← Chapters

ဓားခန်းမ၏ ကမ်းလှမ်းချက်များ ... ။

Vol. 47 Ch. 558

ဓားခန်းမ၏ ကမ်းလှမ်းချက်များ ... ။

Vol. 47 Ch. 558

“ ဒီလိုလုပ်ခြင်းက မင်းကို စိတ်ထိခိုက်စေမယ်ဆိုတာ ငါကောင်းကောင်း သိပါတယ် ဒါပေမယ့် နားလည်ပေးပါ ချင်းယွင်က ငါနဲ့အတူ မျိုးနွယ်စုကို ...

... ပြန်သွားရမယ် သူမဟာ ... ယောက်ျားတွေနဲ့ ဘယ်တော့မှ ပတ်သတ်ခွင့် မရှိတော့ဘူး။ ”

တိတ်ဆိတ်သွားတော့ စုရီအသွင်ကို ဖူစုရုံတစ်ယောက် နားလည်မှုလွဲသွားလေသည်။ စုရီမှ မျက်ခုံးပင့်လိုက်၏။

“ မင်းပြောတာက မိန်းကလေးချင်းယွင်မှာ ခံစားချက်မရှိရဘူးလို့ ပြောနေတာလား။ ”

ဖူစုရုံမှ ခေါင်းညိတ်လိုက်သည်။

“ သူမက ငါ့မျိုးနွယ်ကို ခံယူချင်တယ် ဆိုရင်တော့ သက်ဆိုင်ရာတန်ကြေးပေးချေပြီး တာဝန်ကို လက်ခံရမှာသဘာဝပါပဲ။ ”

“ နားလည်ပြီ ... မင်းက သန့်ရှင်းသော သမီးတော်အဖြစ် ခရမ်းရောင်လမြေခွေးမျိုးရိုး ဆီကို ပြန်ခေါ်သွားချင်နေတာပဲ။ ”

“ မှန်ပါတယ် ... ဒါနဲ့သခင်လေးက ငါ့တို့မျိုးရိုးကို သိပြီးနေပြီလား။ ”

စုရီ သက်ပြင်းချလိုက်သည်။ ထို့နောက် ဖူစုရုံမေးခွန်းကို ပြန်မဖြေဘဲ၊

“ ဒါဆို ဧကရာဇ်ရှကိုထားပြီး မင်းထွက်သွားတုန်းက သန့်ရှင်းသောသမီးတော် ဆိုတဲ့ ရာထူးအတွက်ပဲပေါ့။ ”

-ဟု မှတ်ချက်ပေး၏။

“ မှန်တယ် ... ။ ”

ဖူစုရုံမှ ခေါင်းညိတ်သည်။ ခရမ်းရောင် လမြေခွေးမျိုးရိုးစည်းမျဉ်းအရ သန့်ရှင်းသော သမီးတော် ရာထူးမျိုးရရှိစေရန် ချစ်ခြင်းကို သတ်ပစ်ရပေမည်။

သို့မှသာ ၎င်းတို့၏ ဘိုးဘွား အမွေအနှစ်ဖြစ်သော လမင်းဆင့်ခေါ်ခြင်းကျမ်း အမွေဆက်ခံနိုင်မည်ဖြစ်သည်။

စုရီသည် ထိုစည်းမျဉ်း၏ အကောင်းအဆိုးအပေါ် မှတ်ချက်ပေးရန် ရည်ရွယ်ချက် မရှိချေ။

သို့သော် အနည်းဆုံးတော့ ရှချင်းယွမ်တစ်ယောက် အကြင်နာကင်းမဲ့သော မိန်းမတစ်ယောက် ဖြစ်လာမည်ကို မလိုလားသည်မှာ အမှန်ပေပင်။

သန့်ရှင်းသောသမီးတော်အတွက် ရာထူးသည် ပေးဆောင်ရန် အလွန်တန်ဖိုးကြီး လွန်းလှသည်။

“ ဧကရာဇ်ရှတုန်းက မင်းကြောင့် ထိခိုက်ခဲ့ရပြီးပြီ အခု မင်းသမီးကိုနာကျင်စေ​ချင်နေတာလား သန့်ရှင်းသောသမီးတော် ရာထူးက မင်းအတွက်အရေးကြီးသလား။ ”

စုရီက မေးသည်။ ထိုမေးခွန်းသည် ယဉ်ကျေးမှုလုံးဝ မရှိသော်လည်း ဖူစုရုံသည် ဒေါသမထွက်ခဲ့ချေ။ သူမက၊

“ မိဘတွေက သားသမီးတွေကို ချစ်တဲ့အခါမှာ သူတို့ရဲ့အနာဂတ်အတွက် စီစဉ် ပေးတတ်တယ် ငါက ချင်းယွမ်ရဲ့အမေမို့လို့ သဘာဝအတိုင်း လုပ်တာပါ။ ”

“ ကောင်းပြီ ... မင်းနဲ့လိုက်ဖို့ သဘောတူလား။ ”

စုရီမှ ငြင်းခုန်ရန်ပျင်းသွားသည်။ ဖူစုရုံတစ်ယောက် ထိုမေးခွန်းကြောင့် ခေါင်းရမ်း လိုက်ပြီး၊

“ ရှယွင်ကျန့်က တွေ့ခွင့်မပေးဘူး ... ဒါပေမယ့်ကိစ္စမရှိပါဘူး ငါထွက်သွားတဲ့အခါ ငါ့သမီးကို သေချာပေါက်ခေါ်သွားမယ် ...

... သူ စိတ်ဆိုးနိုင်ပြီး ဆန့်ကျင်နိုင်တယ် ဒါပေမယ် အနာဂါတ်မှာ ငါ့လုပ်ရပ်​ကို နားလည် လာလိမ့်မယ် ကျေးဇူးပြုပြီး ... ငါ့တောင်းဆိုမှုကို လိုက်လျောပေးဖို့ ခွင့်ပြုပေးပါ ...

... သမီးနဲ့ မင်းရဲ့ဆက်ဆံရေးကို အဆုံးသတ်ထားသရွေ့ မင်းရဲ့ဘေးကင်းမှုကို ငါအာမခံနိုင်ပါတယ်။ ”

-ဟု ပြောကြားလာသည်။

“ ငါလည်းမင်းကို အာမခံချက် တစ်ခုပေးလို့ရတယ် .. မိန်းကလေးချင်းယွမ်သာ သဘောမတူရင် ခရမ်းရောင်လမြေခွေးမျိုးရိုးရဲ့ ဘိုးဘေးလာရင်တောင်မှ ... သူ့ကို မင်းခေါ်မသွားနိုင်ဘူး။ ”

ရုတ်တရက် လေထုတစ်လုံး ချက်ချင်း တင်းမာအေးစက်သွား၏။ ဖူစုရုံ၏မျက်ခုံးများ တဖြည်းဖြည်း တွန့်တက်လာသည်။

“ ဟား ဟား ဟား ... မင်း ... ။ ”

ရုတ်တရက် အားလန်မှ ဒေါသတကြီး ရယ်မောလိုက်၏။ ထို့နောက် လှောင်ပြောင်ရန် ပြင်လိုက်စဉ် စုရီမှ လက်ပြလိုက်တော့သည်။

“ ငါမှာ ပြောစရာကုန်ပြီ ... ထွက်သွားပါ ခြံပြင်မှာ မင်းဆက်ရယ်နေလို့ရတယ်။ ”

“ မင်း ... ။ ”

စုရီစကားသည် အားလန်ဒေါသကို လျစ်လျူရှုရာရောက်၏။ သို့သော် ဖူစုရုံသည် သူ့ကိုလက်ပြလျက်၊

“ ငါတို့ သွားရအောင် ... ။ ”

-ဟုဆိုလိုက်တော့သည်။

“ အစ်မ၊ ဒီကောင်ရဲ့ သဘောထားက ဘယ်လောက်ဆိုးသွမ်းလဲဆိုတာ မင်းမြင်လား၊ ငါတို့သူ့ကို သင်ခန်းစာ မပေးခဲ့ရင် ငါတို့ကို အထင်သေးနေလိမ့်မယ်။ ”

အားလန်မှ အော်ဟစ်လိုက်သည်။ သို့တိုင်ဖူစုရုံသည် သူ့နာကြည်းမှုအပေါ် လုံးဝ လျစ်လျူရှုထားတော့၏။ ထိုအစား ငြိမ်သက်စွာ ထိုင်နေသော စုရီထံကြည့်ပြီး၊

“ သခင်လေးစု၊ မင်းဘယ်လောက် အန္တရာယ်ရှိနေလဲဆိုတာ မင်းသိတဲ့အခါ မင်းရဲ့ လေသံကိုပြောင်းလိမ့်မယ်လို့ ငါယုံကြည်တယ် အချိန်တန်ရင် မင်းကိုကူညီဖို့ ငါတို့ အဆင်သင့်ရှိနေမှာပါ။ ”

ထို့နောက် အရာအားလုံးကို တွက်ချက်ထားနိုင်သကဲ့သို့ပင် သူမကိုယ်သူမ အလွန်ယုံကြည်မှု ရှိလာခဲ့၏။

တစ်ဖက်တွင် စုရီသည် စကားပြောရန် ဆန္ဒမရှိတော့သဖြင့် အိပ်ပျော်သွားပြီဖြစ်သည်။ ထို့မြင်ကွင်းကြောင့် မျက်ခုံးပင့်ကာ ဖူစုရုံမှ ထွက်ခွာတော့မည့်အချိန်တွင် ဝမ်လျူအသံ ထွက်ပေါ်လာတော့၏။

“ တာအိုစု၊ ကောင်းကင်ဓားခန်းမရဲ့ တတိယအကြီးအကဲ မင်တျန်းဟဲ ရောက်ရှိ လာပါတယ်။ ”

ဖူစုရုံအမူအရာမှာ အနည်းငယ် ထူးဆန်းသွားပြီ ပြန်ရန်အလျင်စလို မရှိတော့ဘဲ၊

“ စောင့်ကြည့်ကြရအောင်။ ”

-ဟု ရို့ဟွမ်နှင့် အားလန်ထံ အသံပေးပို့လိုက်သည်။ နှစ်ယောက်စလုံးမှ ခေါင်းညိတ်လိုက်ကြ၏။

“ ဝင်လာခဲ့ ... ။ ”

ထိုအချိန်တွင် စုရီက မျက်ဝန်းများ ပြန်ဖွင့်လိုက်ကာ တုန့်ပြန်ပြောကြားလိုက်သည်။ နေဝင်ရီတရောအချိန်ဖြစ်၍ ကောင်းကင်တခွင် မှုံမှိုင်းနေ၏။ လမ်းမီးများ လင်းလာပြီး ဆူညံသံများ အဝေးမှ ထွက်ပေါ်လာနေသည်။

ထို့နောက် ဝမ်လျူဦးဆောင်သော လူအချို့ဝင်ရောက်လာ၏။ ဝမ်လျူမှ ဖူစုရုံကို မြင်သောအခါ မျက်ခုံးပင့်သွားသည်။

သို့သော် လျစ်ရှူလျက် စုရီကို ဧည့်သည်များဖြင့် တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ပေးလိုက်၏။

စုစုပေါင်း လေးဦး ရောက်ရှိလာသည်။ ပိန်ပိန်နှင့် အပြာရောင်ဝတ်လုံ ဝတ်ထားသော အမျိုးသားသည် မင်တျန်းဟဲဖြစ်​၏။

အထွတ်အထိပ် ဝိညာဉ်ပေါင်းစည်းခြင်း အဆင့် ကျင့်ကြံသူဖြစ်ပြီး တတိယအကြီးအကဲ ရာထူးကို ရရှိထားသည်။

ကျန်သုံးယောက်တွင် ယောက်ျား(၂)၊ မိန်းမ(၁)ဖြစ်၏။ ၎င်းတို့သည် ဂိုဏ်း၏ အမာခံ တပည့်များဖြစ်ပြီး ဝိညာဉ်ထင်ရှားခြင်း အဆင့်တွင် ရှိနေကြသည်။

အရိုင်းမြေကိုးပါး၌ပင် မျိုးဆက်သစ် လူငယ်များကြား အထက်တန်းစားများအဖြစ် သတ်မှတ်ခံထိုက်ပေ၏။

“ မင်္ဂလာပါ တာအိုစု ... ။ ”

မင်တျန်းဟဲမှ ပြုံးပြပြီး နှုူတ်ဆက် လိုက်လေသည်။ စုရီမှ လက်ပြကာ တုန့်ပြန်၏။

“ ဒီလို ယဉ်ကျေးပြတာတွေ ငါမကြိုက်ဘူး ... မင်းပြောစရာရှိရင် ပြောပါ။ ”

မင်တျန်ဟဲနှင့် ပါရှိလာသော လူငယ်သုံးယောက်သည် မျက်မှောင်ကြုတ် လိုက်ကြ၏။

ဖူစုရုံ၊ အားလန်နှင့် ရို့ဟမ်တို့မှာ တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လျက် ကျေနပ်သွားကြသည်။ နောက်ဆုံးတော့ ဤစုရီသည် အရိုးထိအောင် မာနကြီးချေ၏။

လက်ရှိအပြုအမူသည် မျှတသော ဆက်ဆံရေးဖြစ်သည်။ အတွေးဖြင့် အနည်းငယ် သက်တောင့်သက်သာ ဖြစ်ကုန်ကြ၏။

မင်တျဲဟဲသည်သာ ပတ်ဝန်းကျင်​ကို ဝှေ့ကြည့်လျက် ထိုင်ခုံတစ်လုံးမျှ မတွေ့သဖြင့် အနားတွင်ရပ်နေသော ဖူစုရုံတို့ထံကြည့်ကာ မတ်တပ်ရပ် စကားပြောလိုက်ရသည်။

“ လမ်းမှာ တာအိုဝမ်လျူက သခင်လေးစုရီအနေနဲ့ ပြတ်ပြတ်သားသား ပြောရတာမျိုးကို ကြိုက်တယ်လို့ ပြောခဲ့တယ်၊ ဒါ တကယ်ဖြစ်နေပုံရတယ် ဒါပေမယ့် ... ။ ”

မင်တျန်းဟဲမှ စကားခဏရပ်ကာ ဖူစုရုံနှင့်အဖွဲ့ထံ မော့ကြည့်လေသည်။ စုရီက တစ်ဖက်လူ၏ အဓိပ္ပါယ်ကို နားလည်လိုက် သော်လည်း စိတ်မရှည်တော့ဘဲ၊

“ မင်းဘာတွေ စိတ်ပူနေတာလဲ ... ပြောချင်တာရှိရင် တိုက်ရိုက်ပြောပါ။ ”

-ဟု ထပ်မံပြောကြားလိုက်သည်။

ဤတစ်ကြိမ်တွင် မင်တျန်းဟဲသည်ပင် မျက်နှာပျက်သွားသော်လည်း ပြန်၍ပြုံးပြလျက် မဆိုင်းမတွဘဲ သူ့ရည်ရွယ်ချက်များကို တိုက်ရိုက်ဖော်ပြလာခဲ့၏။

“ ဒီနေ့ ဂိုဏ်းချုပ်ရဲ့အမိန့်အရ ... ငါလာခဲ့တာပါ သခင်လေးစုကို ကောင်းကင် ဓားခန်းမထဲဝင်ဖို့ ဖိတ်ခေါ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ”

“ ဟမ့် ... ဒါက ရှေးဟောင်း အင်အားစုတွေအပေါ် စော်ကားရာရောက်တယ် ဆိုတာ မင်းသိလား ... မင်းတို့ကို အပြစ်မြင်မှာ မကြောက်ဘူးလား။ ”

“ ဒါကို ဖုံးကွယ်ထားစရာ မလိုပါဘူး ငါတို့ဒီကိုလာဝံ့တဲ့အတွက် သဘာဝကျကျ စဉ်းစားထားတာတွေ ရှိပါတယ်။ ”

“ အိုး ... ဒါဆို နားထောင်ကြည့်ရအောင်။ ”

စုရီမှ စိတ်ဝင်စားလာ၏။

“ တာအိုစု ငါတို့နဲ့ပူးပေါင်းပြီး အမည်နဲ့ အထောက်အထားအသစ်ကို ယာယီပြောင်းလဲဖို့ လိုအပ်ပါတယ် ...

... ဒါကိုမှ ရှေးခေတ်အုပ်စုတွေက မြင်နိုင်ရင်လည်း ငါတို့ မကြောက်ပါဘူး သူတို့ကို ရှုံးနိမ့်သွားရင်တောင် ဒီတိုက်ကြီးကနေ လွတ်လွတ်လပ်လပ် ထွက်သွားနိုင်ပါတယ် ...

... ဒါပေမယ့် ငါ့ရဲ့ခန့်မှန်းချက်အရ ငါတို့မျက်စိအောက်မှာ မင်းကို သူတို့တွေက အရေးမယူဝံ့တော့မှာ ငါကြောက်တယ်။ ”

စုရီက နားလည်သွားသည်။ ကောင်းကင်ဓားခန်းမသည် အခြားကမ္ဘာမှ ဖြစ်ပြီး အချိန်မရွေး ဆုတ်ခွာရန် နည်းလမ်းရှိနေ၏။

ဤသည်မှာ သူတို့ယုံကြည်မှု၏ အကြီးမားဆုံးသော အကြောင်းအရင်းပေပင်။

“ သခင်လေးစု ... ငါတို့ရဲ့ရိုးသားမှုကို ဖော်ပြတဲ့အနေနဲ့ ... မင်းသာပူးပေါင်းနေသရွေ့ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး အမာခံတပည့် ရာထူးပေးနိုင်ပါတယ် ...

... ပြီးတော့ ဂိုဏ်းရဲ့ စည်းမျဉ်းတွေ မင်းအပေါ်သက်ရောက်မှု မရှိစေရဘူး ဘယ်သူ့ အမိန့်ကိုမှ နာခံစရာမလိုပါဘူး ...

... မင်းဧကရာဇ်နယ်ပယ်အတွင်း ဝင်ရောက်နိုင်အောင် ကြိုတင်ပြင်ဆင်မှုအဖြစ် ဂိုဏ်းရဲ့အရင်းအမြစ်အားလုံးကို စိတ်ကြိုက် သုံးနိုင်ပါတယ်။ ”

ဤတစ်ကြိမ်တွင် နားထောင်နေသော ဖူစုရုံနှင့်အဖွဲ့သည်သာမက ဝမ်လျူသည်ပင် အံ့အားသင့်ခဲ့ကြသည်။

အထူးသဖြင့် စည်းမျဉ်းများမှ ကင်းလွတ်ခွင့်နှင့် အမိန့်များကို လိုက်နာရန် မလိုဟူသည့် ကဏ္ဍပေပင်။

ဤကမ်းလှမ်းချက်သည် မည်သည့် ထိပ်တန်းအင်အားစုများမှ မပေးအပ်နိုင်သော အခွင့်အာဏာဖြစ်၏။

မင်တျန်းဟဲဘေးရှိ အမာခံတပည့်များအားလုံးပင် မျက်ခုံးပင့်လျက် မနာလိုဖြစ်ကုန်သည်။

သူတို့သည်လည်း ဝိညာဉ် ထင်ရှားခြင်းအဆင့် အမွေခံတပည့်များ ဖြစ်၏။ သို့သော် ထိုကဲ့သို့သော ခံစားခွင့်မရှိချေ။

တစ်ဖက်တွင် စုရီသည် တွေးတောရန်ပင် စိတ်ကူးမရှိခဲ့ဘဲ၊

“ ငါ ဂိုဏ်းတစ်ခုထဲဝင်ဖို့ စိတ်ကူးမရှိဘူး ... ။ ”

-ဟု ​ငြင်းဆန်လိုက်၏။

ဤသည်မှာ တစ်ဖက်လူ၏ ရိုးသားမှုသောကမ်းလှမ်းမှုအပေါ် အခြေခံကာ ယဉ်ကျေးပြခဲ့ခြင်းဖြစ်သည်။

မဟုတ်သော် စကားပြောရန်ပင် မျက်စိဖွင့်တော့မည် မဟုတ်ချေ။ အဆုံးတွင် သူဟူသည် အရိုင်းမြေကိုးပါး၌ အုပ်စိုးရှင်ဖြစ်ပြီး မည်သည့်ခေတ်၌မဆို တောက်ပနေသည်။

“ သူ ဒီလိုပဲ ... ငြင်းလိုက်တာလား။ ”

ထို့ကြောင့် ဤကမ်းလှမ်းမှုသည် စိတ်ဝင်စားစရာမရှိချေ။ စုရီ၏ ငြင်းဆိုချက်ကို ကြားသောအခါ လူတိုင်းအံ့အားသင့်သွားသည်။ သူတို့နားကိုပင် မယုံဝံ့အောင်ပေပင်။

***

All Chapters