← Chapters

ရီယွင်လန် ... ။

Vol. 47 Ch. 562

ရီယွင်လန် ... ။

Vol. 47 Ch. 562

ရက်အနည်းငယ်အကြာတွင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် မြည်းတစ်ကောင်နှင့်အတူ ဆေးအိုးကိုးပါး မြို့တော်ထဲသို့ ဝင်​ရောက်လာ၏။

“ ဒီကလေးက ... ဝိညာဉ်ထင်ရှား​ခြင်း အဆင့်နဲ့ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်ငါးဦးကို သတ်ပစ်ခဲ့တာလား ... တကယ် မရိုးရှင်းဘူး၊ ... လုံးဝ မရိုးရှင်းဘူး။ ”

လူလတ်ပိုင်းအရွယ် အမျိုးသားက ကျေနပ်အားရမှုများ ခံစားလာရပြီး၊

“ ဒီလို အရည်အချင်းနဲ့ အုတ်မြစ်က ရှားပါးလွန်းတယ် ဒါပေမယ့် ... ထူးဆန်းတယ် မိုးပြာတိုက်ကြီးဟာ သိသိသာသာ မြုံနေခဲ့တဲ့ နယ်မြေတစ်ခုပါ လက်ရှိအမြင့်ကို ရောက်ဖို့ ဘယ်လိုများ တက်လှမ်းနိုင်ခဲ့လဲ ...

... အခွင်အရေး တချို့ကို ရခဲ့သလား ဒါမှမဟုတ် ... ပညာရှင် တစ်ယောက်​ယောက် သူ့နောက်မှာရှိ​နေသလား ... ဟမ့် ဘာပဲဖြစ်ဖြစ် ဒီကလေးရဲ့ အနာဂတ်အောင်မြင်မှုတွေက ...

... ခန့်မှန်းလို့ မရပါဘူး သူသာ ဘိုးဘေးအမွေကို ဆက်ခံရရင် ဧကရာဇ်ဖြစ်ဖို့ သေချာနေ​​ပြီ။ ”

ထိုအတွေးက လူလတ်ပိုင်းအရွယ် အမျိုးသားကို ပို၍ စိတ်လှုပ်ရှားလာ​စေပြီး သူ့အရှိန်ကို မြှင့်လိုက်တော့၏။

ဆယ့်ငါးမိနစ်အ​ကြာတွင် မိုးပြာခြံဝင်းရှေ့ရောက်ရှိလာကာ ခြံတံခါးကို ခေါက်လိုက်သည်။

“ ဘယ်သူလဲ ... ။ ”

“ ဒီလူကြီးအမည်က ရီယွင်လန်လို့ ခေါ်ပါတယ် တာအိုစုနဲ့တွေ့ဖို့ ရောက်လာ ခဲ့တာပါ။ ”

“ ကျွီ ... ။”

တံခါးပွင့်လာပြီး ချောမောလှပသော အမျိုးသမီးတစ်ယောက် ထွက်ပေါ်လာတော့၏။ သူမ အသားအရည်သည် နှင်းကဲ့သို့ ဖြူစင်ပြီး ကြည်လင်တေက်ပ​လေသည်။

အမျိုးသမီးတစ်ထောင်အတွင်း ထားရှိသော် သာလွန်ထင်ရှားသော အလှတရားမျိုး ပေပင်။

“ အစ်ကိုစုနဲ့ ဘာကိစ္စရှိလို့လဲ မေးလို့ရမလား။ ”

လူလတ်ပိုင်းအရွယ် အမျိုးသားက လက်သီးဆုပ်ကို လက်ဖဝါးဖြင့် ဖိကပ်ပြလျက်၊

“ ငါ့က သူ့ဆွေမျိုးပါ။ ”

-ဟု နွေးထွေးစွာ ပြန်ဖြေ၏။

“ ဆွေမျိုးလား ... ။ ”

ဝမ်ရှင်းကျောက်မှ အံ့အားသင့်သွားသည်။

“ မှန်ပါတယ် ... ငါသူ့ကိုတွေ့ရင် မင်းငါ့ရဲ့ကိုယ်ပိုင်လက္ခဏာကို သဘာဝကျကျ သိလာမှာပါ မိန်းကလေး။ ”

“ အစ်ကိုစု မရှိဘူး ... ကောင်းကင် တောင်တန်းကို သွားတယ် ... မင်းနောက်နေ့ ပြန်လာလို့ရမလား။ ”

“ သူ ဘာသွားလုပ်တာလဲ။ ”

“ ဒီမေးခွန်းက မလိုအပ်ဘူး ထင်တယ်။”

ဝမ်ရှင်း‌ကျောက်မှ သတိကြီးစွာ တုန်ပြန်သည်။ လူလတ်ပိုင်းအရွယ် အမျိုးသားမှ ခဏမျှစဉ်းစားပြီး၊

“ မိန်းကလေး ကျေးဇူးပြုပြီး မင်းလုပ်စရာရှိတာလုပ်ပါ ငါဒီမှာ စောင့်နေ လိုက်မယ်။ ”

-ဟု ပြောကြားလိုက်၏။

ထို့နောက် သူ့လက်ကို နောက်ပို့လျက် တံခါးဝအနားတွင်ရပ်ပြီး အဝေးက ရေကန်ထံ စိုက်ကြည့်​နေသည်။ အလွန်စိတ်ရှည်ပုံရ၏။ ဝမ်ရှင်းကျောက်မှ တုံ့ဆိုင်းသွားပြီး၊

“ မင်းတကယ်ပဲ အစ်ကိုစုရဲ့ ဆွေမျိုးလား။ ”

“ ဟား ဟား ဟား ... ”

လူလတ်ပိုင်းအရွယ် အမျိုးသားက ရယ်သည်။

“ ငါက မိသားစုဆက်ဆံရေး အတုအယောင်တွေကို ကြုံရာကျပန်းပြောတဲ့ လူမဟုတ်ဘူး ကျေးဇူးပြုပြီး မင်းရဲ့လုပ်ငန်းကို ပြန်လုပ်ပါ ငါ့ကိုစိတ်ထဲ မထားပါနဲ့။ ”

“ ဒါဆို အထဲဝင်ပြီး စောင့်နေတာ အကောင်းဆုံးပဲ။ ”

ဝမ်ရှင်း‌ကျောက်မှ ဖိတ်ခေါ်လိုက်သည်။

“ ဟမ့် ဘာလို့များ ရုတ်တရက်ကြီး မင်းစိတ်ပြောင်းသွားတာလဲ။ ”

“ တကယ်လို့ ... မင်းသာအစ်ကိုစုရဲ့ ဆွေမျိုးတော်စပ်တယ်ဆိုရင် ဒီလိုတံခါးဝမှာ စောင့်စေတာက အရမ်းမိုက်မဲလွန်းတယ် ကျေးဇူးပြုပြီး ဝင်လာပါ။ ”

“ ကျေးဇူးအများကြီးတင်ပါတယ် မိန်းကလေး ငါခြံထဲမှာပဲ စောင့်နေလိုက်မယ်။ ”

လူလတ်ပိုင်းအရွယ် အမျိုးသားက ရေကန်ဆီသို့ လျှောက်လှမ်းသွားကာ ကျောက်တုံးတစ်လုံးတွင် ပေါ့ပေါ့ပါးပါး ထိုင်နေလိုက်သည်။

“ ကျေးဇူးပြုပြီး မင်းလုပ်စရာရှိတာ ပြန်လုပ်ပါ ... ငါ့ကို စိတ်ထဲမထားပါနဲ့ မိန်းကလေးက။ ”

စကားဆုံးသည်နှင့် မျက်ဝန်းများမှိတ်ပြီး အနားယူ​နေတော့သည်။ ဝမ်ရှင်းကျောက်ခမျာ ခဏမျှစဉ်းစားပြီး ရေနွေးကြမ်းတစ်ခွက် ပြင်ပေးလိုက်ရ၏။

သူမ ထွက်သွားပြီးနောက် လူလတ်ပိုင်းအရွယ် အမျိုးသားမှ မျက်လုံး ပြန်ဖွင့်ကာ ပြုံးလေသည်။

“ တကယ်တော်တဲ့ မိန်းကလေးပဲ... ယုဖေးသာ သူမကိုတွေ့ရင် သဘောကျမှာ သေချာပါတယ် ... ။ ”

သို့သော် ရီယုဖေးအမည်ကို သတိရသွားသောအခါ ဝမ်းနည်းပူဆွေးမှုများ ဝင်ရောက်လာတော့သည်။

အချိန်များ တရွေ့ရွေ့ကုန်နေ၏။ ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်မိုက်လာ သည်နှင့်အမျှ နေရောင်ခြည်များ ပါးလျလာပြီ ဖြစ်သည်။

သက်လတ်ပိုင်းအရွယ် အမျိုးသားမှ သက်တောင့်သက်သာနှင့် ထိုင်နေဆဲဖြစ်၏။ သူ့တစ်သက် ထိုနေရာတွင် ထိုင်နေရလျှင်ပင် ဒေါသထွက်မည့်ပုံ မပြချေ။

ထိုအချိန်တွင် စုရီပြန်ရောက်လာ၏။

“ အစ်ကိုစု ... ရီယွင်လန်ဆိုတဲ့ လူတစ်ယောက် မင်းရဲ့ဆွေမျိုးလို့ ပြောပြပြီး ရေကန်နားမှာ မနက်တည်းက စောင့်နေပါတယ်။ ”

ဝမ်ရှင်းကျောက်စကားကြောင့် စုရီက ရေကန်ထံ လှမ်းကြည့်၏။ တစ်ချိန်တည်းမှာပင် လူလတ်ပိုင်းအရွယ် အမျိုးသားက ကျောက်တုံးပေါ်မှ နိုးထလာသည်။

ချောမောလှပသော လူငယ်၏ အသွင်အပြင်ကြောင့် ကျေနပ်စွာ ခေါင်းညိတ် လိုက်လေသည်။

အသွင်အပြင်သည် ယု​​ဖေးကဲ့သို့ပင် သွယ်လျလျဖြစ်ကာ အထူးသဖြင့် မျက်ခုံးနှင့် နှာတံသည် ထပ်တူကျ၏။

ထို့ကြောင့် သက်လတ်ပိုင်း အရွယ် အမျိုးသား၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုများ ပေါက်ပွားလာသည်။ ပြုံးလျက် စုရီရှိရာသို့ ဆက်လျှောက်လှမ်းသွားနေမိ၏။

“ ငါ့နာမည် ယွင်လန်ပါ ... မင်းအမေရဲ့အစ်ကို မင်းဦးလေးပဲ။ ”

စုရီမှ မျက်ခုံးပင့်၏။ ရုတ်တရက် ဦးလေးတစ်ယောက် ထွက်ပေါ်လာ​ခြင်းသည် နှစ်ပေါင်း (၁၈၀၀၀၀) အတွေ့အကြုံရှိသော်မှ စုရီကို အနည်းငယ် ထုံထိုင်း​​စေခဲ့သည်။

“ ဘယ်လို သက်သေပြနိုင်လဲ။ ”

စုရီသည် သူ့ကိုယ်သူ ငြိမ်သက်ရန် အချိန်ယူပြီးနောက် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ရီယွင်လန်မှ ခေတ္တမျှ တိတ်ဆိတ်သွား၏။

“ မင်းအမေ မိုးပြာတိုက်ကြီးကို ထွက်သွားတုန်းက ငရဲမိုးကြိုးခေါင်းလောင်း ဆိုတဲ့ ရတနာတစ်ခုကို ... သူနဲ့အတူ သယ်သွားခဲ့ပါတယ်...

... နောက်ပြီး၊ သူမရဲ့ ဘယ်ဘက် လက်ကောက်ဝတ်မှာ အစိမ်းရောင်သစ်ရွက် သဏ္ဍာန် မွေးရာပါ အမှတ်အသားတစ်ခု ပါရှိနေတယ် ...

... ဒါက ရီမျိုးရိုးရဲ့ ပင်မမျိုးရိုးကနေ ဆင်းသက်လာသူတိုင်းအတွက် ​မွေးရာပါ အမှတ်အသားပဲ။ ”

စကားပြောနေစဉ် သူ့ဘယ်ဘက် အင်္ကျီလက်ကိုလိပ်တင်ကာ သစ်ရွက်ပုံသဏ္ဍာန် အစိမ်းရင့်ရောင် မွေးရာပါအမှတ်အသားကို ပေါ်လွင်စေလိုက်သည်။

၎င်းသည် ကြေးနီဒင်္ဂါးတစ်ပြား၏ အရွယ်အစားခန့်သာရှိပြီး မျက်နှာပြင်ပေါ်တွင် အနုစိတ်သောသွေးကြောများ ရှိသည်။

ထိုမွေးရာပါ အမှတ်အသားကို မြင်သောအခါတွင် ဤလူသည် အမှန်အတိုင်း ပြောဖွယ်ရှိကြောင်း သိရှိလိုက်၏။

“ ထိုင်ပါဦး ... ။”

စုရီက ရေကန်အနားရှိ ဇရပ်ကို ညွှန်ပြလိုက်သည်။ ထို့နောက် ကုလားထိုင်ကို ထုတ်ကာ ပက်လက်လန်ချလိုက်၏။

ထိုအပြုအမူသည် အနည်းငယ် သူစိမ်းဆန်သော်လည်း ရီယွင်လန်ကို အပြုံး မပျက်သွားစေချေ။

“ ဘာလို့ ငါ့ဆီရောက်လာတာလဲ။ ”

စုရီက မေးသည်။

“ ဒါက မင်းအမေကို အိမ်​ပြန်ခေါ်သွားဖို့ ငါလာခဲ့တာ အခုလို သူ ဆုံးပါးသွားလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။ ”

“ ဒါဆို သူ့အစား ... မင်းက ငါ့ကိုလာရှာတာလား။ ”

“ မှန်ပါတယ် ယုဖေးရဲ့သွေးတွေက မင်းရဲ့သွေးပြန်ကြောတွေထဲမှာ စီးဆင်းနေတယ် ငါမင်းကိုသူ့အစားပြန်​ခေါ်​ပြီး ကံကြမ္မာကို အမွေဆက်ခံစေချင်တယ်။ ”

“ စိတ်မဝင်စားဘူး ... အထူးသဖြင့် မင်းပြောနေတဲ့ ရီမိသားစုကို။ ”

ဤဘဝတွင် မိသားစုဝင်အဖြစ် သူ့အမေတစ်ယောက်သာ ရှိ၏။ အ​ခြားသော ဆွေမျိုးများဟူ၍ မရှိချေ။ ထိုထဲတွင် သူ့အဖေ စုဟုန်လီပင် ပါရှိ၏။

“ မင်း လက်မခံနိုင်ဘူးဆိုတာ ... ငါသိပါတယ် ဒါပေမယ့် ဘာပဲဖြစ်ဖြစ် မင်းက ရီယုဖေးသား ဖြစ်နေတုန်းပါပဲ ... ။ ”

ထို့နောက် လူလတ်ပိုင်းအရွယ် အမျိုးသားသည် အသက်ပြင်းပြင်းရှူလိုက်ပြီး၊

“ မင်းအမေ ဆုံးပါးသွားတာက ငါ့ကို အရမ်းနာကျင်စေတယ် သူ့ရဲ့ တစ်ဦးတည်းသော သားကို ဒီတိုက်​ကြီးမှာ ...

... ရည်ရွယ်ချက်မဲ့ ပျံဝဲနေတာမျိုး ငါခွင့်မပြုနိုင်ဘူး ... မင်းရဲ့အနာဂါတ်အတွက် ငါ တတ်နိုင်သမျှ အကုန်လုပ်မယ်။ ”

-ဟု ပြောကြားလာ၏။

စုရီမှ သူ့မျက်ခုံးများကို ပွတ်သပ်ကာ

“ မင်းမှာ အပြစ်မရှိဘူး ... အမေအတွက် ငါကိုယ်တိုင်လက်စားချေပြီးပြီ ငါ့ရဲ့အနာဂါတ်နဲ့ ပတ်သတ်ပြီးတော့လည်း ဘယ်သူ့ ...

... အကူအညီမှ မလိုအပ်ဘူး ... ဒီတိုက်ကြီးမှာ ငါက အဓိပ္ပါယ်မဲ့ လွင်မျောနေ တယ်လို့ ဘယ်သူပြောလဲ ... ။ ”

စုရီ တုန့်ပြန်မှုကြောင့် ရီယွင်လန်မှ အံ့အားသင့်သွားကာ၊

“ ငါသိပါတယ် ဒါပေမယ့် မင်းအမေ ဘာကြောင့် ဒီတိုက်ကြီးကို လာခဲ့ရတာလဲ မင်းသိလား။ ”

“ ဟိုမှာ ဇာတ်လမ်းရှိလား။ ”

“ ရှိတယ် ... သူမကို အတင်းအကြပ် ခိုင်းစေခဲ့လို့ပဲ ... ရီမျိုးနွယ်က လူယုတ်မာတွေက စစ်တုရင်အပိုင်းအစအဖြစ် ရှုမြင်ပြီး ဒီကိုပို့ လိုက်ကြတယ် ...

... အပေါ်ယံမှာ၊ သူတို့က မိုးပြာမူလကို ရှာဖွေဖို့ပြောနေပေမယ့် ... အမှန်တော့အမေကို အမွေဆက်ခံခွင့်ကို မပေးချင်တာဘဲ။

“ ဒါဆိုဘာလို့ သူမရဲ့ကျင့်ကြံမှု အားနည်းရတာလဲ ... ။ ”

“ အားနည်းသလား။ ”

ယွင်လန်မှ ခေါင်းယမ်းလိုက်သည်။

“ မင်းအမေက လုံးဝသန်မာသူပဲ ... မျိုးနွယ်စုတစ်ခုလုံးမှာ အပြောင်မြောက်ဆုံး ပါရမီရှင် ... သူမအသက် (၁၇)နှစ်အရွယ်မှာ ဝိညာဉ်ထင်ရှားခြင်းအဆင့်ကို ...

... ဝင်ရောက်နိုင်ခဲ့ပြီး ... ထိပ်တန်း တာအိုဝိညာဉ်နန်းတော်ကို စုစည်းထားတယ် မိသားစုမှတ်တမ်းတွေမှာတောင် ဒီလို အရည်အချင်းမျိုး မရှိကြဘူး ... ။ ”

ဤတစ်ကြိမ်၌ စုရီပင် မထိန်းနိုင်ဘဲ အံ့ဩသွားလေသည်။ မိခင်သည် အသက် (၁၇) နှစ် အရွယ်တွင် ဝိညာဉ်တာအို နယ်ပယ်ကို ခြေချနိုင်သည်လော။

“ ဒါပေမယ့် အဲဒီလူယုတ်မာတွေက သူမကိုမိုး​​ပြာတိုက်ကြီးဆီ ပို့တဲ့အခါ အလွန် အန္တရာယ်ကြီးတဲ့ နည်းလမ်းကို အသုံးပြုခဲ့ကြတယ် ...

... သူတို့က မင်းအမေယုဖေးကို တာအိုပိုးအိမ်ထဲမှာ ချိတ်ပိတ်ပြီး အာကာသ ဆုံမှတ်ဆီ ဖြတ်ကျော်စေတယ် ... ။ ”

စုရီမှ သဘောပေါက်သွား၏။

“ နားလည်ပြီ ... အာကာသဆုံမှတ်ကို ဖြတ်ကျော်ရင်းနဲ့ ကျင့်ကြံမှု ပြန်မရနိုင်တော့တဲ့ ထိုးနှက်မှုကို ခံစားခဲ့ရတယ် မဟုတ်လား မဟာတာအိုကပ်ဘေးကြောင့် သူမအုတ်မြစ် ပျက်စီးသွားဖွယ်ရှိတယ်။”

“ မှန်ပါတယ်။ ”

ရီယွင်လန်မှ ခေါင်းညိတ်လိုက်ပြီး သူ့မျက်နှာတွင် မုန်းတီးခြင်းများ ပြည့်နှက်လာ တော့၏။

စုရီတစ်ယောက် မိခင်သည် သူနှင့် ထိုအကြောင်းအရာများအပေါ် မည်သည့်အခါမှ မဆွေးနွေးခဲ့ဖူးကြောင်း သတိရလာသည်။

တစ်ဖက်တွင် ထိုအချင်းအရာသည် အဓိပ္ပါယ်ရှိ၏။ ထိုစဉ်က သူသည် လေးနှစ်သား အရွယ်မျှသာ ရှိသေးသည်။

ဤမျှလောက်ငယ်ရွယ်သော ကလေးတစ်ယောက်နှင့် ထိုအရာများကို သူမ မည်သို့ ဆွေးနွေးနိုင်မည်နည်း။

***

All Chapters