← Chapters

အခန်း (၂၂၆)

Vol. 17 Ch. 226

အခန်း (၂၂၆)

Vol. 17 Ch. 226

ချောင်ရှောင်းသည် တကယ်တမ်းတွင် ရွှေဒင်္ဂါး ငါးသောင်းကျင်းလောက်ကိုသာ မြင်ခဲ့သည်ဟု ပြောဆိုခဲ့၏။ သို့ပေမည့် သူတို့၏ပါးစပ်ထဲသို့ ရောက်သည့်အချိန်မှာတော့ ရွှေကျင်းပေါင်း တစ်သိန်းကျော်အဖြစ်သို့ ပြောင်းလဲ သွားခဲ့၏။

“ကျင်းမိသားစုကတော့ ရှုံးနိမ့်ပြီပဲ။ သူတို့က ဒီလိုရှုံးနိမ့်တဲ့လူဖြစ်တာကြောင့် ရွှေဒင်္ဂါးတွေကို ပိုင်ဆိုင်ဖို့ ထိုက်တန်တဲ့လူတွေ မဟုတ်ဘူး။ ရွှေဒင်္ဂါးတွေအကုန်လုံးကို ငါတို့ပြန်ယူရမယ်။”

“ကျင်းမိသားစုမှာရှိတဲ့ လူတွေ အကုန်လုံးကို သတ်ပစ်ရမယ်။ ကျင်းမိသားစုမှာရှိတဲ့မိန်းမတိုင်းကို သွားပြီးမုဒိမ်းကျင့်ရမယ်။”

“ပင်လယ်ပြင်က ကျွန်းတွေအကုန်လုံးက ငါတို့ရဲ့ အမဲလိုက် ကွင်းပြင်ပဲ။ ကျင်းမိသားစု ဆီက မိန်းကလေးအခန်းတွေအားလုံးက ငါတို့အတွက် ဆောင်ကြာမြိုင်ပဲ”

“သတ်စမ်း၊ အားလုံးကို မီးရှို့၊ အားလုံးကို မုဒိန်းကျင့်၊ အားလုံးကိုလု”

အခြေအနေတစ်ခုလုံးသည် အုတ်အောင်သောင်းနင်း ဖြစ်လာခဲ့၏။

“ဝူး.. ဝူး” ပင်လယ်ဓားပြပေါင်း နှစ်သောင်းကျော်တို့သည် စိတ်အားတက်ကြွလာခဲ့ကြ၏။ ၎င်းတို့သည် ရင်ဘတ်ကြီးကိုထု၍ အော်ဟစ်နေကြ၏။ တချို့ ရူးသွပ်နေသည့် ပင်လယ်ဓားပြ တချို့ဆိုလျှင် ၎င်းတို့၏ လျှာနှင့် ဓားသွားကိုပင် လျက်ခဲ့ကြ၏။ သွေးများသည် ပါးစပ်ထဲတွင် ပြည့်နှက်သွားသည်။

တချို့သော ပင်လယ်ဓားပြများသည် ကိုယ်တုံးလုံး ချွတ်ကာဖြင့် ဘောင်းဘီကို လေထဲသို့ ဝှေ့ယမ်း၍ အော်ဟစ်လျက် ရှိနေ၏။

“အားလုံးကိုသတ်၊ အားလုံးကို မီးရှို့၊ အားလုံးကို မုဒိန်းကျင့်” ပင်လယ်ဓားပြပေါင်း သုံးသောင်းကျော်က အော်ဟစ်နေကြသည်။

“သတ်မယ်၊ လုမယ်၊ ကျင့်မယ်”

“ထွက်ကြမယ်”

ပင်လယ်ဓားပြဘုရင်၏အမိန့်အောက်တွင် များပြားလွန်းသည့် ရွက်သင်္ဘောများတို့သည် ဝမ်ကျားကျွန်းဆီသို့ ဦးတည်လျက် ရှိနေကြ၏။

ချောင်ယောင်းအာသည် ဤမြင်ကွင်းကို စက်ဆုတ် ရွှံရှာစွာ ကြည့်ရှုလျက်ရှိနေ၏။ ပင်လယ်ဓားပြများသည် ဤကဲ့သို့ လူများဖြစ်၏။ ကံဆိုးစွာဖြင့် သူမသည် အားလုံးကို သတ်ပစ်၍ မရနိုင်ခဲ့ချေ။ လောကထဲတွင် ဤကဲ့သို့ လူရှုပ်၊ လူပွေနှင့် ကလေကချေများ များပြားလွန်းလှချေ၏။ သူမ၏ မွေးစားအဖေ ချောင်ထျန်းဝေသည် သူမ၏ အသက်ကို ကယ်တင်ခဲ့သည့်အတွက် ကျေးဇူးကြွေးရှိနေ၏။ မဟုတ်ပါက ချောင်ယောင်းအားသည် သူမ၏ တိုက်ရိုက်တပည့် နှစ်ထောင်ကို ခေါ်ဆောင်၍ ဤနေရာမှ ထွက်ခွာသွားမိမှာ သေချာသည်။

ရွက်သင်္ဘောများ မထွက်ခင်မှာပဲ ချောင်ထျန်းဝေက သတိတရ မှာလိုက်၏။ “ယောင်းအာ... နုရှောင့်မြို့ကို မင်းလက်ထဲမှာ ထားခဲ့မယ်။ စစ်သည်ပေါင်း သုံးထောင်ကျော်က လုံလောက်ရဲ့လား”

“လုံလောက်ပါတယ်” ချောင်ယောင်းအာက ပြောလိုက်သည်။

ချောင်ထျန်းဝေက ပြောလိုက်၏။ “ဒါဆိုရင် မင်းကို ငါ ယုံကြည်ပါတယ်။ မင်းက တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ လူတစ်ယောက်ပဲ”

ချောင်ယောင်းအာက ပြောလိုက်သည်။ “မွေးစားအဖေ.. ပြန်ရောက်လာတဲ့အချိန်ကျရင် ကျွန်မ ထွက်သွား တော့မယ်”

ပင်လယ်ဓားပြဘုရင် ချောင်ထျန်းဝေသည် မျက်မှောင်ကုတ်သွားမိ၏။ “ငါ ပြန်လာတဲ့အထိ စောင့်အုံး”

ပြီးနောက် သူသည် ကြီးမားလွန်းသည့် ရွက်သင်္ဘောများကို ဦးဆောင်ကာဖြင့် အရှေ့ဆီသို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်၏။ ဤရွက်သင်္ဘောများသည် လူတစ်ထောင်ခန့်စီကို သယ်ဆောင်သွားခဲ့ကြ၏။ စုစုပေါင်း ‘ချောင်’ ဟူသည့် အလံကို စိုက်ထူထားသည့် ရွက်သင်္ဘောများသည် ရာနှင့်ချီကာ ရှိလေသည်။

“ထွက်ကြမယ်”

သူ၏ အမိန့်ပေးမှုအောက်မှာပဲ ရှိရှိသမျှသော ရွက်သင်္ဘောများသည် ဝမ်ကျားကျွန်းဆီသို့ ဦးတည်လျက် ရှိနေကြ၏။ ခပ်ဝေးဝေး တည်နေရာဆီသို့ ရောက်ရှိသည့်အချိန်မှာတော့ ချောင်ထျန်းဝေသည် မည်သို့မှ မနေနိုင်ဘဲ သူ၏ရဲတိုက်ကြီးဆီသို့ လှမ်းကာကြည့်ရှုလိုက်၏။ သူ၏ရဲတိုက်ကြီးသည် တကယ့်ကို မာကျောပြီး ဆန်းကြယ်လွန်း၏။ သူ၏ အခြေခံလည်း ဖြစ်သည် မဟုတ်ပါလား။

..............

“ပြန်ကြစို့” ချောင်ယောင်းအာကပြောလိုက်၏။ ပြီးနောက် သူမသည် အသာလှည့်ကာဖြင့် မြင်းပေါ်သို့ ခုန်တက်လိုက်၏။ သူမ၏ နောက်တွင်ရှိနေသည့် စစ်သည်ပေါင်း တစ်ရာကျော်တို့သည် ညီညီညာညာနှင့် သူမနောက်သို့ လိုက်ပါလာခဲ့ကြ၏။

လမ်းပေါ်တွင်ရှိနေသည့် လူပေါင်းများစွာတို့သည် မြေပေါ်တွင် ဒူးထောက်လျက် တုန်ယင်လျက်ရှိနေကြ၏။ ယနေ့မှစ၍ နုရှောင်မြို့တစ်ခုလုံးသည် ချောင်ယောင်းအာ၏ ပိုင်ဆိုင်မှုဖြစ်သွားခဲ့သည်။

နှစ်နာရီခန့် ကြာမြင့်ပြီးသည့်နောက် ချောင်ယောင်းအာသည် နုရှောင်မြို့၏ မြို့တော်ဝန်ရဲတိုက်ဆီသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။

“တံခါးပိတ်ကြတော့”

ဂျိန်း..

တံခါးကြီးကပိတ်သွားခဲ့သည်။

“ဒီနေ့ကစပြီး ကျွန်မ အမိန့်မရှိဘဲနဲ့ ဘယ်သူမှ အပြင်ဘက်ကို မထွက်ခွာရဘူး၊ ဝင်လို့လည်း မရဘူး။ မလိုက်နာတဲ့လူ အားလုံးကို သတ်ပစ်မယ်”

ချောင်ထျန်းဝေသည် ရှမ့်လန်၏ တိုက်ခိုက်လာလိမ့်မည်ဟု လုံးဝ မထင်မှတ်ချေ။ သို့ပေမည့် ချောင်ယောင်းအာ ကတော့ ထိုအရာနှင့် ပတ်သက်၍ မကောင်းသည့် ခံစားချက်တစ်ခုကို ရရှိနေ၏။ သူမ၏ အတွေးက ရိုးရှင်းလွန်း၏။ သူမ၌ စစ်သည်ပေါင်း သုံးထောင်ခန့်သာလျှင်ရှိ၏။ နုရှောင်မြို့သည် မည်သည့်နံရံမှ မရှိပေ။ ထို့ကြောင့် မြို့ကြီးတစ်ခုလုံးကို ခုခံဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ သို့ပေမည့် ရဲတိုက်ကြီးတစ်ခုကို ခုခံထားဖို့တော့ လုံလောက်သည်ထက်ပို၏။

အဓိကရဲတိုက်ကြီးကို ခုခံနိုင်သည်ဆိုပါက နုရှောင်မြို့တစ်ခုလုံး ဆုံးရှုံးသွားလိမ့်မည်မဟုတ်ချေ။ ရန်သူများသည် မြို့၏ တခြားသော အစိတ်အပိုင်းများကို သိမ်းပိုက်ထားခဲ့သည် ဆိုလျှင်တောင်မှ အသုံးမဝင်ချေ။ ချောင်ထျန်းဝေ၏ စစ်တပ်ကြီး ပြန်လာပါက ထိုသူတို့ ဒုက္ခရောက်ပေမည်။

ထို့အပြင် မြို့တော်ဝန်အိမ်တော်၌ အစားအသောက်နှင့် ရိက္ခာ လုံလုံလောက်လောက် တည်ရှိနေ၏။ ရေသန့်များလည်း ပေါပေါများများ တည်ရှိနေ၏။

‘ရှမ့်လန် ရှင်မလာတာ အကောင်းဆုံးဖြစ်လိမ့်မယ်။ တကယ်လို့လာပြီဆိုရင်တော့ ဒီကနေ ထွက်သွားဖို့ မစဉ်းစားနဲ့။ ဒီမှာသေရလိမ့်မယ်’

ချောင်ယောင်းအာသည် ရှမ့်လန် လာမလား၊ မလာဘူးလား ဆိုသည်ကို ဂရုမစိုက်ချေ။ သူမသည် အကြောက်အရွံ့ ကင်းမဲ့လျက်ရှိ၏။ တစ်ထောင်လောက်ကို မဆိုနှင့် စစ်သည်ပေါင်း နှစ်သောင်း၊ သုံးသောင်းလောက်လာလျှင်တောင်မှ သူမက လွယ်လွယ်ကူကူ အနိုင်ရနိုင်၏။ ဤအရာက မောက်မာမှု မဟုတ်ချေ။ အကြွင်းမဲ့ ယုံကြည်မှုတရားပင်ဖြစ်သည်။

“နှင်းတွေက အရမ်းကျနေတာပဲ။ အရမ်းလည်း လှတယ်” ရှစ်ချင်းချင်းက ပြောလိုက်၏။

ချောင်ယောင်းအာက မည်သည့်စကားကိုမှ မဆိုချေ။

ရှစ်ချင်းချင်းကပြောလိုက်၏။ “တပ်မှူး... ကလေးတွေကို ချစ်တတ်လား”

ချောင်ယောင်းအာက ခေါင်းကို ခါယမ်းလိုက်သည်။ “မချစ်ဘူး”

ရှစ်ချင်းချင်းက ကြောင်အသွား၏။

ချောင်ယောင်းအာသည် အမှန်ကို ပြောနေခြင်းဖြစ်၏။ သူမသည် ကလေးများကို ချစ်တတ်ခြင်း မရှိချေ။ သူမသည် လွတ်လွတ်လပ်လပ်နှင့် အပူအပင်ကင်းကင်း နေထိုင်ရခြင်းကို နှစ်သက်၏။ ကလေးရှိသည်ဆိုပါက သူမအနေနှင့် တစ်စုံတစ်ခုကို စိုးရိမ်ပူပန်နေရမည် မဟုတ်ပါလား။

“ရှင် .. ရှမ့်လန်ကို ကြိုက်လား” ချောင်ယောင်းအာက ရုတ်တရက် မေးလိုက်သည်။

ရှစ်ချင်းချင်းက ကြောင်အသွား၏။ သူမ၏ ခေါင်းကို ခါယမ်းလိုက်၏။

ချောင်ယောင်းအာက မေးလိုက်သည်။ “ဒါဆိုရင် ကျွန်မ ကလေးတွေကို ချစ်လားလို့ ဘာလို့မေးရတာလဲ။ ရှင်ပဲ သူ့ကို ဒီနေရာဆီ ခေါ်လာခဲ့တာ မဟုတ်လား။ ကျွန်မကို နူးညံ့သိမ်မွေ့တဲ့ မိန်းမတစ်ယောက်ဖြစ်အောင် ရှင်ပဲ ကြိုးစားခဲ့တာ မဟုတ်လား။ အခု ကျွန်မရဲ့ ဓမ္မတာ မလာသေးဘူး။ ရှင် ဒါကို ကောင်းကောင်း သိရှိပြီး ဖြစ်လိမ့်မယ်”

ရှစ်ချင်းချင်းက ပြောလိုက်၏။ “တပ်မှူး.. ရှင် ဓမ္မတာ မလာသေးဘူး ဆိုတာကို ကျွန်မ သတိပြုမိပါတယ်။ ဒါကြောင့် ကလေး ချစ်တတ်လားလို့ မေးခဲ့တာပါ။ အဆင်ခြင်မဲ့ ပြုလုပ်မိမှာ စိုးရိမ်ရတယ်။ ဒါကြောင့် သတိပေးတဲ့ သဘောပါပဲ”

ချောင်ယောင်းအာက ပြောလိုက်သည်။ “အဲဒီညကနေရေတွက်မယ်ဆိုရင် တစ်လကျော်သွားခဲ့ပြီ။ ကျွန်မရဲ့ ဓမ္မတာ မလာသေးဘူး။ ကျွန်မကိုယ်ဝန်ရှိနေပြီလို့ ရှင်ထင်လား”

ရှစ်ချင်းချင်းက ပြောလိုက်၏။ “ရှမ့်လန်ရဲ့ ပြောပုံအရဆိုရင် သခင်မလေးရဲ့ခန္ဓာကိုယ်ထဲမှာ သတ္ထုဓာတ်တွေ များများစားစားရှိတယ်။ ဒီတော့ကိုယ်ဝန်ဆောင်တာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ နောက်ဆုံးအကြိမ် ကုသခံခဲ့ပြီးချိန်မှာ သွေးကနှစ်ဆလောက် လျော့ကျသွားခဲ့တယ်။ ဒီတော့ ဓမ္မတာမလာသေးဘူး ဆိုတာလည်း သာမန်ပဲ ဖြစ်နိုင်ပါတယ်”

မှန်ပေ၏။ လွန်ခဲ့သည့်လတုန်းက ချောင်ယောင်းအာသည် သူမ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် သွေးများကို ဖောက်ထုတ်ခဲ့ရ၏။ သွေးဖိအား အလွန်ပြင်းလွန်းသောကြောင့် ခေါင်းကြီးတစ်ခုလုံး ရောင်ကိုင်းနေသလိုပင် ခံစားခဲ့ရသည် မဟုတ်ပါလား။ သွေးများထွက်သွားသည့် အချိန်မှာတော့ သူမက ကောင်းကောင်းမွန်မွန် သက်သက်သာသာနှင့် ခံစားနေမိ၏။ ဤအမျိုးသမီးသည် သွေးထွက်မှ အဆင်ပြေမည့် ကြမ်းတမ်းသောမိန်းမ တစ်ယောက်ပင်ဖြစ်သည်။

“ရှမ့်လန်က ကျိန်းသေပေါက် ကျင်းမိသားစုရဲ့စစ်သည်တွေကို ဦးဆောင်ပြီး ဒီကို လာလိမ့်မယ်။ နုရှောင့်မြို့ကို လာပြီး သိမ်းဆည်းလိမ့်မယ်” ချောင်ယောင်းအာက ပြောလိုက်၏။

ရှစ်ချင်းချင်းက ကြောင်သွားသည်။ “အဲလို မဟုတ်နိုင်ပါဘူး။ ဟုတ်တယ်မလား။ ကျင်းမိသားစုရဲ့ လက်ရွေးစင် စစ်သည်က အများဆုံး နှစ်ထောင်တောင် မရှိဘူး။ သူတို့ လူနှစ်ထောင်တည်းနဲ့ နုရှောင့်မြို့ကို ဘယ်လို လာပြီး တိုက်ယူမှာလဲ။ ဒါ အိမ်မက်မက်နေတာပဲ ဖြစ်မယ်”

ချောင်ယောင်းအာက ပြောလိုက်၏။ “သူ ကျွန်မကို သတ်ချင်တယ်။ ပြီးတော့ ရဲတိုက်ထဲမှာရှိတဲ့ လူ အကုန်လုံးကိုရောပေါ့။ သူက အဆိပ် အသုံးပြုတဲ့ နေရာမှာလည်း တကယ့်ကို နတ်ဘုရားက ကောင်းချီးပေးတဲ့လူ တစ်ယောက်လိုလူမျိုးလို့ ကြားခဲ့ဖူးတယ်”

ရှစ်ချင်းချင်းသည် ခေါင်းကို ခပ်မြန်မြန်ဖြင့် ခါယမ်းလိုက်သည်။

ချောင်ယောင်းအာက ပြောလိုက်၏။ “ဒီလူက တကယ့်ကို အကြင်နာကင်းမဲ့တယ်။ ကျွန်မကိုသတ်ပြီး နုရှောင့်မြို့ကို ယူရမယ်ဆိုရင်တောင် သူ တစ်ချက်ကလေးမှ တွန့်ဆုတ်မှာမဟုတ်ဘူး။ ပြီးတော့ သူ့အတွက် တခြားအရာတွေက ဘာမှ မဟုတ်ဘူး”

ရှစ်ချင်းချင်းသည် ခေါင်းကိုခါယမ်းလျက် ရှိနေပြီး သူမ၏ ပါးပြင်ထက်မှ မျက်ရည်များ စီးကျလာနေသည်။

ချောင်ယောင်းအာက ပြောလိုက်၏။ “ဘာပဲပြောပြော သံသယကင်းအောင်လို့ ကျွန်မ ရှင့်ကို မသတ်ချင်ဘူး။ ဒီနေ့ကစပြီး ဒီအခန်းထဲက မထွက်နဲ့တော့။ အပြင်ကို ခြေတစ်လှမ်းထွက်တာနဲ့ ဘာမှ မေးခွန်းမထုတ်ဘဲ တစ်ခါတည်း သတ်ပစ်မယ်”

“ကောင်းပါပြီ” အမျိုးသမီး စစ်သည်လေးယောက်တို့သည် အပြင်ဘက်ဆီမှ လှမ်းကာ အော်ဟစ်လိုက်ကြသည်။

ရှစ်ချင်းချင်းသည် ဤနေရာတွင် နေအိမ်အကျယ်ချုပ် ကျသွားခဲ့၏။ ဤတစ်ကြိမ်မှာတော့ ရဲတိုက်၏ တံခါးကြီးက စည်းခတ်ခြင်းကို ခံထားရပြီး အထဲတွင် ရှိနေသည့် ရေတွင်း၊ ရေကန်များကိုလည်း သေချာ စောင့်ကြပ် ထိန်းသိမ်းထားသည်။ တစ်စုံတစ်ယောက်သည် အထဲတွင် ရှိနေသည့် ရေတွင်းများအား အဆိပ်ခတ်သည်ဆိုပါက ကျိန်းသေပေါက် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်က ခန့်မှန်း၍ရနိုင်တော့မည် မဟုတ်ချေ။

ရှစ်ချင်းချင်းသည် အန္တရာယ်ကြီးမား၏။ သူမအား ရေတွင်းရေကန်များ နားသို့ မကပ်စေသည့်သာမက နေအိမ် အကျယ်ချုပ်ဆီမှ မထွက်အောင် ထိန်းချုပ်ထားရမည်။

ချောင်ယောင်းအာသည် သူမကို မသတ်ချင်ပေ။ သို့ပေမည့် ဂရုမစိုက်၍လည်း မရချေ။ နုရှောင့်မြို့ ချောင်ထျန်းဝေ၏ အိမ်တော်ဆီသို့ ပြန်လာပြီးနောက် ချောင်ယောင်းအာသည် ကြီးမားသည့် ပုလ္လင်ထက်တွင် ထိုင်လိုက်၏။ သို့ပေမည့် မည်သည့် ခံစားချက်မှ မရှိချေ။ သူမသည် ဩဇာအာဏာဆိုသည့် အရာကို လိုချင်သည့် စိတ်ဆန္ဒ ဟူ၍ မရှိချေ။

“သမားတော်ကို သွားခေါ်လာခဲ့”

ခဏလောက် ကြာပြီးနောက် သမားတော် အန်းစိုက်ထျန်း ရောက်ရှိလာခဲ့၏။ သို့ပေမည့် ဤနေရာတွင် အန်းစိုက်ထျန်းဟု မခေါ်ချေ။ ချောင်ယောင်းအာသည် သူမ၏ လက်ကောက်ဝတ်ပေါ်သို့ စာရွက်တစ်ရွက်ကို အသာတင်ကာဖြင့် ပြောလိုက်၏။

“အင်း... ကျွန်မရဲ့ သွေးခုန်နှုန်းကို တိုင်းလိုက်”

သမားတော် အန်းစိုက်ထျန်းသည် အနည်းငယ် အံ့အားသင့်သွား၏။ ပြီးနောက် ပြန်လည်ကာ ပြောဆိုလိုက်သည်။ “ကောင်းပါပြီ”

ပြီးနောက် အန်းစိုက်ထျန်းသည် သူ၏လက်ချောင်းများကို အသုံးပြု၍ ချောင်ယောင်းအာ၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်သည်။ ခဏလောက် ကြာပြီးနောက် အန်းစိုက်ထျန်းက မေးမြန်းလိုက်၏။ “သခင်မလေး... ဘာကို သိချင်တာလဲ”

ချောင်ယောင်းအာက ပြောဆိုလိုက်သည်။ “ကျွန်မ ကိုယ်ဝန်ရှိနေလား သိချင်တယ်”

ချက်ချင်းပဲ အန်းစိုက်ထျန်းသည် ကြောက်လန့်တကြားဖြင့် ထခုန်လုမတတ် ဖြစ်သွား၏။ ကိုယ်ဝန် ရှိနေသည်တဲ့လား။ ဤစကားစုသည် ကြောက်ဖွယ်ဖွယ်ရာ ကောင်းလွန်းလှ၏။ ချောင်ယောင်းအာသည် ထိုသို့ မဟုတ်ချေ။ ယောက်ျားများကို အမုန်းတီးဆုံး မဟုတ်ပါလား။ အဘယ်သို့ ကိုယ်ဝန်ရှိလားဟု စစ်ဆေးခိုင်းနေရသနည်း။ လူတစ်ယောက်နှင့် အိပ်ခဲ့လေသည်လား။

ဤကဲ့သို့ တုန်လှုပ်စရာကောင်းသည့် သတင်းကို သူ အဘယ်ကြောင့် မသိရသနည်း။

သို့ပေမည့် ချောင်ယောင်းအာသည် တစ်ဖက်လူ၏ အမူအရာကို ဂရုမစိုက်ချေ။ ယောက်ျားတစ်ယောက်နှင့် အိပ်ခဲ့သည်ဆိုလျှင်တောင်မှ သို့မဟုတ် သူမ ကိုယ်ဝန်ရှိခဲ့သည်ဆိုလျှင်တောင်မှ တခြားသောလူများ၏ အတွေးကို စိတ်ဝင်စားလိမ့်မည် မဟုတ်ပေ။

အန်းစိုက်ထျန်းသည် သေသေချာချာနှင့် စစ်ဆေးလိုက်၏။

“ဘယ်လိုလဲ” ချောင်ယောင်းအာက မေးမြန်းလိုက်သည်။

အန်းစိုက်ထျန်းက ပြန်ပြောလိုက်၏။ “သခင်မလေး... သွေးခုန်နှုန်းက အရမ်းကို ရှုပ်ထွေးနေတယ်။ ကျုပ် မသေချာပါဘူး”

မှန်ပေ၏။ ချောင်ယောင်းအာ၏ သွေးခုန်နှုန်းသည် တကယ့်ကို ရှုပ်ထွေးလျက်ရှိ၏။ ပထမဦးဆုံး သူမ၏ သွေးထဲတွင် များပြားလွန်းသည့် သတ္ထုဓာတ်များ တည်ရှိနေ၏။ ဒုတိယအားဖြင့် သူမသည် ကောင်းကင်က ငြင်းပယ်ရလောက်သည့် သွေးမျိုးဆက်ကို ပိုင်ဆိုင်သူတစ်ယောက်ဖြစ်၏။ သူမသည် သူမ၏သွေးကို အသုံးပြု၍ ကုသခြင်းကို ပြုလုပ်နိုင်သည့် လူတစ်ယောက်ဖြစ်၏။ သူမ၏သွေးချီများကို အသုံးချကာဖြင့် အရာအာလုံးကို ဖိနှိပ်နိုင်သည့် လူတစ်ယောက်လည်း ဖြစ်၏။ ထို့ကြောင့် သူမ၏သွေးခုန်နှုန်းသာ တည်ငြိမ်နေသည်ဆိုပါက အံ့အားသင့်စရာ ဖြစ်ပေလိမ့်မည်။

“အင်း... ကျွန်မ နားလည်ပြီ” ချောင်ယောင်းအာက ပြန်ပြောလိုက်သည်။

“ကိုယ့်လူတို့... သမားတော်ကြီးကို နေအိမ် အကျယ်ချုပ်ထားလိုက်။ သူ့ကိုမနှိပ်စက်နဲ့။ အခန်းထဲကလည်း မထွက်စေနဲ့။ ထွက်ရင် သူ့ကိုသတ်ပစ်လိုက်”

ဤအရာက အမိန့်ပင်ဖြစ်၏။

သမားတော်အန်းစိုက်ထျန်းသည် ထိတ်လန့်သွားခဲ့သည်။ ‘‘ငါ.. ငါ့ကို သိသွားပြီလား။ မဖြစ်နိုင်ပါဘူး။ ငါဒီနေရာမှာ နေခဲ့တာ ဆယ်နှစ်ကျော်ပြီ။ တစ်ချက်ကလေးမှ ပြစ်ချက် မရှိခဲ့ဘူး။ သမက်တော်နဲ့ တစ်ကြိမ်ပဲ သွားတွေ့ခဲ့ဖူးတယ်။ အဲ့ဒါလည်း ဘယ်သူမှမသိပါဘူး’

“ဘာကြောင့်လဲ။ ဘာကြောင့်လဲ” အန်းစိုက်ထျန်းက မေးမြန်းလိုက်၏။

ချောင်ယောင်းအာက ပြန်ပြောလိုက်သည်။ “ပထမဦးဆုံး ရှင် မွေးစားအဖေကို ရွှေတွင်းအကြောင်း ပြောခဲ့တယ်။ ဒုတိယအားဖြင့် ကျွန်မကိုမြင်တဲ့အချိန်မှာ ရှင် အရမ်းကြောက်နေတယ်”

အန်းစိုက်ထျန်းက ပြောလိုက်၏။ “ကျုပ် ရွှေတွင်းတွေ အကြောင်းပြောတာ အစစ်အမှန်ကိုပြောခဲ့တာပါ။ သခင်မလေးအကြောင်းကိုတော့ အကုန်လုံးက သိပြီးသားပါပဲ။ ဒါကြောင့် ကြောက်တယ်ဆိုတာပုံမှန်ပါပဲ”

ချောင်ယောင်းအာက ပြောလိုက်သည်။ “ရှင်က အသက်ပေါင်းများစွာကို ကယ်တင်ခဲ့တယ်။ ကျွန်မ ကယ်တင်ခဲ့တဲ့ မိန်းကလေးပေါင်းများစွာကို ရှင် ကုသပေးခဲ့တယ်။ ဒါဆို ရှင်ဘာလို့ ကျွန်မကို ကြောက်နေရတာလဲ။ ကျွန်မဆီမှာ ရှင့်အပေါ် မကောင်းတဲ့ ရည်ရွယ်ချက် ဘာတစ်ခုမှမရှိဘူးဆိုတာ ရှင်သိပြီးသားပဲ။ ဒါပေမဲ့ ရှင် ကျွန်မကို ကြောက်လန့်နေတယ်။ ကျိန်းသေပေါက် ရှင်က ပုံမှန်မဟုတ်ဘူး”

အန်းစိုက်ထျန်းက ပြောလိုက်၏။ “ကျုပ်က အပြစ်ကင်းစင်ပါတယ်”

ချောင်ယောင်းအာက ပြောလိုက်သည်။ “ကျွန်မ ရှင့်ကို မသတ်ချင်ဘူး။ ဒီတော့ နေအိမ်အကျယ်ချုပ် ချုပ်ထားမယ်။ ငြိမ်ငြိမ်နေပါ။”

ပြီးနောက် အန်းစိုက်ထျန်းသည် နေအိမ်အကျယ်ချုပ်ချခြင်းကို ခံခဲ့ရ၏။ ချောင်ယောင်းအာသည် အချိန်တော်တော်များများ၌ သူမ၏ ဦးနှောက်ကို အသုံးပြုရခြင်း မပြုချေ။ သို့ပေမည့် သူမ၏ဦးနှောက်ကို စတင်ကာ အသုံးပြုသည်ဆိုသည်နှင့် တကယ်ပင် ထက်မြက်သည့်မိန်းမတစ်ယောက်အဖြစ်သို့ ပြောင်းလဲ သွားခဲ့၏။

ဤကဲ့သို့ပင် ရှမ့်လန် အခြေချပေးထားသော သူလျှိုနှစ်ယောက်တို့သည် နေအိမ်အကျယ်ချုပ်ဖြင့် ချုပ်နှောင်ခြင်း ခံခဲ့ရသည်။

ဤအမျိုးသမီးသည် တကယ့်ကို အံ့အားသင့်စရာပင်။

..............

နုရှောင်မြို့နှင့် ဝမ်ကျားကျွန်းတို့၏ မနီးမဝေး တည်နေရာတွင် ....

နေ့တစ်ဝက်လောက်ကြာပြီးသည့်နောက် ချောင်ထျန်းဝေ၏ စစ်သည်ပေါင်း နှစ်သောင်းကျော်နှင့် ထန်မိသားစု၏ ကိုယ်ပိုင်စစ်သည် သုံးထောင်ကျော်တို့သည် ပင်လယ်ပြင်တွင် လာရောက်ကာ တွေ့ဆုံ၏။ မည်သည့် ဂါရဝပြုမှုမှ မရှိကြချေ။ တစ်ဖက်ကိုတစ်ဖက် အထင်အမြင်သေးစွာဖြင့် ကြည့်ရှုနေကြ၏။

ခပ်လှမ်းလှမ်းတွင် နေထိုင်လျက်ရှိနေကြပြီး ၎င်းတို့သည် အဝေးတစ်နေရာတွင် ရှိနေသော ဝမ်ကျားကျွန်းကို လှမ်းကာကြည့်ရှုလိုက်၏။ နောက်ထပ် နေ့တစ်ဝက် ကုန်လွန်သွားခဲ့၏။ ဝမ်ကျားကျွန်းသည် သူတို့၏ မြင်ကွင်း၌ တဖြည်းဖြည်း ပေါ်ပေါက်လာသည်။ သို့ပေမည့် မှောင်နေလေပြီ။

ချောင်ထျန်းဝေက အမိန့်ပေးလိုက်၏။ “ဝမ်ကျားကျွန်းနဲ့ ခပ်ဝေးဝေးမှာနေအုံး။ ပြီးတော့ ကီလိုမီတာ တစ်ရာအတွင်းမှာ ရှိနေတဲ့ ပင်လယ်ပြင်တစ်ခုလုံးကို ကြည့်ကြ။ ဘယ်သင်္ဘောမှ ဝင်ရောက်ခွင့် ၊ ထွက်ခွာခွင့် မရှိဘူး”

“ကောင်းပါပြီ”

ပြီးနောက် ရွက်သင်္ဘောတစ်ရာကျော်တို့သည် တည်နေရာတစ်ခုလုံးကို ဖြန့်ကျက်ကာဖြင့် လွှမ်းခြုံပိတ်ဆို့ ထားခဲ့၏။ သူတို့အားလုံးတို့သည် ဝမ်ကျားကျွန်းတစ်ခုလုံးကို ပိတ်ကာဝိုင်းရံထားခြင်းပင် ဖြစ်၏။ ပင်လယ်ဓားပြအားလုံးတို့၏ စိတ်ထဲတွင် အထင်အမြင်သေးမှုများ တည်ရှိနေခဲ့ကြ၏။ တစ်ဖက်လူများသည် ဝမ်ကျားကျွန်းပေါ်တွင် အခြေခံရဲတိုက်ကြီးကို တည်ဆောက်ပြီးသွားခဲ့လျှင်တောင်မှ သူတို့အဖို့ တိုက်ခိုက်ရန် အလွန်လွယ်ကူနေသေးသည်။

ညသို့ ရောက်ရှိလာခဲ့၏။ ပင်လယ်ပြင်ထက်တွင် ညဘက်တိုက်ခိုက်မှုဆိုသည်မှာ ဖြစ်နိုင်သည့်အရာမျိုးမဟုတ်ချေ။ ရာသီဥတုက အလွန်ပင် အေးစက်နေသောကြောင့်ပင်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ပင်လယ်ပြင်ထဲသို့ ဆင်းကာ ရေကူးပါက တစ်ခါတည်းချမ်းတုန်ကာ ဖျားသွားနိုင်၏။

နောက်မနက်ခင်းမှာတော့ ချောင်ထျန်းဝေက အမိန့်ပေးလိုက်သည်။ “စစ်သည်တွေအားလုံး ကျွန်းပေါ်ကို ဆင်းကြမယ်။ ပြီးတော့ ကျွန်းပေါ်မှာရှိတဲ့လူတွေအကုန်လုံးကို သတ်ပစ်မယ်။”

“အားလုံးကိုသတ်မယ်၊ မီးရှို့မယ်၊ လုယက်ကြမယ်”

All Chapters