော မျက်နှာတစ်ခုအဖြစ်သို့ စုရုံးလာကြသည်။

ထိုမျက်နှာက ရှေးကျပြီး အဖိုးအိုတစ်ယောက် ဖြစ်ပုံရသည်။ အဝေးကနေ နဂါးငွေ့တန်းကိုဖြတ်ပြီး ဖြန့်ကျက်ထားသောမျက်နှာမှာ ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်ပြီးလောကမှော်ယာဉ်ပျံအလယ်လတ်အဆင့်

အထွဋ်အထိပ်ကို ရောက်ရှိသွားသူများ၏

စွမ်းအားပင် ဖြစ်သည်။

သူ့အသံသည် နဂါးငွေ့တန်းထဲတွင် တဟုန်ထိုး မြည်နေစဉ် စုမင်က ထိုမျက်နှာ၏ မျက်ခုံးအလယ်ဗဟိုသို့ လျင်မြန်စွာပြေးထွက်လာသည်။

“ငါမင်းကိုသတ်လိုက်ရင် ငါ့မိသားစုဟာ

လောကတစ်ခုရဲ့အနှစ်သာရပါတဲ့ကျင့်ကြံခြင်းဂြိုလ်ကို ပိုင်ဆိုင်နိုင်လိမ့်မယ်..ငါ

ကျောက်ထျန်းကန်းဟာ..မဟာလောကကြီးလေးခုရဲ့အသုံးချတာကို မခံချင်ပေမဲ့ငါ့မိသားစုအတွက်ကြောင့် မင်းကိုတိုက်ခိုက်နိုင်တယ်... မင်းသေဆုံးမှုအတွက် တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင်တော့ အားနည်းတဲ့မင်းကိုယ်မင်းပဲ အပြစ်တင်...”

ကျယ်လောင်လွန်းလှသော အသံက နဂါးငွေ့တန်းကို တုန်လှုပ်စေချိန်တွင်

ပေတစ်သိန်းကြီးမားလှသောမျက်နှာကြီး၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။

“မဟာလောကကြီးလေးခုက မင်းကိုအလိုရှိတာကို ငါ အထင်ကြီးမိတယ်..ငါ့ရဲ့ဒုတိယအပြင်းထန်ဆုံး နတ်စွမ်းရည်အောက်မှာ မင်းသေရမယ်..အနည်းဆုံးတော့ မင်း သေထိုက်တဲ့ သေခြင်းမျိုးနဲ့ သေနိုင်လိမ့်မယ်...”

“သုံး”

ကျောက်ထျန်းကန်းက ထိုစကားကို ပြောလိုက်ချိန် စုမင်၏နှလုံးသားက တုန်လှုပ်သွားလေသည်။ သူ့နှင့် ပေငါးသောင်းအကွာက ဧရိယာက ကွဲအက်သွားလေသည်။

“ငါတို့ နေရာပြောင်းရွေ့ကြမယ်..မင်းက သူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး..ငါတို့မပြောင်းရင် မင်းသေမှာသေချာတယ်..”

မီးလျှံဂြိုလ်သခင်၏ စိုးရိမ်သောကအသံက စုမင်၏စိတ်ထဲသို့ ဝင်ရောက်လာသည်။

“နည်းနည်းတော့‌စောင့်အုံး..လောကမှော်ယာဉ်ပျံအလယ်အလတ်အဆင့်ကို ရောက်သွားတဲ့လူတစ်ယောက်နဲ့ ကျုပ်ကြားက ကွာဟချက် ဘယ်လောက်ကြီးလဲဆိုတာကို သိချင်လို့...”

စုမင်၏ မျက်လုံးများ လင်းလက်သွားပြီး ထိုစကားများကို မီးလျှံဂြိုလ်သခင်ထံ ပေးလိုက်သည်။

“မင်း...မင်းရူးနေလား..ငါ ပြောတယ်လေ..မင်းတို့နှစ်ယောက်ကြားက ခြားနားချက်က ကောင်းကင်နဲ့မြေကြီးလိုပါပဲ၊ သူ့ရှေ့မှာ မင်းက ပုရွက်ဆိတ်တစ်ကောင်သာသာပဲ..ဒီလူက လောကမှော်ယာဉ်ပျံအလယ်လတ်အဆင့်အထွဋ်အထိပ်ရှိရုံတင်မကဘူး..သူ့စကားအရ သူက မိသားစုတစ်ခုရဲ့ဘိုးဘေးပဲ..ဒီလိုလူမျိုးက ဂုဏ်သတင်းကြီးမားပြီး ကျော်ဇောတဲ့လူမျိုးပဲ..မဟာလောကကြီးလေးခု

ထဲက အစောင့်တောင် သူ့ကိုရန်မစရဲဘူး”

မီးလျှံဂြိုလ်သခင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ ပထမအကြိမ်တွင် စုမင်၏စကားကိုနားမထောင်ဘဲ စုမင် နှင့်အတူ နေရာမှထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

စုမင်နှင့်ပေငါးသောင်းအကွာရှိရွှေရောင်ဖျော့ဖျော့ ဧရိယာက ကွဲအက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပေထောင်ပေါင်းများစွာသာ ကျန်တော့သည်။ကျောက်ထျန်းကန်းက စကားတစ်ခွန်းကို ပြောသောအခါတွင် အခြားအစိတ်အပိုင်းများက ထူးထူးဆန်းဆန်းပုံစံဖြင့် ကွဲသွားခဲ့သည်။

“ကျုပ်တို့ကြားက ကောင်းကင်နဲ့မြေကြီး အကွာအဝေးက ပုရွက်ဆိတ်တစ်ကောင်ဆိုရင်တောင် စကြာဝဠာကြီးကို စူးစူးရဲရဲ ကြည့်ဖို့ သတ္တိရှိနေတုန်းပဲ...ကျုပ်က ပုရွက်ဆိတ်ဆိုရင်တောင် ပြန်မတိုက်နိုင်ရင် ထွက်ပြေးလို့ရမှာမဟုတ်ဘူး”

“ကွာခြားချက်က ကြီးကြီးမားမားမဟုတ်သေးသရွေ့တော့ ကျုပ်က ကျိန်းသေတိုက်ခိုက်လိမ့်မှာ ကျုပ်အားနည်းနေရင်တောင် ကျုပ်ဓါးကို ဆွဲထုတ်ရမယ်”

“ကျုပ်မတိုက်ရင် ကျုပ်စိတ်က ရှင်းလင်းနေမှာမဟုတ်ဘူး... ကျုပ်မတိုက်ရင် ပန်းတိုင်ရောက်မှာမဟုတ်ဘူး..ကျုပ်

မတိုက်ခိုက်ရင် ကံကြမ္မာမှော်စက်ဝန်းနယ်ပယ်ကို ဘယ်လိုစိတ်မျိုးနဲ့တက်လှမ်းနိုင်မှာလဲ...”

ယခင်က ပေထောင်နှင့်ချီဝေးသော ရွှေရောင်ဖျော့ဖျော့ရှိသောလောကမှော်ယာဉ်ပျံတည်ရှိမှုက ပေရာနှင့်ချီသာရှိတော့သည်။ သို့သော် ဂြိုလ်သခင်၏နှလုံးသားထဲတွင် စုမင်၏အသံရောက်လာ‌သောအခါ ဂြိုလ်သခင်က ရပ်တန့်သွားသည်။

ထိုအချိန်တွင် သူက စုမင်ကို ပထမဆုံးသိလိုက်ရသလို ခံစားရ၏။ စုမင်၏စကားလုံးတိုင်းတွင် နှလုံးသားများ တုန်လှုပ်သွားစေနိုင်သည့် ဆုံးဖြတ်ချက်တစ်ခု ပါသည်။ သူက စုမင်၏စိတ်အားထက်သန်မှုနှင့်သတ္တိရှိမှုကို ချီးကျူးမိသွားသည်။

“ကျုပ်မတိုက်ခိုက်ရင် ကံကြမ္မာမှော်စက်ဝန်းနယ်ပယ်ကို ဘယ်လိုစိတ်မျိုးနဲ့တက်လှမ်းနိုင်မှာလဲ...”

စုမင်က ကောင်းကင်သို့ ဟိန်းဟောက်လိုက်ရာ သူ့နောက်တွင် ပေတစ်သောင်းရှိသော ပုံရိပ်ယောင် ပေါ်လာသည်။ ထိုအရာက မာန်ပြည်ထောင်၏မာန်နတ်ဘုရားရုပ်တုပင်ဖြစ်၏။

“မာန်နတ်ဘုရားရဲ့..ကောင်းကင်..မဟာမြေကြီး..လူသားအနိဌာရုံစွမ်းရည်..”

စုမင်၏မျက်လုံးများတွင် အလင်းရောင်တစ်ခု လင်းလက်လာသည်။ သူ့လက်မောင်းကို လှုပ်လိုက်သော် သူ့နောက်ရှိမာန်ဘုရားရုပ်တုက ချက်ချင်းလက်မြှောက်လိုက်သည်။ ရုပ်တု၏လက်နှစ်ဖက်က ကြက်ခြေခတ်ပုံစံလုပ်ထားပြီးမှ အားပါပါနှင့် ပြန်ခွဲလိုက်သည်။ ထို့နောက် လက်နှစ်ဖက်က အထက်ရှိနဂါးငွေ့တန်းဆီသို့ ဦးတည်နေလေသည်။

“မဟာမြေကြီး အနိဌာရုံစွမ်းရည်..”

ထိုအချိန်တွင် စုမင်နှင့် ပေရာနှင့်ချီဝေးသော ရွှေရောင်ဖျော့ဖျော့ဧရိယာက လုံးဝကွဲအက်သွားသည်။ ထိုအချိန်တွင် စုမင် ၏နောက်မှ ရုပ်တုက ၎င်း၏ညာဖက်ခြေထောက်ကို မြှောက်ကာ အောက်သို့ ပြင်းပြင်း နင်းလိုက်သည်။

“ကောင်းကင် အနိဌာရုံစွမ်းရည်..”

ထိုအချိန်တွင် စုမင်၏မာန်နတ်ဘုရားရုပ်တုက အဆုံးမဲ့ ရွှေရောင်အလင်းတန်းများဖြင့် လင်းလက်နေသည်။ ရုပ်တု၏

ညာဖက်ခြေထောက်သည် မြေပြင်ကိုနင်းပြီးနောက် ၎င်း၏ ခန္ဓာကိုယ်က နောက်တစ်ကြိမ် ဖောင်းကားလာသည်။ အသက်တစ်ရှိုက်စာအတွင်း ၎င်းက ပေပေါင်းရာနှင့်ချီ၍ မြင့်မားလာပြီး ၎င်း၏ခန္ဓာကိုယ်... ရှေ့သို့ လဲကျသွားသည်။

စုမင်က လက်ရှိကျင့်ကြံဆင့်နှင့်လောကမှော်ယာဉ်ပျံစွမ်းအားများကို ပေါင်းစပ်၍ မာန်နတ်ဘုရား၏စွမ်းရည်များကို အသက်သွင်းခဲ့သည်။ လူသား အနိဌာရုံစွမ်းရည်က ကောင်းကင်ကို ကိုးကွယ်ရန်ဖြစ်သည်။ မြေကြီးအနိဌာရုံစွမ်းရည်က နင်းချေရန် ဖြစ်ပြီး ကောင်းကင် အနိဌာရုံစွမ်းရည်က ကောင်းကင်ကိုဖြိုပြဦး မြေကြီးကို ဖျက်ဆီးပစ်ရန် ဖြစ်သည်။

ရုပ်ထု၏ကိုယ်ထည်မှာ ကောင်းကင်ယံကိုထိ‌နေပြီဖြစ်၏။ ထိုအချိန်တွင် ၎င်း၏ ခန္ဓာကိုယ် ပြိုလဲသွားသောအခါ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ကောင်းကင်ယံသို့ ထွက်ပေါ်လာသည်။ထိုအရာက... ကောင်းကင်ကြီး ပြိုကျခြင်းပင် ဖြစ်၏။

“ဗုန်းးးးးဗုန်းးးးးဗုန်းးးးး.

နဂါးငွေ့တန်းထဲတွင် ပြင်းထန်သော အသံတစ်ခုက ပဲ့တင်ထပ်လာသည်။

“ပန်းတွေ...”

ရုပ်တုမှ ကျယ်လောင်သော အသံများ ပျောက်ကွယ်သွားခဲ့သည်။ ကောင်းကင်ကို မပြိုကျခင်မှာပင် ကောင်းကင်ကို ပြိုကျအောင် ဖြိုခွဲပစ်နိုင်သော စွမ်းအားတစ်ခု ရှိနေသလိုပင်ဖြစ်၏။ ရုပ်တုက ပြိုကျသွားပြီး စုမင်က ‌သွေးအန်လိုက်ရသည်။ စုမင်က အတင်း‌နောက်သို့ပြန်တွန်းခံလိုက်ရပြီး ဟိန်းဟောက်လိုက်သည်။ သူက သူ့လက်များကို မြှောက်လိုက်ပြီး ချိပ်တံဆိပ်စတင်ဖန်တီးခဲ့သည်။ သူ့နောက်မှာ ပုံရိပ်ခုနစ်ခု ချက်ချင်းပေါ်လာဧ။။်

ထိုပုံရိပ်များက အနက်ရောင်ဝတ်ရုံရှည်ကို ၀တ်ဆင်ထားသည်။ ထိုလူများ၏ မျက်နှာများကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သို့သော်၊ နဂါးငွေ့တန်းတစ်လျှောက် လျင်မြန်စွာပျံ့နှံ့သွားသော မရဏအငွေ့အသက်မှာ မယုံနိုင်လောက်အောင် ထူထဲသည်။

“ယင်းမရဏအသူရာချိပ်တံဆိပ်ခုနစ်ခု”

“မြေအက္ခရာစွမ်းရည်...သချ်ုင်းမြေပုံတစ်ခုဖြစ်လာစမ်း...”

တစ်ချိန်တည်းမှာပင် အနက်ရောင်ဝတ်ရုံဝတ်ထားသည့်ပုံရိပ်များက နဂါးငွေ့တန်းဆီသို့ တစ်ပြိုင်နက်ဦးညွှတ်သွားသည်။

စုမင်၏ခန္ဓာကိုယ်သည် ချက်ချင်းပင် မထင်မရှားဖြစ်လာသည်။ ထို့နောက် ကျောက်ထျန်းကန်း၏ မျက်နှာက အုတ်ဂူကျောက်တုံးပေါ်တွင် လျင်မြန်စွာ ပေါ်လာသည်။

“ဖျက်ဆီးစမ်း”

ကျောက်ထျန်းကန်း၏အသံက ပေတစ်သိန်းကြီးသော မျက်နှာမှ ထွက်ပေါ်လာသည်။

“ဗုန်းးးးးး”

ထိုအသူရာပုံရိပ်ခုနစ်ခုလဲ လုံးဝပျက်စီးသွားသည်။ စုမင်၏သင်္ချိုင်းမြေပုံကလဲ ချက်ချင်းပင် ပြိုကျသွားသည်။ ထိုမြေပုံပေါ်မှာ ကျောက်ထျန်းကန်း၏မျက်နှာပေါ်လာအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

စုမင်၏တစ်ကိုယ်လုံးမှ အက်ကွဲသံများ ထွက်ပေါ်လာသည်။ သူ့အသားနှင့် သွေးများက တစ်လက်မချင်းစီ ကွဲအက်သွားပြီး သွေးအန်လိုက်ရသည်။ ထို့ပြင် သူ့ခန္ဓာကိုယ်က ဒဏ်ရာအပြင်းအထန်ရသွားသည်။ သို့သော် သူ့မျက်လုံးများတွင် နောင်တမရှိခဲ့ဘဲ တောက်ပမှုသာ တွေ့ရ၏။

သူ ရှုံးခဲ့၏။ ထိုတိုက်ပွဲက သူ့အရှုံးက်ုပေါ်လွင်စေသော တိုက်ပွဲတစ်ခုပင်ဖြစ်၏။ သို့ပေမဲ့ သူတိုက်ပွဲဝင်ခဲ့သည်။

သူ တိုက်ပွဲဝင်ရဲ၏။ သူကျိန်းသေပေါက် ရှုံးမှာ သိနေသော်လည်း ဓါးဖြင့် တိုက်ခိုက်ရန် သတ္တိရှိသေးသည်။ ဤသည်မှာ သူ၏ပြတ်သားသောဆုံးဖြတ်ချက်ဖြစ်သည်။ ၄င်းက အားကောင်းသောကျင့်ကြံသူများအတွက် အရေးကြီးဆုံး လိုအပ်ချက်ဖြစ်ပြီး၊ ဤလိုအပ်ချက်၏တန်ဖိုးက အလားအလာနှင့် ကောင်းချီးတို့ကိုပင် ကျော်လွန်သွားခဲ့သည်။

“မီးလျှံဂြိုလ်သခင်...သွားကြစို့...”

စုမင်က သူ့နှုတ်ခမ်းထောင့်က သွေးများကိုသုတ်လိုက်ပြီး သူ့စကားများကို မီးလျှံဂြိုလ်သခင်ဆီ ပေးပို့လိုက်သည်။

“လောကကြီး..”

ဤသည်မှာ ကျောက်ထျန်းကန်းပြောခဲ့သော နောက်ဆုံးစကား ဖြစ်သည်။ ၎င်း၏မြင့်မြတ်သောစွမ်းရည်- ပန်းသုံးပွင့်၊ လောကကိုဖျက်စီးခြင်း...ဖြစ်၏။

ထိုအချိန်တွင် မီးလျှံဂြိုလ်သခင်က သွေးသံတရဲရဲဖြစ်နေသောစုမင်နားတွင် ပြန်ပေါ်လာသည်။

မီးလျှံဂြိုလ်သခင်က သူ့လက်ကို လွှဲယမ်းလိုက်သည်။ ကျယ်လောင်သောအသံများက ဟင်းလင်းပြင်တွင် တဟုန်ထိုးပျံ့လွင့်နေချိန် ပျံသန်းနေသောနဂါးတစ်ကောင်၏ရုပ်တုက လေထုထဲတွင် ထင်ရှားလာသည်။ ပေါက်ကွဲသံများ ဆက်တိုက် မြည်လာစဉ် ထိုရုပ်တုက ကွဲအက်သွားသည်။ ထိုအချိန်တွင် မီးလျှံဂြိုလ်သခင်က သူ့အသက်စွမ်းအားကို အသုံးပြုပြီး ကူးပြောင်းသွားခဲ့သည်။နေရာကူးပြောင်းခဲ့သည်။

ထို့နောက် နဂါးငွေ့တန်းက ပြိုကျကာ အရပ်ရပ်သို့ ပျံ့နှံ့သွားသော အသံများ ထွက်ပေါ်လာသည်။ထိုအသံများ တဖြည်းဖြည်း ငြိမ်သက်စပြုလာသောအခါ ပေတစ်သိန်းရှိသောမျက်နှာက ပျောက်ကွယ်သွားပြီး ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးအိုတစ်ဦး နဂါးငွေ့တန်းအတွင်း ပေါ်လာသည်။

အဘိုးအို၏မျက်နှာတွင် မည်းမှောင်သောအမူအရာ ရှိသည်။ မီးလျှံဂြိုလ်သခင်က စုမင်ကိုခေါ်ဆောင်သွားပြီး ပျောက်ကွယ်သွားသည့်နေရာကို သူကြည့်လိုက်သည်။

“သူရှုံးတော့မယ်ဆိုတာ သေချာသိပေမဲ့ ငါ့ကို တွန်းလှန်ဖို့ သတ္တိရှိနေတုန်းပဲ.. ဒီကလေးက စိတ်ပိုင်းဖြတ်ထားတဲ့ အရူးတစ်ယောက်လိုပဲ.. ဘာပဲဖြစ်ဖြစ်... အစွမ်းထက်တဲ့သူကို တွန်းလှန်တာဟာ မင်းရဲ့ ကြီးထွားမှုအဆင့်ကို မြန်မြန်ဆန်ဆန် တိုးလာစေဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်သလို စိတ်ဓာတ်ကျဖို့ အကောင်းဆုံးနည်းလမ်းပဲ...”

“ငါတို့နှစ်ယောက်ကြားက စွမ်းအားကွာခြားချက်က ငါနဲ့လောကမှော်ယာဉ်ပျံနှောင်းပိုင်းအဆင့်ရှိသူလိုပဲ...ငါလဲ ဒီလိုလူနဲ့ကြုံခဲ့ရင် တိုက်ခိုက်ရဲမှာလား...”

ကျောက်ထျန်းကန်းက တိတ်ဆိတ်သွားသည်။

“နောက်အနှစ်တစ်သောင်းမှာ သူမသေခဲ့ရင် ပြဿနာကြီးတစ်ခု ဖြစ်လာမှာ သေချာတယ်...”

All Chapters