← Chapters

အခန်း (၂၃၅)

Vol. 17 Ch. 235

အခန်း (၂၃၅)

Vol. 17 Ch. 235

ကျင်းဟိုင်မြို့စားကြီး ထန်လွမ်သည် ချောင်ဟောင် ဘာတွေလုပ်လုပ် ဂရုမစိုက်ချေ။ ကျင်းချန်ကျွန်းသည် မည်သည့်အန္တရာယ်မှ မရှိတော့ပေ။ ကျင်းမိသားစုသည် လောကကြီးထဲမှ ပစ်ပယ်ခံရတော့မည် ဖြစ်၏။ ထန်လွမ်သည် ကြီးကျယ်မြင့်မြတ်လွန်းသော စိတ်ဆန္ဒနှင့်အတူ ပင်လယ်ပြင်တွင် ရွက်လွှင့်လျက်ရှိနေ၏။ သူ ပိုင်ဆိုင်လျက်ရှိနေသည့် ကျွန်းစုများ၏ ပင်လယ်ပြင်တစ်ခု ကဲ့သို့ပင်။

မကြာခင်မှာပဲ ဝမ်ကျားကျွန်းသည် သူ၏အရှေ့တွင် ပေါ်ပေါက်လာခဲ့၏။ ကျွန်းကို ကြည့်ရှုရသည်မှာ ပင်လယ်ပြင်နှင့် နှိုင်းယှဉ်ရမည် ဆိုပါက အလွန်သေးငယ်၏။ ဝမ်ကျားကျွန်းသည် စတုရန်း ကီလိုမီတာ ၁၀၀ နီးပါးခန့်သာရှိ၏။ အလွန်ကျယ် ရှည်ပြီး ကျဉ်းမြောင်းသည့် တည်နေရာတစ်ခုကဲ့သို့ပင်။ ထိုနေရာသည် အရှေ့မှ အနောက်ဆီသို့ ၃ ကီလိုမီတာမှ ၄ ကီလိုမီတာ နီးပါးခန့်ရှိပြီး မြောက်မှ တောင်ဆီသို့ ၂၀ ကီလိုမီတာမှ ၃၀ ကီလိုမီတာ နီးပါးခန့် ရှိ၏။ တည်နေရာ တော်တော်များများတွင် တောင်များ၊ ချောက်များ တည်ရှိလို့ နေခဲ့ပြီး တောင်ဘက်ပိုင်းတွင် သင်္ဘောဆိပ်ကမ်းတစ်ခုနှင့် ကမ်းခြေရှိ၏။

ကျင်းမိသားစု၏ ဆားလုပ်ငန်းသည် ထိုကမ်းခြေတွင် နေရာချ ပြုလုပ်ဆောင်ရွက်နေခြင်း ဖြစ်၏။ ဝမ်ကျားကျွန်းကို အဝေးမှ လှမ်းကာကြည့်ရှုပြီးနောက် ထန်လွမ်သည် သူရဲကောင်းဆန်သည့် ခံစားချက်များ ကို ရရှိနေခဲ့၏။ ဤသေးငယ်သည့် ကျွန်းပေါ်တွင် ရွှေကြောကြီးတစ်ခု တည်ရှိနေလိမ့်မည်ဟု မည်သူက ထင်မှတ်မိမည်နည်း။

သူတို့မိသားစုသည် ၁၀ ရာခိုင်နှုန်းကိုသာ ရရှိသည်ဆိုသော်လည်း ကောင်းမွန်သည့် အခြေအနေဆီသို့ ရောက်ရှိသွားနိုင်သည်။ ကျင်းချန်ကျွန်းကို ပိုင်ဆိုင်သည်ထက်ပင် ပို၍ သာလွန်သည့် ဝင်ငွေပမာဏကို ရရှိပေမည်။

တော်ဝင်ကျင်းနိုင်ငံတော်သည် ရှေးဟောင်းရွှေကြောကြီးတစ်ခု၏ အကူအညီဖြင့် အလုံးစုံ အားကောင်းသည့် နိုင်ငံတစ်ခုအဖြစ်သို့ တိုးတက်ရောက်ရှိသွားခဲ့၏။ ထန်မိသားစုသည် မြို့စားကြီးအိမ်တော်ဆီမှသည် မင်းကြီးအိမ်တော် တစ်ခုဆီသို့ပင် ပြောင်းလဲနိုင်စွမ်း ရှိပေလိမ့်မည်။ ထန်မိသားစု၏ တိုးတက်မှုကို မည်သူမှ တားဆီး၍ မရနိုင်တော့ချေ။ ထိုအရာ၏အစသည် ဤတည်နေရာပင် ဖြစ်၏။

မကြာခင်မှာပင် ထန်လွမ်၏ရွက်သင်္ဘောသုံးစီးတို့သည် ဝမ်ကျားကျွန်းကို တားဆီးပိတ်ပင်ထားခဲ့သော ရွက်သင်္ဘောများ ကြားဆီသို့ ရောက်ရှိလာခဲ့သည်။

ဟုတ်ပေ၏။ ဤသင်္ဘောများသည် ချောင်ထျန်းဝေ ပိုင်ဆိုင်ရာ ရွက်သင်္ဘောပင် ဖြစ်၏။ ဤသင်္ဘောများသည် မည်သည့် ရွက်သင်္ဘောမှ ဝမ်ကျားကျွန်းဆီသို့ ချဉ်းကပ်မလာရန် တားဆီးထားခဲ့ခြင်း ဖြစ်၏။

ပင်လယ်ဘုရင်တွင် ရွက်သင်္ဘော စုစုပေါင်း ၁၀၀ ကျော် ရှိ၏။ သင်္ဘောတော်တော်များများ တို့အား ဝမ်ကျားကျွန်းအနီးတွင် ကျောက်ချထားပြီး တစ်ချို့သော ရွက်သင်္ဘောများမှာတော့ နေ့နှင့်ည ကင်းလှည့်လျက် ရှိနေကြ၏။

ချောင်ထျန်းဝေ၏ ရွက်သင်္ဘောဆီမှ ပင်လယ်ဓားပြတော်တော်များများတို့သည် သူတို့၏ သင်္ဘောပေါ်သို့ တက်လာခဲ့၏။ မြို့စားကြီး ထန်လွမ်သည် ထိုသူတို့ကို ဂရုမစိုက်ချေ။ ထိုပင်လယ်ဓားပြများအား သူ၏ နဝမမြောက်သားက သွားရောက်ကာ ကြိုဆိုသည်။

ပင်လယ်ဓားပြခေါင်းဆောင်သည် ဦးညွှတ်လိုက်၏။ “ဂါရဝပြုပါတယ်။ နဝမမြောက် သခင်လေးထန်.. နှစ်သစ်ကို ကြိုဆိုပါတယ်”

နဝမမြောက်သခင်လေးထန်သည် ရွှေဒင်္ဂါးနှစ်ပြားကို အသာပစ်ပေးကာဖြင့် ပြန်ပြောဆိုလိုက်သည်။ “သွားကြတော့”

ပင်လယ်ဓားပြခေါင်းဆောင်က ရယ်မောကာ ပြောလိုက်၏။ “နဝမသခင်လေး ထန်... ဝိုင်တွေ ဘာတွေ ရှိသေးလား။ ကျုပ်တို့ ဒီရက်ပိုင်းအနည်းငယ်အတွင်း ပင်လယ်ပြင်မှာ လျှောက်သွားနေရတာ။ ကျုပ်တို့ ဆရာကြီးက ကျုပ်တို့ကို ဘာအမိန့်မှ မပေးသေးဘူး။ ဒါကြောင့် ပျင်းပျင်းနဲ့ ဝိုင်တွေ အကုန်လုံး သောက်ပြီးပြီ။ ဘာမှ လုပ်စရာမရှိတော့ဘူး။ ဝိုင်တွေလည်း ကုန်နေပြီ”

နဝမမြောက်သခင်လေးသည် နောက်ထပ် ဝိုင်တစ်သေတ္တာကို ယူဆောင်ကာဖြင့် ပေးလိုက်သည်။

“ကျေးဇူးပါ နဝမသခင်လေး ထန်.... ထန်မိသားစု အသက်ရှည်ပါစေ။ ထန်မိသားစု အောင်မြင်ကြီးပွားပါစေ”

ပြီးနောက် ပင်လယ်ဓားပြများသည် ထန်မိသားစု၏ ရွက်သင်္ဘောသုံးစင်းတို့အား ၎င်းတို့၏ စောင့်ကြပ်ထားမှု အောက်မှ ထွက်ခွာသွားရန် ခွင့်ပြုပေးလိုက်၏။

ထိုအချိန်မှာပဲ ကျင်းဟိုင် မြို့စားကြီး ထန်လွမ်က အပြင်ဘက်သို့ လျှောက်ထွက်လာခဲ့သည်။

ပင်လယ်ဓားပြ ခေါင်းဆောင်သည် မြန်မြန်ဆန်ဆန်နှင့် ဒူးထောက်ကာ ပြောလိုက်၏။ “မြို့စားကြီး ကျင်းဟိုင်.. နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ်”

ထန်လွမ်သည် ရွှေဒင်္ဂါးအနည်းငယ်ကို လှမ်းကာ ပစ်ပေးလိုက်ပြန်သည်။

“အင်း... ကျွန်းပေါ်မှာ အခြေအနေ ဘယ်လိုရှိလဲ” ထန်လွမ်က မေးမြန်းလိုက်၏။

“ကျုပ်တို့ မသိပါဘူး”

ပင်လယ်ဓားပြခေါင်းဆောင်က ပြောလိုက်သည်။ “ဘုရင်ရဲ့အမိန့်အရ ကျုပ်တို့က ဒီပင်လယ်ပြင် တစ်လျှောက်လုံးကို လှည့်လည်ပြီး စစ်ဆေးနေကြတာပဲ။ ဘယ်သင်္ဘောမှ ဒီနားကို ချဉ်းကပ် မလာအောင်လေ။ ဒါပေမဲ့ အချိန်တော်ကြာနေခဲ့ပြီ။ အထဲမှာ တိုက်ပွဲဖြစ်နေတာ ကြာပြီ။ ရွှမ်ဝူအိမ်တော်က ပထမဦးဆုံး စပြီး ထိတွေ့လိုက်တာနဲ့ ပြိုလဲပြီး ထွက်ပြေးသွားခဲ့တာပဲ။ အဲဒါ လွန်ခဲ့တဲ့ နှစ်ရက်တုန်းကလေ။ ကျွန်းပေါ်မှာ တိုက်ခိုက်သံဆိုပြီး တစ်ခုလေးတောင် မကြားရတော့ဘူး။ ဆရာကြီးရဲ့ အလံကို လွင့်ထားတယ်”

ကျင်းဟိုင် မြို့စားကြီး ထန်လွမ်သည် အဝေးတစ်နေရာဆီသို့ ခက်ခက်ခဲခဲဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ နောက်ဆုံး ၄၊ ၅ မီတာအဝေးကို ရောက်ရှိလာသည့် အချိန်မှာတော့ စစ်တပ်စခန်းတစ်ခုကို သူက မြင်လိုက်ရ၏။ ချောင်ဟု ရေးထိုးထားခဲ့သည့် ကြီးမားသောအလံကြီးကို မြင်နေရ၏။ ဤနေရာသည် ကျင်းမိသားစု၏ မိုင်းတွင်း ဖြစ်သည် မဟုတ်ပါလား။

ထန်လွမ်သည် လက်ကိုဝှေ့ယမ်းပြီး ပင်လယ်ဓားပြများကို ခပ်ဝေးဝေးဆီသို့ သွားစေခဲ့၏။

ပင်လယ်ဓားပြ ခေါင်းဆောင်သည် ပြောဆိုလိုက်၏။ “ကျင်းဟိုင် မြို့စားကြီး... ကျုပ်တို့ ဆရာကြီးနဲ့ ခင်ဗျားက တကယ့်ကို မိတ်ဆွေကောင်းတွေပဲ။ ကျွန်းကို သွားတဲ့အချိန်ကျရင်လည်း ကျုပ်တို့ကို ခေါ်ဖို့ ပြောပေးပါအုံး။ ဒီလိုမျိုး ပင်လယ်ထဲမှာ လျှောက်သွားနေရတာ ကျုပ်တို့လည်း ပျင်းလှပြီ”

ထန်လွမ်က ပြောလိုက်သည်။ “မင်း... အပေါ်မှာရှိနေတဲ့ ရွှေတွေရဲ့ ဝေစုကို လိုချင်တာ မဟုတ်ဘူးလား”

“ဟား ဟား ဟား... ဟား ဟား...” ပင်လယ်ဓားပြခေါင်းဆောင်က ရယ်လိုက်၏။

ထန်လွမ်က ပြောလိုက်သည်။ “ကောင်းပြီ။ ငါ မင်းတို့ဆရာကြီးကို သွားပြောပေးမယ်”

ပြီးနောက် ထန်လွမ်၏ ရွက်သင်္ဘောသုံးစင်းသည် ဝမ်ကျားကျွန်း၏ ဆိပ်ကမ်းဆီသို့ ဦးတည်ကာ ရွက်လွှင့်လေ၏။

ကင်းလှည့်သွားလာလျက်ရှိနေသည့် ပင်လယ်ဓားပြများက အော်ဟစ်လိုက်သည်။ “လမ်းဖယ်ပေး။ လမ်းဖယ်ပေး။ ဒါ ကျင်းဟိုင်မြို့စားကြီးရဲ့ ရွက်သင်္ဘောပဲ”

ပတ်ဝန်းကျင်တွင် ရှိနေသည့် ပင်လယ်ဓားပြ ရွက်သင်္ဘောအားလုံးတို့သည် ၎င်းတို့၏ အလံများကို ဝှေ့ယမ်းကာဖြင့် ကျင်းဟိုင်မြို့စားကြီးကို အရိုအသေပြုလိုက်ကြ၏။

ထန်လွမ်သည် အလွန်ပင် ပျော်ရွှင်လျက် ရှိနေသည်။

နဝမသခင်လေး ထန်က ပြောလိုက်၏။ “အဖေ... ပင်လယ်ဓားပြတွေက ဒီလောက်ကြီး ရိုရိုသေသေ ဆက်ဆံလိမ့်မယ်လို့ ကျုပ် မထင်ခဲ့မိဘူး”

ထန်လွမ်က ပြုံးလိုက်၏။ မည်သည့်စကားမှ မဆိုချေ။

လှည့်လည်သွားလာနေသည့် ပင်လယ်ဓားပြများသည် သူတို့အတွက် ဝေစုများပေးဖို့ ချောင်ထျန်းဝေကို ပြောဆိုပေးရန် တောင်းဆိုခဲ့သည်။ ထို့ကြောင့်သာ ဤသို့ဆက်ဆံနေခြင်း ဖြစ်သည်။

မကြာခင်မှာပဲ ကျင်းဟိုင်မြို့စားကြီး၏ ရွက်သင်္ဘောသုံးစင်းတို့သည် ဆိပ်ကမ်းဆီသို့ ချဉ်းကပ်လာခဲ့၏။ ၎င်းသည် လူ ၂၀၀ ကျော်ကို ဦးဆောင်ပြီး ဝမ်ကျားကျွန်းဆီသို့ ဆင်းသက်လာခဲ့၏။

ကျင်းဟိုင်မြို့စားကြီး အိမ်တော်၏ အလံကို ခပ်မြင့်မြင့် လွှင့်ထူပြီး သူတို့ လာသည့်အကြောင်းကို သိသာထင်ရှားစေခဲ့၏။ ကျယ်ပြောသည့် လမ်းတစ်လျှောက် လှမ်းလျှောက်လာခဲ့ပြီးနောက် ...

“ဒီကျင်းမိသားစုက ဘာစွမ်းရည်မှ မရှိဘူး။ ဒါပေမဲ့ လမ်းတွေဘာတွေတော့ ကောင်းကောင်း ဆောက်ထားတာ ပဲ”

နဝမသခင်လေးထန်သည် လှောင်ပြောင်သလို ပြောလိုက်သည်။ “ဒီဝမ်ကျားကျွန်းက ငှက်တောင် ချီးပါခဲ့တဲ့ နေရာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့က ဒီလိုလမ်းမျိုးကိုတောင် ဆောက်နိုင်တယ်။ ၁၀ ပေလောက်လည်း ကျယ်သေးတယ်။ တကယ့်လူတွေပဲ”

ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ပြောလိုက်၏။ “အခု ဒီလမ်းက ငါတို့ပိုင်တဲ့အရာ ဖြစ်ပြီ။ မင်း မှတ်ထား။ မိသားစုက အမျှော်အမြင် ကင်းမဲ့တယ်ဆိုရင် အဆုံးသတ်ကို ရောက်သွားတာပဲ။ ဒီအရာအားလုံးရဲ့ အရင်းအမြစ်က ကျင်းမိသားစု ခေါင်းဆောင်ရဲ့ အမျှော်အမြင် ကင်းမဲ့မှုကြောင့်ပဲ”

နဝမမြောက်သခင်လေးထန်က ပြောလိုက်သည်။ “ဟုတ်တယ်။ သုံးမရတဲ့သူပဲ”

ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ပြောလိုက်၏။ “ဟုတ်တယ်။ အရမ်းကို ရူးသွပ်ခဲ့တယ်။ ကျင်းကျုံးက မိန်းမတစ်ယောက်တည်း ရှိတယ်။ ကျင်းယုကလည်း မိန်းမတစ်ယောက်တည်း ရှိခဲ့တယ်။ ကျင်းကျိုးကလည်း မိန်းမတစ်ယောက်တည်း ရှိခဲ့တယ်။ ဘယ်လောက် ဆိုးဝါးတဲ့ အလေ့အကျင့်လဲ။ ဒီလို ကြီးမားတဲ့ မိသားစုကြီးထဲမှာ ကျင်းမူကုန်းလို ဆက်ခံသူပဲ ကျန်ခဲ့တယ်။ မျိုးဆက်သုံးဆက်ထဲမှာ ဆက်ခံသူဆိုလို့ တစ်ယောက်ပဲ ကျန်တယ်။ ရာစုနှစ်နီးပါးရှိတဲ့ တော်ဝင်မျိုးနွယ်ဆိုရင်တောင်မှ ဘာသုံးစားလို့ရလဲ။ မိန်းမတစ်ယောက်တည်းနဲ့ပဲ ပျော်မွေ့ရတယ်ဆိုတာ ဘယ်လောက် ညံ့ဖျင်းလိုက်လဲ”

နဝမသခင်လေးထန်က ခေါင်းညိတ်လိုက်သည်။ “အဖေပြောတာ မှန်ပါတယ်။ ကျုပ်ဆိုရင် အခု မိန်းမ ငါးယောက်နဲ့ ကလေး လေးယောက်တောင် ရနေပြီ”

နဝမသခင်လေး ထန်သည် ယခုနှစ်တွင် ၁၇ နှစ်သာ ရှိသေး၏။

ထန်လွမ်က ပြောလိုက်သည်။ “ဟုတ်တယ်။ ငါတို့ မိန်းမများများနဲ့ ကလေးများများ ယူရမယ်။ ဒါမှ မိသားစုက ပိုပြီးတော့ စည်ပင်ဝပြော တိုးတက်လာမှာ”

နဝမသခင်လေး ထန်က ပြောလိုက်၏။ “အဖေ... ကျင်းမူကုန်းကို ညီမလေး ၁၃ နဲ့ လက်ထပ်ပေးဖို့ စီစဉ်နေတယ်လို့ ကျုပ်ကြားခဲ့တယ်”

“ဟုတ်တယ်” ထန်လွမ်က ပြောလိုက်သည်။

နဝမသခင်လေးထန်က ပြောလိုက်၏။ “ဒါပေမဲ့ ညီမလေး ၁၃ က ဦးရီးတော်ရဲ့ သမီးလေ။ ဦးရီးတော် သေဆုံးပြီးတဲ့နောက်မှာ သူ့ကို ကျုပ်တို့မိသားစုက ကျွေးမွေးခဲ့ရတာ မဟုတ်လား”

ထန်လွမ်က ပြောလိုက်သည်။ “အဲဒါ မကောင်းဘူးလား”

နဝမသခင်လေးထန်သည် တုံ့ဆိုင်းသွားခဲ့၏။ “အဖေ၊ ဒါ... ဒါက... ညီမလေး ၁၃ နဲ့ ကျုပ်... ကျုပ် အိပ်ခဲ့ပြီးသွားပြီ”

နဝမသခင်လေး ထန်သည် ထိုစကားကို ပြောသည့်အချိန်တွင် တကယ်ပင် ဆိုးရွံ့လျက် ရှိနေသည်။

ထန်လွမ်က ပြောလိုက်၏။ “ကောင်းတယ်လေ။ ဘာဖြစ်လဲ။ ဆက်အိပ်ပေါ့။ အဲမိန်းကလေးကို ကျင်းမူကုန်းဆီ ပေးတာက ပေးလိုက်မယ်။ ဘာပဲဖြစ်ဖြစ် သူ မင်းအတွက် ကလေးတစ်ယောက် မွေးပေးတာပေါ့။ နွားကျခိုင်းတယ်ဆိုတာ အဲတာပဲ”

နဝမသခင်လေး ထန်က ပျော်ရွှင်စွာ ပြောလိုက်သည်။ “ကောင်းပြီ။ အခုကစပြီး ကျင်းမိသားစုက ကျုပ်တို့ ထန်ကလန်ရဲ့ ဝေယျာဝိစ္စအားလုံးကို လုပ်ပေးရတဲ့လူတွေ ဖြစ်သွားပြီ”

နာရီဝက်ခန့် လမ်းလျှောက်ပြီးနောက် ထန်လွမ်နှင့် သူ၏အဖွဲ့သည် ကျယ်ပြန့်လှသည့် မိုင်းတွင်းကြီးနားသို့ ရောက်ရှိလာခဲ့၏။ ဤမိုင်းတွင်း၏ ပတ်ဝန်းကျင်တစ်ခုလုံးတွင် စစ်စခန်းများ တည်ဆောက်ထားခဲ့ပြီး လုံခြုံစွာ စောင့်ကြပ်လျက် ရှိနေ၏။ ပင်လယ်ဓားပြအလံများသည် လေထဲတွင် တလူလူနှင့် လွင့်လျက် ရှိ၏။

အဝေးမှ ကြည့်ရှုပြီးသည့်နောက်...

ထန်လွမ်က အော်ဟစ်လိုက်သည်။ “နုရှောင့်နယ်စားကြီး၊ နုရှောင့်နယ်စားကြီး၊ ကျုပ် လာပြီ။ ကျုပ် လာခဲ့ပြီ။ နေ့အချိန်ကြီး ဘယ်လိုဖြစ်ပြီး စစ်စခန်းထဲ အိပ်ပျော်နေကြတာလဲ။ ဒီနေရာမှာ ဘယ်သူမှ စောင့်ကြပ်တဲ့လူ မရှိဘူးလား။ အိုက်ယား.. တကယ့်ကို စိတ်ရှုပ်စရာပဲ။ ကျင်းမိသားစုရဲ့ စစ်သည်တွေ အကုန်လုံးက သတ်ဖြတ်ခံလိုက်ရပြီလား။ ဘယ်လိုဖြစ်ပြီးတော့ ဂိတ်တံခါးတွေဖွင့်ပြီးတော့ နေ နေကြတာလဲ။ ကျင်းကျိုး သေသွားပြီ မဟုတ်လား။ ရှမ့်လန် သေသွားပြီလား”

“နုရှောင့်နယ်စားကြီး ... ခင်ဗျား သူတို့ကို အသက်ရှင်လျက် ထားသင့်တယ်။ ကျုပ်နဲ့ ကျင်းမိသားစုနဲ့ ကြားထဲမှာ ရာစုနှစ်ချီတဲ့ ရန်ငြိုးအဟောင်းတွေ ရှိနေတယ်။ ကျုပ် ကိုယ်တိုင် ကျင်းကျိုးကို သတ်ချင်တာ။ သူ့ခေါင်းကို ကျုပ်ကို ဘာလို့ ခုတ်ဖြတ်ခွင့် မပေးရတာလဲ။ ရှမ့်လန် ဒီခွေးကောင်လေး၊ သူ့ကို သတ်ချင်တဲ့လူအများကြီး ရှိတယ်။”

ထန်လွမ်သည် လှမ်း၍ အော်ပြောနေခြင်းဖြစ်၏။ ပြီးနောက် ပင်လယ်ဓားပြဘုရင်၏ စစ်စခန်းအတွင်းသို့ လှမ်းဝင်လိုက်၏။ ပြီးနောက် လူပေါင်းများစွာ တို့သည် ထွက်လာခဲ့လေ၏။ ကျင်းမိသားစု၏ စစ်သည်ပေါင်း ၄၀၀၀ ကျော်တို့သည် ထန်လွမ်၏ လူနှစ်ရာအား ဝိုင်းပတ်ထားခဲ့ပြီး ဖြစ်၏။

ဟုတ်ပေ၏။ အတွေ့အကြုံ ရင့်ကျက်လွန်းသည့် စစ်သားဟောင်း ၄၀၀ ကျော်သာလျှင် ရှိ၏။ ကျန်သည့် လူများသည် အသစ်ခေါ်ယူထားခဲ့သည့် စစ်သည်များနှင့် မိုင်းလုပ်သားများပင် ဖြစ်၏။ သို့ပေမည့် အားလုံးသော သူတို့သည် ချပ်ဝတ်တန်ဆာနှင့် လက်နက်များကို ကိုင်ဆောင်ထားခဲ့ကြ၏။ ထို့ကြောင့် ကျင်းမိသားစု၏ အဓိက အင်အားစု ကဲ့သို့ပင် ဖြစ်လို့နေသည်။

ထိုအရာကို မြင်သည့်အချိန်မှာတော့ ထန်လွမ်သည် တွန့်ခနဲ ဖြစ်သွား၏။ ရုတ်တရက် သူ၏အမြင်အာရုံ တစ်ခုလုံးသည် မှောင်မည်းသွားခဲ့သလိုပင်။

သူသည် သူ၏ခေါင်းကို ခပ်ပြင်းပြင်း ပုတ်ထုတ်လိုက်၏။ အိပ်မက်မက်နေသည်လား သို့မဟုတ် ......။

ကျင်းမိသားစုတွင် ရှိနေသည့် စစ်သည်များက ဘာကြောင့် ဤနေရာဆီသို့ ရောက်ရှိနေသနည်း။ အားလုံး သေဆုံးသွားခဲ့ပြီ မဟုတ်ပါလား။ ပင်လယ်ဓားပြဘုရင် ချောင်ထျန်းဝေ၏ စစ်သည်ပေါင်း ၃၀၀၀၀ ကျော်သည် မည်သည့်နေရာသို့ ရောက်သွားသနည်း။

“ချောင်ထျန်းဝေ... ခင်ဗျား ကျုပ်ကို နောက်နေတာလား။ ခင်ဗျားတို့ ပင်လယ်ဓားပြတွေ ကျင်းမိသားစုရဲ့ ဝတ်စုံတွေ ဝတ်ပြီ ဘာလုပ်နေတာလဲ။ ကျုပ်ကို လန့်ပြီး သေအောင် လုပ်နေတာလား။ ပြီးတော့ ကျုပ်သား ထန်ကျုံး ဘယ်မှာလဲ။ ထန်မိသားစုရဲ့ သီးသန့်စစ်သည် ၃၀၀၀ ကျော် ဘယ်ရောက်သွားလဲ”

ဤအချိန်မှာပင် အလွန်ရင်းနှီးသည့် လူတစ်ယောက်သည် လူအုပ်ကြားထဲမှ လျှောက်ထွက်လာခဲ့၏။ ရွှမ်ဝူ ကျင်းကျိုးပင် ဖြစ်၏။

“မြို့စားကြီး ကျင်းဟိုင်.... ခင်ဗျား ဘယ်လို ရောက်လာတာလဲ”

ဤအရာက အိပ်မက်မဟုတ်တော့ချေ။ ချောင်ထျန်းဝေ နောက်ပြောင်ခြင်း မဟုတ်တော့ချေ။

ကျင်းဟိုင် မြို့စားကြီး ထန်လွမ်သည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့၏။ သူ၏လက်နှင့် ခြေတို့သည် သူ၏ ပြောစကားကို နားမထောင်တော့သကဲ့သို့ပင်။ သူ အသက်ရှူ၍ မဝတော့ချေ။

ဘာ... ဘာ... ဘာတွေ ဖြစ်ကုန်သနည်း။ ကျင်းကျိုး အသက်ရှင်လျက် ရှိနေသည်လား။ ထန်ကျုံးရော ဘာတွေ ဖြစ်သွားသနည်း။

ရွှမ်ဝူ ကျင်းကျိုးက ပြောလိုက်၏။ “ခင်ဗျား ရောက်လာတာ တကယ့်ကို အံ့အားသင့်စရာပဲ။ ဒီတော့ နောက်ထပ် ပြဿနာတစ်ခုကို ဖြေရှင်းလို့ရပြီပေါ့”

ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က အော်ဟစ်လိုက်သည်။ “ဘာကြောင့် ဒီလို ဖြစ်ရတာလဲ။ ချောင်ထျန်းဝေ ဘယ်ရောက်သွားလဲ။ သူ့ရဲ့ စစ်သည် ၃၀၀၀၀ ကျော်က ဘယ်ရောက်သွားလဲ။ ပြီးတော့ ကျုပ်သား ထန်ကျုံး ဘယ်မှာလဲ။ ကျုပ်ရဲ့ သီးသန့်စစ်သည် ၃၀၀၀ ကျော်က ဘယ်ရောက်သွားလဲ”

ကျင်းကျိုးသည် ကြီးမားသည့် တွင်းကြီးဆီသို့ လက်ညိုးညွှန်ကာ ပြလိုက်၏။ “အဲဒီမှာပဲလေ။ ချောင်ထျန်းဝေရဲ့ ပင်လယ်ဓားပြ ၃၀၀၀၀ ကျော်နဲ့ ခင်ဗျားတို့ ထန်မိသားစုရဲ့ သီးသန့်စစ်သည် ၃၀၀၀ ကျော် အားလုံးက အဲရေထဲမှာ ပေါလောပေါ်နေတယ်။ ဒါနဲ့ ကျင်းဟိုင်မြို့စားကြီးက အလောင်းတွေ လာယူတာလား။ အားနာပါတယ်။ အလောင်းတွေက အေးခဲနေတာလေ။ နွေရာသီကျမှပဲ ယူဖို့ လွယ်မယ်နဲ့ တူတယ်”

ထန်လွမ်သည် ကြီးမားသည့် တွင်းကြီးအစပ်ဆီသို့ လျှောက်သွားပြီး တစ်ကိုယ်လုံး တုန်ယင်လျက် ရှိနေ၏။ သူသည် တဖြည်းဖြည်းချင်းနှင့် အောက်ကို ငုံ့ကြည့်လိုက်၏။ ပြီးနောက် တစ်သက်တွင် တစ်ခါမှ မမြင်ခဲ့ဖူးသည့် မြင်ကွင်းတစ်ခုကို မြင်လာခဲ့ရ၏။ ကြီးမားသည့် တွင်းကြီးထဲတွင် အလောင်းများနှင့် ပြည့်နှက်လျက် ရှိနေ၏။ ရေတွက်၍ပင် မရနိုင်ခဲ့ချေ။ ဤတွင်းကြီး၏ ရေမျက်နှာပြင်တစ်ခုလုံးသည် ရေခဲလွှာများနှင့် အေးခဲလျက် ရှိနေသည်။ ရေခဲလွှာများ ဖြစ်သည်ဆိုလျှင်တောင်မှ အောက်ဘက်တွင် ရှိနေသည့် အလောင်းပေါင်းများစွာကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။ တကယ့်ကို ခြောက်ခြားဖွယ်ရာ မြင်ကွင်းမျိုးပင်။

“ကျုပ်ရဲ့ စစ်သည်ပေါင်း ၃၀၀၀ ကျော် ဘယ်ရောက်သွားလဲ။ ကျုပ်ရဲ့ စစ်သည်ပေါင်း ၃၀၀၀ ကျော် ဘယ်ရောက်သွားလဲ” ထန်လွမ်က အော်ဟစ်နေ၏။

ကျင်းကျိုးသည် ထန်လွမ်ဘက်သို့ လှမ်းကြည့်ကာဖြင့် ပြောလိုက်၏။ “ခင်ဗျားရဲ့ သီးသန့်စစ်သည်တွေဟာ သံမဏိချပ်ဝတ်တွေ ဝတ်ထားတာလေ။ ဒီတော့ ရေအောက်ကို အရင်ဆုံးနစ်တဲ့လူတွေက သူတို့ ဖြစ်သွားတာပေါ့ဗျာ။ သူတို့ အပေါ်ကို တက်မလာနိုင်တော့ဘူး”

ထန်လွမ်သည် ရုတ်တရက် ထကာ အော်ဟစ်လိုက်ချင်၏။ သို့ပေမည့် သူ မည်သည့်အသံမှ မထွက်တော့ချေ။ သူ အော်ငိုချင်မိ၏။ သို့ပေမည့် မည်သည့် မျက်ရည်မှကျဆင်းမလာခဲ့တော့ချေ။ ဘာကြောင့် ဒီလို ဖြစ်ရသနည်း။

“ဘာကြောင့် ဒီလို ဖြစ်ရတာလဲ။ ကျုပ်တို့က လူအင်အား ၃ သောင်းလောက် ရှိတယ်။ ဘာကြောင့် ရှုံးနိမ့်ရတာလဲ။ ဘာကြောင့် ရှုံးနိမ့်ရတာလဲ”

ရွှမ်ဝူသည် မည်သည့်စကားမှ မဆိုချေ။ ထန်လွမ်သည် ခန္ဓာကိုယ်ကို အသာလှည့်ကာဖြင့် မေးလိုက်၏။ “ဒါ ရှမ့်လန် စီစဉ်ထားတဲ့ ဇာတ်ကွက်တွေ မဟုတ်လား။ ဟုတ်တယ်မလား”

ကျင်းကျိုးက ပြောလိုက်သည်။ “ဟုတ်တယ်။ ဒီနေရာမှာ ဘာရွှေကြောမှ မရှိဘူး။ ပင်လယ်ဓားပြဘုရင် ချောင်ထျန်းဝေကို သတ်ဖို့အတွက် ကျုပ်တို့ စီစဉ်ထားတဲ့ အရာတစ်ခုပဲ။ ကျင်းဟိုင်မြို့စားကြီးက အလောတကြီးနဲ့ ရောက်ရှိလာပြီး အသေခံရလိမ့်မယ်လို့တော့ ကျုပ် မထင်ခဲ့မိဘူး”

“ကျုပ်... ကျုပ်... ကျုပ်...”

ထန်လွမ်၏ မျက်ရည်များသည် ကျဆင်းလာခဲ့၏။ မျက်ရည်များနှင့် နှပ်ချီးများပင် ရောနှောပါဝင်လျက် ရှိ၏။ နာကျင်မှု၊ ဝမ်းနည်းမှု၊ နောင်တတရား ...

“အား... အား...”

သူအနေနှင့် ယခင်တုန်းကသာ ဆိုပါက ကျိန်းသေပေါက် မမျှော်လင့်ထားမှုနှင့် ဒေါသတရားများကို အဆုံးစွန်ထိ ခံစားရမှာ ဖြစ်၏။ လက်ရှိအခြေအနေမှာတော့ အေးစက်မှုနှင့် စိတ်ပျက်မှုများကိုသာ ခံစားလျက် ရှိနေလေ၏။ သူသည် အလွန်ပြင်းထန်လှသည့် တိုက်ခိုက်ချက်နှစ်ခုကို ခံစားခဲ့ရလေ၏။

ကျင်းချန်ကျွန်းတိုက်ပွဲသည် ပထမဦးဆုံးအကြိမ် ဖြစ်ခဲ့၏။ ဒုတိယအကြိမ်သည် ရှမ့်လန် ယင်ယွမ်အဖွဲ့အစည်းထံသို့ ပိုက်ဆံများ ပြန်လည်ပေးအပ်စဉ်က ဖြစ်၏။ ဤကြီးမားသည့် တိုက်ခိုက်ချက်နှစ်ခုကို ရင်ဆိုင်ရပြီးသည့်နောက် ထန်လွမ်သည် အသက်ရှင်ရပ်တည်နိုင်ရန်အတွက် မနည်း ရုန်းကန်ခဲ့ရသည်။

ရှိရှိသမျှသော အားအင်များကို အသုံးပြုကာဖြင့် သီးသန့်စစ်သည် ၃၀၀၀ ကျော်ကို ဝမ်ကျားကျွန်းဆီသို့ စေလွှတ်ကာ ကျင်းမိသားစုအား တိုက်ခိုက်စေခဲ့၏။ သူသည် ရှိရှိသမျှသော အားအင်များကို အသုံးပြုကာ ရွှမ်ဝူအိမ်တော်ကို ဖျက်ဆီးခဲ့ခြင်းပင် ဖြစ်၏။ သူ ထန်လွမ်သည် လုံးဝ ကျရှုံးနိုင်သည့်လူမျိုး မဟုတ်ချေ။

သို့ပေမည့် ဤတစ်ကြိမ်မှာတော့ သူသည် ကောင်းကင်ပေါ်မှသည် ငရဲရှစ်ထပ်ဆီသို့ ကျဆင်းသွားသကဲ့သို့ပင်။ အကျနာခဲ့သောကြောင့် မည်သို့မှ ပြန်မထနိုင်တော့ချေ။ သူ ထန်လွမ်သည် လက်ရှိအခြေအနေတွင် တကယ်ကို ပြီးဆုံးပြီ ဖြစ်၏။ ထန်မိသားစုက တကယ်ကို ပြီးဆုံးပြီ ဖြစ်၏။

“ဘိုးဘေးတို့.. ခင်ဗျားတို့ရဲ့ မျိုးဆက်က အသုံးမကျခဲ့ပါဘူး။ လုံးဝ အသုံးမကျခဲ့ပါဘူး”

ပြီးနောက် ထန်လွမ်၏ အမြင်အာရုံတစ်ခုလုံးက မည်းမှောင်ပြီး နောက်သို့ လန်ကျသွားခဲ့၏။ သူသည် ဤကဲ့သို့ပင် သေဆုံးသွားချင်မိသည်။

All Chapters