← Chapters

အခန်း (၂၂၇)

Vol. 17 Ch. 227

အခန်း (၂၂၇)

Vol. 17 Ch. 227

နှင်းများသည် ကြမ်းကြမ်းတမ်းတမ်းနှင့် ကျလျက်ရှိနေ၏။ နှင်းအလွှာများသည် မြေပေါ်တွင် အထပ်လိုက်ကြီးပင် ဖြစ်တည်လာခဲ့၏။ ကျင်းကျိုးသည် စစ်သည်ပေါင်း နှစ်ထောင်ကျော်ကို ဦးဆောင်ပြီး ဝမ်ကျားကျွန်း၏ အနောက်ဘက်ကမ်းခြေ တစ်ခုလုံးကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ယူထား၏။ ဤနေရာသည် ကျောက်တုံး၊ ရွှံ့တုံးများနှင့် ပြုလုပ်ထားခဲ့သည့် အကာအကွယ်ပင် ဖြစ်၏။

နုရှောင့်မြို့ကို သိမ်းဆည်းနိုင်ရန်အတွက် ရှမ့်လန်သည် သူနှင့်အတူ လက်ရွေးစင် စစ်သည်များကို ခေါ်ဆောင် သွားခဲ့ပြီး ဖြစ်၏။ ရွှမ်ဝူနှင့်အတူ တည်ရှိနေသည့် စစ်သည်နှစ်ထောင်ကျော်တို့သည် အသစ်ခေါ်ဆောင် ထားခဲ့ကြသော စစ်သည်တော်တော်များများပါဝင်ပြီး ကျွမ်းကျင်သည့် လူဟောင်းများမှာတော့ ငါးရာနီးပါးခန့် သာလျှင် ရှိ၏။ သို့ပေမည့် ကြည့်ရှုရမည်ဆိုလျှင် လူလေးထောင်နီးပါးအထိ ရှိမည့်ပုံပင်။

သို့ပေမည့် တခြားသော နှစ်ထောင်တို့သည် မိုင်းတွင်းလုပ်သားများ ဖြစ်၏။ ၎င်းတို့သည် ချပ်ဝတ်များ ဝတ်ဆင်ထားခဲ့ကြပြီး ပုံမှန်စစ်သည်များနှင့် ဆင်တူလှသည်။

ဟုတ်ပေ၏။ ဤအသစ်ခေါ်ယူထားသည့် စစ်သည်များ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာသည် မြင့်မားလျက် ရှိနေ၏။ ထို့အပြင် သူတို့သည် စစ်တပ်ထဲသို့ ဝင်ရောက်ပြီးနောက် ကောင်းကောင်းအိပ်၊ ကောင်းကောင်းစား၊ ကောင်းကောင်းဝတ်ကာဖြင့် ကောင်းကောင်းမွန်မွန် နေထိုင်နေရသည် မဟုတ်ပါလား။

ထို့အပြင် သူတို့၏ မိသားစုအားလုံးတို့သည်လည်း ကျင်းမိသားစု၏ မြေပိုင်နက်ထဲတွင် ရှိနေသည့် မျိုးရိုးစဉ်ဆက် နယ်မြေခံ၊ နယ်မြေသားများပင် ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏ သစ္စာတရားဆိုသည်မှာ အရိုးထဲတွင် ရေးထိုးထားခဲ့သည့် အရာများကဲ့သို့ပင်။

လူလေးထောင်ဆိုသည်မှာ များပြားသည့်ပုံ မပေါ်ချေ။ သို့ပေမည့် များပြားသည်ဟုလည်း အဓိပ္ပာယ် သက်ရောက်သည့် အရာမျိုးပင်။

ဤအချိန်မှာတော့ ပင်လယ်ဓားပြ ရွက်သင်္ဘောများသည် တဖြည်းဖြည်း နီးကပ်လာခဲ့၏။ အသစ်ခေါ်ယူထားခဲ့သည့် စစ်သည်များသည် မကြောက်လန့်ဘဲ မနေနိုင်တော့ချေ။ ၎င်းတို့သည် အသက်ပင် ကောင်းကောင်း မရှူနိုင်သကဲ့သို့ပင် ခံစားနေမိ၏။

“ချီးကိုကြောက်ရတာလား”

စစ်သည်တော်တစ်ယောက်သည် အထင်မြင်သေးစွာဖြင့် လှမ်းကာပြောဆို၏။ သူသည် ရှေ့တွင်ရှိနေသော နှင်းများကို ကောက်ယူ၍ ဘောလုံးတစ်လုံးကဲ့သို့လုံးကာ သူ၏ပါးစပ်ထဲသို့ ထည့်ကာ ဝါးလိုက်၏။

“အသစ်ခေါ်ယူထားတဲ့လူတွေက အသုံးမဝင်ဘူး။ သူတို့ကိုကြည့်ရတာ အကောင်ကြီးကြီးတွေပဲ။ ဒါပေမယ့် ကြက်ဥထက်တောင် ပိုပြီးပျော့နေသေးတယ်”

ထိုစစ်သည်ဟောင်းကြီးသည် နှင်းများကို ဝါးရင်းမှ လှောင်ပြောင်လိုက်၏။ ဝါးနေတုန်းမှပင် သူသည် တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားမိသည်။ နှင်းသည် အဘယ်ကြောင့် ငန်နေရသနည်း။

“ချီးတဲ့မှ.. ဒီနေရာမှာ ဘယ်ကောင်သေးပေါက်ထားတာလဲ”

အတွေ့အကြုံရင့်ကျက်သော စစ်သားဟောင်းကြီးသည် ပါးစပ်ထဲမှ နှင်းများကို ထွေးထုတ်လိုက်သည်။ “ထွီ.. ထွီ.. ဒါကြောင့် ဒီနားက နှင်းတွေက အဝါရောင်ဖြစ်နေတာကိုး”

“ဟား ဟား ဟား ဟား ဟား ဟား”

ချက်ချင်းပင် အားလုံးက ရယ်မောလိုက်ကြ၏။ တင်းမာလျက်ရှိနေသည့် အခြေအနေတစ်ခုလုံးက ပုံမှန်ကဲ့သို့ သက်တောင့်သက်သာ ဖြစ်သွားခဲ့၏။

ရွှမ်ဝူကျင်းကျိုးသည် မည်သို့မှ မနေနိုင်ချေ။ အသာပင် ပြုံးလိုက်မိသည်။

“အင်း.. စိုးရိမ်မနေနဲ့၊ ကြောက်မနေကြနဲ့။ အမိန့်ကို နားထောင်ကြ။ အရင်တုန်းက ငါဘာသင်ပေးခဲ့တယ် မှတ်မိတယ်မလား” ရွှမ်ဝူ၏အသံက မကျယ်လှချေ။ သို့ပေမည့် အားလုံးသောသူတို့ ရှင်းရှင်းလင်းလင်း ကြားရရန်တော့ လုံလောက်၏။

“မှတ်မိပါတယ်” အားလုံးက အော်ဟစ်လိုက်ကြသည်။

ရွှမ်ဝူက ပြောလိုက်၏။ “ကျုပ်တို့ ဒီရက်ပိုင်းအတွင်းမှာ အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့တယ်။ ဒါသာမန်လို့ပဲ။ ဒီတိုက်ပွဲက သာမန်ပဲ”

သူသည် သူရဲကောင်းဆန်သည့် စကားလုံးများကို မပြောဆိုချေ။ သူ၏လေသံသည် တည်ငြိမ်အေးဆေးလျက် ရှိနေပြီး ကျန်သည့်လူအားလုံးတို့အား စိတ်အေးချမ်းသာ ရရှိစေသည်။

မှန်ပေ၏ သူတို့သည် အကြိမ်တစ်ရာလောက် ဤတိုက်ပွဲအတွက် လေ့ကျင့်ခဲ့ကြ၏။ အသစ်ခေါ်ယူထားခဲ့သည့် လူများသည် အနည်းငယ်တော့ စိုးရွံ့လျက်ရှိနေကြ၏။ သူတို့သည် မိုင်းတွင်းလုပ်သားများ ဖြစ်နေသောကြောင့်ပင်။

အားလုံးတို့သည် အဝေးတစ်နေရာရှိ သင်္ဘောဆိပ်ကမ်းကြီးကို လှမ်းကြည့်၏။ ကြောက်မက်ဖွယ်ကောင်းအောင် ကြီးမားလွန်းသည့် အလံကြီးတစ်ခုသည် သူတို့၏မြင်ကွင်းထဲ၌ ပေါ်ပေါက်လာခဲ့၏။

“ငါးလီ အနီးအနားကို ရောက်နေပြီ။

သုံးလီ .... နှစ်လီ .... တစ်လီ .... စစ်သည်တို့ ကုန်းပေါ်ဆင်းကြ။ သက်ရှိမှန်သမျှ အားလုံးကိုသတ်၊ မီးရှို့၊ လုပ်ချင်တာလုပ်ကြ”

ချောင်ထျန်းဝေ၏ အမိန့်ကို ကြားရချိန်မှာတော့ ပင်လယ်ဓားပြပေါင်းများစွာတို့သည် အကြီးအကျယ် အော်ဟစ်ပြီး ဆိပ်ကမ်းဆီသို့ စတင်ကာ ဆင်းသက်လိုက်ကြသည်။

ရွက်သင်္ဘောတစ်ရာကျော်တို့အား စီစီညီညီဖြင့် ဆိပ်ကမ်းတွင် ကပ်ရပ်ထားဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ ကမ်းခြေ၏ မီတာတစ်ရာအဝေးတွင် ရပ်တန့်ပြီး ပင်လယ်ဓားပြများအားလုံးတို့သည် ရေထဲခုန်ချကာဖြင့် ကမ်းခြေ ရှိရာဆီသို့ အရူးအမူးနှင့် ကူးခတ်သွားခဲ့ကြ၏။ တချို့မှာတော့ လှေငယ်လေးများကို အသုံးပြုကြ၏။

အံ့အားသင့်စရာပင်။ ဆောင်းတွင်းကြီးဖြစ်၏။ ကောင်းကင်ဆီမှ များပြားလွန်းသည့် နှင်းများ ကျဆင်းလျက် ရှိနေ၏။ ပင်လယ်ပြင်၏အပူချိန်သည် ငါးဒီဂရီစင်တီဂရိတ်၏ အောက်သို့ပင် ရောက်ရှိနေ၏။ သို့ပေမည့် ဤပင်လယ်ဓားပြများသည် အေးပုံမပေါ်ချေ။ ထိုအစား ၎င်းတို့သည် သွေးများဆူပွက်နေသကဲ့သို့ပင် ခံစား နေမိကြသည်။

ဤကျွန်းပေါ်တွင် များပြားလွန်းသော ရွှေများရှိ၏။ ပထမဦးဆုံး ရောက်အောင်သွားမည်။ ပြီးနောက် ရှိရှိသမျှ လူများကို သတ်ဖြတ်ပစ်မည်။ ထိုကဲ့သို့ သတ်ဖြတ်ရင်းမှ ရွှေလည်း ထပ်ရဦးမည်။

“သတ်၊ သတ်ကြမယ်”

ချက်ချင်းပဲ ပင်လယ်ပြင်တစ်ခုလုံးက ဆူညံပွက်လောရိုက်သွားခဲ့၏။ ပင်လယ်ဓားပြပေါင်းများစွာတို့သည် ရူးရူးမူးမူးနှင့် ရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ ဤမြင်ကွင်းသည် ကမ်းခြေပေါ်သို့ တရွေ့ရွေ့ တက်လှမ်းလာခဲ့သည့် ဂဏန်းပေါင်းများစွာတို့နှင့် ဆင်တူပြီး နေရာတစ်ခုလုံး မဲနက်လျက် ရှိနေ၏။

ထန်မိသားစု၏ သီးသန့်စစ်တပ်ကြီးသည် ချပ်ဝတ်များကို ဝတ်ဆင်ထားခဲ့ပြီး ဂုဏ်သိက္ခာ ထည်ဝါစွာဖြင့် ဆိပ်ကမ်းဆီ ရောက်အောင် လှော်ခတ်လာကြသည်။

“အရူးတွေ။ အားနည်းတဲ့ ကြက်တွေလိုပဲ”

အထင်မြင်သေးစွာနှင့် ကြည့်ရှုပြီးသည့်နောက် သူတို့သည် ရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။

ခဏလောက် ကြာပြီးနောက် ပင်လယ်ဓားပြ စစ်တပ်ကြီးသည် ကမ်းခြေဆီသို့ ရောက်ရှိလာခဲ့ကြသည်။

ရွှမ်ဝူ၏ အကာအကွယ်စည်းကို မြင်ရသော်လည်း ပင်လယ်ဓားပြများသည် အကြောက်အလန့် ကင်းမဲ့စွာဖြင့် ရူးရူးမူးမူး ရှေ့ဆီသို့ လှမ်းတက်နေတုန်းပင်။

၅၀၀ မီတာ ... ၃၀၀ မီတာ ... ၂၀၀ မီတာ ....

အကာအကွယ်စည်း၏ အနောက်ဘက်မှာတော့ ...

ကျင်းမိသားစုမှ အသစ်ခေါ်ယူထားသည့် စစ်သည်သစ်များ၏ ခြေထောက်များက တုန်ယင်လျက်ရှိ၏။ ၎င်းတို့အားလုံးက ကြောက်လန့်လျက် ရှိနေသည်။ အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားခဲ့သည်ဆိုသော်လည်း ဤကြမ်းတမ်းသည့် ပင်လယ်ဓားပြများ ရှေ့ဆီသို့ လှမ်းတက်လာခဲ့သည်ကို မြင်ရသည်မှာ ကြက်သီးထစရာ ကောင်းလှသည်။

လူပေါင်းသုံးသောင်းလောက် တကယ်တမ်း ရောက်ရှိလာလိမ့်မည်ဟု သူတို့ မထင်မှတ်ခဲ့ကြချေ။ ကမ်းခြေတစ်ခုလုံးသည် ပင်လယ်ဓားပြများနှင့် ပြည့်နှက်လျက်ရှိနေပြီး အဆုံးအစကင်းမဲ့စွာပင်။

“ပစ်.. ပစ်ကြတော့” ရွှမ်ဝူက အမိန့်ပေးလိုက်လေသည်။

ဆွစ် ဆွစ်

စစ်သည်ပေါင်း နှစ်ထောင်ကျော်နှင့် မိုင်းတွင်းလုပ်သား နှစ်ထောင်ကျော်၊ တခြားသော လူအားလုံးတို့သည် ၎င်းတို့၏ လေးများကို အသာဆွဲကိုင်ကာဖြင့် မြားများတပ်၍ ပစ်ကြ၏။ မြားများသည် မိုးရွာသလိုပင် ကျဆင်းလာခဲ့၏။

ဇွိ ဇွိ ဇွီ ....။

ရေတွက်၍မရအောင် များပြားသည့် မြားများသည် ကမ်းခြေဆီသို့ ကျဆင်းသွားခဲ့၏။ သို့သော်ငြား ထိခိုက်မှုနှုန်းက သုည ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မီတာနှစ်ရာ အဝေးမှ လှမ်းကာ ပစ်နေသောကြောင့် မည်သူ့ကိုမှ မထိမှန်ချေ။။

မီတာတစ်ရာနီးပါး အကွာအဝေးကိုသာလျှင် မြားသမားများက ပစ်ခတ်နိုင်ကြ၏။ ထို့ကြောင့် ဤကဲ့သို့သောမြားမိုးသည် ပင်လယ်ဓားပြများကို တစ်ချက်ကလေးမှ ကြောက်လန့်စေခြင်း မရှိခဲ့ချေ။

“ဟား ဟား ဟား ဟား ဟား ဒီကောင်တွေက ကြက်ပေါက်စလေးတွေလိုပဲ။ ငါ သေးပေါက်သလောက်တောင်မှ မြားက မရောက်ဘူး”

“ငါပြောသားပဲ။ ဒီကောင်တွေ သုံးမရပါဘူး” ပင်လယ်ဓားပြများသည် ရယ်မောကာဖြင့် လှောင်ပြောင်နေမိကြသည်။

ဤအသစ်ခေါ်ယူထားခဲ့သည့် စစ်သည်များနှင့် အလုပ်သမားများတို့သည် အရည်အချင်းသာမန်သာဖြစ်သည်။ စစ်သည်တော်တော်များများ၏ မြားများသည် ၁၀ မီတာ အဝေးလောက်ကိုသာလျှင် ရောက်ရှိကြ၏။

“ရှေ့ကို တက်ကြ။ သတ် .... အားလုံးကို သတ်ကြ”

“နေအုံး.. သူတို့ကို မသတ်နဲ့အုံး။ နည်းနည်းကြည့်ကောင်းတဲ့ လူကို ငါ့အတွက် ချန်ထားအုံး။ ငါဒီကောင့် နောက်တော်ကို အမှောက်ဆော်မယ်ဟေ့။”

“ငါလည်း ဆော်မယ်ဟေ့။ ငါလည်း ဆော်မယ်”

ပင်လယ်ဓားပြများသည် ရူးရူးမူးမူးနှင့် အော်ဟစ်ရယ်မောလျက် ရှိနေကြ၏။ ၎င်းတို့သည် လာရောက် တိုက်ခိုက်သည်နှင့် မတူပေ။ လာရောက် ဆော့ကစားနေခြင်းနှင့်ပင် ဆင်တူနေသည်။

“ပစ်စမ်း၊ ပစ်” ရွှမ်ဝူက အမိန့်ပေးလိုက်၏။

နောက်ဘက်တွင် ရှိနေသည့် လူပေါင်းလေးထောင်ကျော်တို့သည် မြားများကို ထပ်မံကာ ပစ်ခဲ့၏။ ဤတစ်ကြိမ်မှာလည်း မြားများသည် မိုးကဲ့သို့ပင် ကျဆင်းလာခဲ့၏။ ဤတစ်ကြိမ်မှာတော့ ပင်လယ်ဓားပြများ၏ အနီးအနားဆီသို့ ရောက်ရှိလာခဲ့၏။ တစ်ယောက်ကိုမှ မထိမှန်ခဲ့ချေ။

သို့ပေမည့် ပင်လယ်ဓားပြများကတော့ နီးကပ်လာခဲ့ပြီဖြစ်၏။ ၎င်းတို့၏ ဆိုးဝါးလွန်းသည့် မျက်နှာကြီးများနှင့် သွားဝါဝါကြီးများကို အထင်းသားမြင်နေရသည်။

“ပြေးကြ၊ ပြေးကြ”

မည်သူစတင်လိုက်မှန်းမသိချေ။ အော်ဟစ်သံထွက်ပေါ်လာပြီးနောက် အကာအကွယ်စည်းကို တာဝန်ယူထားခဲ့သည့် ရွှမ်ဝူအိမ်တော်မှ စစ်သည်အားလုံးတို့သည် ခန္ဓာကိုယ်ကို အသာလှည့်ကာဖြင့် ထွက်ပြေးကြ၏။

ပထမဦးဆုံး ထွက်ပြေးသူများသည် မိုင်းတွင်းလုပ်သားဖြစ်၏။ အနောက်မှာတော့ အသစ်ခေါ်ယူထားသည့် စစ်သည်များပင်။

နောက်ဆုံးမှာတော့ အတွေ့အကြုံရင့်ကျက်သော စစ်သည်များပင်လျှင် ထွက်ပြေးကြတော့သည်။

ရွှမ်ဝူက အော်ဟစ်၏။ “မပြေးနဲ့၊ မပြေးနဲ့။ ထွက်ပြေးတဲ့လူကို သတ်စမ်း”

ပြီးနောက် ရွှမ်ဝူကျင်းကျိုးသည် ရုတ်တရက် ဓားကိုဆွဲထုတ်ပြီးသည့်နောက် ဘေးတစ်ဖက်တွင် ရှိနေသည့် လူနှစ်ယောက်ကို ခုတ်ပိုင်းလိုက်၏။ ခေါင်းနှစ်လုံးက လွင့်စင်သွားခဲ့သည်။

ဟုတ်ပေ၏။ ဤလူနှစ်ယောက်သည် အစစ်အမှန် စစ်သားများ မဟုတ်ချေ။ သေမိန့်ပေးခြင်း ခံထားရသည့် အကျဉ်းသားများသာလျှင် ဖြစ်၏။ ဤအရာက သရုပ်ဆောင်ခြင်း ဖြစ်၏။ သို့ပေမည့် သရုပ်ဆောင်သည့် နေရာတွင် အဓိပ္ပာယ ပြည့်ဝပြီး အမှန်တရားကဲ့သို့ပင် ထင်မှတ်ရအောင် ပြုလုပ်ရန်လိုအပ်သေး၏။

ထိုသို့ဆိုလျှင်တောင်မှ ထွက်ပြေးခြင်းကို မတားဆီးနိုင်သည်ပုံပေါ်၏။ ရွှမ်ဝူအိမ်တော်ဆီမှ စစ်သည်ပေါင်း လေးထောင်ကျော်တို့သည် ရူးရူးမူးမူးဖြင့် ဖနှောင့်နှင့်တင်ပါး တသားတည်းကျအောင် ထွက်ပြေးလျက် ရှိနေကြသည်။

“မိုင်းတွင်းဆီ သွားကြ။ တွင်းထဲကို သွားကြ” တစ်စုံတစ်ယောက်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ရွှမ်ဝူသည် အကြီးအကျယ် ဒေါသထွက်လျက်ရှိနေ၏။ ပြီးနောက် မချင့်မရဲနှင့် ထကာ အော်ဟစ်လိုက်သည်။ “ကဲ တွင်းထဲကို ဆုတ်ကြ။ တွင်းထဲကို ဆုတ်ကြ။ သွား၊ သွား၊ သွား.... ရွှေတွေကို ကာကွယ်ကြ”

တိုက်ပွဲကို ကြည့်ရှုရသည်မှာ မတိုက်ခိုက်ရသေးချေ။ သို့ပေမည့် အလုံးစုံ ပြိုလဲသွားခဲ့ပြီ ဖြစ်၏။ ရွှမ်ဝူအိမ်တော်မှ စစ်သည်အားလုံးသည် ပထမတစ်ကြိမ် ထိတွေ့တိုက်ခိုက်လိုက်သည်နှင့် တပြိုင်နက် ပြိုလဲသွားခဲ့ကြ၏။ ပင်လယ်ဓားပြ သုံးသောင်းကျော်တို့သည် အလွန်ပင် ပျော်ရွှင်လျက် ရှိနေ၏။ ရွှမ်ဝူအိမ်တော်မှ စစ်သည်များသည် အားနည်းလွန်းကြောင်း သူတို့ သိရှိ၏။ သို့ပေမည့် ဤမျှလောက် အားနည်းလိမ့်မည်ဟုတော့ မထင်မှတ်ခဲ့ချေ။

......

ပင်လယ်ဓားပြဘုရင် ချောင်ထျန်းဝေသည် မျက်မှောင်ကုတ်ကာမေးလိုက်၏။ “အင်း. ရွှမ်ဝူအိမ်တော်ရဲ့ စစ်သည်တွေက ဒီလောက်တောင် အားနည်းတာလား”

ကျင်းဟိုင်မြို့စားအိမ်တော်၏ သားကြီး ထန်ကျုံးက ပြောလိုက်သည်။ “အားမနည်းဘူး။ တကယ်တမ်း တိုက်ခိုက်ရေးသက်သက်ဆိုရင် ရွှမ်ဝူအိမ်တော်ရဲ့စစ်သည်တော်တွေက ကျုပ်တို့ထက်တောင် ပိုပြီး အားကောင်းသေးတယ်”

ချောင်ထျန်းဝေက ပြောလိုက်၏။ “ဒါဆိုရင် သူတို့ဘာလို့ ပထမဦးဆုံး တစ်ချက် ထိတွေ့တိုက်ခိုက်လိုက်တာနဲ့ ပြိုလဲသွားရတာလဲ။ တစ်ချက်လေးတောင်မှ ပြန်မတိုက်ခိုက်နိုင်ဘူး။ ဒီနေရာမှာ ထောင်ချောက်တစ်ခုခုများ ရှိနေတာလား”

သို့ပေမည့် မကြာမီမှာပဲ ချောင်ထျန်းဝေသည် ရွှမ်ဝူအိမ်တော်မှ စစ်သည်တော်များ၏ စွမ်းရည်ကို မျက်မြင်တွေ့လိုက်ရ၏။ စစ်သည်တော် လေးထောင်ကျော်နှင့် လုပ်သားများအားလုံးတို့သည် ရူးရူးမူးမူး ဆုတ်ခွာလျက် ရှိနေပြီး ကြီးမားသည့် တွင်းကြီးထဲသို့ ပြေးဝင်ကြ၏။

ရွှမ်ဝူက ရုတ်တရက် အော်ဟစ်လိုက်သည်။ “လူငါးရာ ချန်ခဲ့ကြ။ ငါနဲ့ လိုက်ခဲ့။ အဓိကလူတွေ အကုန်လုံး ဆုတ်ခွာနိုင်ဖို့ ငါတို့ ကာကွယ်ပေးထားမယ်”

ချက်ချင်း ကျင်းမိသားစုဆီမှ စစ်သည်တော် ငါးရာတို့သည် အကာအကွယ် စည်းမျဉ်းတစ်ခုကဲ့သို့ ဖန်တီးကာဖြင့် ငြိမ်ငြိမ်သက်သက်နှင့် ရပ်တန့်လျက် ရှိနေ၏။ စစ်သည်တော် ၅၀၀ တို့သည် အသစ်ဖန်တီးထားခဲ့သည့် ချပ်ဝတ်များကို ဝတ်ဆင်ထားခဲ့ပြီး လက်ထဲတွင်လည်း ဓားမော့အသစ်များကို ကိုင်ဆောင်ထားခဲ့ကြ၏။

“ပစ်ကြ၊ ပစ်ကြ”

ထို စစ်သည်တော် ၅၀၀ ကျော်တို့သည် မြားများကို ထုတ်ကာ ပစ်ကြ၏။ ဤတစ်ကြိမ်မှာတော့ အပေါ်ကို မိုးကာပစ်ခြင်း မဟုတ်ချေ။ တည့်တည့်ကို ချိန်၍ပစ်ခြင်းပင်။

ဇွိ ဇွိ ဇွိ

ပင်လယ်ဓားပြများသည် မြေပေါ်သို့ လဲကျသွားခဲ့ကြ၏။ လူငါးရာ မြားဖြင့်ပစ်ခြင်းသည် စောဏတုန်းက လူလေးထောင် မြားဖြင့်ပစ်ခြင်းထက် ပိုမိုကာ အားကောင်းနေသည်။

ဆွစ် ဆွစ်

ထို့အပြင် ဤလက်ရွေးစင်စစ်သည် ၅၀၀ ကျော်တို့၏ မြားပစ်သည့် အမြန်နှုန်းက အလွန်မြန်ဆန်လွန်း၏။ ၎င်းတို့သည် ၃ စက္ကန့်အတွင်း မြားတစ်ချက်ကို ကောင်းကောင်းပစ်နိုင်၏။ မိနစ်ဝက်အတွင်းတွင် မြား ၁၀ ချောင်းကို ပစ်ခဲ့ပြီးပြီ ဖြစ်၏။

ပင်လယ်ဓားပြများ၏ ဘေးဒုက္ခက ရောက်ရှိလာခဲ့၏။ လူ ၁၀၀ နီးပါးခန့် သေဆုံးသွားခဲ့၏။ နောက်ဆုံးမှာတော့ ပထမဦးဆုံး ရှေ့ဆီသို့ ဝင်လာခဲ့သည့် ပင်လယ်ဓားပြ တစ်ထောင်ကျော်တို့သည် ရွှမ်ဝူအိမ်တော်ဆီမှ စစ်သည်များ၏ အကာအကွယ်စည်းမျဉ်းဆီသို့ ရောက်ရှိသွားကြသည်။

ရွှမ်ဝူအိမ်တော်၏ ကျင်းကျိုးက အော်ဟစ်လိုက်၏။ “ဓားမော့တွေ ထုတ်ကြ”

လက်ရွေးစင် စစ်သည် ၅၀၀ ကျော်တို့သည် တစ်ပြိုင်နက်တည်း ဆိုသလိုပင် ၎င်းတို့၏ ဓားမော့များကို ဆွဲထုတ်လိုက်၏။ သူတို့၏ လှုပ်ရှားမှုသည် တစ်ပုံစံတည်းကဲ့သို့ပင် ညီညာလွန်းလှချေသည်။

“သတ်၊ သတ်ကြ”

All Chapters