← Chapters

ဖြတ်သန်းရွက်လွှင့်နေသော နယ်မြေကြီး

Vol. 29 Ch. 376

ဖြတ်သန်းရွက်လွှင့်နေသော နယ်မြေကြီး

Vol. 29 Ch. 376

"ရောက်ပြီလား"

လနတ်သားသည် နီအန်ကို မနည်း ထိန်းချုပ်ထားရသောကြောင့် ယွမ်ရှောင်က အဆင့်တက်ရန် ကြိုးပမ်းကြည့်ချင်ခဲ့သော်လည်း အခြေအနေမပေးချေ။ လှေပျံအပြင်ဘက်မှ မြင်ကွင်း၌ ရောင်စုံတောက်ပနေပြီး ကုန်းပတ်ပေါ်သို့ ရောက်သည်နှင့်တပြိုင်နက် ချီစွမ်းအင်များသည် မုန်တိုင်းပမာ တိုးဝင်တိုက်ခတ်နေ၍ ချီစွမ်းအင် ပင်လယ်အတွင်း နစ်မြုပ်သွားသယောင် ခံစားလိုက်ရ၏။ သာမန်တိုင်းပြည်တစ်ခုမှ ခြေကုပ်ယူ၍ တက်လှမ်းလာရသော ကျင့်ကြံသူတစ်ယောက်အတွက် ရှေးဟောင်းအပျက်အစီးနယ်မြေ၏ ပတ်ဝန်းကျင်သည် တုန်လှုပ်သွားစေနိုင်လောက်သည်။ အလွန်အင်မတန် ကြီးမားသော လှေကြီးတစ်စင်းနှင့် ဆင်တူသော နယ်မြေကြီးသည် မျက်စိတစ်ဆုံး ကြီးမားကျယ်ပြန့်၍ တိမ်များအကြား ထီးထီးကြီး ထွက်ပေါ်နေ၏။

၎င်းက အရောင်အသွေးစုံလင်သော ပန်းပင်လယ်ကြီးပမာ တောက်ပ၍ ဖွဲ့စည်းတည်ဆောက်ပုံမှာ လှေပျံတစ်စင်းဖြစ်ကာ ဘေးတစ်ဖက်တချက်တွင် တောင်ပံရှစ်သောင်းစီဖြင့် လေထဲတွင် ထိန်းသိမ်းထားသည်။ ထိပ်ပိုင်းတွင် ဧရာမ ရွှေရောင်အလင်းလုံးသည် နေမင်းကြီးပမာ ချိတ်ဆွဲခံထားရပြီး နယ်မြေတစ်ခုလုံး ထွန်းလင်းတောက်ပစေ၏။ ပဲ့ပိုင်းတွင် လခြမ်းကွေးတစ်ခု မျောလွင့်နေကာ ဒေသအချို့အပေါ် လရောင်ဖြာကျနေသည်။ အသက်တစ်ချက်ရှူရုံဖြင့် ချီစွမ်းအင် စီးဝင်လာသည်ကို ယွမ်ရှောင် ခံစားလိုက်ရပြီး ငရဲကိုးထပ်ထက် အဆများစွာ သာလွန်ကာ ကျင့်ကြံသူများ ပိုမို အစွမ်းထက်ရခြင်း၏ အဓိကအကြောင်းအရင်း ဖြစ်ပေသည်။ ဧရာမလှေကြီးတစ်စင်း၊ တောက်ပသော တောင်ပံများ၊ နေနှင့် လ၊ ချီစွမ်းအင် မြူခိုးများသည် အိပ်မက်ဆန်ဆန် လှပနေပြီး စွဲမက်ဖွယ်ရာ ကောင်းလွန်း၏။

ယွမ်ရှောင်အနေဖြင့် လောကများအကြား ဤမျှလောက် အံ့သြဖွယ်ကောင်းသော ယာဥ်ကြီးတစ်စင်း ရွက်လွှင့်သွားလာနေမည်ဟု ထင်မထားချေ။ ၎င်းကို ထိန်းချုပ်၍ ကျောက်ရန်ရန်နှင့်အတူ လွတ်လပ်စွာ ပူပင်ကြောင့်ကြမဲ့ လှည့်လည်သွားလာရလျှင် အလွန်ကောင်းမွန်ပေလိမ့်မည်။ သို့ရာတွင် သူမသည် ငြိမ်းချမ်းမှုကို မြတ်နိုး၍ နှစ်သက်သူဖြစ်ကာ သူကိုယ်တိုင်မှာမူ တိုက်ခိုက်ရင်း ကောင်းကင်သို့ တက်လှမ်းရပေလိမ့်မည်ဖြစ်ရာ သဘောထားချင်း မကိုက်ညီချေ။ ဖန်ဆင်းရှင်၏ အမုန်းတရားက သူ့ကို မောင်းနှင်နေပြီး ရှေးဟောင်းအပျက်အစီးနယ်မြေသည် ထိန်းချုပ်သိမ်းပိုက်ရမည့် ရတနာတစ်ခုအဖြစ် အမြင်ပြောင်းလဲသွားခဲ့သည်။ သို့သော်လည်း ငရဲကိုးထပ်၏ သက်ရှိများစွာကို ကယ်တင်ရမည့်အရေးကြောင့် ဤနေရာသို့ ရောက်ရှိလာခြင်းကို နှလုံးသား၌ လေးနက်စွာ မှတ်သားထားရာ မေ့လျော့မသွားချေ။

"ရှေးဟောင်းအပျက်အစီးနယ်မြေက ဒီလောက် ဆွဲဆောင်မှုရှိတာလား"

နောက်ဘက်မှ ယွမ်ဝူ၏ စကားသံ ထွက်ပေါ်လာသည်။

"ရှိတယ်"

"ကျင့်ကြံသူတိုင်းရဲ့ အဆင့်အတန်းကို ကံကြမ္မာက သတ်မှတ်ထားတယ်။ ဒီအရာပေါ်မှာ နေထိုင်ချင်ရင် မင်းအတွက် နည်းလမ်းတစ်ခုပဲ ရှိတယ်"

"ဘယ်လိုလမ်းလဲ"

"ပါးပါးနပ်နပ် နေရမယ့် လမ်း"

ယွမ်ဝူက တစ်ချက်ပြုံး၍ ပါးစပ်ပိတ်နေရန် သတိပေးလိုက်ကာ ဆန့်ကျင်ဘက်မလုပ်ရန် ခြိမ်းခြောက်နေခဲ့သည်။ ယွမ်ရှောင်ကဲ့သို့ ငယ်ရွယ်ထူးချွန်သော ပါရမီရှင်တစ်ယောက်အတွက် ဤနေရာသည် အလွန်တရာ ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း သူက ကောက်ချက်ချထားသည်။

"မင်း ဘယ်လိုအနေအထားကို ရောက်နေတယ်ဆိုတာ မသိဘူး။ ငါတို့နှစ်ယောက်လုံး အကျိုးရှိဖို့ သေချာ ရွေးချယ်ရလိမ့်မယ်"

ယွမ်ဝူက ရယ်မောနေစဥ် ကျန်းချင်းဝေ ရောက်ရှိလာကာ ဘေးသို့ ဆွဲထုတ်၍ တင်းမာစွာ သတိပေးလိုက်သည်။

"သူ့ကို နားယောင်မနေနဲ့။ ကောင်းကင်ရင်းမြစ်နယ်မြေကို ရောက်ရင် အမှန်အတိုင်း နေထိုင်"

"ဒီကောင့်ကို ဆန့်ကျင်လို့ ရလား"

"အခုတော့ မရသေးဘူး။ လန်ရီပေါ်လာရင် မင်းကို လက်ချောင်းနဲ့တောင် ထိရဲမှာ မဟုတ်တော့ဘူး"

ကျန်းချင်းဝေက ယွမ်ရှောင်ကို အားပေးလိုက်သည်။

"ဘာကြောင့်လဲ"

"လန်ရီက အထိမခံတဲ့ လူတစ်ယောက်၊ ရှေးဟောင်းအပျက်အစီးနယ်မြေရဲ့ အံ့ဖွယ်ရာတစ်ခု ဖြစ်လို့"

သူမက ထိုမိန်းကလေးအကြောင်း ပြောနေစဥ် မျက်လုံးများ တောက်ပ၍ ကြည်ညိုလေးစားသော အရိပ်အယောင် ထင်ဟပ်နေ၏။ ထို့နောက် သူမက လှေပျံကို နယ်မြေကြီးထံ ဦးတည် မောင်းနှင်လိုက်ပြီး ခမ်းနားထည်ဝါမှုချင်း ယှဥ်လျှင် ထိုယာဥ်သည် သစ်ရွက်လေးတစ်ရွက်ပမာ ထင်မှတ်ရကာ အနားရောက်လေ ကွာခြားချက် ကြီးမားလေ ဖြစ်သည်။ နောက်ဆုံးတွင် ကြီးမားလှ၍ ရွှေရောင်နှင့် ငွေရောင် မြူခိုးများ ပြည့်နှက်နေသည့် နယ်မြေကြီးထံ ရောက်သောအခါ ရုန်းစာလုံးများ တောက်ပ၍ ဓားသွားများ လင်းလက်နေကာ လူသားမျိုးနွယ် ဖွံ့ဖြိုးတိုးတက်သည့် ခေတ်တစ်ခတ် မျက်မှောက် မြင်တွေ့လာရ၏။ ထွန်းကားစည်ပင်သော ဤနေရာတွင် လူတိုင်းသည် ထူးချွန်သူများ ဖြစ်ကြပြီး ကလေးငယ်များပင် မြေလျှိုးမိုးပျံနိုင်ကာ ရုန်း၊ ဓားနှင့် သိုင်းလမ်းစဥ်ကို ကျင့်ကြံနေကြသည်။

ကမ္ဘာပေါင်းများစွာမှ ရှေးဟောင်းအပျက်အစီးနယ်မြေသို့ ဝင်ရောက်ခွင့်ရသူများသည် အကောင်းတကာ့အကောင်းဆုံး ပါရမီရှင်များချည်း ဖြစ်ကာ အာဏာကြီးကြီးမားမား ပိုင်ဆိုင်ထားကြ၏။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ၎င်းသည် ကမ္ဘာပေါင်းများစွာမှ အထက်တန်းလွှာများကို စုစည်းထားခြင်းဖြစ်ကာ ရွှေခေတ်တစ်ခု ရောက်ရှိနေသည်။ ယွမ်ရှောင်အနေဖြင့် လက်ရှိတွင် အပေါ်ယံကိုသာ မြင်နိုင်ပြီး အစစ်အမှန် အခြေအနေကို နားမလည်နိုင်သေးပေ။ ကောင်းကင်သို့ လှေကားထစ်ပမာ တစ်ထစ်ချင်း တက်လှမ်းနေသော ကျင့်ကြံသူများသည် အဆုံးသို့ ရောက်ပြီဟု ထင်နေကြသော်လည်း တကယ့်အဆုံးသတ်ကို မည်သူမှ မသိနိုင်ချေ။

ရှေးဟောင်းအပျက်အစီးနယ်မြေ၏ ကျင့်ကြံသူတိုင်းသည် ကိုယ့်ကိုကိုယ် အထွတ်အထိပ်ရောက်နေသည်ဟု ယုံကြည်ကြပြီး မရေမတွက်နိုင်သော မျိုးဆက်များ လက်ဆင့်ကမ်းလာသည်။

"ဒီနေရာကို ရောက်လာလို့ ဂုဏ်ယူပါတယ်။ မင်းရဲ့ဘိုးဘေးတွေ ချီးကျူးကြလိမ့်မယ်။ ငါသာဆိုရင် ဒီအခွင့်အရေးကို တန်ဖိုးထားမိမှာပဲ"

ယွမ်ဝူက ဆက်တိုက် ဖြောင်းဖြနေသဖြင့် ယွမ်ရှောင်၏ ခံစားချက်ကို အနှောင့်အယှက် ဖြစ်စေ၏။ ငရဲကိုးထပ်တွင် ကပ်ဆိုက်နေသော်လည်း ရှေးဟောင်းအပျက်အစီးနယ်မြေသည် ငြိမ်းချမ်းပျော်ရွှင်နေရာ ကွာခြားလွန်းလှသည်။ လနတ်သားက အသက်စွန့်၍ အချိန်ဆွဲပေးထားသောကြောင့်သာ မဟုတ်လျှင် နီအန်သားရဲ လွတ်မြောက်၍ ငရဲကိုးထပ်တစ်ခွင် ပျက်ကိန်းကြုံရပေလိမ့်မည်။

"ကောင်းကင်ရင်းမြစ်နယ်မြေကို ရောက်ရင် ငါ့နောက်က လိုက်လာခဲ့။ ငရဲကိုးထပ်ရဲ့ ကံကြမ္မာက မင်းအပေါ်မှာ မူတည်တယ်"

ကျန်းချင်းဝေက ယွမ်ရှောင်ကို လေးနက်စွာ မှာကြားရင်း လှေပျံကို ကောင်းရင်းမြစ်နယ်မြေဟု ရေးထွင်းထားသည့် ရွှေတံခါးကြီးရှေ့တွင် ဆင်းသက်လိုက်၏။ ယခုအချိန်မှစ၍ အရာရာ သူ၏ လုပ်ရပ်အပေါ် မူတည်ကြောင်း ယွမ်ရှောင်က နားလည်သဖြင့် မျက်မှောင်ကြုတ်ရင်း အတွေးနက်နေသည်။ ယွမ်ဝူက ရှေ့ဆုံးမှ ဝင်ရောက်သွားသောအခါ ကျန်းချင်းဝေသည် သူ့ကို ဆွဲခေါ်၍ ချက်ချင်း လိုက်ပါသွားခဲ့သည်။ လှေကားထစ်ရာပေါင်းများစွာ ကျော်ဖြတ်ပြီးနောက် မရေမတွက်နိုင်သော ရွှေရောင်ခန်းမများနှင့် သံချပ်ကာဝတ် ရှေးဟောင်းအစောင့်တပ်သားများက ကြိုဆိုနေခဲ့သည်။

"သခင်မ"

အများစုက သူမကို မှတ်မိသွားသောကြောင့် လေးလေးစားစား နှုတ်ဆက်နေကြသည်။

"ဒီနေ့ တာဝန်ကျတာ ဘယ်သူလဲ"

"ယွမ်ရှန်ကျင်း"

ကြားလိုက်ရသော အဖြေကြောင့် သူမ၏ မျက်နှာအမူအရာ ပြောင်းလဲသွားကာ ယွမ်ဝူကို ကိုင်တွယ်မရနိုင်ဟု တီးတိုးရေရွတ်လိုက်မိသည်။

"စိုးရိမ်စရာတော့ မရှိပါဘူး။ ဒီကောင့်ကို အပြစ်ပေးလို့မရပေမယ့် နားခိုရာဂိုဏ်းအကြောင်း အစီရင်ခံတာနဲ့ ကယ်ဆယ်ရေးအတွက် ပြဿနာမရှိပါဘူး"

ယွမ်ရှောင်၏ အကြည့်ကို နားလည်ဟန်ဖြင့် ကျန်းချင်းဝေက အားပေးလိုက်၏။ ရွှေရောင်စင်္ကြံလမ်းများစွာကို ဖြတ်သန်းပြီးနောက် ကြီးကျယ်ခမ်းနားသော ခန်းမကြီးတစ်ခု ရှေ့သို့ ရောက်ရှိလာကာ လမ်းတလျှောက်တွင် အနည်းဆုံး အစောင့်တပ်သား တစ်ထောင်ရှိကာ တစ်ယောက်ချင်းစီ အလွန်သန်မာကြပေ၏။

"ဒီမှာ စောင့်နေ"

ကျန်းချင်းဝေနှင့် ယွမ်ဝူက ယွမ်ရှောင်ကို ခန်းမတံခါးတွင် ထားရစ်ကာ ဝင်ရောက်သွားပြီးနောက် ငြင်းခုံသံများ မသဲမကွဲ ထွက်ပေါ်လာသည်။ ခဏအကြာတွင် ကျန်းချင်းဝေသည် မျက်နှာမသာမယာဖြင့် ထွက်လာပြီး ယွမ်ရှောင်ကို အတွင်းသို့ ဖိတ်ခေါ်သွား၏။

"အမှန်အတိုင်း ပြောလိုက်။ လန်ရီ ရှိနေလို့ ဘာမှ စိုးရိမ်စရာ မရှိဘူး"

သူမက ရဲရဲကြီး အာမခံလိုက်သည်။

"ကောင်းပြီ"

"ခေါင်းလည်း မော့မကြည့်နဲ့။ အင်မော်တယ်လမ်းကြောင်းမှာ တကယ့်ဖြစ်တည်မှုတွေနဲ့ အကြည့်ချင်း မဆုံရင် ကောင်းလိမ့်မယ်"

ယွမ်ရှောင်က အစာမကြေဖြစ်သွားသော်လည်း အကူအညီတောင်းရန် ရောက်လာသောကြောင့် သည်းခံလိုက်ရ၏။ သူက ခန်းမအတွင်းသို့ ရောက်သောအခါ အကြည့်များ ပြင်းထန်စွာ ကျရောက်လာသဖြင့် အပူချိန် မြင့်တက်လာကာ မီးဖိုတစ်လုံးအတွင်း ရောက်နေသယောင် ထင်မှတ်မှားနိုင်သည်။

"ငါမေးတာကို ခေါင်းညိတ် ခေါင်းခါ နှစ်မျိုး ဖြေစမ်း။ မှန်ရင် ခေါင်းညိတ်၊ မှားရင် ခေါင်းခါ။ မင်းရဲ့ အသက်ကို ချမ်းသာပေးဖို့က ဒီအပေါ်မှာ မူတည်တယ်"

ကျိုးကြောင်းမဆီလျော်၍ မောက်မာသော အာဏာရှင်တစ်ယောက်၏ လေသံမျိုး ထွက်ပေါ်လာခဲ့လေသည်။

All Chapters