← Chapters

#ခြံ၀င်းနံပါတ်သုံး#

Vol. 92 Ch. 1292

#ခြံ၀င်းနံပါတ်သုံး#

Vol. 92 Ch. 1292

ယနေ့တွင် ဟုန်ရင်နှင့် နင်းချန်ရှင်းတို့က အဇူရာကောင်းကင်ကျောင်းတော်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခဲ့ကြပြီး သုံးနှစ်အတွင်း ကျောင်းတော်၏ စွမ်းဆောငါရည်ကို သိသိသာသာပင် တိုးမြှင့်ပေးခဲ့ကြသည်။

သို့သော် သေမျိုးနယ်မြေတွင် ဆိုးရွားသည့် အခြေခံအုတ်မြစ်ရှိသဖြင့် သုံးနှစ်အတွင်း ရှေးခေတ်က အဇူရာကောင်းကင်ကျောင်းတော်၏ အမြင့်ကို ပြန်လည်ရယူရန်ဟူသည် အတော်လေးစိန်ခေါ်မှုရှိနေဆဲပင်။

ကျောင်းတော်၏ မဟာပြိုင်ပွဲအတွက် အချိန်ကျရောက်သောအခါ သူတို့ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ အကူအညီကို မလွှဲရှောင်သာ လိုအပ်နေဆဲ။

ဒါကိုကြားသော် ထန်ကျုံ့ကျောက် အနည်းငယ်အံ့ဩသင့်သွားသည်။

သို့သော် ပြန်တွေးမိသောအခါ သူခေါင်းညိတ်ပြသည်။

"ဒါကိုဆရာနဲ့ဆွေးနွေးဖို့ ငါအကောင်းဆုံးကြိုးစားပါမယ်၊ ဒါပေမယ့် ပြဿာနာကြီးတော့ ရှိလာမှာမဟုတ်ဘူး၊ ဘာပဲဆိုဆို ဝိဉာဉ်အနှစ်သာရကျောင်းတော်မှာ ပါရမီရှင်တွေအများကြီး‌ရှိနေတာမို့ တစ်ချို့က မဟာပြိုင်ပွဲမှာ မပါ၀င်ချင်ဘူးဆိုရင်တောင် တခြားသူတွေက သူတို့နေရာကို ဖြည့်ဖို့ အသင့်ရှိနေကြတယ်"

ရှောင်ဟိုင်နှင့် ကျန်သောသူများ သဘောတူသည့်အသွင် ခေါင်းညိတ်ကြသည်။

ထို့နောက် သူတို့တော်တော်များများ ကျင့်ကြံခြင်းအချိန်ကုန်ကြသည်။

မုဖူရှန်းတစ်ယောက်တည်းသာ ထန်ကျုံ့ကျောက်အား ခေးအောစ့်နယ်မြေမှ သိထားသင့်သည့် အင်အားစုတစ်ချို့နှင့် ဝိဉာဉ်အနှစ်သာရကျောင်းတော်အတွင်းမှ ကိစ္စရပ်တစ်ချို့ကို ဆက်လက်မေးမြန်းနေခဲ့သည်။

သူတို့စကားအပြီးတွင် ထန်ကျုံ့ကျောက်ပြုံးသည်။

"ညီနောင်မု၊ မင်းပင်ပန်းနေမှာပဲ"

ဒီရက်များအတူတကွ ကုန်ဆုံးပြီးနောက် ထန်ကျုံ့ကျောက် ညီအစ်ကိုများအကြား မုဖူရှန်း၏ကဏ္ဍကို နားလည်လာခဲ့သည်။

မုဖူရှန်းတုန်ယင်သွားရသည်။

သောက်ကျိုးနည်း၊ ငါအရမ်းငိုချင်တယ်!

နောက်ဆုံးတော့ တစ်ယောက်ယောက် ငါ့ကို နားလည်သွားပြီ!

မုဖူရှန်း သူ့ခံစားချက်များကို ထန်ကျုံ့ကျောက်အပေါ် ဖွင့်ဟလုနီးပါးပင် ဖြစ်သွားသော်လည်း သူ့ကိုယ်သူထိန်းချုပ်ကာ ပြုံးရင်း နှိမ့်ချစွာလက်ဝှေ့ယမ်းသည်။

"မင်းပြောသလောက်လည်း မဟုတ်ပါဘူး၊ ငါ့ညီအစ်ကိုအားလုံးက ကျင့်ကြံဖို့လိုတော့ ဒီလိုကိစ္စရပ်တွေကို နားလည်ဖို့ သူတို့မှာ အချိန်မရှိဘူးလေ၊ ဒါကြောင့် ငါကဘဲ ကိုင်တွယ်ရတာပေါ့"

ဒါကိုကြားသော် ထန်ကျုံ့ကျောက် မုဖူရှန်းကို သိချင်စိတ်ဖြင့် ကြည့်ပြီးမေးလာသည်။

"ဒါပေမယ့် ညီနောင်မုရဲ့ တကယ့်အစစ်အမှန်ခွန်အားကို ဖော်ပြတာကို ငါတစ်ခါမှမမြင်ဖူးဘူးလို့ အမြဲခံစားနေရတယ်၊ တိုက်ပွဲတိုင်းမှာ မင်းအားအပြည့်သုံးနေတယ်လို့ ထင်ရပေမယ့် မင်းတစ်ခုခုကို ဖုံးကွယ်ထားတယ်လို့ ငါခံစားနေရတုန်းပဲ"

ထန်ကျုံ့ကျောက်၏အမြင်က သံသယမရှိ မုဖူရှန်းကို ထိတ်လန့်စေသည်။

သို့သော် သူခေါင်းခါယမ်းဆဲပင်။

"စစ်အတွင်းမှာ အကုန်လုံးမထုတ်သုံးဘူးဆိုရင် အသတ်ခံရမှာကို စောင့်နေသလို ဖြစ်မသွားဘူးလား၊ ငါကအရမ်းကြီး ပါရမီမရှိတော့ ထောက်လှမ်းရေးအရာရှိတစ်ယောက်လိုမျိုး တာ၀န်ယူခဲ့တာပါ"

တကယ်လား!

ထန်ကျုံ့ကျောက် မုဖူရှန်းကို သံသယဖြင့် ကြည့်လိုက်သော်လည်း ထပ်မပြောတော့ပါ။

......

သေမျိုးနယ်မြေကနေ ခေးအောစ့်နယ်မြေအထိ ရက်နှစ်ဆယ်နီးပါး ကြာမြင့်ခဲ့သည်။

ခေးအောစ့်နယ်မြေကို ရောက်သောအခါ ထန်ကျုံ့ကျောက် လူတိုင်းကို ဝိဉာဉ်အနှစ်သာရကျောင်းတော်သို့ တိုက်ရိုက်ခေါ်ဆောင်သွားသည်။

ခေးအောစ့်နယ်မြေကို သေမျိုးနယ်မြေကဲ့သို့ ကြယ်စင်စုများစွာနှင့် ကြယ်နယ်မြေသုံးခုအဖြစ် မခွဲခြားထားဘဲ ယင်းအစား တိုက်ကြီးလေးခုအဖြစ် ပိုင်းခြားထားသည်။

ကန်ရွှမ်တိုက်ကြီး၊ ချင်းမင်တိုက်ကြီး၊ နတ်ဆိုးသားရဲတိုက်ကြီးနှင့် ဝိဉာဉ်အနှစ်သာရကျောင်းတော်တည်ရှိသည့် တျန်ဂျီတိုက်ကြီးတို့ဖြစ်သည်။

ဝိဉာဉ်အနှစ်သာရကျောင်းတော်က တျန်ဂျီတိုက်ကြီးတွင် နံပါတ်တစ်ပညာရေးအင်အားစုဖြစ်ပြီး တိုက်ကြီးတစ်ခုလုံးထဲတွင် အားအကောင်းဆုံးအင်အားစုများအနက် တစ်ခုဖြစ်သည်။

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ လေ့လာသည့် အခြေအနေမှတဆင့် ဒါကိုမြင်နိုင်သည်။

ဒီနေရာက ကြီးမားသည်။ မယုံနိုင်စရာကောင်းလောက်အောင် ကြီးမားလွန်းသည်။

ဝိဉာဉ်အနှစ်သာရကျောင်းတော်အခွဲများကိုပင် မင်းဆက်မြို့အများအပြား၏ အရွယ်အစားများဟု မှတ်ယူ၍ရသည်။

ဒါ့အပြင် အင်မော်တယ်အော်ရာကလည်း အလွန်အမင်းကြွယ်၀ပြီး သေမျိုးနယ်မြေနှင့် နှိုင်းယှဉ်၍မရလောက်အောင်ကို များပြားလွန်းသည်။

နေရာတိုင်းတွင် လူများက ယှဉ်ပြိုင်နေကြရင်း သူတို့၏အင်မော်တယ်အော်ရာကို ခိုင်ခံ့အောင် လုပ်နေတာကို မြင်နိုင်သည်။

ကောင်းကင်ထက်တွင် သန္ဓေပြောင်းသားရဲများက ပျံဝဲနေကြ၏။ ထိုအားကောင်းသည့် သားရဲများ၏ ကျောပေါ်၌ ခွန်အားကြီးမားသည့် သက်ရှိများထိုင်နေကြသည်။

ဒီအရာအားလုံးကို ထန်ကျုံ့ကျောက် မိတ်ဆက်ပေးသည်။

ထန်ကျုံ့ကျောက် မေးစေ့အနည်းငယ်မော့ကာ ဂုဏ်ယူစွာပြောသည်။

"ဒါကရောဘယ်လိုလဲ၊ ငါတို့ဝိဉာဉ်အနှစ်သာရကျောင်းတော်ရဲ့ အမွေအနှစ်၊ ဒီအင်မော်နယ်အော်ရာသိပ်သည်းခိုင်ခံ့မှု၊ သန္ဓေပြောင်းသားရဲအများအပြားနဲ့ ဒီပြိုင်ဆိုင်နေတဲ့လေထုကို ဘယ်လိုထင်လဲ"

သို့စေကာမူ ရှောင်ဟိုင်နှင့် တခြားသူများ အမူအရာကင်းမဲ့နေသည်ဟု ဆို၍မရနိုင်သည့်တိုင် အရမ်းမဝေးပါ။ သူတို့က အထူးတလည် အံ့ဩခြင်း သို့မဟုတ် သဘောကျခြင်းမရှိသည့်အသွင်။

ထန်ကျုံ့ကျောက် စိတ်ရှုပ်ထွေးနေသည်။ ဒါတွေအားလုံးက သူတို့မျှော်လင့်ချက်တွေနဲ့ မကိုက်ညီသေးတာလား!

ဒါကဖြစ်နိုင်သည်။

အင်မော်တယ်အော်ရာအကြောင်း ပြောရပါက ထာ၀ရသက်တမ်းကမ္ဘာထက် ပိုသိပ်သည်းသည့် နေရာရှိဦးမည်လား။ ဒါ့အပြင် အရည်အသွေးက ပိုမြင့်သည်။

အင်မော်တယ်သားရဲများအကြောင်းဆိုပါက ထာ၀ရသက်တမ်းကမ္ဘာတွက် ရှန်းလျို၊ အရိုးတောင်ပံမြွေကျား၊ ကျိုးကျောက်ယင်း၊ အစ်မဟွမ်ချင်း၊ စီနီယာမိုးမခနှင့် အသစ်ရထားသည့် ခွန်ပန်တို့ရှိသည်။

ယှဉ်ပြိုင်ရေး၀န်းကျင်အတွက်မူ ရှောင်ဟိုင်နှင့် ကျန်သောသူများမှာ ဦးလေးလျိုက သူတို့ဆရာကြောင့် တစ်နေ့ပြီးတစ်နေ့ လက်သီးအိတ်ကဲ့သို့ ထိုးခံနေရသည့်မြင်ကွင်းများကို သတိရသွားကြ၏။

အင်း၊ ဒီလိုအရှက်စရာကိစ္စတွေကို မပြောဘဲနေကြရအောင်!

ဦးလေးလျိုအရင်စိတ်အဆင်ပြေနေပါစေ!

ထန်ကျုံ့ကျောက်ပြောသည်။

"မင်းတို့ကို ဆရာနဲ့အရင်တွေ့ဖို့ငါခေါ်သွားပေးမယ်၊ သူအချိန်အကြာကြီးစောင့်နေခဲ့တာ၊ ပြီးမှ ကျောင်းသားတွေဖြစ်လာဖို့အတွက် လုပ်ထုံးလုပ်နည်းတွေကို ကိုင်တွယ်ဖို့ ခေါ်သွားမယ်"

ထန်ကျုံ့ကျောက်၏ဆရာက ဝိဉာဉ်အနှစ်သာရကျောင်းတော်၏ ပထမအကြီးအကဲဖြစ်သည်။

သူနေထိုင်သည့်ခြံ၀င်းလေးက ကမ္ဘာမြေပေါ်မှ သုခဘုံအလားထင်ရပြီး အင်မော်တယ်အော်ရာက သိပ်သည်းလွန်းသဖြင့် ခြံ၀င်းတစ်ဝိုက်၌ မြူခိုးများအဖြစ် ဖြစ်ပေါ်ကာ လွင့်မျောနေကြ၏။

မက်မန်ပင်သုံးပင်ရှိပြီး ရိုးရှင်းသောကျောက်ခင်းလမ်းနှင့် ကျောက်တုံးအိမ်တစ်လုံးတည်ရှိနေသည်။

မြင်းမြီးကျာပွတ်တစ်ခုကို ကိုင်ထားသည့် အကြီးအကဲတစ်ဦးမှာ မက်မွန်ပင်တစ်ပင်အောက်တွင် ခြေချင်းခတ်ထိုင်နေသည်။

လူတိုင်းခြံ၀င်းလေးအပြင်ဘက်ကို ရောက်လာသောအခါ အကြီးအကဲပြောသည်။

"အားလုံး၀င်လာကြပါ"

ထန်ကျုံ့ကျောက်ဦးဆောင်ကာ တံခါးဖွင့်ပြီး ရှောင်ဟိုင်နှင့် ကျန်သောသူများအား အထဲသို့ခေါ်သွားပေးသည်။

ယင်းနောက်တွင် အကြီးအကဲထရပ်ကာ ရှောင်ဟိုင်နှင့် ကျန်သောသူများအား ကြည့်လိုက်၏။

"မင်းတို့ကိစ္စတွေကို ငါကြားပြီးပါပြီ၊ ငါ့တပည့်မှာ အဆင့်မြင့်စံနှုန်းတွေရှိတာမို့ မင်းတို့ကို ဒီကိုဖိတ်ဖို့အတွက် ဒီလောက်ထိ ကြိုးစားခဲ့ပုံကို ထောက်ဆရရင် မင်းတို့က သာမန်လူမဟုတ်ဘူးဆိုတာ သက်သေပြနေတယ်၊ ဒီတော့ မင်းတို့ကို စမ်းသပ်နေစရာမလိုပါဘူး"

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ဒီအဖိုးကြီးက စိတ်၀င်စားစရာကောင်းသည်။

များသောအားဖြင့် ယခုလိုအခြေအ‌နေမျိုးတွင် အစွမ်းထက်ပုဂ္ဂိုလ်များက အရင်ဆုံးစမ်းသပ်ခြင်းကို ပိုသဘောကျကြသည်။

"ဒါ့အပြင် ကျောင်းတော်မှာ မင်းတို့လို အထူး၀င်ခွင့်ရခြင်းက လူအများစုရဲ့ မနာလိုစိတ်ကို နှိုးဆွပြီး မင်းတို့ခွန်အားကို စမ်းသပ်မယ့်သူတွေလည်း အများကြီးပဲ"

ဝိဉာဉ်အနှစ်သာရကျောင်းတော်အတွင်း ကျောင်းသားများကို သုံးနှစ်တစ်ခါသာ လက်ခံပြီး ရွေးချယ်မှုတိုင်းကလည်း အင်မတန်တင်းကျပ်သည်။

လူသိန်းချီထဲကနေ လူအနည်းငယ်ကသာ ကျောင်းတော်တွင် ပါ၀င်ရန်အတွက် ရွေးချယ်ခံရသည်။

ထို့ကြောင့် ရှောင်ဟိုင်တို့လိုလူများက မရေမတွက်နိုင်လောက်သော မနာလိုမှုများကို ဆွဲဆောင်မိမည်သာ။

"ဒီတစ်ကြိမ် ဒီလိုလာတာက ရည်ရွယ်ချက်နှစ်ခုအတွက်ကြောင့်ပဲ၊ ပထမတစ်ခုက မင်းတို့နဲ့တွေ့ဖို့ဖြစ်ပြီး နောက်တစ်ခုက ဝိဉာဉ်အနှစ်သာရကျောင်းတော်အတွက် မင်းတို့ တကယ်ပဲ ဘာယူလာပေးနိုင်မလဲဆိုတာကိုပဲ" ပထမအကြီးအကဲ မျက်လုံးကျဉ်းလိုက်ပြီးနောက် ရှောင်ဟိုင်တို့ကို လှမ်းကြည့်သည်။

"မင်းတို့မှာ ပါရမီရှိတာမို့ နယ်မြေခြောက်ခုကျောင်းတော်ရဲ့ မဟာပြိုင်ပွဲမှာ ရွေးချယ်ခံရဖို့ဆိုတာက ပုံမှန်ပါပဲ၊ ဒါပေမယ့် မင်းတို့က တခြားကျောင်းတော်တစ်ခုရဲ့ နာမည်အောက်မှာ ကိုယ်စားပြုပါ၀င်ယှဉ်ပြိုင်ချင်ကြတယ်၊ ဒါက ဝိဉာဉ်အနှစ်သာရကျောင်းတော်အတွက် မတရားဘူးလေ"

အရင်းအမြစ်ထောက်ပံ့ရမည်ဖြစ်သော်လည်း သက်ရောက်မှုမရှိပါက မည်သူမှ ယခုလိုကျေးဇူးတင်မခံရသည့်အလုပ်မျိုးကို လုပ်မည်မဟုတ်။

ဒီအချိန်တွင် ရှောင်ဟိုင်ပွင့်လင်းစွာပင် ပြောသည်။

"ကျုပ်တို့ ဝိဉာဉ်အနှစ်သာရကျောင်းတော်ကို ၀င်တာက အစ်ကိုထန် သူ့ကြင်နာမှုကို ပြန်ပေးဆပ်ဖို့အတွက် ကျုပ်တို့ကို ဖိတ်ခေါ်နေလို့ပဲ"

"ဒီတော့ ငါတို့ရဲ့ဝိဉာဉ်အနှစ်သာရကျောင်းတော်က မင်းတို့ကို တောင်းဆိုနေတယ်လို့ ထင်တာလား" ပထမအကြီးအကဲ ရှောင်ဟိုင်ကို စိုက်ကြည့်လိုက်၏။

ရှောင်ဟိုင်ရယ်မောသည်။

"ဒါကအပြန်အလှန်လိုအပ်ချက်ပါပဲ၊ ကျုပ်တို့က ‌ဝိဉာဉ်အနှစ်သာရကျောင်းတော်ရဲ့ စင်မြင့်ကို ခေးအောစ့်နယ်မြေမှာ ခြေချဖို့အတွက် သုံးပြီး ခင်ဗျားကတော့ ကျုပ်တို့ရဲ့ အနာဂတ်ကို လောင်းကြေးထပ်တာပေါ့"

"ဘယ်လိုအပြန်အလှန်အကျိုးရှိတဲ့ အစီအစဉ်တစ်ခုလဲ" ပထမအကြီးအကဲခေါင်းညိတ်သည်။

"ဒီလိုဆိုမှတော့ မင်းတို့ရဲ့ အနာဂတ်အလားအလာတွေရဲ့ တန်ဖိုးကို ငါကြည့်ပါရစေ"

ထို့နောက် သူတို့ထွက်သွားနိုင်ပြီဟု လက်ဟန်ပြလိုက်သည်။

ဒါကိုမြင်သော် ထန်ကျုံ့ကျောက် သူတို့ကို ဦးဆောင်ခေါ်သွားသည်။

ထို့နောက် ထန်ကျုံ့ကျောက် နောက်ထပ်ခြံ၀င်းလေးတစ်ခုထဲသို့ ခေါ်သွားပြီး ရယ်မောကညပြောသည်။

"ဒါက အတွင်းပိုင်းတပည့်တွေရဲ့နေအိမ်ပါ၊ မင်းတို့ရဲ့နေရာကိုတော့ 'ခြံ၀င်းနံပါတ်သုံး' လို့သတ်မှတ်ထားတယ်၊ ဒီနေရာက ဝိဉာဉ်စွမ်းအင်နဲ့ အရင်းအမြစ်တွေက တခြားခြံ၀င်းတွေထက် ပိုကြွယ်၀တယ်"

အတွင်းပိုင်းတပည့်များ၏ နေအိမ်များကို ကောင်းကင်၊ မြေနှင့် ရွှမ်အဆင့်များအဖြစ် ခွဲခြားထားပြီး ကောင်းကင်အဆင့်အောက်တွင် ခြံ၀င်းသုံးဆယ့်ကိုးခုရှိသည်။

"ဒါပေမယ့် ငါသတိပေးချင်တာက တစ်ယောက်ယောက်မင်းတို့ကို စိန်ခေါ်ပြီး အနိုင်ယူလိုက်ပြီဆိုရင် သူတို့နေအိမ်တွေနဲ့ မင်းတို့လဲလှယ်ရမယ်"

ထို့နောက် ထန်ကျုံ့ကျောက် ခပ်ယဲ့ယဲ့ ရယ်မောလိုက်၏။

အပိုင်း(1293) coming။

All Chapters