← Chapters

ရေကြီးမယ် သတင်းကောင်းပဲ

Vol. 6 Ch. 72

ရေကြီးမယ် သတင်းကောင်းပဲ

Vol. 6 Ch. 72

"အရှင်မင်းကြီး"

ကျောက်ကောင်း နောက်ဆုံးတော့ ရောက်လာခဲ့သည်။

ကျောက်ကောင်းရဲ့အသံထဲမှာ လေးစားမှုတို့အပြည့်ပဲ။

"ငါ မင်းကို ရှာခိုင်းထားတဲ့ သိုင်းသမားတွေရှာတာ အခြေအနေ ဘယ်လိုရှိလဲ?”

ရှကျိုးယွီ ပုံမှန်လိုမေးလိုက်သည်။

အမှန်တော့ လီချင်းလွမ်ရဲ့အရည်အချင်းတွေကို ထောက်ပံ့ဖို့အတွက် သူ တော်တော်လေး စိတ်အားထက်သန်နေခဲ့ပြီလေ။

ပြောရမယ်ဆိုရင် ဒီရေခဲပုစဥ်း သွားရှာခိုင်းတဲ့ကိစ္စက ပြောရင်သာလွယ်ပေမဲ့ တကယ့်တကယ်တော့ လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ဘူး။

"အရှင်မင်းကြီး၊ ကျန်းဟိုပြည်နယ်က လာတဲ့သူတွေအားလုံးက တော်တော်လေး သင့်တော်ပါတယ်။ စုစုပေါင်း သူတို့တွေ အယောက်၁,၀၀၀လောက်ရှိတယ်။ အကုန်လုံးကလည်း အဆင့်၅အထက်မှာရှိတဲ့ ကျင့်ကြံသူတွေပဲ!"

ကျောက်ကောင်း ချက်ချင်း ပြန်ဖြေလိုက်သည်။

'အရမ်းမြန်တာပဲ။ မဆိုးဘူး။ ကျောက်ကောင်းက တော်တော်လေး အရည်အချင်းရှိတယ်ပြောရမယ်’

ရှကျိုးယွီ တွေးနေရင်းနဲ့ ရင်ထဲမှာလည်း အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။

'ကျင့်ကြံမှုက အဆင့်၅နဲ့အထက်တဲ့လား?’

'ဒါဆို သူတို့လူ၁,၀၀၀လုံးမှာ အကုန်လုံးက အဆင့်၅နဲ့အထက် ရှိကြတာပေါ့’

'ဒါဆိုရင် ဒီလူတွေကိုတော့ လှည့်စားဖို့မလွယ်လောက်တော့ဘူး’

'မဟုတ်ဘူး။ ငါ သူတို့ကို လှည့်စားဖို့ နည်းလမ်းရှာမှဖြစ်တော့မယ်’

'ဒါပေမဲ့ ငါ ဘယ်လိုလုပ်ရမလဲ?’

ရှကျိုးယွီ တွေးနေခဲ့သည်။

လီချင်းလွမ်လည်း အနည်းငယ် စိတ်လှုပ်ရှားနေပေမဲ့ သူမ တစ်ခွန်းမှမပြောခဲ့ဘူး။

ကျောက်ကောင်းကတော့ အရှင်မင်းကြီး ဘာတွေတွေးနေလဲ သူ မသိဘူး။

ဒါပေမဲ့ သူလည်း စကားမပြောရဲဘူး။ ဒါကြောင့်မို့ ဘေးကနေပဲ တိတ်တဆိတ် စောင့်ကြည့်နေလေ၏။

အချိန် တစ်ခဏတော့ အခန်းတစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။

နောက်ဆုံးတော့ ရှကျိုးယွီ အသက်ဝဝရှူသွင်းလိုက်သည်။

'ထားလိုက်တော့။ ငါ ဘာလို့ ခေါင်းရှုပ်ခံနေရမှာလဲ။ ဒီအတိုင်းပဲ ပေးလိုက်တော့မယ်’

ထို့နောက်မှာ သူ ကျောက်ကောင်းကို ကြည့်လိုက်ကာ လက်မြှောက်လိုက်သည်။

"ဒီဆေးလုံးက ထန်ရွှမ်းဆေးလုံးပဲ။ ရေခဲပုစဥ်း သွားရှာမယ့် ကျင့်ကြံသူတွေအတွက် ငါကိုယ်တော်ရဲ့တော်ဝင်ဆေးဆရာမက ဖန်တီးပေးထားတာ"

ပြောနေရင်းနဲ့ ရှကျိုးယွီက လီချင်းလွမ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။

လီချင်းလွမ် အမြန်ပဲရှင်းပြလိုက်သည်။

"ဒီဆေးလုံးကို စားလိုက်မယ်ဆိုရင် စိတ်ဝိညာဥ်စွမ်းအင်ကို ချက်ချင်း ပြန်ဖြည့်တင်းပေးနိုင်တယ်။ အဲဒါအပြင် ကြွက်သားတွေနဲ့ အရိုးရဲ့သန်မာမှုကိုလည်း အချိန်တိုအတွင်းမှာ မြင့်တက်စေလိမ့်မယ်။ ဒီဆေးလုံးနဲ့သာဆိုရင် ရေခဲပုစဥ်းသွားရှာတဲ့သူတွေ ပိုပြီးတော့ အချိန်မြန်မြန်နဲ့ ရှာတွေ့လိမ့်မယ်။ ဒီလိုဆိုရင် ငါလည်း အရှင်မင်းကြီးအတွက် နဂါးအသွင်ပြောင်းခြင်းဆေးလုံးကို အမြန်ဆုံး ဖော်စပ်နိုင်လိမ့်မယ်"

လီချင်းလွမ်ရဲ့မျက်လုံးထဲမှာ ဂုဏ်ယူမှုတို့ ပြည့်နေခဲ့သည်။

ရှကျိုးယွီကတော့ နားထောင်နေရင်းနဲ့ ပြုံးမိသွားလေရဲ့။

သူ မပြုံးမိအောင် အကြိမ်ကြိမ် ထိန်းချုပ်ခဲ့ပေမဲ့ လုံးဝကို မထိန်းနိုင်တော့တာပင်။

'နေဦး၊ နေဦး! စကေးကြီးက စောက်ရမ်းဆန်းကြယ်တယ်ဟ!’

'ဒီလိုပါရမီရှင်မျိုးက တကယ်ပဲ ငါ့ဘေးမှာနေသင့်တယ်။ နန်းတော်ထဲမှာနေဖို့ တကယ်ကို ထိုက်တန်တဲ့သူမျိုးပဲ!’

'ဒီလိုမျိုး လူတွေကို အရူးလုပ်နိုင်တဲ့စွမ်းရည်က လုံးဝ ငါလိုချင်နေတဲ့အရာပဲ’

ရှကျိုးယွီ မနေနိုင်စွာ တွေးမိသွားသည်။

'မင်းရဲ့ဆေးလုံးနဲ့ပတ်သက်ပြီး ကြွားဝါလို့ရတယ်ဆိုပေမဲ့… နောက်ပိုင်း ပြဿနာတက်လာခဲ့မယ်ဆိုရင် မင်းကို ဘယ်သူ ပြဿနာဖြေရှင်းပေးတော့မှာလဲ?’

'ငါ ဘာမှတော့မပြောချင်ပါဘူး။ ဒါပေမဲ့ ငါ့ရဲ့မျက်လုံးနဲ့ ကိုယ်တိုင်သာ အဲ့ဒီဆေးလုံး ပျောက်ကွယ်သွားတာကို

မမြင်ခဲ့ရဘူးဆိုရင်….. ငါလည်းပဲ မင်းရဲ့လှည့်ကွက်ထဲမှာ လှည့်စားခံရလောက်တယ်’

'ထားပါတော့’

ရှကျိုးယွီ သူ့ရဲ့အတွေးတွေကို ထုတ်မပြခဲ့ဘူး။

ထိုအစား သူက ကျောက်ကောင်းကို ကြည့်လိုက်ကာ

“မင်း နားလည်လား”

ကျောက်ကောင်း အံ့သြသွားခဲ့သည်။ ထို့နောက်မှာ သူ အကြိမ်ကြိမ် ခေါင်းညိတ်လိုက်ပြီး

“ကျွန်တော်မျိုး နားလည်ပါတယ်။ ဒီဆေးလုံးက အရမ်းကို အဖိုးတန်တဲ့ဆေးလုံးပဲ။ အရှင်မင်းကြီးက ရေခဲ့ပုစဥ်း သွားရှာတဲ့သူတွေအတွက် အထူးစီစဥ်ပေးထားခဲ့တာ။ ကျွန်တော်မျိုး ဂရုတစိုက်နဲ့ အဲဒီသိုင်းသမားတွေကို ပေးလိုက်ပါ့မယ်”

ကျောက်ကောင်း အသက်အရှည်ကြီး ရှုသွင်းလိုက်မိသည်။

လီချင်းလွမ် ပြောသွားသလိုမျိုး ဒီထန်ရွှမ်းဆေးလုံးက တကယ် အလုပ်ဖြစ်မလားဆိုတာ သူ မသေချာဘူး။ ဒါပေမဲ့ ဆေးလုံးကရနေတဲ့ အနံ့အသက်နဲ့ ဆေးလုံးရဲ့ပုံသဏ္ဍန်ကို ကြည့်ရသလောက်တော့…. တော်တော်လေး အဖိုးတန်မယ့်ပုံပေါက်သည်။

သူ မနေနိုင်စွာ လီချင်းလွမ်ကို လှည့်ကြည့်မိလိုက်မိသည်။ သူ့ရဲ့မျက်လုံးထဲမှာ လေးစားမှုတို့ ရှိနေလေ၏။

'အရှင်မင်းကြီး ရှာထားတဲ့ တော်ဝင်ဆေးဆရာမက တကယ်ကို ထူးချွန်တဲ့သူပဲ။ ဒီလိုဆန်းကြယ်တဲ့ဆေးလုံးကိုတောင် ဖန်တီးနိုင်တယ်! ငါတို့ တရှားတိုင်းပြည်အတွက် ကြီးမားတဲ့ ကောင်းချီးပဲ’

ဒါပေမဲ့ ကျောက်ကောင်း ရှကျိုးယွီကို မနေနိုင်စွာ လှမ်းကြည့်လိုက်သည်။

သူ ရုတ်တရက် သတိရသွားခဲ့သည်။

သူ အခုလိုမျိုး သိုင်းပညာ မြင့်မားတဲ့အခြေအနေကို ရခဲ့တာကလည်း ရှကျိုးယွီနဲ့ ချင်မင်းသားရဲ့ ကျေးဇူးကြောင့်ပဲမလား?

အခု သူ သေချာတွေးမိတော့မှပဲ ဒါတွေအားလုံးက ရှကျိုးယွီရဲ့အစီအစဉ်တွေဆိုတာကို သူ သဘောပေါက်သွားခဲ့သည်။

သူ တွေးမိလေလေ ပိုပြီးစိတ်လှုပ်ရှားလာလေလေပဲ။

ဒါပေမဲ့ ရှကျိုးယွီကတော့ အများကြီးမတွေးခဲ့ဘူး။ လက်တစ်ဖက်ယမ်းပြလိုက်ကာ စကားပြောဖို့ ပြင်လိုက်သည်။

ဒါပေမဲ့ ထိုအချိန်မှာပဲ နန်းဆောင်အပြင်ဘက်က ခေါ်သံတစ်ခု ထွက်လာခဲ့သည်။

"အရှင်မင်းကြီး၊ တော်ဝင်ဆရာမကြီးက တွေ့ခွင့်တောင်းနေပါတယ်"

'တော်ဝင်ဆရာမကြီး... လျိုချင်းချန်လား?’

'သူမ ဘာလာလုပ်တာလဲ?’

ရှကျိုးယွီ အံ့သြသွားခဲ့သည်။

သူ ဒီရက်ပိုင်းထဲမှာ လျိုချင်းချန်ကို မတွေ့ရတာကြာပြီလေ။ ဒါကြောင့် သူ အံ့သြသွားတာပင်။

ရှကျိုးယွီ လက်တစ်ဖက် ယမ်းပြလိုက်ကာ "သူမကို ဝင်ခိုင်းလိုက်"

လျိုချင်းချန် နန်းဆောင်အပြင်ကနေ ဖြည်းညင်းစွာ အထဲကိုဝင်လာခဲ့သည်။

လီချင်းလွမ်ကိုတွေ့တဲ့အခါမှာ သူမရဲ့မျက်လုံးထဲမှာ အံ့သြမှုတချို့ ဖြတ်ပြေးသွား၏။ ဒါပေမဲ့ သူမ မရပ်တန့်ခဲ့ဘူး။

ထိုအစား သူမက ရှကျိုးယွီရှိရာ တည့်တည့်ကိုသွားကာ အရိုအသေပေးလိုက်သည်။

ဒီနေ့ သူမ နန်းတော်ထဲ အလည်လာခဲ့ရတာက အရေးကြီးကိစ္စရှိလို့မဟုတ်ဘူး။

လွန်ခဲ့တဲ့အချိန်ပိုင်းလောက်က တွေ့ခဲ့ရတဲ့ နန်းတော်အထက်က အရှိန်အဝါကြောင့်သာ သူမ ရောက်လာခဲ့ရတာပင်။

ကံကြမ္မာအမှတ်တွေ အရမ်းလျော့သွားခဲ့တဲ့အတွက် မကောင်းတဲ့ကိစ္စတွေ ဖြစ်လာမှာစိုးပြီး သူမ အမြန်ရောက်ခဲ့တာလေ။

"အရှင်မင်းကြီး"

သူမ ပြောနေရင်းနဲ့ ရှကျိုးယွီကို ကြည့်လိုက်သည်။

ဒါပေမဲ့ နောက်တစ်စက္ကန့်လည်းကြာရော သူမ အနည်းငယ် မျက်မှောင်ကြုတ်လာတော့၏။

'ဘာမှမပြောင်းလဲဘူးဘဲ။ ဘာလို့ ရှကျိုးယွီက ဘာလို့ ဘာမှမပြောင်းလဲနေရတာလဲ?’

'ဒါဆို ကံကြမ္မာအမှတ်တွေ လျော့သွားတာ ရှကျိုးယွီကြောင့် မဟုတ်ဘူးလား? ဒါပေမဲ့ ရှကျိုးယွီ မဟုတ်ဘူးဆိုရင် နန်းတော်ထဲမှာရှိတဲ့ ဘယ်သူကများ ကံကြမ္မာအမှတ်ကို စုပ်ယူနိုင်မှာမို့လို့လဲ?’

လျိုချင်းချန် ရှုပ်ထွေးသွားခဲ့သည်။

ဒါပေမဲ့ ရှကျိုးယွီက ဒါတွေကို မသိခဲ့ဘူး။

သူသိတာဆိုလို့ လျိုချင်းချန်က သူ့ကို စိုက်ကြည့်နေတာပဲ။

ရှကျိုးယွီ ရယ်လိုက်တော့သည်။

"ယဥ်ကျေးမှုပြနေဖို့ မလိုပါဘူး တော်ဝင်ဆရာမကြီး အမြန်ထပါ။ ဒီနေ့ မင်း ဘာလို့ရောက်လာခဲ့လဲ ငါကိုယ်တော် သိချင်မိတယ်"

လျိုချင်းချန် ဖြည်းညင်းစွာ မတ်တတ်ပြန်ရပ်လိုက်သည်။ ထို့နောက်မှာ သူမက ရှကျိုးယွီကို နက်ရှိုင်းစွာ ကြည့်လိုက်လေ၏။

ကံကြမ္မာအမှတ်နဲ့ပတ်သက်ပြီး သူမရဲ့ရင်ထဲက မေးခွန်းတွေကို ဖိနှိပ်လိုက်ကာ ရှကျိုးယွီကို အလွန့်အလွန် တည်ငြိမ်စွာဖြင့် ကြည့်လိုက်သည်။

"အရှင်မင်းကြီး၊ ကျွန်တော်မျိုးမ မကြာခင်က နက္ခတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခုကို ရှာတွေ့ခဲ့တယ်။ ဒါကြောင့်မို့ တရှားတိုင်းပြည်ထဲမှာ ပြောင်းလဲမှုကြီးတွေ ဖြစ်လာမှာကို စိုးရွံ့မိတယ်။ ဒါကြောင့်မို့ အရှင်မင်းကြီး ဒီရက်ပိုင်း သတိထားပါ။ အထူးသဖြင့် နဂါးခန္ဓာကိုယ်နဲ့ပတ်သက်ပြီး!"

'နက္ခတ်အနေအထားတဲ့လား?’

'ပြောင်းလဲမှု ဟုတ်လား?’

'လျိုချင်းချန်ရဲ့စကားတွေက ဘာလို့ အရမ်းဆန်းကြယ်နေတာလဲ?’

'မဟုတ်သေးပါဘူး။ ဒီနေ့ ဘာတွေဖြစ်နေတာလဲ?’

'ဘာလို့ မင်းတို့နှစ်ယောက်လုံးက ထူးဆန်းနေသလို ငါ ခံစားနေရတာလဲ?’

ရှကျိုးယွီ တွေးနေခဲ့ပေမဲ့ သူ တကယ်တော့ ဘာမှမပြောခဲ့ဘူး။ ရိုးရှင်းစွာ ခေါင်းညိတ်လိုက်ပြီး

"ဟုတ်ပြီ။ ငါ နားလည်ပြီ"

ရှကျိုးယွီ လက်တစ်ဖက် ယမ်းပြလိုက်တော့သည်။

လျိုချင်းချန်ရဲ့စကားတွေကို သူ စိတ်ထဲမထားခဲ့ဘူး။

ဒါကိုမြင်တဲ့အချိန်မှာ လျိုချင်းချန် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

'ဒါပဲလား? ဖြစ်နိုင်တာ ရှကျိုးယွီ နဂိုကတည်းက သိနေခဲ့တာလား? ကျန်းနန်မှာ ရေကြီးမယ်ဆိုတာကို သူ ကြိုပြီးတွက်ဆလို့ရနေခဲ့တာလား?’

ရှကျိုးယွီနဲ့ပတ်သက်ပြီး လျိုချင်းချန် သေချာမသိတော့ဘူး။

ဒါပေမဲ့လည်း တိုင်းပြည်ရဲ့ တော်ဝင်ဆရာမကြီး တစ်ယောက်အနေနဲ့ ပြည်သူတွေရဲ့အသက်ကို သူမ လျစ်လျူရှုမထားနိုင်ဘူး။ ဒါကြောင့် သူမ မနေနိုင်စွာ ရှင်းပြလိုက်တော့သည်။

"အရှင်မင်းကြီးက ကျန်းနန်မြို့ရဲ့ မိုးပြင်းထန်မှုကို သတိထားမိတယ်ပေါ့။ ကောင်းလိုက်တာ။ ဒီရက်ပိုင်းထဲမှာ ကျန်းနန်မြို့ထဲမှာရှိတဲ့ ဂိုဏ်းတော်တော်များများရဲ့ ပြောင်းလဲမှုကြောင့် နယ်မြေရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေမှာ သက်ရောက်မှု ဖြစ်လာခဲ့တယ်။ ဒါကြောင့်မို့ သိပ်မဝေးတဲ့အနာဂတ်မှာ သဘာဝဘေးကြုံလာနိုင်တယ်လို့ ကျွန်တော်မျိုးမ စိုးရွံ့မိပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီးက သိပြီးသားဆိုရင်တော့ ကျွန်တော်မျိုးမရဲ့စကားကို စိတ်ထဲမထားပါနဲ့"

လျိုချင်းချန် နူးညံ့စွာ ရှင်းပြလိုက်သည်။

'ကျန်းနန်မြို့ ဟုတ်လား…?’

'အဲဒီကျန်းနန်မြို့က စိတ်ဝိညာဥ်စွမ်းအင် တော်တော်လေး များတဲ့မြို့ မဟုတ်ဘူးလား?’

'ဘာလို့ဆိုရင် အဲဒီနေရာမှာ သိုင်းပညာရှင်တွေ အများကြီးရှိတယ်လေ?’

ဒါပေမဲ့ တကယ်တော့ ဒီရက်ပိုင်းထဲမှာ ချင်မင်းသားရဲ့လှုပ်ရှားမှုကြောင့်... ကျန်းနန်မြို့တစ်ခွင်ရဲ့ ဂိုဏ်းတော်တော်များများသည် ဖျက်ဆီးခံလိုက်ရသည်။

ဂိုဏ်းအသီးသီးရဲ့ အစီအရင်အသီးသီးလည်း... အကုန်ဖျက်ဆီးခံလိုက်ရသည်။

ရလဒ်အနေနဲ့ ထိုနေရာမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်အပေါ်လည်း ကြီးမားတဲ့သက်ရောက်မှု ဖြစ်ပေါ်ခဲ့သည်။

ကျန်းနန်မြို့က ပင်ကိုအားဖြင့် စိုစွတ်တဲ့ဒေသတစ်ခုဖြစ်သည်။ အခုလိုမျိုး စိတ်ဝိညာဥ်စွမ်းအင်တွေ တုံ့ပြန်မှုမြင့်တက်လာခြင်းက မိုး အဆက်မပြတ်ရွာသွန်းမှုကို ဖြစ်ပေါ်စေခဲ့သည်။

ဒီလိုမျိုးဆက်ဖြစ်နေမယ်ဆိုရင် မကြာခင် ရေကြီးရေလျှံမှုတွေပါ ဖြစ်လာနိုင်သည်!

"ဘာ၊ ရေကြီးမယ် ဟုတ်လား"

ရှကျိုးယွီ အံ့သြသွားတော့သည်။

သူ ချက်ချင်းပဲ လျိုချင်းချန်ကို လှည့်ကြည့်လိုက်၏။

All Chapters