← Chapters

#နတ်ဆိုးဆင်းသက်ခြင်း၊ ကောင်းကင်ဖျက်ဆီးသူ#

Vol. 92 Ch. 1302

#နတ်ဆိုးဆင်းသက်ခြင်း၊ ကောင်းကင်ဖျက်ဆီးသူ#

Vol. 92 Ch. 1302

"ကြည့်ကြည့်၊ အဲဒီအထက်ကလူတွေက... ကိုယ်ပိုင်တပည့်တွေမလား"

"ဟုတ်တယ်ဟ၊ အစ်ကိုချီယွမ်ကလည်း သူတို့ထဲမှာပါတယ်၊ ဒီတိုက်ပွဲက ဒီလောက်များပြားတဲ့ ကိုယ်ပိုင်တပည့်တွေကို ဆွဲဆောင်သွားလိမ့်မယ်လို့ ငါမျှော်လင့်မထားခဲ့ဘူး"

အောက်က အတွင်း၀င်းကျောင်းသားများက ကောင်းကင်ပေါ်ရှိ လူအနည်းငယ်ကို ကြည့်ရင်း အားလုံးထိတ်လန့်သွားကြ၏။

လက်ရှိအချိန်တွင် အထက်က ထိုကိုယ်တိုင်တပည့်များက အိမ်ရှေ့မင်းသားစင်မြင့်ပေါ်က အခြေအနေကို ဆွေးနွေးနေကြပုံပင်။

"ဒီအထူးစုဆောင်းထားတဲ့တပည့်သစ်က အတော်လေးအားကောင်းတာပဲ၊ ဒီပွဲပြီးရင် အကြီးအကဲတစ်ယောက် သူ့ကို တပည့်အဖြစ်လက်ခံလိမ့်မယ်လို့ ထင်တယ်"

"ဟမ်၊ သူကတကယ်ကိုအထင်ကြီးစရာပဲ၊ လျှို့ဝှက်နယ်မြေမှာ သူ့ရဲ့စွမ်းဆောင်ရည်ကလည်း မိုက်တယ်လို့ ငါကြားခဲ့တယ်၊ သူဒုတိယ ထန်ကျုံ့ကျောက်ဖြစ်လာနိုင်တယ်"

"ပထမအကြီးအကဲနဲ့ ဒုတိယအကြီးအကဲကြားက ကိစ္စတွေကိုရော ကြားဖူးကြရဲ့လား၊ ဖုန်းယီက ပထမအကြီးအကဲကို ထောက်ပံ့ဖို့အတွက် ဒီကျောင်းသားသစ်ကို စိန်ခေါ်ဖို့အတွက် တာ၀န်ယူခဲ့တာလို့ထင်တယ်၊ ဒါပေမယ့် သူဒီလောက်ထိ အားကောင်းလိမ့်မယ်လို့တော့ မျှော်လင့်မထားခဲ့လောက်ဘူး"

"မဖြစ်နိုင်တာ၊ မင်းတို့က အမြဲလိုလိုကျင့်ကြံနေတော့ မင်းတို့ကို မမြင်ရဘူးလေ၊ ဟုတ်တယ်မလား၊ တံခါးပိတ်ကျင့်ကြံခြင်းကာလမှာတောင် မင်းတို့ အတင်းအဖျင်းပြောနိုင်သေးတာလား၊ နေရာတိုင်းမှာ မြင်နိုင်၊ ကြားနိုင်တဲ့ နားတွေ၊ မျက်လုံးတွေရှိတယ်ဆိုတာကိုလည်း သိထားဦး"

သူတို့ပြောတာကလည်းမမှားပေ။ ဖုန်းယီ ရှောင်ဟိုင်ကို စိန်ခေါ်တာက ထန်ကျုံ့ကျောက်ပြောသည့် ရှောင်ဟိုင်၏ စရိုက်က သူမနှင့်နည်းနည်းဆင်ပြီး ကြီးမားသည့် ပါရမီကိုလည်း ပိုင်ဆိုင်ထားသည်ဆိုသော စကားလုံးအနည်းငယ်ကြောင့်မဟုတ်ပါ။

အဘယ်ကြောင့်ဆိုသော် လူထုအမြင်၏ဖိအားက လက်ရှိပထမအကြီးအကဲဘက်တွင် ရှိနေသောကြောင့်ပင်။ အကယ်၍ အသစ်စုဆောင်းထားသည့် ကျောင်းသားသစ်များ၏ ပါရမီနှင့်ခွန်အားက မထူးခြားနေပါက ပထမအကြီးအကဲ ဂုဏ်သတင်းအများကြီး ဆုံးရှုံးရပေလိမ့်မည်။

ဖုန်းယီ၏စိန်ခေါ်မှုက ပြင်းထန်သည့်တိုက်ပွဲအပြီး အရာအားလုံးကို အဆုံးသတ်ရန်အတွက်လည်း ရည်ရွယ်ထားသည်။

တပည့်အသစ်များက ကျောင်းတော်တွင် ၀င်လာကြပြီး ကိုယ်ပိုင်တပည့်တစ်ဦးနှင့် တန်းတူအဆုံးသတ်သွားခဲ့သည်။

ဖုန်းယီ သူမ၏စွမ်းအားအပြည့်ကို ထိန်းချုပ်ထားသည့်တိုင် ဒါက မိုးနှင့်မြေကိုပင် တုန်ခါစေသည့် ကိစ္စတစ်ခုဖြစ်နေဆဲပင်။

ထိုအချိန်တွင် အများပြည်သူများ၏ အမြင်သဘောထားဖိအားကလည်း လုံး၀ပြောင်းပြန်ဖြစ်သွားပေလိမ့်မည်။

သို့သော် ယခုကြည့်ရသည်မှာ သူမအဆုံးထိသွားရတော့မည့်ပုံပင်။

ဖုန်းယီ အိမ်ရှေ့မင်းသားစင်မြင့်ပေါ်၌ ဆောင့်ကြောင့်ထိုင်ရင်း ပါးစပ်ထောင့်က သွေးကိုသုတ်ပြီးနောက် ရှောင်ဟိုင်အား ကြည့်ကာ လေးနက်သည့်အသံဖြင့်ပြောသည်။

"ကြည့်ရတာ ရှင့်ခွန်အားက ရှင့်နယ်ပယ်ထက် အများကြီးသာလွန်နေပုံပဲ"

သူမလှုပ်ရှားသည့်အချိန်၊ သူမကို ထိခိုက်စေခဲ့သည့်အမှား၊ အစရှိသည့်အရာအားလုံးက လုံး၀ပြီးပြည့်စုံနေသည်။

ရှောင်ဟိုင်ကလည်း သူ့နောက်ရှိ ဧရာမနတ်ဆိုးဘုရင်ပုံရိပ်ယောင်နှင့်အတူ ဆင်းသက်ကာ ဖုန်းယီအားကြည့်သည်။

"ကျုပ်ပြောခဲ့သားပဲ၊ ကျုပ်ခွန်အားကို မင်းကိုင်တွယ်နိုင်မှာမဟုတ်ဘူး၊ မင်းသာ ထိန်ချန်မထားဘူးဆိုရင် ကျုပ်မင်းကို အနိုင်မယူလောက်နိုင်ဘူးဆိုပေမယ့် ထိန်ချန်ထားခဲ့တော့ မင်းက ကျုပ်ရဲ့ပြိုင်ဘက် လုံး၀မဟုတ်ဘူး"

ထိုစကားကို ကြားသောအခါ အထက်က ကိုယ်ပိုင်တပည့်များအားလုံး အေးစက်သည့်လေကို ရှူသွင်းလိုက်ကြ၏။

"ကျောင်းသားသစ်လေးက အဲဒီတိုက်ပွဲရူးဖုန်းယီကို ဒီလိုအရာမျိုးတကယ်ပြောရဲတာလား"

"ကြည့်ရတာ ဖုန်းယီရူးသွပ်သွားတော့မယ့်ပုံပဲ"

သူတို့ပြောပြီးသည်နှင့်တစ်ပြိုင်နက် ဖုန်းယီ၏ပါးစပ်ထောင့်စွန်းက ကွေးညွတ်သွားပြီး အပြုံးနှင့်အတူ နှင်းဖြူရောင်သွားများအား ပြသလိုက်၏။

"ဟမ့်၊ အရမ်းသေချာနေတယ်ပေါ့" ဖုန်းယီဖြည်းဖြည်းလေးထရပ်ပြီး ရှောင်ဟိုင်ထံ တစ်လှမ်းချင်းလျှောက်သွားသည်။

လှမ်းလိုက်သည့်ခြေလှမ်းတိုင်းနှင့်အတူ သူမကိုယ်ထဲက အင်မော်တယ်စွမ်းအင်က ပေါက်ကွဲနေသည်။

သူမဖိနှိပ်ထားသည့်နယ်ပယ်ကလည်း အင်မော်တယ်စွမ်းအင်ပေါက်ကွဲမှုနှင့်အတူ ဖြည်းဖြည်းချင်း ကောင်းမွန်လာသည်။

"ကြည့်ရတာ ရှင့်က ကျွန်မကို အနိုင်ယူမယ့် စိတ်ထားနဲ့ ဒီကိုလာခဲ့ပုံပဲ၊ ဒီလိုစိတ်ထားမျိုးရှိတာက ကောင်းတယ်၊ ကျွန်မတို့လိုကျင့်ကြံသူတွေမှာ ဒီလိုပြိုင်ဘက်ကင်းစိတ်ထားမျိုးရှိသင့်တယ်" တကယ်တမ်းတွင် ဖုန်းယီ၏စကားလုံးများက အမျိုးသမီးတစ်ယောက် ပြောသင့်သည့် စကားလုံးများမဟုတ်ပေ။

"ကျွန်မတို့အဖွဲ့အစည်းက အဲဒီကိုယ်ပိုင်တပည့်တွေအားလုံးက ပျော့ပျောင်းတဲ့ တရုတ်စပျစ်သီးတွေလိုပဲ ငါ့လိုမိန်းကလေးတစ်ယောက်ထက် ပိုမိန်းမသားဆန်ကြတယ်"

အထက်က ကိုယ်ပိုင်တပည့်များ၌ ကိုးရိုးကားယားနိုင်လှသည့် အမူအရာများရှိနေကြပြီး အကြည့်များက ထူးဆန်းနေကြ၏။

မဖြစ်နိုင်တာ၊ ငါတို့သာမင်းကို မနိုင်ဘူးဆိုရင် အဆင်ပြေတယ်၊ ဒါပေမယ့် မင်းကို နိုင်တာနဲ့ မင်းက ငါတို့ခြံ၀င်းရှေ့မှာ နေ့တိုင်းလာပိတ်ဆို့ထားတယ်လေ၊ ငါတို့သာ သနားညှာတာပေးဖို့မတောင်းဆိုရင် မင်းနေ့တိုင်းလာနေမှာပဲလေ!

ဖုန်းယီ တတိယခြေလှမ်းကိုလှမ်းလိုက်သောအခါ ဘိုးဘေးနယ်ပယ်တစ်၀က်အဆင့်ဖိအားက ရှောင်ဟိုင်အပေါ် အပြည့်အ၀ ကျဆင်းလာသည်။

ရှောင်ဟိုင်၏ မလှုပ်ရှားသေးသည့်ကိုယ်ကို ကြည့်ရင်း ဖုန်းယီပြုံးသည်။

"ရှင့်လည်းခွန်အားအပြည့်မသုံးရသေးဘူးမလား၊ ရှင့်မှာဘာရှိသလဲဆိုတာ ကြည့်ရအောင်"

ထိုစကားနှင့်အတူ ဖုန်းယီအဝေးတစ်နေရာကနေ ရှောင်ဟိုင်ထံ လက်ဖဝါးချက်တစ်ချက် ပို့လွှတ်လိုက်၏။

သို့သော် လက်ဖဝါးချက်က ရုပ်ဒြပ်မရှိပါ။

ရှောင်ဟိုင်၏မျက်လုံးများက အနည်းငယ်စူးရှသွားပြီး လက်အစုံက ရင်ဘတ်ရှေ့တွင် ကန့်လန့်ဖြတ်ထားလိုက်၏။

ဘန်း......ခရက်ခ်.....!

ရှောင်ဟိုင် ခြေလှမ်းဒါဇင်နှင့်ချီ ဆုတ်လိုက်ရပြီး သူ့လက်က ခါးနေရာသို့ စွမ်းအားကင်းမဲ့စွာ တွဲလောင်းကျနေသည်။

ပန်းကြွေလက်ဝါး!

ဖုန်းယီ ရှောင်ဟိုင်ကိုကြည့်ရင်း ခပ်ယဲ့ယဲ့ရယ်မောကာပြောသည်။

"ရှင့်လက်တစ်ဖက်ဆုံးရှုံးသွားပြီ၊ တိုက်ခိုက်နိုင်သေးရဲ့လား"

ရှောင်ဟိုင်၏ ဒဏ်ရာရထားသည့်လက်မောင်းက အပူငွေ့များကိုထုတ်လွှတ်ပြီး မူလအခြေအနေသို့ လျင်မြန်စွာ ပြန်ရောက်သွားတာကို မြင်ရသောအခါ ဖုန်းယီ၏ မျက်လုံးအစုံက အံ့ဩသင့်မှုကြောင့် ပြူးကျယ်သွားပြီး ရှောင်ဟိုင်ထံ နောက်ထပ်လက်ဝါးချက်တစ်ချက် ပို့လွှတ်လိုက်သည်။

ဒီတစ်ကြိမ်တွင်မူ ရှောင်ဟိုင်ဒေါသတကြီးအော်ဟစ်သည်။ သူ့တစ်ကိုယ်လုံးကို နတ်ဆိုးဘုရင်ချပ်၀တ်က ဖုံးလွှမ်းသွားပြီး ကိုယ်ပေါ်၌ သွေးကြောက စတင်လျင်မြန်စွာ ဆူပွက်လာကာ သွေးချီက ကိုယ်တစ်ဝိုက်တွင် စတင်ပေါ်လာပြီး အထဲတွင် မြွေလေးတစ်ကောင်ပမာ စီးဆင်းနေသည့် ရွှေရောင်အမျှင်စတစ်ခုရှိသည်။

သွေးကြောက လုံး၀ပေါက်ကွဲသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှောင်ဟိုင် လက်သီးနှစ်ချက်လုံးကို ရှေ့သို့ပစ်လွှတ်လိုက်၏။

နောက်တဒင်္ဂ၌ ရှောင်ဟိုင်ထပ်မံလွင့်စင်သွားသော်လည်း ဒီတစ်ကြိမ်တွင်မူ သူ့လက်က မကျိုးသွားခဲ့ပေ။

ဖုန်းယီ မျက်ခုံးကြုံ့လိုက်မိသည်။

ရှောင်ဟိုင်သွေးကြောစွမ်းအားနှင့် ပေါက်ကွဲသွားသောအခါ သူမကိုယ်ထဲကသွေးက အမှန်တကယ် တုန်ခါနေတာကို ဖုန်းယီခံစားရသည်။ သူမ၏နှလုံးခုန်သံက ရှောင်ဟိုင်ကို အညံ့ခံချင်သည့်အလား စတင်ကစုန်ဆိုင်းနေသည်။

ဒါဘယ်လိုသွေးကြောမျိုးလဲ!

"ဒါက ရှင့်အရမ်းအားကောင်းရတဲ့ အကြောင်းရင်းပေါ့" ဖုန်းယီ၏ ပါးစပ်ထောင့်စွန်းက ရုတ်တရက်မြင့်တက်သွား၏။

"ကြည့်ရတာ ကျွန်မသာ ခွန်အားကို ဆက်လက်ထိန်းသိမ်းထားနေမယ်ဆိုရင် ရှင့်ပြိုင်ဘက်တကယ်မဖြစ်နိုင်လောက်ဘူး"

ရှောင်ဟိုင်တစ်ကိုယ်လုံးက အဖြူရောင်အငွေ့များကို ထုတ်လွှတ်နေပြီး ဒဏ်ရာများကို ပြန်ပြုပြင်ပေးနေသလို ရုပ်ခွန်အားကိုလည်း တိတ်တိတ်လေးမြှင့်တင်ပေးနေသည်။

ရှောင်ဟိုင် ဖြောင့်ဖြောင့်ရပ်ကာ စိတ်ပျက်နေသည့်အရိပ်အယောင်မပါဘဲ ဖော်ပြ၍ မရနိုင်လောက်အောင် စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် ဖုန်းယီအားကြည့်လိုက်သည်။

ရှောင်ဟိုင်ကျယ်လောင်စွာရယ်မောရင်း အော်ဟစ်သည်။

"ဆက်တိုက်မယ်"

ထို့နောက် သူဖုန်းယီထံ တည့်တည့်ပြေး၀င်သွား၏။

ဖုန်းယီခေါင်းညိတ်ရင်း ရှောင်ဟိုင်ထံ လက်ဖဝါးချက်များကို တစ်ချက်ပြီးတစ်ချက် ပို့လွှတ်နေသည်။

အကြိမ်တိုင်းတွင် ရှောင်ဟိုင်တစ်ယောက် လွင့်စင်သွားရသည်။

သို့စေကာမူ ရှောင်ဟိုင်လွင့်စင်သွားနေသည့် အကွာအဝေးက တဖြည်းဖြည်းတိုတောင်းလာနေတာကို တွေ့မိသွားကြသဖြင့် တစ်ချို့လူများက ထိတ်လန့်သွားကြ၏။

အထက်က ကိုယ်ပိုင်တပည့်များကလည်း မျက်မှောင်ကြုတ်လိုက်ကြသည်။

"ကြည့်ရတာ သူလွင့်ထွက်သွားတဲ့အကြိမ်တိုင်း သူ့ခွန်အားက နည်းနည်းစီ တိုးလာပုံပဲ"

"ဒါဘယ်လိုကောင်းကင်ဘုံကိုတောင် ဆန့်ကျင်နိုင်တဲ့ ရုပ်ခန္ဓာမျိုးလဲ၊ အဲဒါက သူ့သွေးကြောစွမ်းအားနဲ့ ဆက်နွှယ်နေတာများလား"

"ခေးအောစ့်နယ်မြေမှာ ဘယ်တုန်းက ဒီလိုသွေးကြောမျိုး ရှိသွားရတာလဲ"

ဖုန်းယီ၏အမူအရာကလည်း တဖြည်းဖြည်းသုန်မှုန်သွားလေတော့သည်။

"ရှင့်ကျွန်မကို လေ့ကျင့်ဖို့ အသုံးချနေတာလား"

ရှောင်ဟိုင်စကားမပြောဘဲ ဖုန်းယီထံ ဆက်လက်ပြေး၀င်သွားပြန်သည်။

ဒါကိုမြင်သော် ဖုန်းယီလက်ဖဝါးပေါ်၌ ပန်းကြွေအင်မော်တယ်စွမ်းအင်က ထပ်မံစုစည်းလာပြီး ဒီတစ်ကြိမ်တွင် အနည်းငယ်ကြာကြာသိပ်သည်းနေလေရာ အိမ်ရှေ့မင်းသားစင်မြင့်တစ်ဝိုက်က လူတိုင်းအား ဖိနှိပ်သည့်ခံစားချက်တစ်ခုကို ခံစားရစေသည်။

ဒီလက်ဖဝါးချက်က ဘိုးဘေးနယ်ပယ်သို့ တစ်လှမ်းရှိနေပြီဖြစ်သည့် အားအပြည့်ဖြစ်လောက်သည်။

ဤသည်ကိုမြင်သောအခါ ရှောင်ဟိုင် သွေးကြောကို ပို၍ပြင်းထန်စွာပင် လောင်ကျွမ်းပစ်စေသည်။

ထိုအခိုက်အတန့်မှာပင် သွေးကြောအမျက်ဒေါသက အမြင့်ဆုံးသို့ ရောက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူညာလက်သီးကို တင်းတင်းဆုပ်လိုက်၏။ ထိုစဉ် ၎င်းအား သွေးမီးတောက်များက လွှမ်းခြုံသွားပြီး နတ်ဆိုးချီများက ပို၍ပင်ထွက်လာကာ အထဲက သွေးမီးတောက်များအား ရစ်ပတ်ထားသည်။ ထိုနတ်ဆိုးချီအမျှင်စများက အနက်ရောင်ချပ်ပြားတစ်ပြားအဖြစ် သိပ်သည်းသွားပုံရသည်။

ဖုန်းယီ လက်ဖဝါးချက်ကို ရိုက်ထုတ်လိုက်သောအခါ ရှောင်ဟိုင်ကလည်း လက်သီးချက်အား ရှေ့သို့ ပစ်ခွင်းလိုက်၏။

"နတ်ဆိုးဆင်းသက်ခြင်း၊ ကောင်းကင်ဖျက်ဆီးသူ"

ထိုလက်သီးချက်၏စွမ်းအားနှင့်အတူ နတ်ဆိုးနက်ချီက ကောင်းကင်ပေါ် ထိုးတက်သွားသည်။ ကောင်းကင်ထက်တွင် ချပ်ပြားနက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံးကို ချေမွပစ်ချင်နေသည့်အလား စတင်လည်ပတ်နေသည်။

အပိုင်း(1303) coming။

All Chapters