← Chapters

#မင်းပြဿာနာရှာလို့၀ပြီလား#

Vol. 92 Ch. 1299

#မင်းပြဿာနာရှာလို့၀ပြီလား#

Vol. 92 Ch. 1299

သူတို့မျက်လုံးရှေ့က မြင်ကွင်းကိုကြည့်ရင်း လူအုပ်စုကြီးမှာ မျက်လုံးကိုပွတ်သပ်ကာ အမြင်မှားနေသလားဟုပင် ထင်နေမိကြသည်။

ထို့နောက် သူတို့လျန်ချင်းအား ကြည့်လိုက်သောအခါ မြေပေါ်၌ ဒူးထောက်လျက် သွေးအန်နေတာကို တွေ့လိုက်ရသည်။

ရှောင်ဟိုင်ကမူ မနီးမဝေးတွင် ရပ်နေပြီး သူ့အား အထင်အမြင်သေးသည့် အမူအရာဖြင့် ကြည့်နေသည်။

ဒီမှာဘာဖြစ်သွားတာလဲ!

ဒီအထူးစုဆောင်းထားတဲ့ ကျောင်းသားသစ်ရဲ့ခွန်အားက ဒီလောက်ထိနက်ရှိုင်းတာလား၊ ဒါကတကယ်ပဲ အားအပြည့်သုံးပြီး တိုက်ခိုက်တဲ့ လျန်ချင်းကို လွင့်စင်သွားစေတဲ့ အရမ်းကိုပေါ့ပါးတဲ့ လက်သီးချက်တစ်ချက်လား!

သူတို့အံ့ဩသင့်သွားသည်မှာ အံ့ဩသင့်စရာမရှိပါ။

မည်သို့ပင်ဆိုစေကာမူ လွန်ခဲ့သည့်ရက်များ၌ ဟဲရှန်း၀မ်၏လူများက အထူးစုဆောင်းထားသည့် လူသစ်များ၏ခွန်အားက မလုံလောက်ဘူးဆိုသော အယူဆကို အဆက်မပြတ် ပြောဆိုနေခဲ့လေရာ အများစုကို သူတို့ကိုယ်တိုင် အကဲဖြတ်နိုင်စွမ်းအား ဆုံးရှုံးသွားစေသည်။

ဒါက တစ်ဖက်တွင် ထိုအဖွဲ့၏ တုံးအမှုကို ဖော်ပြနေသော်လည်း လူအများစုအတွက် ပုံမှန်သာ။ လူအများစုက သူတို့ရရှိကကသည့် တစ်ဖက်သတ်သတင်းအချက်အလက်များကိုသာ ယူဆောင်ကြပြီး 'မြင်ရာသာယုံရသည်၊ ကြားရာကမယုံရ' ဟူသော မူကိုပင် ဘေးဖယ်ထားကာ ၎င်းအားယုံကြည်ကြသည်။ သူတို့ သူတို့၏ ကိုယ်ပိုင်လက်ရာအား ဂရုမစိုက်သည့်အသွင် ဘေးဖယ်ထားကြသည်။

လုချန်ရှန်းအရင်ဘ၀တွင်ဖြစ်စေ သို့မဟုတ် ဤကျင့်ကြံခြင်းလောကတွင်ဖြစ်စေ လူ့အဖွဲ့အစည်းတစ်ခု၏ စိတ်နေသဘောထား ဖြစ်စဥ်ကသာ ပျံ့နေသည်။

ထို့ကြောင့်လည်း ဒီတိုက်ပွဲကို စိတ်ထင့်စရာမလိုဟု လူအများစုက တွေးတောကြခြင်းပင်။ လျန်ချင်းက သူ့ပြိုင်ဘက်ကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု သူတို့ယူဆကြသည်။

သို့သော် ရလဒ်က သူတို့မျှော်လင့်ချက်များအား ငြင်းပယ်သွားခဲ့သည်။

ယခုကြည့်ရသည်မှာ အခန်းကဏ္ဍက ပြောင်းပြန်ဖြစ်သွားပြီး လျန်ချင်းက ရှောင်ဟိုင်၏ ပြိုင်ဘက်မဟုတ်တော့ပါ။

ဒါကိုမြင်သော် ဖုန်းယီ၏မျက်လုံးများက လင်း၀င်းသွား၏။

"ကောင်းလိုက်တာ၊ ကြည့်ရတာ နောက်ပိုင်းတိုက်ပွဲက အရမ်းပျင်းစရာမကောင်းတော့ဘူးထင်တယ်"

ဘေးက ယုချန်းကလည်း ဟောင်ရှန်းကို ပြုံးပြရင်း စနောက်လိုက်သည်။

"ကြည့်ရတာ ကောင်းကင်နံပါတ်၂ခြံ၀င်းမှာ မင်းရဲ့နေရာကို နည်းနည်းပိုဂရုစိုက်သင့်တယ်ထင်တယ်"

ဟောင်ရှန်းစကားမပြောသော်လည်း သူ့၏လေးနက်နေသည့်အမူအရာက အရာအားလုံးကို ပြောပြနေသည်။

အိမ်ရှေ့မင်းသားစင်မြင့်အောက်တွင်ရပ်ရင်း ကောင်းကင်နံပါတ်၆ခြံ၀င်းမှ ဟဲရှောင် ဒီမြင်ကွင်းကို အတိထိတ်လန့်စွာ ကြည့်နေခဲ့သည်။ ယခုလေးတင် ရှောင်ဟိုင်ကို သူလှောင်ပြောင်နေခဲ့ခြင်းဖြစ်ပြီး လျန်ချင်းက တစ်ချက်တည်းနှင့် အပစ်ခံလိုက်ရလေရာ သူကမူ ရှောင်ဟိုင်အား လက်ဝါးချက်တစ်ချက်ပင် ရိုက်ထုတ်နိုင်မည်မဟုတ်။

တစ်ခဏအကြာတွင် သူ့မျက်နှာက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားသည့် အနေအထားသို့ ပြောင်းသွား၏။

အိမ်ရှေ့မင်းသားစင်မြင့်ပေါ်၌ ရှောင်ဟိုင် အထင်အမြင်သေးစွာပြောသည်။

"မင်းမှာငါ့ကို သွေးပူအောင်လုပ်ဖို့ အခွင့်အလမ်းတစ်ခုလောက် ပေးလိမ့်မယ်လို့ ငါထင်နေတာ၊ ဒါပေမယ့် မင်းက ငါ့ကို သွေးပူအောင်တောင် မလုပ်နိုင်ဘူး"

ရှောင်ဟိုင်၏လှောင်ပြောင်မှုကြောင့် ထိတ်လန့်မှုကနေ လက်တွေ့ဘ၀ကို ပြန်ရောက်လာကာ လျန်ချင်းအံကြိတ်လိုက်၏။

"ကိုယ့်ကိုကိုယ်အရမ်းအထင်ကြီးမနေနဲ့၊ ဒါကမပြီးသေးဘူး"

သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် လျန်ချင်း၏လက်ထဲတွင် ဆန်းကြယ်သည့် အလင်းတစ်ခု တဖျပ်ဖျပ်လင်း၀င်းသွား၏။

အောက်တွင် မုဖူရှန်းနှင့် တခြားသူများအပြင် ဖုန်းယီ၏မျက်လုံးများပါ တစ်ချိန်တည်းတွင် ကျဉ်းမြောင်းသွားခဲ့သည်။

လျန်ချင်းခေါင်းငုံ့ရင်း ပါးစပ်ထောင့်က သွေးကိုသုတ်လိုက်သောအခါ ခပ်ဖျော့ဖျော့ ဆန်းကြယ်သည့်အလင်းကလည်း ပျောက်ကွယ်သွားသည်။

ချက်ချင်းဆိုသလိုလျန်ချင်းထရပ်သည်။ သူ့တစ်ကိုယ်လုံးရှိ ကြွက်သားများက ပြင်းထန်စွာ ဖောင်းနေသည်။ ဒါ့အပြင် ထိုဖောင်းနေသည့် ကြွက်သားများ၌ သွေးပြန်ကြောကဲ့သို့ အပြာရောင်မျဉ်းများစွာရှိနေပြီး ကွေ့ပတ်သွားလာနေကြ၏။

ရုပ်ဆိုင်းဆိုင်ရာအပြောင်းအလဲတစ်ခုဟု ဆိုရသည်ထက် သူ့ဆီကထွက်လာသည့် အသက်ရှူသံက သွေးချီအမျှင်စများကို သယ်ဆောင်လာသည်။

သွေးချီက လျန်ချင်းအရေပြားကနေ စိမ့်ထွက်ကာ ပတ်၀န်းကျင်က အင်မော်တယ်အော်ရာနှင့် ရောထွေးသွားသည်။ ထိုအခိုက်အတန့်၌ သူ့နယ်ပယ်ကလည်း နတ်ဧကရာဇ်နယ်ပယ် အစောပိုင်းအဆင့်သို့ တိုက်ရိုက်ချိုးဖျက်သွားလေတော့သည်။

ဒါကိုမြင်သော် မုဖူရှန်းအလျင်အမြန် ထောက်ပြလိုက်သည်။

"သူဆေးလူံးတစ်လုံးသောက်လိုက်တယ်၊ ဒါက စည်းမျဉ်းတွေကို ချိုးဖောက်နေတာမလား"

"ဆေးလုံးလား၊ သူဘယ်မှာဆေးလုံးတစ်လုံးသောက်လို့လဲ၊ အဲဒါက လျှို့ဝှက်နည်းစနစ်တစ်ခုပဲဖြစ်ရမယ်၊ လျှို့ဝှက်နည်းစနစ်တွေကို ယေဘုယျအားဖြင့် အားမပေးဘူးဆိုပေမယ့် ပြင်ပစ္စည်းတွေတော့ မဟုတ်ဘူး၊ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်းက လာတာဆိုတော့ ဒါက စည်းမျဉ်းတွေကို မချိုးဖောက်ဘူး" ဥပဒေစိုးမိုးရေးခန်းမက အကြီးအကဲက အရေးမစိုက်သည့်အသွင် ထူးမခြားနားစွာပြောသည်။

ဥပဒေစိုးမိုးရေးခန်းမက အကြီးအကဲ၏ ခွန်အားအရဆိုပါက ဆေးသုံးသောက်ထားသလားဆိုတာကို သူသေချာပေါက်ပြောနိုင်သည်။

လက်ရှိရှိနေသူများအနက် လူအနည်းငယ်ကသာ ဒါကိုမြင်နိုင်သည်။

ဥပဒေစိုးမိုးရေးခန်းမက အကြီးအကဲ၏ ရှင်းလင်းချက်နှင့်အတူ လူအုပ်ကြီးက အနည်းငယ်ခေါင်းညိတ်ကြသည်။

တကယ်တမ်းတွင် သူတို့ကလည်း ဆေးလုံးသောက်လိုက်သည့် ဖြစ်စဉ်အား မမြင်ခဲ့ကြပေ။

ဖုန်းယီအေးစက်စွာရယ်မောသည်။

"ဒီလိုမျက်နှာသာပေးတာလား၊ ကြည့်ရတာ ဒုတိယအကြီးအကဲက ဒုကျောင်းအုပ်ရာထူးနဲ့ တကယ်ကိုမထိုက်တန်ဘူးဘဲ"

ဖုန်းယီအသံအကျယ်ကြီးနှင့် ငြင်းခုန်တော့မည့်အချိန်တွင် ရှောင်ဟိုင်ပြောသည်။

"ဘာမှမဖြစ်ပါဘူး၊ ဒီလိုဆိုရင်တော့ အနည်းဆုံး ကျုပ်လည်း သွေးပူလာနိုင်တာပေါ့"

ထိုစကားလုံးများကိုကြားသောအခါ ဖုန်းယီ တစ်ဏမျှ လန့်သွားသော်လည်း ယင်းနောက်တွင် ရှောင်ဟိုင်အား စိတ်၀င်စားစွာ ကြည့်လိုက်သည်။

ဒီကောင်လေးက ကျုံ့ကျောက်ပြောသကဲ့သို့ သူမ၏အရဿာနှင့် အမှန်တကယ်ပင် ကိုက်ညီလိုက်ဖက်သည်။

ကြည့်ရသည်မှာ သူမတို့ကို အထည်သားတစ်ခုတည်းကနေ ဖြတ်တောက်ထားသည့်အလားပင်။

ရှောင်ဟိုင်၏စကားလုံးများကို ကြားရသောအခါ လျန်ချင်းနှာမှုတ်လိုက်သည်။

"မင်းဒီအတွက် နောင်တရစေရမယ်"

နောက်ထပ်ပေါက်ကရပြောမနေတော့ဘဲ သွေးချီနှင့်အတူ လျန်ချင်း၏ပုံရိပ်က ရုတ်တရက် ထိုနေရာကနေ ပျောက်ကွယ်သွားပြီး သွေးအရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ရှောင်ဟိုင်ထံပြေး၀င်သွား၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် လျန်ချင်း၏မျက်နှာက ရှောင်ဟိုင်ရှေ့တွင်ပေါ်လာပြီး ကြွက်သားများက ဖောင်းလာကာ ကြီးမားသည့်လက်သီးချက်က ရှောင်ဟိုင့်မျက်နှာကို ပြင်းထန်စွာ ထိမှန်လာသည်။

စွမ်းအင်အရှိန်က မြှင့်တက်လာသဖြင့် ရှောင်ဟိုင်ကိုယ်ပေါ်က အနက်ရောင်အ၀တ်အစားများကို ဆူညံသံနှင့်အတူ တလူလူလွင့်မြောနေစေသည်။

ရှောင်ဟိုင်ထူးမခြားနားသည့် အမူအရာဖြင့် တည်ငြိမ်စွာရှိနေပြီး လက်ဖဝါးကို ညင်သာစွာ ဆန့်ထုတ်လိုက်၏။ လျန်ချင်း၏ လက်သီးချက်က ရှောင်ဟိုင်လက်ဖဝါးအလယ်တည့်တည့်သို့ ကျသွားသည်။

သို့သော် ၎င်းကလုံး၀မရွေ့သွားခဲ့ပေ။

လျန်ချင်းဘယ်လောက်ပင် ခက်ခက်ခဲခဲ ကြိုးစားနေပါစေ သူမလွတ်မြောက်နိုင်ပေ။ သူ့မျက်နှာကအနည်းငယ် ပြောင်းလဲသွားပြီး နောက်လက်သီးတစ်ဖက်ကို ခါးနောက်တွင်ထားရင်း လက်ကောက်၀တ်အား လိမ်ချိုးလိုက်သည့် ပုံစံတစ်ခုနှင့်အတူ ရှောင်ဟိုင့်နှလုံးပေါက်ရှိရာသို့ တည့်တည့် ထိုးနှက်လိုက်သည်။

ရှောင်ဟိုင်မရွေ့သေးဘဲ ထိုနေရာ၌သာရပ်နေပြီး အလားတူလှုပ်ရှားမှုနှင့်အတူ လျန်ချင်း၏လက်သီးကို သူဖမ်းကိုင်လိုက်၏။

"ဒါပဲလ......" သူပြောမပြီးသေးခင်မှာပင် လက်သီးနှစ်ဖက်စလုံးက ရှောင်ဟိုင်၏ ဖမ်းကိုင်ထားခြင်းကို ခံလိုက်ရသည်။ သို့သော် လျန်ချင်း၏ ခြေနှစ်ဖက်က ကားသွားပြီး ညာခြေထောက်က ကွေးသွားသည်။ ရှောင်ဟိုင်အား အောက်အနေအထားကနေ ရင်ဆိုင်ရင်း ၎င်းက ရုတ်တရက်ဖြောင့်တန်းသွားသည်။

ဒီတစ်ကြိမ်တွင် ရှောင်ဟိုင်လုံး၀ကာကွယ်ခြင်းမရှိဘဲ လျန်ချင်း၏ ခြေကန်ချက်ကို သူ့ဒူးအားထိမှန်စေသည်။

ဘုတ်......!

ကျယ်လောင်သည့်အသံတစ်သံ ပဲ့တင်ထပ်လာသော်လည်း အရိုးကျိုးသံကိုမကြားရပါ။

ရှောင်ဟိုင်၏ခြေထောက်များက ကွေးသွားသည့်လက္ခဏာကို မပြဘဲ ပုံမှန်အတိုင်း အမူအရာကို ထိန်းသိမ်းထားဆဲပင်။

လျန်ချင်း၏မျက်လုံးများ၌ အကြောက်တရားက ဖြည်းဖြည်းချင်းပေါ်လာခဲ့သည်။

သူကရှောင်ဟိုင်၏ လုံး၀လွှမ်းမိုးခြင်းကို ခံထားရသည်။

တားမြစ်ဆေးလုံးတစ်လုံးကို သောက်ခဲ့သည့်တိုင် သူရှောင်ဟိုင်၏ ကစားခြင်းကို ခံနေရဆဲပင်။

ရှောင်ဟိုင့်မျက်လုံးထဲက အထင်အမြင်သေးမှုက လျန်ချင်းနှလုံးသားထဲတွင် အဆုံးမဲ့ချဲ့ကားလာပုံရသည်။

တစ်ချိန်တည်းမှာပင် ဆေးသောက်ပြီးသည့်တိုင် ပြိုင်ဘက်ကို ဘာကြောင့်အနိုင်မယူနိုင်ရသေးသလဲဆိုတာ သူတွေးမိရင်း ဟဲရှန်း၀မ် သူ့ကို မြွေတစ်ရာချိုင့်ဝှမ်းသို့ ပြန်ပစ်ချမှာကို ကြောက်နေမိသည်။ ထိုသို့ဆိုပါက ရက်တစ်၀က်လောက်သာဖြစ်မည်မဟုတ်။

ဒီအရာအားလုံးကို တွေးမိသောအခါ လျန်ချင်း၏မျက်သူငယ်အိမ်များက သွေးကြောများနှင့် ပြည့်နှက်သွားပြီး အော်ဟစ်လိုက်၏။

"အား........"

အကယ်၍သူ့လက်သီးများကို မလှုပ်ရှားနိုင်ပါက သူ့ခြေထောက်အစုံနှင့် ရှောင်ဟိုင်၏ ခန္ဓာကို ကျပန်းကန်ကျောက်ပစ်ရမည်သာ။

ရင်ဘတ်၊ လက်မောင်း၊ ပေါင်၊ ခါးနှင့် ၀မ်းဗိုက်၊ ဘယ်နေရာမဆိုအဆင်ပြေသည်။

အထက်ကမြင်ကွင်းကိုမြင်သောအခါ လူတိုင်း၏အမူအရာက အလွန်အမင်း လေးနက်သွားကြသည်။

ယခုသူတို့စိတ်ထဲတွင် အတွေးတစ်ခုတည်းသာရှိတော့သည်။

ထိုအတွေးက ပထမအကြီးအကဲက ပထမအကြီးအကဲဖြစ်နေဆဲပင် ဟူသောအတွေးပင်။ သူက ကိုယ်ရေးကိုယ်တာအကြောင်းပြချက်များနှင့် ကျောင်းသားသစ်စုဆောင်ခဲ့ခြင်းမဟုတ်ပါ။

ရှောင်ဟိုင်၏ပါရမီနှင့်ခွန်အားက ပထမအကြီးအကဲ၏ အထူးဖိတ်ကြားချက်ကို မှန်ကန်ကြောင်း ပြသနေသည်။ ဒါ့အပြင် သူတို့အား ကောင်းကင်ဘုံခန်းမရှိ ခြံဝင်းနံပါတ်သုံးကိုပင် တိုက်ရိုက်သိမ်းပိုက်ခွင့်ပေးခဲ့သည်။

ပထမနေ့မှာပင် နှစ်နာရီအတွင်း အမှတ်ပေးဇယားထိပ်ဆုံးကို ၀င်လာခြင်းဖြစ်စေ၊ သို့မဟုတ် ဒီတိုက်ပွဲမှ စွမ်းဆောင်မှုဖြစ်စေ အားလုံးက လွန်ကဲလွန်းသည်။

ယုချန်း ဟောင်ရှန်းအားကြည့်လိုက်၏။

ဟောင်ရှန်းတိုက်ရိုက်ပင် ပြောသည်။

"ခုနှစ်ဆယ်၊ သုံးဆယ်"

"မင်းခုနှစ်ဆယ်၊ သူသုံးဆယ်လား"

ဟောင်ချန်းပခုံးတွန့်လိုက်သည်။

"သူခုနှစ်ဆယ်၊ ငါသုံးဆယ်ပါ"

ဒီအခိုက်အတန့်၌ အိမ်ရှေ့မင်းသားစင်မြင့်ပေါ်၌ လျန်ချင်းမရပ်မနားအော်ဟစ်ပြီး ရှောင်ဟိုင်အား ကန်ကျောက်နေစဉ် ရှောင်ဟိုင်အနည်းငယ်မျက်မှောင်ကြုတ်ကာ ရုတ်တရက် လျန်ချင်း၏ ညာလက်ကို လွှတ်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် ရှောင်ဟိုင်၏ ညာလက်မောင်းက ကွေးသွားပြီး တံတောင်ဆစ်က လျန်ချင်းနှလုံးနောက်ပိုင်းအား ထိမှန်သည်။

နာကျင်ဖွယ်ရာအော်ဟစ်သံတစ်သံနှင့်အတူ လျန်ချင်းကြမ်းပြင်ပေါ်သို့ တိုက်ရိုက်လွင့်စင်သွားရသည်။

ပွင့်ထွက်နေသည့်ကြွက်သားများနှင့် ဆူပွက်နေသည့်စွမ်းအင်က စတင်ပျောက်ကွယ်လာသည်။

ရှောင်ဟိုင် အ၀တ်ပေါ်က ဖုန်များကို သုတ်ရင်း ကြမ်းပြင်ပေါ်၌လဲနေသည့် လျန်ချင်းအား ထူးမခြားနားစွာစိုက်ကြည့်ကာ ပြောသည်။

"မင်းပျော်ခဲ့ရဲ့လား"

အပိုင်း(1300) coming။

All Chapters