← Chapters

#လုချန်ရှန်း၊ ဒါက ၉၉၆အချိန်ပိုစနစ်လား#

Vol. 92 Ch. 1291

#လုချန်ရှန်း၊ ဒါက ၉၉၆အချိန်ပိုစနစ်လား#

Vol. 92 Ch. 1291

လုချန်ရှန်း သူမနာမည်ခေါ်လိုက်တာကို ကြားရသောအခါ ကျိချန်းယောင် ညင်သာစွာပြုံးရင်း ရှေ့တိုးကာ ကိုယ်ထဲက အကာအကွယ်အားလုံးကို စွန့်လွှတ်ပြီး လုချန်ရှန်းအား စစ်ဆေးခွင့်ပြုထားသည်။

ကျင့်ကြံသူတိုင်းက ပုံမှန်အားဖြင့် သူတို့၏ခွန်အားတစ်စိတ်တစ်ပိုင်းကို ဖုံးကွယ်ထားတတ်ကြသည်။

လုချန်ရှန်း၏ ကောင်းကင်အကဲခတ်မျက်လုံးက ဒီအရာအားလုံးကို အလွယ်တကမြင်နိုင်သည့်အတွက် ဒါက ကျိချန်းယောင် လုချန်ရှန်းကို အပြည့်အ၀ယုံကြည်ရသည့် လက္ခဏာရပ်ပင်။ မဟုတ်ပါက သူမလုပ်မည်မဟုတ်။

ဒီမြင်ကွင်းကိုမြင်ပြီးနောက် အနီးအနားကလူများ အကြည့်ချင်းဖလှယ်လိုက်ကြ၏။

ဒီမှာဘာတွေဖြစ်နေတာလဲ၊ စီနီယာလုက လူဆိုးတစ်ယောက်မဟုတ်ဘူးဆိုရင်တောင် မင်းကျင့်ကြံခြင်းနဲ့စွမ်းအားအကုန်လုံးကို တခြားတစ်ယောက်ကို ဒီလိုအလွယ်တကူ ပြသရလား!

ဟုန်ရင်နှင့် နင်းချန်ရှင်းတို့ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီး သူတို့၏အကြည့်များက စောင်းပါးရိပ်ခြည်ပြောဆိုသည့်အသွင်ဖြင့် ပြည့်နှက်နေသည်။

ဟင်းဟင်း၊ ကျိချန်းယောင် ဆရာ့ကို ကြည့်နေပုံက တကယ့်ခံစားချက်တွေနဲ့ ပြည့်နှက်နေပုံပဲ!

သို့စေကာမူ လုချန်ရှန်းကိုယ်တိုင်ကတော့ ဒ်ကိုမသိပါ။

မည်သို့ပင်ဖြစ်စေ သူကလူတိုင်း၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို တစ်ပုံစံတည်းသာ ကြည့်ခဲ့သည်။

သူ့ကျင့်ကြံခြင်းက အရမ်းမြင့်လွန်းသည်မဟုတ်ပေလော။

သူ့နဖူး၌ ရွှေရောင်အလင်းတန်းတစ်ခု ၀န်းရံနေတာကိုမြင်နိုင်ပြီး ၎င်းအလင်းတန်းက လုချန်ရှန်းမျက်ခုံးအလယ်တွင် မျက်လုံးတစ်လုံးအဖြစ် ပေါင်းစည်းသွား၏။

ကောင်းကင်အကဲခတ်မျက်လုံး!

ဒီမျက်လုံးဖြင့် ပုံရိပ်ယောင်လှည့်စားမှုတိုင်းကို ခွဲခြားသိမြင်နိုင်သည်။

ကောင်းကင်အကဲခတ်မျက်လုံး၏ အကြည့်အောက်တွင် ကျိချန်းယောင်ကိုယ်ထဲက ပြဿာနာအားလုံးက လုချန်ရှန်းမျက်လုံးရှေ့၌ ပေါ်လာခဲ့သည်။

"ဟမ်၊ နောက်ဆုံးအကြိမ်ပြဿာနာကို ဖြေရှင်းပြီးပြီ၊ ပြီးတော့ ရှေးဦးမူလခရမ်းချီကလည်း ကောင်းကောင်းပေါင်းစည်းသွားပြီ" လုချန်ရှန်းအနည်းငယ် ခေါင်းညိတ်သည်။

"ဒါပေမယ့် ရှေးဦးမူလခရမ်းချီနဲ့ ပေါင်းစည်းပြီးနောက်မှာ မင်းကိုယ်ထဲက ဝိဉာဉ်စွမ်းအင်ရဲ့ အရည်အသွေးနဲ့ မင်းမရီဒျန်တွေနဲ့ ရုပ်ခန္ဓာရဲ့ခွန်အားက ရှေးဦးမူလခရမ်းချီအများကြီးပေါင်းစပ်မှုကို ခံနိုင်ရည်မရှိတော့ဘူး"

ထိုသို့ဆိုပြီးနောက် လုချန်ရှန်း ကျောက်စိမ်းပုလင်းတစ်ပုလင်းကို ထုတ်ယူလိုက်၏။

"ဒီထဲကအင်မော်တယ်အော်ရာက မင်းအတွက် သန့်စင်ဖို့လုံလောက်မှာပါ၊ တင်ပလ္လင်ခွေထိုင်ပြီး မင်းရဲ့ကျင့်ကြံခြင်းနည်းစနစ်ကို လည်ပတ်စေလိုက်"

ကျိချန်းယောင် သူပြောသည့်အတိုင်း နာခံစွာလုပ်ဆောင်သည်။

ထို့နောက် လုချန်ရှန်းလက်ကို ဆန့်ထုတ်လိုက်၏။ သူကျိချန်းယောင်၏ကျောကို တိုက်ရိုက်မထိဘဲ ယင်းအစား အဝေးတစ်နေရာကနေ သူမကိုယ်ထဲတွင် အင်မော်တယ်အော်ရာအမျှင်စကို ထည့်သွင်းကာ သန့်စင်ရန်အတွက် ကူညီပေးသည်။

ဒီအခိုက်အတန့်မှာပင် ကျောက်တုံးလေး ရုတ်တရက် ဟုန်ရင်နှင့် နင်းချန်ရှင်းတို့ဘေးတွင် ပေါ်လာပြီး နောက်ပြောင်လိုက်၏။

"ဆရာကလည်း ဒီအခြေအနေကို အကောင်းဆုံးအသုံးချတာမဟုတ်ဘူး၊ နည်းနည်းထိတွေ့လို့ရတဲ့ အခွင့်အရေးကို တကယ်တန်ဖိုးမထားဘူး"

ဟုန်ရင် "....."

နင်းချန်ရှင်း "....."

ယင်းနောက်တွင် ပုံသဏ္ဍာန်မဲ့အားတစ်ခုက ရုတ်တရက် ကျောက်တုံးလေးကို ဖမ်းလိုက်၏။

ကျောက်တုံးလေးအနည်းငယ် ထိတ်လန့်သွားပြီး အော်ဟစ်သည်။

"ဆရာ၊ မလုပ်ပါနဲ့၊ ရပ်ပါတော့၊ ကျွန်တော့်အမှား....." သူပြော၍မပြီးသေးခင်မှာပင် ထိုအား၏ပစ်ချခြင်းကို ခံရပြီး ဘယ်နေရာရောက်သွားသလဲဆိုတာ မည်သူမှမသိတော့။

ဒါကိုမြင်ရသောအခါ ဟုန်ရင်ထောက်ခံသည့်အသွင် ခေါင်းညိတ်သည်။

"ထိုက်တန်တယ်"

လုချန်ရှန်း၏အကူအညီနှင့် ကျိချန်းယောင် သူမကိုယ်ထဲက ဝိဉာဉ်စွမ်းအင်အားလုံးကို အင်မော်တယ်အော်ရာအဖြစ် အလျင်အမြန်ပြောင်းနိုင်ခဲ့သည်။

ခရမ်းချီအမျှင်စများကို သယ်ဆောင်ထားသည့် ခိုင်ခံ့သောအင်မော်တယ်အော်ရာက ကျိချန်းယောင်ကိုယ်တစ်ဝိုက်တွင် လည်ပတ်ပြီး သူမ၏နယ်ပယ်က စတင်ပြေလျော့လာကာ အဆင့်ချိုးဖျက်သွားလေတော့သည်။

နတ်သခင်နယ်ပယ်အလယ်အလတ်အဆင့်!

ကြည့်ရှုသူများမှာ ဒီမြင်ကွင်းအပေါ် မယုံနိုင်ဖြစ်နေကြသည်။

လုချန်ရှန်း၏ခွန်အားက နက်နဲသော်လည်း လမ်းညွှန်မှုအနည်းငယ်က ကျိချန်းယောင်ကို သူမနယ်ပယ်က အချုပ်အနှောင်များကို ချိုးဖျက်စေပြီး အလယ်အလတ်အဆင့်ကိုပင် ရောက်သွားစေသည်။

ကျိချန်းယောင်ထရပ်ကာ ပြုံးရင်း လုချန်ရှန်းအား ကျေးဇူးတင်လိုက်၏။

"စီနီယာဝါစဉ်အရတော့ ကျွန်မရှင့်ကို ဦးညွတ်သင့်ပေမယ့် ကျွန်တော်ရှင့်ရဲ့ ဂျူနီယာညီမလေးဖြစ်ဖို့ ဆန္ဒမရှိဘူး၊ ဒါပေမယ့် လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်"

လုချန်ရှန်း စိတ်ထဲကနေ ခါးသီးစွာ ရယ်မောနေမိသည်။

ကျိချန်းယောင် အချိန်ဆွဲမနေတော့ဘဲ တိုက်ရိုက်ဆင်းသွားသည်။

'အလွန်အကျွံလုပ်တာက အရမ်းနည်းပါးသွားသည်အထိ ဆိုးရွားသည်' ဟုသော အဆိုကို သူမကောင်းကောင်းသိသည်။

"ကောင်းပြီ၊ နောက်တစ်ယောက်"

တစ်ယောက်ပြီးတစ်ယောက်တက်လာကြပြီး အဇူရာကောင်းကင်ကျောင်းတော်၏ စင်မြင့်အတွင်း လေထုကစွမ်းအင်နှင့်အတူ တုန်ခါကာ နယ်ပယ်ချိုးဖျက်နေသည့် အော်ရာများက အတောမသတ်ပေါက်ကွဲနေသည်။

လုချန်ရှန်းရှိနေသည့် ကျောင်းသားအားလုံးကို လမ်းညွှန်ပေးရန်အတွက် သုံးရက်တိတိကြာမြင့်ခဲ့သည်။

လမ်းညွှန်ချက်က ဘယ်လောက်ထိ ထိရောက်သလဲဆိုတာကို မြင်တွေ့ရသောအခါ နတ်သခင်ဟောင်တျန်းနှင့် အဇူရာကောင်းကင်ကျောင်းတော်မှ အသစ်၀င်လာသည့် အကြီးအကဲများပင်လျှင် လုချန်ရှန်းအနားသို့ လမ်းညွှန်ချက်တောင်းရန်အတွက် အရှက်မဲ့စွာ ချဉ်းကပ်လာကြ၏။

ပြီးသွားပြီးနောက် ဟုန်ရင်နှင့်နင်းချန်ရှင်းတို့ စင်မြင့်ပေါ်တက်လိုက်ကြသည်။

"အခုကနေစပြီးတော့ လူတိုင်းကျောင်းတော်ရဲ့စည်းမျဉ်းတွေကို လိုက်နာပြီး အကဲဖြတ်ချက်နဲ့ တာ၀န်တွေကို ပြီးမြောက်အောင်လုပ်ရမယ်၊ နင်တို့ အတွင်းဂိုဏ်းတပည့်တွေဖြစ်လာတာနဲ့ ဆရာမကြာခဏလာပြီး သင်ခန်းစာပို့ချလိမ့်မယ်"

ယခုလေးတင်ရွေ့သွားသည့် လုချန်ရှန်းမှာ ဟုန်ရင်၏စကားလုံးများကို ကြားသောအခါ လဲကျမတတ်ဖြစ်သွားရပြီး ထိုနေရာ၌ သေမတတ်အသက်ရှုကျပ်သွားရကာ ဆွံအနေသည်။

ဘာလား!

မကြာခဏလာရမှာလား!

ဒီတစ်ကြိမ်လာပေးတာကတောင် အတော်လေးကောင်းနေပြီ၊ ဒါတောင် ငါ့အပေါ် အာရုံစူးစိုက်မှုတွေက မလုံလောက်သေးဘူးလို့ မင်းတို့ထင်ကြတာလား!

ငါရှေ့နောက်ပြေးရင်း မောပန်းလွန်းပြီး သေရလိမ့်မယ်!

လုချန်ရှန်း ရုတ်တရက် သူ့အရင်ဘ၀က ကော်ပိုရေးရှင်းဒရုန်းအကြောင်းကို တွေးမိသွားသည်။ ဒီနေရာမှာလည်း ၉၉၆ အလုပ်ချိန်ဆိုတာ ရှိတာလား!

....

အဇူရာကောင်းကင်ကျောင်းတော် အခြေကျသွားပြီးနောက် သေမျိုးနယ်မြေ၏ ပြန်လည်တည်ဆောက်မှုကလည်း ပြီးစီးသွားခဲ့သည်။

ထိုနေ့ကပင် သေမျိုးနယ်မြေ၏ အောင်ပွဲခံသောနေ့ဖြစ်ပြီး သီအိုရီအရဆိုပါက ယဲ့ချိုးပိုင်နှင့် စံအိမ်တော်က တပည့်များ ဆုလာဘ်များရယူရန် လာသင့်သော်လည်း သူတို့၏ လက္ခဏာရပ်များပင်မရှိချေ။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ဟုန်ရင်၊ နင်းချန်ရှင်း၊ မု၀မ်အာနှင့် ကျောက်တုံးလေးတို့က အဇူရာကောင်းကင်ကျောင်းတော်တွင် ဆက်နေပြီး ကိစ္စအသီးသီးကို ဆက်လက်ပြည့်စုံအောင် လုပ်နေကြသည်။

ယဲ့ချိုးပိုင်၊ မုဖူရှန်း၊ ရှောင်ဟိုင်၊ ဖန်ချန်းနှင့် ရှီရှန်းတို့ကမူ ထန်ကျုံ့ကျောက်၏ ဦးဆောင်မှုအောက်၌ ခေးအောစ့်နယ်မြေသို့ ဦးတည်နေခဲ့ကြ၏။

ခေးအောစ့်နယ်မြေသို့ ခရီးစဉ်က အတော်လေးရှည်လျားပြီး အာကာသကိုဖြတ်သန်းကာ ရောက်ရန်အတွက် လတစ်၀က်ခန့် ခရီးထွက်ခဲ့ရသည်။

ဧရာမအာကာသယာဉ်ပေါ်၌ ထန်ကျုံ့ကျောက် ရှောင်ဟိုင်နှင့်ကျန်သောသူများအား အပြုံးဖြင့်ကြည့်သည်။

"အားလုံးပဲ၊ ငါတို့ခေးအောစ့်နယ်မြေကို ရောက်တဲ့အခါကျရင် မင်းတို့အာရုံစိုက်သင့်တဲ့အရာတွေကို ပြောချင်တယ်"

လူတိုင်းလှည့်ကြည့်လိုက်ကြ၏။

"ခေးအောစ့်နယ်မြေက အခြေခံအားဖြင့် တခြားနယ်မြေကြီးငါးခုနဲ့ကွဲပြားတယ်"

"အဲဒါက ခေးအောစ့်နယ်မြေက အပျက်သဘောလက္ခဏာတွေနဲ့ ဆိုးယုတ်တဲ့အရာအားလုံးကို ပြသတာပဲ၊ ပစ္စည်းတွေအတွက် သတ်ဖြတ်လုယက်တာဖြစ်ဖြစ်၊ အကျိုးအမြတ်အတွက် သတ်ဖြတ်တာဖြစ်ဖြစ်၊ ဂိုဏ်းတွေထဲက အတွင်းပိုင်းလူသတ်မှုတွေပဲဖြစ်ဖြစ် နေရာတိုင်းမှာ မြင်တွေ့နိုင်တယ်"

ဒီလိုအရာမျိုးက သေမျိုးနယ်မြေတွင်လည်း ဖြစ်ပျက်တတ်သော်လည်း ခေးအောစ့်နယ်မြေကဲ့သို့ ပွင့်ပွင့်လင်းလင်းမဟုတ်ဘဲ လျှို့ဝှက်စွာသာ ဖြစ်ပျက်တတ်သည်။

ထန်ကျုံ့ကျောက် ရှောင်ဟိုင်အားကြည့်ရင်း လေးနက်စွာပြောသည်။

"ငါအရင်က ညီအစ်ကိုရှောင်ဟိုင်ကို ပြောခဲ့သလိုပဲ ခေးအောစ့်နယ်မြေမှာ မင်းတို့ဂိုဏ်းတစ်ခုခုကို ၀င်ဖို့လိုတယ်၊ မဟုတ်ဘူးဆိုရင် တစ်လက်မရွေ့ဖို့ကတောင် ခက်ခဲလိမ့်မယ်"

"ပထမဆုံးအနေနဲ့ မင်းတို့ရတနာတစ်ခုရပြီး တစ်ယောက်ယောက်က မင်းတို့က တစ်ကိုယ်တော်ကျင့်ကြံသူတွေဆိုတာကို သိသွားတာနဲ့ အင်အားစုအသီးသီးရဲ့ အဆုံးမဲ့လိုက်ဖမ်းခြင်းနဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ရင်ဆိုင်ရလိမ့်မယ်"

"ဒုတိယက ပစ္စည်းတွေ၀ယ်တာဖြစ်ဖြစ် ရောင်းချတာဖြစ်ဖြစ် မင်းတို့ဂိုဏ်းတစ်ဂိုဏ်းရဲ့ အာမခံချက်လိုအပ်တယ်၊ ဂိုဏ်းမရှိဘူးဆိုရင် ပုံမှန်လမ်းကြောင်းများစွာက ပစ္စည်းတွေကို လက်မခံရဲကြဘူး၊ ဒါက တကယ်တော့ ပထမအချက်နဲ့ ဆက်စပ်နေတယ်၊ မင်းတို့ဂိုဏ်းတစ်ဂိုဏ်းရဲ့ အာမခံချက်မရှိဘဲ တစ်ခုခုရောင်းချပြီး အဲဒါက လုယက်ခံရလိုက်မယ်ဆိုရင် တခြားသူတွေဆီက လုပ်ကြံသတ်ဖြတ်ခြင်းကို ရင်ဆိုင်ရမယ်၊ ဒီလိုအလဲအလှယ်မျိုးတွေက ဆုံးရှူံးမှုနဲ့ မထိုက်တန်ဘူး"

ဒါကိုကြားသော် မုဖူရှန်း အားကိုးရာမဲ့သည့် အမူအရာဖြင့်ပြောသည်။

"ကြည့်ရတာ ခေးအောစ့်နယ်မြေက နည်းနည်း ကမောက်ကမဖြစ်နေပုံပဲ....."

ထန်ကျုံ့ကျောက်ခေါင်းညိတ်သည်။

"ဟုတ်တာပေါ့၊ ဒါကအရမ်းပရမ်းပတာဖြစ်နေတယ်ဆိုပေမယ့် မရေမတွက်နိုင်လောက်တဲ့ အားကောင်းတဲ့လူတွေကို ဖန်တီးပေးနေတာကလည်း ဒီဆိုးရွားတဲ့ အခြေအနေကပဲလေ"

ခက်ခဲကြမ်းတမ်းသည့်အခြေအနေတွင်သာ သူရဲကောင်းများနှင့် ထင်ရှားသည့်ပုဂ္ဂိုလ်များပေါ်လာသည်ဟုသော စကားက အချည်းနှီးစကားမဟုတ်ပါ။

အမြဲလိုလို သက်တောင့်သက်သာရှိသည့် ပတ်၀န်းကျင်တွင် ရှိနေသရွေ့ ကြီးပြင်းလာနိုင်မည်မဟုတ်။

"ဒါကြောင့် မင်းတို့ကို ဝိဉာဉ်အနှစ်သာရကျောင်းတော်မှာ ၀င်ဖို့ငါအကြံပြုချင်တယ်" ထန်ကျုံ့ကျောက် ရှည်လျားသည့် လမ်းကြောင်းတစ်ခုကနေ ခေါ်ဆောင်သွားပြီး အဆုံးတွင် အဓိကအချက်သို့ ပြန်ရောက်သွား၏။

"ဝိဉာဉ်အနှစ်သာရကျောင်းတော်က ခေးအောစ့်နယ်မြေရဲ့ ထိပ်တန်းဂိုဏ်းတစ်ခုဖြစ်ပြီး ကျောင်းသားတွေကို လူအနည်းငယ်ကပဲ ရန်စရဲတယ်၊ တစ်ချိန်တည်းမှာပဲ ကျင့်ကြံခြင်းအတွက် ပေါကြွယ်၀တဲ့ အရင်းအမြစ်တွေနဲ့ လျှို့ဝှက်နယ်မြေတွေရှိတယ်၊ ငါ့မှာလည်း ကိုယ်ပိုင်စေ့ဆော်တိုက်တွန်းမှုတစ်ခုရှိတယ်ဆိုပေမယ့် ငါအမှန်ကိုပြောနေတာပါ၊ ဒီထက်ပိုကောင်းတဲ့ ရွေးချယ်မှုမရှိဘူး"

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် သိမ်မွေ့စွာ ပြုံးလိုက်ကြသည်။

"ငါတို့ မင်းရဲ့ဖိတ်ခေါ်မှုကို လက်ခံနိုင်ပါတယ်၊ ဒါပေမယ့် ကြိုတင်ရှင်းထားရမယ့် အရာတစ်ခုက နောက်သုံးနှစ်အကြာမှာ ကျင်းပမယ့် နယ်မြေခြောက်ခုကျောင်းတော်တွေရဲ့ မဟာပြိုင်ပွဲရဲ့တိုက်ပွဲမှာ ငါတို့ အဇူရာကောင်းကင်ကျောင်းတော်ကို ကိုယ်စားပြုမယ်"

(996 အလုပ်ချိန်ဆိုတာက နံနက်၉နာရီမှ ည၉နာရီထိအလုပ်ချိန်၊ တစ်ပတ်၆ရက်)

အပိုင်း(1292) coming။

All Chapters