← Chapters

ငါတို့ထွက်သွားရမယ် ... ။

Vol. 47 Ch. 564

ငါတို့ထွက်သွားရမယ် ... ။

Vol. 47 Ch. 564

စုရီစကားများသာ ထိုအဖိုးကြီးများ ကြားသိသွားသော် ပါဝင်ပတ်သက်သူတိုင်းသည် စိတ်မသက်မသာ ခံစားသွားရမည်မှာ သေချာချေပြီ။

“ စုရီ ... မင်းဒါကို လက်မခံနိုင်ဘူးဆိုတာ ငါသိပါတယ် ဒါပေမယ့် မင်းဘေးကင်းဖို့အတွက် ငါတတ်နိုင်သမျှ လုပ်ပေးပါ့မယ်။ ”

ရီယွင်လန်က ပြတ်သားစွာပြော၏။ စကားလုံးတိုင်းသည် နှလုံးသားမှ လာကြောင်း စုရီပြောနိုင်လေသည်။

ရီယွင်လန်အမြင်၌ သူဟူသည် တစ်ဦးတည်းသော ဆွေမျိုးဖြစ်ချေပြီ။ သို့သော် စုရီအတွက်မူ ထိုကာကွယ်မှုကို မလိုအပ်ချေ။

“ မင်းရဲ့ကြင်နာမှုကို ငါတန်ဖိုးထားတယ် ... ဒါပေမယ့် မင်းငါ့ကိုထားခဲ့ပါ မင်းရဲ့အကူအညီကို မလိုအပ်ဘူး ... မင်းမိသားစုရဲ့ ဧကရာဇ်အမွေက ငါ့လမ်းကို ကူညီပေးနိုင်တဲ့အရာမဟုတ်ဘူး။ ”

ထို့နောက် စကားခေတ္တရပ်နားပြီး၊

“ ရီမိသားစုက ငါ့ဆီလာလိမ့်မယ်လို့ ငါတကယ်မျှော်လင့်တယ် ဒီလိုနည်းနဲ့ ငါ့အမေရဲ့ ဒေါသကို ဖြေဖျောက်ပေးနိုင်ပါလိမ့်မယ်။ ”

-ဟု ပြောကြားလိုက်၏။

စုရီစကားကြောင့် ရီယွင်လန်ခမျာ မျက်လုံးပြူးသွားပြီး၊

“ စုရီ၊ ဒီလိုစကားတွေ မပြောပါနဲ့ ... ရီမိသားစုသာ တကယ်တိုက်ခိုက်လာမယ်ဆိုရင် မိုးပြာတိုက်ကြီးတစ်ခုလုံးမှာ သူတို့ကို ဟန့်တား နိုင်တဲ့လူ တစ်ယောက်မှ မရှိတော့မှာကို ငါကြောက်မိတယ် ...

... မင်းဦးလေးအဖြစ် ငြင်းပယ်တာကို ငါစိတ်မဆိုးပါဘူး ... ဒါပေမယ့် သတိထားရမယ် ရီမိသားစုစွမ်းအားကို မင်းထက် ငါပိုသိတယ် ... မင်းကိုသာ ယုဖေးရဲ့ကလေးမှန်းသိရင် သူတို့က သနားနေမှာမဟုတ်ဘူး။ ”

ဤစကားများသည် စိတ်ရင်းမှန်နှင့် အလွန်လေးနက်ချေပြီ။ သို့သော် စုရီအတွက်မူ ပျင်းရိလာ၏။ သူသည် အဘယ့်ကြောင့် စုမိသားစုကို ဂရုစိုက်နေရမည်နည်း။

“ ဒီနေ့ မင်းဒီကိုလာလည်တာ အခြားအကြောင်းအရာတွေ ရှိသေးလား။ ”

စုရီမေးခွန်းကို ရီယွင်လန်က ခေါင်းယမ်းပြလာသည်။ ထို့နောက်၊

“ ယုဖေးကို ငါရှာဖို့လာခဲ့တာ ... အခု မင်းကိုတွေ့တော့ အကာအကွယ်ပေးမယ်လို့ တွေးထားတယ်။ ”

-ဟု ပြန်ဖြေလိုက်၏။

“ ဒါဆို ရီမိသားစုက မင်းရောက်လာတာကို မသိဘူးလား။ ”

“ အချိန်တိုအတွင်းတော့ သိနိုင်မှာ မဟုတ်ဘူး ဒါပေမယ့် အချိန်အတော်ကြာရင် ငါဒီတိုက်ကြီးကို ရောက်နေပြီဆိုတာ သေချာပေါက် သိလာလိမ့်မယ်။ ”

ထို့နောက် ရီယွင်လန်မှ ခဏမျှစဉ်းစားပြီး၊

“ တစ်လအတွင်း ရီမိသားစုရဲ့ ကျွမ်းကျင်ပညာရှင်တွေ ရောက်လာကြလိမ့်မယ် ဒါကြောင့် ဒီဘေးဆိုးကြီးကို ရှောင်ရှားဖို့ ငါတို့ အမြန်ဆုံးထွက်သွားရအောင်။ ”

-ဟု အကြံပြုလိုက်၏။

ဤတစ်ကြိမ်တွင် စုရီသည် စိတ်မရှည်တော့ဘဲ၊

“ ဒီတိုက်ကြီးကနေ ငါထွက်သွားဦးမှာ မဟုတ်ဘူး ... မင်းဒီအကြောင်းကို ထပ်ပြောရင် နှင်ထုတ်မိတဲ့အတွက် အပြစ်မတင်ပါနဲ့။ ”

-ဟု သတိပေးသည်။

ရီယွင်လန်ခမျာ မျက်လုံးပြူးသွား၏။ တစ်ဖက်လူသည် အမှန်ပင် မပျော်မရွှင်ဖြစ်နေ သောကြောင့် ထပ်မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။

အခြားသူတစ်ယောက်သည်သာ ထိုကဲ့သို့ပြောလာဝံ့သော် ပါးရိုက်မိပေလိမ့်မည်။ ယခုမူ သူ့တူဖြစ်သဖြင့် ဒေါသမထွက်ဖြစ်ချေ။

“ ကောင်းပြီ ... မင်းစဉ်းစားလို့ရတယ် နောက်ဆုံးတော့ မင်းငါနဲ့မလိုက်ချင်ရင် မင်းကို အတင်းအကြပ်မလုပ်ပါဘူး။ ”

သို့သော် သူ့စကားသံအတွင်းတွင် အနည်းငယ် စိတ်ဓာတ်ကျသည့် အရိပ်အမြွက် မြင်နိုင်၏။ တစ်ဆက်တည်းမှာပင် ခေါင်းယမ်းကာ၊

“ စုရီ ... ဒီကာလအတွင်း ငါ ဆေးအိုးကိုးပါးမြို့တော်မှာ ရှိနေမယ် လိုအပ်ရင် မင်းငါ့ကို ဆက်သွယ်လို့ရတယ်။ ”

-ဟု ပြောကြားလျက်၊ ရီယွင်လန်တစ်ယောက် ပျောက်ကွယ် သွားတော့သည်။

စုရီက မလှုပ်မယှက် ကုလားထိုင်ပေါ်တွင် လှဲနေလျက်မှ သက်ပြင်းချ၏။ ဤဦးလေးသည် လူကောင်းတစ်ယောက်ပေပင်။

“ ဘာဖြစ်​ဖြစ်​ ငါ့အ​မေမှာ ... ဒီလို​မောင်တစ်ယောက်​ ရှိနေတာ ဝမ်းသာစရာပါပဲ ငါ့မှာဦး​လေးတစ်ယောက် ရှိလာပြီ ... ။ ”

ထိုအတွေးက စုရီကို အနည်းငယ် ထူးဆန်းသွားစေသည်။ ရီမျိုးရိုးမှ ထိုလူဆိုးသည် သူ့ကို ယောက်ဖတော်ချင်နေကာ ယခုရီမျိုးရိုးမှ ဦးလေးတစ်ယောက်ရှိလာပြီ ဖြစ်သည်။

သို့သော် ရီရွှမ်၏ မြွေတစ္ဆေမျိုးနွယ်နှင့် ရီယွင်လန်၏ ခွင်းဝူတောင်ရီမျိုးနွယ်တို့သည် မတူညီချေ။

“ အစ်ကိုစု၊ မင်း ... ရီမိသားစုကို သွားဖို့ တကယ် စိတ်ကူးမရှိဘူးလား ... ။ ”

ဝမ်လင်ကျောက်မှ မမေးဘဲ မနေနိုင်တော့ချေ။ သူမသည် စကားဝိုင်းအပေါ် အစအဆုံး နားထောင်နေခဲ့သည်။

“ ခုချိန်ထိတော့ မရှိသေးဘူး။ ”

စုရီက မဆိုင်းမတွ ပြန်ဖြေသည်။

“ ဒါပေမယ့် ... နောင်မှာ သေချာပေါက်သွားပြီး အဲဒီလူယုတ်မာတွေကို ဦးစွာ သင်ခန်းစာပေးမယ် ...

... ဒုတိယ ငါ့အမေပိုင်ဆိုင်သင့်တဲ့ အခွင့်အရေးကိုပြန်ယူပြီး ... ငါ့ဦးလေးဆီ လွှဲပေး ရမယ်။”

ဝမ်လင်ကျောက်မှ စိတ်ရှုပ်ထွေးစွာဖြင့်၊

“ အဲ့ဒီအခွင့်အရေးက ဧကရာဇ်အဆင့်ကို ရောက်နိုင်တယ် မဟုတ်လား။ ”

-ဟု မေးမြန်းလိုက်သည်။

“ ငါ့အတွက် ... ဧကရာဇ်ဖြစ်ဖို့က ယပ်ခပ်သလိုလွယ်လွန်းပါတယ် ငါရှာနေတာက ဧကရာဇ်ထက် ပိုမြင့်တဲ့လမ်းပဲ။ ”

ဝမ်လင်ကျောက်သည် စုရီ၏ အပြုအမူများအပေါ်သိပြီး ဖြစ်သော်လည်း ထိုစကားကိုကြားသောအခါ သူမအတွက် အံ့အားသင့်နေဆဲဖြစ်၏။

“ ဧကရာဇ်ထက် မြင့်တဲ့ နယ်ပယ်လား ဒီလိုလမ်းက တကယ်ရှိတာလား။ ”

ဝမ်ရှင်းကျောက်မှ နည်းနည်း စိတ်ရှုပ်သွားသည်။ သူမအတွက် ဧကရာဇ် နယ်ပယ်သည် မြင့်မြတ်သောလမ်းဖြစ်၏။

ဤကမ္ဘာပေါ်တွင် ဧကရာဇ်ဘုံထက် မြင့်မြတ်သော လမ်းရှိနေသည်ဟု မည်သူမျှ မပြောခဲ့ဖူးချေ။

“ ရှိတယ် ... အခုပြောဖို့စောသေးတယ် ... မင်းဧကရာဇ်ဖြစ်လာရင် ဒီအကြောင်းကိုပြောဖို့ နောက်ကျဦးမှာ မဟုတ်ဘူး။ ”

ထိုနောက်တွင် ဆယ်ရက်တိုင်အောင် စုရီတစ်ယောက် ပုံမှန်အတိုင်း ရှင်သန်နေထိုင် နေခဲ့သည်။

မနက်လင်းသည်နှင့် ဆေးအိုးကိုးပါး ဝင်္ကပါကိုပြုပြင်ရန် ကောင်းကင်တောင်တန်းထံ ထွက်ခွာသွားပြီး ညနေစောင်းအချိန်ခါတွင် အနားယူရန် ပြန်ရောက်လာ၏။

ဧပြီလ (၁)ရက်၊ မနက်လင်းချိန်တွင် ထုံးစံအတိုင်း စုရီသည် ယာဂုသောက်လျက်၊

“ ခုနစ်ရက်အတွင်း ရွှေခေတ် ရောက်လာလိမ့်မယ် မင်းတို့ အဆင်သင့် ဖြစ်နေပြီလား။ ”

-ဟု ဝမ်ရှင်းကျောက်ကို မေးမြန်းလိုက်၏။ ဝမ်ရှင်းကျောက်မှ ပြုံးပြီး၊

“ ရိုးရိုးသားသား ပြောရရင် ... အဲဒီအချိန်တိုင်အောင် ငါ့ကျင့်ကြံမှုကို ချိုးနှိမ်ဖို့ မစွမ်းတော့မှာ ငါကြောက်မိတယ် ... ။ ”

-ဟု ပြန်ဖြေသည်။

စုရီမှ ခေါင်းညိတ်လိုက်တော့သည်။ လွန်ခဲ့သည့်လဝက်အတွင်း ဝမ်ရှင်းကျောက် တစ်ယောက် အကျိုးကျေးဇူးများစွာ ရရှိထားခဲ့ပုံပေပင်။

“ သခင်လေးစု ... ။ ”

ထိုစဉ် ဝမ်လျူရောက်ရှိလာပြီး၊

“ သခင်လေးစု ... ရှန့်စွေ့ယွင်က မင်းကိုစိန်တဲ့အကြောင်း သတင်းစကားပါးခိုင်း လိုက်ပါတယ် ... ။ ”

-ဟု သတင်းပေးပို့လာ၏။

ရှန်စွေ့ယွင်ဟူသည် မိုးပြာကြယ်ပွင့် စာရင်း၏ထိပ်ဆုံး၌ ရပ်တည်နေသူဖြစ်သည်။ မျိုးဆက်သစ်လူငယ်များကြား ထူးကဲသော အရည်အချင်းရှိ၏။

ဓားဧကရာဇ်ဖြစ်လာရန်ပင် ထင်ကြေးပေးခံထားရသည်။ မကြာသေးမီက ဝိညာဉ်တာအိုနယ်ပယ်သို့ ဝင်ရောက်စဉ် ထူးခြားဖြစ်စဉ်များ ထွက်ပေါ်ဖူး၏။

ထို့ကြောင့် စုရီပြန်လည် ထွက်ပေါ်လာ ပြီးနောက်တွင် သူ့နှင့်နှိုင်းယှဉ်ကာ အငြင်းပွားမှု တစ်ခု ဖြစ်ပေါ်စေခဲ့သည်။

အများစုသည် ကြယ်ပွင့်စာရင်းရှိ ပထမဆုံးနေရာကို စုရီသည် အစားထိုးနိုင်စွမ်း ရှိနေသည်ဟု ယုံကြည်ကြ၏။

သို့သော် စုရီသည် ရှန်စွေ့ယွင်၏ ပြိုင်ဘက်မဖြစ်နိုင်ဟု ယုံကြည်သူများလည်း ရှိနေပါသေးသည်။ စုရီမှ မျက်ခုံးပင့်လျက် ခေါင်းခါလိုက်ပြီး၊

“ ငါစိတ်မဝင်စားဘူး။ ”

-ဟု ငြင်းဆန်လိုက်တော့သည်။

လက်ရှိ သူ့ကျင့်ကြံမှုသည် ဝိညာဉ်ထင်ရှားခြင် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

တာအိုအုတ်မြစ်နှင့် တိုက်ပွဲဝင် စွမ်းအား၌လည်း အံ့သြဖွယ်အပြောင်းအလဲများ ကြုံတွေ့ထားပြီးဖြစ်၏။

ဤအခြေအနေအောက်တွင် ဝိညာဉ်ထင်ရှားခြင်းအဆင့်မှ တစ်စုံတစ်ဦးနှင့် တိုက်ခိုက်ရန် စိတ်မဝင်စားသည်မှာ သဘာဝပေပင်။

ဝမ်လျူက ခဏမျှ အံ့အားသင့်သွားပြီး၊

“ တာအိုစု ဒီရှန်စွေ့ယွင်က သာမန်လူ မဟုတ်ဘူး။ ”

-ဟုဆိုကာ တစ်ဖက်လူ၏ အောင်မြင်မှုမှတ်တမ်းများကို ပြန်ပြောပြ လိုက်သည်။

“ သေချာတာတစ်ခုက ... လက်ရှိ ရှန်စွေ့ယွင်ရဲ့ခွန်အားနဲ့ ဝိညာဉ်ပြောင်းလဲခြင်း အဆင့် မျိုးဆက်ဟောင်းတွေကိုတောင် အနိုင်ယူနိုင်နေပြီ ...

... ဒါကြောင့် လူတိုင်းက သခင်လေးစုနဲ့ ရှန်စွေ့ယွင်ကြား ဘယ်သူများ ပိုအစွမ်းထက်လဲ ဆိုတာ ဆွေးနွေးနေကြပါတယ် ... မင်းသူ့ကို ရှောင်လွှဲမရတော့မှာ စိုးမိတယ်။ ”

စုရီမှ ခေါင်းရမ်းသည်။

“ မတ်လ ဆယ်ရက်နေ့တုန်းကဆိုရင် ငါသူ့အပေါ် စိတ်ဝင်စားကောင်း စိတ်ဝင်စား မိလိမ့်မယ် ... ဒါပေမယ့် အခုချိန်မှာတော့ လုံးဝ စိတ်မဝင်စားတော့ဘူး ... ။ ”

ထိုစကားကြောင့် ဝမ်လျူက နှာခေါင်းပွတ်သပ်လျက် စကားဆက်ပြောရန် ပြင်လိုက်စဉ် ခြံတံခါးကိုတွန်းဖွင့်ကာ၊

“ စုရီ၊ ငါမင်းနဲ့ အရေးတကြီး ဆွေးနွေးစရာရှိတယ်။ ”

-ဟု ဆိုပြီး ရီယွင်လန်တစ်ယောက် အပြေးဝင်ရောက်လာခဲ့လေသည်။

ရီယွင်လန်ကို မြင်ချိန်၌ စုရီခမျာ မျက်ခုံးပင့်လိုက်၏။ လွန်ခဲ့သည့် လဝက်အတွင်း သူသည် ကျင့်ကြံမှုအပေါ် အာရုံစိုက်နေမိပြီး ဤဦးလေးကို မေ့လုနီးပါးဖြစ်ခဲ့ရချေပြီ။

ရီယွင်လန်က စုရီထံတိုက်ရိုက်ကြည့်ကာ မျက်နှာပေါ်၌ စိုးရိမ်မှုအရိပ်အမြွက်များပြလျက် အလျင်အမြန် လျှောက်လှမ်းလာပြီး၊

“ စုရီ ... ရီမိသားစုက မင်းအကြောင်း သိသွားပြီလို့ ငါသံသယရှိနေတယ် ငါတို့ဒီကနေ အမြန်ဆုံး ထွက်သွားရမယ်။ ”

-ဟု ပြောကြားလိုက်တော့သည်။

***

Book-47

All Chapters