အခန်း (၂၃၂)
Vol. 17 Ch. 232
ချောင်ထျန်းဝေက အော်ဟစ်လိုက်၏။ “အားလုံးပဲ အတူတူတက်ကြ။ ဖြစ်နိုင်သမျှ အမြန်ဆုံးတက်ကြ”
ချက်ချင်းပဲ လက်ကျန် ပင်လယ်ဓားပြပေါင်း နှစ်သောင်းကျော်တို့သည် စုဝေးလာခဲ့ပြီးနောက် အပေါ်သို့ တက်ရန် ကြိုးစားကြ၏။ ရွှမ်ဝူအိမ်တော်၏ တိုက်ခိုက်နိုင်မှု စွမ်းရည်သည် တဖြည်းဖြည်း လျော့ပါးသွားခဲ့သည်။
မြင်ကွင်းသည် တကယ့်ကို တုန်လှုပ်စရာဖြစ်၏။ လူပေါင်းများစွာတို့၏ အသက်ရှင်သန်လိုစိတ်သည် တကယ့်ကို ကြောက်ခမန်းလိလိပင်။ မြေပေါ်သို့ ရောက်ရှိရန် မီတာအနည်းငယ် ကျန်ရှိနေသေး၏။ သို့ပေမည့် ပင်လယ်ဓားပြအားလုံး တို့သည် အရူးများကဲ့သို့ပင် တွယ်တက်လျက်ရှိနေကြ၏။
ရွှမ်ဝူအိမ်တော်မှ စစ်သည်များသည် အနည်းငယ်သော ဖိအားဒဏ်ကို စတင်ကာ ခံစားလာခဲ့ကြ၏။ မြားများပစ်ရန် အချိန်မရှိတော့ချေ။ တစ်ယောက်ပြီးတစ်ယောက် ကန်ချခြင်း၊ ကျောက်ခဲတုံးများဖြင့် ပစ်ခြင်း၊ အရာအားလုံးကို ကြုံရာ ပြုလုပ်ကြတော့သည်။
အား၊ အား ...။
ပင်လယ်ဓားပြပေါင်းများစွာတို့သည် ရူးရူးမူးမူး အော်ဟစ်လျက်ရှိနေကြ၏။ တချို့သည် အစိတ်အပိုင်းများ အဖြစ်သို့ တစ်စစီ ပြုတ်ထွက်ကာဖြင့် မြေပေါ်သို့ ပြုတ်ကျ၏။ တကယ့်ကို ဆိုးဆိုးရွားရွား သတ်ဖြတ်ခဲ့ရခြင်းပင် ဖြစ်၏။ ပင်လယ်ဓားပြပေါင်းများစွာတို့သည် စက္ကန့်တိုင်း၊ စက္ကန့်တိုင်းတွင် သေဆုံးနေခဲ့ကြ၏။
ချောင်ထျန်းဝေ၏ ယုံကြည်အားအကိုးဆုံးသော စစ်သည်တော်များသည် တကယ်ပင် အားကောင်းလွန်းလှ၏။ သူတို့၏ အပေါ်သို့ တွယ်တက်လာသည့် အမြန်နှုန်းကလည်း မြန်ဆန်လွန်း၏။ ကျောက်တုံးနှင့် အပစ်ခံရလျှင်တောင်မှ ရပ်တန့်ခဲ့ခြင်းမရှိပေ။
ထို့ကြောင့် ရွှမ်ဝူသည် တက်ရိုက်ဆိုသလိုပဲ အမိန့်ပေးလိုက်၏။ “အင်း.. အက်ဆစ်တွေ လောင်းချကြ”
ထိုစကားကို ကြားရသည့်အချိန်မှာတော့ ချောင်ထျန်းဝေသည် စိတ်ထဲမှာ ကြိတ်ကာ ဆဲဆိုလိုက်မိသည်။
“ချီးထဲမှ ခွေးသူတောင်းစားတွေ”
ဘန်း၊ ဘန်း၊ ဘန်း
ဆာလဖျူရစ်အက်ဆစ်များသည် အပေါ်မှ အောက်သို့ ကျဆင်းလာခဲ့၏။
အား အား
နုရှောင်မြို့၏ ယုံကြည်ရဆုံး လက်ရွေးစင်ဓားပြအားလုံးသည် အက်ဆစ်ဒဏ်ကို မည်သို့မှ မခံနိုင်ခဲ့ချေ။ ၎င်းတို့သည် အောက်သို့ ပြုတ်ကျသွားခဲ့ကြ၏။ တော်တော်များများတို့သည် ရေမနစ်ရန်အတွက် ရှိသမျှသော ချပ်ဝတ်များအားလုံးကို ချွတ်ချပြီး ကိုယ်တုံးလုံးနှင့် အပေါ်သို့ တက်လာခဲ့ကြခြင်းဖြစ်၏။ ယခု ထိုကိုယ်တုံးလုံးသည် ဆာလဖျူရစ်အက်ဆစ်များနှင့် ထိတွေ့ခဲ့ပြီး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်သွားခဲ့၏။ ဆိုးဆိုးရွားရွား အော်ဟစ်သံများသည် နေရာအနှံ့ ပျံ့နှံ့သွားခဲ့၏။ အလွန်ဆိုးဝါးသည့် မြင်ကွင်းမျိုးပင် ဖြစ်သည်။
မြေပြင်အပေါ် တည်နေရာတစ်ခုလုံးမှာတော့ ရွှမ်ဝူအိမ်တော်၏ စစ်သည်များက ဆာလဖျူရစ် အက်ဆစ်ပုံးများကို ကိုင်ဆောင်ကာဖြင့် အားရဝမ်းသာစွာ လောင်းချနေ၏။
ပင်လယ်ဓားပြများသည် မည်ကဲ့သို့ အပေါ်သို့ တက်မည်နည်း။ တစ်စုံတစ်ယောက်၏ လက်ကို ဆွဲကိုင်မည်ဆိုလျှင်တော့ ဖြစ်နိုင်သေး၏။ သို့ပေမည့် ဤကဲ့သို့ အရာကို ပြုလုပ်၍ မရနိုင်ချေ။
ထိုသို့ဆိုလျှင်တောင်မှ အရှုံးမပေးနိုင်ချေ။ ပင်လယ်ဓားပြများသည် အပေါ်သို့ ပုရွက်ဆိတ်လေးများကဲ့သို့ပင် တွယ်တက်လာခဲ့ကြ၏။ အများဆုံး ဆယ်ယောက်တွင် တစ်ယောက်နီးပါးခန့် တက်နိုင်လျှင် အကောင်းဆုံးဖြစ်၏။ သို့ပေမည့် သူတို့ အပေါ်သို့ တက်သည့်အချိန်မှာပင် အောက်ဆီသို့ ကျဆင်းအောင် ကန်ထုတ်ခြင်း ခံခဲ့ရသည်။
“ချီးထဲမှ.. ဘယ်လိုလုပ်တက်လာတာလဲ။ တက်လာရင် ကန်ချမယ်ကွ”
အလွန်ကံကောင်းစွာဖြင့် အပေါ်သို့ ရောက်လာသည်ဆိုလျှင်တောင်မှ တစ်ဖက်လူများ၏ ကန်ချခြင်းကို ခံခဲ့ရ၏။ ပင်လယ်ဓားပြအားလုံးတို့သည် စိတ်ပျက်လက်ပျက် ခံစားနေရ၏။ သူတို့သည် အားကုန်ထုတ်ကာ အပေါ်သို့ တက်ခဲ့၏။ သို့ပေမည့် အပေါ်သို့ ရောက်သည့်အချိန်မှာတော့ ချက်ချင်းပဲ အရှုံးပေးခဲ့ရ၏။ သောက်ကျိုးနည်းလှချေ၏။
“ငါတို့က ပင်လယ်ဓားပြတွေပဲ။ ကောင်းကင်ဘုံ စစ်သည်တွေ မဟုတ်ဘူး။ ငါတို့ နှစ်ကြိမ်၊ သုံးကြိမ်၊ ငါးကြိမ် ကြိုးစားခဲ့ပြီးပြီ။ ဒါပေမယ့် ငါတို့ပဲ တစ်ယောက်ပြီးတစ်ယောက် သေသွားခဲ့ကြတယ်”
ပင်လယ်ဓားပြအားလုံးသည် အရှုံးပေးခဲ့ကြ၏။ ပင်လယ်ပြင်ထဲတွင် အေးခဲပြီး သေဆုံးခြင်းကမှ အပေါ်တက်သည်ထက် ပိုမိုကာ သက်သာပေဦးမည်။ သူတို့သည် ထပ်ကာ မတက်တော့ချေ။
ပင်လယ်ဓားပြဘုရင် ချောင်ထျန်းဝေက အော်ဟစ်လိုက်၏။ “တက်စမ်း၊ အပေါ်ကို တက်ကြ”
သို့ပေမည့် မည်သည့်ပင်လယ်ဓားပြမှသည် အပေါ်သို့ တက်ချင်စိတ် မရှိကြတော့ချေ။ သူ၏ ယုံကြည်ရဆုံးသော စစ်သည်အားလုံးကလည်း သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။ သူတစ်ယောက်တည်း တက်ရမည်လား။ လူပေါင်း လေးထောင်ကျော်ကို တစ်ယောက်တည်း တက်ကာ တိုက်ခိုက်ရမည်လား။ သူသည် ပင်လယ်ဓားပြဘုရင်ဖြစ်၏။ ပင်လယ်ဘုရင်ကြီး မဟုတ်ချေ။
...
ယခု ပင်လယ်ဓားပြပေါင်း တစ်သောင်းကျော်သာလျှင် ကျန်ရှိတော့၏။ အားလုံးသောသူတို့သည် ပင်လယ်ရေ ထဲတွင် နစ်မြုပ်လျက်ရှိနေကြပြီး အားကုန် ရုန်းကန်ပြီး ကူးခတ်လျက်ရှိနေ၏။ မြင်ကွင်းသည် တကယ့်ကို တုန်လှုပ်စရာ ကောင်းလှချေ၏။ ရေများသည် တကယ်ကို များပြားလွန်း၏။ ထိုရေများသည် ဆီပူကဲ့သို့ပင် ဆူပွက်လာခဲ့၏။
ပင်လယ်ဓားပြ တစ်သောင်းကျော်တို့သည် ရူးရူးမူးမူးဖြင့် အော်ဟစ်လျက်ရှိနေ၏။ ပြီးနောက် အားရပါးရလည်း ဆဲဆိုလျက်ရှိသည်။
“ရှမ့်လန်.. မင်းမိသားစုအားလုံးသေပါစေ။ ရွှမ်ဝူ... ချီးပဲ ခွေးမသားကြီး”
“ရှမ့်လန်... မင်းတကယ့်ကို ကျက်သရေတုံးတဲ့ကောင်၊ လူယုတ်မာ။ မင်းရဲ့သား မွေးလာရင် ဂွေးမပါပါစေနဲ့”
လူပေါင်း တစ်သောင်းကျော်တို့က စတင်ကာ ဆဲဆိုနေ၏။ ၎င်းတို့၏ အသံသည် တစ်လောကလုံးဆီသို့ပင် ပျံ့နှံ့လုမတတ်ပင်။ စစ်သည်ပေါင်း တစ်သောင်းကျော်တို့သည် စကားလုံးပေါင်းများစွာကို အသုံးပြုပြီး ရှမ့်လန်ကို ဆဲဆိုနေ၏။ ရှမ့်လန်တင် မကချေ။ ရွှမ်ဝူကျင်းကျိုးပင်လျှင် ပါဝင်သေး၏။
မြေပေါ်တွင်တော့ လူပေါင်း လေးထောင်ကျော်တို့သည် ပင်လယ်ဓားပြများ ဖြစ်ပျက်နေသည့် မြင်ကွင်းကို အငြိမ်သား ထိုင်ကာ ကြည့်ရှုနေ၏။ စစ်သည်တချို့သည် မျက်နှာထက်တွင် သနားသည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။
ထိုအရာကို မြင်သည့်အချိန်မှာတော့ ကျင်းကျုံးက အော်ဟစ်လိုက်၏။ “ညီအစ်ကိုတို့... မင်းတို့ သူတို့ကို ကိုယ်ချင်းစာ သနားနေတာလား”
ကျင်းမိသားစုဝင်များက အဆင်ပြေ၏။ သို့ပေမည့် မိုင်းတွင်းလုပ်သားများနှင့် အသစ်ခေါ်ယူထားခဲ့သည့် စစ်သည်များမှာတော့ မည်သို့မှ မနေနိုင်ခဲ့ချေ။ ခေါင်းကိုသာ ညိတ်လိုက်မိသည်။
ကျင်းကျုံးက ပြောလိုက်၏။ “မင်းတို့ ဒီပင်လယ်ဓားပြတွေကို စာနာသနား ကိုယ်ချင်းစာနေတယ်ဆိုရင် သူတို့ သတ်ခဲ့တဲ့လူတွေကို ဘယ်သူက စာနာသနားမှာလဲ။ သူတို့ မုဒိမ်းကျင့်ခဲ့တဲ့ အပြစ်မဲ့တဲ့လူတွေကို ဘယ်သူက စာနာသနားမှာလဲ။ ဒီကောင်တွေက ပင်လယ်ဓားပြတွေပဲ။ လူသားတွေ မဟုတ်ဘူး။ ဒီကောင်တွေက ခွေးတိရစ္ဆာန်လို ကောင်မျိုးတွေ။
ဒီလိုကောင်မျိုးတွေကို အသက်ရှင်လျက်ထားတယ်ဆိုတာ ကျန်တဲ့လူတွေ အကုန်လုံးကို ဒုက္ခပေးတာနဲ့ အတူတူပဲ။ သူတို့က ကလေးတောင်မချန်ပဲ မျက်စိတစ်ချက်မမှိတ် သတ်ပစ်တဲ့ကောင်တွေ။ သူတို့က ကိုယ်ချင်းစာပေးဖို့ ထိုက်တန်တဲ့လူတွေ မဟုတ်ဘူး။ သူတို့က သေဖို့ ထိုက်တန်တဲ့လူတွေ”
ရွှမ်ဝူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “အင်း... ကောင်းကင်ရဲ့ တရားမျှတမှုအတွက် ဒီလူတွေ အကုန်လုံးကို သတ်ပစ်ရမယ်။ ဒါမှ ကံကြမ္မာကောင်းချီးကို ငါတို့ ခံစားရမယ်။ ဒီနေ့ ဒီပင်လယ်ဓားပြတွေ အကုန်လုံး သေသွားမယ်ဆိုရင် လောကမှာရှိနေတဲ့ တခြားမိသားစုတွေအားလုံးက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အသက်ရှင်နေထိုင်လို့ ရလိမ့်မယ်”
ကျင်းကျုံးက ပြောလိုက်၏။ “မနေ့ကလေးတင် ဒီကောင်တွေ ငါတို့ ကျင်းမိသားစုက လူတွေကို ဘယ်လိုဆဲဆိုခဲ့လဲ။ မေ့သွားကြပြီလား”
မိုင်းတွင်းလုပ်သားများနှင့် အသစ်ခေါ်ယူထားသည့် စစ်သည်များသည် တဖြည်းဖြည်းနှင့် နားလည်သွားခဲ့ကြ၏။ ပင်လယ်ဓားပြအားလုံးတို့၏ ဆဲဆိုမှုသည် သူတို့၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။
ပင်လယ်ဓားပြအားလုံးတို့သည် ရေပင် ကောင်းကောင်း မကူးခတ်နိုင်ခဲ့တော့ချေ။ အဘယ့်ကြောင့်ဆိုသော် အလွန်တရာ အေးခဲနေသောကြောင့်ပင်။ သူတို့သည် ပိုမိုကာ ဆဲဆိုလေ၊ သူတို့၏ ခန္ဓာကိုယ် အားအင်က တဖြည်းဖြည်းနှင့် လျော့ပါးလာလေပင်။ မကြာခင်မှာပဲ တဖြည်းဖြည်းနှင့် အေးခဲပြီး …. တချို့သောသူများသည် သေဆုံးသွားခဲ့ကြ၏။
ယခု အားလုံးသောသူတို့သည် ဆိုးဝါးသည့် အခြေအနေဆီသို့ ရောက်ရှိနေကြ၏။ တချို့သောသူများသည် စတင်ကာ ငိုကြွေးလာခဲ့၏။ ပြီးနောက် မျက်ရည်ဖြိုင်ဖြိုင်နှင့် အော်ဟစ်ကာ အကူအညီတောင်းခံလာခဲ့ကြ၏။ ၎င်းတို့၏ လက်ထဲတွင် သေဆုံးသွားခဲ့သည့် အပြစ်မဲ့လူများ၏ မျက်နှာသွင်ပြင်သည် ၎င်းတို့၏ မျက်လုံးထဲတွင် ပြန်လည်ကာ မြင်ယောင်လာခဲ့ကြသည်။
နောက်ဆုံးမှာတော့ ငိုကြွေးရင်းနှင့် ငြိမ်သက်သွားခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် အားလုံး သေဆုံး သွားခဲ့သောကြောင့်ပင်။ တချို့သည် ရေအောက်ထဲသို့ နစ်မြုပ်သွားခဲ့ကြ၏။ ရေမျက်နှာပြင် တစ်ခုလုံးသည် ငြိမ်သက်သွားခဲ့၏။ သေခြင်းတရား၏ အရိပ်အဝါသများသည် တည်နေရာ တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။
ဤအချိန်မှာတော့ ကျင်းကျုံးသည် တွန့်ဆုတ်လျက်ရှိနေ၏။ အချိန်အတော် စဉ်းစားပြီးသည့်နောက် သူသည် ရုတ်တရက် စပ်ဖြီးဖြီးနှင့် ဖြစ်သွားခဲ့၏။ ခါးပတ်ကို အသာဖြည်ပြီး သူ၏ ပစ္စည်းကို ထုတ်ယူကာဖြင့် မိုင်းတွင်း၏ အပေါ်မျက်နှာပြင်ဆီမှသည် အောက်ဆီသို့ သေးပန်းချလိုက်သည်။
“အားလုံးပဲ နားထောင်ကြစမ်း။ ဒီပင်လယ်ဓားပြတွေက သေသွားရင်တောင်မှ ဂုဏ်သိက္ခာရှိရှိနဲ့ သေသင့်တဲ့ကောင်တွေ မဟုတ်ဘူး။ ဒီတော့ ဒီကောင်တွေအကုန်လုံးကို သေးပန်းရမယ်”
ထိုစကားကိုကြားရချိန်မှာတော့ အားလုံးသောသူတို့သည် ကြောင်အသွားခဲ့ကြ၏။
ပြီးနောက် ရွှမ်ဝူအိမ်တော်၏ တခြားသော စစ်သည်များသည် ထိုကဲ့သို့ လိုက်လံပြုလုပ်၏။ ပြီးနောက် မိုင်းတွင်းလုပ်သားများနှင့် အသစ်ခေါ်ယူထားခဲ့သည့် စစ်သည်အားလုံးက လိုက်ပါပြုလုပ်က၏။ လူပေါင်း လေးထောင်ကျော်တို့သည် ခါးပတ်များကို ချွတ်ကာဖြင့် သူတို့၏ ပစ္စည်းများကို ထုတ်ကာ ပင်လယ်ရေမျက်နှာပြင်ဆီသို့ စတင်ကာဖြင့် သေးပန်းကြလေတော့သည်။
ရွှမ်ဝူသည်ပင် မျက်မှောင်ကုတ်ကာဖြင့် ကျင်းကျုံးကို ကြည့်မိ၏။
‘ကျင်းကျုံး... မင်း ဘယ်အချိန်တုန်းက ဒီလောက်ကြီး မောက်မာသွားခဲ့တာလဲ’
သူ့၏ စိတ်ထဲတွင် ရှိနေသည့် နာကျင်မှုများကို သူတစ်ယောက်တည်းကသာလျှင် ကောင်းကောင်းသိ၏။ သူ ... ကျင်းကျုံးသည် ထူးချွန်သည့် လူတစ်ယောက် မဟုတ်ချေ။ ဤသို့ပြုလုပ်ခြင်းသည် သမက်တော်၏ အမိန့်ပင် ဖြစ်၏။ မလိုက်နာပါက ပြဿနာတက်ပေလိမ့်မည်။ ထို့ကြောင့် မလိုက်နာရန် သတ္တိဟူ၍ မရှိချေ။
သမက်တော်က ဤကဲ့သို့ ဖြစ်နေသည့်အချိန်တွင် သေးပေါက်ရမည်ဟု သူ့ကို မှာကြားခဲ့သည် မဟုတ်ပါလား။ သူ လုပ်ကို လုပ်ရပေမည်။
...........
ချောင်ထျန်းဝေသည် ဤမြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ ကျောရိုးမကြီးတစ်ခုလုံး စိမ့်တက်သွားခဲ့၏။ သူ၏ နှလုံးသားတစ်ခုလုံးသည် အမိုက်မှောင်ထဲ ဖုံးသွားခဲ့၏။ ပတ်ဝန်းကျင်တွင် ရှိနေသည့် ပင်လယ်ဓားပြများ အားလုံးတို့သည် သေဆုံးသွားခဲ့ပြီ ဖြစ်၏။ အသက်ရှင်တုန်းက သူတို့သည် မည်ကဲ့သို့ ရက်စက်သည်ဆိုဆို၊ မည်ကဲ့သို့ ကြမ်းတမ်းသည်ဆိုဆို၊ လက်ရှိ သေဆုံးသည့်အချိန်မှာတော့ ခန္ဓာကိုယ်များက တောင့်တင်းကာဖြင့် အောက်ဆီသို့ နစ်မြုပ်သွားခဲ့ကြ၏။ ပြီးသည့်နောက် ပြန်လည်ကာ ပေါ်လာခဲ့၏။
ဖောရောင်နေပြီး ခန္ဓာကိုယ်တစ်ခုလုံး ရေများ ပြည့်နှက်လျက်ရှိနေသည့် လူသေအလောင်းများသည် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ ချောင်ထျန်းဝေအနေနှင့် ဤပင်လယ်ဓားပြအလောင်းများကိုသာလျှင် အတိုင်းသား ကြည့်ရှုနေရ၏။ ပြီးနောက် သူ၏ ခေါင်းပေါ်သို့ သေးများ ကျဆင်းလာခဲ့၏။ ဤအရာသည် လူမဆန်သည့် အရှက်ခွဲခြင်းပင် ဖြစ်သည်။
သူသည် ပင်လယ်ဓားပြဘုရင်ဖြစ်၏။ အရှေ့ဘက် ပင်လယ်တကြောလုံး၏ ဦးစီးသူတစ်ယောက်လည်း ဖြစ်၏။ နောက်ဆုံးမှာတော့ ပတ်ဝန်းကျင်တွင် ရှိနေသည့် ပင်လယ်ဓားပြများအားလုံးက သေဆုံးခဲ့ပြီး သူ၏ စစ်သည်ပေါင်း သုံးသောင်းကျော်တို့သည်လည်း သေဆုံးသွားခဲ့ကြ၏။ ဤအချိန်မှာတော့ ချောင်ထျန်းဝေ၏ စိတ်တစ်ခုလုံးသည် အလုံးစုံ ရှင်းလင်းသွားခဲ့၏။ အရာအားလုံးသည် ရှမ့်လန်၏ ဇာတ်လမ်းဇာတ်ကွက်ပင် ဖြစ်၏။
ချောင်ထျန်းဝေသည် မည်သို့မှ မနေနိုင်ပဲ အော်ဟစ်လိုက်သည်။ “ရွှမ်ဝူ.. ရှမ့်လန် ဘယ်မှာလဲ။ ရှမ့်လန် ဘယ်မှာလဲ”
ရွှမ်ဝူက ပြောလိုက်၏။ “သူ လက်ရွေးစင် စစ်သည်တွေကို ခေါ်ပြီးတော့ နုရှောင့်မြို့ကို သွားပြီး တိုက်ခိုက်တယ်”
ချောင်ထျန်းဝေက အော်လိုက်သည်။ “နုရှောင့်မြို့ဆိုတာ ကျုပ်ရဲ့ မွေးစားသမီး ချောင်ယောင်းအာ စောင့်ကြပ်နေတဲ့ မြို့ပဲ။ သူဘယ်လိုမှ ဒီဟာကို ရမှာမဟုတ်ဘူး။ အင်မော်တယ်တွေတောင် သွားပြီး တိုက်ခိုက်လို့ မရနိုင်ဘူး”
ရွှမ်ဝူမြို့စားကြီးသည် တိတ်ဆိတ်ငြိမ်သက်စွာ ရှိနေ၏။ သူသည် ကြွားဝါကာ ချဲ့ကားပြောဆိုတတ်သူ တစ်ယောက် မဟုတ်ချေ။
ခဏလောက်ကြာပြီးနောက် ပင်လယ်ဓားပြဘုရင် ချောင်ထျန်းဝေက ပြောလိုက်၏။ “ဝမ်ကျားကျွန်းရဲ့ ရွှေကြောကြီးက အစစ်လား၊ အတုလား”
ရွှမ်ဝူက ပြောလိုက်သည်။ “ဒါအတုပဲ။ ဒါ ကျုပ်တို့ဆီမှာ ရှိနေတဲ့ ရွှေဒင်္ဂါး လေးသိန်းကျော်ကို အသုံးပြုပြီးတော့ ခင်ဗျားတို့ကို ဆွဲဆောင်ထားခဲ့တာပဲ”
ချောင်ထျန်းဝေ၏ ကျောရိုးမကြီးတစ်ခုလုံးက စိမ့်တက်သွားခဲ့၏။ ဤအရာအားလုံးသည် အစီအစဉ်တစ်ခု ဖြစ်နေ၏။ ရှမ့်လန်၏ အစီအစဉ်ပင်။
‘ရှမ့်လန်... ငါတို့ကို သတ်ဖို့အတွက် ဒီလောက်များတဲ့ ပိုက်ဆံတွေကို အသုံးပြုခဲ့တာလား’
ချောင်ထျန်းဝေက ပြောလိုက်၏။ “ဒီလောက်များတဲ့ ရွှေဒင်္ဂါးတွေကို ဘယ်ကရတာလဲ။ ခင်ဗျားတို့ ဒါတွေကို ဘယ်ကရတာလဲ”
ရှမ့်လန်သာဆိုပါက ကျိန်းသေပေါက် ဟန်ထုတ်ကြွားဝါတော့မှာ ဖြစ်၏။ သို့ပေမည့် ရွှမ်ဝူမှာတော့ ငြိမ်ငြိမ်သက်သက်နှင့် တိတ်ဆိတ်နေခဲ့၏။
“အားလုံးက အတုပဲ။ ကြိုပြီး စီစဉ်ထားခဲ့တာပဲ”
“ရှမ့်လန်... မင်းက တကယ့်ကို အဆိပ်ပြင်းတဲ့ကောင်ပဲ။ အဆိပ်ပြင်းတဲ့ကောင်ပဲ” ပင်လယ်ဓားပြဘုရင် ချောင်ထျန်းဝေသည် ပြိုလဲလုမတတ် ဖြစ်လို့နေသည်။
ရွှမ်ဝူသည် ရုတ်တရက် ပြောဆိုလိုက်၏။ “ချောင်ထျန်းဝေ... လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းက ကျုပ်အဖေက စစ်သည်ပေါင်း တစ်သောင်းကျော်ကို ဦးဆောင်ပြီး ခင်ဗျားကို လာတိုက်ခဲ့တယ်။ ဒါပေမယ့် ဘာကြောင့် သူ ဒီလောက်မြန်မြန် ရှုံးနိမ့်ခဲ့တာလဲ’
ချောင်ထျန်းဝေသည် အားရပါးရ ရယ်မောလိုက်သည်။ “ဘာလို့လဲဆိုတော့ ယင်ယွမ်အဖွဲ့အစည်းက ခင်ဗျားတို့ကို သစ္စာဖောက်ခဲ့တယ်။ ပြီးတော့ ဝူအန်းမြို့စားအိမ်တော်ရဲ့ ရွှယ်ကလန်ကလည်း ခင်ဗျားတို့ကို သစ္စာဖောက် ခဲ့တယ်။ သူတို့က အစီအစဉ်တစ်ခုလုံးကို ကျုပ်ဆီ ပြောခဲ့ရုံသာမကဘူး။ ခင်ဗျားအဖေရဲ့ စစ်တပ်ထဲမှာတောင် သူလျှိုတော်တော်များများ ထည့်ပေးလိုက်သေးတယ်။ အရေးကြောင်း အခြေအနေမျိုးမှာ သူတို့က ခင်ဗျားတို့ရဲ့ ရွက်သင်္ဘော အကုန်လုံးကို ဖျက်ဆီးခဲ့ပြီး ဒုက္ခပေးခဲ့တာပဲ”
ပြီးနောက် သူသည် မရယ်မောနိုင်တော့ချေ။ လွန်ခဲ့သည့် နှစ်နှစ်ဆယ်တုန်းက တစ်စုံတစ်ယောက်သည် စစ်သည်ပေါင်း တစ်သောင်းကျော်ကို ဦးဆောင်ပြီး ကျင်းယုမြို့စားကြီးအား ထောင်ချောက်ထဲသို့ ရောက်ရှိစေခဲ့၏။ ယခု ရှမ့်လန်သည် ပိုမိုကြီးမားသည့် ထောင်ချောက်ကြီးကို ဖန်တီးကာဖြင့် သူ့ကို သတ်ဖြတ်ရန် ကြံစည်ခဲ့၏။ ဤအရာက ဝဋ်ပင်လား။
‘ငါလက်မခံနိုင်ဘူး။ ငါ လုံးဝလက်မခံနိုင်ဘူး’
ချောင်ထျန်းဝေသည် ရုတ်တရက် အော်ဟစ်လိုက်၏။ “ရွှမ်ဝူ... ခင်ဗျား သတ္တိရှိတယ်ဆိုရင် ကျုပ်နဲ့ တစ်ယောက်ချင်း တိုက်ခိုက်မယ်။ ကျုပ်ရဲ့ သိုင်းပညာက ခင်ဗျားကို အနိုင်ယူ တိုက်ခိုက်ဖို့အတွက် လုံလောက်တယ်။ လာခဲ့ … ကျင်းကျိုး... သေတဲ့အထိ တိုက်ခိုက်ကြရအောင်”
ပြီးနောက် ချောင်ထျန်းဝေသည် ရုတ်တရက် အတွင်းအားများကို ထုတ်ကာဖြင့် အပေါ်သို့ အလျင်အမြန်နှင့် တက်၏။ သူသည် အပေါ်ကို တက်ပြီး ရွှမ်ဝူနှင့် တစ်ယောက်ချင်း တိုက်ခိုက်ချင်၏။ သို့ပေမည့် သူ အတွေးလွန်နေခြင်းသာလျှင် ဖြစ်၏။ ဆာလဖျူရစ်အက်ဆစ်များသည် သူ၏ ခေါင်းပေါ်သို့ ကျဆင်းလာခဲ့ပြန်သည်။
“ချီးထဲမှ.. ခွေးမသားတွေ” ချောင်ထျန်းဝေသည် အလျှင်အမြန် ရှောင်ရှားလိုက်၏။ သို့ပေမည့် မည်ကဲ့သို့ ရှောင်ရှားရမည်နည်း။ ဆာလဖျူရစ်အက်ဆစ်ပေါင်းများစွာတို့သည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာပြီး သူ၏ အရေပြားနှင့် အသားများကို စတင်ကာ တိုက်စား၏။ ထိုသို့ဆိုလျှင်တောင် သူက အရှုံးမပေးသေးချေ။ အပေါ်သို့ ရူးရူးမူးမူး တက်လျက်ရှိ၏။ ခန္ဓာကိုယ်တစ်ခုလုံးသည် အခိုးအငွေ့များပင် ထွက်လျက် ရှိနေ၏။ သို့ပေမည့် သူ အပေါ်သို့ တက်နေတုန်းပင်။
အား၊ အား
သူသည် ရူးရူးမူးမူး အော်ဟစ်လိုက်၏။ ထို့အတူ ရူးရူးမူးမူးလည်း ဆက်ကာ တက်နေတုန်းပင်။ ဤလူ၏ သိုင်းပညာအစစ်အမှန်သည် တကယ့်ကို အားကောင်းလွန်းလှချေ၏။
ဘန်း....
ပြီးသည့်နောက် အရည်ပေါင်းများစွာတို့သည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာခဲ့၏။ ဤအချိန်မှာတော့ ဤအရာက ငါးကြီးဆီပင် ဖြစ်၏။ စစ်သည်ပေါင်းများစွာတို့သည် မီးမြားများကို အသုံးပြုကာဖြင့် သူ့ကို ပစ်ချကြသည်။
“ပစ်” မြားပေါင်း တစ်ရာကျော်တို့သည် ချောင်ထျန်းဝေဆီသို့ ရောက်ရှိလာ၏။ ချက်ချင်းပဲ ချောင်ထျန်းဝေသည် မီးတုတ်ကြီးတစ်ခုကဲ့သို့ ပြောင်းလဲကာ တစ်ကိုယ်လုံး ကျွမ်းလောင်သွား၏။
“အား၊ အား”
သူသည် မြေပေါ်သို့ တက်ရန် ကြိုးစား၏။ သို့ပေမည့် ရုတ်တရက် အောက်သို့ ပြုတ်ကျ၏။ မီးဘောလုံးကြီး တစ်ခုကဲ့သို့ပင်။
ကျင်းကျိုးသည် ရိုးသားပြီး ဖြူစင်သည့် လူတစ်ယောက်ဖြစ်သည်။ သို့ပေမည့် လူညံ့တစ်ယောက်တော့ မဟုတ်ချေ။
ရွှမ်ဝူသည် အရှေ့ဘက်ပိုင်းဆီသို့ လှမ်းမျှော်ကာ ကြည့်ရှု၏။ နုရှောင့်မြို့သည် မိုင်ရာဂဏန်းချီ အဝေးတွင် တည်ရှိနေ၏။
“လန်အာ... ငါလုပ်စရာတွေအားလုံးကို လုပ်ပြီးပြီ။ မင်းရဲ့ နုရှောင့်မြို့ တိုက်ပွဲကကော ဘယ်လိုအခြေအနေမှာ ရှိနေလဲ”