← Chapters

အခန်း (၂၂၉)

Vol. 17 Ch. 229

အခန်း (၂၂၉)

Vol. 17 Ch. 229

ရွှမ်ဝူသည် ထူးမခြားနားသလို ပြောလိုက်၏။ “ဘာတွေ စိတ်ပူနေတာလဲ။ သူတို့ ကျိန်းသေပေါက် ဆင်းလာလိမ့်မယ်။ လန်အာရဲ့ စီစဉ်မှုအရဆိုရင် သူတို့ ဆင်းကို ဆင်းလာလိမ့်မယ်။ လန်အာရဲ့ လူတွေရဲ့ နှလုံးသားအပေါ် နားလည်မှုက ကြောက်စရာကောင်းတဲ့အဆင့်မှာ ရှိနေတယ်”

ရှမ့်လန်သည် ဉာဏ်ပညာပိုင်းဆိုင်အရ ယှဉ်ပြိုင်ရမည်ဆိုလျှင် မည်သူ့ကိုမှ ရှုံးနိမ့်လိမ့်မည် မဟုတ်ချေ။ တစ်ဖက်လူသည် လောဘမကြီး၊ မောဟမရှိ၊ ဒေါသမရှိသည့် လူဖြစ်ပါမှ ရှမ့်လန် ရှုံးနိုင်ကောင်း ရှုံးနိမ့်နိုင်၏။ သို့ပေမည့် ဤလူများသည် ပင်လယ်ဓားပြများ ဖြစ်၏။ အဘယ်မှာ လောဘ၊ ဒေါသ၊ မောဟ မရှိဘဲနေမည်နည်း။ အချိန်ကာလတစ်ခုတွင် ရှမ့်လန်၏ ထောင်ချောက်ထဲသို့ ဆင်းသက်လာမှာ သေချာ၏။ အနည်းငယ်သာလျှင် စောင့်စားရပေလိမ့်မည်။

ကျင်းကျိုး မြို့စားကြီးက ပြောလိုက်၏။ “အခုအချိန်အထိ ချောင်ထျန်းဝေရဲ့ လှုပ်ရှားမှုအားလုံးက လန်အာရဲ့ တွက်ချက်မှုထဲမှာပဲ ရှိနေသေးတယ်”

..........

ချောင်ယောင်းအာသည် ရှမ့်လန်အား နုရှောင့်မြို့ဆီသို့ ခြေတစ်လှမ်းမှ မလှမ်းခဲ့ရန် သတိပေးခဲ့၏။ မဟုတ်ပါက ရှမ့်လန်သည် သတ်ဖြတ်ခြင်း ခံရပေလိမ့်မည်။

သို့ပေမည့် ရှမ့်လန်သည် ထပ်မံကာ ရောက်ရှိလာခဲ့၏။ ရှမ့်လန် ချောင်ယောင်းအာ၏ အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရသည်မှာ တစ်လကျော်သာလျှင် ကြာမြင့်သေး၏။

ဤအချိန်မှာတော့ သူသည် တကယ်ကို ရှုပ်ထွေးပြီး စည်ကားသည် မြို့တော်သို့ ဝင်ရောက်ခဲ့ပြီ ဖြစ်သည်။

ဤတစ်ကြိမ်မှာတော့ နုရှောင့်မြို့တစ်ခုလုံးသည် ရှုပ်ထွေးလျက် ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် ချောင်ထျန်းဝေ၏ စစ်တပ်ကြီး ဆုတ်ခွာသွားခဲ့ပြီးနောက် ချောင်ယောင်းအာသည် ရှိရှိသမျှ စစ်သည်များကို ခေါ်ဆောင်ကာ ချောင်ထျန်းဝေ၏ အိမ်တော်ထဲတွင် နေထိုင်ခဲ့၏။ တံခါးအားလုံးကို ပိတ်ထားပြီး အပြင်တွင် ဖြစ်သမျှ အရာအားလုံးကို လျစ်လျူရှုထားခဲ့၏။

ပထမဦးဆုံး နုရှောင့်မြို့တွင် ရှိနေသည့် လူဆိုးလူမိုက်များသည် စနည်းနာလာကြသည်။ မကြာခင်မှာပဲ လုယက်ခြင်း၊ သတ်ဖြတ်ခြင်းများကို ပြုလုပ်လာကြတော့၏။ မြို့ထဲရှိ လူဆိုးလူမိုက်များသည် စတင်ကာ သောင်းကျန်းလာခဲ့ကြ၏။ တစ်နေ့ထက်တစ်နေ့ ပိုမိုကာ ရှုပ်ထွေးလာခဲ့၏။ ကြောင်မရှိ၍ ကြွက်ထခြင်းပင်။

လမ်းတစ်ခုကို ကွေ့လိုက်သည်နှင့် ရှမ့်လန်သည် အနည်းဆုံး ဓားပြ သုံးယောက်နှင့် လူသတ်သမား နှစ်ယောက်တို့ကို တွေ့ရ၏။ သို့ပေမည့် လမ်းထဲတွင်တော့ ဆိုင်များဖွင့်ကာ စီးပွားရေး ပြုလုပ်လျက် ရှိနေတုန်းပင်။ ဆိုင်၏အပြင်ဘက်တွင် သိုင်းသမား ဆယ်ယောက်ကျော်လောက်က စောင့်ကြပ်လျက်ရှိနေ၏။ ထို့ကြောင့် သာမန်လူဆိုးလူမိုက်များသည် ထိုဆိုင်များကို ဝင်ရောက်ကာ လုယက်ခြင်း မပြုရဲကြချေ။

စစ်သည်ပေါင်းရာချီ၏ စောင့်ကြပ်မှုအောက်မှာပဲ ရှမ့်လန်သည် ခြံဝန်းတစ်ခုထဲသို့ ဝင်ရောက်လိုက်၏။

“အင်း.. နုရှောင့်မြို့ထဲမှာ ပုန်းအောင်နေတဲ့ စစ်သည်တော်တွေအားလုံးကို စုစည်းဖို့အမိန့်ပေးလိုက်။ နုရှောင့်မြို့တော်ဝန် အိမ်တော်ကို တိုက်ခိုက်ဖို့ ပြင်ဆင်ကြမယ်”

ပင်လယ်ဓားပြဘုရင်ချောင်ထျန်းဝေသည် တကယ်ကို ရှုပ်ထွေးလွန်းသည့် လူတစ်ယောက်ဖြစ်၏။ သို့ပေမည့် ၎င်းကို စကားလုံးသုံးခုဖြင့် ဖော်ညွှန်းရမည်ဆိုလျှင် လောဘကြီးခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် သတိထားခြင်းပင် ဖြစ်၏။ ချောင်ရှောင်းကို ကြည့်လျှင် သူမည်မျှ သတိထားတတ်ကြောင်း သိသာပေလိမ့်မည်။

ချောင်ရှောင်းသည် နေ့နေ့ညည ကျွန်းပေါ်တွင် နေထိုင်ခဲ့သော်လည်း အခြားသောသူများ ကျွေးသည့် အစားအစာကို တစ်ချက်ကလေးမှ မစားခဲ့သလို ဤကျွန်းပေါ်မှ ရေကိုပင် မသောက်ခဲ့ချေ။ ကျွန်းပေါ်ရှိ အသုံးအဆောင် ခွက်များကိုလည်း အသုံးပြုခဲ့ခြင်း မရှိချေ။

ချောင်ထျန်းဝေသည် သူ၏သားထက်ပင် ပိုမိုကာ သံသယကြီးမားလွန်းလူဖြစ်ပြီး သတိအပြည့်ဖြင့် နေထိုင်တတ်သူတစ်ယောက် ဖြစ်၏။

ဝမ်ကျားကျွန်းတွင် ရှေးရွှေကြောကြီးရှိနေကြောင်း သိရှိစဉ်တည်းက သူ ဤနေရာကို သိမ်းပိုက်ချင်ခဲ့သည်။ ထို့ကြောင့် သူ၏သားကို ညှိနှိုင်းဆွေးနွေးရန် စေလွှတ်ခဲ့ခြင်း ဖြစ်၏။ ယခု သူ၏သား သေဆုံးသွားခဲ့သောကြောင့် စစ်သည်ပေါင်းသောင်းကျော်ကို ဦးစီးပြီး ဤနေရာသို့ ရောက်ရှိလာသည့်သူကလည်း သူပင်ဖြစ်၏။

သို့ပေမည့် ရှေးရွှေကြောကြီးရှေသို့ ရောက်ရှိလာသည့်အချိန်မှာတော့ တွန့်ဆုတ်လို့နေ၏။ မိုင်းတွင်း၏ အောက်ခြေတွင် ထောင်ချောက်များ ရှိနေမလားဆိုသည်ကို သူက တွေးကြောက်နေသည်။

ထောင်ချောက်ရှိမလား ဆိုသည်က မသေချာပေ။ သို့ပေမည့် သူ အလိုလို ခံစားနေမိသည်။ စစ်ပွဲ အတတ်ပညာတွင် တစ်စုံတစ်ယောက်သည် သစ်တော သို့မဟုတ် တောင်ကြားထဲသို့ မဝင်သင့်ကြောင်း သူ ကောင်းကောင်း နားလည်၏။ ထို့ကြောင့် သူသည် အထဲကို မဝင်ခဲ့ချေ။

သူသည် ပင်လယ်ဓားပြပေါင်း သုံးသောင်းကျော်ကို ဦးဆောင်ပြီး ရွှမ်ဝူအိမ်တော်မှစစ်သည်များ စတည်းချထားသည့် တွင်းကြီး၏အထက်၌ ဝိုင်းပိတ်ကာဖြင့် စောင့်ဆိုင်းလျက်ရှိနေ၏။

တစ်ရက်၊ နှစ်ရက်၊ သုံးရက်.. အချိန်များ ကုန်လွန်သွားခဲ့၏။

ဤအချိန်မှာတော့ စိတ်အေးချမ်းသာမှုကို ခံစားနေရသူများမှာ သူတို့ မဟုတ်တော့ချေ။

ကျင်းဟိုင်မြို့စားအိမ်တော်၏ အကြီးဆုံးသား ထန်ကျုံးသည် သည်းမခံနိုင်ဆုံး လူတစ်ယောက် ဖြစ်လာ၏။ ၎င်းသည် စိတ်အားတက်ကြွစွာဖြင့် အရှေ့ဆီသို့ လှမ်းတက်ကာ တိုက်ခိုက်ချင်စိတ်ရှိ၏။ တိုက်ခိုက်ရန်အတွက် တွန့်ဆုတ်နေခြင်းဆိုသည်မှာ ကြောက်ရွံ့ခြင်းဟု သူက အဓိပ္ပာယ်ဖော်ဆောင်၏။ သူ၏ ဘဝတစ်သက်တာတွင် ကြောက်ရွံနေရသည်ထက် သေဆုံးလိုက်ရသည်ကို ပို၍ မြတ်နိုး တန်ဖိုးထားသည်။

နောက်ဆုံးမှာတော့ သူသည် ချောင်ထျန်းဝေ၏ အရှေ့ဆီသို့ ထပ်မံကာ ရောက်ရှိလာ၏။ ပြီးနောက် အလုံးစုံသော လေးစားသမှုဖြင့် ပြောဆိုလိုက်၏။

“နုရှောင့်မြို့စားကြီး.. ခင်ဗျားက စစ်ပွဲတွေမှာ ကျွမ်းကျင်တဲ့ လူတစ်ယောက်ပါပဲ။ ဒီနေရာမှာ တခြားတစ်ခုခုကို အာရုံခံမိလို့လား။ ဘာလို့ဆင်းပြီး မတိုက်ခိုက်သေးတာလဲ”

ချောင်ထျန်းဝေသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အရက်ကိုသာ သောက်လျက်ရှိနေသည်။

ထန်ကျုံးက ပြောလိုက်၏။ “စစ်ပွဲရဲ့ အတတ်ပညာထဲမှာ သင်ရိုးတစ်ခုရှိတယ်။ တောအုပ်ထဲကို မဝင်နဲ့၊ တောင်ကြားထဲကို မဝင်နဲ့တဲ့။ ဘာလို့လဲဆိုတော့ ချုံခိုတိုက်ခိုက်ခံရမှာစိုးလို့လေ။ တောင်ကြားတွေ တောအုပ်တွေဆိုရင် အမြင်က မရှင်းဘူး။ ခြုံခိုတိုက်ခိုက်ခံရနိုင်တယ်။ ဒါကြောင့်ပဲ ဒီလို သင်မှတ်ခဲ့ရတာ မဟုတ်လား။ ဒါပေမဲ့ ကျုပ်တို့ရှေ့မှာရှိနေတဲ့ မိုင်းတွင်းကြီးက ဘာတစ်ခုမှ ဖုံးကွယ်ထားတာမှ မဟုတ်ဘူး။ အကုန် ရှင်းရှင်းလင်းလင်း ... ပြောင်ကြီးလေ”

ချောင်ထျန်းဝေက မည်သည့်စကားမှ မဆိုချေ။

ထန်ကျုံးက ပြောလိုက်သည်။ “ရွှမ်ဝူအိမ်တော်မှာ စစ်သည် ဘယ်လောက်များများ ရှိမှာလဲ။ သူတို့ စစ်တပ်ကြီးကို တိုးချဲ့လိုက်တယ်ဆိုရင်တောင် စစ်သည်ပေါင်း အများဆုံး ငါးထောင်လောက်ပဲ ရှိလိမ့်မယ်။ သူ့ရဲ့ မြေပိုင်နက်ကို ကာကွယ်ဖို့ စစ်သည်ပေါင်း တစ်ထောင်လောက်ကို ချန်ထားခဲ့ရအုံးမှာ။ ဒီတော့ ဒီနေရာမှာ ရှိနေတာက လေးထောင်လောက်ပဲ ဖြစ်လိမ့်မယ်။ ပြီးတော့ ကျုပ်တို့အားလုံးက သူတို့ကို အပေါ်ကနေ စီးပြီး တိုက်ခိုက်နိုင်တဲ့ အခြေအနေကို ရောက်နေပြီ မဟုတ်လား”

သူပြောသည်မှာ အမှန်ပင်ဖြစ်၏။ ဤတွင်းထဲ၌ ထောင်ချောက်ရှိနေမည်လား ဆိုသည်မှာ မသေချာပေ။ ပင်လယ်ဓားပြဘုရင် ချောင်ထျန်းဝေ၏ စစ်သည်ပေါင်း သုံးသောင်းကျော်တို့သည် အရေအတွက်အရပင် ကြောက်စရာမဟုတ်ပါလား။ ဟိုးအောက်ဆီသို့ ထိုးဆင်းသွားသည်ဆိုပါက မည်သို့ဖြစ်မည်နည်း။ တစ်ဖက်လူများသည် ကြောက်ချေးများပင် ပါချသွားနိုင်၏။

ရွှမ်ဝူ၌ စစ်သည်ပေါင်းလေးထောင်ကျော်သာလျှင် ရှိ၏။ သူတို့ကို တစ်ချက်ကလေးမှ ထိခိုက်အောင် ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။

ထန်ကျုံးက ပြောလိုက်သည်။ “နုရှောင့်မြို့စားကြီးသာ တကယ်လို့ စိတ်မချဘူးဆိုရင် ကျုပ်ကိုယ်တိုင် မိသားစုစစ်တပ်ကို ဦးစီးပြီး အောက်ကိုဆင်း စုံစမ်းလိုက်ပါ့မယ်”

ထိုစကားစု ထွက်ပေါ်လာချင်းမှာပင် ချောင်ထျန်းဝေသည် ဒေါသူပုန်ထသွား၏။ “ထန်ကျုံး.. ဘာကို ဆိုလိုတာလဲ။ မင်းက နွားရှေ့ထွန်ကျူး လုပ်ချင်တာလား”

ထို့အပြင် တွင်းအောက်ခြေတွင် ရွှေမည်မျှရှိသည်ဖြစ်ကြောင်းကို မည်သူသိရှိမည်နည်း။ အောက်ကိုဆင်းသွားပြီး လိုချင်တာအကုန်ယူသွားပါက မည်သို့လုပ်မည်နည်း။

ထန်ကျုံးက ပြောလိုက်သည်။ “ရွှမ်ဝူရဲ့ စစ်တပ်က ဝိုင်းပိတ်ခြင်း ခံထားရတယ်။ သူတို့ အစာရေစာလည်း ပြတ်တောက်နေလောက်ပြီ။ ဒါပေမဲ့အခုထိ မငတ်သေးဘူး။ ပြီးတော့ နှင်းကလည်း သဲကြီးမဲကြီး ကျနေတာလေ။ ဒါကြောင့် သူတို့ ရေအတွက် စိုးရိမ်စရာမလိုဘူး”

“အခြားတစ်ဖက်က ကြည့်မယ်ဆိုရင် ရွှမ်ဝူက ဒီတွင်းအောက်ထဲမှာ သူတို့အတွက် ရိက္ခာတွေကိုလည်း စုဆောင်း သိမ်းဆည်းထားနိုင်တယ်။ သူတို့ဆီမှာ ရိက္ခာလုံလုံလောက်လောက် ရှိနေတာမျိုး ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ကျုပ်တို့ရဲ့ ရိက္ခာတွေကတော့ ရွက်သင်္ဘောနဲ့ သယ်ပို့ရတာ။ ကျုပ်တို့က များများစားစားနဲ့ ယူမလာခဲ့ဘူး”

ချောင်ထျန်းဝေသည် မျက်မှောင်ကို ကုတ်လိုက်၏။

သူ့ကို မည်သို့သောလူမျိုးဟု ထင်နေသနည်း။ ထန်လွမ်ပင်လျှင် သူ့ရှေ့တွင် စကားကောင်းကောင်းကျယ်ကျယ် မပြောရဲချေ။ ကလေးငယ်တစ်ယောက်သည် အဘယ်ကြောင့့် သူ့အား မေးခွန်းလာထုတ်နေရသနည်း။

ချောင်ထျန်းဝေက ထူးမခြားနားသလို ပြောလိုက်သည်။ “မင်း စိတ်မကျေနပ်ဘူးဆိုရင် စစ်သည်တွေကို ဦးဆောင်ပြီး ဒီကနေထွက်သွားတော့”

ဤစကားစုကိုကြားရချိန်မှာတော့ ထန်ကျုံး၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ ရှေးရွှေကြောကြီးဆီမှ ထွက်ခွာလာသည်ဆိုပါက သူတို့ ဘာရတော့မည်နည်း။ အိမ်ကိုပြန်သည်ဆိုပါက သူ့အဖေ၏ ရိုက်သတ်ခြင်းကိုပင် ခံရနိုင်၏။ ထန်မိသားစုသည် ကြီးကျယ်မြင့်မြတ်လွန်းသည့် အခွင့်အရေးကို လွဲချော်သွားမည် မဟုတ်ပါလား။

ထန်ကျုံးသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ “အရာအားလုံးက နယ်စားကြီး သဘောအတိုင်းပါပဲ”

စစ်စခန်းဆီသို့ ပြန်သွားပြီးနောက် ထန်ကျုံးသည် မည်သို့မှ မနေနိုင်ဘဲ ဆဲဆိုလျက်ရှိနေသည်။ “ခွေးသူတောင်းစား သောက်ကြောက် ... သူက ဘယ်လိုပင်လယ်ဓားပြဘုရင်မျိုးလဲ။ ကြွက်စုတ်လို ကြောက်နေတဲ့ ကောင်မျိုးပဲ။ သူ နုရှောင့်မြို့ကို ဘယ်လိုရခဲ့လဲဆိုတာတောင် ငါမသိတော့ဘူး။

လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ကျင်းယုမြို့စားကြီး ဘယ်လောက်တောင် ညံ့ဖျင်းခဲ့တာလဲ။ ဒီလိုလူမျိုးကိုတောင်မှ ရှုံးနိမ့်ခဲ့တယ်။ စစ်တပ်ကြီးတစ်ခုလုံးတောင် သုတ်သင်ခံရတယ်ပေါ့။ ဒီလောက်ကြီးမားတဲ့ တွင်းကြီးမှာ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ သရဲတစ္ဆေဝိညာဉ်ဆိုရင်တောင် ပုန်းစရာ နေရာမရှိဘူး။ ဘယ်လိုဖြစ်ပြီး ငါတို့ကို ခြုံခိုတိုက်ခိုက်မှာလဲ။ ဒီလူက တကယ့်ကို အတွေးအခေါ်ဟောင်းနွမ်းနေတဲ့ လူမျိုးပဲ”

ထန်မိသားစု၏ စစ်တပ်မှ သီးသန့်စစ်သည်များသည်လည်း သဘောတူကြ၏။ ထန်ကျုံး စိတ်မကျေမနပ် ဖြစ်သည် သာမကချေ။ ပင်လယ်ဓားပြခေါင်းဆောင်အားလုံးသည်လည်း စိတ်ထဲ၌ ထိုကဲ့သို့ ခံစားနေမိ၏။ သူတို့၏ ခေါင်းဆောင်သည် ဘာတွေမှားယွင်းသနည်း။ ရွှေတွင်းကြီးသည် အရှေ့တွင် ရှိလို့နေ၏။ သို့ပေမည့် အထဲသို့ ဝင်ကာဖြင့် တစ်ဖက်လူများကို သတ်ဖြတ်သည့် အလုပ်အား မလုပ်သေးချေ။

“ကျုပ်တို့က အပေါ်ကနေ အကုန်လုံးကို မြင်နေရတာလေ။ တကယ်ဆို ဆင်းပြီး တိုက်ခိုက်လိုက်သင့်တယ်”

ထိုသူပြောဆိုနေသည့်အချိန်မှာပဲ ကျန်သော ပင်လယ်ဓားပြခေါင်းဆောင်များသည် ထိုသူ့ဆီကို လှမ်းကာ ကြည့်ရှုလိုက်၏။

တွင်းကြီးသည် ကြီးမားသည့်တွင်းကြီး ဖြစ်၏။ သူတို့သည် တွင်း၏ နှုတ်ခမ်းဝဆီသို့ ရောက်ရှိနေကြသည်။ အဘယ်ကြောင့် အောက်သို့ မဆင်းသွားရမည်နည်း။ အောက်သို့ ဆင်းချင်လွန်းသောကြောင့် စိတ်နှလုံးများပင် မွန်းကျပ်လျက် ရှိနေသည်။

ရုတ်တရက် အစောပိုင်းက ပြောဆိုသည့် လူက လှမ်းကာ ပြောလိုက်၏။ “ပင်လယ်ဓားပြဘုရင်ရဲ့ တွေးတောနည်းက တစ်စုံတစ်ခုတော့ တစ်စုံတစ်ခုပဲ။ သူ ဘာကို စဉ်းစားနေတာလဲ။ အောက်မှာ ရွှေနဲ့ ရွှေတုံးတွေ အများကြီးရှိတယ်။ ကျုပ်တို့ ရွှေတွေ အများကြီး ခိုးယူသွားမှာကို ဆရာကြီးက စိုးရိမ်နေတာလား။ ဒါကြောင့် ရွှမ်ဝူအိမ်တော်ကစစ်သည်တွေကို သတ်ဖြတ်ချင်တယ်ဆိုရင်တောင် သူယုံကြည်ရတဲ့ လူတွေကိုပဲ အောက်ကို ဆင်းခိုင်းလိမ့်မယ်။ ကျုပ်တို့ကို ဆင်းခွင့်ပေးမှာ မဟုတ်ဘူး”

အားလုံးသော သူတို့သည် ထိုစကားကို ကြားသည့်အချိန်မှာတော့ တုန်လှုပ်သွားခဲ့ကြ၏။ အဓိပ္ပာယ် ရှိလှချေသည်။

“မဟုတ်သေးပါဘူး။ ကျုပ်တို့က ဒီကို ဘာကြောင့်လာရတာလဲ။ ကံကောင်းခြင်းတရားတွေ ရဖို့မဟုတ်လား”

“ဟုတ်တယ် ဟုတ်တယ်။ ဆရာကြီး ကျုပ်တို့ရဲ့ ခေါင်းဆောင်ဆိုပေမဲ့ ကျုပ်တို့ကို ဒီလိုတားဆီးထားတာ အဓိပ္ပာယ်မရှိဘူး။ ဒီမှာ ရွှေတွေအများကြီးရှိတယ်။ ကျုပ်တို့ လိုချင်တာကို ယူလို့ရတယ်။ သူတို့ ချောင်မိသားစုက နုရှောင့်မြို့ တစ်ခုလုံးကို သိမ်းဆည်းထားခဲ့ပြီးသား မဟုတ်လား။ ဒါကပဲ မနာလိုဝန်တိုစရာ ဖြစ်နေပြီ။ အခု ရွှေတွေအကုန်လုံးကို မောင်ပိုင်စီးချင်နေတာလား”

“တိုးတိုးပြော၊ ဟိုက ကြားသွားလို့ သေအုံးမယ်။” ချက်ချင်းပဲ တစ်စုံတစ်ယောက်က ဝင်ရောက်ကာ ပြောလိုက်၏။

“ဟမ့် .. ဟို နတ်ဆိုးမ ဒီမှာ ရှိမနေဘူး၊ ဘာကိုကြောက်ရမှာလဲ” အားလုံးသောသူတို့သည် ထိုသူကို လှမ်းကာ ကြည့်လိုက်သည်။

‘အစ်ကိုကြီး... ခင်ဗျား ရဲရဲဝံ့ဝံ့နဲ့ ပြောရဲဆိုရဲ ဖြစ်နေပါ့လား’

သို့ပေမည့် အားလုံးသော သူတို့သည် ပြန်လည်ကာ တွေးတောလိုက်ကြ၏။ ချောင်မိသားစုကို အားလုံးသော သူတို့က ကြောက်လန့်ခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် မည်သူမှမယှဉ်နိုင်သည့် ချောင်ယောင်းအာ ရှိနေသောကြောင့်ပင်။ သူမက ကြောက်မက်ဖွယ်ရာ ကောင်း၏။ အနည်းငယ်လေးသော မနာခံမှုကို ထုတ်ဖော် ပြသပါက စစ်သည်များကို ခေါ်ဆောင်ကာဖြင့် ချက်ချင်း လာရောက်သတ်ဖြတ် ဖျက်ဆီးပစ်မည် မဟုတ်ပါလား။

အခြားတစ်ဖက်က ကြည့်ရှုရမည်ဆိုလျှင်တော့ ချောင်ထျန်းဝေသည် အနည်းငယ် ထောက်ထား ညှာတာတတ်သည့် လူတစ်ယောက်ဖြစ်၏။ ထို့အပြင် ယခုအခြေအနေကို ကြည့်ပါက အလွန်ကြောက်တတ်သည်မှာ သေချာသည်။

သူတို့ ချောင်ထျန်းဝေ၏ လက်အောက်တွင် ငြိမ်ငြိမ်သက်သက် လိမ်လိမ်မာမာနှင့် နေထိုင်နေခြင်းမှာ အဘယ်ကြောင့်နည်း။ ချောင်ယောင်းအာကြောင့်သာ ဖြစ်၏။ နတ်ဆိုးမ သူတို့ကို လာရောက် တိုက်ခိုက်မည်ကို ကြောက်လန့်သောကြောင့်ပင်။ ကြီးမားသောဓားကြီးနှစ်ဖက်ကို ထမ်းကာ ရောက်ရှိလာမှာကို သူတို့ စိုးရွံ့မိ၏။

“နတ်ဆိုးမ ဒီမှာမရှိဘူးဆိုရင် ကျုပ်တို့ ဘုရင်နဲ့ ဘာလို့သွားစကားမပြောရမှာလဲ”

“ဒါအမှန်ပဲ။ ရွှမ်ဝူအိမ်တော်မှာ စစ်သည်က လေးထောင်ကျော်ပဲ ရှိတာ။ ကျုပ်တို့မှာ သုံးသောင်းလောက်ရှိတယ်။ အောက်ကိုဆင်းသွားဖို့ မရဲဘူးဆိုရင် ကျုပ်တို့က သတိ္တကြောင်တဲ့ လူတွေဖြစ်ကုန်မှာပေါ့”

ချက်ချင်းပဲ ထိုသူက ပြောလိုက်၏။ “အင်း.. ဆရာကြီး သတိအပြည့်ထားနေတယ်ဆိုတာကို အပြစ်ပြောတာ မဟုတ်ပေမဲ့ ကျုပ်တို့ရဲ့ ရိက္ခာတွေ ကုန်တော့မယ်။ ဒီထက်ပိုပြီးတော့ ကြာကြာစောင့်နေမယ်ဆိုရင် ကျုပ်တို့ မတိုက်ခိုက်နိုင်တဲ့အပြင် ထွက်ပါပြေးရလိမ့်မယ်”

အားလုံးသည် ထိုသူကို လှမ်းကာ ကြည့်ရှုလိုက်သည်။

‘အစ်ကိုကြီး. ခင်ဗျား တကယ်ကို ဉာဏ်ကောင်းလွန်းတာပဲ။ တွေးခေါ်မျှော်မြင်နိုင်စွမ်းရှိတဲ့သူပဲ’

ထို့ကြောင့်ပင် ပင်လယ်ဓားပြခေါင်းဆောင်များသည် လူစုပြီး ချောင်ထျန်းဝေကို သွားရောက်ပြောဆိုရန် ဆုံးဖြတ်လိုက်ကြ၏။

“အစ်ကိုကြီး.. ခင်ဗျားက တကယ်ကို ဉာဏ်အကောင်းဆုံး လူတစ်ယောက်ပဲ။ ခင်ဗျား ရှေ့ကသွား၊ ကျုပ်တို့ နောက်ကလိုက်ခဲ့ပေးမယ်” ပင်လယ်ဓားပြခေါင်းဆောင်တစ်ဒါဇင်ကျော်တို့သည် ချောင်ထျန်းဝေ၏ ရွက်ဖျင်တဲဆီသို့ သွားလိုက်ကြသည်။။

ဉာဏ်ကောင်းသည့် ပင်လယ်ဓားပြခေါင်းဆောင်သည် ဒူးထောက်ကာ ပြောလိုက်၏။ “ဆရာကြီး ... ချောင်ကလန်ရဲ့ သုတ်သင်ခြင်းအမိန့်ကိုရရှိတဲ့အတွက် ကျင်းမိသားစုကို သတ်ဖြတ်ဖို့ ဒီကိုရောက်ရှိလာတာပါ။ စစ်သည်တွေအကုန်လုံးက ဒီကိုရောက်ရှိလာပြီးနောက်မှာ ရန်သူတွေကို ဝိုင်းပိတ်ထားခဲ့ပြီးပြီ။ ဒါပေမဲ့ ရန်သူတွေက ဘာမှမဖြစ်ဘဲ ကျုပ်တို့ ရိက္ခာတွေ ကုန်တော့မယ်။ ဒီတော့ ကျုပ်တို့ ဆင်းပြီး ရွှမ်ဝူအိမ်တော်ရဲ့ စစ်သည်တွေကို သတ်ပစ်လိုက်တာ အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်”

ချောင်ထျန်းဝေက မည်သည့်စကားမှ မဆိုချေ။

ဉာဏ်ကောင်းသည့် ပင်လယ်ဓားပြခေါင်းဆောင်က ပြောလိုက်၏။ “စစ်ပွဲအတတ်ပညာထဲမှာ သတ္တိရှိခြင်းက ပထမ၊ အားနည်းခြင်းက ဒုတိယတဲ့။ မောပန်းခြင်းကတော့ တတိယပါပဲ။ ရွှမ်ဝူအိမ်တော်ရဲ့ စစ်သည်တွေက လူဦးရေလေးထောင်ကျော်ပဲ ရှိတယ်။ အသစ်ခေါ်ယူထားတဲ့ စစ်သည်တွေကလည်း တော်တော်များများ ပါဝင်နေသေးတယ်။ တိုက်ရည်ခိုက်ရည်ကလည်း ညံ့ဖျင်းကြပါတယ်။

ဆရာကြီးရဲ့ လူတွေကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ အရမ်းကို အားကောင်းနေပါပြီ။ အားလုံးက သေဆုံးရမှာကို ကြောက်လန့်တဲ့ လူတွေမဟုတ်ဘူး။ သခင်လေးအတွက် လက်စားချေချင်နေတဲ့ လူတွေချည်းပါပဲ။”

ချောင်ထျန်းဝေက ပြောလိုက်သည်။ “အင်း.. ပြောစမ်းပါအုံး”

ဉာဏ်ကောင်းသည့် ပင်လယ်ဓားပြက ပြောလိုက်၏။ “ကျုပ်တို့ရဲ့ စစ်တပ်က ရွှမ်ဝူအိမ်တော်ရဲ့ စစ်တပ်ထက် ဆယ်ဆပိုပြီးတော့ လူအင်အားများတယ်။ ဒါက အောင်ပွဲတစ်ခုပဲ။ ပြီးတော့ ဆရာကြီးက ဉာဏ်ပညာရင့်သန်ပြီး သတိအပြည့်ရှိတဲ့ လူတစ်ယောက်ပါ။ ကျင်းကျိုးထက်ပို အများကြီးသာတယ်။ ဒါအောင်ပွဲနှစ်ခုပါပဲ။ ကျုပ်တို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာက သက်တန့်လိုပဲ ကောင်းကင်ပေါ်ကို ရောက်နေပြီ။ ဒါကြောင့် အောင်ပွဲသုံးခု ရှိနေပါပြီ။ ဒါကြောင့် ကျုပ်တို့ကို တိုက်ခိုက်ခွင့်ပေးပါလို့ တောင်းဆိုပါရစေ။ နှစ်နာရီအတွင်း ရွှမ်ဝူအိမ်တော်ရဲ့ စစ်သည်ပေါင်း လေးထောင်ကျော်ကို ကျုပ်တို့ ခွေးလိုဝက်လို သတ်ဖြတ်ပြပါ့မယ်”

ချောင်ထျန်းဝေသည် ထူးမခြားနားသလို ပြောလိုက်သည်။ “အင်း... နောက်လိုက်တွေထဲမှာ မင်းလိုမျိုး ထူးချွန်တဲ့ လူတစ်ယောက်ရှိနေတာ ငါဘာလို့အရင်က မသိခဲ့ရတာလဲ”

ဉာဏ်ကောင်းသည့် ပင်လယ်ဓားပြက ပြောလိုက်၏။ “ဆရာကြီးက ကြင်နာလွန်းပါတယ်။ ဘယ်ဘက်လက်မှာ ကျင်းချန်ကျွန်းကို ကိုင်ပြီး ညာဘက်လက်မှာ ရွှေကြောကြီးကို ကိုင်ထားမယ်။ ဒီလိုဟန်ချက်က ကျုပ်တို့အားလုံး အောင်မြင်မှုဆီကို ရောက်သွားနိုင့်မယ့် အရာမျိုး။ ဆရာကြီးရဲ့ နောက်လိုက်ဖြစ်ရတာ ဂုဏ်ယူမိပါတယ်။”

ချောင်ထျန်းဝေက ပြောလိုက်သည်။ “အင်း... အားလုံးကို ဝိုင်းပိတ်ရုံပဲ ပိတ်ထားပြီး မတိုက်ခိုက်ဖို့ ပြောထားတယ်။ ဘာကြောင့်လဲဆိုတော့ ငါ့စိတ်ထဲမှာ ခံစားချက်တစ်ခု ရှိလို့ပဲ။ ဒါပေမဲ့ မင်းတို့ ငါ့ကို လာပြီးတောင်းဆိုကြတယ်။ ဘာလို့လဲဆိုတော့ မင်းတို့ ရွှေတွေယူချင်တယ်။ နတ်ဆိုးမ ချောင်ယောင်းအာ ဒီမှာမရှိဘူးလေ။ ဒါ့ကြောင့် ပင်လယ်ဓားပြဘုရင်ဖြစ်တဲ့ ငါ့ကို မင်းတို့အားလုံး ကြောက်လန့်စရာမလိုဘူးလို့ တွေးခဲ့ကြတယ်။ ဟုတ်တယ်မလား။”

All Chapters