← Chapters

ကောင်းလိုက်တဲ့ ငါ့ရဲ့ဦးရီးတော်လေး

Vol. 6 Ch. 73

ကောင်းလိုက်တဲ့ ငါ့ရဲ့ဦးရီးတော်လေး

Vol. 6 Ch. 73

ရှကျိုးယွီရဲ့ ရှုပ်ထွေးနေမှုကိုမြင်တော့ လျိုချင်းချန် အမြန်ရှင်းပြလိုက်သည်။

"ဟုတ်ပါတယ်၊ ရေကြီးမှုပါ"

ရှကျိုးယွီရဲ့ မျက်နှာထားကို ကြည့်နေရင်းနဲ့ သူမက ပြောနေတာကို ခဏရပ်လိုက်သည်။

ရှကျိုးယွီရဲ့ ပူပန်နေတဲ့မျက်နှာကြောင့် သူမ အနည်းငယ် ရင်ထဲထိသွားခဲ့တာပင်။

ဒါပေမဲ့ သူမ အများကြီးမပြောခဲ့ဘူး။ ထို့အစား နက်ရှိုင်းစွာဖြင့် ရှကျိုးယွီကို အကြာကြီးစိုက်ကြည့်နေလိုက်ပြီးမှ...

"အရှင်မင်းကြီး မသိလောက်ပေမယ့်၊ ကျန်းနန်မြို့မှာ နဂိုတည်းက မကြာခဏမိုးရွာလေ့ရှိတယ်၊ ဒါကြောင့်မလို့ မြေဆီမြေလွှာကလည်း ကောင်းပြီး စိုက်ပျိုးရေးလုပ်လို့ကောင်းတဲ့ ဒေသတစ်ခုဖြစ်နေခဲ့တာပေါ့၊ ဒီနယ်ပိုင်းထဲမှာ ပိုပိုပြီးများလာတဲ့ အင်အားကြီးဂိုဏ်းတွေနဲ့ အသီးသီးသန်မာလာကြတဲ့ သိုင်းသမားတွေကြောင့် ကျန်းနန်မြို့ထဲမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တောင်မှ

အနည်းငယ်ကုန်ခမ်းလုနီးနီး ဖြစ်ခဲ့ရတယ်"

လျိုချင်းချန် ပြောနေရင်းနဲ့ ရှကျိုးယွီကို မော့ကြည့်လိုက်သည်။

အစက ရှကျိုးယွီက အကုန်လုံးကိုတွက်ချက်ပြီးသားလို့ သူမ ထင်ခဲ့မိတာပင်။

ဒါပေမဲ့ အခုတော့ ရှကျိုးယွီက ဘာမှမသိသလိုမျိုး လုပ်နေလေ၏။

ဘာလို့များ ရှကျိုးယွီထံက အမြဲတမ်း အဓိပ္ပာယ်ဖော်လို့မရတဲ့ခံစားချက်တစ်ခုကို ရနေရတာလဲ...

မသိရင် အရာအားလုံးက သူ့ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေသလိုမျိုးကြီး။

ကျန်းနန်မှာဖြစ်ပေါ်နေတဲ့ မိုးများမှုကို ရှကျိုးယွီ မသိဘူးဆိုတာကို သူမ လုံးဝမယုံကြည်နိုင်ဘူး။

'သူ ဟန်ဆောင်နေတာလား?’

လျိုချင်းချန် ရှုပ်ထွေးနေခဲ့သည်။

ဒါပေမယ့် သူမဆက်ပြောလိုက်လေ၏။

"ဒါပေမဲ့ အရှင်မင်းသားရဲ့လုပ်ဆောင်မှုတွေကြောင့် ကျန်းနန်မြို့မှာရှိတဲ့ ဂိုဏ်းတော်တော်များများက ထိခိုက်ခဲ့ရတယ်၊ ဒါကြောင့်မလို့ စိတ်ဝိညာဉ်စွမ်းအင်တွေ များပြားလာတော့တယ်၊ လျော့နည်းနေတဲ့အချိန်မှာ ရုတ်တရက်များပြားလာတဲ့စိတ်ဝိညာဉ်စွမ်းအင်တွေကြောင့် စွမ်းအင်တုံ့ပြန်မှုတွေဖြစ်လာတော့တယ်၊ လေထုထဲမှာ ရေငွေ့စုဆောင်းမှုတွေကလည်း တဖြည်းဖြည်းများပြားလာတယ်၊ ဒါကြောင့်မလို့ မကြာခင်ကျန်းနန်မြို့မှာ ရေကြီးတော့မယ်လို့ ကျွန်တော်မျိုးမ အာရုံခံမိပါတယ်! "

"ဖြစ်နိုင်မယ်ဆိုရင် အရှင်မင်းကြီး ဒီကိစ္စကို ဂရုတစိုက် ဆောင်ရွက်ပေးစေချင်ပါတယ်"

"ဒီကိစ္စမှာ လူပေါင်းများစွာရဲ့အသက်နဲ့ ပတ်သက်နေတယ်!"

လျိုချင်းချန်က ပြောနေရင်းနဲ့ ရှကျိုးယွီကိုပဲ စိုက်ကြည့်နေခဲ့သည်။

ရှကျိုးယွီ တကယ်ပဲမသိခဲ့ဘူးဆိုရင်...

ဒီသတင်းကိုကြားတာနဲ့ သူ ပြည်သူတွေအတွက် ချက်ချင်းစိတ်ပူသွားခဲ့ရမှာလေ။

ဒါပေမဲ့ နောက်တစ်စက္ကန့်မှာ သူမစိတ်ပျက်သွားတော့သည်။

ဘာလို့ဆိုရင် ရှကျိုးယွီရဲ့မျက်နှာက ရှုပ်ထွေးနေမှုကနေ ပျော်ရွှင်မှုအဖြစ်ပြောင်းသွားလို့ပဲ!

ထိုအချိန်မှာတော့ ရှကျိုးယွီရဲ့နှလုံးသားမှာ ပျော်ရွှင်မှုလှိုင်းတွေ ပြင်းထန်နေခဲ့သည်။

'ဘုရားရေ ငါသောက်ရမ်းဝမ်းသာတာပဲ!’

'နောက်ဆုံးတော့ နတ်ဘုရားတွေ ငါ့ကိုကောင်းချီးပေးပြီ!’

‘ကောင်းမွန်လှတဲ့ ငါ့ရဲ့ဦးရီးတော်လေး!’

'ဂိုဏ်းတွေကို ဖျက်ဆီးလိုက်ရုံတင်မကဘူး သဘာဝဘေးကိုပါ ခေါ်ဆောင်လာခဲ့တယ်ပေါ့!’

'ဒါဆိုရင် ကပ်ဘေးသင့်ပြည်သူတွေကိုကယ်ဖို့အတွက် ငါဘဏ္ဍာငွေတွေသုံးရတော့မယ်။ ဟားဟား ငွေဖြုန်းဖို့ အခွင့်အရေးရပြီဟေ့ ရို့ ရို့’

'ဒါဆိုရင် တိုင်းပြည်ရဲ့ကံကြမ္မာအမှတ်တွေ ထပ်ထိတော့မှာလား? ကောင်းတယ် သောက်ရမ်းကောင်းတယ်’

ရှကျိုးယွီ အသက်ဝဝရှူသွင်းလိုက်ကာ လျိုချင်းချန်ကို ကြည့်လိုက်သည်။

ရှကျိုးယွီ ပြောလိုက်တော့သည်။

"ရတယ် ကိစ္စမရှိဘူး ဖြစ်လာပြီဆိုမှတော့ ဘယ်တတ်နိုင်ပါ့မလဲ…..အင်းပေါ့၊ မသေမျိုးတစ်ယောက်ဖြစ်နေရင်တောင် ပြောင်းလဲနိုင်မှာမလို့လား?"

လျိုချင်းချန်တစ်ယောက် ပြောစရာ ဆွံ့အသွားပုံပဲ။

သူမအနေနဲ့ ရှကျိုးယွီရဲ့တုံ့ပြန်လာမယ့်စကားကို အရမ်းကိုမျှော်လင့်ထားခဲ့မိသည်။

ဒါပေမဲ့ ရှကျိုးယွီက လုံးဝကိုစဉ်းစားပေးမနေတာ သိသာလွန်းနေပြီ!

စိတ်ပျက်မှုနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့... လျိုချင်းချန်ရဲ့စိတ်ပျက်မှုက တော်တော်လေး ဒီဂရီမြင့်နေပြီပင်။

သူမစိတ်ပျက်နေခဲ့သည်။

ဒါပေမဲ့ သူမထုတ်မပြောရဲဘူး။

ထိုအချိန်မှာပဲ ရှကျိုးယွီရဲ့အသံ ထပ်မံထွက်ပေါ်လာခဲ့သည်။

"ဒါပေမဲ့ စိတ်မပူပါနဲ့ ငါချက်ချင်းပဲအသိပေးလိုက်ပြီး လိုအပ်မယ့်ရန်ပုံငွေတွေကို အသင့်ပြင်ထားခိုင်းလိုက်မယ်၊ ဒါမှကပ်ဘေးကြုံလာတဲ့အချိန်ကျရင် အထိအခိုက်နည်းမှာ"

'အထိအခိုက်နည်းမယ်... ကပ်ဘေးအတွက် ကြိုပြီးပြင်ဆင်မယ်တဲ့လား?’

'ဒါဆိုရင် မရေမတွက်နိုင်တဲ့ပြည်သူတွေရဲ့ နေထိုင်ရေးကို ဖြေရှင်းနိုင်သွားတော့မယ်’

‘ ဒါပေမဲ့ ရေကြီးတာကို တားမြစ်ဖို့ကျ မကြိုးစားတော့ဘူးလား?’

‘ ဒါပဲ ဘုရင်တွေက အမြဲတမ်း အဲ့လို့ပဲ’

လျိုချင်းချန် နူးညံ့စွာသက်ပြင်းချလိုက်သည်။

ဒီအချိန်မှာ သူမဘာပြောပြော အသုံးမဝင်ဘူးဆိုတာ သေချာသိနေသည်။

ဒါကြောင့် သူမ ခေါင်းပဲညိတ်ပြလိုက်တော့သည်။

သူမ ဘယ်လိုမျိုးကူညီပေးနိုင်ဦးမလဲ တွေးနေတုန်းမှာပဲ ရှကျိုးယွီ၏အသံကို ထပ်မံကြားလိုက်ရလေ၏။

"ရန်ပုံငွေပေးရုံလောက်နဲ့ မလုံလောက်ဘူး။ ရေပြောင်းရွှေ့မဲ့ အစီအစဉ်တွေကိုပါ ဆောင်ရွက်မှဖြစ်မယ်၊ ချက်ချင်းပဲအမိန့်ဖြန့်လိုက်၊ ရေကြီးမှုကိုလျှော့ချနိုင်အောင်လို့ ဆည်တွေ၊ တူးမြောင်းတွေ အခုပဲဆောက်ခိုင်းစေ"

ထိုစကားလုံးတွေမပြောခဲ့ရင်တောင်မှ အဆင်ပြေဦးမည်။ ဒါပေမဲ့ပြောပြီးတာနဲ့... လျိုချင်းချန်ရော လီချင်းလွမ်ရော နှစ်ယောက်လုံးရဲ့မျက်နှာက ချက်ချင်းပဲပြောင်းလဲသွားလေ၏။

သူမတို့နှစ်ယောက်စလုံး မထိန်းနိုင်စွာ မျက်မှောင်ကြုတ်သွားခဲ့တာပင်။

'ဆည်နှင့်တူးမြောင်းဆောက်ခိုင်းတယ်... တိုင်းပြည်ရဲ့ အလုပ်သမားတစ်ဝက်လောက်ကို မဟာတံတိုင်းဆောက်ဖို့အတွက် ယူသုံးထားတာမဟုတ်ဘူးလား?’

'အခု ဆည်ဆောက်ရဦးမယ်လား?’

'တရှားတိုင်းပြည်မှာ သန်မာတဲ့လုပ်သားဘယ်လောက်ရှိနေလို့လဲ?’

'ဒီရှကျိုးယွီ ဘာတွေတွေးနေတာလဲ?’

'ဒီအချိန်မှာ တခြားဖြေရှင်းစရာ နည်းလမ်းမရှိဘူးဆိုပေမယ့် ဒီနည်းလမ်းကတော့ မဟုတ်သေးဘူး’

'ဒါကြီးက လုံးဝအဓိပ္ပာယ် ရှိမနေ ဘူးလေ’

အကယ်လို့ ဆည်တွေဆောက်တာ လုံးဝအသုံးမဝင်ဘူးဆိုရင် ဘယ်လိုလုပ်မှာလဲ။

'မတော်လို့ ရေကြီးမှုက အရမ်းပြင်းထန်နေခဲ့မယ်ဆိုရင် အသေအပျောက်နှုန်းက ပိုတောင်မြင့်သွားမှာမဟုတ်ဘူးလား?’

သူမတို့နှစ်ယောက်အတွက်တော့ ရှကျိုးယွီရဲ့အမိန့်က တော်တော်လေး ရူးမိုက်လွန်းရာကျနေခဲ့သည်။

ဒါပေမဲ့ ရှကျိုးယွီရဲ့ မျက်နှာထားကိုကြည့်ရသလောက် သူက အတည်ပြောနေပုံပဲ။

‘တကယ်ပဲ နောက်ကွယ်မှာ ရည်ရွယ်ချက်တစ်ခုခုရှိနေခဲ့လို့လား?’

လျိုချင်းချန် ရှကျိုးယွီကို ထပ်ပြီးကြည့်လိုက်သည်။ သူမရဲ့မျက်လုံးထဲမှာ သိချင်စိတ်အနည်းငယ်ရှိနေခဲ့သည်။

ဒါပေမဲ့ သူမမနေနိုင်စွာ ပြောလိုက်တော့သည်။

"အရှင်မင်းကြီး ကျွန်တော်မျိုးမတို့ ရေကြီးမှုကိုကာကွယ်ဖို့အတွက် တံတိုင်းတွေ ကြိုပြီး ဆောက်ခဲ့မယ်ဆိုရင်တော့ အသုံးဝင်ခဲ့မှာပါ။ ဒါပေမဲ့ အချိန်လွန်သွားပြီ။ အခုချိန်မှာ ကျန်းနန်မှာရှိတဲ့ဂိုဏ်းတော်များများကလည်း ဖျက်ဆီးခံလိုက်ရပြီ၊ ဒါကြောင့်မလို့ ရေကအချိန်မရွေးကြီးလာနိုင်တယ်၊ အခုမှတံတိုင်းဆောက်ဖို့လုပ်မယ်ဆိုရင်လည်း အသုံးမဝင်တော့ဘူး၊ ပိုပြီးတော့ကြီးမားတဲ့ ကပ်ဘေးတောင်ဖြစ်လာနိုင်တယ်! "

ရှကျိုးယွီ နားထောင်ကာ ခေါင်းညိတ်လိုက်သည်။

သူလည်းတွေးနေခဲ့တာပဲ။

ဆည်ဆောက်ခိုင်းတာက မဟာတံတိုင်း ဆောက်တဲ့ကိစ္စနဲ့ မတူညီဘူး။

မဟာတံတိုင်းတည်ဆောက်တာက လူအင်အားနဲ့ငွေအင်အားဖြုန်းတီးရုံပဲရှိတာ ဒါပေမယ့် အခုကိစ္စကတော့မတူတော့ဘူး။

ဒါက လူတွေရဲ့အသက်နဲ့ပါ သက်ဆိုင်နေတဲ့ကိစ္စပဲ။

လျိုချင်းချန် ပြောခဲ့သလိုမျိုး ဆည်တည်ဆောက်နေရင်းနဲ့ မတော်လို့ရေကြီးလာခဲ့မယ်ဆိုရင် လူတွေအများကြီးအပြုံလိုက် သေသွားနိုင်သည်။

သူ့အနေနဲ့ တိုင်းပြည်ရဲ့ကံကြမ္မာအမှတ်ကိုပဲဖျက်ဆီးချင်ခဲ့တာ။ လူတွေရဲ့အသက်ကို ဒီလိုမျိုးစတေးလိုက်ဖို့အထိ မယုတ်မာသေးဘူး။ ယုတ်တော့ယုတ်မာတယ်၊ ဒါပေမယ့် မယုတ်မာဘူးပေါ့၊ မကောင်းဆိုးဝါးတော့ မကောင်းဆိုးဝါးပေါ့ ဒါပေမယ့် မိစ္ဆာအဆင့်ထိတော့ မရောက်သေးဘူးပေါ့။

"ဒီကိစ္စက နည်းနည်းတော့ စဉ်းစားဖို့လိုဦးမယ်နဲ့တူတယ်"

ရှကျိုးယွီ တွေးနေခဲ့သည်။

ထို့နောက်မှာ လျိုချင်းချန်ကို လှမ်းကြည့်လိုက်ကာ

"တော်ဝင်ဆရာမကြီးမှာ အကြံဉာဏ်ကောင်းများရှိလား?"

လျိုချင်းချန် အနည်းငယ်အံ့ဩသွားခဲ့သည်။

ရှကျိုးယွီ အခုလိုမျိုး သူမကို အကြံဉာဏ်တောင်းခဲ့ဖူးတာမျိုးမရှိဘူးလေ!

အရာအားလုံးကို သူက ကြိုတင်ပြီးစီစဉ်ခဲ့တာလို့တောင် ပြောလို့ရသည်။

'ဒါဆိုရင် ဒါကရော သူ့ရဲ့အစီအစဉ်တွေထဲက တစ်ခုပဲလား?’

လျိုချင်းချန် စိတ်ရှုပ်ထွေးလာတော့သည်။

ဒါပေမယ့် သူမ အလောတကြီးအဖြေမပေးခဲ့ဘူး။

ထိုအစား သူမအချိန်အကြာကြီးတွေးတောပြီးမှသာ ပြောလိုက်သည်။

"တကယ်တော့ အရိုးရှင်းဆုံးနည်းလမ်းက အင်အားကြီးတဲ့ လူတစ်ယောက်ကို ဖြေရှင်းခိုင်းလိုက်တာပဲ"

"ဟုတ်လား"

ရှကျိုးယွီ ချက်ချင်းပဲစိတ်ဝင်စားသွားခဲ့သည်။

'အရေးကြီးတဲ့လူတစ်ယောက်ကို ကြားဝင်ဖြေရှင်းခိုင်းမယ်... ဒီအရာရဲ့နောက်ကွယ်မှာ ဘာအဓိပ္ပာယ်များရှိနေတာလဲ?’

'ကဲပါ၊ ဘာကြောင့်ပဲဖြစ်ဖြစ် ကံကြမ္မာအမှတ်ကိုဖျက်ဆီးနိုင်သ၍ ငါကတော့ထောက်ပံ့နေမှာပဲ’

ချက်ချင်းဆိုလို ရှကျိုးယွီ၏ မျက်လုံးတွေက တက်ကြွလာလေ၏။

ရှကျိုးယွီရဲ့ မျက်လုံးတွေကို ရင်ဆိုင်နေရင်း လျိုချင်းချန် အသက်ဝဝ ရှုသွင်းလိုက်သည်။

"အဲဒီအင်အားကြီးကျင့်ကြံသူက ကျင့်ကြံမှုပထမအဆင့် ဒါမှမဟုတ် ပထမအဆင့်နဲ့ အထက်မှာ ရှိဖို့လိုပါတယ်၊ ကောင်းကင်နဲ့မြေကြီးရဲ့ အရှိန်အဝါကို ငှားယူပြီး အသုံးပြုမယ်ဆိုရင် ကျန်းနန်မြို့က အခြေအနေကိုဖြေရှင်းဖို့ အစီအရင်တစ်ခုကိုဖန်တီးနိုင်မှာပါ"

"ဒါပေမဲ့ ကျွန်တော်မျိုးမတို့ရဲ့ တရှားတိုင်းပြည်မှာ အဲလိုအင်အားကြီးပုဂ္ဂိုလ်က..."

အစကတော့ လျိုချင်းချန် ဘယ်သူ့ကိုမှ အကူအညီ မတောင်းနိုင်တော့ဘူးလို့ တွေးနေခဲ့သည်။

ဒါပေမဲ့ ကံကြမ္မာအမှတ်နဲ့ ပတ်သတ်ပြီး တွေးမိလိုက်တာနဲ့ လီဖူကို မြင်ယောင်သွားသည်။

သူမ လေသံကိုပြင်လိုက်ကာ

“ အဲ့ဒီလို အင်အားကြီးပုဂ္ဂိုလ်မျိုးကို ထျန်းချီတာဝါမှာ ရှာတွေ့နိုင်တယ်…”

“ ဒါပေမဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ အရှိန်အဝါကို ငှားယူရတာက ရိုးရှင်းလွယ်ကူတဲ့ ကိစ္စမဟုတ်ဘူး။ ကြီးမားတဲ့ တန်ကြေးကို ပြန်ပေးဆပ်ရတယ်။ ဒါကြောင့် ကျွန်တော်မျိုးမတို့ ကူညီပေးချင်မဲ့ အင်အားကြီး ကျင့်ကြံသူကို ရှာမတွေ့နိုင်မှာ စိုးရွံ့မိပါတယ်!”

All Chapters