← Chapters

#မုဖူရှန်း၊ ဒါက နှိမ့်ချပြီးနေတာနဲ့ ပတ်သက်လို့လား#

Vol. 92 Ch. 1300

#မုဖူရှန်း၊ ဒါက နှိမ့်ချပြီးနေတာနဲ့ ပတ်သက်လို့လား#

Vol. 92 Ch. 1300

"အမှိုက်ကောင်" အမှောင်ထုထောင့်တစ်နေရာမှ ဟဲရှန်း၀မ် အိမ်ရှေ့မင်းသားစင်မြင့်ပေါ်က မြင်ကွင်းကို ဒေါသထွက်နေသည့် မျက်နှာနှင့်ကြည့်နေသည်။ လျန်ချင်း ဆေးလုံးကိုသောက်သုံးပြီး နယ်ပယ်ကို အတင်းတိုးမြှင့်ပြီးနောက် ပြိုင်ဘက်က လျန်ချင်းအား အနိုင်ယူနိုင်လိမ့်မည်မဟုတ်ဟု သူမျှော်လင့်ထားခဲ့ခြင်းပင်။

ဤဖြစ်ရပ်နှင့်အတူ သူတို့ပါရမီနှင့်ခွန်အားကြောင့် အထူးစုဆောင်းခံရသူများက သူတို့၏တန်ဖိုးကို ပြသနိုင်ခဲ့ကြပြီး ဂုဏ်သတင်းကြီးသည့် ကောင်းကင်နံပါတ်သုံးခြံ၀င်းနှင့် အမှန်တကယ်ထိုက်တန်ခဲ့ပေသည်။

ဒီဖြစ်ရပ်က ပထမအကြီးအကဲအပေါ် လူထု၏ဝေဖန်မှုကို ထိရောက်စွာပင် ချေဖျက်နိုင်ခဲ့သည်။ သူတို့၏အားထုတ်မှုများက အချည်းနှီးဖြစ်သွားရပြီး သူ့အတွက် မျက်နှာဆုံးရှုံးရသည်သာမက သူ့ဆရာတဖြစ်လဲ ဒုတိယအကြီးအကဲ၏ ဂုဏ်သတင်းကိုပါ ထိခိုက်စေခဲ့သည်။

ဒါက ဇနီးရောစစ်သားများကိုပါ ဆုံးရှုံးရသည့်ကိစ္စတစ်ခုပေတည်း။

ဟဲရှန်း၀မ် အေးစက်စွာနှာခေါင်းရှုံ့ရင်း ထွက်သွားလေတော့သည်။

ယင်းနောက်တွင် မြစ်မြီးကျာပွတ်တစ်ချောင်းကိုင်ထားသည့် အလွန်ဖြူဖွေးသည့် လူတစ်ယောက် ဟဲရှန်း၀မ်၏လမ်းကို ပိတ်ဆို့လိုက်သည်။

"ဘာဖြစ်တာလဲ၊ ဘယ်သူကများ ညီလေးဟဲကိုစိတ်ဆိုးစေတာလဲ၊ မင်းငါ့ကိုပြောပြချင်လား၊ ဒီလိုဆိုမှ ငါမင်းကိုကူညီနိုင်မှာလေ၊ ဘယ်သူက ဝိဉာဉ်အနှစ်သာရကျောင်းတော်ရဲ့ ကိုယ်ပိုင်တပည့်တစ်ယောက်ကို စော်ကားရဲတာလဲ၊ ငါမင်းအတွက် ထောက်ခံ့ပေးမယ်"

"ထန်ကျုံ့ကျောက်၊ မင်းငါ့ကို လှောင်ဖို့လာတာလား" ဟဲရှန်း၀မ် သူ့ရှေ့တွင် ရုတ်တရက်ပေါ်လာသည့် ထန်ကျုံ့ကျောက်အား စိုက်ကြည့်လိုက်၏။

ထန်ကျုံ့ကျောက် ဟဲရှန်း၀မ်ဆီသို့လျှောက်လာပြီး အိမ်ရှေ့မင်းသားစင်မြင့်ပေါ်က မြင်ကွင်းကို တစ်ချက်လှမ်းကြည့်ကာ ဟဲရှန်း၀မ်ပခုံးအား လက်နှင့်ပုတ်လိုက်သည်။

"ငါပြောချင်တာက ဒီလိုသေးနုတ်လှတဲ့ ပရိယာယ်တွေကို စွန့်ပစ်လိုက်တော့၊ ဒါပေမယ့်...အင်း ..၊ မင်းတို့ဆော့ကစားချင်တယ်ဆိုရင်လည်း ငါကလည်းပျော်ရွှင်စွာနဲ့ ပါ၀င်ဆောင်ရွက်ပေးမှာပါ" ထိုသို့ပြောလိုက်စဉ် ထန်ကျုံ့ကျောက်၏ မူလကပြုံးနေသော မျက်လုံးများက ရုတ်တရက်လေးနက်သွားပြီး ဟဲရှန်း၀မ်အား အေးစက်စွာ စိုက်ကြည့်နေသည်။

ဟဲရှန်း၀မ်၏ အမူအရာက မည်းမှောင်သွားသည်။

"ထန်ကျုံ့ကျောက်၊ မင်းပါရမီရှိတယ်ဆိုရုံလေးနဲ့ ဒီလောက်မောက်မာမနေနဲ့၊ မင်းရဲ့ လက်ရှိခွန်အားက ကိုယ်ပိုင်တပည့်တွေကြားမှာ အထင်ကြီးစရာမဟုတ်ဘူးဆိုတာကို သတိရပါ"

ထန်ကျုံ့ကျောက်က နတ်ဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်ဖြစ်သည်။

တကယ်တမ်းတွင် ကိုယ်ပိုင်တပည့်များအကြား သူ့အဆင့်က အတော်လေးညံ့ဖျင်းသည်။ အဓိကအားဖြင့် သူ့ပါရမီက သူတို့အကြားမြင့်မားသည့်တိုင် သူတခြားသူများထက် နောက်ကျပြီးမှ စတင်လေ့ကျင့်ခဲ့သောကြောင့်ပင်။

သို့သော် ထန်ကျုံ့ကျောက် ရိုးရှင်းစွာပင်ပြုံးလိုက်သည်။

"မင်းရဲ့လုပ်ကြံမယ့်အကြံအစည်ကို ငါစောင့်နေပါမယ်"

ဟဲရှန်း၀မ် အေးစက်စွာနှာမှုတ်ရင်း ထိုနေရာမှ ပျောက်သွားသည်။

သူ့အကြံအစည်က ဖော်ထုတ်ခံလိုက်ရပြီး လူသူကြားထဲတွင်လည်း မျက်နှာဖြတ်ရိုက်ခံလိုက်ရသဖြင့် ဟဲရှန်း၀မ်တွင် ထန်ကျုံ့ကျောက်အား ရင်ဆိုင်ရန်အတွက် ဂုဏ်သိက္ခာမရှိတော့ပါ။

ဟဲရှန်း၀မ်ထွက်သွားပြီးနောက် ထန်ကျုံ့ကျောက်နှာခေါင်းရှုံ့သည်။

"သူတို့က သူတို့အဆင့်အထက်က ထိပ်တန်းပါရမီရှင်တွေကိုတောင် တိုက်ခိုက်နိုင်တာ၊ ညီလေးရှောင်ဟိုင်ထက် ပိုအားနည်းတဲ့ တစ်ယောက်ယောက်ကို စေလွှတ်တာက ကိုယ့်ကိုကိုယ်အစေခံတဲ့ စစ်ဆင်ရေးတစ်ခုနဲ့ တူမနေဘူးလား"

အဆင့်ထက်ပိုမြင့်သည့် တိုက်ပွဲအကြောင်းပြောရင်း ထန်ကျုံ့ကျောက် အိမ်ရှေ့မင်းသားစင်မြင့်ဘက်သို့ ကြည့်ပြီး တွေးနေသည်။

"ညီလေးရှောင်ဟိုင် ဖုန်းယီရဲ့ အစစ်အမှန်ခွန်အားကိုတောင် အပေါ်ယံမှာ တွန်အားပေးနိုင်ပြီး အနိုင်တောင်ယူနိုင်မလား"

ဒါကိုတွေးမိသောအခါ ထန်ကျုံ့ကျောက်ရယ်မောရင်း ခေါင်းခါယမ်းသည်။

"မဖြစ်နိုင်တာ၊ ဒါကရယ်စရာကောင်းလွန်းတယ်၊ ဘာပဲဆိုဆို ဖုန်းယီက ဘိုးဘေးနယ်ပယ်ကိုရောက်လုနီးပါး ဖြစ်နေပြီလေ၊ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ထိုအခိုက်အတန့်၌ လျန်ချင်းက ဟဲရှောင်၏ခေါ်ဆောင်သွားခြင်းကို ခံရသည်။

ဟဲရှောင် စိတ်ပျက်လက်ပျက်ဖြစ်နေသည့် လျန်ချင်းကို ဆွဲခေါ်သွားတာကို စိုက်ကြည့်ရင်း ရှောင်ဟိုင်ထူးမခြားနားစွာပြောသည်။

"ငါတို့ကောင်းကင်ခြံ၀င်းနံပါတ်သုံးကို ပြောင်းလာတဲ့အပေါ် မင်းလည်း မကျေမနပ်ဖြစ်နေတာမလား၊ ဒါဆိုဒီကိုလာလိုက်၊ ငါပျော်လို့မ၀သေးဘူး"

လျန်ချင်း၏ခွန်အားနှင့် သူက ရှောင်ဟိုင်အား သန့်စင်မိုးမျှော်စင်၌ ပြုလုပ်ခဲ့သည့် တိုးတက်မှုများအား ခိုင်မာစေရန်အတွက်သာ ကူညီပေးခဲ့ခြင်းပင်။

ရှောင်ဟိုင်၏စကားလုံးများကို ကြားသောအခါ ဟဲရှောင်၏ခန္ဓာက အနည်းငယ်တုန်ယင်ကာ ရပ်သွားပြီးနောက် မြန်မြန်ပြေးသွားလေတော့သည်။

ဟဲရှောင်ထွက်ပြေးသွားတာကို မြင်ရသောအခါ ရှောင်ဟိုင် အထင်အမြင်သေးစွာ နှာခေါင်းရှုံ့ပြီးနောက် သူ့အကြည့်ကို အောက်သို့ ပို့လွှတ်လိုက်သည်။

"ငါတို့ကိုအမြင်မကြည်တဲ့ဘယ်သူမဆို လွတ်လွတ်လပ်လပ် တက်လာလို့ရတယ်"

အောက်တွင် မုဖူရှန်းတစ်ယောက် မျက်နှာဖုံးကာ ခေါင်းသာခါယမ်းမိတော့သည်။

"လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ ဝိဉာဉ်အနှစ်သာရကျောင်းတော်မှာ အခြေအနေကို ကောင်းကောင်းနားမလည်သေးခင်အထိ နှိမ့်ချပြီးနေဖို့ သဘောတူထားခဲ့တာမလား၊ ဘယ်လိုလုပ် ကိုယ့်ကိုကိုယ်တောင် မထိန်းချုပ်တော့ဘဲ အခုလိုပြသနေရတာလဲ"

"ဒီပုံစံနဲ့ဆိုရင် တစ်နာရီအတွင်းမှာ...မဟုတ်ဘူး၊ အမွေးတိုင်တစ်တိုင်စာအတွင်းမှာ ဝိဉာဉ်အနှစ်သာရကျောင်းတော်တစ်ခုလုံးက သတင်းတွေနဲ့ ပူညံသွားလိမ့်မယ်"

ဘေးက ယဲ့ချိုးပိုင်ရယ်မောလိုက်သည်။

"သူအတော်လေးနှိမ့်ချပြီးနေခဲ့တယ်လေ၊ မင်းသတိထားမိဘူးလား၊ ညီလေးရှောင်ဟိုင်ရဲ့ စရိုက်အရဆိုရင် ဒီလိုအခြေအနေမျိုးကို သူရင်ဆိုင်ရတာနဲ့ အဲဒီနေရာမှာတင် ချက်ချင်းလက်စားချေလိမ့်မယ်၊ သူရက်အနည်းငယ်ကြာ ချုပ်တည်းထားမယ်လို့ မင်းထင်လား"

မုဖူရှန်း၏ ကြက်သေသေနေသည့်မျက်နှာကို ကြည့်ရင်း ယဲ့ချိုးပိုင်သူ့ပခုံးကို အပြင်းအထန် ပုတ်လိုက်၏။

"ဒီတော့ ညီလေးရှောင်ဟိုင်အတွက် ဒီရက်အနည်းငယ်မှာ ထိန်းချုပ်ထားပြီးနေတာက တကယ်ကို နှိမ့်ချပြီးနေတာပဲ"

အနားက ရှီရှန်းနှင့်ဖန်ချန်းတို့ တက်ကြွစွာပင် ခေါင်းညိတ်ပြကြသည်။

အစ်ကိုကြီးရဲ့စကားလုံးတွေက အဓိပ္ပာယ်ရှိတယ်!

မုဖူရှန်းလည်း ဒါကိုအဓိပ္ပာယ်ရှိသည်ဟု တွေးမိသော်လည်း တစ်ခုခုမှားနေသည်ဟု ခံစားနေရသည်။

သူရက်အနည်းငယ်ကြာ ထိန်းချုပ်ထားခဲ့တယ်ဆိုပေမယ့် အခုကျတော့ရော!

အိမ်ရှေ့မင်းသားစင်မြင့်ပေါ်၌ လူအုပ်စုကြီးအား ဆွပေးနေသည့်အသွင် အော်ဟစ်နေသည့် အစ်ကိုရှောင်ဟိုင်ကို ကြည့်ရင်း မုဖူရှန်း၏မျက်နှာက တောင့်တင်းသွားပြီး မျက်လုံးထောင့်စွန်းက အဆက်မပြတ် တုန်ယင်နေသည်။

ဒါဘယ်လိုနှိမ့်ချပြီးနေတာမျိုးလဲ!

ခြံ၀င်းနံပါတ်သုံးအောက်က လူများက သူတို့လုံလောက်အောင် အားမကောင်းတာကို သိသဖြင့် ရယ်စရာသာဖြစ်နေမည်ဖြစ်လေရာ ဘယ်သူမှ ရှေ့မတက်ရဲကြပေ။

ခြံ၀င်းနံပါတ်သုံးအထက်က လူများကလည်း သူတို့တိုက်ခိုက်လျှင်ပင် အသုံးမ၀င်လေရာ ရှေ့ဆက်နေစရာမလိုပေ။

ရလဒ်အဖြစ် ရှောင်ဟိုင် နေ့တစ်၀က်ကြာ စောင့်နေသည့်တိုင် မည်သူမှ တက်မလာခဲ့ပေ။

ဥပဒေစိုးမိုးရေးခန်းမက အကြီးအကဲမှာ ချောင်းတစ်ချက်ဟန့်လိုက်ပြီးပြောသည်။

"ဘယ်သူမှဆက်ပြီး စိန်မခေါ်ချင်တော့ဘူးဆိုမှတော့......"

"မရှိဘူးလို့ ဘယ်သူပြောလဲ"

ထိုအခိုက်အတန့်မှာပင် ရဲတင်းသည့်၀တ်စုံကို၀တ်ထားပြီး အတော်လေးသူရဲကောင်းဆန်ပုံရသည့် အမျိုးသမီးတစ်ဦး ရှောင်ဟိုင်နှင့် မျက်နှာချင်းဆိုင်တွင် ပေါ်လာသည်။

ဥပဒေစိုးမိုးရေးခန်းမက အကြီးအကဲ သူမအား ကြည့်လိုက်စဉ် အနည်းငယ်တုန်ယင်သွား၏။

အောက်က အတွင်း၀င်းတပည့်များကမူ တိတ်ဆိတ်နေကြပြီး သူတို့မျက်နှာများက အမျိုးသမီးကို ကြည့်ရင်း တစ္ဆေတစ်ကောင်ကို မြင်ခဲ့သည့်အလား ရှိနေသည်။

ယုချန်းပင်လျှင်တီးတိုးလေးပြောသည်။

"အစ်မဖုန်း တကယ်ပဲတက်သွားတာလား"

အစ်မဖုန်း.....ဖုန်းယီ!

ဖြစ်နိုင်တာက ကိုယ်ပိုင်တပည့်များ၏ တည်နေရာက ဤအတွင်း၀င်းတပည့်များ သိသည့်အရာတစ်ခုမဟုတ်ပေ။ ‌ယေဘုယျအားဖြင့် ကိုယ်ပိုင်တပည့်များက အတွင်း၀င်းထဲတွင် တစ်ခါမှ မပေါ်လာကြသဖြင့် သူတို့ကိုမြင်ဖူးပြီး နာမည်သိနိုင်သောသူများက အရမ်းနည်းသည်။

သို့သော် ဖုန်းယီကတော့မတူပေ။

ဖုန်းယီက အလားတူ သို့မဟုတ် ပိုအားကောင်းသည့် အရည်အချင်းများရှိသော ကျောင်းသားများကို စိန်ခေါ်ရန်အတွက် အမြဲဆွဲခေါ်လေ့ရှိသည်။

သူမက အမှန်တကယ်ပင် မတော်တဆများစွာကို အစပျိုးပေးခဲ့သည်။

ကျောင်းတော်ထဲတွင် ဖုန်းယီက အငြင်းပွားဖွယ်ရာပုဂ္ဂိုလ်တစ်ယောက်ဟု ဆိုနိုင်သည်။

ဒါပေမယ့် အစ်မဖုန်းက အဆင့်တူ ဒါမှမဟုတ် နယ်ပယ်ပိုမြင့်တဲ့ ပြိုင်ဘက်တွေကိုပဲ တိုက်ခိုက်သင့်တာမလား!

ဘာလို့ အတွင်း၀င်းထဲက အမည်မရှိတပည့်တစ်ယောက်နဲ့ တိုက်ခိုက်ချင်ရတာလဲ!

ဥပဒေစိုးမိုးရေးခန်းမက အကြီးအကဲမှာ ပို၍ပင် မျက်မှောင်ကြုတ်လာသည်။

"ဖုန်းယီ၊ မင်းထပ်ပြီးနှောင့်ယှက်ပြန်ပြီလား၊ သူကအတွင်း၀င်းတပည့်တစ်ယောက်ဖြစ်သလို ပင်ကိုအားဖြင့် ခွန်အားအရာမှာလည်း မညီမျှဘူး၊ သူ့ကိုတိုက်ခိုက်တာက ဘာအကျိုးရှိလို့လဲ"

သို့သော် ဖုန်းယီကျယ်လောင်စွာရယ်မောသည်။

"ကျွန်မယှဉ်ပြိုင်တိုက်ခိုက်တာမျိုးကို တစ်ခါမှ ပေါ့ပေါ့ပါးပါးမလုပ်ဖူးဘူး၊ ဒါ့အပြင် ခွန်အားမတူဘူးဆိုရင်ရောဘာဖြစ်လဲ၊ ကျွန်မရဲ့နယ်ပယ်ကို ဖိနှိပ်လိုက်ရုံပဲလေ"

ထို့နောက် သူမရှောင်ဟိုင်အားကြည့်ရင်းမေးသည်။

"ဟေး၊ ရှင့်နယ်ပယ်ကဘယ်အဆင့်လဲ၊ ခန္ဓာကျင့်ကြံသူတွေနဲ့ပတ်သက်ပြီး ကျွန်မတကယ်မပြောနိုင်ဘူး"

ရှောင်ဟိုင်ပွင့်လင်းစွာပင်ပြန်ဖြေသည်။

"နတ်ဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်"

လူအုပ်စုကြီးမှာ ထိုစကားကိုကြားသောအခါ ရှောင်ဟိုင်အား တစ္ဆေတစ်ကောင်ကဲ့သို့ အမူအရာဖြင့် စိုက်ကြည့်လိုက်ကြ၏။

နတ်ဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်လား၊ လျန်ချင်း သူ့ကိုမကျော်လွှားနိုင်တာ အံ့ဩသင့်စရာမရှိတော့ပါဘူး!

နယ်ပယ်ကွာဟချက်က ကြီးမားလွန်းတာကိုး!

ဒီအခိုက်အတန့်တွင် ဖုန်းယီ၀န်းကျင်က အော်ရာက သူမကိုယ်ထဲတွင် ဖိနှိပ်ခံလိုက်ရပုံရပြီး သူမ၏နယ်ပယ်ကလည်း နတ်ဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်တွင် ရှိသွားပုံရသည်။

"အခုအဆင်ပြေပြီလား"

အကြီးအကဲစကားမပြောနိုင်ခင်မှာပင် ရှောင်ဟိုင်ခေါင်းခါယမ်းသည်။

"တကယ်တေု့ မင်းနယ်ပယ်ကို ဖိနှိပ်ထားစရာမလိုပါဘူး၊ ကျုပ်လည်း ကျုပ်ခန္ဓာကို ပုံသွင်းပြီး ပြုပြင်မွမ်းမံချင်နေတာ"

သို့စေကာမူ ဖုန်းယီ စိတ်မရှည်စွာပြောသည်။

"ကျွန်မ တူညီတဲ့နယ်ပယ်အထိ ဖိနှိပ်ထားရင်တောင် ကျွန်မမှာ တိုက်ပွဲအတွေ့အကြုံနဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေ၊ တာအိုနိယာမတွေအပေါ် နားလည်မှုတစ်ခုရှိနေတုန်းပဲ၊ ရှင့်ကျွန်မကို အနိုင်ယူနိုင်မလားဆိုတာက မသေချာသေးဘူးလေ"

စကားပြောနေစဉ် ဖုန်းယီ ‌ရှောင်ဟိုင်ထံ တိုက်ရိုက်တိုး၀င်သွားပြီဖြစ်သည်။

အပိုင်း(1301) coming။

All Chapters