← Chapters

လန်ရီ၏ အိပ်မက်

Vol. 29 Ch. 373

လန်ရီ၏ အိပ်မက်

Vol. 29 Ch. 373

တံခါးအပြင်ဘက်တွင် ရပ်နေသည့် ယွမ်ရှောင်သည် အဆိုးဆုံး အခြေအနေ ပြီးဆုံးပြီဟု ထင်မှတ်ထားသော်လည်း နားခိုရာဂိုဏ်းမှ ပိုမိုကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

"ဘာဖြစ်နေတာလဲ။ ရှေးဟောင်းအစောင့်တပ်က သန်မာပါတယ်။ ဘယ်သူ့ကို အသည်းအသန် တိုက်ခိုက်နေတာလဲ"

လွန်ခဲ့သော ခဏကပင် ယွမ်ဝူသည် ဆံနီအဘိုးအိုကို အနိုင်ယူခဲ့ကြောင်း ကြွားဝါနေသဖြင့် သူက အတွေးနက်သွားရသည်။

"နီအန်သားရဲက ရှေးဟောင်းအစောင့်တပ် ရောက်လာအောင် လှည့်စားနေတာ ဖြစ်နိုင်တယ်။ ဒါကြောင့် တံခါးတွေကနေ ငရဲကိုးထပ်ကို မကျူးကျော်ခဲ့တာ ဖြစ်လောက်မယ်"

ကြယ်ပြာက ထောက်ပြလိုက်ရာ ယွမ်ရှောင်သည်လည်း နီအန်သားရဲ လွတ်မြောက်ရန် အလျင်စလိုမဟုတ်သောကြောင့် ထူးဆန်းသည်ဟု ထင်နေခဲ့သည်။ ၎င်းမှာ အားနည်းသော အခြေအနေကြောင့် ငရဲကိုးထပ်၏ ကျင့်ကြံသူများနောက် လိုက်မလာခြင်းဟု ယူဆခဲ့သော်လည်း မဖြစ်နိုင်ပေ။ အစောင့်တပ်ဖွဲ့သည် သာမန်စစ်သည်များ မဟုတ်ဘဲ အကောင်းဆုံး ရွေးချယ်ထားသူများဖြစ်ကာ ဖန်ဆင်းရှင်မျိုးစေ့ တန်ဖိုးအရ အဆောင်ဧကရာဇ်ထက်ပင် သာလွန်ကြောင်း ကြယ်ပြာက ရှင်းပြလိုက်၏။ ဤကိစ္စကြောင့် ပြဿနာအကြီးအကျယ် တက်နိုင်ပြီး ၎င်းသာ လုံးဝ လွတ်မြောက်သွားလျှင် ငရဲကိုးထပ်ရော နတ်ဘုရားတိုက်ကြီးပါ ပျက်စီးသွားပေလိမ့်မည်။

ယွမ်ရှောင် စဥ်းစားခန်းဝင်နေစဥ် နားခိုရာဂိုဏ်း၏ ဆူညံသံများက ပို၍ ကျယ်လောင်လာကာ ညည်းညူသံများပင် ကြားနေရ၏။ အဘိုးအိုများ၏ ဟိန်းဟောက်သံ မဟုတ်ဘဲ အစောင့်တပ်သားများ၏ အသံဖြစ်သောကြောင့် ကြောက်မက်ဖွယ်အရာ တစ်ခုခုနှင့် တိုက်ခိုက်နေရသဖြင့် မျှော်လင့်ချက်မဲ့နေပုံပေါ်သည်။

"နားခိုရာဂိုဏ်းထဲမှာ အပြောင်းအလဲ ဖြစ်နေတယ်။ အကုန်လုံး မိုင်တစ်ရာအထိ ဆုတ်ကြစမ်း"

သူက နောက်လိုက်များကို ဖြန့်ထုတ်ပစ်လိုက်ပြီး အခြေအနေသာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားလျှင် သက်ရှိအားလုံး ကပ်ဆိုက်နိုင်၍ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်ကို ဘေးချိတ်ထားခဲ့သည်။ သို့ရာတွင် နားခိုရာဂိုဏ်း၏ တံခါးမှ ရွှေရောင်နှင့် အဖြူရောင် ပုံရိပ်နှစ်ခု လွင့်ထွက်လာကာ ယွမ်ဝူနှင့် ကျန်းချင်းဝေ ဖြစ်သည်။ ကျန်းချင်းဝေက အနည်းငယ် အဆင်ပြေ၍ သံချပ်ကာ စုတ်ပြတ်သွားသော်လည်း ဒဏ်ရာနည်းပါးသည်။ ယွမ်ဝူမှာမူ အခြေအနေဆိုး၍ လက်တစ်ဖက် ကျိုးကာ မျက်နှာတစ်ခုလုံး လက်သည်းရာများ ပြည့်နှက်၍ မျက်စိတစ်လုံး ဆုံးရှုံးလုနီးပါးပင်။ ကြောက်စရာကောင်းသည်မှာ ဆံနီအဘိုးအို တစ်အုပ် တကောက်ကောက် လိုက်ပါလာခြင်းဖြစ်ကာ ရေတွက်မရနိုင်အောင် များပြား၍ အစောင့်တပ်သားများက တံခါးအပြင် မထွက်နိုင်ခင်မှာပင် အပိုင်းပိုင်းအစစ ကိုက်စားခံနေရသည်။

ယွမ်ရှောင်သည် ထိုအဘိုးအိုများကို မြင်လိုက်ရသည်နှင့်တပြိုင်နက် အစောင့်တပ်တစ်ခုလုံး စားသောက်ခံလိုက်ရပြီး သမိုင်းဝင် ကပ်ဘေးတစ်ခု အစပြုပြီဖြစ်ကြောင်း နားလည်သွားသည်။

"လိုက်လာခဲ့"

သူက အခြေအနေကို သုံးသပ်နေစဥ် ကျန်းချင်းဝေ ရုတ်တရက် ရောက်ရှိလာပြီး ခါးမှ ဆွဲဖက်ကာ လေပေါ် ခုန်တက်သွားခဲ့၏။ ထို့နောက် လှေပျံပေါ်သို့ ဘုန်းခနဲ ဆင်းသက်လိုက်ကြပြီး သူမသည် သူ့ကို ကုန်းပတ်ပေါ် ပစ်ချ၍ ပဲ့ကို ထိန်းကျောင်းကာ ကောင်းကင်သို့ ချက်ချင်း ပျံတက်စေလိုက်သည်။ ဆံနီအဘိုးအိုများ လိုက်ပါလာသော်လည်း လှေပျံ၏ အကာအကွယ်အစီအရင်ကြောင့် တဖွဲဖွဲ ပြုတ်ကျသွားကာ အမြင့်သို့ တက်လှမ်းနိုင်ခဲ့၍ ခဏတာ ဘေးကင်းသွားခဲ့၏။ ယွမ်ရှောင်က လက်ရန်းကို ဆုပ်ကိုင်ရင်း ငုံ့ကြည့်လိုက်သောအခါ နားခိုရာဂိုဏ်းသည် အပြင်းအထန် လှုပ်ခတ်၍ ပေါက်ကွဲထွက်လာပြီး မိုင်ပေါင်းများစွာအထိ အက်ကြောင်းများ ဖြစ်ပေါ်ပြီး မီးတောက်များ ပေါက်ကွဲထွက်ပေါ်လာသဖြင့် ကမ္ဘာပျက်ကိန်းတစ်ခုအလား ထင်မှတ်ရသည်။

"ဝေါင်း"

သားရဲဟိန်းသံကြီးသည် ငရဲကိုးထပ်တစ်ခွင် ရောက်ရှိသွားကာ သတ္တဝါတိုင်းကို ကြောက်လန့်စေပြီး မည်သူမှ ဤအန္တရာယ်ကို မလွတ်မြောက်နိုင်ဟု ခံစားနေရသည်။

"လုံးဝလွတ်မြောက်သွားတာလား"

ယွမ်ရှောင်၏ မျက်လုံးက စိုးရိမ်စိတ်ကြောင့် နီရဲနေပြီး ငရဲကိုးထပ်မှာ ကပ်ဘေးမှ လွတ်မြောက်ရန် ထွက်ပေါက် မရှိချေ။ ဤကပ်ဘေးက အစပြုရုံသာ ရှိသေးသော်လည်း မရေမတွက်နိုင်သော အသက်များ သေဆုံးမှု၊ ကြီးမားကျယ်ပြန့်သော ပူဆွေးမှုနှင့် ဖျက်ဆီးခံလိုက်ရသော ကမ္ဘာတစ်ခုကို မှန်းဆကြည့်နိုင်သည်။

"ငါ့ညီ ကျန်ရစ်ခဲ့တယ်"

မျက်နှာမှ သွေးများ စီးကျနေသော ယွမ်ဝူက ကျန်းချင်းဝေကို ပြောလိုက်သည်။

"အစားခံလိုက်ရတာ တော်တော်ကြာနေလောက်ပြီ"

လှေပျံကို မောင်းနှင်နေသော ကျန်းချင်းဝေက အေးစက်စက် တုံ့ပြန်၏။

"မင်းကြောင့် ရှေးဟောင်းအစောင့်တပ်ကို နီအန်သားရဲက စားသောက်နိုင်ခဲ့တယ်။ ဒီကပ်ဘေးကို ဖြစ်စေခဲ့တယ်။ အားလုံးက မင်းတို့ အပြစ်ပဲ"

နီအန်သားရဲ၏ အစွမ်းကြောင့် တုန်လှုပ်နေသော ယွမ်ဝူက အပြစ်တင်လိုက်သည်။

"အပြစ်လွှဲချဖို့ တော်တော် မြန်တာပဲ။ မင်းတို့ မိသားစုရဲ့ ထုံးစံအတိုင်းပေါ့"

အေးစက်စက် ရယ်သံတစ်ခု ကျန်းချင်းဝေထံမှ ထွက်ပေါ်လာသည်။

"ရှေးဟောင်းအစောင့်တပ်ဖွဲ့က မင်းရဲ့ တပ်ဖွဲ့ မဟုတ်ဘူးလား"

"ငါက အမိန့်ကို လိုက်နာရုံပဲ။ မင်းရဲ့ ဦးဆောင်မှုကြောင့် အစောင့်တပ်ဖွဲ့ သေဆုံးခဲ့ရတယ်။ ဒါကို အကြီးအကဲတွေဆီ အစီအရင်ခံမယ်။ အမှားအမှန်ကို ရှင်းရှင်းလင်းလင်း လုပ်ပြီးရင် တရားစီရင်လိမ့်မယ်"

"ဒါဆိုရင် မင်းက သူ့ကို သက်သေအဖြစ် ခေါ်လာတာပေါ့"

ယွမ်ဝူက ယွမ်ရှောင်ကို လှည့်ကြည့်လိုက်ပြီး လေသံတင်းတင်းဖြင့် ပြောလိုက်သည်။ ကျန်းချင်းဝေ မတုံ့ပြန်နိုင်ခင် သူက ရုတ်တရက် ခုန်ထွက်၍ ယွမ်ရှောင်၏ ဦးခေါင်းထံ ရိုက်ချလိုက်သောအခါ လေထုပင် ပေါက်ကွဲသွား၏။

"ဘုန်း"

သို့ရာတွင် ကျန်းချင်းဝေက ပို၍ လျင်မြန်နေပြီး ယွမ်ရှောင်ရှေ့သို့ ချက်ချင်း ရောက်သွားကာ လက်သီးဖြင့် ပင့်ထိုးလိုက်သောကြောင့် သူ့ကို ဒလိမ့်ကောက်ကွေး လွင့်ထွက်သွားစေသည်။

"အောက်တန်းစားတစ်ယောက်က ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့။ ကောင်းတယ် ကောင်းတယ်"

ယွမ်ဝူက လှောင်ရယ်ရင်း သွေးမည်းများ အန်ထုတ်ကာ ဓားသွားပမာ အကြည့်များ ထက်ရှနေသည်။

"ငရဲကိုးထပ်က ကပ်ဘေးကို ရင်ဆိုင်နေရပေမယ့် မင်းက ကိုယ်လွတ်ရုန်းပြီး အပြစ်ပုံချချင်နေတယ်။ တကယ့် အောက်တန်းစားက ဘယ်သူလဲ"

ကျန်းချင်းဝေ၏ မေးခွန်းကို ယွမ်ဝူက မဖြေဘဲ ယွမ်ရှောင်ကိုသာ ခြိမ်းခြောက်လိုဟန်ဖြင့် စိုက်ကြည့်နေခဲ့၏။

"ယဥ်ကျေးချင်ယောင်ဆောင်နေပေမယ့် ပြဿနာနဲ့ ကြုံရရင် အသွင်အစစ်အမှန် ပေါ်လာတတ်တာပဲ"

တစ်ဖက်လူ၏ လက်ရှိအပြုအမူသည် ယွမ်ကျန်း ဤမျှလောက် ဆိုးသွမ်းနေရခြင်းအတွက် အကောင်းဆုံး အကြောင်းပြချက် ဖြစ်သည်။ ရောင်စုံလှေကြီးသည် လေဟာနယ်ကို ဖြတ်သန်း၍ ငရဲကိုးထပ်မှ ထွက်ခွာလာသောအခါ ကျန်းချင်းဝေသည် ယွမ်ရှောင်ကို လှေဝမ်းအတွင်း ခေါ်ဆောင်လာခဲ့သည်။ သူမက ဒဏ်ရာများကို ကုသရန် ရွှေရောင်ဆေးရည်တစ်ပုလင်း ထုတ်ယူလိုက်ပြီး အဖြူရောင်သံချပ်ကာမှာ အရည်အဖြစ် ကွဲထွက်သွား၏။.

"ဒဏ်ရာကုသဖို့ ငါ့ကို ကူညီပေး"

"ကောင်းပြီ"

ယွမ်ရှောင်က ညွှန်ကြားသည့်အတိုင်း ဆေးရည်ပုလင်းကို ယူကာ နေရာရွှေ့လိုက်သည်။ သူမ၏ နောက်ကျောတွင် ဒဏ်ရာများစွာ ရှိနေပြီး ဆေးရည်လိမ်းပေးလိုက်သောအခါ နာကျင်မှုကြောင့် မျက်နှာ ရှုံ့မဲ့သွား၍ ကြွက်သားများ တင်းမာလာခဲ့သည်။

"မင်း စိတ်ထဲမှာ ပြောစရာ ရှိနေတာလား"

ခဏအကြာတွင် ကျန်းချင်းဝေသည် သံချပ်ကာကို ပြန်လည်တပ်ဆင်၍ မေးခွန်းထုတ်လိုက်၏။

"ကျုပ်ကို ခေါ်မလာသင့်ဘူး။ ငရဲကိုးထပ်ရဲ့ ကံကြမ္မာက အန္တရာယ်ကျရောက်နေပြီ"

"နီအန်သားရဲက လွတ်မြောက်လာရင် အရမ်း အစွမ်းထက်တယ်။ ဆက်နေနေလို့ ဘာကောင်းကျိုးမှ မရှိဘူး"

"သာမန်ပြည်သူတွေကို စွန့်ပစ်ပြီး ကိုယ်လွတ်ရုန်းတာက မှားယွင်းတယ်"

"ယွမ်ဝူက ဒီလိုသဘောတရားမျိုးကို နားမလည်ဘူး။ ဒါပေမယ့် မင်းထက် အများကြီး သန်မာတယ်။ ကျင့်ကြံရေးလမ်းကြောင်းမှာ အမှန်တရားက အရေးမကြီးဘူး။ အရင်းအမြစ်၊ နောက်ခံနဲ့ အဆင့်အတန်းက အဓိကပဲ။ တခြားရှုထောင့်ကနေ စဥ်းစားလိုက်ပါ။ နီအန်ကို ဖြေရှင်းဖို့ ရှေးဟောင်းအပျက်အစီးနယ်မြေက ကူညီပေးနိုင်တယ်။ သေခြင်းတရားကို ထိုင်စောင့်နေမယ့်အစား အကူအညီနဲ့ အခွင့်အရေး ရှာဖွေတာက အကင်းပါးရာရောက်တယ်"

ကျန်းချင်းဝေက လေးနက်စွာ အကြံပြုလိုက်၏။

"ရှေးဟောင်းအပျက်အစီးနယ်မြေက ဒီအန္တရာယ်ကို လျစ်လျူရှုထားမှာလား"

"ဒါကိုတော့ ငါလည်း မသိဘူး။ ဆုံးရှုံးမှုက ကြီးမားရင် ရလဒ်က အကျိုးမရှိရင် ဘယ်သူ ဂရုစိုက်မှာလဲ"

ကျန်းချင်းဝေက တစ်စုံတစ်ခုကို သရော်စကားဆို၍ ထိုစကားများအနက် အမှန်တရားတစ်ခု ရှိနေသည်။ ယွမ်ရှောင်သည် ရှေးဟောင်းနယ်မြေသို့ မြန်မြန်ရောက်လျှင် ကပ်ဘေးကို ဖြေရှင်းရန် နည်းလမ်းတစ်ခု ရှိပေလိမ့်မည်။ ငရဲကိုးထပ်၌ အရင်းအမြစ်က ကန့်သတ်ချက် ရှိသည့်အပြင် ကိုယ်ပွား၊ သွေးကျွန်နှင့် နတ်ဆိုးဖြူတို့ ကျန်ရစ်ခဲ့သောကြောင့် ကိုယ်စားကိုင်တွယ်နိုင်သည်။

"ရှေးဟောင်းအပျက်အစီးနယ်မြေက ဒီနားမှာ တစ်လလောက် ရပ်နားနေလိမ့်မယ်"

"နားလည်ပြီ။ မင်းအတွက် သက်သေခံပေးတာကလွဲရင် ကျုပ် ဘာလုပ်ပေးရဦးမလဲ"

ယွမ်ရှောင်သည် ကျန်းချင်းဝေနှင့် ပထမဆုံး တွေ့ဆုံမှုကို အမှတ်ရလိုက်ပြီး ရှေးဟောင်းအစောင့်တပ် ရောက်လာလာချင်း အပြန်တွင် ခေါ်ဆောင်သွားမည်ဟု ပြောခဲ့သည် မဟုတ်ပါလော။

"ငါ ဒီကိစ္စကို မေ့တော့မလို့။ လန်ရီက တစ်လလောက် အိပ်မက်တစ်ခု ထူးထူးဆန်းဆန်း မက်နေတယ်"

ကျန်းချင်းဝေ၏ အကြည့်က လေးနက်သွားကာ ထူးဆန်းသော လေသံဖြင့် ဖြေလိုက်သည်။

"လန်ရီက ဘယ်သူလဲ။ အိပ်မက်က ဘာအကြောင်းလဲ"

ယွမ်ရှောင်က ဇဝေဇဝါဖြင့် ထပ်မေးသည်။

"သူမရဲ့ အိပ်မက်ထဲမှာ ယွမ်ရှောင်လို့ ခေါ်တဲ့ လူတစ်ယောက် ရှိတယ်။ သူမ ပြောသလိုဆိုရင် ကမ္ဘာပေါ်မှာ အချောဆုံးပဲ။ ညတိုင်း အစ်ကိုယွမ်နဲ့ အိပ်မက်ထဲမှာ တွေ့နေပြီး သူက သိပ်မနူးညံ့ဘူးတဲ့"

ကျန်းချင်းဝေက ခေါင်းတစ်ချက်ယမ်း၍ ရယ်မောလိုက်သည့်အခိုက်တွင် ယွမ်ရှောင်သည်လည်း မင်သက်သွားခဲ့လေသည်။

All Chapters