← Chapters

#အများသဘောထား#

Vol. 92 Ch. 1293

#အများသဘောထား#

Vol. 92 Ch. 1293

ဝိဉာဉ်အနှစ်သာရကျောင်းတော်၏ အတွင်း၀င်းတွင် အဆင့်များအလိုက် မတူညီသည့် ကျင့်ကြံခြင်းအရင်းအမြစ်များရှိပြီး အင်မော်တယ်အော်ရာ၏ သိပ်သည်းမှုကလည်း အဆင့်တိုးလာသည်နှင့်အမျှ ပိုမြင့်မားလာသည်။

သို့စေကာမူ ခေးအောစ့်နယ်မြေဖြစ်စေ၊ ဝိဉာဉ်အနှစ်သာရကျောင်းတော်ဖြစ်စေ ပြိုင်ပွဲက နေရာတိုင်းတွင်ရှိပြီး အသန်မာဆုံးကသာ ရှင်သန်နိုင်သည်။

ဒီ၀င်းငယ်များ၏ ပိုင်ဆိုင်မှုကိုလည်း ယှဉ်ပြိုင်ခြင်းကနေတဆင့် လှဲလှယ်လိုက်သည်။ အကယ်၍ အဆင့်နိမ့်တစ်ယောက်ယောက်ကသာ ရှောင်ဟိုင်နှင့် ကျန်သောသူများကို စိန်ခေါ်ပြီး အောင်မြင်သွားပါက သူတို့စိန်ခေါ်သူနှင့် နေရာလှဲလှယ်ပေးရန် လိုအပ်သည်။

ဆုံးရှုံးသွားတာက ပိုကောင်းသည့် ကျင့်ကြံခြင်း၀န်းကျင်နှင့် အရင်းအမြစ်များသက်သက်မဟုတ်ပါ။

ဝိဉာဉ်အနှစ်သာရကျောင်းတော်၏ အတွင်း၀င်းထဲတွင် ထို၀င်းငယ်တိုင်းက တပည့်တစ်ဦးစီရှိ ကိုယ်ပိုင်လက္ခဏာ၏ သင်္ကေတလည်းဖြစ်သည်။

တစ်ရက်မျှသာ ကြာမြင့်သေးသည်။

ရှောင်ဟိုင်နှင့်ကျန်သောသူများက ဝိဉာဉ်အနှစ်သာရကျောင်းတော်က အထူးသိမ်းသွင်းခဲ့ပြီး ကောင်းကင်ဘုံတာယာ၏ ယာယီလွတ်နေသော ခြံ၀င်းနံပါတ်သုံးတွင် ချက်ချင်းနေရာပေးလိုက်သည့်သတင်းက အတွင်း၀င်းတစ်ခုလုံး၌ ပျံ့သွားသည်။

တစ်ခဏအကြာတွင် ခြံ၀င်းနံပါတ်သုံးအပြင်ဘက်က လူအုပ်စုကြီးက စတင်ကြီးထွားလာသည်။

ခြံ၀င်းလေးထဲတွင် ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်၊ မုဖူရှန်းနှင့် ဖန်ချန်းတို့က ထန်ကျုံ့ကျောက်ပေးခဲ့သည့် မြေပုံကိုကြည့်လိုက်ကြ၏။

၎င်းထဲတွင် အတွင်း၀င်းထဲ၌ တပည့်များ၏ ကျင့်ကြံခြင်းအတွက် အသုံးပြုနိုင်သည့် လျှို့ဝှက်နယ်မြေအားလုံးကို မှတ်တမ်းတင်ထားသည်။

"ကျင့်ကြံဖို့အတွက် ဒီနေရာတွေထဲကို၀င်ဖို့ ထောက်ပံ့မှတ်တွေလိုတယ်၊ အစ်ကိုထန် ငါတို့တစ်ယောက်ချင်းစီကို အမှတ်တစ်ထောင်ပေးခဲ့ပေမယ့် မလုံလောက်သေးပုံပဲ" ယဲ့ချိုးပိုင်ပြောသည်။

အနိမ့်ဆုံးအဆင့်လျှို့ဝှက်နယ်မြေပင်လျှင် တစ်နေ့ကို ထောက်ပံ့မှတ်တစ်ရာလိုအပ်သည်။

ရှီရှန်းခေါင်းညိတ်သည်။

"ကြည့်ရတာ နောက်ပိုင်း ထောက်ပံ့မှတ်တစ်ချို့ရနိုင်ဖို့အတွက် ကျွန်တော်တို့ နည်းလမ်းတစ်ခုရှာဖို့လိုနေပြီထင်တယ်"

ထိုအချိန်မှာပင် ဖန်ချန်း ခြံ၀င်းအပြင်ဘက်သို့ တစ်ချက်ကြည့်ပြီးနောက် အပြုံးနှင့်အတူ ပြန်လာသည်။

"အပြင်မှာ လူအုပ်ကြီးတစ်ခုဖြစ်နေပြီ၊ အရိပ်ထဲမှာ ပုန်းကွယ်နေတဲ့ ထင်ရှားတဲ့အော်ရာနဲ့ လူများစွာလည်းရှိတယ်၊ ကြည့်ရတာ ကျွန်တော်တို့ကို လုံး၀သတိထားမိသွားကြပုံပဲ"

ဒါကိုကြားသောအခါ မုဖူရှန်းအနည်းငယ် ဆွံအနေလေသည်။

သူတို့က အစကနေ သတိထားခြင်းခံရသည်။ ကြည့်ရသည်မှာ သူ့စီနီယာအစ်ကိုနှင့် ရှောင်ဟိုင်နောက်က လိုက်သွားသည့်အကြိမ်တိုင်း အလားတူမြင်ကွင်းမျိုးသာ ဖြစ်ပျက်ပုံရသည်။

သူ့အစ်ကိုကြီးနှင့်ရှောင်ဟိုင်တွင် ပြဿာနာများကို ဆွဲဆောင်နိုင်သည့် ထူးခြားသည့် ရုပ်ခန္ဓာများရှိသလားဟု မုဖူရှန်းစတင် သံသယဖြစ်လာမိသည်။

သို့သော် ယဲ့ချိုးပိုင်ထူးမခြားနားစွာသာပြောသည်။

"သူတို့လာပါစေ၊ ငါတို့က ကိုယ့်အလုပ်ကိုယ်လုပ်မယ်၊ တစ်လအတွင်း စိန်ခေါ်မှုကို ငါတို့လက်မခံရဘူးလို့ အစ်ကိုထန်ပြောခဲ့တယ်မလား၊ အဲဒီကျင့်ကြံခြင်းလျှို့ဝှက်နယ်မြေတွေကို အရင်စစ်ဆေးကြည့်သင့်တယ်လို့ ငါထင်တယ်၊ တစ်ချို့က ငါတို့အတွက် အတော်လေးသင့်တော်ပုံပဲ"

ရှောင်ဟိုင် ခပ်တည်တည်ပင် နှုတ်ခမ်းကွေးညွတ်လိုက်၏။

"အဲလိုဖြစ်လာရင်လည်း သူတို့နဲ့ ကျွန်တော်တိုက်ခိုက်မယ်"

ယဲ့ချိုးပိုင်ပြုံးသည်။

"ကောင်းပြီ၊ ငါတို့ကဒီမှာအသစ်ပဲ၊ ဒီတော့ အခုအတွက် ပြဿာနာအများကြီးမီးမမွှေးဘဲ ‌အခြေအနေကိုပဲ စောင့်ကြည့်ကြရအောင်"

ယဲ့ချိုးပိုင်၏စကားလုံးများကို ကြားသောအခါ မုဖူရှန်း ရုတ်တရက် မျက်နှာပေါ်၌ မျက်ရည်စက်များစီးကျလာသလို ခံစားလိုက်ရသည်။

ရှီရှန်းအနည်းငယ်ထိတ်လန့်သွားပြီး မေးသည်။

"ဂျူနီယာညီလေးမု၊ ဘာဖြစ်လို့လဲ"

မုဖူရှန်းမျက်ရည်များကိုသုတ်ရင်း ခေါင်းခါယမ်းသည်။

"ဘာမှမဟုတ်ပါဘူး၊ နည်းနည်းစိတ်လှုပ်ရှားမိသွားတာပါ၊ ကလေးငယ်လေးတစ်ယောက် ကြီးထွားလာသလို ကျွန်တော်အမြဲခံစားနေရတာ"

"ဟမ်၊ ဂျူနီယာညီလေးမု၊ မင်းမှာ ကလေးရှိလို့လား"

ရှီရှန်း၏ အံ့ဩသင့်နေသည့် အမူအရာကို ကြည့်ရင်း မုဖူရှန်း မျက်လုံးလိမ့်လိုက်မိသည်။

"စီနီယာအစ်ကိုရှီ၊ အစ်ကိုက ဒီလောက်ထိ သတိမမူနိုင်မယ်လို့ ကျွန်တော်မမျှော်လင့်ထားခဲ့ဘူး"

"တော်ပြီ၊ အတူတူသွားကြရအောင်၊ ဒီလျှို့ဝှက်နယ်မြေတွေက ငါတို့အတွက် အတော်လေးသင့်တော်တယ်" ယဲ့ချိုးပိုင် စားပွဲပေါ်က စာလိပ်ကို သိမ်းဆည်းပြီး အားလုံးကိုဦးဆောင်ကာ ခြံ၀င်းတံခါးအား ဖွင့်လိုက်သည်။

သူတို့တံခါးဖွင့်လိုက်သည့် အခိုက်အတန့်၌ မရေမတွက်နိုင်လောက်သည့် မျက်လုံးများက သူတို့အပေါ် စူးစိုက်စွာ ကျရောက်နေကြ၏။

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက သူတို့ကို အာရုံမစိုက်ဘဲ ကျင့်ကြံခြင်းလျှို့ဝှက်နယ်မြေတစ်ခုဆီသို့သာ တိုက်ရိုက်ဦးတည်လိုက်ကြ၏။

သို့သော် တစ်ခါတစ်ရံ ပြဿာနာကို သွားမရှာလျှင်ပင် ပြဿာနာများက သင့်ကို မြေကြီးလက်ခတ်မလွှဲ လာရှာဖွေတတ်သည်။

မိုးပြာရောင်၀တ်စုံရှည်နှင့်အတူ ဆံပင်ရှည်နှင့် လူရှည်တစ်ယောက်က သူတို့လမ်းကို အပြုံးနှင့်အတူ ပိတ်ဆို့ထားသည်။

"တာအိုမိတ်ဆွေလေးတို့က ပြီးခဲ့တဲ့ရက်အနည်းငယ်က ဝိဉာဉ်အနှစ်သာရကျောင်းတော်မှာ အထူးစုဆောင်းခံခဲ့ရတဲ့သူတွေဖြစ်ရမယ်၊ အထူးဂိုဏ်းသားအဖြစ် လာပြီး ကောင်းကင်ဘုံတာယာရဲ့ ခြံဝင်းနံပါတ်သုံးထဲမှာ တိုက်ရိုက်နေထိုင်ကြတယ်ဆိုတော့ ငါတို့က ဒီခြံ၀င်းအတွင်း အဆုံးအဖြတ်တစ်ခုမှမရှိဘဲ လနဲ့ချီ တိုက်ပွဲ၀င်ခဲ့ကြတာကို မင်းတို့သိသင့်တယ်"

"ပြောရမယ်ဆိုရင် ဒါက မင်းတို့ရဲ့ခွန်အားက အရမ်းအထင်ကြီးလောက်စရာကောင်းတယ်လို့ ဆိုလိုနေတာပဲ၊ ဟုတ်တယ်မလား၊ ဒါဆို ငါစမ်းသပ်ကြည့်ချင်ပါတယ်"

"အိုး၊ ငါကိုယ့်ကိုကိုယ်မိတ်ဆက်ပေးဖို့ မေ့သွားတယ်၊ ငါက ကောင်းကင်ဘုံတာယာရဲ့ ခြံ၀င်းနံပါတ်ငါးပိုင်ရှင် လျန်ချင်းပါ"

ကောင်းကင်ဘုံတာယာ၏ ခြံ၀င်းနံပါတ်ငါး!

ယဲ့ချိုးပိုင်တို့၏မျက်လုံးထဲတွင် ဒီလူ၏ခွန်အားက အစစ်အမှန်နတ်ဘုရားနယ်ပယ် တစ်၀က်အဆင့်ကိုပင် ရောက်နေလေပြီ။

အတွင်း၀င်းထဲက တပည့်တစ်ယောက်အတွက် ဒီလိုနယ်ပယ်ကို ရောက်နေခြင်းက သေမျိုးနယ်မြေနှင့် ခေးအောစ့်နယ်မြေကြားက ကွာဟချက်က မနည်းလှဘူးဟု ဆိုလိုနေသည်။

သို့စေကာမူ မည်သူမှအာရုံမစိုက်ကြဘဲ လျန်ချင်းကို ရိုးရှင်းစွာသာ ဖြတ်လျှောက်သွားကြသည်။

ဒီမြင်ကွင်းကိုကြည့်ရင်း လျန်ချင်း၏မျက်နှာက တောင့်တင်းသွား၏။

တခြားသူများ၏မျက်နှာများကလည်း မကောင်းကြတော့ပါ။

ဝိဉာဉ်အနှစ်သာရကျောင်းတော်၏ စည်းမဉ်းများက တစ်လတစ်ခါတိုက်ခိုက်ရန်အတွက် ငြင်းဆန်နိုင်သည်ဟု ဆိုထားသော်လည်း တစ်လအပြီး ထပ်နိုက်ရန် ငြင်းဆန်ပါက ကောင်းကင်ဘုံတာယာမှ ခြံ၀င်းနံပါတ်သုံးအထဲက သူတို့နေအိမ်အား အလိုအလျောက် ဖယ်ရှားခံရမည်ဖြစ်သည်။

သို့သော် ဝိဉာဉ်အနှစ်သာရကျောင်းတော်၌ တိုက်ပွဲကိုရှောင်ခဲ့ကြသောသူဟူ၍ မည်သူမှမရှိပါ။ ဒါကပင် ကျောင်းသားများအကြား တိုက်ပွဲရှောင်ရှားခြင်းက နှစ်ဘက်စလုံးအတွက် အရှက်စရာလက္ခဏာတစ်ရပ်ဟု အမြင်တစ်ခုဖြစ်လာစေခဲ့သည်။

ဒီအခိုက်အတန့်၌ တုတ်ရှည်တစ်ချောင်းကိုင်ထားသည့် ခေါင်းပြောင်တစ်ယောက် ယဲ့ချိုးပိုင်တို့ဆီသို့ ချဉ်းကပ်လာပြီး သူတို့လမ်းကို ပိတ်ဆို့ပစ်သည်။

ထူထဲသည့်မျက်ခုံးနှင့် ကြီးမားသည့်မျက်လုံးများနှင့်အတူ သူအတော်လေးဒေါသထွက်နေပုံရပြီး အော်ဟစ်သည်။

"မင်းတို့အားလုံးတကယ်ပဲ တိုက်ပွဲကို ရှောင်ရှားကြတော့မှာလား"

ကောင်းကင်ဘုံတာယာရှိ ခြံ၀င်းနံပါတ်ခြောက်မှ ဟဲရှောင်ကလည်း အစစ်အမှန်နတ်ဘုရားနယ်ပယ် တစ်၀က်အဆင့် စွမ်းအားရှင်ဖြစ်သည်။

ဒီအချိန်တွင် ယဲ့ချိုးပိုင်ရှေ့တိုးပြီး ထူးမခြားနားစွာပြောသည်။

"မင်းတို့အားလုံးက ဝါရင့်ကျောင်းသားတွေမလား၊ ကျောင်းကို အခုမှ စ၀င်လာတဲ့ ငါ့လိုလူတစ်ယောက်ကို စည်းမျဉ်းအကြောင်း ပြောစေချင်တာလား"

ဒါကိုကြားသောအခါ ဟဲရှောင်၏မျက်လုံးများက နက်မှောင်သွားပြီး တိုးညင်းသော အသံဖြင့်ပြောသည်။

"မင်းတို့ကြောက်နေတာလား"

ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။

"မကြောက်ဘူး၊ ဒါပေမယ့်လောလောဆယ် မလိုအပ်သေးဘူး"

စကားပြောပြီးနောက် လှောင်ပြောင်နေသည့်အသံများကြားတွင် သူကျန်သောသူများနှင့်အတူ ထိုနေရာမှ ထွက်သွားလေတော့သည်။

ဆုတ်ခွာသွားသည့်ပုံရိပ်များကိုကြည့်ရင်း လျန်ချင်းရှေ့တိုးကာ ဟဲရှောင်ပခုံးကို ပုတ်ရင်း နှာခေါင်းရှုံ့သည်။

"စိတ်မပူနဲ့၊ စည်းမျဉ်းတွေအရဆိုရင် တစ်လအတွင်း သူတို့မှာ ထွက်ပြေး‌စရာနေရာရှိမှာမဟုတ်တော့ဘူး၊ အဲဒီအချိန်ကျရင် ဒီကျောင်းတော်ကို ၀င်လာမိတဲ့အတွက် ငါသူတို့ကို နောင်တရအောင် လုပ်ပစ်မယ်"

"ဝိဉာဉ်အနှစ်သာရကျောင်းတော်က ငပျင်းတွေကို အားမပေးဘူး....."

တစ်ခဏအကြာ၌ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ တိုက်ပွဲရှောင်ရှားသည့်သတင်းက လျင်မြန်စွာပျံ့သွားသည်။

တမင်တကာလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ သံသယအပြည့်အသံများကလည်းပေါ်ထွက်လာသည်။

ဒီအသံများက ရှောင်ဟိုင်နှင့် ကျန်သောသူများနားထဲသို့ ရောက်လာခဲ့သည်။

"အထူးလူသစ်စုဆောင်းခြင်းကနေ လက်ခံခြင်းကို ခံထားရတဲ့ ဒီကောင်တွေက တကယ်ပဲ တိုက်ပွဲကိုရှောင်ရှားဖို့ ရွေးချယ်ခဲ့ကြတာလား၊ သူတို့က အထူးစုဆောင်းခံရခြင်းဖြစ်ပြီး ကောင်းကင်ဘုံတာယာရဲ့ ခြံ၀င်းနံပါတ်သုံးမှာ နေထိုင်ခွင့်ရခဲ့တာမို့ လိုက်ဖက်မယ့် ခွန်အားတော့ ရှိနေဖို့လိုတယ်"

"ကောင်းကင်ဘုံတာယာရဲ့ အတွင်း၀င်းကျောင်းသားတွေရဲ့ စုံစမ်းစစ်ဆေးမှုအောက်မှာ သူတို့နယ်ပယ်က အရမ်းကြီးမမြင့်ဘူးလို့ ငါကြားခဲ့ရတယ်"

"ဒါမှမဟုတ် သူတို့အထူးလက်ခံခြင်းခံထားရတာမို့ အထူးအခွင့်အရေးတွေများ ရှိနေတာလား"

"သူတို့ကို ခေါ်လာတာက ပထမအကြီးအကဲရဲ့ ကိုယ်ပိုင်တပည့်ဖြစ်တဲ့ ထန်ကျုံ့ကျောက်လို့ ငါကြားခဲ့တယ်၊ ဒါပေမယ့် ပထမအကြီးအကဲရဲ့ ခွင့်ပြုချက်ကြောင့်လည်း ခေါ်လာတာပဲလေ"

"တရားမျှတပြီးဘက်မလိုက်တဲ့ ပထမအကြီးအကဲက ဒီလိုအထူးကျေးဇူးမျိုးတွေကိုလည်း လုပ်ပေးတာလား"

ရှောင်ဟိုင်၏မျက်နှာက ချက်ချင်းမည်းမှောင်သွားသည်။

"ကျွန်တော်သွားပြီး တိုက်ခိုက်သင့်တယ်ထင်တယ်"

သို့သော် မုဖူရှန်း ရှောင်ဟိုင်အား ချက်ချင်းတားပြီး ခေါင်းခါယမ်းပြသည်။

"အရမ်းသိသာလွန်းတယ်၊ ဒါက သူတို့တမင်တကာဖြန့်ထားတဲ့ ကောလဟလတစ်ခုဆိုတာ ရှင်းနေတာပဲလေ၊ ကျွန်တော်တို့ အခုသွားရင်တောင် ရှေ့လျှောက် အဆုံးမဲ့စိန်ခေါ်သူတွေ အများကြီးရှိလာမှာ၊ အရာတွေက ထိန်းချုပ်မှုထဲက လွတ်ကင်းသွားမယ်ဆိုရင် ကျွန်တော်တို့ ဘယ်လိုကျင့်ကြံနိုင်တော့မလဲ"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

"ဂျူနီယာညီလေးမုပြောတာမှန်တယ်၊ လောလောဆယ် ငါတို့ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ထားဖို့လိုတယ်၊ ငါတို့နယ်ပယ်ကို နည်းနည်းမြှင့်တင်မယ့်အကြောင်းကို နောက်မှ ပြောကြတာပေါ့"

ရုတ်တရက်ရှေ့သို့ ကြည့်လိုက်စဉ် သူတို့ရှေ့၌ ဧရာမကျောက်ပြားတစ်ခုကို တွေ့လိုက်ရသည်။

ဒီနေရာက သန့်စင်မိုးမျှော်စင်ဟု လူသိများသည့် ကျင့်ကြံခြင်းလျှို့ဝှက်နယ်မြေတစ်ခုပေတည်း။

လျှို့ဝှက်နယ်မြေတိုင်းတွင် ကျောက်ပြားတစ်ချပ်စီရှိပြီး ထိပ်တန်းသုံးဆယ်၏ စံချိန်များကို မှတ်တမ်းတင်ထားတတ်သည်။

ယဲ့ချိုးပိုင်ပြုံးသည်။

"ဒါ့အပြင် ငါတို့ဒီစံချိန်တွေကို ချိုးဖျက်နိုင်တာနဲ့ သူတို့အားလုံးကို ပါးစပ်ပိတ်သွားအောင် လုပ်နိုင်မှာပဲလေ"

ဒါကိုကြားသောအခါ ရှောင်ဟိုင် အူလှိုက်သည်းလှိုက်ရယ်မောသည်။

"ဟားဟားဟား၊ ဟုတ်တာပေါ့၊ စံချိန်ချိုးဖျက်ဖို့က ကျွန်တော်တို့ရဲ့ အားသာချက်ပဲလေ"

အပိုင်း(1294) coming။

All Chapters