အခန်း (၂၃၆)
Vol. 17 Ch. 236
နုရှောင့်မြို့
ရှစ်ချင်းချင်းသည် နေအိမ်အကျယ်ချုပ် ကျထား၏။ သို့ပေမည့် သူမသည် ထိုစကားတစ်ခုကို အလောတကြီးနှင့် ထွက်ကာ ပြောခဲ့သည်။ သို့ပေမည့် ချောင်ယောင်းအာ၏ အမျိုးသမီးစစ်သည်တော်များသည် သူမကို လာကာ ဆွဲခေါ်ကြတော့သည်။
“ကျွန်မ ရှင့်တို့သခင်မကို ကယ်ချင်တယ်။ မဟုတ်ရင်... မဟုတ်ရင် နောက်ကျသွားလိမ့်မယ်”
ထိုအချိန်မှာတော့ သူမသည် ချောင်ယောင်းအာရှေ့ဆီသို့ ပြေးသွားပြီး လက်ကို အသာဖွင့်ကားကာဖြင့် ရဲတိုက်ကြီး၏ အပေါ်ထပ်ဆီမှ လှမ်းကာအော်ဟစ်လိုက်၏။ “ရှမ့်လန်... ကျေးဇူးပြုပြီး မသတ်ပါနဲ့။ ချောင်ယောင်းအာကို မသတ်ပါနဲ့။ သူ့ရဲ့ဗိုက်ထဲမှာ ရှင့်ရဲ့ ကလေးရှိတယ်။ တစ်လကျော်နေပြီ။ သူ ဓမ္မတာ မလာတာ တစ်လကျော်နေပြီ။ ချောင်ယောင်းအာက သေဖို့ မထိုက်တန်ပါဘူး။ သူက မသေသင့်တဲ့ လူတစ်ယောက်ပါ”
ရှမ့်လန်၏ ချောမောသည့် မျက်နှာသွင်ပြင်တစ်ခုလုံးသည် တဆတ်ဆတ်နှင့် တုန်ယင်သွားခဲ့၏။ သူ၏ နောက်ဘက်တွင် ရှိနေသည့် ကျင်းဟွေ့၊ ရှမ့်ဆယ့်သုံး၊ ကျင်းရှိယန်နှင့် အခြားသော သူများအားလုံး၏ ခန္ဓာကိုယ်များကလည်း တုန်ယင်သွားခဲ့သည်။
“ကောင်းကင်ဘုံ...”
“သမက်တော်... ခင်ဗျားက အံ့အားသင့်စရာပဲ။ ချောင်ယောင်းအာလို မိန်းမမျိုးနဲ့တောင် အိပ်နိုင်တယ် ဟုတ်လား”
“ဒါပေမဲ့ ခင်ဗျား... ခင်ဗျား ဖောက်ပြန်ခဲ့တာပေါ့”
ရှမ့်လန်သည် မျက်နှာတစ်ခုလုံး မျက်ရည်များနှင့် ပြည့်နှက်လျက်ရှိနေသည့် ရှစ်ချင်းချင်းကို လှမ်းကြည့်ကာ အော်ဟစ်လိုက်၏။
“ချောင်ယောင်းအာက သေဖို့ မထိုက်တန်ဘူး။ ဒါဆိုရင် ကျုပ်... ရှမ့်လန်ကရော သေဖို့ ထိုက်တန်နေတာလား။ ကျုပ်ရဲ့ နောက်မှာရှိနေတဲ့ စစ်သည် ၂၀၀၀ ကျော် ... ညီအစ်ကိုတွေ အကုန်လုံးက သေဖို့ ထိုက်တန်နေတာလား”
ရှစ်ချင်းချင်းသည် ကျယ်လောင်စွာ အော်ဟစ်ငိုယိုလျက် ရှိနေသည်။
ရှမ့်လန်က အော်ဟစ်လိုက်၏။ “ကျန်းကျင်းရဲ့စစ်သည်တော်တွေက ကျုပ်တို့ရဲ့ အနောက်ဘက်မှာ ရှိနေတယ်ဆိုတာ ခင်ဗျားသိလား။ သူတို့က အချိန်မရွေး ဒီကို ရောက်လာပြီး ကျုပ်ရဲ့ စစ်သည်တော် ၂၀၀၀ ကို သတ်ဖြတ်ပစ်နိုင်တယ်။
တကယ်လို့ ကျုပ်သာ နုရှောင့်မြို့ကို မသိမ်းဆည်းနိုင်ဘူးဆိုရင် ကျုပ်တို့ ကျင်းမိသားစုက အဆုံးသတ်ပြီ။ ကျုပ်ရဲ့ မိန်းမ၊ ကျုပ်ရဲ့ မိဘတွေ၊ ကျုပ်ရဲ့ ညီ၊ ကျုပ်ရဲ့ ယောက္ခထီး၊ ယောက္ခမတွေ၊ ကျုပ်တို့ မိသားစုတစ်ခုလုံး အဆုံးသတ်ပြီ။ ချောင်ယောင်းအာက သေဖို့ မထိုက်တန်ဘူးဆိုတော့ ကျုပ်တို့က သေဖို့ ထိုက်တန်နေတာလား။
ရှစ်ချင်းချင်း... ချောင်ယောင်းအာက ခင်ဗျားကို အနိုင်ယူ စိုးမိုးထားတယ်ဆိုတာ ကျုပ်သိတယ်။ ပြီးတော့ ခင်ဗျားက သူ့ဘက်ကို ရောက်သွားပြီဆိုတာ သိတယ်။ ဒါပေမဲ့ ကိစ္စမရှိဘူး။ ဒါ ကိစ္စမရှိဘူး။ ခင်ဗျားနဲ့ ကျုပ်နဲ့ ကြားထဲမှာ အစောကြီးတည်းက ကြီးမားတဲ့ ရန်ငြိုးတွေ ရှိနေတာပဲ။ အားလုံး .. တိုက်ကြ”
ရှမ့်လန်က အမိန့်ပေးလိုက်၏။
ရှစ်ချင်းချင်းသည် ဒူးထောက်ပြီး ချောင်ယောင်းအာ၏ ခြေထောက်ကို ပွေ့ဖက်ကာဖြင့် အော်ဟစ် တောင်းပန်လျက် ရှိနေသည်။ “တပ်မှူး.. ရှင့်လို မိန်းမမျိုးကို ကျွန်မ တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး။ ကျွန်မ ရှင့်ကို မသေစေချင်ဘူး။ ကျွန်မ ရှင့်ကို မသေစေချင်ဘူး။ ရှင် ကလေးတွေကို မချစ်ဘူးလို့ ပြောတယ်မလား။ ဒါပေမဲ့ ကျွန်မ ချစ်တယ်။ အချိန်ရောက်လာပြီဆိုရင်... ရှင် အဲကလေးကို ချစ်မြတ်နိုးမှာ အသေအချာပါပဲ။ အဲကလေးက ရှင့်အတွက် အရာအားလုံး ဖြစ်လာလိမ့်မယ်။
ရှမ့်လန်က ရှင့်ကို ကျိန်းသေပေါက် သတ်ပစ်လိမ့်မယ်။ သူ တကယ် ရှင့်ကို သတ်နိုင်တယ်။ ပြီးတော့ သူ သတ်ချင်တယ်လို့ ပြောတဲ့လူတိုင်းကို သူ သတ်နိုင်ခဲ့တယ်။ ကျွန်မရဲ့ အဖေ၊ ရှင့်ရဲ့ မွေးစားအဖေ ချောင်ထျန်းဝေ၊ ပြီးတော့ သူ့ရဲ့ စစ်သည် ၃၀၀၀၀ ကျော် အားလုံးက သေသွားခဲ့ပြီ။ ရှမ့်လန်က သူတို့အားလုံးကို သတ်ပစ်နိုင်တဲ့လူ ဖြစ်သလို ရှင့်ကိုလည်း သတ်ပစ်နိုင်တဲ့လူ ဖြစ်တယ်။ ကျွန်မ အေးအေးဆေးဆေး ညှိနှိုင်းလို့ရမလား”
ချောင်ယောင်းအာ၏ အမူအရာတစ်ခုလုံးသည် ရေခဲကဲ့သို့ပင် အေးစက်သွားခဲ့၏။ အခြားသောသူ တစ်ယောက်သာ ဆိုပါက သူမ ဆုံးဖြတ်ချက်ကို တစ်ခါတည်း ချပေမည်။ သူမကဲ့သို့သော လူတစ်ယောက်အား ရှမ့်လန်က လွယ်လွယ်ကူကူနှင့် သတ်ပစ်နိုင်သည်လား။
သို့ပေမည့် သူမ မယုံကြည်ဘဲ မနေဝံ့ချေ။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်၏ သတ်ဖြတ်လိုခြင်း ဆန္ဒနှင့် စိတ်ဆုံးဖြတ်ထားမှုကို သူမက ကောင်းကောင်း ခံစားမိ၏။ ထို့အပြင် တစ်ဖက်လူ၏ စွမ်းရည်ကို သူမ ကောင်းကောင်း ယုံကြည်မိ၏။
သူမသည် ရှစ်ချင်းချင်းကို ရှားရှားပါးပါး ဆိုသလို ကြင်နာသည့် အကြည့်ဖြင့် လှမ်းကာ ကြည့်ရှုရင်း ပြောလိုက်သည်။ “ဒီလို လေးလေးနက်နက် စိတ်ပူပန်မိတဲ့အတွက် ကျေးဇူးပါပဲ။ ဒါပေမဲ့ ကျွန်မက သေရမှာ မကြောက်ဘူး”
ရှစ်ချင်းချင်း၏ လှပသည့် မျက်နှာထက်တွင် စိတ်ပျက်မှုများနှင့် ပြည့်နှက်သွားခဲ့၏။ “ဒါဆိုလည်း ကောင်းပြီ။ ကျွန်မရဲ့ အရေးကြီးဆုံးလူနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သတ်တော့မယ်။ ကျွန်မ လက်စားချေဖို့ မျှော်လင့်ချက် မရှိတော့ဘူး။ ဒီတော့ ရှင့်တို့ထက် အရင် ကျွန်မ သေချင်တယ်”
ပြီးနောက် သူမသည် ရုတ်တရက် အောက်ဆီသို့ ခုန်ချလိုက်၏။ သူမသည် ဤသို့နှင့်ပင် မီတာ ၂၀ အမြင့်ရှိသော တည်နေရာဆီမှ အောက်သို့ ခုန်ချခဲ့သည်။ သူမ၏သေဆုံးမှုသည် ချောင်ယောင်းအာ၏ နှလုံးသားတစ်ခုလုံးကို တုန်လှုပ်စေလိမ့်မည်ဟု သူမက ထင်မှတ်ထားခဲ့သည်။
“မဟုတ်ဘူး၊ မလုပ်နဲ့”
ချောင်ယောင်းအာ၏ လက်သည် လျှပ်စီးကဲ့သို့ပင် မြန်ဆန်၏။ သူမသည် ရှစ်ချင်းချင်းကို လှမ်းဆွဲလိုက်၏။ အခြားသောသူများ၏ သေခြင်းနှင့် ပတ်သက်၍ သူမသည် ဂရုစိုက်တတ်သူ မဟုတ်ချေ။ အမျိုးသမီး တစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှပေါ့။ သို့ပေမည့် သူမအတွက် သေဆုံးသွားမည့်ဖြစ်အင်များကိုတော့ အလိုမရှိချေ။
ရှစ်ချင်းချင်း၏ ခန္ဓာကိုယ်သည် လေထဲတွင် တန့်လျက် ရှိနေ၏။ သူမ၏ ဆံနွယ်များကို ချောင်ယောင်းအာက လှမ်းကာ ဆွဲထားသောကြောင့်ပင်။
“တပ်မှူး.. စကားပြောလို့ရပြီလား။ ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ ရှင့်ကို မသေစေချင်ဘူး။ ရှမ့်လန်... ရှမ့်လန်က ရှင့်ကို သတ်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ ကိုယ့်ကိုယ်ကိုယ် အခွင့်အရေးတစ်ကြိမ်လောက် ပေးပါအုံး။ ကျွန်မကိုလည်း အခွင့်အရေးတစ်ကြိမ်လောက် ပေးပါအုံး”
ပြီးနောက် ရှစ်ချင်းချင်းသည် အောက်တွင် ရှိနေသည့် ရှမ့်လန်ကို လှမ်းကာ အော်ဟစ်လိုက်၏။ “ရှမ့်လန်.. ရှင်က ယောက်ျားတစ်ယောက်မဟုတ်လား။ ချောင်ယောင်းအာနဲ့တောင် အိပ်ခဲ့ပြီးပြီ။ ကျွန်မတို့ အေးအေးဆေးဆေး စကားပြောလို့ မဖြစ်ဘူးလား”
ရှမ့်လန်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
“သူက ငါနဲ့ အိပ်ခဲ့တာ။ ငါက သူနဲ့ အိပ်ခဲ့တာ မဟုတ်ဘူး။ ချီးထဲမှ.. ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ”
ရှစ်ချင်းချင်းက ပြောလိုက်၏။ “ကောင်းပြီ။ ဒီကိစ္စကို ကျွန်မတို့ ပြီးမှ ပြောကြရအောင်”
“ချီးပဲ... ချီးပဲ...”
ရှမ့်လန်က ထကာ ဆဲဆိုနေမိ၏။ သူသည် ညာဘက်လက်ကို မြှောက်ကာဖြင့် ပြောလိုက်သည်။ “ဟို ချောင်မိန်မ ... ကျုပ် လာပြီး ခင်ဗျားနဲ့ စကားပြောမယ်။ တစ်ယောက်ချင်းစီ စကားပြောမယ်။ ခင်ဗျား သတ်ချင်ရင် ကျုပ်ကို သတ်နိုင်တယ်။ ဒါပေမဲ့... ခင်ဗျား စကားမပြောချင်ဘူးဆိုရင်တော့ တစ်ခါတည်း တိုက်ခိုက်ကြတာပေါ့”
ချောင်ယောင်းအာသည် ရှမ့်လန်ကို လှမ်းကြည့်၏။ ပြီးနောက် ခေါင်းညိတ်လိုက်၏။ ပြီးနောက် ရဲတိုက် အမြင့်ဆီမှ ခြင်းကြီးတစ်ခု ကျဆင်းလာခဲ့၏။
ကျင်းဟွေ့နှင့်ရှမ့်ဆယ့်သုံးတို့သည် ရှေ့ဆီသို့ ပြေးသွားခဲ့၏။ “သခင်လေး၊ သခင်လေး... ဒီလို လုပ်လို့မဖြစ်ဘူးနဲ့ တူတယ်”
ရှမ့်လန်က ခေါင်းညိတ်လိုက်သည်။ “ဒီလို လုပ်မှပဲ ဖြစ်မယ်။ တခြားနည်းလမ်းလည်း မရှိဘူး”
ရှမ့်လန်သည် အပေါ်သို့ ခြင်းနှင့် ဆွဲတင်ခြင်းကို ခံခဲ့ရ၏။ ရှမ့်လန်သည် ကြက်ကလေး ငှက်ကလေးကဲ့သို့ပင် ချောင်ယောင်းအာ၏ အပေါ်သို့ ဆွဲတင်ခြင်းကို ခံရ၏။
ရှမ့်လန်သည် ရှစ်ချင်းချင်းကို လှမ်းကြည့်ကာဖြင့် အေးစက်စက် ပြောလိုက်သည်။ “အရူးမ”
ရှစ်ချင်းချင်းက ခွန်းတုံ့ပြန်လိုက်၏။ “တဏှာရူးကောင်”
ပြီးနောက် ရှမ့်လန်သည် ချောင်ယောင်းအာ၏ ဝမ်းဗိုက်ကို လှမ်းကြည့်လိုက်၏။ သူ၏ X-Ray အမြင်ကို အသုံးပြုပြီး သေသေချာချာ ကြည့်ရှုလိုက်ခြင်း ဖြစ်၏။ သူမသည် တကယ် သောက်ကျိုးနည်း ကိုယ်ဝန်ဆောင်နေခြင်းပင်။
‘ချောင်ယောင်းအာ... ခင်ဗျား လူသားရော ဟုတ်ရဲ့လား။ ခင်ဗျားရဲ့ သွေးတွေက သတ္တုဓာတ်တွေနဲ့ ပြည့်နေတယ်။ ပြီးတော့ သွေးတွေ အများကြီးလည်း ဆုံးရှုံးထားသေးတယ်။ ဒီလိုအခြေအနေမျိုးနဲ့တောင်မှ ခင်ဗျားက ကိုယ်ဝန်ဆောင်နိုင်သေးတယ်ပေါ့။ ပိုပြီး အရေးကြီးတာက ခင်ဗျားရဲ့ ဗိုက်ထဲမှာ ရှိနေတဲ့ သန္ဓေသားက အရမ်းကို အားကောင်းပြီး ကျန်းမာနေတယ်။ တစ်လကျော်ပဲ ရှိသေးတယ်ဆိုပေမဲ့ ကလေးကလည်း တော်တော်ကြီးနေပြီ။ သူ့ရဲ့ နှလုံးခုန်တာကိုတောင် ကျုပ် သေသေချာချာ မြင်နေရတယ်။ ကောင်းကင်ဘုံ’
ချောင်ယောင်းအာက မည်ကဲ့သို့သောသွေးမျိုးရိုးနှင့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေရသနည်း။ သူမ၏ သွေးသည် တကယ့်ကို သန့်စင်လျက် ရှိနေပြီး သူမ၏ အတွင်းကလီစာအားလုံးကလည်း အဆင်ပြေနေ၏။ သန္ဓေသားကလည်း အဆင်ပြေနေသည်တဲ့လား။ သွေးမျိုးရိုး အားကောင်းခြင်းသည် ဤအဓိပ္ပာယ်ပင်လား။
ခဏလောက်ကြာပြီးနောက် ရှမ့်လန်က ပြောလိုက်၏။ “ချောင်ယောင်းအာ.. ကျုပ် ခင်ဗျားကို သတ်နိုင်တယ်။ ကျုပ် ခင်ဗျားကို ကုသစဉ်တုန်းက ခင်ဗျား ခန္ဓာကိုယ်ထဲကို တစ်ခုခု ထည့်ထားခဲ့တယ်”
ချောင်ယောင်းအာက ခေါင်းညိတ်လိုက်သည်။ “ကျွန်မ ရှင့်ကို ယုံကြည်ပါတယ်”
ရှမ့်လန်သည် ရောဂါကုပေးချိန်ကို အခွင့်ကောင်းယူပြီး သူမ၏ ခန္ဓာကိုယ်ထဲသို့ အလွန် သေးငယ်သော ဆေးလုံးအချို့ကို ထည့်သွင်းခဲ့၏။ ဤဆေးလုံးထဲတွင် ဘာပါသနည်း။ ပြင်းထန်သည့် အဆိပ် ဖြစ်သော ဆိုင်ယာနိုက်ပင်။ ကမ္ဘာ့အပြင်းထန်ဆုံးအဆိပ်ဟု ခေါ်ဆိုနိုင်သည်။ ဗာဒံစေ့များစွာမှ ထုတ်ယူထားခြင်း ဖြစ်ပြီး ပေါင်ရာချီသော ဗာဒံစေ့များမှ အနည်းငယ်မျှသာ ထုတ်ယူနိုင်၏။ အလွန်ပါးလွှာသော သတ္တုတစ်မျိုးဖြင့် ထုပ်ပိုးပြီးနောက် အလုံးလေးများအဖြစ် ချောင်ယောင်းအာ၏ ခန္ဓာကိုယ်ထဲ၌ မြှုပ်နှံထားသည်။
သူ၏ကျောက်လောက်လွှဲနှင့် ပစ်ခတ်မည့် ပစ္စည်းမှာတော့ ဥက္ကာခဲသံလိုက်များဖြစ်ပြီး လုံးဝအမှုန့်ဖြစ်အောင် ကြိတ်ထားပြီး သဘာဝဂျယ်ဖြင့် အလုံးများဖြစ်အောင် ပြုလုပ်ထား၏။ ချောင်ယောင်းအာထံသို့ ပစ်လိုက်သည်နှင့် ချောင်ယောင်းအာသည် ဓားဖြင့် ခုတ်ကာ ကာကွယ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သံလိုက်၏ အမှုန့်များသည် ချောင်ယောင်းအာ၏ ခန္ဓာကိုယ်နှင့် ထိတွေ့ပေလိမ့်မည်။
ချောင်ယောင်းအာသည် ချီစွမ်းအင်ကို ထုတ်ဖော်အသုံးပြုသည်ဆိုပါက သွေးကြောများ၊ ကြွက်သားများအားလုံး ကျုံ့ဝင်ပြီး ကြီးမားသော ဖိအားတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ ထိုအချိန်တွင် ဆိုင်ယာနိုက်သည် သွေးထဲသို့ ဝင်ရောက်သွားလိမ့်မည်။ စက္ကန့်အနည်းငယ်အတွင်း ချောင်ယောင်းအာသည် သေဆုံးသွားလိမ့်မည်။
ရှမ့်လန်သည် ခန္ဓာကိုယ်ထဲတွင် ငါးလုံးအပြည့် မြှုပ်နှံထားသည်။ တစ်လုံးကွဲသွားသည်နှင့် ချောင်ယောင်းအာသည် သေဆုံးပြီဖြစ်၏။
ဟုတ်ပေသည်။ ရှမ့်လန်သည် သူမကို ကုသပေးချိန်တည်းက သူမကို သတ်ရန် တွေးတောနေခဲ့၏။ အရေးကြီးသည့်အချိန်တွင် သူသည် တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သည်။ ချောင်ယောင်းအာသေလျှင် ရဲတိုက်ကြီးသည် ဦးဆောင်သူမရှိတော့ပေ။
သမားတော်ကြီး အန်းစိုက်ထျန်းသည် ရဲတိုက်ထဲတွင် တည်ရှိနေခဲ့၏။ မည်သူမှ မရှိသည့် အခြေအနေမျိုးတွင် အန်းစိုက်ထျန်းသည် ရဲတိုက်ထဲတွင် ရှိနေသည့် အစောင့်များ စားသောက်သည့် အစားအစာများ၊ ရေများထဲတွင် အဆိပ်ခတ်ရန် ကြိုတင်စီစဉ်ထားခဲ့၏။ ဤနည်းလမ်းနှင့် ရှမ့်လန်သည် ရဲတိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်နိုင်ပေလိမ့်မည်။
သို့သော်ငြား အခြေအနေတစ်ခုလုံးက ပိုမိုကာ ရှုပ်ထွေးသွားခဲ့၏။ ကျန်းကျင်း၏ စစ်သည်ပေါင်း ၆၀၀၀ ကျော်က သူ၏နောက်ဘက်သို့ ရောက်ရှိလျက် ရှိနေပြီး အချိန်မရွေး တိုက်ခိုက်တော့မည်ဟန်မျိုးပင်။
ရှမ့်လန်သည် အရာအားလုံးကို ကြိုတင်ကာ စီစဉ်ထားခဲ့သည်။
သို့ပေမည့် ချောင်ယောင်းအာနှင့် အိပ်စက်ခဲ့ခြင်း၊ ချောင်ယောင်းအာ ကိုယ်ဝန်ရသွားခြင်းတို့သည် သူ စီမံထားသည့် ကိစ္စရပ်များ၏ အပြင်ဘက်တွင် ရှိနေ၏။ ဤကဲ့သို့သော ကိစ္စများ ဖြစ်လာမည်ဟု မည်သူက ထင်မှတ်မိနေမည်နည်း။
“ရှမ့်လန် .... ရှင်... ကျွန်မကို သတ်ပစ်နိုင်တယ်ဆိုတာကို ယုံကြည်ပါတယ်”
ချောင်ယောင်းအာက ပြောလိုက်၏။ “ဒါပေမဲ့ ကျွန်မက သေဆုံးရမှာကို ကြောက်နေတယ်လို့ ရှင်ထင်လား။ ဘဝရဲ့ ပျော်ရွှင်မှုဆိုတာ ဘာလဲ။ သေခြင်းတရားရဲ့ ကြောက်ရွံ့မှုဆိုတာ ဘာလဲ”
ရှမ့်လန်သည် သူ၏နဖူးကို အသာ ရိုက်နှက်လိုက်သည်။ “ချီးထဲမှ”
ချောင်ယောင်းအာက ပြောလိုက်၏။ “ကျွန်မ... ကျွန်မ တကယ် ကိုယ်ဝန်ဆောင်ထားရတာလား”
“ဟုတ်တယ်”
ရှမ့်လန်က ပြောလိုက်သည်။ “ဒီကိစ္စအတွက် ဘယ်သူ့ကိုအပြစ်တင်မှာလဲ။ ကျုပ်က ဒီကိစ္စအတွက် တာဝန်မရှိဘူး။ ကျုပ်က အပြစ်ပြုခံရတဲ့လူပဲ”
ချောင်ယောင်းအာက ပြောလိုက်၏။ “ဖျက်ချလိုက်ရအောင်။ တစ်လကျော်ပဲ ရှိသေးတာမို့ လူသားပုံစံတောင် မပေါ်လောက်သေးဘူး”
“ပါးစပ်ပိတ်ထားလိုက်စမ်း။ ဒါ ခင်ဗျားရဲ့ အပြစ်တွေပဲ။ အဲ့ဒီနေ့က ကျုပ်ဘာကျုပ် အဆင်ပြေနေတာ။ ခင်ဗျား ဘာကြောင့် ကျုပ်နဲ့ လာအိပ်ရတာလဲ။ ပြီးတော့ ခင်ဗျား ကျုပ်ကို ထိခိုက်နာကျင်အောင် လုပ်ရုံတင် မကဘူး။ ကျုပ်မိန်းမကိုလည်း ဝမ်းနည်းအောင် လုပ်ခဲ့တယ်။ ဒါတင်မကသေးဘူး။ အပြစ်မရှိတဲ့ ကလေးကို သတ်ဖို့တောင် ပြောနေပြီ။”
ချောင်ယောင်းအာက ပြောလိုက်သည်။ “ကျွန်မ ရှင့်ကို အောက်ပြန်ပို့ပေးမယ်။ ရှင် လုပ်ချင်တာကို စပြီး လုပ်နိုင်ပြီ”
ရှစ်ချင်းချင်းက ပြောလိုက်၏။ “တပ်မှူး.. ဒီလို စကားပြောလို့ မဖြစ်ဘူးလေ။ ချောင်ထျန်းဝေက မကောင်းတာတွေ အကုန်လုပ်တယ်။ ဘာကြောင့် သူ့အတွက် အလုပ်လုပ်နေမှာလဲ”
ချောင်ယောင်းအာသည် ခေါင်းကို ခါယမ်းလိုက်သည်။ “ပင်လယ်ပြင်မှာ ငါတစ်ယောက်တည်း ကူရာမဲ့ ဒုက္ခရောက်နေတုန်းက ဒီမွေးစားအဖေကပဲ ငါ့ကို ကယ်တင်ခဲ့တာ။ ဒီအရွယ်ထိ ရောက်အောင်လည်း သူပဲ ပြုစုပျိုးထောင် မွေးမြူခဲ့တာ”
ရှစ်ချင်းချင်းက ပြောလိုက်၏။ “သူ့အတွက် တစ်နှစ်ပတ်လုံး တိုက်ခိုက်ခဲ့ပြီးပြီ။ သူ့အတွက် အကြွေးတွေ အားလုံးကို ပေးဆပ်ခဲ့ပြီးပြီ မဟုတ်လား။ နုရှောင့်မြို့က ဒီနေ့ ဒီလိုအခြေခံမျိုး ဖြစ်နေတာ ရှင့်ကြောင့်ပဲ မဟုတ်လား။ ချောင်ရှောင်း... အဲ့ခွေးကောင်၊ အဲ့ကောင်က မိန်းကလေးတွေအကုန်လုံးကို မဒိန်းကျင့်ခဲ့တယ်။ ဘယ်မှာလဲ အပြစ်ကင်းစင်မှု”
ချောင်ယောင်းအာက ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် မွေးစားအဖေအပေါ်မှာ အသက်ကြွေး ရှိနေတယ်။ ဒီတစ်ကြိမ် နုရှောင့်မြို့ကို သူ့အတွက် ကာကွယ် ပေးရမယ်။ ပြီးရင် ကျွန်မ အဝေးကို ထွက်သွားတော့မယ်”
ရှမ့်လန်က ပြောလိုက်၏။ “ပြန်လာတော့မှာမဟုတ်ဘူး။ ချောင်ထျန်းဝေ သေသွားပြီ”
ချောင်ယောင်းအာ၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားခဲ့၏။ အဘယ်ကြောင့်မှန်း မသိချေ။ ဤစကားစုကို သူမက ယုံကြည်နေမိ၏။
ရှမ့်လန်သည် လေးလေးနက်နက် ပြောဆိုသည့် အချိန်မျိုးတွင် စကားလုံး တစ်ခုချင်းစီတိုင်းက အလုံးစုံ အာဏာရှိသည့် လူတစ်ယောက်၏ ပါးစပ်မှ ထွက်သည့် စကားလုံးတစ်ခုကဲ့သို့ပင် ခိုင်မြဲတည်တံ့လျက် ရှိနေတတ်သည်။
ချောင်ယောင်းအာက ပြောလိုက်၏။ “သေသွားပြီဆိုရင်တောင်မှ သစ္စာဖောက်လို့ မဖြစ်ဘူး။ အသက်ကြွေး တင်နေတယ်။ နုရှောင့်မြို့ကို သူ့အတွက် ကာကွယ်ပေးရမယ်။ ပြီးရင် ချောင်ရှောင်းကို လွှဲပေးလိုက်မယ်။ ပြီးတော့ ထွက်သွားမယ်။ ရှမ့်လန်... ရှင် အောက်ကို သွားတော့။ တိုက်ပွဲအတွက် လုပ်စရာရှိတာ ဆက်ပြီး လုပ်ကြ။ သေခြင်းရှင်ခြင်းက ကောင်းကင်ရဲ့ သဘောအတိုင်းပဲ”
ရှမ့်လန်က ဒေါသတကြီးဖြင့် ပြောဆိုလိုက်သည်။ “ခင်ဗျားက အရူးပဲ။ ခင်ဗျား... ခင်ဗျားရဲ့ အသက်ကြွေးအတွက် ချောင်ထျန်းဝေပေါ်မှာ အကြွေးမရှိဘူး။ ရူးနေတဲ့ မိန်းမပဲ။ ခင်ဗျားကို ဆားနဲ့ အဆိပ်ခတ်တာ ဘယ်သူလဲ ခင်ဗျားသိလား။ ပြီးတော့ မီးဖိုချောင်လုပ်သား ရှုရှုကို အဆိပ်ခတ်ဖို့ အမိန့်ပေးတာ ဘယ်သူလဲ ခင်ဗျားသိလား”
ရှမ့်လန်သည် အားရပါးရ ရယ်မောကာ ပြောလိုက်၏။ “အဲဒါ ခင်ဗျားရဲ့ သောက်တလွဲ မွေးစားအဖေ ချောင်ထျန်းဝေပဲ။ ချောင်ထျန်းဝေက ခင်ဗျားနဲ့ အိပ်ချင်တယ်။ ပြီးတော့ ခင်ဗျားကို သူ့မိန်းမအဖြစ် ထားချင်တယ်။ ဒါပေမဲ့ သူ မလုပ်ရဲဘူး။ ခင်ဗျားက အရမ်းကို အားကောင်းနေတာကိုး။
ခင်ဗျားက အရမ်း အားကောင်းနေတယ်ဆိုတော့ သူလည်း ကြောက်တယ်။ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ပင်လယ်ပြင်တစ်ခုလုံးကလည်း ခင်ဗျားကို ကြောက်နေကြတယ်။ ပင်လယ်ပြင်မှာ ရှိနေတဲ့လူတွေ အကုန်လုံးက သူ့ထက် ခင်ဗျားကို ပိုကြောက်ကြတယ် မဟုတ်လား။ ခင်ဗျားက စကားနားမထောင်တဲ့ ပင်လယ်ဓားပြတွေကို အကုန်လုံးကို သတ်ပစ်ခဲ့တယ်။ ဒီတော့... ချောင်ကလန်ရဲ့ ဩဇာအာဏက ဘယ်မှာလဲ။ ဒီတော့ ခင်ဗျား သေသင့်တယ်”
ရှမ့်လန်၏ စကားကို ကြားရသည့်အချိန်မှာတော့ ချောင်ယောင်းအာ၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ မွေးစားအဖေသည် သူမနှင့် အိပ်စက်ချင်နေသည်တဲ့လား။ သူမသည် တကယ်ကို လျစ်လျူရှုထားမိခဲ့၏။ တစ်ခါတစ်ရံတွင် ချောင်ထျန်းဝေသည် သူမကို ထူးဆန်းသည့် အကြည့်နှင့် ကြည့်ရှုတတ်ကြောင်း ပြန်လည် သတိပြုမိခဲ့၏။ သို့ပေမည့် ချောင်ထျန်းဝေသည် သူမကို အဘယ်ကြောင့် သတ်ချင်ရသနည်း။ ဤကဲ့သို့ ပြုလုပ်လိမ့်မည်ဟု သူမ မထင်မှတ်ခဲ့ချေ။ ချောင်ထျန်းဝေသည် ဘာပဲဖြစ်ဖြစ် သူမကို မွေးစားခဲ့သည့် လူတစ်ယောက် ဖြစ်သည်မဟုတ်ပါလား။
“ရှင်... ရှင့်ဆီမှာ သက်သေရှိလား” ချောင်ယောင်းအာသည် အသံများ တုန်ယင်နေသည်။
ရှမ့်လန်က ပြောလိုက်၏။ “အင်း... စားဖိုမှူး ရှုရှုက မြို့တော်ဝန် အိမ်ရာရဲ့ မြေအောက်ခန်းထဲမှာ ဖမ်းဆီး ခံထားရတယ်။ သူ့ကို ဒီကို ခေါ်ခဲ့လိုက်။ အားလုံး ပေါ်လာလိမ့်မယ်။ အန်းစိုက်ထျန်းကို လွှတ်လိုက်။ ရှုရှု ဘယ်မှာရှိလဲဆိုတာ သူသိတယ်”
ချောင်ယောင်းအာက ပြောလိုက်သည်။ “ဘာလို့... ဘာလို့... မွေးစားအဖေက သူ့ကို မသတ်ပစ်တာလဲ။ ဒီမိန်းမက သူ့အတွက် ဘာမှ တန်ဖိုးမရှိဘူးလေ”
ရှမ့်လန်က ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ အဲ့ဒီရှုရှုက ကိုယ်ဝန်ဆောင်ထားရလို့ပဲ။ ချောင်ထျန်းဝေက သူ့ကလေးလို့ ထင်နေတယ်။ ဒါပေမဲ့ တကယ်တော့ မဟုတ်ဘူး”
ချောင်ထျန်းဝေသည် လက်တလော အလွန် ပျော်ရွှင်လျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် သူ အိပ်စက်ခဲ့သည့် အမျိုးသမီးရှုရှုသည် ကိုယ်ဝန်လွယ်ထား၏။ ထို့ကြောင့် သူသည် ဤအမျိုးသမီးကို မသတ်ခဲ့ခြင်းသာလျှင် ဖြစ်၏။ သို့ပေမည့် ဤကလေးသည် တကယ်တမ်းမှာတော့ အန်းစိုက်ထျန်း၏ ကလေးသာဖြစ်သည်။