← Chapters

#ဖုန်းယီ စင်မြင့်ပေါ်တက်လှမ်းလာပြီ#

Vol. 92 Ch. 1301

#ဖုန်းယီ စင်မြင့်ပေါ်တက်လှမ်းလာပြီ#

Vol. 92 Ch. 1301

ကိုယ်ပိုင်တပည့်ဖုန်းယီက အတွင်း၀င်းကျောင်းသားတစ်ယောက်ကို တက်ကြွစွာပင် စိန်ခေါ်ခဲ့သည်။

ဒီသတင်းက ဝိဉာဉ်အနှစ်သာရကျောင်းတော်တစ်ခုလုံးအတွင်း ပျံ့သွားသည်။

ပထမအကြီးအကဲ၊ ထန်ကျုံ့ကျောက်နှင့် ဒုတိယအကြီးအကဲတို့ကသာ ဖုန်းယီ ရှောင်ဟိုင်ကို စိန်ခေါ်တာက တိုက်ဆိုင်မှုတစ်ခုမဟုတ်တာ သိကြသည်။ မည်သို့ပင်ဆိုစေကာမူ ဖုန်းယီ၏စရိုက်အရ နိမ့်ကျသည့်ကျင့်ကြံခြင်းနယ်ပယ်စွမ်းအားရှိသော သူတစ်ယောက်ကို သူမတစ်ခါမှ စိန်ခေါ်မည်မဟုတ်။

ဤသည်ကို အထင်အမြင်သေးခြင်းဟု မဆိုသာပေ။ ဖုန်းယီ၏စကားလုံးအရ အားနည်းသည့်လူတစ်ယောက်ကို တိုက်ခိုက်ခြင်းက ကျေနပ်ခြင်းမရှိသလိုသာခံစားရစေသည်။

ထို့ကြောင့် ဒီတစ်ကြိမ်တွင် နိမ့်ကျသည့်နယ်ပယ်ရှိသော အတွင်း၀င်းကျောင်းသားတစ်ယောက်ကို စိန်ခေါ်ရန်အတွက် ဖုန်းယီကိုယ်တိုင် ပဏာမခြေလှမ်းလှမ်းလိုက်ခြင်းက ကျောင်းတော်မှ အားကောင်းသည့်ပုဂ္ဂိုလ်များစွာ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

မရေမတွက်နိုင်လောက်သည့်အကြည့်များ အိမ်ရှေ့မင်းသားစင်မြင့်ပေါ် ကျလာစဉ် ဖုန်းယီ၏တိုက်ခိုက်မှုက ရှောင်ဟိုင်မျက်လုံးရှေ့တွင် ပေါ်လာခဲ့လေပြီ။

သူမက အတော်လေးသိမ်မွေ့သည့် မိန်းကလေးတစ်ယောက်နှင့်တူသော်လည်း လက်သီးချက်တိုင်းက အများအပြားကွဲသွားပုံရပြီး ရှောင်ဟိုင်ရှေ့တွင် မက်မွန်ပွင့်များအား မိုးသက်မုန်တိုင်းတစ်စင်း တိုက်ခတ်နေသည့်အလား လက်သီးရပ်များစွာ ဖွဲ့နေသည်။

သို့သော်ရှောင်ဟိုင်အတွက် ထိုလက်သီးအရိပ်တစ်ခုစီတိုင်းက အစစ်အမှန်ဖြစ်ပုံရသည်။

ဒါက ကျင့်ကြံခြင်းနည်းစနစ်များ သို့မဟုတ် လက်သီးပညာရပ်တစ်ခု၏ရလဒ်မဟုတ်ဘဲ စစ်မှန်သည့် အမြန်နှုန်းနှင့် စွမ်းအားသက်သက်သာ။

ယခုလို လေ၀င်လေထွက်ကင်းမဲ့သည့် လက်သီးအရိပ်များစွာကို ထုတ်လွှတ်နိုင်ပြီး ပြင်းထန်စွာတည်ငြိမ်နေသည့် လေဟာနယ်ကိုပင် အနည်းငယ်ပုံပျက်စေခြင်းက ဖုန်းယီ၏ နက်ရှိုင်းသည့်ခွန်အားကို ပြသရန် လုံလောက်သည်။ ဒါ့အပြင် သူမက နယ်ပယ်ကို ချုပ်တည်းထားသေးသည်။

ရှောင်ဟိုင်ဘာတစ်ခုမှမပြောဘဲ သူ့ထံလှိမ့်၀င်လာသည့် လက်သီးရိပ်များစွာကိုသာ ကြည့်နေသည်။

လက်သီးချက်များ မကျရောက်လာခင်မှာပင် ရှောင်ဟိုင်၏အရေပြားက ပူလောင်သည့်နာကျင်မှုကို ခံစားရသည်။

ဒီလိုတိုက်ခိုက်မှုမျိုးကို ရှောင်ရှား၍မရပေ။ သို့သော် ရှောင်ဟိုင် ရှောင်တိမ်းရန်မကြိုးစားဘဲ ပြုံးရင်း သူ့မျက်လုံးများက အဆုံးမဲ့တိုက်ပွဲဆန္ဒနှင့်အတူ ပေါက်ကွဲသွားသည်။

ဒါက ရှောင်ဟိုင်တောင့်တနေသည့်တိုက်ပွဲပေတည်း။

သူ့ကိုယ်ပေါ်၌ မျဉ်းခုနှစ်ကြောင်းက တွားတွားသွားနေကြ၏။ ၎င်းတို့ထဲတွင် မီးတောက်နီရောင်မျဉ်းများက အထူးတလည်ထင်ရှားနေသည်။

ဒီအရာများက သန့်စင်မိုးမျှော်စင်၌ မီးလျှံမူလစွမ်းအားကို စုပ်ယူပြီးနောက် ထာ၀ရနတ်ဆိုးခန္ဓာ၏ ပထမအလွှာကို တိုးမြှင့်ပြီးသောအခါ ဖြစ်ပေါ်လာခြင်းပင်။

တစ်ချိန်တည်းမှာပင် ပြင်းထန်သည့်နတ်ဆိုးချီကလည်း ရှောင်ဟိုင်ကိုယ်ကို ရစ်ပတ်ထားပြီး ရုပ်ခွန်အားကို အကြိမ်ပေါင်းများစွာ တိုးမြှင့်ပေးလေရာ သူလက်သီးအစုံကို လျင်မြန်စွာ လွှဲယမ်းရင်း လက်သီးအရိပ်များ၏ မထိုးဖောက်နိုင်ပုံရသည့် ရံနံကို ထိုးနှက်ပစ်သည်။

မြန်ဆန်သည့်ထိုးချက်နှင့်အတူ သွေးနက်ရောင်လက်သီးအရိပ်များစွာကလည်း တစ်ချိန်တည်းတွင် ဖြစ်ပေါ်လာသည်။

၎င်းတို့က ဖုန်းယီထုတ်လွှတ်သည့် လက်သီးအရပ်များနှင့် ပြင်းထန်စွာတိုက်မိသည်။

ဘန်း...ဘန်း....ဘန်း....ဘန်း....!

အောက်ဘက်ရှိ အားနည်းသော ကျင့်ကြံခြင်းနယ်ပယ်ရှိ ကျောင်းသားများမှာ ကြက်သေသေနေကြပြီး လက်သီးအရိပ်မည်မျှခန့် တိုက်မိနေသလဲဆိုတာကိုပင် မရေတွက်နိုင်အောင်ဖြစ်နေသည်။

လက်သီးချက်များ၏ တန်ပြန်သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာသော ပေါက်ကွဲမှုများနှင့် အာကာသလှိုင်းများကိုသာ သူတို့မြင်နိုင်၊ ကြားနိုင်သည်။

ယုချန်း စူးစိုက်စွာကြည့်ရင်းမေးသည်။

"ငါ့ကိုပြောဦးဟောင်ရှန်း၊ မင်းရှင်းရှင်းလင်းလင်းမြင်နိုင်လား"

ဟောင်ရှန်းခါးသီးစွာပြုံးရင်း ခေါင်းခါယမ်းသည်။

"ငါနည်းနည်းတော့မြင်နိုင်တယ်ဆိုပေမယ့် အပြည့်အ၀မဟုတ်ဘူး"

အကယ်၍ ရှောင်ဟိုင် သို့မဟုတ် ဖုန်းယီတို့ကသာ လက်သီးချက်များကို သူတို့ခန္ဓာပေါ် အသက်ရှူကြိမ်ရေအနည်းငယ်မျှ ထိခွင့်ပေးမည်ဆိုပါက မရေမတွက်နိုင်လောက်သည့် လက်သီးများကြောင့် သူတို့ထိုးနှက်ခံရမည်ဖြစ်ကာ ရှုံးနိမ့်သွားရပေလိမ့်မည်။

အိမ်ရှေ့မင်းသားစင်မြင့်ထက်တွင် ဖုန်းယီ၏မျက်နှာထက်တွင် အေးဆေးသည့် အပြုံးတစ်ပွင့်ပေါ်လာဟည်။

"ဟမ့်၊ ကျွန်မဒါကိုတကယ်မျှော်လင့်မထားဘူး၊ ကျွန်မရဲ့အမြန်နှုန်းကို ထိန်းထားနိုင်တယ်ဆိုတော့ ရှင့်ကအတော်လေး တော်သားပဲ"

ရှောင်ဟိုင်ကလည်းပြုံးသည်။

"ထိန်းထားနိုင်တာလား၊ အခုကျုပ်ရဲ့ အမြန်နှုန်းကို ထိန်းဖို့ကြိုးစားပါဦး"

ထိုသို့ပြောပြီးနောက်တွင် ရှောင်ဟိုင်၏ လက်မောင်းများ၌ သွေးကြောများ စတင်လိမ်ယှက်လာပြီး ကိုယ်ခန္ဓာမျက်နှာပြင်ရှိ သွေးကြောများက စတင်ပြင်းထန်စွာ လောင်ကျွမ်းလာသည်။

သွေးကြောအရှုပ်အထွေးနဲ့ သွေးကြောအမျက်ဒေါသ!

သူတော်စင်နတ်ဆိုးသွေးကြောကို အသက်သွင်းပြီးနောက် ရှောင်ဟိုင်၏ သွေးကြောစွမ်းရည်က ပို၍ပင် အားကောင်းလာခဲ့သည်။

ဖုန်းယီမျှော်လင့်မထားမိသည့် တဒင်္ဂလေးမှာတင် သူမရှေ့ကလက်သီးများကို သွေးနီရောင်မီးတောက်က လွှမ်းခြုံသွားပြီး စတင်ထိုးနှက်လာသည့် လက်သီးအရိပ်များ၏ အမြန်နှုန်းက ပို၍ပင် မြန်ဆန်လာသည်။

ဒါကိုမြင်သော် ဖုန်းယီ၏အမူအရာက အနည်းငယ်ပြောင်းသွားပြီး သူမမျက်နှာထက်ရှိ အေးဆေးသည့်အပြုံးက တဖြည်းဖြည်းပျောက်ကွယ်ကာ စတင် အရှိန်ယူလာသည်။

ဤအချိန်တွင် အောက်ကလူများက လက်သီးအရိပ်များကို အမှန်တကယ်မမြင်နိုင်တော့ပါ။

အသားကို ထိမှန်နေသည့်လက်သီးသံများနှင့် သွေးနီရောင်လက်သီးသံများကိုသာ သူတို့ကြားရသည်။

"အရမ်းကောင်းတယ်၊ ကောင်လေး"

ဖုန်းယီ၏ သိမ်မွေ့သည့်အော်သံတစ်ချက်ထွက်လာပြီး မိုးကြိုးကဲ့သို့လက်သီးက ချက်ချင်းရပ်သွားကာ ဖုန်းယီ၏ပုံရိပ်က ပျောက်ကွယ်သွားလေတော့သည်။

မျက်စိတစ်မှိတ်ကာလအတွင်းမှာပင် သူမရှောင်ဟိုင်နောက်တွင် ပေါ်လာပြီး လက်သီးကို လက်ဖဝါးအဖြစ်ပြောင်းကာ လက်ညိုးနှင့် လယ်ခလယ်ကို အတူတကွပူးကပ်ရင်း ရှောင်ဟိုင်နောက်ကျောကို ထိုးစိုက်လိုက်၏။

မည်သည့်အသံမှမထွက်ခဲ့သလို သူမ၏အော်ရာကလည်း မထွက်လာခဲ့ပေ။

သို့သော် ရှောင်ဟိုင်တစ်ယောက် ချွတ်ထက်သည့်ဓားတစ်လက်နှင့် ထိုးစိုက်ခံရသည့်အလား နောက်ကျော၌ နာကျင်မှုတစ်ခုကို ခံစားရသည်။

သူ့ကိုယ်ထဲတွင် ကြီးမားသည့် အကျပ်အတည်းကာလဆိုက်သော ခံစားချက်တစ်ခုပေါ်လာသည်။

ဘိုးဘေးနယ်ပယ်တစ်ဝက်အဆင့် ကိုယ်ပိုင်တပည့်တစ်ယောက်က ဂုဏ်သတင်းနှင့် အမှန်တကယ်ကို ကိုက်ညီသည်။

နတ်ဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်ထိ ဖိနှိပ်ထားသည့်တိုင် ရှောင်ဟိုင်ထံ ယူဆောင်လာနေသည့် ပြင်းထန်သော အန္တရာယ်ခံစားချက်က ရှိနေဆဲပင်။

ဒါကိုသူအရင်က တစ်ခါမှမခံစားခဲ့ဖူးသလို တူညီသည့်ကျင့်ကြံခြင်းနယ်ပယ်က တစ်ယောက်မှ သူ့ကို မပေးနိုင်ခဲ့ပေ။

ရှောင်တိမ်းရင်း ပြန်တိုက်ခိုက်ရန်အတွက် လှည့်မည်ဆိုပါကလည်း နောက်ကျလွန်းနေလေပြီ။

သို့သော် ရှောင်ဟိုင် ရှောင်တိမ်းရန် စိတ်ကူးမထားပေ။

သူ့ကိုယ်ကတစ်ချက် တုန်ယင်သွားပြီး ပြင်းထန်သည့်နတ်ဆိုးချီက ရှောင်ဟိုင်နောက်ကျော၌ ဧရာမနတ်ဆိုးဘုရင်ပုံရိပ်ယောင်တစ်ခုအဖြစ် အလျင်အမြန် သိပ်သည်းသွား၏။

၎င်းနောက် အိမ်ရှေ့မင်းသားစင်မြင့်ပေါ်တွင်ရပ်ပြီး ကောင်းကင်ကိုပင်ထိနေသည်။

ပုံရိပ်ယောင်အထက်တွင် သွေးကြောအမျှင်များစွာရှိသည်။

ဖုန်းယီ၏ဒေါင်လိုက်‌လက်ချောင်းတိုက်ခိုက်မှုက နတ်ဆိုးဘုရင်ပုံရိပ်ယောင်အား ထိုးမိသွား၏။

ဖုန်း.......!

နတ်ဆိုးဘုရင်ပုံရိပ်ယောင်၏ကိုယ်၌ အပေါက်တစ်ပေါက် ပေါ်လာသည်။

ဒီအခိုက်အတန့်မှာပင် ရှောင်ဟိုင်လှည့်လာပြီဖြစ်ကာ လက်သီးကျစ်ကျစ်ဆုပ်ရင်း ဖုန်းယီ၏လက်ချောင်းတိုက်ခိုက်မှုကို ထိုးနှက်လိုက်သည်။

ဖုန်းယီအေးစက်စွာ နှာမှုတ်ရင်း နောက်ထပ်လက်ချောင်းသုံးချောင်း ဖြန့်လိုက်သောအခါ လက်ဖဝါးက ထိပ်တိုက်တွေ့ဆုံသည်။

ဘန်း......!

တိုးညင်းသည့် အသံတစ်သံက အိမ်ရှေ့မင်းသားစင်မြင့်အတွင်း ပဲ့တင်ထပ်သွားသည်။

တစ်ကြိမ်တိုက်ခိုက်ပြီးနောက် နှစ်ယောက်စလုံးနောက်ဆုတ်လိုက်ရသည်။ သို့သော် ရှောင်ဟိုင်က ဆယ်လှမ်းဆုတ်လိုက်ရပြီး ဖုန်းယီကမူ ရှစ်လှမ်းဆုတ်လိုက်ရသည်။ သူတို့၏ကွာဟချက်က အရမ်းကြီး သိသာထင်ရှားခြင်းမရှိတော့ပါ။

‌ဖုန်းယီ နေရာတွင်ပင်ရပ်နေပြီး ကိုယ်ထဲက ရှုပ်ထွေးနေသည့်သွေးချီကို တည်ငြိမ်အောင် လုပ်နေသည်။ ရှောင်ဟိုင်အား အံ့ဩသင့်နေသည့် အမူအရာဖြင့် ကြည့်ရင်း သူမပြောသည်။

"ရှင့်ခွန်အားက ဒီလောက်ထိ နက်ရှိုင်းလိမ့်မယ်လို့ ကျွန်မမမျှော်လင့်ထားခဲ့မိဘူး"

နယ်ပယ်ဖိနှိပ်ထားလျှင် ကိုယ်ခွန်အား၊ ကျင့်ကြံခြင်းနည်းစနစ်များအပေါ် နားလည်မှုနှင့် တာအိုနိယာမအပေါ် အသိအမြင်က မဖိနှိပ်ထားစဉ်ကကဲ့သို့ အကောင်းပကတိကျန်နေဆဲပင်။

ထို့ကြောင့် ယုတ္တိတန်စွာဆိုရပါက နတ်ဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်တွင်ပင် ဖုန်းယီရှောင်ဟိုင်ထက် အများကြီးပိုအားကောင်းသည်။

သို့သော်ယခုတွင်မူ တိုက်ချက်အကြိမ်ရေအနည်းငယ်ဖလှယ်ပြီးသောအခါ ရှောင်ဟိုင်က အခွင့်မသာမှုထဲတွင် ရှိနေပုံမပေါ်ပါ။

"ကြည့်ရတာ ကျုံ့ကျောက်ပြောတာက တကယ်မှန်နေပုံပဲ"

ရှောင်ဟိုင်အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ဖုန်းယီကို အပြုံးဖြင့်ကြည့်လိုက်သည်။

"မင်းနယ်ပယ်ကို မဖိနှိပ်ဘဲ ကြိုးစားလို့ရတာပဲ"

ဖုန်းယီပြုံးလိုက်သည်။

"ရှင့်ကယုံကြည်မှုရှိနေတာ သေချာနေပုံပဲ"

"ကျွန်မကိုခွန်အားအပြည့်ထုတ်စေချင်တယ်ဆိုရင်တော့ ဒီလှုပ်ရှားမှုကို ကြည့်လိုက်၊ ရှင့်ခုခံနိုင်တယ်ဆိုရင် ကျွန်မရှင့်ကို တွေ့ကြုံခံစားခွင့်ပေးမယ်"

ရှောင်ဟိုင်ခေါင်းညိတ်သည်။

ဖုန်းယီ၏အော်ရာက သူမလက်ဖဝါးပေါ်၌ စတင်စုစည်းလာပြီး အင်မော်တယ်အော်ရာက ပွင့်ဖတ်များကဲ့သို့ ပျံ့နေပုံရသည်။

"ဒီလက်ဖဝါးချက်က ကျွန်မကိုယ်တိုင် တီထွင်ထားတဲ့ လက်ဖဝါးကျင့်စဉ်တစ်ခုပဲ၊ ဒါကို ပန်းကြွေလက်ဖဝါးလို့ခေါ်တယ်"

စကားပြောပြီးမကြာမီ ဖုန်းယီ၏ပုံရိပ်က ထိုနေရာမှ ပျောက်ကွယ်သွား၏။ ရှောင်ဟိုင်တင်းမာသွားကာ မသိစိတ်က အထက်ကောင်းကင်ကို မော့ကြည့်လိုက်မိသည်။

ဖုန်းယီ၏ပုံရိပ်က ကောင်းကင်ထက်တွင်ပေါ်လာပြီး ခေါင်းကမြေပေါ်သို့ ဦးတည်နေရင်း လက်ဖဝါးကို ရှောင်ဟိုင်ထံ ညင်သာစွာ ဖိချလိုက်၏။

ရုပ်အသွင်ရှိသည့် မည်သည့်လက်ဖဝါးချက်မှ မပေါ်ပေါက်လာခဲ့ပေ။

ဘန်း......!

ရှောင်ဟိုင်၏ကိုယ်က အပြင်းအထန်တုန်ယင်သွားပြီး မျက်လုံးကပြူးကျယ်သွားကာ ခြေထောက်များက ပြိုလဲကျလုနီးပါး၊ ဒူးထောက်မတတ်ပင် ဖြစ်သွားရသည်။

သူ့၀န်းကျင်က မြေကြီးက တစ်လက်မချင်းစီပြိုနေသည်။ အကယ်၍ အပေါ်ကနေ ကြည့်မည်ဆိုပါက ရှောင်ဟိုင်၀န်းကျင်၌ ပြိုကျနေသည့် မြေကြီးက ကြာပန်းပုံအသွင်တစ်ခုကို ရယူနေတာကို ရှင်းလင်းစွာ မြင်နိုင်သည်။

ရှောင်ဟိုင်က ကြာပန်းအလယ်ဗဟိုတည့်တည့်တွင် ရှိသည်။

"ဟမ့်၊ ရပ်လိုက်တာလား၊ ဒါဆိုရ....."

စကားပြော၍မပြီးသေးခင်မှာပင် ဖုန်းယီ၏မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွားသည်။

ရှောင်ဟိုင်နောက်ရှိ နတ်ဆိုးဘုရင်ပုံရိပ်ယောင်က သူမကျောအား ထိုးနှက်လာသည်။

လက်သီးချက်အထက်တွင် သွေးများက ဆူပွက်နေသည်။

ဖုန်းယီအလျင်အမြန်လှည့်လိုက်ပြီး လက်သီးချက်ကို ရှောင်ရှားရန်အတွက် ပန်းကြွေလက်ဖဝါးက နောက်တစ်ကြိမ် ကျဆင်းလာပြန်သည်။

ရုတ်တရက် သူမနားထဲသို့ အသံတစ်သံရောက်လာသည်။

"မင်း အစစ်အမှန်စွမ်းအားကို ထုတ်ဖော်သင့်တယ်"

ဖုန်းယီ၏မျက်လုံးအစုံ ပြူးကျယ်သွားစဉ် ချက်ချင်းဆိုသလို သူမနောက်တွင် ရုတ်တရက်ပေါ်လာသည့် ရှောင်ဟိုင်ကြောင့် လေထဲကနေ အောက်သို့ ပစ်ချခံလိုက်ရသည်။

အပိုင်း(1302) coming။

All Chapters