#အချင်းချင်းတွက်ချက်ခြင်း၊ ခြံ၀င်း၌ စိန်ခေါ်သည်#
Vol. 92 Ch. 1297
ဒုတိယအကြီးအကဲက မြင့်မားသည့် တောင်ထိပ်တစ်ခုတွင် နေထိုင်သည်။ ထိုနေရာကို ထူထဲသည့်မြူခိုးများက ဖုံးနေပြီး ခြံ၀င်းအသေးလေးတစ်ခုရှိသည်။ ဒီမြူခိုးက နှစ်သန်းချီကြာ ဤစိတ်ဝိဉာဉ်တောင်ပေါ်၌ သိပ်သည်းနေခဲ့သည့် အင်မော်တယ်အော်ရာဖြစ်သည်။
အဆိုပါဝိဉာဉ်တောင်ထိပ်ရှိ ကြွယ်၀ပြီးသန့်စင်သည့် အင်မော်တယ်အော်ရာက ဒုတိယအကြီးအကဲတစ်ဦးတည်း အသုံးပြုရန်ဖြစ်သည်။
ခြံ၀င်းအတွင်း ကျောက်စိမ်းရှေးဟောင်းပစ္စည်းနှင့် ဝိဉာဉ်ရတနာအသီးသီးနှင့်အတူ ပေါကြွယ်၀မှုကို ပြသထားသည်။
ဒီအခိုက်အတန့်၌ ဒုတိယအကြီးအကဲရှေ့တွင် အနီရောင်သွေးပြန်ကြောများနှင့် ဖုံးနေသည့် လက်မောင်းများကို ဗလာကျင်းထားသော လူတစ်ယောက်က ကြမ်းပြင်ပေါ် ဒူးထောက်နေပြီး သူ့မျက်နှာက ကြောက်စိတ်နှင့် ပြည့်နှက်နေသည်။
"ဟဲရှန်း၀မ်၊ ငါမင်းကို ဒီလိုလုပ်ဖို့ မတားခဲ့ဘူးဆိုပေမယ့် မင်းပြိုင်ဘက်ရဲ့အင်အားကို သေချာလေးတောင် မစစ်ဆေးဘဲနဲ့ ဘာလို့ဒီလောက်သိသာတဲ့ လုပ်ရပ်တစ်ခုကို လုပ်ခဲ့ရတာလဲ" ဒုတိယအကြီးအကဲ မျက်မှောင်ကြုတ်ရင်း ကြမ်းပြင်၌ ဒူးထောက်နေသောသူကို ကြည့်ကာပြောလိုက်သည်။
ဟဲရှန်း၀မ်၏ အမူအရာက အလွန်အမင်းကြည့်ရဆိုးနေပြီး ရှင်းပြသည်။
"ကျွန်တော်သူတို့အင်အားကို စုံစမ်းကြည့်ခဲ့ပါတယ်၊ သူတို့နယ်ပယ်က တကယ်ကို အထင်ကြီးစရာကောင်းပြီး 'ကောင်းကင်ဘုံ' ကျောင်းသားတွေလို့ ခေါ်ထိုက်ပါတယ်၊ ဒါပေမယ့် သူတို့ လျှို့ဝှက်နယ်မြေရဲ့ မူလစွမ်းအားနဲ့ ဒီလောက်မြန်မြန် လိုက်ဖက်ကိုက်ညီအောင် လုပ်နိုင်လိမ့်လို့ ကျွန်တော်မျှော်လင့်မထားခဲ့မိဘူး"
ယုတ္တိတန်စွာဆိုပါက ဘိုးဘေးနယ်ပယ်ကဲ့ငို့ အလွန်မြင့်မားသည့်နယ်ပယ်မဟုတ်ပါက အသစ်ရောက်ခာသောသူများက ဤမူလစွမ်းအား၏ ထိန်းချုပ်မှုအောက်တွင် အလွန်အမင်းမသက်မသာဖြစ်ရပြီး အဝေးကြီးကို မသွားနိုင်ကြပေ။
ထန်ကျုံ့ကျောက်ကတော့ ခြွင်းချက်တစ်ခုဖြစ်သည်။
"သူတို့အရင်က မူလစွမ်းအားရဲ့ပြုပြင်မွမ်းမံခြင်းကို တွေ့ကြုံဖူးတာဖြစ်လောက်တယ်" ဟဲရှန်း၀မ် အလျင်စလိုထပ်ပြောသည်။
"ဆရာ၊ မစိုးရိမ်ပါနဲ့၊ ကျွန်တော်ဒါကို ဖြေရှင်းဖို့အတွက် နည်းလမ်းတစ်ခုရှာလိုက်ပါမယ်"
ဒုတိယအကြီးအကဲလက်ဝှေ့ယမ်းကာပြောသည်။
"မင်းဒါကိုဖြေရှင်းစရာမလိုဘူး၊ မြွေတစ်ရာချိုင့်ဝှမ်းကိုသွားပြီး လ၀က်သွားနေလိုက်"
မြွေတစ်ရာချိုင့်ဝှမ်း!
ဒုတိယအကြီးအကဲ၏ စကားလုံးများကို ကြားရသောအခါ ဟဲရှန်း၀မ်၏မျက်နှာက ဖြူရော်သွား၏။
ဘိုးဘေးနယ်ပယ်တစ်၀က်အဆင့်ရှိသည့် သူ့ခွန်အားနှင့်ဆိုလျှင်ပင် မြွေတစ်ရာချိုင့်ဝှမ်းထဲက ရှေးဟောင်းအဆိပ်ပြင်းမြွေများ၏ ကိုက်ဖြတ်ခြင်းကို ခံရမည်ဆိုပါက လတစ်၀က်က သူ့အသက်တစ်၀က်ကိုပင် ဆုံးရှုံးသွားစေနိုင်သည်။
ထိုနေရာကိာ တပည့်များကို အပြစ်ပေးရန်အတွက် အသုံးပြုလေ့ရှိသည်။
သို့စေကာမူ ဟဲရှန်း၀မ် သူ့ဆရာ၏အမိန့်ကို မဖီဆန်ရဲသဖြင့် သဘောတူသည့်အသွင် ခေါင်းညိတ်ရုံသာတတ်နိုင်သည်။
"ကျွန်တော်နားလည်ပါပြီ"
"ပြီးတော့ မင်းရဲ့အဲဒီငယ်သားကိုလည်း ခေါ်သွား၊ သူ့နာမည်ကဘာ....လျန်ချင်း...ဟုတ်တယ်နော်၊ သူ့ကိုလည်း အထဲမှာ ရက်တစ်၀က်လောက်နေခိုင်းလိုက်" ဒုတိယအကြီးအကဲပြောသည်။
ဒီအချိန်တွင် သူ့ဆရာက အပြင်ပကမ္ဘာါား ဒီကိစ္စတွင် သူကိုယ်တိုင်မပါ၀င်ဘူးဆိုတာကို ရှင်းလင်းစွာ ပြောချင်နေတယ်ဆိုတာကို ဟဲရှန်း၀မ်နားလည်သွားခဲ့သည်။
ဟဲရှန်း၀မ်ထွက်သွားပြီး များမကြာမီ ဟဲရှန်း၀မ်နှင့် လျန်ချင်းတို့ကို မြွေတစ်ရာချိုင့်ဝှမ်းကို သွားရန်အတွက် ဒုတိယအကြီးအကဲက အပြစ်ပေးလိုက်သည်ဟူသော သတင်းကို လူတိုင်းသိသွားကြ၏။
တစ်ချိန်တည်းမှာပင် ဒုတိယအကြီးအကဲက ပြင်ပကမ္ဘာအား ကြေညာသည်။
"ဝိဉာဉ်အနှစ်သာရကျောင်းတော်က မတရားတဲ့ပြိုင်ပွဲတွေကို တားမြစ်ထားတယ်၊ လူတိုင်းစိတ်အေးအေးထားပြီး လေ့လာကြ၊ ဒီလိုအသေးစားပရိယာယ်တွေမှာ မပါ၀င်သင့်ဘူး"
ဒီသတင်းကိုကြားရသောအခါ ထန်ကျုံ့ကျောက်နှင့် မိန်းကလေးတို့မှာ စားပွဲအား ပြိုင်တူရိုက်လိုက်ကြသည်။
ဒါကအခြေအနေကို ကိုင်တွယ်ရန်အတွက် အတော်လေးကို ပညာသားပါသည့် နည်းလမ်းတစ်ခုပေတည်း။
ဒီနည်းနှင့်ဆိုပါက ဒုတိယအကြီးအကဲ၏ ဂုဏ်သိက္ခာကို ထိခိုက်ခြင်းအား အနည်းဆုံးသို့ လျော့ကျသွားစေနိုင်သည်။
......
မြွေတစ်ရာချိုင့်ဝှမ်းသို့ သွားရာလမ်းတွင် လျန်ချင်း၌ ကြည့်ရဆိုးသည့် အမူအရာတစ်ခုရှိနေသည်။
"အစ်ကိုကြီးဟဲ၊ အခုကျွန်တော်တို့ ဘာလုပ်ကြမလဲ"
ရှောင်ဟိုင်နှင့် ကျန်သောသူများ အဆင့်တက်သွားသည်ဟု လျန်ချင်းကြားခဲ့စဉ်က အလွန်အမင်းထိတ်လန့်သွားခဲ့ရသည်။
ဟဲရှန်း၀မ်နှာခေါင်းရှုံ့သည်။
"ဘာမှမဖြစ်ဘူး၊ ဆရာ မင်းကို မြွေတစ်ရာချိုင့်ဝှမ်းမှာ ရက်တစ်၀က်ပဲ နေဖို့ အပြစ်ပေးခဲ့တာကို မကြားဘူးလား၊ မင်းစွမ်းအားနဲ့ဆိုရင် အကန့်အသတ်က နှစ်ရက်လောက်ရှိတယ်"
ဒါကိုကြားသော် လျန်ချင်းရပ်သွားပြီး မည်းမှောင်စွာပြုံးရင်း ခေါင်းညိတ်သည်။
"သိပါပြီ၊ ကျွန်တော်ထွက်လာပြီး အကောင်းဆုံးအခြေအနေကို ပြန်ရောက်သွားတာနဲ့ ကောင်းကင်အဆင့်နံပါတ်၃ကို ချက်ချင်းသွားပြီး သူတို့ကို ခြံ၀င်းလေးအတွင်းစိန်ခေါ်ရင်း သူတို့က နံပါတ်သုံးနဲ့ မထိုက်တန်ဘူးဆိုတာကို သက်သေပြမယ်"
ဟဲရှန်း၀မ် ကျေနပ်စွာခေါင်းညိတ်သည်။
ဒီငယ်သားနှင့်ပတ်သက်၍ သူအနှစ်သက်ဆုံးအရာက သူ့၏အသိအမြင်ပင်။
အနည်းငယ်မျှညွှန်ကြားရုံနှင့် နားလည်မှုမြင့်မားသညိ့ လက်အောက်ငယ်သားကို ဘယ်သူက သဘောမကျဘဲနေမည်နည်း။
......
တစ်ချိန်တည်းမှာပင် အဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲက ဆက်လက်ဖြစ်ပွားခဲ့သည်။
သုံးရက်အကြာတွင် သန့်စင်မိုးမျှော်စင်၌ ရှောင်ဟိုင်၏အဆင့်က ၂၃နေရာသို့ ရောက်လာခဲ့ပြီး ၄၈ထပ်သို့ တက်ရောက်သွားခဲ့သည်။
ယဲ့ချိုးပိုင်က ၁၇ခုမြောက်ဓားရုပ်သေးကို အနိုင်ယူပြီးနောက် ၂၅နေရာတွင် ရပ်တည်နေခဲ့သည်။
ကြယ်ကျောက်တောင်အောက်ခြေတွင် ကျောက်ပြားပေါ်ရှိ ရှီရှန်း၏အဆင့်က ၂၁ဖြစ်သည်။
အစီအရင်ခန်းမ၌ ဖန်ချန်းက ၂၂နေရာတွင်ရှိသည်။
မုဖူရှန်းတစ်ယောက်တည်းသာလျှင် မည်သည့်လှုပ်ရှားမှုကိုမှ မပြသခဲ့ပေ။
ပြီးခဲ့သည့်ရက်အနည်းငယ်က ရှောင်ဟိုင်နှင့် ကျန်သောသူများ၏ တစ်ဖက်သတ်ပြပွဲဟု ဆို၍ရသည်။
"တကယ်ကြောက်စရာကောင်းတယ်၊ ကြည့်ရတာ ပထမအကြီးအကဲမှာ သူတို့ကို အထူးစုဆောင်းရတဲ့ အကြောင်းရင်းတစ်ခုရှိပုံပဲ၊ သူ့တပည့် ထန်ကျုံ့ကျောက်တောင်မှ ဒီလိုပါရမီမျိုးကို မယှဉ်နိုင်ဘူးမလား"
"ပါရမီက တကယ်ကိုရှုထောင့်စုံတယ်၊ သူတို့မှာ မူလစွမ်းအားနဲ့ ထူးခြားတဲ့ဆက်နွှယ်မှုတစ်ခုခုရှိတာဖြစ်ရမယ်၊ အဲဒါကြောင့်လည်း ဒီလောက်မြန်မြန်လိုက်ဖက် ကိုက်ညီအောင် လုပ်နိုင်တာပဲ၊ ဒါပေမယ့် ဒီလိုပါရမီမျိုးက မယုံနိုင်လောက်အောင် ရှားပါးတယ်ဆိုတာကိုတော့ ငြင်းလို့မရဘူး"
"မှန်တယ်၊ သူတို့နယ်ပယ်သာ ပိုမြင့်နေမယ်ဆိုရင် ပိုပြီးတောင်တက်သွားနိုင်လောက်တယ်"
"ဒါပေမယ့် မုဖူရှန်းလို့ခေါ်တဲ့ နောက်တစ်ယောက်ရှိသေးတာကို ငါမှတ်မိသေးတယ်၊ မိုးကြိုးကြမ်းပင်လယ်ဘက်မှာ ဘာလှုပ်ရှားမှုမှ မရှိသေးဘူး"
"အင်း၊ လူတိုင်းကတော့ ဒီလောက်ထိ ထူးခြားမနေနိုင်ဘူးလေ၊ အဲဒီလူက သူတို့အကြားမှာ အနည်းဆုံးပါရမီနဲ့ စွမ်းအားရှိသူဖြစ်ရမယ်၊ ဒါပေမယ့် ပထမဆုံးကြိုးပမ်းမှုမှာတင် ဒီလောက်ကြာကြာရပ်တည်နိုင်တာက အများစုကို ကျော်လွန်နေပြီ"
ဒီအခိုက်အတန့်၌ ရှောင်ဟိုင် သန့်စင်မိုးမျှော်စင်ကနေ ထွက်လာသည်။
တံခါးစောင့်အကြီးအကဲက နံရံကိုမှီကာ မြေပေါ်ထိုင်နေပြီး သူ၏ဟောင်သံက နားအက်မတတ်ပင်။
ဒါကိုမြင်သော် ရှောင်ဟိုင်အနည်းငယ်ဦးညွတ်ပြီးနောက် ထွက်သွားရန်ပြင်လိုက်၏။
သူခြေလှမ်းများစွာ မသွားရသေးခင်မှာပင် နောက်က အကြီးအကဲ၏အသံထွက်လာသည်။
"မင်းပါရနီက အရမ်းကောင်းတယ်၊ အနာဂတ်မှာ မင်းဝိဉာဉ်အနှစ်သာရကျောင်းတော်ရဲ့ ရန်သူမဖြစ်လာဖို့ကိုပဲ ငါမျှော်လင့်ပါတယ်"
ရှောင်ဟိုင်ရပ်ပြီး တစ်ခဏမျှတွေးလိုက်သည်။
"ဝိဉာဉ်အနှစ်သာရကျောင်းတော်က ရန်သူဖြစ်လာဖို့အတွက် အကြောင်းပြချက်တစ်ခုရဖို့ ကျုပ်တို့ကို ဘာတစ်ခုမှမလုပ်သရွေ့ ကျုပ်တို့လည်း ဘာမှမလုပ်ပါဘူး"
အကြီးအကဲရယ်မောကာခေါင်းညိတ်သည်။
"ကောင်းတယ်၊ မင်းပြဿာနာကြုံနေရတယ်ဆိုရင် ဒီလူအိုကြီးဆီလာပြီး အကြံဉာဏ်တောင်းလို့ရတယ်၊ ငါက စွမ်းအားအများကြီးမရှိတဲ့ တံခါးစောင့်သာသာဆိုပေမယ့် ဒီနေရာကို နှစ်များစွာ စောင့်ကြပ်ခဲ့တာမို့ အရာများစွာနဲ့ လူအများကြီးကိုသိတယ်"
ဒါက ရှောင်ဟိုင်နှင့်ကောင်းမွန်သည့် ဆက်သွယ်မှုတစ်ခု တည်ဆောက်ရန်အတွက် သူ့နည်းလမ်းပေတည်း။
ဤသည်ကိုကြားသော် ရှောင်ဟိုင်မငြင်းန်ေဘဲ အဖိုးအိုဘက်လှည့်ကာ လက်သီးဆုပ်ရင်း နှုတ်ဆက်သည်။
"ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ် စီနီယာ"
ထို့နောက်သူထွက်သွားသည်။
သုံးရက်တာကာလ၌ ရှောင်ဟိုင်ခန္ဓာကို အပြည့်အ၀ထိန်းချုပ်နိုင်ခဲ့သည်။ ဒီသြွးရက်အတွင်း သူရရှိခဲ့သည့် ရလဒ်များကို ကိုယ်ထဲ၌ အပြည့်အ၀ ပေါင်းစပ်ပေးရန်အတွက် ရှောင်ဟိုင်စိတ်လှုပ်ရှားစရာ တိုက်ပွဲတစ်ခု လိုအပ်နေသည်။
သူတွေးမိသည့်ပထမဆုံးလူက လျန်ချင်းပင်။
သူတို့ထွက်လာပြီးနောက်မှာ စိန်ခေါ်မှုတစ်ခုလုပ်မယ်လို့ ပြောခဲ့တယ်မလား!
ဒါကပြီးပြည့်စုံလေသည်။ ရှောင်ဟိုင်ပြန်သွားပြီး လျန်ချင်းနှင့် တိုက်ခိုက်ရပေမည်။
ရှောင်ဟိုင် ကောင်းကင်ခြံ၀င်းသုံးကို ရောက်လာသောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း ရှိနေကြလေပြီ။
တစ်ချိန်တည်းမှာပင် ကျောက်စားပွဲရှေ့တွင် အတော်လေးသူရဲကောင်းဆန်သော်လည်း ကျက်သရေနှင့် အလှတရားလည်း ကင်းမဲ့သွားခြင်းမရှိသည့် အမျိုးသမီးတစ်ဦးထိုင်နေသည်။
ရှောင်ဟိုင်စိတ်ရှုပ်ထွေးသွားပြီး ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအားကြည့်လိုက်သည်။
ယဲ့ချိုးပိုင်တို့က ပြုံးနေကြသည်။
သို့စေကာမူ အမျိုးသမီးကထရပ်ကာ ရှောင်ဟိုင်အနားချဥ်းကပ်လာသည်။
"ရှင့်က တိုက်ခိုက်ရတာကို ကြိုက်နှစ်သက်တယ်လို့ ကျွန်မ ကျုံ့ကျောက်ဆီက ကြားခဲ့ရတယ်"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
အမျိုးသမီးကပြုံးသည်။
"ဒါဆိုကျွန်မတို့ တိုက်ခိုက်ကြမယ်ဆိုရင်ရော၊ မစိုးရိမ်ပါနဲ့၊ ကျွန်မရဲ့နယ်ပယ်ကို ဖိနှိပ်ထားပါမယ်"
အမျိုးသမီး၏နယ်ပယ်က ထန်ကျုံ့ကျောက်ထက်ပင် ပိုမြင့်သည်။
သူမက ဘိုးဘေးနယ်ပယ် တစ်၀က်အဆင့်တွင် ရှိနေလောက်သည်။
ရှောင်ဟိုင်တုံ့ပြန်တော့မည့်အချိန်တွင် အပြင်က တစ်ယောက်ယောက်အော်နေတာကို ကြားလိုက်ရသည်။
"နံပါတ်ငါးကောင်းကင်ခြံ၀င်းက လျန်ချင်း တိုက်ပွဲတစ်ပွဲ ဆင်နွှဲချင်ပါတယ်"
ဒါကိုကြားသော် ရှောင်ဟိုင်ပြောသည်။
"ကြည့်ရတာ ကျုပ်တို့ရဲ့တိုက်ပွဲကို ခနလောက် ရွှေ့ဆိုင်းထားရတော့မယ်"
အမျိုးသမီးကရယ်မောကာ ခေါင်းခါယမ်းသည်။
"မစိုးရိမ်ပါနဲ့၊ ရှင့်လျန်ချင်းကိုတောင် မကိုင်တွယ်နိုင်ဘူးဆိုရင်တော့ ကျွန်မရှင်နဲ့ ယှဉ်ပြိုင်နေစရာမလိုတော့ပါဘူး"
ရှောင်ဟိုင်လှည့်ပြီး တံခါးကိုတွန်းဖွင့်ရင်း ပြောလိုက်သည်။
"ကျုပ်ခင်ဗျားကို စိတ်မပျက်စေရပါဘူး"
ရှောင်ဟိုင်နှင့် ကျန်သောသူများအပြင်ထွက်လာသောအခါ လျန်ချင်း၊ ဟဲရှောင်နှင့် တခြားအတွင်း၀င်းတပည့်များစွာက အပြင်၌ ရပ်နေတာကို တွေ့လိုက်ရသည်။
လျန်ချင်းနှာခေါင်းရှုံ့သည်။
"ဘာလဲ၊ ထပ်ပြီးပုန်းမနေတော့ဘူးလား"
ရှောင်ဟိုင်၏အမူအရာက အေးစက်နေပြီး တိုက်ရိုက်ပင်မေးသည်။
"ငါတို့ဘယ်မှာယှဉ်ပြိုင်ကြမလဲ"
အပိုင်း(1298) coming။