#လုချန်ရှန်း၏သင်ကြားမှု#
Vol. 92 Ch. 1294
သူတို့စိန်ခေါ်မှုအစကတည်းက စံအိမ်တော်က တပည့်များက ဆန်းကြယ်အမွေအနှစ်မြေအသီးသီးထဲတွင် သူတို့၏ အမှတ်အသားများကို ချန်ထားနိုင်ခဲ့ကြသည်။
ယနေ့ထိတိုင် မည်သူမှ သူတို့၏ဒီမှတ်တမ်းများကို မကျော်လွှားနိုင်ခဲ့ကြပေ။
စံချိန်ချိုးဖျက်ခြင်းလား၊ စံအိမ်တော်က တပည့်များအတွက် ဒါက ပုံမှန်အရာတစ်ခုအလား ရိုးရှင်းပါသည်။
သန့်စင်မိုးမျှော်စင်! မျှော်စင်အောက်ခြေ၌ မီးလျှံမူလစွမ်းအားအမျှင်စတစ်ခုရှိသည်ဟု ဆိုကြပြီး ဒီမျှော်စင်က မီးလျှံမူလစွမ်းအားအား ပေါက်ကွဲသွားခြင်းကနေ တားဆီးပေးထားသည်။
ထို့ကြောင့် မျှော်စင်အတွင်း မီးတောက်စွမ်းအားက အလွန်အမင်းသန့်စင်သည်။
တစ်ချိန်တည်းမှာပင် မီးအဆိပ်၏ သက်ရောက်မှုလည်းမရှိပါ။
ထို့ကြောင့် သန့်စင်မိုးမျှော်စင်ကို မီးတောက်ဂုဏ်သတ္တိရှိသည့် ကျင့်ကြံသူများနှင့် ကိုယ်ခန္ဓာကို ပြုပြင်မွမ်းမံကြသူများအတွက် သုခဘုံတစ်ခုဟု ခေါ်ဆိုနိုင်သည်။
ရှောင်ဟိုင်ပြောသည်။
"ဒါဆို ကျွန်တော်ဒီမှာပဲနေမယ်"
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများခေါင်းညိတ်ပြီးနောက် သူတို့နှင့်သင့်တော်သည့် လေ့ကျင့်ရေးပတ်၀န်းကျင်အသီးသီးသို့ ဦးတည်လိုက်ကြသည်။
ခေးအောစ့်နယ်မြေတွင် ကြယ်တာအိုကို လေ့ကျင့်သည့် ကျင့်ကြံသူများလည်းရှိသည်။ ခေးအောစ့်နယ်မြေ၏ ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်းတဖြစ်လဲ ဝိဉာဉ်အနှစ်သာရကျောင်းတော်တွင် လေ့ကျင့်ရေးပတ်၀န်းကျင်အသီးသီးရှိသည်။ သို့သော် တခြားလေ့ကျင့်ရေးနယ်မြေများနှင့်ယှဉ်ပါက ဒီနေရာက လူဦးရေတစ်ရာခန့်သာရှိပြီး လူနည်းသည်။
၎င်းကို ကြယ်ကျောက်တောင်ဟုခေါ်သည်။
မုဖူရှန်း မိုးကြိုးသဘာ၀ဂုဏ်သတ္တိကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများအတွက် နယ်မြေတစ်ခုဖြစ်သော မိုးကြိုးကြမ်းပယ်လယ်သို့ ရောက်လာသည်။
ယဲ့ချိုးပိုင်ကမူ အလွန်ကျွမ်းကျင်သည့် ဓားသိုင်းပညာရုပ်သေးများနှင့် ယှဉ်ပြိုင်၍ ရသော ရုပ်သေးဓားခန်းမသို့ သွားလိုက်သည်။
ဖန်ချန်း အစီအရင်ဆရာများအတွက် သူတို့စွမ်းရည်ကို တိုးတက်အောင်လုပ်ရန်အတွက် သင့်တော်သည့် နေရာတစ်ခုဖြစ်သည့် အစီအရင်ခန်းမသို့ သွားခဲ့သည်။
သူတို့သွားခဲ့ကြသည့် လေ့ကျင့်ရေးနယ်မြေများကလည်း တဒင်္ဂအကြာတွင် ပျံ့သွားလေတော့သည်။
လူအများစုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကြ၏။
ထိုလေ့ကျင့်ရေးပတ်၀န်းကျင်များသို့ ပထမဆုံးအကြိမ်၀င်ရောက်သူတိုင်းနီးပါးက ပြင်ပဒေသများနှင့် အရင်လိုက်ဖက်အောင် ပြင်ဆင်ကြရသည်။ အဘယ်ကြောင့်ဆိုသော် ပြင်ပဒေသများက ထောက်ပံ့မှတ်မလိုအပ်သောကြောင့်ပင်။ ဒါ့အပြင် လိုက်ဖက်ပြင်ဆင်ခြင်းမရှိဘဲ အထဲသို့ ရောက်သွားပါက မြင့်မားသည့်ဖိအားကို ခံနိုင်ရည်မရှိတော့ဘဲ အလျင်အမြန် လဲပြိုကျသွားမည်ဖြစ်ကာ ပြင်းထန်သည့် ဒဏ်ရာများပင်လျှင် ရသွားနိုင်သည်။
အတွင်း၀င်းထဲက တခြားတပည့်များ၏ စကားဝိုင်းကို နားထောင်ရင်း လျန်ချင်းခပ်ရေးရေးပြုံးနေမိသည်။
"အပြင်ပိုင်းကိုရှောင်ပြီး တိုက်ရိုက်၀င်လာတာတဲ့လား၊ ဟမ့်၊ ကြည့်ရတာ သူတို့ နည်းနည်းခက်ခဲတော့မယ့်ပုံပဲ"
'ရွှမ်း'ဟူသော ဂုဏ်ပုဒ်နှင့် အတွင်း၀င်းထဲက တပည့်တစ်ယောက်မေးသည်။
"စီနီယာအစ်ကိုလျန်၊ ကျွန်တော်တို့ သူတို့ကို စောင့်ကြည့်ထားဖို့လိုလား"
"စောင့်ကြည့်ထားရမယ်၊ ဘာအတွက်လဲ၊ ကျောက်ပြားအတွက်လား" လျန်ချင်း အပြုံးနှင့်အတူ ခေါင်းခါယမ်းသည်။
"သူတို့က ကျောက်ပြားပေါ်က အမှတ်ပေးဇယားမှာတောင်မရှိသေးဘူး၊ ငါတောင်မှ သန့်စင်မိုးမျှော်စင်စာရင်းမှာ အဆင့်၁၉ပဲရှိတယ်၊ သူတို့စွမ်းဆောင်ရည်တွေနဲ့ဆိုရင်တော့...ဟား... သူတို့ဒဏ်ရာအပြင်းအထန် ရမယ့်သတင်းကိုပဲ စောင့်ကြည့်ကြ"
၀န်းရံနေသည့် အတွင်း၀င်းတပည့်များအားလုံး ရယ်မောလိုက်ကြ၏။
ထူထဲသည့် အင်မော်တယ်အော်ရာမြူခိုးထဲတွင် ပထမအကြီးအကဲ မျက်လုံးအနည်းငယ်ဖွင့်ကာ ခပ်ပေါ့ပေါ့ရယ်မောသည်။
"ဟမ်၊ သူတို့လေ့ကျင့်ရေးနယ်မြေတွေကို ဒီလောက်မြန်မြန်သွားကြပြီလား၊ သူတို့ကြည့်ရတာ နည်းနည်းအလျင်စလိုဖြစ်နေပုံပဲ၊ ဒါပေမယ့်တိုက်ပွဲကို ရှောင်ရှားပြီး လေ့ကျင့်ရေးကို အာရုံစိုက်တာကလည်း တည်ငြိမ်တဲ့ စိတ်နေစိတ်ထားတစ်ခုကို ပြသနေတာပဲ၊ ပထမဆုံးကြိုးပမ်းမှာ သူတို့ဘယ်အဆင့်ကို ရောက်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့"
သူတစ်ခဏမျှတွေးနေမိသည်။
သူ့ကိုယ်ပိုင်တပည့်ဖြစ်သည့် ထန်ကျုံ့ကျောက်ပင်လျှင် ဝိဉာဉ်အနှစ်သာရကျောင်းတော်အတွင်းက ထိပ်တန်းပါရမီရှင်ငါးဦးထဲတွင် ပါ၀င်ခဲ့သော်လည်း ပထမဆုံး၀င်ရောက်ပြီး နှစ်ရက်အတွင်းသာလျှင် လုပ်နိုင်ခဲ့ခြင်းပင်။
တကယ်လို့ သူတို့တစ်ရက်လေးတောင် မခံနိုင်ဘူးဆိုရင်တော့......!
ပထမအကြီးအကဲမျက်လုံးမှိတ်ရင်း တီးတိုးရေရွတ်လိုက်သည်။
"ဒီလိုဆိုရင်တော့ ကျုံ့ကျောက် သူတို့ကို မှားယွင်းပြီး အကဲဖြတ်မိတယ်လို့ သက်သေပြလိုက်သလို ဖြစ်သွားမှာပဲ"
......
အပြင်ဘက်ကိုဖြတ်လျှောက်ရင်း ကြည့်ရှုသူများ၏ သံသယအပြည့်အကြည့်အောက်တွင် ရှောင်ဟိုင် သန့်စင်မိုးမျှော်စင်၏ ဝင်ပေါက်အတွင်းသို့ ရောက်လာသည်။
ထိုနေရာ၌ မုတ်ဆိတ်ရှည်နှင့် အဖိုးအိုတစ်ဦး ၀င်ပေါက်အနီးတွင် လဲနေသည်။
ဒါကိုမြင်သော် လုချန်ရှန်း၏ သင်ကြားမှုများကို ရှောင်ဟိုင်ရုတ်တရက်သတိရသွားသည်။
"နားထောင်ကြ၊ မင်းတို့ အဖွဲ့အစည်းတစ်ခုခုက တံခါးစောင့်တွေနဲ့တွေ့ရင် သူတို့ကို မစော်ကားမိစေနဲ့၊ ယဉ်ကျေးဖို့သတိရပါ၊ ဦးညွတ်တာ ဒါမှမဟုတ် နှုတ်ဆက်တာကလည်း လိုအပ်တယ်"
"သူတို့ကညစ်ပတ်ပေရေနေပုံပေါ်ပြီး ကျင့်ကြံသူတစ်ယောက်ရဲ့ အရိပ်လက္ခဏာမျိုးမရှိတဲ့ပုံပေါ်ရုံလေးနဲ့ သူတို့ကို လျစ်လျုမရှုလိုက်နဲ့"
ထိုအချိန်တွင် အကြီးဆုံးတပည့်မေးသည်။
"ယဉ်ကျေးမှုက အခြေခံကျပေမယ့် ဘာလို့ ဆရာက ဒီအချက်ကို အလေးပေးရတာလဲ၊ ဒီလိုလူမျိုးတွေက များသောအားဖြင့် စူပါကျွမ်းကျင်တဲ့ကျွမ်းကျင်သူတွေ ဖြစ်နိုင်တာကြောင့်များလား"
လုချန်ရှန်းလေးနက်စွာပြောသည်။
"သူတို့အားလုံးလို့တော့ မပြောနိုင်ပေမယ့် ၉၉.၉၉၉%လို့ကတော့ အဲလိုပဲ၊ အိုး၊ ဟုတ်သားပဲ၊ နောက်တစ်ခုက ဦးညွတ်ရုံလေးက အဆင်ပြေတယ်ဆိုပေမယ့် အရမ်းမလွန်ကဲသွားစေနဲ့"
လူတိုင်းစိတ်ရှုပ်ထွေးနေကြသည်။
"ဘာလို့လဲ"
လုချန်ရှန်းလက်ဝှေ့ယမ်းသည်။
"မေးမနေနဲ့၊ ဒါက ၀တ္ထုတွေဖတ်ခြင်းကနေ သင်ယူထားတဲ့ အတွေ့အကြုံတွေပဲ၊ အင်း၊ ဘာပဲဆိုဆို မင်းတို့ဆရာပြောခဲ့တာကိုပဲ သတိရကြ"
ဒီအတွေးစိတ်ထဲ ၀င်လာသောအခါ ရှောင်ဟိုင် ဖရိုဖရဲဖြစ်နေသည့်အကြီးအကဲကို လေးစားစွာဦးညွတ်လိုက်၏။
အကြီးအကဲ ခေါင်းအနည်းငယ်မြှောက်လိုက်ပြီး ညစ်ပေနေသည့် ဆံပင်ဖြူများကို လက်နှစ်ဖက်နှင့်ခွဲကာ ဝေဝါးနေသည့် မျက်လုံးများကို ဖော်ထုတ်ရင်း စိတ်ရှုပ်ထွေးစွာမေးသည်။
"ငါက ညစ်ပတ်ပေကျံနေတဲ့ အဖိုးအိုတစ်ယောက်ဖြစ်ပြီး တံခါးစောင့်တစ်ယောက်ထက် မပိုပါဘူး၊ မင်းငါ့ကို ဘာလို့ ဒီလောက်ယဉ်ကျေးနေရတာလဲ"
ရှောင်ဟိုင်ပြုံးသည်။
"ကျုပ်ဆရာ ကျုပ်ကို လူတစ်ယောက်က နယ်မြေခြားကိုရောက်သွားရင် ယဉ်ကျေးတတ်ရမယ်လို့ သင်ကြားပေးခဲ့ပါတယ်"
ဒါကိုကြားသော် အကြီးအကဲ ခေါင်းညိတ်သည်။
"မင်းဆရာမှားပြီး မရွေးချယ်ခဲ့မိဘူးဘဲ"
"ကျောင်းသားသစ်တစ်ယောက်လား၊ ဟမ်၊ ဒါပေမယ့် အတော်လေးနောက်ကျနေတယ်၊ အထူးစုဆောင်းထားတဲ့သူတွေလား"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
အကြီးအကဲခေါင်းညိတ်လိုက်၏။
"ဒါဆို လိုက်ဖက်ပြင်ဆင်အောင် လုပ်နိုင်ဖို့အတွက် အပြင်ဘက်အစွန်ကနေသွားလိုက်ပါ၊ မဟုတ်ဘူးဆိုရင် အထဲက မီးစွမ်းအင်ကို မင်းခံနိုင်မှာမဟုတ်ဘူး"
သို့သော်ရှောင်ဟိုင်ခေါင်းခါယမ်းသည်။
"ဒီအတွက်မလိုတော့ပါဘူး"
အကြီးအကဲအနည်းငယ်မျက်မှောင်ကြုတ်သည်။
"လူငယ်လေး၊ မင်းမြေကြီးနဲ့ သဟဇာတဖြစ်နေဖို့လိုတယ်"
ရှောင်ဟိုင်ပြန်ဖြေသည်။
"ကျုပ် ဒီကိုလာတုန်း အဲကနေဖြတ်သွားဖို့ ကြိုးစားခဲ့ပြီးပါပြီ၊ ဘာမှမခံစားခဲ့ရပါဘူး"
ဘာ!
ဘာမှမခံစားရဘူးလား!
အကြီးအကဲ အပြင်ဘက်အစွန်က ကျောင်းသားများအား ကြည့်လိုက်၏။ သူတို့၏ မျက်နှာကနီရဲနေကြပြီး ကိုယ်ခန္ဓာက ချွေးနှင့်အတူ အဖြူရောင်အငွေ့များနှင့် ပြည့်နှက်ကာ ရေချိုးထားသည့်အလား ထင်ရသည်။ တစ်ချို့ကမူ ထိုနေရာ၌ လနှင့်ချီရှိနေခဲ့ပြီး တစ်ချို့က အသစ်ဖြစ်ကြသည်။
သန့်စင်မိုးမျှော်စင်က ပြိုကျသွားတာတော့ မဟုတ်လောက်ဘူးမလား!
ဒီအခိုက်အတန့်၌ အကြီးအကဲ ရှောင်ဟိုင်ကို အလေးအနက်ကြည့်ပြီးပြောသည်။
"မင်းက အတော်လေးထူးချွန်ပုံပဲ၊ မင်းကို အထူးသိမ်းသွင်းထားတာ အံ့ဩသင့်စရာမရှိပါဘူး"
"စီနီယာ ကျုပ်ကိုချီးကျူးလွန်းနေတာပဲ"
"ကောင်းပြီ၊ ကောင်းပြီ၊ ဒီအဖိုးကြီး မင်းကို လှည့်ပတ်ပြောမနေတော့ဘူး" အကြီးအကဲ စိတ်မရှည်စွာ ပြောပြီး လက်ဝှေ့ယမ်းကာ ရှောင်ဟိုင်အား မီးအဆင်းများပါသည့် အနက်ရောင်တုံကင်တစ်ခုကို ပေးရင်း ရှင်းပြသည်။
"ဒါကမင်းရောက်ခဲ့တဲ့အဆင့်နဲ့ ဘယ်လောက်ကြာကြာနေခဲ့ရသလဲဆိုတာကို အလိုအလျောက်မှတ်တမ်းတင်ပေးလိမ့်မယ်၊ မင်းခန္ဓာနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတယ်လို့ ခံစားမိတာနဲ့ တုံကင်ကို ချက်ချင်းအသက်သွင်းလိုက်၊ ဒါကို မင်းကို အပြင်မှာ တယ်လီပို့ပေးလိမ့်မယ်၊ ကိုယ့်ကိုကိုယ် အရမ်းကြီးတွန်းအားမပေးနဲ့၊ နားလည်လား"
ရှောင်ဟိုင်ခေါင်းညိတ်ကာ လက်သီးနှင့် လက်ဖဝါးဆုပ်ကာ အဖိုးအိုအား ကျေးဇူးတင်ပြီးနောက် သန့်စင်မိုးမျှော်စင်ထဲသို့ ခြေချလိုက်လေသည်။
ဒီတဒင်္ဂ၌ အဖိုးအို၏မျက်လုံးထဲက ဝေဝါးမှုက လုံး၀ပျောက်ကွယ်သွား၏။
"နတ်ဆိုးချီနဲ့ပြည့်နှက်နေတယ်၊ ထိပ်တန်းအဆင့်သွေးကြော၊ ကြည့်ရတာ ထန်ကျုံ့ကျောက်က ထူးခြားတဲ့လူတစ်ယောက်ကို ခေါ်လာခဲ့ပုံပဲ၊ ဒါက ကောင်းချီလား၊ ကျိန်စာလားဆိုတာကတော့ မသေချာဘူး"
ထိုသို့ဆိုပြီးနောက် အဖိုးအိုပြန်လှဲလိုက်သည်။ သူ့ဆံပင်ဖြူများက မျက်နှာကို ထပ်မံဖုံးသွားပြီး အထဲကအသံတစ်သံထွက်လာသည်။
"ကောင်းချီးနဲ့ ကံဆိုးမှုက အချင်းချင်းမှီခိုအားထားရတယ်၊ ငါတို့ကျောင်းတော်က ကံဆိုးမှုကို ခံနိုင်ရည်ရှိသည်ဖြစ်စေ၊ ဒါမှမဟုတ် ကောင်းချီမင်္ဂလာတွေကို ခံစားဖို့ အခွင့်အရေးရသည်ဖြစ်စေ အားလုံးက ဒီအပေါ်မူတည်တယ်...."
.......
သန့်စင်မိုးမျှော်စင်ထဲတွင် အရာတိုင်းကို မီးတောက်နီရောင်နှင့် ခြယ်သထားသည်။
၀န်းရံနေသည့်အင်မော်တယ်အော်ရာနှင့် လေထုပင်လျှင် ကြက်သွေးနီရောင်ပြောင်းနေသည်။
ရှောင်ဟိုင် အသက်တစ်ချက်ရှူလိုက်သည်နှင့် ချော်ရည်ကို ရှုသွင်းလိုက်သည့်အလား ခံစားလိုက်ရပြီး ၎င်းက သူ့မရီဒျန်များ၊ ကိုယ်အင်္ဂါငါးခုနှင့် ဒွာရခြောက်ခုကို ဖြတ်သန်းရင်း တစ်ဟုန်ထိုးတိုးတက်လာနေသည်။
ဒါကပထမအဆင့်ဖြစ်သည်။
ဒီနေရာကနေ အောက်ခြေအထိ သန့်စင်မိုးမျှော်စင်ကို အဆင့်၉၉ဆင့်နှင့် ဖွဲ့စည်းထားသည်။
ပထမနေရာက ၈၇ဆင့်ထိ ရောက်ခဲ့ပုံရပြီး ဘိုးဘေးနယ်ပယ်တစ်၀က်အဆင့် စွမ်းအားရှင်ဖြစ်ကာ ကိုယ်ပိုင်တပည့်တစ်ဦးလည်းဖြစ်သည်။
ထိုလျန်ချင်းကမူ ၁၉နေရာတွင်ရှိပြီး အဆင့်၅၃ထိ တက်လှမ်းနိုင်ခဲ့သည်။
ရှောင်ဟိုင်အတွက် ပထမအဆင့်က အနည်းငယ်လွယ်လွန်သည်။
သူ့ရုပ်ခန္ဓာနယ်ပယ်က သွေးကြောစွမ်းအားနှင့်ပါ ပေါင်းစပ်လိုက်ပါက အရင်လိုမဟုတ်တော့ပါ။
ဒါ့အပြင် အစ်မဟွမ်ချင်း၏ ဖီးနစ်မီးတောက်များက ဒီကထက်အများကြီး ပိုအားကောင်းသည်။
ထို့ကြောင့် ရှောင်ဟိုင်တွင် ဒီနေရာ၌ ကျင့်ကြံရန် ရည်ရွယ်ချက်မရှိဘဲ နောက်တစ်ဆင့်သို့ တိုက်ရိုက်ဦးတည်လိုက်၏။
အနီးအနားကလူများမှာ ဒီမြင်ကွင်းကိုကြည့်ရင်း မယုံနိုင်စွာ မျက်လုံးများကိုပင် ပွတ်သပ်လိုက်မိကြသည်။
အပိုင်း(1295) coming။