← Chapters

မရဏကမ္ဘာ၏ မေ့လျော့ခြင်းနန်းတော် ... ။

Vol. 47 Ch. 560

မရဏကမ္ဘာ၏ မေ့လျော့ခြင်းနန်းတော် ... ။

Vol. 47 Ch. 560

ညလေပြေလေညှင်း တိုက်ခတ်လာပြီး နွေဦးရနံ့၊ သစ်ပင်ပန်းမန်နှင့် မြေဆီလွှာရနံ့များ ထုံမွှန်းလာချေပြီ။ မိုးပြာခြံဝင်းအတွင်း တိတ်ဆိတ်သွား၏။

“ ရှေးဟောင်းအဖွဲ့တွေ ပေါင်းပြီး ... မဟာရှကိုတိုက်ခိုက်မယ်လို့ သတင်းကြားတယ် သူတို့လာရင် မင်းငါ့ကို အကြောင်းကြားပါ။ ”

စုရီ ခါးကျောဆန့်ထုတ်ကာ တစ်ဦးတည်းရပ်ကျန်ရစ်ခဲ့သော ဝမ်လျူထံ မှာကြားလိုက်တော့၏။

“ သခင်စု ဆယ်ရက်အတွင်း ဝင်္ကပါကို အပြီးပြုပြင်နိုင်မလား။”

“ မရဘူး ... ။ ”

“ ဒါဆို အဲဒီအခြေအနေမှာ ငါတို့ တကယ်ပြီးသွားပြီပေါ့။ ”

“ ဘာတွေ ထိတ်လန့်နေတာလဲ ... ရှေးဟောင်းဂိုဏ်းဝင်တချို့ကို သတ်ဖို့အတွက် ငါနဲ့တင် လုံလောက်တယ်။ ”

သို့မှသာ ဝမ်လျူက ခေါင်းညိတ်လိုက်ပြီး ထွက်ခွာသွားသည်။ စုရီ၏ ဆုံးဖြတ်ချက်သည် သူ့ကိုစိတ်ပိုင်းဆိုင်ရာ ထိုးနှက်ခဲ့သည်။ ပြန်လည်ကောင်းမွန်ရန် အချိန်လို၏။

ကောင်းကင်တောင်တန်းသို့ ပြန်ရောက် သည်နှင့် ဧကရာဇ်မင်းထံ ဖြစ်ပျက်ခဲ့သမျှသော အရာအားလုံးကို ပြန်ပြောပြလိုက်သည်။

“ သခင် ... သခင်လေးစုရီက ဒီအခြေအနေကို လွတ်မြောက်ပါ့မလား။ ”

ဝမ်လျူမှ အလုံးစုံ မယုံကြည့်သေးချေ။

“ တာအိုစုက ကတိပေးရင် သေချာပေါက် လွတ်မြောက်လိမ့်မယ် ဒီနေ့ကစပြီး ရှေးဟောင်း အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကိုစုံစမ်းပါ ... သူတို့ လာရောက်ဖို့ ဆန္ဒရှိရင် ဖိတ်ခေါ်လိုက်ပါ။ ”

“ နားလည်ပါပြီ ... ။ ”

ဧကရာဇ်ရှ အမိန်ကြောင့် ဝမ်လျူတစ်ယောက် နှလုံးသားများ တုန်ခါသွား တော့သည်။ သခင်သည် ထိုစုရီအပေါ် အကြွင်းမဲ့ ယုံကြည်နေချေ၏။

“ ဒေါက် ... ဒေါက် ... ။ ”

ထိုအချိန်တွင် မိုးပြာခြံဝင်းအတွင်း တံခါးခေါက်ကာ တစ်စုံတစ်ယောက် ထပ်မံ ရောက်ရှိလာပြန်သည်။

“ ဝင်လာပါ ... ။”

စုရီမှ ကြိမ်ကုလားထိုင်ပေါ်မှ မျက်ဝန်းများဖွင့်ကာ ပြောကြားလိုက်သည်။ များမကြာခင် စုတ်ပြဲနေသော အဝတ်အစားနှင့် မျက်မမြင်အဘိုးကြီးတစ်ယောက် လှမ်းဝင်လာ၏။

“ မင်္ဂလာပါ ဆရာစု ... သဘာဝ ဝိညာဉ်ရတနာကို သန့်စင်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။ ”

မျက်မမြင် အဘိုးအိုက ရိုသေစွာ ဦးညွှတ်နှုတ်ဆက်သည်။

“ မင်း ... မျက်စိကန်းနေပေမယ့် အမြင်အာရုံကတော့ လူအများစုထက် သာလွန် ကောင်းမွန်တယ်။ ”

“ ဟား ဟား ဟား ... ။ ”

စုရီ မှတ်ချက်ကြောင့် မျက်မမြင်အဘိုးကြီးမှ ရယ်မောလျက်၊

“ မျက်စိကန်းနေပေမယ့် နှလုံးသားက မကန်းပါဘူး လူအများစုကတော့ ... မိုက်မဲပြီး မျက်လုံးတွေရှိနေပေမယ့် ကန်းနေကြတယ်။ ”

-ဟု ဆိုလိုက်သည်။

ထို့နောက် ခေတ္တရပ်ပြီး နှာခေါင်းပေါက်ကို ကုပ်ခြစ်ကာ၊

“ ဒီည ခရမ်းရောင်လမြေခွေးတွေ အသတ်ခံလိုက်ရပုံပဲ။ ”

-ဟု ရေရွတ်လိုက်၏။

လေထုအလယ် သွေးရနံ့အပြင် ခရမ်းရောင်လမြေခွေးများ၏ ထူးခြားသော ရနံ့ကိုလည်း ရရှိနိုင်သည်။

“ တစ်ယောက်ယောက် ဒီမှာ သေသွားပေမယ့် လမြေခွေးတော့ မဟုတ်ဘူး မိုက်မဲတဲ့ ပုရွက်ဆိတ်တစ်ကောင်ပါ မင်းဒီကို ဘာအတွက်​လာတာလဲ။ ”

စုရီမှ ရှင်းပြလိုက်သည်။

“ ဆရာစု ငါ့မှာ သတင်းရှိတယ် ... ။ ”

“ ပြောပါ ... ။ ”

“ ဖေဖဝါရီ နှစ်ရက်နေ့ညက မိုးပြာတိုက်ကြီးတစ်ခုလုံး အသွင်ပြောင်းသွားပြီး မဟာတာအို စွမ်းအားတွေ မိုးရေတွေလို ရွာကျလာတာ မင်းသိနေပြီလို့ ငါယုံတယ်။ ”

စုရီ ခေါင်းညိတ်လိုက်သည်။ ထိုညတွင် ဝိညာဉ်ပင်လယ်အထက်၌ ဝိညာဉ်ထင်ရှားခြင်း ကပ်ဘေးကို ခံယူခဲ့၏။

မျက်မမြင်အဘိုးအိုသည် အသက်ပြင်းပြင်းရှူကာ သူ့အမူအရာတွင် ပို၍ စိတ်လှုပ်ရှားလာသည်။

“ အဲဒီညမှာပဲ မိုးပြာတိုက်ကြီးရဲ့ အာကာသအတားအဆီးတွေ အက်ကွဲလာတာ ငါခံစားမိတယ် ဆရာစု ... အဲဒီထဲက တစ်ခုက မရဏကမ္ဘာကိုတောင် ချိတ်ဆက်နေတယ်။ ”

ထိုစကားကိုကြားသောအခါ စုရီမှ စိတ်ဝင်စားလာခဲ့သည်။ မျက်မမြင်အဘိုးအိုက စကားဆက်၏။

“ ဒါကြောင့် မဟာရှရဲ့ ... တားမြစ်ဇုန် တစ်ခုထဲကို ငါစွန့်စားဝင်ရောက်ခဲ့တုန်း အဲဒီမှာ မရဏကမ္ဘာကိုဦးတည်တဲ့ အာကာသဥမင်ကို တွေ့ခဲ့တယ်။ ”

မဟာရှနိုင်ငံတွင် စကြာဝဠာကျွန်း၊ သရဲဒိုမိန်းနှင့် အမှောင်အင်မော်တယ်လွင်ပြင် ဟူ၍ တားမြစ်ဇုန်သုံးခု ရှိသည်။

မျက်မမြင်အဖိုးကြီးသွားခဲ့သည့် တားမြစ်ဇုန်မှာ အမှောင်အင်မော်တယ်လွင်ပြင် ဖြစ်သည်။

စုရီသည်လည်း သရဲဒိုမိန်းတွင် ပျက်စီးနေသော အာကာသဥမင်လိုဏ်ခေါင်းကို တွေ့ထားသေး၏။

အမှောင်အင်မော်တယ် လွင်ပြင်၌ ထိုသို့မရဏကမ္ဘာထံ ဦးတည်သော နောက်ထပ် ဥမင်လိုဏ်ခေါင်းတစ်ခု ရှိနေဦးမည်ဟု သူ မမျှော်လင့်ထားချေ။

“ ဒါက မရဏကမ္ဘာကို ဦးတည်နေတာ သေချာလား။”

“ သေချာတယ် ... ဒါမရဏကမ္ဘာကို ဦးတည်နေတယ်ဆိုတာ ငါ့လျှို့ဝှက်နည်းစနစ်နဲ့ စစ်ဆေးပြီးပြီ ... ပြီးတော့ မန်ပိုနန်းတော်ရဲ့ တပည့်အချို့ကိုတောင် တွေ့ခဲ့သေးတယ်။ ”

“ မန်ပိုနန်းတော် ... ။ ”

စုရီတစ်ယောက် မျက်ခုံးပင့်သွားသည်။ ဤသည်မှာ မရဏကမ္ဘာကြီးရှိ ‘မေ့လျော့ခြင်း တံတား’ကို စောင့်ကြပ်ရသော ရှေးအကျဆုံး အင်အားစုတစ်ခုဖြစ်သည်။

( မန်ပိုဟူသည် တရုတ်ဒဏ္ဍာရီ၌ မေ့လျော့ခြင်းနတ်ဘုရားဖြစ်၏။)

၎င်းသည် အဝါရောင်နွေဦးနန်းတော်၊ တစ္ဆေလမ်းငါးသွယ်ဂိုဏ်း၊ တော်ဝင်မျိုးနွယ်ကိုးပါး စသည်တို့နှင့်အတူ အထွတ်အထိပ်တွင် ရပ်တည်နေသည်။

သူတို့၏ နန်းတော်သခင်တိုင်းသည် ဧကရာဇ်အဆင့် ကျွမ်းကျင်သူများ ဖြစ်ကြ၏။ သူ့အတိတ်ဘဝတွင် ခရမ်းရောင် ငရဲဧကရာဇ် ဟုခေါ်သော လူတစ်ယောက်ကို နာကျည်းခြင်း ပင်လယ်မှ ကယ်တင်ခဲ့ဖူးသည်။

ထိုသူသည် မန်ပိုနန်းတော်၏ မဟာ အကြီးအကဲဖြစ်ပြီး သူ့အမည်မှာ ယွင်ကျိယိမ်း ဖြစ်၏။ သို့သော် ဤသည်မှာ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက ဖြစ်သည်။ စုရီက ခဏမျှစဉ်းစားပြီး၊

“ ဒါဆိုမန်ပိုနန်းတော်က အာကာသဥမင်ကို သိမ်းပိုက်လိုက်ပြီလို့ မင်းပြောချင်နေတာလား။”

-ဟု မေးမြန်းလိုက်၏။ မျက်မမြင်အဘိုးကြီးက ခေါင်းညိတ်သည်။

“ အဲဒါက ဖြစ်နိုင်ခြေ အရှိဆုံးကိစ္စပဲ။ ”

ခဏအကြာတွင် သူသည် အလွန်စိုးရိမ်ပူပန်စွာဖြင့်၊

“ အခု မန်ပိုနန်းတော်တောင် ပေါ်လာပြီဆိုတော့ ရွှေခေတ်ရောက်လာတဲ့ အခါ မိုးပြာတိုက်ကြီး ဘယ်လောက်တောင် ဆူပွက်လာမလဲ တွေးမိပါတယ်။ ”

-ဟု မှတ်ချက်ပေး၏။

“ မင်းက ဒီမှာဧည့်သည်ပဲ ... ဒါဆို ဘာလို့ဒီတိုက်ကြီးအပေါ် ... အရမ်းဂရုစိုက် နေရတာလဲ။ ”

စုရီမေးခွန်းကြောင့် မျက်မမြင်အဘိုးအိုက၊

“ အသိုက်ပျက်စီးတဲ့အခါ ဥတွေလည်း မကျန်နိုင်ပါဘူး ဒီအဘိုးကြီး သတိထားရတယ် ဘာပဲဖြစ်ဖြစ် ကြိုတင် ပြင်ဆင်ထားသင့်တယ် မဟုတ်လား။ ”

-ဟု ဖြေကြားလိုက်၏။

“ ဒီစိုးရိမ်မှုတွေက ယုတ္တိမတန်ပါဘူး ... စောစောက မင်းပြောတဲ့ ခရမ်းရောင် လမြေခွေး မျိုးရိုးတွေတောင် ဒီမှာ ပေါ်လာနေပြီ ... ။ ”

ဤတစ်ကြိမ်၌ မျက်မမြင်အဘိုးအိုမှာ အေးခဲသွားပြီး အမူအရာ ပြောင်းသွားလေသည်။ အရိုင်းမြေကိုးပါးကို ကုန်းမြေကြီး (၃၃)ခုဖြင့် ဝန်းရံထား၏။

၎င်းတို့အနက် ကောင်းကင် အလင်းနယ်မြေသည် ခရမ်းရောင်လမြေခွေးများ နေအိမ်ဖြစ်ကြောင်း သဘာဝအတိုင်း သူ ကောင်းစွာ သိရှိသည်။

“ ဆရာစု ... ဒါက အရိုင်းမြေကိုးပါးရဲ့ အင်အားစုတွေတောင် ရောက်လာလိမ့်မယ်လို့ ဆိုလိုနေတာလား။ ”

မျက်မမြင်အဖိုးအိုမှ အသက်ပြင်းပြင်းရှူကာ မေးမြန်းလိုက်သည်။ စုရီမှ ရယ်၏။

“ ဟားဟားဟား ... မဟုတ်ပါဘူး ဒီမိုးပြာတိုက်ကြီးက အရိုင်းမြေကိုးပါးအတွက် စိတ်ဝင်စားမှု မရှိပါဘူး။ ”

သူဟူသည် အရိုင်းမြေကိုးပါးကို အုပ်စိုးနိုင်သော တာအိုတစ်သောင်း နတ်ဓားရှင် ဖြစ်သည်။ ထို့ကြောင့် အရိုင်းမြေအကြောင်း ကောင်းစွာသိရှိထား၏။

“ ဟဲဟဲ ... ။ ”

သူ့စကားကြောင့် မျက်မမြင်အဘိုးအိုတစ်ယောက် ပြုံးရယ် လာနိုင်တော့သည်။

တစ်ဖက်တွင် စုရီသည်လည်း ခရမ်းရောင်လမြေခွေးများ မိုးပြာတိုက်ကြီးထံ မည်သို့ရောက်ရှိလာသည်ကို သိချင်၏။

ဤနည်းဖြင့် ကောင်းကင် အလင်းနယ်မြေဆီသို့ ဝင်ရောက်နိုင်မည်။ စုရီက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွား၏။

“ အရင်တုန်းက မင်းငါ့ရဲ့အကူအညီကို လိုချင်တာတစ်ခုရှိတယ်လို့ ပြောခဲ့တာ အဲဒါက မရဏကမ္ဘာနဲ့ ပတ်သက်နေသလား။ ”

မျက်မမြင်အဘိုးကြီးမှ ခေါင်းညိတ်သည်။

“ မှန်ပါတယ် ... အန္တရာယ်ကနေ လွတ်မြောက်ဖို့ မိုးပြာတိုက်ကြီးကို လာခဲ့တာပါ ဒါပေမယ့် အခု ပြန်သွားကြည့်ဖို့ အခွင့်အရေး တစ်ခု ရှာချင်ပါတယ် ... ။ ”

မျက်မမြင်အဘိုးအိုသည် တစ္ဆေမျိုးရိုး ခေါင်းတလားထမ်းသူ ဖြစ်သည်။ တစ်ဖက်လူ၏ ဘိုးဘေးသည် စုရီနှင့် သိကျွမ်းခဲ့ကြပြီး ပြန်လည် မွေးဖွားခြင်းရေကန်တွင် လောင်းကစား လုပ်ခဲ့ဖူး၏။

အဆုံးတွင် စုရီအနိုင်ရကာ လူဝင်စားခြင်း လမ်းခြောက်ပါး ခေါင်းတလားကို ပေးဆောင်ရန် အကြွေးတင်သွားသည်။

မျက်မမြင်အဘိုးအို၏ အဆိုအရ သူ့ဘိုးဘေးထိုသရဲအိုကြီးသည် လူဝင်စားခြင်း လမ်းစဉ်(၆)ပါးခေါင်းတလားကို ရှာဖွေစဉ် ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်၏။

“ မင်းဘိုးဘေးကိုရှာပြီး မင်းဆရာအတွက် လက်စားချေချင်တာလား။”

စုရီက မေးလိုက်သည်။ လွန်ခဲ့သော နှစ်ပေါင်းငါးရာခန့်က သူ့တပည့် ပင်းမိုသည် ခေါင်းတလားထမ်း သရဲအိုကြီးကို ရှာဖွေရန် ရောက်ရှိသွားခဲ့သည်။

အဆုံးတွင် မျက်မမြင်အဖိုးအို၏ ဆရာသခင်ကို တိုက်ခိုက်ခဲ့သဖြင့် ဒဏ်ရာဖြင့် ဆုံးပါးသွားရ၏။

ဤဖြစ်ရပ်၏ အကြောင်းတရားသည် သူသေဆုံးခြင်း ရှိ၊မရှိအပေါ် စုံစမ်းရန်ဖြစ်ရာ စုရီတွင် တာဝန်ရှိနေသည်။

“ မှန်ပါတယ် ... ။ ”

မျက်မမြင်အဘိုးအိုမှ ဝန်ခံလိုက်၏။ ပြောနေလျက်ဖြင့် ဝမ်းနည်းသွားပုံရလေသည်။ ခဏအကြာတွင် အသက်ပြင်းပြင်းရှူကာ၊

“ ဆရာစု သိတဲ့အတိုင်းပဲ ချီကျန့်စုကို ငါ့တပည့်အဖြစ် ခေါ်ယူထားပြီးပြီမို့ ငါ့မျိုးရိုးရဲ့ အဆက်အနွယ်ကို ...

... ချန်ထားနိုင်ပါပြီ ... ဒါကြောင့် ဒီလမ်းမှာ သေရင်တောင် ငါ့အတွက်နောင်တရစရာ ဘာမှ မရှိတော့ပါဘူး ”

ထိုစကားကြောင့် စုရီက တစ်ခဏမျှ နှုတ်ဆိတ်သွားပြီး၊

“ ပင်းမိုကို ဖြေရှင်းဖို့ ငါကူညီပေးမယ်၊ မင်းရဲ့သခင်အတွက် ... တရားမျှတမှုရအောင် ငါပြန်ယူမယ်။ ”

-ဟု ကတိပေးလိုက်၏။

မျက်မမြင်အဘိုးကြီးမှ အံ့အားသင့် သွားလေသည်။ စုရီမှ သက်ပြင်းချလိုက်ပြီး၊

“ ဒါပေမယ့် ငါ့စကားကို နားထောင်ပါ ... အခုလောလောဆယ်တော့ ... မရဏကမ္ဘာဆီကို ပြန်ဖို့ အလျင်စလိုမလုပ်နဲ့ ...

... နောက်ဆုံးတော့ ... အမှောင် အင်မော်တယ်လွင်ပြင်ကို မန်ပိုနန်းတော်က ထိန်းချုပ်ထားပြီ မင်းသတိထားရမယ် ... ငါ သူငယ်ချင်းတွေဆီမှာ အပ်နှင်းထားတဲ့ ...

... ရတနာတချို့ကို ပြန်ယူရစရာ ရှိသေးတယ် အဲဒီအချိန် မရဏကမ္ဘာကို သွားရင် မင်းကိုခေါ်သွားမယ်။ ”

“ ‌ကျေးဇူးတင်ပါတယ် ဆရာစု ... ။ ”

ထို့နောက် နှစ်ယောက်သား အချိန်အတော်ကြာ စကားစမြည် ပြောလျက် မျက်မမြင်အဘိုးအိုမှ နှုတ်ဆက်သွားသည်။

စုရီက ကုလားထိုင်ကို မှီကာ ကောင်းကင်ပေါ် မော့ကြည့်ပြီး အတွေးထဲ နစ်မြုပ်ကျန်ရစ်ခဲ့၏။

မျက်မမြင်အဘိုးအို၏ ယနေ့ ယူဆောင်လာသော သတင်းသည် သူသံသယ ရှိထားပြီးသား တစ်စုံတစ်ရာကို အတည်ပြုနိုင်သည်။

မိုးပြာတိုက်ကြီး၏ ချိန်ခွင်လျှာသည် ပြောင်းလဲနေသည်မှာ အစမျှသာဖြစ်သေးသည်။ စစ်မှန်သော ပြောင်းလဲမှုသည် ရွှေခေတ် ကျရောက်မည့် ကာလဖြစ်ချေ၏။

ထိုအချိန် ကျရောက်လာသောအခါ အခြားသောကမ္ဘာအချို့မှ လူအများ ရောက်ရှိ လာပေမည်။

နတ်ဆိုးဟွမ်မိသားစုနှင့် ရှေးဟောင်းအင်အားစုများသည် ထိုအတွက် ပြင်ဆင်နေပုံရ၏။

***

All Chapters