← Chapters

#ရိုက်ချက်က အရမ်းမြန်လွန်းတယ်#

Vol. 92 Ch. 1295

#ရိုက်ချက်က အရမ်းမြန်လွန်းတယ်#

Vol. 92 Ch. 1295

သန့်စင်မိုးမျှော်စင်ထဲတွင် လူတိုင်းက ကျင့်ကြံခြင်းထဲ၌ နစ်မြှုပ်နေကြ၏။ သူတို့မျက်နှာများက နီမြန်းနေကြပြီး အများစုကမူ အ၀တ်အစားများ မီးရှို့ခံထားရကာ လောင်ကျွမ်းနေသည့် အတိနီရဲသော ခန္ဓာများက ပေါ်လွင်နေသည်။

သို့စေကာမူ ရှောင်ဟိုင်တစ်ယောက်တည်းသာလျှင် လုံး၀သက်ရောက်ခြင်းမရှိသလို ချွေးတစ်စက်မှပင်မထွက်ဘဲ အောက်သို့ အေးအေးဆေးဆေးပင် ဆင်းသွားသည်။

သို့သော် သန့်စင်မိုးမျှော်စင်တွင်လည်း ကောင်းကျိုးများရှိသည်။

မီးလျှံမူလစွမ်းအားအမျှင်စက ရှောင်ဟိုင်၏ရုပ်ခန္ဓာအား ကိုယ်အစိတ်အပိုင်းတိုင်း၏ အသေးစိတ်များအထိပင် ပြုပြင်မွမ်းမံပေးနိုင်စွမ်းရှိပြီး ကြွက်သားအမျှင်များကိုပင် နက်ရှိုင်းစွာ လေ့ကျင့်ပေးသည်။

တစ်ချိန်တည်းမှာပင် ထာ၀ရနတ်ဆိုးခန္ဓာ၏ မီး‌တောက်အဆင်းများပါရှိသည့် ပထမအလွှာကိုလည်း အားဖြည့်ပေးနိုင်သည်။

သို့သော် ဒုတိယအလွှာ၌ ၄င်းက အရမ်းကြီးမထင်ရှားသေးလေရာ သူအောက်သို့ ဆက်ဆင်းသွားရုံသာ တတ်နိုင်သည်။

တစ်လွှာစီဆင်းလာသည်နှင့်အမျှ လေထုရှိ နီရဲနေသည့်မီးတောက်လှိုင်းများက ပိုပိုပြီး ထူထဲသိပ်သည်းလာသည်။

တစ်ချိန်တည်း၌ အောက်ခြေအဆင့်တိုင်းတွင် အနီးတစ်ဝိုက်ရှိ ကျင့်ကြံသူအရေအတွက်က သိသိသာသာပင် ကျဆင်းလာခဲ့သည်။

သူဆယ်ခုမြောက်အလွှာသို့ ရောက်သောအခါ ပထမအလွှာက ရာချီသောလူများနှင့် ယှဉ်ပါက လူရှစ်ဆယ်လောက်သာ ကျန်တော့သည်။

၉၉ခုမြောက်အလွှာအထိ ရှေ့ဆက်ရန်အတွက် ဘယ်အတိုင်းအတာအထိ လိုအပ်သလဲဆိုတာ စိတ်ကူးယဉ်ကြည့်၍ပင်ရသည်။

သို့စေကာမူ ဒါက ရှောင်ဟိုင်အပေါ် သိသာသည့်သက်ရောက်မှုဟူ၍မရှိသေးပါ။

၂၀ခုမြောက်အလွှာကို ရောက်လာသောအခါ လူလေးဆယ်ခန့်သာလျှင် ရှိတော့သည်။

ကျန်သောသူများက အားလပ်နေသည့်အချိန်၌ ရှောင်ဟိုင် တည်ငြိမ်နေသော အမူအရာနှင့် ရှေ့ဆက်နေတာကို မြင်သောအခါ တောင့်တင်းသွားကြလေတော့သည်။

"ဒီလူက ကျောင်းတော်ကလား၊ ၂၀ခုမြောက်အလွှာမှာတောင် သူဘာတုံ့ပြန်မှုမှ မပြသဘူး၊ သူက 'ရွှမ်' အဆင့် ဒါမှမဟုတ် 'ဒီ'အဆင့်ရှိတဲ့ အတွင်း၀င်းတပည့်တစ်ယောက်ဖြစ်ရမယ်"

"မဟုတ်လောက်ဘူး၊ 'ရွှမ်' အဆင့် ဒါမှမဟုတ် 'ဒီ'အဆင့်ရှိတဲ့ ခြံ၀င်းက တစ်ယောက်ယောက်ဆိုရင် အနည်းဆုံးတော့ သူတို့ကို တစ်ခါလောက်တော့ တွေ့ရမှာပဲလေ၊ သူတို့အပေါ် ထင်မြင်ချက်တစ်ခုခု မရှိဘူးဆိုတာမဖြစ်နိုင်ဘူး"

" 'တျန်' အဆင့်ရှိတဲ့ အစ်ကိုကြီးတစ်ယောက်ယောက်များလား၊ ဒါပေမယ့် 'တျန်' အဆင့်က လူတိုင်းက မျက်နှာသိပ်မပြကြဘူးလေ"

လူအုပ်စုကြီးက ရှောင်ဟိုင်ကိုကြည့်ရင်း စိတ်ရှုပ်ထွေးကာ အံ့ဩသင့်နေကြ၏။ သူနောက်တစ်လွှာကို၀င်ပြီး သူတို့အမြင်ကနေ ပျောက်ကွယ်သွားသောအခါမှသာ သူတို့ ဆွေးနွေးနေတာကို ရပ်လိုက်ကြပြီး ကိုယ်ပိုင်ကျင့်ကြံခြင်းသို့ ပြန်သွားလိုက်ကြသည်။

အပြင်ဘက်ကျောက်ပြားတွင် ထိပ်တန်းအဆင့်၃၀ကိုသာ မှတ်တမ်းတင်ထားသည်။

လက်ရှိ ၃၀နေရာကို 'တျန်' နံပါတ်၂၀နေရာတွင်ရှိသည့် အတွင်း၀င်းကျောင်းသားတစ်ယောက် နေရာယူထားပြီး သူ့ကျင့်ကြံခြင်းက နတ်သခင်နယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်နေခဲ့သည်။

သူ့မှတ်တမ်းက ၄၁လွှာဖြစ်သည်။

အပြင်၌ အတွင်း၀င်းတပည့်များအပြင် အပြင်၀င်းတပည့်တစ်ချို့ပါ သန့်စင်မိုးမျှော်စင်အနီးတွင် စုရုံးနေကြ၏။ သို့စေကာမူ အုပ်စုလေးတစ်စုကလည်း အဆင့်သတ်မှတ်ချက်ကျောက်ပြားရှေ့တွင်လည်း စုစည်းနေသည်။

ထိုအထူးလက်ခံထားသည့် တပည့်များက ပထမဆုံးအ၀င်မှာပင် ထိပ်ဆုံးသုံးဆယ်ကို မရောက်နိုင်တာကို သူတို့သိသည့်တိုင် သိချင်စိတ်ပြင်းပြစွာ ကြည့်နေဆဲပင်။

"အဲဒီလူတွေက အဆင့်သတ်မှတ်ကျောက်ပြားကို ဘာအတွက် ဆက်ကြည့်နေကြသေးတာလဲ၊ တစ်ယောက်ယောက်မှာ တကယ်ပဲစွမ်းအားရှိရင်တောင် ပထမဆုံးကြိုးပမ်းမှုမှာ ထိပ်ဆုံး၃၀ထဲ၀င်ဖို့‌ဆိုတာ မဖြစ်နိုင်ဘူးလေ၊ ဟုတ်တယ်မလား၊ မင်းတို့သိကြလား၊ အဆင့်၃၀က ကျောင်းသားက ၄၁လွှာထိရောက်ခဲ့တယ်လေ"

"ဒါပေမယ့် အဲဒီခန္ဓာကျင့်ကြံသူက သန့်စင်မိုးမျှော်စက်ကို ပထမဆုံးတိုက်ရိုက်၀င်တဲ့ အကြိမ်မှာပင် တစ်နာရီလောက် ခံနိုင်ရည်ရှိတယ်ဆိုတော့ သူ့မှာ တကယ်ပဲအစွမ်းနည်းနည်းရှိပုံပဲ"

"သူအခုအကန့်အသတ်ကို ရောက်နေလောက်ပြီလို့ ငါထင်တယ်၊ မကြာခင်သူထွက်လာလိမ့်မယ်"

ထိုလူများက လူအုပ်စုထဲတွင် အုပ်စုလိုက်ရပ်ကာ စကားစမြည်ပြောနေကြ၏။

ဒါ့အပြင် လူတိုင်းကြားနိုင်ရန်အတွက် တမင်တကာလုပ်နေသည့်အလား အသံကျယ်ကြီးနှင့်ပင် အော်ပြောနေကြသေးသည်။

ထိုစဉ်မှာပင် သူတို့စကားဝိုင်းထဲတွင် တစ်စုံတစ်ယောက်က အေးစက်စွာ နှာမှုတ်လိုက်လေသည်။

"ဒီလူတွေကို ပထမအကြီးအကဲက အထူးစုဆောင်းထားတာလေ၊ တကယ်လို့ ပထမအကြီးအကဲက ဘက်လိုက်တယ်လို့ ငါတို့ပြောနေမယ်ဆိုရင် ဒုကျောင်းအုပ်ရာထူးက သူ့အတွက် ရှိနေမှာတောင်မဟုတ်ဘူး"

"ရှူး....၊ ငါတို့ဒီအကြောင်းကို လူကြားထဲ ကျယ်ကျယ်မပြောဘဲ သီးသန့်ဆွေးနွေးသင့်တာဟ၊ အကြီးအကဲတွေ ကြားသွားမှာကို မင်းမကြောက်ဘူးလား"

အရိပ်ထဲတွင် အမျိုးသားနှင့်အမျိုးသမီးတစ်ဦးက သစ်သားစားပွဲလေးတစ်ခုကို မျက်မှာမူရင်း ကြမ်းပြင်၌ ထိုင်နေကြ၏။ ခွက်အဖုံးထဲက ကွက်လပ်လေးကနေ ထွက်လာသည့် လက်ဖက်ရည်ရနံ့က မွှေးကြိုင်နေသည်။

အမျိုးသမီးက ဒေါသတကြီးအော်ဟစ်သည်။

"သူ့နှလုံးသားက အပြစ်ပေးဖို့ထိုက်တန်တယ်၊ အခုလိုဒုကျောင်းအုပ်ရာထူးက လွတ်နေတဲ့အတွက် ပြိုင်ပွဲရဲ့ အရေးကြီးတဲ့ အချိန်မှာ ဒီလိုစကားလုံးတွေကို ဖြန့်ဝေတာက ပထမအကြီးအကဲအတွက် မကောင်းဘူး"

"ဒုတိယအကြီးအကဲကပဲ ဒီလိုအရာမျိုးကို တကယ်လုပ်လိမ့်မယ်၊ သူ့မှာ အရှက်ရောရှိသေးလား ဒါမှမဟုတ် အားကောင်းတဲ့လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကရော ကျန်သေးရဲ့လား"

အမျိုးသမီးက ဒုတိယအကြီးအကဲကို စက်ဆုပ်အထင်အမြင်သေးစရာကောင်းသည်ဟု ပြောလုနီးပါးပင်။

အမျိုးသားကမူ ရယ်မောရင်း လက်ဖက်ရည်ကို အေးအေးဆေးဆေးပင် တစ်ငုံသောက်လိုက်၏။

"ဒုတိယအကြီးအကဲက ဒီလိုရှက်စရာကောင်းတဲ့ လုပ်ရပ်တွေကို ကိုယ်တိုင်မလုပ်လောက်ဘူး၊ ဒါက သူ့အောက်က တပည့်တွေရဲ့ လုပ်ရပ်ဖြစ်ရမယ်"

ယခုလျှို့ဝှက်အနှစ်သာရကျောင်းတော်တွင် ဒုကျောင်းအုပ်ရာထူးအတွက် နေရာလွတ်တစ်ခုရှိပြီး ပထမအကြီးအကဲနှင့် ဒုတိယအကြီးအကဲတို့က ပြိုင်ဘက်များဖြစ်ကြသည်။

သူတို့ခွန်အားနှင့် ကျော်ကြားမှုကြား ကွာဟချက်က အရမ်းကြီးမသိသာပေ။

ထို့ကြောင့် တစ်ယောက်ယောက်၏ ဂုဏ်သတင်းကို ထိခိုက်စေသည့် ယခုလိုသေးနုပ်လှသည့်အစီအစဉ်များက ကုလားအုတ်၏ကျောကို ထိုးဖောက်ပစ်သည့် နောက်ဆုံးကောက်ရိုးမျှင်လေး ဖြစ်လောက်သည်။

အမျိုးသမီးမျက်မှောင်ကြုတ်သည်။

"ဟဲရှန်း၀မ်များလား၊ မဟုတ်ဘူး၊ ဒီလိုမဖြစ်နိုင်ဘူး၊ သူကအခု သန့်စင်မိုးမျှော်စင်ရဲ့ ၈၈ထပ်ကို စိန်ခေါ်နေတာမလား"

ဒီနေရာတွင် အမျိုးသမီးက ရုတ်တရက်ရပ်လိုက်သည်။

"ဟဲရှန်း၀မ် သူ့လက်အောက်ငယ်သားတွေကို ဒီလိုလုပ်ဖို့ အမိန့်ပေးခဲ့တာများလား၊ အစ်ကိုထန်ဘယ်လိုထင်လဲ"

ထန်ကျုံ့ကျောက်ရယ်မောရင်း အမျိုးသမီးအား ပုတ်ကာပြောသည်။

"မင်းတစ်ခါတစ်လေဒီထက်ပိုတွေးသင့်တယ်၊ တခြားသူတွေနဲ့အချိန်တိုင်း အမြဲယှဉ်ပြိုင်ဖို့ကိုပဲ စိတ်နစ်မြှုပ်မထားနဲ့"

"ဘယ်သူက ဟဲရှန်း၀မ်ရဲ့ နောက်လိုက်တွေထဲက တစ်ယောက်လဲ၊ ခြံ၀င်းနံပါတ်ငါးက လျန်ချင်းပဲလေ၊ ပြီးတော့ လျန်ချင်းကလည်း ဒီနေ့ ခြံ၀င်းနံပါတ်သုံးမှာ ညီလေးရှောင်ဟိုင်နဲ့ ကျန်တဲ့သူတွေကို ကြားဖြတ်ခဲ့တယ်၊ ဒီသဲလွန်စတွေက သိသာလွန်းတော့ စောင့်ကြည့်နေသူတစ်ယောက်က အဆက်အစပ်မိဖို့အတွက် ဂရုတစိုက် စဉ်းစားဖို့ပဲလိုတယ်၊ ဒါပေမယ့်......" ထန်ကျုံ့ကျောက်၏ မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွားပြီး အန္တရာယ်ရှိသည့် အရောင်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။

"ဒုတိယအကြီးအကဲကလည်း ဒီအခြေအနေကို သိထားရမယ်၊ သူဒီလိုဖြစ်ခွင့်ပေးလိုက်ပြီဆိုမှတော့ ဒုတိယအကြီးအကဲက သူတို့ရဲ့လုပ်ရပ်တွေကို သဘောတူတယ်လို့ ဆိုလိုတာပဲ...."

အမျိုးသမီးက အနည်းငယ်ထိတ်လန့်သွားပြီးမေးသည်။

"ဒါဆိုငါတို့ဘာလုပ်ကြမလဲ၊ ၀င်စွက်ဖက်သင့်လား"

သို့သော် ထန်ကျုံ့ကျောက် ခေါင်းခါယမ်းရင်း သန့်စင်မိုးမျှော်စင်ရှိရာဘက်သို့ ကြည့်ကာပြုံးသည်။

"မလိုပါဘူး၊ ဒီလိုသေးငယ်တဲ့လှည့်ကွက်တွေက အဆုံးမှာ ရပ်တည်နိုင်မှာမှမဟုတ်တာ၊ ဒါ့အပြင် ဒီလိုလှည့်ကွက်တွေက အောင်မြင်တယ်ဆိုရင် သူတို့ရဲ့ တကယ့်ပါရမီနဲ့ စွမ်းအားက အရမ်းအားနည်းတယ်လို့ ယူဆလို့ရတယ်၊ ဆိုလိုတာက ငါသူတို့ကို မှားယွင်းအကဲဖြတ်မိသွားတာပေါ့"

သို့စေကာမူ အမျိုးသမီးက သူမ၏သံသယများကို ထုတ်ဖော်ပြသသည်။

"သူတို့အပြင်ပန်းနဲ့ လိုက်လျောညီထွေမလုပ်ခဲ့တာတောင် တစ်နာရီကြာခဲ့တယ်ဆိုတော့ ဒါက ထူးခြားတဲ့ပါရမီတစ်ခုကို ဖော်ပြနေပြီ၊ ဒီလိုဝေဖန်မှုတွေအောက်မှာ သူတို့ရဲ့အပြစ်တွေကို အလွန်အကျွံချဲ့ကားလို့ရတယ်၊ တစ်နာရီလေးခံနိုင်ရုံရှိတာက မလုံလောက်ဘူး၊ အဲဒီတုန်းက ရှင့်မှတ်တမ်းကို ရောက်ရှိဖို့ လိုကောင်းလိုလောက်တယ်"

ထန်ကျုံ့ကျောက်ကလည်း အပြင်ဘက်နှင့် လိုက်လျောညီထွေအောင် မလုပ်ဆောင်ဘဲ သန့်စင်မိုးမျှော်စင်ထဲတွင် နှစ်ရက်တာနေခဲ့ပြီး ၃၁လွှာကို ရောက်ခဲ့သည်။

ဒီစံချိန်ကို မချိုးဖျက်သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

ဒါက မကြုံစဖူးဟု ဆို၍ရသလို ယှဉ်၍ မရနိုင်သည့်အရာတစ်ခုလည်းဖြစ်သည်။

ထန်ကျုံ့ကျောက် သန့်စင်မိုးမျှော်စင်အား ဆက်လက်စိန်ခေါ်ခြင်းမရှိသည်မှာ ၀မ်းနည်းစရာကောင်းသည်။ မဟုတ်ပါက ပထမနေရာဂုဏ်ပုဒ်က ဟဲရှန်း၀မ်ထံ ကျရောက်သွားမည်မဟုတ်။

"သူတို့အဆင်ပြေမှာပါ" ထန်ကျုံ့ကျောက် ယုံကြည်မှုအပြည့်နှင့်ပြောသည်။ သူ့အပြုံးက ကိုယ့်ကိုကိုယ်ယုံကြည်မှုနှင့်အတူ တောက်ပနေသည်။

"သူတို့က ငါနဲ့ သိပ်မကွာလောက်ဘူး"

အမျိုးသမီးမှာ တောက်ပစွာသာ ပြုံးလိုက်မိတော့သည်။

"ရှင့်သူ့ကို အရမ်းအမြင့်ကြီးတွေးနေတော့ ငါတောင် သူနဲ့ယှဉ်ပြိုင်ချင်စိတ်ဖြစ်မိတယ်"

ဒါကိုကြားသော် ထန်ကျုံ့ကျောက်ရယ်မောသည်။

"မင်းတို့နှစ်ယောက်လုံးမှာ လိုက်ဖက်တဲ့စရိုက်တွေရှိတယ်၊ ညီလေးရှောင်ဟိုင်ကလည်း တိုက်ပွဲရူးတစ်ယောက်ပဲ"

ထိုအချိန်လေးမှာပင် ထန်ကျုံ့ကျောက် သတင်းစကားတစ်ခုရလိုက်ပုံရသည်။

အမျိုးသမီးကလည်း အလားတူအချိန်မှာပင် တစ်စောင်ရလိုက်သဖြင့် ထန်ကျုံ့ကျောက်အား သိချင်စိတ်ဖြင့် စိုက်ကြည့်လိုက်၏။

ထန်ကျုံ့ကျောက်၏အမူအရာက ပျော်ရွှင်နှင့် ရှက်စိတ်တို့ဖြင့် ရောစပ်နေသည်။

"ဒါက....ကွာခြားချက်က ကြီးမားလွန်းတယ်....." ရှောင်ဟိုင်က သူ့စွမ်းဆောင်ရည်နှင့် နီးစပ်နိုင်သည်ဟု သူယခုလေးတင် ကြွားဝါခဲ့သော်လည်း ပြောပြီးပြီးချင်းမှာပင် ချက်ချင်းဆန့်ကျင်သွားသည်။

အပိုင်း(1296) coming။

All Chapters