#ခွန်ပန်ကို သိမ်းသွင်းခြင်း၊ အဇူရာကောင်းကင်မှ ဟောပြောချက်#
Vol. 92 Ch. 1290
မြောက်ပိုင်းအမှောင်ထုထဲတွင် ခွန်ဟူသော အမည်ရသည့် ငါးတစ်ကောင်ရှိသည်။
ခွန်ကကြီးမားလွန်းသဖြင့် ၎င်း၏ အရွယ်အစားကို မသိရပါ။ မိုင်ထောင်ချီပင် ရှည်လျားနိုင်သည်။
ဒေါသထွက်သောအခါ ၎င်း၏အတောင်ပံများက တိမ်များပမာ ကောင်းကင်ကို ဖုံးပစ်တတ်သည်။
ဒါက 'ကျွင်းကျိ၏ လွတ်လပ်ခြင်းနှင့် လွယ်ကူစွာသွားလာခြင်း' မှ ခွန်ပန်၏ သရုပ်ဖော်ချက်ဖြစ်ပြီး 'တောင်ပင်လယ်ဂန္တ၀င်' စာအုပ်တွင်မူ ဒဏ္ဍာရီလာသားရဲတစ်ကောင်အဖြစ် မှတ်တမ်းတင်ထားသည်။
ယနေ့ 'တောင်ပင်လယ်ဂန္တ၀င်' ထဲတွင် ဖော်ပြထားသည့် သားရဲများအနက် ဖီးနစ်၊ ရှန်းလျိုတို့နှင့်အတူ ယခု ခွန်ပန်ကလည်း ပေါ်လာလေပြီ။
ဒီအခြေအနေက 'တောင်ပင်လယ်ဂန္တ၀င်' စာအုပ်က ဒီကမ္ဘာနှင့် နီးစပ်စွာ ဆက်နွှယ်နေသည်ဟု လုချန်ရှန်းကို သံသယဖြစ်စေသည်။
ဒီကမ္ဘယထဲက လူတွေ တစ်ခါက ကမ္ဘာမြေကို လည်ပတ်ခဲ့ကြတာမို့ သူတို့ရဲ့ ဒဏ္ဍာရီလာသတ္တဝ်တွေကို မှတ်တမ်းတင်ထားခဲ့တာများလား!
ဒါမှမဟုတ် ဒီကိုရောက်လာပြီး 'တောင်ပင်လယ်ဂန္တ၀င်' စာအုပ်က ဒဏ္ဍာရီလာသားရဲတွေကို ဒီနေရာမှာ အသက်သွင်းပေးတဲ့ ကမ္ဘာမြေက တခြားကူးပြောင်းသူတွေများ ရှိနေလို့လား!
သူ့ခန့်မှန်းချက်က အရမ်းအလှမ်းဝေးသဖြင့် မဖြစ်နိုင်ဟု လုချန်ရှန်းတွေးမိသည်။
သို့သော် လက်ရှိအခြေအနေကို ထည့်စဉ်းစားပါက ဆက်စပ်မှုမရှိဘူးဟု ပြောခြင်းကလည်း မဖြစ်နိုင်ဟု ထင်ရသည်။
ခွန်ပန် အဆုံးမဲ့တောင်တန်းတစ်ခုအလား ကျယ်ပြန့်သည့် ၎င်း၏ခေါင်းကို ဆန့်ထုတ်လိုက်၏။
ခေါင်းတစ်လုံးတည်းကပင် လုချန်ရှန်း၏ အမြင်အာရုံအတွင်းရှိ ပင်လယ်၏ ကျယ်ပြန့်သည့်နေရာတစ်ခုကို သိမ်းပိုက်သွားသည်။
ဧရာမမျက်လုံးများက လုချန်ရှန်းကို ကြည့်နေပြီးနောက်ပြောသည်။
"သေမျိုးနယ်မြေကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
အသံက လေဟာနယ်အတွင်းမပျံ့သွားဘဲ ယင်းအစား လုချန်ရှန်းစိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။
ခေါင်းကိုကိုင်ရင်း လုချန်ရှန်းမေးသည်။
"မင်းဒီမှာပိတ်မိနေတာလား"
ခွန်ပန်ထိတ်လန့်သွားပုံရပြီးနောက် ခေါင်းခါယမ်းသည်။
"ငါဒီမှာပိတ်မိနေတာမဟုတ်ပါဘူး၊ ရှေးဟောင်းစစ်မြေပြင်ကို စောင့်ကြပ်ဖို့အတွက် ဆက်နေဖို့ ငါရွေးချယ်ခဲ့တာပါ၊ ဒီစစ်မြေပြင်မှာ အိပ်ပျော်နေတဲ့သူရဲကောင်း အများကြီးရှိတယ်၊ သူတို့သေသွားကြပေမယ့် သူတို့ရဲ့ခြေရာတွေကို ဖျက်လို့်မရပါဘူး"
"ဒါပေမယ့် ကြည့်ရတာ အခုငါ့စောင့်ကြပ်မှုကို မလိုအပ်တော့ပုံပဲ၊ အဇူရာကောင်းကင်ကျောင်းတော်ကို ပြန်တည်ဆောက်လိုက်ပြီဆိုတော့ ငါ့တာ၀န်ကပြီးသွားပါပြီ"
တကယ်တမ်းတွင်လည်း အချိန်တန်ပါပြီ။
"မင်း၀တ်စုံဖြူနဲ့လူတစ်ယောက်ကို မြင်ဖူးလား"
၀တ်စုံဖြူနှင့်လူလား!
ခွန်ပန်ရပ်သွားပြီးနောက် အနည်းငယ် စိတ်လှုပ်ရှားသွားပုံရပြီး လုချန်ရှန်းအား အံ့ဩသင့်စွာ ကြည့်လိုက်သည်။
"မင်းအဲဒီစီနီယာကို တွေ့ခဲ့တာလား"
လုချန်ရှန်းနဖူးရိုက်လိုက်မိသည်။
သေစမ်း!
ဟုတ်တယ်ဟ!
ငါသိနေတယ်၊ ငါသိနေတယ်!
အဲဒီရွှံ့ကောင်ရှန်းလျိုအပြင် သူတို့အားလုံး ဒီ၀တ်စုံဖြူနှင့်လူနှင့် အနည်းနှင့်အများ ဆက်နွှယ်ခဲ့ကြပုံပဲ!
ခွန်ပန်ဆက်ပြောသည်။
"လွန်ခဲ့တဲ့နှစ်သောင်းချီကျော်က အဲဒီစီနီယာ သေမျိုးနယ်မြေကို လာခဲ့တယ်၊ သူ့ရဲ့ လမ်းညွှန်ပေတဲ့ စကားလုံးအနည်းငယ်ကြောင့်ပဲ ငါ့ရဲ့ခွန်ပန်သွေးကြောကို ငါအပြည့်အ၀အသက်သွင်းပြီး ငါနတ်ဧကရာဇ်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်သွားခဲ့တာ"
တစ်ခဏကြာစဉ်းစားပြီးနောက် လုချန်ရှန်းမေးသည်။
"ဒါဆို မင်းရဲ့နောက်အစီအစဉ်ကဘာလဲ"
ခွန်ပန်ခေါင်းခါယမ်းသည်။
"မသေချာဘူး၊ လှည့်လည်သွားနေလောက်မှာပေါ့"
"ဒါဆိုငါနဲ့အတူလိုက်ခဲ့"
အရင်ကဆိုပါက လုချန်ရှန်း သေချာပေါက် သူ့နောက်လိုက်ခွင့်ပေးမည်မဟုတ်။
သို့စေကာမူ ဒီအကြောင်းရင်းနှင့် သက်ရောက်မှုများကိုသာ မဖြေရှင်းပါက ဒါက သူ့ကိုဆက်လက်ရှုပ်ထွေးအောင် လုပ်နေပေလိမ့်မည်။
ဒါကိုထိပ်တိုက်ရင်ဆိုင်ပြီး ဖြစ်နိုင်ချေရှိသည့် သတင်းအချက်အလက်အားလုံးကို စုစည်းတာက ပိုကောင်းသည်။
ဒါ့အပြင်ခွန်ပန်က 'တိမ်ပင်လယ်ဂန္တ၀င်' စာအုပ်နှင့် ဆက်စပ်နေသည်။
ဒါကိုစိတ်ထဲတွင် စွဲထားပြီးနောက်မှသာ လုချန်ရှန်း ဒီလိုစကားလုံးများကို ပြောဆိုလာခြင်းပင်။
"ငါနဲ့ဆိုရင် မင်းပိုမြင့်မားတဲ့နယ်ပယ်တစ်ခုကိုလည်း ရောက်နိုင်တယ်"
လုချန်ရှန်းအခြေအနေရပ်တစ်ချို့ ကမ်းလှမ်းတော့မည့်အချိန်မှာပင် ခွန်ပန် အသင့်ဖြစ်နေသည့်အလား သဘောတူလိုက်၏။
"ကောင်းပြီ"
ဒါပဲလား!
ခွန်ပန်ဆက်ပြောသည်။
"မင်းကသေမျိုးနယ်မြေရဲ့ ကယ်တင်ရှင်ဖြစ်သလို လူသားဘိုးဘေးတွေ သူတို့ကိုယ်တိုင် မအောင်မြင်ခဲ့ဘဲ ဆန္ဒရှည်ကြီးကိုလည်း ဖြည့်ဆည်းပေးခဲ့ပြီး လက်စားချေပေးခဲ့သေးတယ်၊ မင်းနောက်လိုက်တာက မင်းကို ပြန်ပေးဆပ်ဖို့အတွက် နည်းလမ်းတစ်ခုပါပဲ"
ဒါကိုကြားသော် လုချန်ရှန်းမေးသည်။
"မင်းလူသားအသွင်ပြောင်းနိုင်တယ်မလား"
ချက်ချင်းဆိုသလို ခွန်ပန်၏ ကြီးမားသည့်အသွင်က ပျောက်ကွယ်သွားပြီး မျက်နှာ၌ အရေးအကြောင်းများပြည့်နှက်နေသည့်တိုင် ခေါင်းတစ်ခုလုံး ဆံပင်နက်များရှိသည့် အဖိုးအိုတစ်ယောက် လုချန်ရှန်းရှေ့တွင် ပေါ်လာသည်။
"အာ....ကောင်းပြီ၊ ဒါဆိုအခုကျုပ်နောက်လိုက်ခဲ့၊ ကျုပ်ကိစ္စတွေကို ကိုင်တွယ်ပြီးတဲ့အခါကျရင် ခင်ဗျားကို ကျုပ်နေရာကို ခေါ်သွားပေးမယ်"
လုချန်ရှန်း အဇူရာကောင်းကင်ကျောင်းတော်သို့ အလျင်အမြန်ပြန်နေစဉ် လမ်း၌ ခွန်ပန်ကို အပြင်းအထန် သတိပေးသည်။
"သတိရပါ၊ သူစိမ်းတွေရှေ့မှာ ခွန်ပန်အဖြစ် ခင်ဗျားကိုယ်ပိုင်လက္ခဏာကို မဖော်ပြနဲ့၊ ကျုပ်တပည့်တွေကို ပြတာကအဆင်ပြေပါတယ်၊ ပြီးတော့ ကျုပ်အတွက် ပြဿာနာမရှာနဲ့"
ခွန်ပန်တစ်ခဏမျှ ကြက်သေသေသွားသော်လည်း ခေါင်းညိတ်လိုက်သည်။
သို့သော် နှလုံးသားထဲကနေ သူအနည်းငယ်ပဟေဠိဖြစ်နေမိသည်။
ဒါကအရမ်းသတိမထားလွန်းမနေဘူးလား!
ငါတမင်တကာပြဿာနာရှာမှာ မဟုတ်ဘူးဆိုပေမယ့် ငါလုပ်ရင်တောင် မင်းခွန်အားနဲ့ သေမျိုးနယ်မြေထဲကနေ ဘေးတိုက် လမ်းလျှောက်တာလောက်က ဘာမှမဟုတ်ဘူးလေ!
....
အဇူရာကောင်းကင်ကျောင်းတော်!
မကြာသေးခင်ကရက်များအတွင်း သေမျိုးနယ်မြေ၏ ဒေသအသီးသီးမှ လူများစွာက အဇူရာကောင်းကင်ကျောင်းတော်ကို ၀င်ရန်အတွက် လာခဲ့ကြသည်။
သူတို့ထဲတွင် ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများ၊ တခြားဂိုဏ်းများမှ ပါရမီရှင်များနှင့် အဇူရာကောင်းကင်ကျောင်းတော်၏ ဧည့်သည်အဖွဲ့၀င်များဖြစ်လိုသည့် အစွမ်းထက်ပုဂ္ဂိုလ်များလည်း ပါ၀င်သည်။
သူတို့ထဲက ဥပမာတစ်ခုက နတ်သခင်ဟောင်တျန်းပင်။
တစ်ချိန်တည်းမှာပင် အဆင့်မြင့်ကြယ်နယ်မြေမှ ကျိချန်းယောင်နှင့် တခြားပါရမီရှင်များစွာတို့ကလည်း အစုလိုက် အပြုံလိုက်၀င်ရောက်လာကြ၏။
သို့စေကာမူ အဇူရာကောင်းကင်ကျောင်းတော်၏ ကျောင်းသားများအတွက်စံနှုန်းက အတော်လေးမြင့်မားသည်။
လူသောင်းချီ၀င်ရန်အတွက် လာခဲ့ကြသော်လည်း အဆုံးတွင် နှစ်ရာကျော်သာလျှင် နောက်ဆုံးစမ်းသပ်မှုကို အောင်မြင်ခဲ့သည်။
ဒီနေ့မှာပင် ဟုန်ရင်နှင့်နင်းချန်ရှင်းတို့က ထိုကျောင်းသားနှစ်ရာကျော်အား သင်ခန်းစာပို့ချပေးရန်အတွက် တောင်းဆိုခဲ့ကြ၏။
လုချန်ရှန်းတွေးနေမိသည်။ သူဘယ်လို ဟောပြောရမလဲ သို့မဟုတ် ဘယ်လိုသင်ကြားပေးရမလဲဆိုတာ မသိပါ။
ဒီအရာအားလုံးက တခြားသူများပုံဖော်နိုင်သည့်အပေါ် မူတည်သည်။
သူအချိန်အတော်ကြာငြင်းခဲ့သော်လည်း နောက်ဆုံးတွင် ဖိအားကိုမခံနိုင်တော့သဖြင့် လာရတော့သည်။
အဇူရာကောင်းကင်ကျောင်းတော်၏ ပြင်ပ၀င်းတစ်ခုထဲတွင် ဒီတဒင်္ဂလေး၌ ကျောင်းသားအားလုံးနှင့် အသစ်၀င်လာသည့် အကြီးအကဲများ စောင့်နေကြသည်။
မကြာသေးခင်က တိုက်ပွဲ၌ ပါ၀င်ခဲ့သည့်မည်သူမဆို ကျောင်းအုပ်နှစ်ဦးနောက်ကွယ်က ဆရာက ဘယ်လိုမျိုးအစွမ်းထက်ပြီး နက်ရှိုင်းသလဲဆိုတာကို ရှင်းလင်းစွာ သိကြသည်။
ယခုလိုအစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က သူတို့ကို သင်ခန်းစာပို့ချဟောပြောရန်ဟူသည် လက်လွတ်မခံသင့်သည့် အခွင့်အလမ်းတစ်ခုပင်။
ဒီအကြောင်းရင်းကြောင့်ပင် ကျင့်ကြံသူအများစု အဇူရာကောင်းကင်ကျောင်းတော်၌ ၀င်ရန်အတွက် ရွေးချယ်ခဲ့ကြခြင်းလည်းဖြစ်သည်။
"ဆရာမရောက်လာသေးဘူးလား" ဟုန်ရင် ဗလာကျင်းနေသည့်စင်မြင့်ကို အားကိုးရာမဲ့စွာကြည့်နေသည်။
"သူသဘောတူဟန်ဆောင်ပြီး ထာ၀ရသက်တမ်းကမ္ဘာကို ခိုးပြေးသွားတာတော့ မဟုတ်လောက်ပါဘူးနော်"
သူမဘေးက နင်းချန်ရှင်းရယ်မောသည်။
"နည်းနည်းလောက်စောင့်ကြရအောင်၊ ဆရာကတိပေးရင် သေချာပေါက်လာမှာပါ"
ကောင်းကင်၌ မိုးသောက်အာရုဏ်ချိန်တွင် ပထမဆုံးနေရောင်ခြည်က စင်မြင့်ပေါ်သို့ လင်း၀င်းသွားပြီး ဒီအလင်းတန်းအလယ်တွင် လုချန်ရှန်းပေါ်လာသည်။
လုချန်ရှန်းကိုမြင်ရသောအခါ လူတိုင်း၏မျက်နှာများက စိတ်လှုပ်ရှားမှုကြောင့် နီရဲလာကြ၏။
လုချန်ရှန်း ကျိချန်းယောင် ရှေ့တန်း၌ ရပ်နေတာကိုမြင်ရသဖြင့် နှလုံးသားထဲကနေ အနည်းငယ်အကူအညီမဲ့သလို ခံစားရသည်။
သက်ပြင်းချရင်း သူတွေးနေမိသည်။
ငါဘာပြောသင့်လဲ!
ရည်ရွယ်ချက် သို့မဟုတ် အကြောင်းအရာခေါင်းစဉ်မရှိဘဲ တွေ့ကရာလျှောက်ပြောနေတာက အသုံးမ၀င်ပေ။
ထို့ကြောင့် သူအရင်ဆုံးစပြောလိုက်၏။
"လူတိုင်းရဲ့ကျင့်ကြံခြင်းလမ်းကြောင်းက ထူးခြားပြီး ကိုယ်တိုင်လျှောက်လှမ်းရမယ်၊ တခြားသူတွေရဲ့ အတွေ့အကြုံတွေကို နားထောင်တာက အသုံးမ၀င်ဘူး၊ ဒါပေမယ့် မင်းတို့ကျင့်ကြံခြင်းထဲက ပြဿာနာအရင်းအမြစ်ကို ငါကူညီပြီး အကြံပေးချက်တစ်ချို့တော့ ပေးလို့ရတယ်"
အင်း၊ ငါ့မှာကောင်းကင်အကဲခတ်မျက်လုံးနှင့် စနစ်ရှိနေတာပဲ၊ ဒီတော့ငါဒါကို လုပ်နိုင်မှာပဲလေ!
ဒါပေမယ့် လူအရမ်းများသလိုပဲ!
ထားပါတော့လေ၊ တခြားနည်းလမ်းမှ မရှိတော့တာ၊ ငါဒီလိုလုပ်ရမှာပဲ!
အောက်ကလူအုပ်စုက အံ့ဩသင့်ကာ ပျော်ရွှင်သည့်အမူအရာများကို ပြသကြသည်။
ဒါကအတိအကျ သူတို့လိုချင်နေသည့် အရာပေတည်း။
တစ်ခါတစ်လေ အစွမ်းထက်လူတစ်ယောက် ဟောပြောသောအခါ နားလည်သည့်အကြောင်းကိုမဆိုထားနဲ့၊ တစ်ချို့လုများအတွက် ဒါက သီးသန့်မဟုတ်နိုင်သလို အသုံးမ၀င်ပေ။
လုချန်ရှန်း၏ချဉ်းကပ်မှုက သူတို့အရဿာနှင့် အံကိုက်ပင်ဖြစ်သည်။
လုချန်ရှန်း ပရိသတ်များကို ငုံ့ကြည့်လိုက်စဉ် မသိစိတ်က ကျိချန်းယောင်ကို ဖြတ်ကျော်ကြည့်ချင်သော်လည်း သူမ၏ အကြည့်က ပြင်းထန်လွန်းသည်။ သူမကို သူ့အား ဒီလိုဆက်လက်စိုက်ကြည့်ခွင့်ပေးခြင်းဖြင့် တခြားသူများ တစ်ခုခုမှားနေသည်ဟု သံသယ၀င်သွားနိုင်သည်။
ထို့ကြောင့် လုချန်ရှန်းတွင် ရွေးချယ်စရာမရှိတော့ဘဲ ကျိချန်းယောင်ကိုသာ တွန့်ဆုတ်စွာ ကြည့်လိုက်ရသည်။
"ကောင်းပြီ၊ မင်းအရင်လာခဲ့....."
အပိုင်း(1291) coming။