← Chapters

#ဇယားထိပ်သို့ တက်လှမ်းခြင်း၊ တုံ့ပြန်သည်#

Vol. 92 Ch. 1296

#ဇယားထိပ်သို့ တက်လှမ်းခြင်း၊ တုံ့ပြန်သည်#

Vol. 92 Ch. 1296

အမျိုးသမီးမှာ ထန်ကျုံ့ကျောက်အား အပြုံးဖြင့် ကြည့်နေသည်။ ထန်ကျုံ့ကျောက်၏ မျက်နှာက ၀က်အသည်းရောင်အဖြစ် ပြောင်းသွားတာကို ကြည့်ရင်း သူမရယ်ချင်စိတ်ကို ဖိနှိပ်ကာပြောသည်။

"စီနီယာအစ်ကို၊ ကြည့်ရတာ သူက ရှင့်နီးပါးတူတာတော့မဟုတ်လောက်ဘူး၊ ဒါပေမယ့် ရှင့်က သူ့နောက်မှာ အတော်လေးဝေးဝေး လဲကျကျန်နေခဲ့မယ့်သူပဲ"

သူမထိုသို့ပြောလိုက်သည့်တိုင် နှလုံးသားထဲကမူ အလွန်အမင်းထိတ်လန့်နေသည်။

ဒါက သန့်စင်မိုးမျှော်စင်ထဲသို့ ပထမဆုံးအကြိမ်၀င်ရောက်ခြင်းဖြစ်သလို အပြင်ဘက်အလွှာကိုပင် မ၀င်ခဲ့ပေ။ သို့တိုင် ရှောင်ဟိုင်က ယခုလိုအချိန်တိုအတွင်း ထိုအဆင့်ကိုပင် ရောက်နေလေပြီ။ ဒါက ကောင်းကင်ဘုံကို အရမ်းစိန်ခေါ်လွန်းရာ ကျမနေဘူးလား!

ဒါ့အပြင် ရှောင်ဟိုင်တစ်ယောက်တည်းသာ သန့်စင်မိုးမျှော်စင်ကို ၀င်သွားခြင်းမဟုတ်။

ရှီရှန်းက ကြယ်ကျောက်တောင်သို့ ဦးတည်ခဲ့သည်။

ယဲ့ချိုးပိုင်က ရုပ်သေးဓားခန်းမတွင်ရှိပြီး ဖန်ချန်းက အစီအရင်ခန်းမတွင်ရှိသည်။

ဒီလူအားလုံးက သူတို့၏ကျင့်ကြံခြင်းလျှို့ဝှက်နယ်မြေအသီးသီး၌ ကျောက်ပြားပေါ်က အဆင့်များကို တိုက်ရိုက်ကျော်လွှားနေကြ၏။

"ခဏလေး၊ မိုးကြိုးကြမ်းပင်လယ်မှာ မုဖူရှန်းလို့ခေါ်တဲ့ နောက်တစ်ယောက်ရှိသေးတယ်မလား၊ ဘာလို့အဆင့်သတ်မှတ်ချက်စာရင်းမှာ သူ့နာမည်မပေါ်လာရသေးတာလဲ၊ သူ့ပါရမီနဲ့ ခွန်အားက တခြားသူတွေလို မကောင်းတာများလား"

သူတို့မုဖူရှန်းအကြောင်းဆွေးနွေးနေစဉ် မိုးကြိုးကြမ်းပင်လယ်ထဲတွင် မုဖူရှန်း ဆင်ခြေဖုံး၌ တစ်ခဏမျှရပ်နေပြီး နက်နက်နဲနဲတွေးနေသည်။

ငါအာရုံစူးစိုက်မခံရအောင် မိုးကြိုးကြမ်းပင်လယ်မှာ ဘယ်လိုကျင့်ကြံရမလဲ!

မုဖူရှန်း ကျောက်ပြားပေါ်ရှိ ထိုပုံရိပ်ယောင်အဆင့်များအတွက် လုံး၀ယှဉ်ပြိုင်မည်မဟုတ်။ ဒါ့အပြင် ကျောက်ပြားပေါ်က နေရာတစ်နေရာတွက် သူမပြိုင်ခဲ့လျှင်ပင် အစ်ကိုကြီး၊ ရှောင်ဟိုင်၊ စီနီယာအစ်ကိုရှီနှင့် ဂျူနီယာညီလေးဖန်တို့၏ သဘာ၀ကို ထည့်တွက်ပါက အဆင့်သတ်မှတ်ချက်ကို သူတို့ဂရုမစိုက်သည့်တိုင် အကန့်အသတ်ကို ရောက်ရန်အတွက် အစွမ်းကုန်ကြိုးစားကြမည်သာ။ သူတို့ပါရမီနှင့်စွမ်းအားအရ မုဖူရှန်းတွေးနေစရာပင်မလို။ ဒီကျောက်ပြားအဆင့်လေးများ၌ ချက်ချင်းမြှင့်တက်သွားပေလိမ့်မည်။

သူတို့ဘယ်လောက်မြင့်မြင့်သွားနိုင်မလဲဆိုတာကသာ အရေးပါသည်။

သို့သော် ပိုနက်ရှိုင်းစွာမသွားခြင်းက သူ့၏ ကိုယ်ပိုင်ကျင့်ကြံခြင်းကိုလည်း သက်ရောက်မည်သာ။

အပြင်စွန်းကမိုးကြိုးစွမ်းအားက အနက်ပိုင်းနှင့် အမှန်တကယ်ယှဉ်၍မရပေ။

ထို့ကြောင့် တစ်ခဏမျှတွေးပြီးသောအခါ မုဖူရှန်း အရမ်းကြီးမကောင်းမွန်သည့် နည်းလမ်းတစ်ခုကို ရလာသည်။

၎င်းက အနက်ပိုင်းက မိုးကြိုးစွမ်းအားကို ဆွဲထုတ်ယူရန်အတွက် သူ့မိုးကြိုးထိန်းချုပ်မှုစွမ်းအားနှင့် ဝိဉာဉ်စွမ်းအားကို အသုံးပြုရန်ပင်။ ဒီနည်းနှင့်ဆိုပါက သူအတွင်းအနက်ပိုင်းသို့ ၀င်နေစရာမလိုတော့။

၎င်းနောက်မုဖူရှန်းအောင်မြင်ခဲ့သည်။ သူ့အောင်မြင်မှု၏ သော့ချက်က ကိုးသွယ်ရှေးဦးမူလမိုးကြိုးနည်းစနစ်ကြောင့်ပင်။ ရှေးဦးမိုးကြိုးစွမ်းအားအမျိုးအစားများစွာကို ကျင့်ကြံခြင်းက မုဖူရှန်းအား မိုးကြိုးစွမ်းအားနှင့်အတူ အဆုံးစွန်သောဆက်နွှယ်မှုတစ်ခုကို ပေးဆောင်သည်။ ရှေးဟောင်းမိုးကြိုးစွမ်းအား၏ အရိပ်အယောင်လေးကို ထုတ်ဖော်လိုက်ရုံနှင့် သူမိုးကြိုးကြမ်းပင်လယ်ထဲက သန့်စင်အားကောင်းသည့် မိုးကြိုးစွမ်းအားကို ဆွဲဆောင်နိုင်ခဲ့သည်။

ရလဒ်အဖြစ် မုဖူရှန်း အဆင့်သတ်မှတ်ချက်စာရင်းထဲတွင် တက်ရောက်ပါ၀င်ခြင်းကို ရှောင်ရှားရန်အတွက် နေရာတစ်ခုရှာရန်လာလိုအပ်သည်။ ၄င်းနောက် အနက်ပိုင်းက ကြွယ်၀သည့် မိုးကြိုးမူလစွမ်းအားကို အလွယ်တကူစုပ်ယူရန် မည်သူမှ မကျင့်ကြံသည့်နေရာတစ်ခုလည်း ဖြစ်ရမည်။

သန့်စင်မိုးမျှော်စင်၏ စကားဝိုင်းသို့ ပြန်လာသောအခါ ထန်ကျုံ့ကျောက်ခေါင်းခါယမ်းရင်း တစ်ခဏမျှစဉ်းစားပြီးပြောသည်။

"ငါလည်းမသိဘူး၊ ဒီလူတွေကို ငါထိုးဖောက်မမြင်နိုင်ဘူးလို့ ပြောချင်ပေမယ့် ဒီမုဖူရှန်းကျတော့ ငါနည်းနည်းပဟေဠိဖြစ်နေမိတယ်....."

ဘာကိုပဟေဠိဖြစ်တာလဲ!

အမျိုးသမီးက စိတ်ရှုပ်နေပုံရသည်။

"သူတစ်ခုခုကို ဖုံးကွယ်ထားသလို ငါအမြဲခံစားရတယ်၊ ဒါပေမယ့် သူပြတဲ့အခါလည်း အမြဲလိုလို စွမ်းအားအပြည့်ကို သုံးနေပုံပဲ" သူရှင်းပြသည်။

ဒါဘယ်လိုရှင်းလင်းချက်မျိုးလဲ!

ထန်ကျုံ့ကျောက်ခေါင်းခါယမ်းရင်း ထပ်ပြောသည်။

"ဘာမှမဖြစ်ပါဘူး၊ စကားမစပ် ငါလုပ်စရာတစ်ခုခုရှိသေးတာမို့ အရင်သွားတော့မယ်"

ထို့နောက် သူစိတ်ဓာတ်ကျသည့်အသွင် ထွက်သွားသည်။

သူ့မျက်နှာက ပါးရိုက်ချက်ကြောင့် နီမြန်းနေသည့်အလား ထင်ရသည်။

......

ဒီအခိုက်အတန့်၌ သန့်စင်မိုးမျှော်စင်အပြင်ဘက်က လူများက မျှော်စင်၀င်ပေါက်နှင်က ထွက်ပေါက်ကို စိုက်ကြည့်နေကြဆဲပင်။

"သူအတော်ကြာကြာတောင့်ခံနိုင်သေးတယ်ဆိုတော့ ကြည့်ရတာ ငါတို့ထင်ထားသလောက် မဆိုးပုံပဲ"

"ဟက်၊ သူပထမအဆင့်မှာပုန်းနေပြီး ဒုတိယအဆင့်ကို တက်ဖို့ ကြောက်နေတာဖြစ်လောက်တယ်၊ ဒါကြောင့်လည်း ဒီလောက်ကြာကြာခံနိုင်နေတာပေါ့"

"ဟူး၊ ဒီလူတွေက တကယ်ပဲ ပထမအကြီးအကဲအတွက် မျက်နှာအဖတ်ဆယ်ပေးဖို့ ကြိုးပမ်းနေကြတာပဲ၊ သူတို့အတွက် ခက်ခဲလွန်းတယ်"

အသံတစ်သံပြီးတစ်သံလူအုပ်ထဲကနေ ထွက်လာပြီး ဆွေးမွေးမှုလှိုင်းများပါ ပါ၀င်လာသည်။

သို့သော် ထိုလူများပြန်ပြောတော့မည့်အချိန်တွင် ‌ဘေးကတစ်ယောက်က သူတို့အား ဆွဲလိုက်၏။

"ဘာဖြစ်လို့လဲ"

ထိုလူက ကျောက်ပြားရှိရာဘက်သို့ လက်ညိုးထိုးပြသည်။ ကျောက်ပြားအနီးတစ်ဝိုက်မှ အံ့ဩသင့်နေသည့် ဟစ်ကြွေးသံများ ဆက်တိုက်ပေါက်ကွဲနေသည်။

"ဟမ်၊ အဲမှာဘာဖြစ်နေတာလဲ၊ စီနီယာအစ်ကိုဟဲရှန်း၀မ် ချိုးဖျက်သွားတာများလား"

သို့သော် ထိုလူကခေါင်းခါယမ်းပြီး သူ့အမူအရာက တင်းမာနေသည်။

"အဲဒီအထူးစုဆောင်းထားတဲ့ ကျောင်းသားပါ...."

အထူးစုဆောင်းထားတဲ့ကျောင်းသားလား!

အထူးစုဆောင်းထားတဲ့ကျောင်းသားက ဘာဖြစ်တာလဲ!

သို့စေကာမူ အဆင့်သတ်မှတ်ချက်ကျောက်ပြားအနီးရှိ ကြွေးကြော်သံများနှင့်အတူ ရောက်လာကြသူများကလည်း အံ့ဩသင့်နေကြသည်။

သူတို့အလျင်အမြန်ပင် အဆင့်သတ်မှတ်ချက်ကျောက်ပြားဆီသို့ သွားပြီး အမည်များကို ကြည့်လိုက်ကြ၏။

အရင်က ၃၀နေရာက နာမည်က အောက်သို့တွန်းချခံလိုက်ရပြီး ၂၉နေရာတွင်ရှိခဲ့သည့် နာမည်က အစားထိုးသွားတာကို သူတို့တွေ့လိုက်ရသည်။

အထက်သို့ကြည့်လိုက်သောအခါ ၂၉နေရာ၌ လုံး၀ကိုမရင်းနှီးသည့် အရာတစ်ခုကို တွေ့လိုက်ရသည်။

၂၉နေရာ၊ ရှောင်ဟိုင်၊ အဆင့်၄၂!

ဒါကိုမြင်သောအခါ ချက်ချင်းဆိုသလို ရှောင်ဟိုင်အားလှောင်ပြောင်ကာ ပထမအကြီးအကဲအား အရှက်ခွဲနေကြသူအားလုံးမှာ လုံး၀တိတ်ကျသွားကြ၏။

ကြားနေကျောင်းသားများ၏ အော်ဟစ်သံကိုသာ ကြားရသည်။

ဒါက......!

ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!

သူတို့က သန့်စင်မိုးမျှော်စင်ကို ပထမအကြိမ်၀င်ခဲ့ခြင်းဖြစ်သလို အပြင်ပိုင်းကိုပင် ကျော်ပစ်ခဲ့သည်။ ဒါ့အပြင် အချိန်က တစ်၀က်သာရှိသေးသည်။

ပြီးတော့ ၄၂ဆင့်ကိုရောက်သွားပြီး အမှတ်ပေးဇယားမှာ ၂၉နေရာကို တက်လှမ်းနိုင်ခဲ့တာလား!

ပထမအကြီးအကဲ၏ တပည့်ဖြစ်သည့် ထန်ကျုံ့ကျောက်အတွက်ပင် ပထမဆုံး၀င်လာစဉ်က ဤမျှထိ ကြောက်စရာမကောင်းခဲ့ပေ။

ဒီသတင်းက သန့်စင်မိုးမျှော်စင်တစ်ခုတည်းတင်မဟုတ်ပါ။

ကြယ်ကျောက်တောင်၊ ရုပ်သေးဓားခန်းမနှင့် အစီအရင်ခန်းမတို့ကလည်း ထိတ်လန့်စရာသတင်းများနှင့် ပြည့်လျှမ်းနေသည်။

ယဲ့ချိုးပိုင် လိုက်ဖက်ညီထွေအောင်လုပ်ရန် အပြင်ဘက်အလွှာကို မဖြတ်သန်းဘဲ ၁၁ခုမြောက်ဓားရုပ်သေးကို အနိုင်ယူပြီး အမှတ်ပေးဇယား၏ အဆင့်၃၀နေရာသို့ ၀င်သွားခဲ့သည်။

ရှီရှန်းကလည်း ကြယ်ကျောက်တောင်တွင် ကြယ်ကျောက်၅၂လုံးကို ကောက်ယူရင်း အမှတ်ပေးဇယား၏ ၂၄နေရာသို့ ၀င်ခဲ့သည်။

ဖန်ချန်းကမူ အစီအရင်ခန်းမ၌ မစီအရင်၂၃ခုကိုနားလည်ကာ ၂၇နေရာသို့ ၀င်သွားခဲ့သည်။

မုဖူရှန်းကလွဲ၍ အထူးစုဆောင်းထားသည့် ကျောင်းသားသစ်အားလုံး အမှတ်ပေးဇယားသို့ တက်လှမ်းနိုင်ခဲ့ကြသည်။

သူတို့ဘယ်လိုလုပ်ခဲ့ကြတာလဲ!

ဝိဉာဉ်အနှစ်သာရကျောင်းတော်ကို စတင်တည်ထောင်ကတည်းက ယနေ့အထိ ပထမနေ့တွင် မည်သူမှ ဒါကိုမအောင်မြင်ခဲ့ကြပေ။

ယခုတွင်မူ အမည်မသိအထူးစုဆောင်းထားသော ကျောင်းသားသစ်တစ်ချို့က စံချိန်ကို ချိုးဖျက်နေလေပြီ။ ဒါ့အပြင်တစ်ချိန်တည်း၌ များစွာကို ချိုးဖျက်နေကြခြင်းပင်။

ဒီအခိုက်အတန့်၌ ပထမဆုံးအကြီးအကဲတွင် မကောင်းသည့်အကဲဖြတ်မှုရှိပြီး အာဏာကိုအလွဲသုံးစားလုပ်သည်ဟု လှည့်စားပြောဆိုခြင်းကို ခံရသည့် ကြားနေကျောင်းသားများက မီးတောက်ကို ပင့်ပေးခဲ့သောသူများအား ဒေါသဖြင့်ကြည့်နေကြသည်။

ထန်ကျုံ့ကျောက်ပြောခဲ့သကဲ့သို့ပင် ယခုလိုအစီအစဉ်မျိုးက ရှောင်ဟိုင်နှင့် တခြားသူများတွင် လုံလောက်သည့် အင်အားမရှိဘူးဟု ယူဆချက်အောက်တွက်သာ အလုပ်ဖြစ်သည်။

သို့သော် ယခုတွင်မူ ရှောင်ဟိုင်နှင့် ကျန်သောသူများက သူတို့၏စစ်မှန်သောစွမ်းအားကို ပြသလိုက်ပြီဖြစ်လေရာ ဒီအစီအစဉ်များက အလိုလိုပျက်ပြားသွားသည်သာမက သူတို့ကိုလည်း တန်ပြန်သက်ရောက်သွားသေးသည်။

ပိုပါးနပ်သည့်လူများကမူ အခြေခံကျသည့် ကိစ္စရပ်တစ်ချို့ကိုပင် မှန်းဆမိကြလေပြီ။

ထို့နောက် ဒီသတင်းကို တစ်စုံတစ်ယောက်က တမင်တကာဖြန့်လိုက်သည့်အလား အတွင်း၀င်းတစ်ခုလုံးတွင်သာမက အကြီးအကဲများအထိပါ လျင်မြန်စွာ ပျံ့သွားလေတော့သည်။

ပထမအကြီးအကဲနေအိမ်တွင် ဒီသတင်းကို ကြားသောအခါ သူခေါင်းခါယမ်းမိသည်။

"တကယ်လို့ဒုတိယအကြီးအကဲသာ ပိုပြီးကြီးကျယ်စွာ တွေးတောနိုင်မယ်ဆိုရင် သူ့ကို ဒုကျောင်းအုပ်အဖြစ် ခန့်တာက ဘာအန္တရာယ်ရှိဦးမှာလဲ၊ ဒါပေမယ့် တစ်ယောက်ယောက်က ဒုကျောင်းအုပ်ဖြစ်လာပြီး ဒီလိုစိတ်ထားကျဉ်းမြောင်းတယ်ဆိုရင် ဘယ်လိုလုပ်ကျွမ်းကျင်မှုရှိနိုင်မှာလဲ"

ပထမအကြီးအကဲရှေ့တွင် ထန်ကျုံ့ကျောက်ကလည်း ပြုံးရင်းခေါင်းညိတ်သည်။

သူ့ဆရာက ဒီလိုအရာတွေအပေါ် မစိုးရိမ်တာကို သူသိပါသည်။ ဝိဉာဉ်အနှစ်သာရကျောင်းတော်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြောင့်သာ သူဒုတိယအကြီးအကဲနှင့် ဒုကျောင်းအုပ်ရာထူးကို စိန်ခေါ်ယှဉ်ပြိုင်ခဲ့ခြင်းပင်။

"ဒါပေမယ့် မင်းရဲ့အကဲဖြတ်ချက်ကတော့ အရင်ကထက် ပိုကောင်းလာတာပဲ ကျုံ့ကျောက်" ပထမအကြီးအကဲ စိတ်လှုပ်ရှားစွာပြောသည်။

"ကြည့်ရတာ မင်းမှန်ကန်တဲ့ လောင်းကြေးတစ်ခုထပ်ခဲ့ပုံပဲ၊ ဒီလူငယ်တွေက ခေးအောစ့်နယ်မြေမှာ သူတို့ကိုယ်ပိုင်ကမ္ဘာကို ဖန်တီးနိုင်လောက်တယ်"

ထန်ကျုံ့ကျောက်ရယ်မောသည်။

"ဒါပေမယ့် ခေးအောစ့်နယ်မြေလေးက သူတို့ကို မကန့်သတ်ထားနိုင်ဘူးလို့ ကျွန်တော်ထင်တယ်"

အပိုင်း(1297) coming။

All Chapters