← Chapters

ဓားသလင်းကျောက်။

Vol. 47 Ch. 553

ဓားသလင်းကျောက်။

Vol. 47 Ch. 553

“ ကြယ်တာရာ ထောင်မှူး။ ”

စုရီတစ်ယောက် ဤအမည်ကို တစ်ကြိမ်ထက်ပို၍ ကြားလာရပြီဖြစ်သည်။ တစ်ချိန်က မဟာဂရုဏာရှင် နတ်ဘုရားသည် ဆဋ္ဌမကြယ်အပျက်အစီးများတွင် ဖမ်းမိသွားကာ ပိုးဖလံ​သွေးလှိုဏ်ဂူသို့ ခေါ်​ဆောင် အကျဉ်းချခံခဲ့ရ၏။

ထို့နောက် သွေးသားနှင့် ကျင့်ကြံမှု တိုက်စားခံရကာ အကျိုးသက်ရောက်မှုများကို နေ့ရောညပါ ခံစားခဲ့ရသည်။

ရီရွှမ်သည်လည်း သရဲဒိုမိန်းတွင် ထိုကြယ်တာရာထောင်မှူးဖြင့် ဆုံခဲ့ခံရသည်။ အဆုံးတွင် သူ လွတ်မြောက်ခဲ့သော်လည်း ဝိညာဉ်တစ်ခြမ်းသာ ကျန်တော့၏။

ထိုကြောင့် ရီရွှမ်ကြုံသော ကြယ်တာရာထောင်မှူးသည် ဥက္ကာတွင်းနက်ထဲ ပိတ်မိနေသည့် လူဖြစ်နိုင်ချေရှိ၏။

ယခုမူ ထိုအမည်နှင့် ပတ်သက်သည့် သတင်းကို အပေါင်ဆိုင်ပိုင်ရှင်ထံမှ ထပ်မံ ကြားသိလာရချေပြီ။

“ ဆရာစု ... သခင့် လုံခြုံရေးအတွက် မင်းစိတ်ပူနေတာလား။ ”

“ ဟမ့် ... ။ ”

ရုတ်​တရက်​ ​ပေသီးက မေးသည်။ စုရီအံ့ဩသွား၏။ သူ ပြန်မဖြေမီ အနက်ရောင် စက္ကူကြိုးကြာတစ်ကောင် ပေါ်လာသည်။ ချိန်ခွင်မှာ တလှုပ်လှုပ်ဖြင့်၊

“ ဆရာစု၊ သခင်က သူ့အတွက် စိတ်ပူနေတယ်ဆိုရင် ဒီစာကိုပေးသင့်တယ်လို့ မှာထားပါတယ်။ ”

“ ဟမ့် ... ငါက ဘာလို့စိတ်ပူနေရမှာလဲ။ ”

စုရီက ရေရွတ်လျက် စက္ကူကြိုးကြာကို ကောက်ကိုင်လိုက်သည်။ အမျိုးသမီးငယ်သည် မည်မျှတန်ခိုးကြီးသည်ကို သူ အသိဆုံးဖြစ်၏။

သူမ လက်ထဲတွင် ဆန်းကြယ်ပြီး ခန့်မှန်းမရသော ရတနာများဖြင့်ပင် ဆန္ဒရှိသလို လုပ်ဆောင်နိုင်မည်။

အမှန်ပင် စိုးရိမ်သင့်သည်မှာ ထိုကြယ်တာရာထောင်မှူး ဖြစ်သည်။ သူမ၏ အထိန်းအကွပ်မဲ့သော သဘောထား အောက်တွင် အရိုက်ပင်ခံရနိုင်မည်။

‘ကောင်းကင်လူသား’ဟု ခေါ်သော ထိုကြယ်တာရာထောင်မှူးများ အကြောင်း နားလည်မှုများအရ ထိုသူများသည် အမှောင် တားမြစ်စွမ်းအားကို ထိန်းချုပ်နိုင်စွမ်း ရှိရုံသာဖြစ်သည်။

အမှောင်တားမြစ်စွမ်းအားကို လျစ်လျူရှုနိုင်သော သူမအတွက် ထိုသူများမှာ သားကောင်ဖြစ်လာနိုင်၏။ အနက်ရောင် စက္ကူကြိုးကြာကို ဖွင့်ကြည့်လိုက်သည်။

“ ဟမ့် ... နင့်မှာ တကယ်ပဲ လူစိတ်ရှိတုန်းပါလား ... ငါ ကြယ်တွေထူထပ်တဲ့ ကောင်းကင်ကြီးထဲကို ... ဦးတည်နေတယ် ​​နင်ရှာနေတဲ့ဓားတာအိုကို ငါတွေ့ရင် ...

... သေချာပေါက် ငါပြန်လာတဲ့အခါ သင်ပေးမယ် ဒါပေမယ့် ငါ့ကိုစက္ကူကြိုးကြာ (၁၀၀၀၀) ပြန်ခေါက်ပေးပါ။ ”

စုရီမှ ပြုံးသည်။ စုရွှမ်ကြွယ် ဘဝတွင် ဤပေါင်ဆိုင်ကို မီးရှို့ခဲ့ဖူး၏။ ရှားပါးရတနာ များစွာနှင့် ထောင်ပေါင်းများစွာသော စက္ကူကြိုးကြာများ ပါသွားသည်။

သို့သော် ထိုအမျိုးသမီးသည် ထိုရှားပါးရတနာများကို ဂရုမစိုက်ဘဲ စက္ကူ ကြိုးကြာများအပေါ်သာ အလွန်အမင်း စွဲလန်းနေခဲ့၏။

လက်ထဲရှိ စာရွက်ကို မီးရှို့ ပြာချလိုက်ပြီးနောက် ခေါင်းလောင်းထံ ပြန်ကြည့်ကာ၊

“ မင်း ... ဒီဓားသမားကို ဘာလို့ ခေါ်လိုက်တာလဲ။ ”

-ဟုမေးမြန်းလိုက်သည်။

“ ဆရာစု သူက အလွန်ရှားပါးတဲ့ ဓားသမားပါပဲ သူ့လိုလူမျိုး အရိုင်းမြေမှာတောင် ရှားတယ် ... သူပျက်စီးသွားတာကို မမြင်ချင်ဘူး ဒါကြောင့် နှလုံးသားပြိုလဲမှုကနေ ကယ်တင်ဖို့ ငါ့စွမ်းအားကို အသုံးပြုခဲ့တာပါ။ ”

စုရီက နားလည်သွားပြီး ခေါင်းညိတ်ပြလိုက်ကာ တရားရုံးအရာရှိ အဖိုးအိုထံ လှည့်ကြည့်၏။

“ အဲဒီဓားသေတ္တာထဲမှာ ဘာပါသွားလဲ။ ”

“ သွေးသတ်ဓားဧကရာဇ်ရဲ့ ဓားသလင်း‌ကျောက်ပါပဲ ဒီကျောက်တုံးဟာ သွေးသတ်ဓားဧကရာဇ်မင်းရဲ့ ထိုးထွင်းသိမြင်မှု အချို့ကို မှတ်တမ်းတင်ထားပါတယ်။ ”

ထိုအဖြေက စုရီကို မှင်သပ်သွားစေ၏။ သွေးသတ်ဓားဧကရာဇ်ဟူသည် အရိုင်းမြေရှိ ဓားဧကရာဇ် သုံးပါးအနက် တစ်ပါးပေပင်။

ယင်းကြောင့် သူချန်ထားခဲ့သော ဓားသလင်းကျောက်သည် ရတနာများနှင့် ယှဉ်နိုင်ချေ၏။

“ ကောင်လေး ... မင်းက သိပ်ရက်ရောတတ်တာ ငါမသိလိုက်ဘူး။ ”

စုရီက ချိန်ခွင်ကို လှည့်ကြည့်ကာ မှတ်ချက်ပေးလိုက်သည်။ အပေါင်ဆိုင်ရှိ ရတနာ အားလုံးကို ဤချိန်ခွင်ဖြင့် စစ်ဆေး၏။

“ သူက ဆရာစုမိတ်တွေပဲ ငါသူ့ကို မတရားပြုမူနေမှာ မဟုတ်ဘူး။ ”

ချိန်ခွင်မှ တုန်လှုပ်စွာ ပြန်ဖြေ၏။

“ သူက ငါ့သူငယ်ချင်းမဟုတ်ဘူး ... မင်းကြီးစွာသော ဆုံးရှုံးမှုရသွားပြီ ဒါပေမယ့် သွေးသတ်ဓားဧကရာဇ်ရဲ့ ကံကြမ္မာက သူ့ကို ချည်နှောင်ပါလိမ့်မယ် ...

... ဒီကနေ အကျိုးခံစားရသလို ဒုက္ခလည်းရောက်လိမ့်မယ် သွေးသတ်ဓား ဧကရာဇ်မှာ ရန်သူတွေအများကြီးရှိတယ်။ ”

ထိုအချိန်တွင် တရားရုံးအရာရှိ အဖိုးအိုက၊

“ ဆရာစု၊ သွေးသတ်ဓားဧကရာဇ်... သေသွားပြီ။ ”

-ဟု တိုးတိုးလေးပြောသည်။

“ ဟမ့် ... ဘယ်သူသတ်လိုက်တာလဲ။ ”

စုရီမှ အံ့သြသွားတော့သည်။ တရားရုံးအရာရှိအဖိုးအိုက မဝံ့မရဲခေါင်းငုံ့ကာ၊

“ မင်းရဲ့ တတိယတပည့်။ ”

-ဟု ပြန်ဖြေ၏။

“ ဟော့ယောင် ... ။ ”

စုရီခမျာ မျက်ခုံးပင့်လိုက်တော့သည်။ ဤသည်မှာ တောင်တံခါးကို စောင့်ကြပ်ရသော ယိုတစ်ကောင်ဖြစ်ပြီး ကောင်းကင်ကြေးမုံကို ခိုးယူသွားသော သစ္စာဖောက်ပေပင်။

ထိုရတနာသည် တောင်တံခါးကို စောင့်ကြပ်ရန် ချန်ထားသော ရတနာဖြစ်၏။ ၎င်းကိုခိုးယူခြင်းကြောင့် ရန်သူများ ကျူးကျော်ရန် အခွင့်အရေးရခဲ့ခြင်းပေပင်။

“ ဒီကလေးဟော့ယောင်က ဘယ်တုန်းက ဧကရာဇ်ဖြစ်လာတာလဲ။ ”

စုရီက မေးသည်။ သူ့အမွေဆက်ခံသူ ကိုးဦးအနက် ဤဟော့ယောက်သည် နတ်ဆိုး သန္ဓေသားမှ မွေးဖွားလာသူဖြစ်၏။

မယုံနိုင်စရာ အရည်အချင်းများ ရှိနေသော်လည်း ဧကရာဇ်ဖြစ်ရန် ကြီးမားသော အတားအဆီးရှိသည်။

ထို့ကြောင့် ဟော့ယောင်သည် သွေးသတ်ဓားဧကရာဇ်ကဲ့သို့သော ထိပ်တန်း ဧကရာဇ်ကို သတ်နိုင်မည် မဟုတ်ချေ။

“ အဲဒါတော့ မသိပါဘူး ... လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာလောက်က ဟော့ယောင်နဲ့ ရွှမ်ကြွယ်မဟာမိတ်အဖွဲ့က ...

... ဧကရာဇ်အဆင့် ပုဂ္ဂိုလ်နှစ်ယောက် ပူးပေါင်းပြီး သွေးသတ်ဓားဧကရာဇ်ကို အတူတူ သတ်ပစ်လိုက်တယ်လို့ကြားပါတယ်။ ”

ရွှမ်ကြွယ်မဟာမိတ်သည် သူ့နာမည်ဖြင့် ပင်းမိုတည်ထောင်ထားသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ကြောင်း လိပ်မိုက်ကလေးထံမှ သူ ကြားသိထားသည်။

“ ဟော့ယောင်က ... ဘာလို့ သွေးသတ်ဓားဧကရာဇ်ကို သတ်ရတာလဲ။ ”

“ ကောလဟာလတွေ အရတော့ ... သွေးသတ်ဓားဧကရာဇ်က ဟော့ယောင်ကို လှောင်ပြောင်ခဲ့ဖူးတယ် ရွှမ်ကြွယ်မဟာမိတ် အဖွဲ့ဝင်တွေဟာ သစ္စာဖောက်တွေဖြစ်ပြီး ...

... ဆရာ့နာမည်နဲ့ အရိုင်းမြေကို စိုးမိုးဖို့ ကြံစည်နေကြတယ် သူတို့ရဲ့ လုပ်ရပ်တွေက အလွန်စက်ဆုပ်ဖွယ်ကောင်းပြီး သခင်ကိုတောင် သတ်ပစ်ခဲ့တယ်လို့ ပြောခဲ့ဖူးတယ်။ ”

ထိုစကားကိုကြားပြီးနောက် စုရီသည် မထိန်းနိုင်တော့ဘဲ၊

“ ဒီကောင်ဟော့ယောင်က တော်တော်ကို ရဲဝံ့တာပဲ သဘောထားကွဲလွဲနေရုံနဲ့ ဓားဧကရာဇ် တစ်ပါးကိုတောင် သတ်ဝံ့သေးတယ်။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။

“ စိတ်မပူနဲ့ ... ငါအရိုင်းမြေ ပြန်ရောက်ရင် ဒီကိစ္စကို အပြီးတိုင် ဖြေရှင်းပေးမယ်။ ”

ဟော့ယောင်သည် သွေးသတ် ဓားဧကရာဇ်ကိုသတ်ခဲ့ပြီး ထိုသူချန်ထားသော ဓားသလင်းကျောက်ကို သွမ့်ကူဖန်းထံပေးခဲ့၏။

ဤနည်းဖြင့် သွမ့်ကူဖန်းသည် သွေးသတ်ဓားဧကရာဇ် သေဆုံးခြင်းကို သိသော် သေချာပေါက် လက်စားချေပေမည်။

“ ငါ့ကို ရန်သူလို့မြင်နေတဲ့ ဓားသမားတစ်ယောက်က ... အနာဂတ်မှာ ငါ့ကိုသစ္စာဖောက်ခဲ့ ငါ့တပည့်အပေါ် သေချာပေါက် လက်စားချေလိမ့်မယ်။ ”

ဤသည်မှာ ကံကြမ္မာပေပင်။ သွမ့်ကူဖန်းသည် လက်ရှိအချိန်၌ဟော့ယောင်ကို မယှဉ်နိုင်သော်လည်း အနာဂတ်တွင် မဖြစ်နိုင်ဟု မပြောနိုင်ချေ။

စုရီက နောက်ဆုံးဝိုင်တစ်ခွက်ကို မော့သောက်ပြီး ကုလားထိုင်ပေါ်ကနေ မတ်တပ်ထရပ်ကာ

“ ငါသွားသင့်ပြီ။ ”

-ဟု နှုတ်ဆက်လိုက်သည်။

ထိုနောက် လက်နှစ်ဖက် နောက်ပို့ကာ လှည့်ထွက်သွားသည်။ ရုတ်တရက် တရားရုံး အရာအဘိုးအိုမှ ဟန့်တားလာ၏။

“ ခဏနေပါဦး ဆရာစု။ ”

တစ်ဆက်တည်းမှာပင် ကျောက်စိမ်းသေတ္တာတစ်လုံး ကမ်းပေး တော့၏။

“ ဒါဘာလဲ။ ”

“ မင်းအပေါင်ဆိုင်ကို မီးမရှို့ဘဲ ထွက်ခွာသွားရင် ဒီသေတ္တာကို ပေးလိုက်ဖို့ သခင်မှာထားပါတယ် ... ဘာတွေပါလဲ ငါမသိပါဘူး။ ”

“ ကောင်းပြီ ... ။ ”

“ ဂရုစိုက်ပါ ဆရာစု။ ”

တရားရုံး အရာရှိအိုကြီးနှင့် ရတနာသုံးပါးသည်လည်း တပြိုင်နက်တည်း နှုတ်ဆက်စကား ပြောကြားလိုက်တော့၏။

“ ငါ ... ဒီတိုက်ကြီးမှာ ရောက်နေတယ်ဆိုတာ ဘယ်သူမှ မသိစေနဲ့။ ”

“ နားလည်ပါတယ် ဆရာစု။ ”

စုရီက စကားချန်ကာ ပျောက်ကွယ် သွားတော့သည်။ စုရီပုံသဏ္ဍာန် လုံးဝပျောက် သွားချိန်၌ တရားရုံးအရာရှိအိုကြီးက စိတ်သက်သာရာရသွား၏။

ထို့နောက် ချိန်ခွင်ကို ကြည့်ကာ၊

“ မင်း မရိုးသားဘူး ... ပြောပါ ငါတို့ရဲ့ အပေါင်ဆိုင်က ဒီမိုးပြာတိုက်ကြီးမှာ ဘာလို့ ပေါ်လာရတာလဲ။ ”

-ဟု မေးမြန်းလိုက်၏။

“ ရွှမ်နင်ရဲ့ နှလုံးသွေးတစ်စက်ကို ကျောက်တုံးနှလုံးသားက ယူထားပြီး သခင် အလည်သွားတဲ့အချိန်မှာ ပေးလာပါတယ် ...

... အဲဒီနောက်မှာတော့ အပေါင်ဆိုင်က ကမ္ဘာအသီးသီးကို ဖြတ်သန်းပြီး အဲဒီနှလုံးသွေး အပေါ် ‌‌ခြေရာခံတယ် ဒါကြောင့် ရွှမ်နင်ကို အာရုံခံစားမိခဲ့တာပါ။ ”

ထိုစကားကိုကြားပြီးနောက် တရားရုံးအရာရှိအဖိုးအိုမှ ရုတ်တရက် နားလည် လာကာ ထူးဆန်းသောအကြည့်ဖြင့်၊

“ ဒါဆို မင်းဘာလို့ ဆရာစုမေးတုန်းက မပြောခဲ့တာလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

“ အဲဒီအချိန်တုန်းက ငါအရမ်းကြောက်နေတာ ... အဲဒါကိုပြောဖို့ သတိတောင်မရဘူး။ ”

ထိုစဉ်က စုရီသည် အပေါင်ဆိုင်ကို မီးရှို့လုနီးပါးဖြစ်ခဲ့သည်ကို တွေးကြည့်မိလာပြီး သူပင် စိုးထိတ်သွား၏။ သို့သော် တစ်ဖက်လူ ထွက်သွားပြီ ဖြစ်သောကြောင့် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

“ ဒါဆို ဓားသမားကို ဘာလို့ ရွေးလိုက်တာလဲ။ ”

“ သူကတော့ သူ့ရဲ့ဓားနှလုံးသားက သွေးသတ်ဓားဧကရာဇ်ရဲ့ ဓားသလင်းကျောက်နဲ့ အလွန်လိုက်ဖက်ပါတယ် ...

... သူ့ကို ဒီနေရာဖိတ်ခေါ်ပြီး နည်းနည်း ညှိနှိုင်းမယ်လို့ စဉ်းစားခဲ့တာ ဒါပေမယ့် ဘယ်သူ သိမှာလဲ ... ငါ့အသံက ဒီလိုချစ်စရာကောင်းပြီး ဆရာစုလိုလူကို ဆွဲဆောင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး ... ။ ”

အဆုံးတွင် တရားရုံးအရာရှိအဖိုးအိုက ခေါင်းညိတ်ကာ နှုတ်ခမ်းကို လျှာဖြင့်သပ်ပြီး၊

“ နှမျောစရာပဲ၊ ဒီဓားသမားဆီကနေ ဘာအကျိုး‌ကျေးဇူးမှ မရခဲ့ဘူး သွားရအောင် ဒီတိုက်ကြီးကနေ မြန်မြန်ထွက်သွားရမယ် အဲဒီမျိုးရိုးကို ငါ့ဆိုင်ရှေ့မှာ ထပ်မမြင်ချင်ဘူး။ ”

ခဏအကြာတွင် အပေါင်ဆိုင်သည် လေထုထဲပျံတက်ကာ ပျောက်ကွယ်သွားချေပြီ။ စုရီက ထိုအပေါင်ဆိုင်ပျောက်ကွယ်သွားသည်ကို အဝေးမှ ကြည့်နေခဲ့သည်။

ထို့နောက် အကြည့်ကို ပြန်ရုတ်လျက် သူ့လက်ထဲရှိ ကျောက်စိမ်းသေတ္တာကို ဖွင့်ကြည့် လိုက်သည်။

ထိုအရူးမသည် သူ့ကို တစ်ခုခုပေးရန် ဆန္ဒရှိနေလိမ့်မည့်ဟု မယုံချေ။ အထဲ၌ သူ့ကို သတ်မည့် တစ်စုံတစ်ရာ မဖြစ်စေရန်သာ မျှော်လင့်ရချေ၏။

“ ဟမ့် ... ဒီအရူးမ။ ”

အတွေးဖြင့် သေတ္တာကို ဖွင့်ကြည့်လိုက်ရာအထဲရှိ တစ်စုံတစ်ရာကြောင့် ချက်ချင်းစိတ်ပျက်သွားတော့သည်။

***

All Chapters