← Chapters

ဘယ်သူ့ကို လှည့်စားဖို့ ကြိုးစားနေတာလဲ

Vol. 6 Ch. 71

ဘယ်သူ့ကို လှည့်စားဖို့ ကြိုးစားနေတာလဲ

Vol. 6 Ch. 71

"ကံကောင်းတဲ့ ကြယ်ပွင့်လေးလား? သူမ ဒီကိုဘာလာလုပ်တာလဲ?"

မိန်းမစိုးငယ်ရဲ့အသံကို ကြားတာနဲ့ ရှကျိုးယွီ မျက်လုံးတွေကို ဖွင့်လိုက်သည်။

သူ့ရဲ့ခန္ဓာကိုယ်ကနေ ထွက်နေတဲ့ အရှိန်အဝါတွေအားလုံး ချက်ချင်းပဲ ပျောက်ကွယ်သွားလေ၏။

ရှကျိုးယွီ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။ ထို့နောက်မှာ လည်ချောင်းရှင်းလိုက်ကာ

"ဝင်ခိုင်းလိုက်"

အပြင်ဘက်က ခြေသံတချို့ ကြားလိုက်ရသည်။

မကြာခင်မှာပဲ လီချင်းလွမ်က လက်ထဲမှာ ဆေးလုံးတချို့ကို ကိုင်ထားပြီး ဝင်လာလေ၏။

"ကျွန်တော်မျိုးမ လီချင်းလွမ်၊ အရှင်မင်းကြီးကို အရိုအသေပေးပါတယ်"

ဒီတစ်ခေါက်တော့ သူမအရင်လိုမျိုး ပေါ့ပြက်ပြက် မပြုမူတော့ဘူး။ ရှကျိုးယွီကိုမြင်တာနဲ့ ချက်ချင်းပဲ အရိုအသေပေးလိုက်သည်။

ရှကျိုးယွီအပေါ်မှာရှိတဲ့ သူမရဲ့အမြင်က တော်တော်လေးပြောင်းလဲသွားသလိုပဲ။

ဒါပေမယ့် ရှကျိုးယွီကတော့ လက်တစ်ဖက်သာ ယမ်းပြလိုက်ပြီး

"ထပါ၊ မင်းဆေးလုံး လုပ်တဲ့အချိန်မှာ လိုတာရှိလို့လား၊ ရှိရင်ပြောလေ"

လီချင်းလွမ် အမြန်ရှင်းပြလိုက်သည်။

"အဲဒီလိုမျိုးမဟုတ်ပါဘူး အရှင်မင်းကြီး၊ ကျွန်တော်မျိုးမ ဆေးလုံးတချို့ ဖန်တီးနိုင်ခဲ့တယ်။ အရှင်မင်းကြီးအတွက် အကူအညီဖြစ်နိုင်မလားဆိုပြီး လာရောက်ဆက်သတာပါ"

ရှကျိုးယွီ အနည်းငယ် မှင်သက်သွားခဲ့သည်။

'ဆေးလုံးတဲ့လား၊ ဘာတွေဖြစ်နေတာလဲ?’

'ငါသိသလောက် သူမက တတ်ယောင်ကန်း ဆေးဆရာ မဟုတ်ဘူးလား?’

'ဆေးလုံးကို ဖန်တီးနိုင်ခဲ့တယ်တဲ့လား?’

'မနောက်နဲ့နော်! ကံကောင်းတဲ့ကြယ်ပွင့်လေးရေ….

မနောက်ပါနဲ့!’

ဒါပေမယ့် သူ့ရဲ့စိတ်လှုပ်ရှားမှုတွေအားလုံးကို ရှကျိုးယွီက ထိန်းချုပ်ထားပြီး ထုတ်မပြခဲ့ပေ။

ထိုအစား သူမေးလိုက်သည်။

"ဆေးလုံးတဲ့လား"

ဒါကိုမြင်တော့ လီချင်းလွမ် ခေါင်းညိတ်လိုက်ကာ သူမရဲ့လက်ထဲက ဆေးပုလင်းကို လှမ်းပေးလိုက်သည်။

ထိုဆေးပုလင်းထဲတွင် ထန်ရွှမ်းဆေးလုံးများစွာ ထည့်ထားသည်။

ဆေးလုံးတစ်လုံးချင်းစီက ကျောက်မျက်ရတနာတစ်ခုလို ကြည်ရှင်းသည်။ ဆေးပုလင်းကို အရှေ့တိုးပေးလိုက်တာနဲ့ ချက်ချင်းပဲ အထဲမှာရှိနေတဲ့ ဆေးလုံးရဲ့မွှေးရနံ့က အခန်းတစ်ခုလုံးကို ဖုံးလွှမ်းလိုက်လေ၏။

"ဟုတ်ပါတယ် အရှင်မင်းကြီး၊ ဒီဟာက ထန်ရွှမ်းဆေးလုံးပါ။ ကျွန်တော်မျိုးမ ဖန်တီးနိုင်ခဲ့တာ!"

လီချင်းလွမ် နူးညံ့စွာပြောလိုက်သည်။

ရှကျိုးယွီ မျက်မှောင်ကြုံ့သွားလေ၏။

'ဒီကောင်မလေးက တကယ်ပဲ ဆေးလုံးဖန်တီးနိုင်ခဲ့တာလား။ ဘာတွေဖြစ်နေတာလဲ၊ ငါလိုက်မမီနိုင်တော့ဘူး!’

'ကောင်မလေးရေ၊ မင်းငါ့ကိုတော့ နောက်ကျော ဓားနဲ့မထိုးနဲ့နော်!’

ရှကျိုးယွီ ထိုသို့တွေးနေခဲ့ပေမယ့် အပြင်မှာတော့ တစ်ခုမှထုတ်မပြခဲ့ဘူး။

သူဆေးပုလင်းကို ယူလိုက်ကာ အဖုံးဖွင့်လိုက်သည်။

သူ့ရဲ့မျက်လုံးထဲမှာ ခံစားမှုတစ်ခုမှ မမြင်နေရဘူး။

"ထန်ရွှမ်းဆေးလုံးတဲ့လား၊ အဲဒါက ဘယ်အတွက်အသုံးပြုရတာလဲ?"

လီချင်းလွမ် ထိုအခါမှ စိတ်သက်သာစွာ သက်ပြင်းချလိုက်ပြီး ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။

"အရှင်မင်းကြီးမသိလောက်ပေမယ့် ဒီထန်ရွှမ်းဆေးလုံးက ကုန်သွားတဲ့စွမ်းအင်တွေကို ပြန်ဖြည့်ပေးနိုင်ပြီး သန်မာမှုကိုလည်း တိုးစေတယ်။ တကယ်လို့ ရေခဲပုစဉ်းသွားရှာတဲ့သူတွေသာ ဒီဆေးလုံးကိုယူသွားမယ်ဆိုရင် သူတို့ရဲ့အလုပ်လုပ်နိုင်စွမ်းက အဆပေါင်းများစွာ မြင့်တက်သွားမှာပဲ"

ရှကျိုးယွီ မနေနိုင်စွာ သက်ပြင်းချလိုက်တော့သည်။

'နောက်ဆုံးတော့ ထပ်ဖြစ်ပြန်ပြီလား...ငါထပ်ပြီးတော့ နောက်ကျောကို ဓားနဲ့အထိုးခံရဦးမှာလား...မရဘူး! ငါလုံးဝလက်မခံနိုင်ဘူး!’

'မင်းကငါ့ရဲ့ ကံကောင်းတဲ့ကြယ်ပွင့်လေးပဲ ဖြစ်ကိုဖြစ်ရမယ်!’

ဒါပေမယ့် ရှကျိုးယွီက အပြင်မှာ လုံးဝထုတ်မပြခဲ့ဘူး။

ထိုအစား သူက ဆေးပုလင်းထဲကို ကြည့်လိုက်သည်။

"အဲလိုလား"

အထဲကဆေးလုံးတွေက ကြည်လင်ကာ အကောင်းစား‌ဆေးလုံးပုံပေါက်သည်။ ထူးဆန်းတဲ့ အရှိန်အဝါတစ်ခုကို ခံစားရတာမို့လို့ အဆင့်မြင့်ဆေးလုံးဆိုတာ သေချာပေါက်ပြောလို့ရသည်။

ဒါပေမယ့် ရှကျိုးယွီ ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်ပြီး လက်ထဲထည့်လိုက်တဲ့ အချိန်မှာပဲ...သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားလေ၏။

ဒီဆေးလုံးကို သူ မစားရသေးဘူး။ ဒါပေမယ့် လက်ထဲမှာထားလိုက်ရုံနဲ့တင် သူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးတွေက အချက်ပြလာခဲ့သည်။

ကိုယ့်ရဲ့ခန္ဓာကိုယ်က လှုံ့ဆော်မှုပြုလာလေ၏။

နောက်တစ်စက္ကန့်လည်းကြာရော… သူ့ရဲ့လက်ထဲမှာရှိနေတဲ့ဆေးလုံးက အမှုန့်အဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။

"ဟမ်"

ဒါကိုမြင်တော့ ရှကျိုးယွီ ထိုနေရာမှာပဲ အေးခဲသွားတော့သည်။

'ဘာတွေဖြစ်နေတာလဲ၊ ဆေးလုံးကမကောင်းတာလား?’

‘ ဘယ်လောက်တောင်မကောင်းလို့ ငါလက်ပေါ်တင်လိုက်တာနဲ့ကို ပျောက်သွားရတာလဲ?’

'အနည်းဆုံးတော့ နည်းနည်းပါးပါး ဟိတ်ဟန်လေးဘာလေး ထုတ်သွားဦးလေကွာ’

'မဟုတ်သေးပါဘူး၊ ဒါမျိုးဆေးလုံးကို ငါဘုရင်ဆီ လာဆက်သရအောင် ငါ့ကိုအရူးများထင်နေလို့လား?’

'ထားပါလေ၊ မင်းရဲ့ဒီလိုအသုံးမကျမှုကလည်း ငါ့အတွက် အကူအညီဖြစ်သွားတာပဲဆိုတော့ ငါဒီတစ်ခေါက်တော့ မင်းကိုအပြစ်မတင်တော့ဘူး’

'ပြီးတော့ပြောရရင် ဆေးလုံးက အသုံးမဝင်ပေမယ့် အနံ့ကတော့ တော်တော်မွှေးတယ်’

ရှကျိုးယွီ တွေးနေခဲ့သည်။ သူလုံးဝစိတ်မဆိုးမိဘူး။ ထိုအစား သူ့ရဲ့နှလုံးသားမှာတောင် ခံစားချက်ကောင်းတချို့ ဝင်ရောက်လာခဲ့သေးသည်။

ထို့နောက်မှာ သူ လီချင်းလွမ်ကို လေးစားစွာ လှည့်ကြည့်လိုက်လေ၏။

'ငါမပြောဘူးလား၊ ဒီကောင်မလေးက ငါ့ရဲ့အနာဂတ်ပါလို့!’

'ကြည့်ရတာ ငါမှန်ခဲ့တဲ့ပုံပဲ၊ ငါတော်တော်လေးမှန်ခဲ့တယ်!’

'ကောင်းတယ်၊ မင်း လူတွေကို ဒါမျိုးဆက်လှည့်စားနေလိုက်!’

'ငါ့မှာမင်းအတွက် မဟာ့မဟာ အစီအစဉ်ကြီးတွေရှိတယ်’

'မင်းကျန်တဲ့လူတွေကို ပါးစပ်ပိတ်အောင်လုပ်နိုင်သရွေ့ လုပ်ချင်တာသာလုပ်၊ ငါမင်းရဲ့အနောက်မှာရှိနေမယ်!’

ရှကျိုးယွီကတော့ တွေးလေလေ ပိုပြီးကျေနပ်လေလေပဲ။

သူ့ရဲ့မျက်လုံးထဲမှာပါ စိတ်သက်တာမှုတို့ ဝင်ရောက်လာခဲ့သည်။

"ဒီဆေးလုံးက ကောင်းတယ်"

ရှကျိုးယွီ ချီးကျူးလိုက်တော့သည်။

လီချင်းလွမ်လည်း အံ့သြသွားလေ၏။

သူမရဲ့မျက်နှာထက်မှာ သံသယတချို့တောင် ဖြတ်ပြေးသွားသလိုပဲ။

ဘာလို့ဆိုရင် ရှကျိုးယွီ ဆေးလုံးကိုစားလိုက်တာ သူမ မမြင်ခဲ့လိုက်ရဘူး။ ဒါပေမယ့် ရှကျိုးယွီရဲ့လက်ထဲက ဆေးလုံးက ရုတ်တရက်ကြီး ပျောက်သွားတာကိုတော့ သူမမျက်စိနဲ့ တပ်အပ်မြင်ခဲ့ရသည်လေ။

ဒါပေမယ့် သူမရဲ့ဆေးလုံးနဲ့ ပတ်သက်ပြီးတော့ ယုံကြည်မှုအပြည့်အဝရှိသည်။

"အရှင်မင်းကြီး ဆေးလုံးရဲ့အရှိန်အဝါကို အာရုံခံမိပြီးလောက်မှာပါ။ ဒီလိုဆေးလုံးမျိုးက နေ့စဉ်စားဖို့တော့ မသင့်တော်ပေမယ့် အရေးကြုံလာတဲ့အချိန်မှာ သန်မာမှုကို ပြန်ဖြည့်တင်းပေးနိုင်တဲ့ နေရာမှာတော့ လုံးဝဆရာတစ်ဆူပဲ!"

လီချင်းလွမ် ကိုယ့်ကိုယ်ကို မြောက်ပင့်လိုက်သည်။ ရှကျိုးယွီက သဘောတူစွာ ခေါင်းညိတ်ပြလေ၏။

"မင်းမှန်တယ်!"

"အရှင်မင်းကြီးလည်း ခံစားလိုက်ရတယ်လား?"

လီချင်းလွမ် မနေနိုင်စွာမေးလိုက်သည်။ သူမရဲ့မျက်နှာမှာ အပြုံးတို့ဝင်ရောက်လာလေ၏။

သူမ ရှကျိုးယွီကို သိချင်စိတ်ပြင်းစွာ မော့ကြည့်လိုက်သည်။

ရှကျိုးယွီရဲ့နှုတ်ခမ်းတွေက မနေနိုင်စွာ အပေါ်ကိုတက်လာခဲ့ပြီး!

'ဒီကောင်မလေးကတော့...!’

'လူတစ်ယောက်က အရည်အချင်းမရှိရင်တောင် တုံးအနေစရာလိုလား?’

‘ မင်းကအခုတင် ငါ့ကို မကောင်းတဲ့ဆေးလုံးနဲ့ လှည့်စားထားတဲ့ဟာကို။ ငါ့ကိုအခု ဘယ်လိုခံစားရလဲဆိုပြီး လာမေးနေတာလား..?’.

'ဒါတော့နည်းနည်းများသွားပြီ’

ဒါပေမယ့် ရှကျိုးယွီက လုံးဝထုတ်မပြခဲ့ဘူး။ ရိုးရှင်းစွာပဲ ခေါင်းညိတ်ပြလိုက်သည်။

"ငါကိုယ်တော်ခံစားမိတယ်!"

ရှကျိုးယွီရဲ့ တုံ့ပြန်မှုကို မြင်ရတဲ့အခါမှာ လီချင်းလွမ် စိတ်သက်သာစွာ သက်ပြင်းချလိုက်တော့သည်။

"ဒါဆိုရင် အရှင်မင်းကြီး၊ ကျေးဇူးပြုပြီး ဒီဆေးလုံးတွေကို ရေခဲပုစဉ်းသွားရှာမယ့် လူတွေဆီကို မျှဝေပေးပါ။ ကျွန်တော်မျိုးမရဲ့ ကျေးဇူးတင်မှု အနည်းငယ်အဖြစ်ပေါ့"

"သူတို့အားလုံးက တရှားတိုင်းပြည်ရဲ့ အကျိုးအတွက် လုပ်နေရတဲ့ သစ္စာရှိလူယုံတွေပဲလေ"

လီချင်းလွမ် စိတ်အားထက်သန်စွာပြောလိုက်သည်။

ဒါပေမယ့် ရှကျိုးယွီအတွက်တော့ မတူညီတဲ့ စကားလုံးတွေပဲ။

'မင်းကငါ့ကိုတောင် လှည့်စားလိုအားမရသေးတော့ တခြားသူတွေကိုပါ လှည့်စားဦးမလို့လား?’

'မင်းရဲ့ဖျော်ဖြေမှုကို တခြားလူတွေဆီကိုပါ ပြသချင်တာလား?’

'သိုင်းလောကကလူတွေကို တုံးအမယ်လို့ မင်းထင်နေတာလား?’

'အစ်မတော်ရေ၊ မင်းရဲ့ဆေးလုံးကို သိုင်းသမားတစ်ယောက်ကိုမပြောနဲ့၊ မိန်းမစိုးတယောက်ကို သွားပေးလိုက်ရင်တောင် စိတ်ဆိုးလွန်းလို့ နေရာမှာတင် ဆဲဆိုပစ်လောက်မယ်လို့ ငါပြောရဲတယ်’

'ဒါပေမယ့် မင်းကတော့ ဆက်သွားပြီးရင်း ဆက်သွားနေတာပါပဲလား?’

ရှကျိုးယွီ တွေးလေလေ ပိုပြီးနားမလည်နိုင်ဖြစ်လာရသည်။ ဒါပေမယ့် သူ့အနေနဲ့ သူမစိတ်ကြိုက်လုပ်ပေးလိုက်လည်း မဆိုးဘူးလို့ ထင်မိသည်။

'ဘယ်လိုပဲဆိုဆို သူမက သူ့ရဲ့ဘက်တော်သားပဲလေ။ သူကိုယ်တိုင်ယုံကြည်ပြီး ခန့်အပ်ထားတယ်ဆိုမှတော့ သူမရဲ့လုပ်ဆောင်မှုကို အသိအမှတ်ပြုသင့်တာပဲမလား?’

ဒီလိုတွေးမိသွားတော့ ရှကျိုးယွီ အသက်ဝဝတစ်ချက်ရှုသွင်းလိုက်သည်။

ထို့နောက်မှာ လီချင်းလွမ်ကို အလွန်သတိကပ်စွာ ကြည့်လိုက်ပြီး

"မင်းလိုအရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ရရှိခဲ့တာ ငါကိုယ်တော်ရဲ့ တရှားတိုင်းပြည်အတွက် တကယ်ကို ကောင်းချီးတစ်ခုပဲ"

လီချင်းလွမ်ရဲ့ ပါးပြင်နှစ်ခုလုံး ချက်ချင်းပဲ ရဲတောက်သွားလေ၏။

သူမ‌ခေါင်းဖော်နိုင်တော့ဘဲ နူးညံ့စွာပြောလိုက်သည်။

"အရှင်မင်းကြီးက အရမ်းကြင်နာလွန်းနေပါပြီ။ ဒါတွေအားလုံးက အရှင်မင်းကြီးရဲ့ ကျင့်ကြံမှုကြောင့်ပါ။ အရှင်မင်းကြီးရဲ့ ထောက်ပံ့မှုသာမရှိဘူးဆိုရင် ချင်းလွမ် ဒီနေ့ဘယ်လိုမှ အောင်မြင်မှုရခဲ့မှာမဟုတ်ဘူး။ စိတ်အေးလက်အေးနားနေပါ။ ကျွန်တော်မျိုးမ အကောင်းမွန်ဆုံးကြိုးစားပြီး အရှင်မင်းကြီးအတွက် နဂါးအသွင်ပြောင်းခြင်းဆေးလုံးကို ဖော်စပ်ပေးမယ်!"

ရှကျိုးယွီရဲ့မျက်နှာကတော့ ချက်ချင်းပဲ စိမ်းသွားလေရဲ့။

'ငါကမင်းကို ကျင့်ကြံပေးတယ်တဲ့လား? အဲမှာပဲ စိတ်ကူးယဉ်နေလိုက်!’

'ငါကမင်းကို ဘာကိစ္စကူညီပေးရမှာလဲ?’

'ကဲပါလေ၊ မင်းရဲ့မြှောက်ပင့်စကားတွေက ကလေးသူငယ်တွေကိုတော့ ကျေနပ်စေမှာပေါ့’

'ဒီလိုအသုံးမကျတဲ့ အရည်အချင်းတွေနဲ့ဆိုရင်တော့ နန်းတော်မှာထိုင်ပြီး ပစ္စည်းတွေဖြုန်းရင်း၊ အချိန်တွေဖြုန်းနေရင်း ရှင်သန်လိုက်တာက မင်းအတွက် အကောင်းမွန်ဆုံး နည်းလမ်းပဲ’

ဒါပေမယ့် ရှကျိုးယွီ အများကြီးပြန်မပြောခဲ့ဘူး။

ထိုအစား သူက လက်တစ်ဖက်ယမ်းပြလိုက်ကာ ပြောလိုက်သည်။

" ကျောက်ကောင်းကိုလွတ်လိုက်"

All Chapters