← Chapters

သူ့ကို ဖိတ်ခေါ်စေချင်တာလား

Vol. 6 Ch. 74

သူ့ကို ဖိတ်ခေါ်စေချင်တာလား

Vol. 6 Ch. 74

"ဟုတ်လား"

လျိုချင်းချန်၏စကားကြောင့် ရှကျိုးယွီ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

'အင်အားကြီးပုဂ္ဂိုလ်တဲ့လား...ငါ့ကိုယ်ငါရော ထည့်တွက်လို့ရလား?’

ဒါပေမယ့်လည်း သူ့အနေနဲ့ ကျန်းနန်ထိကိုယ်တိုင်သွားပြီးတော့ ဆောင်ရွက်ဖို့ဆိုတာ မလွယ်ကူဘူးလေ။

ဒါဆိုရင် တစ်ခုတည်းသော ရွေးချယ်စရာက ထျန်းချီတာဝါကလူကိုပဲပေါ့။

'အဲဒီလီဖူလား?’

'အွန်း…. မဆိုးဘူးနဲ့တူပါတယ်’

"ဒါဆိုရင် ပြန်ပေးဆပ်ရမယ့် တန်ကြေးကရော"

ရှကျိုးယွီ ခဏလောက်တွေးပြီးနောက်မှာ လျိုချင်းချန်ကို လှမ်းကြည့်လိုက်ကာ မေးလိုက်သည်။

"အဲဒါကတော့ ကျင့်ကြံသူရဲ့ အရည်အချင်းပေါ် မူတည်တာပေါ့"

"ပြောရမယ်ဆိုရင် ဘယ်လိုပဲ ပထမအဆင့်သိုင်းနတ်ဘုရား ဖြစ်နေဦးတော့၊ လုံလောက်တဲ့တန်ကြေးကိုတော့ လိုချင်မှာပဲလေ။ ဘယ်သူကမှ အကျိုးအမြတ်မရဘဲနဲ့ ဒီလိုကိစ္စမျိုးကို လုပ်ချင်မှာမဟုတ်ဘူး"

လျိုချင်းချန် ခဏလောက်တွေးကာ နူးညံ့စွာပြန်ပြောလိုက်သည်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရှကျိုးယွီရဲ့ လုပ်ရပ်တွေကို သူမ နားမလည်ခဲ့ဘူး။

ဒါပေမယ့် ရှကျိုးယွီက ထျန်းချီတာဝါကလူကို နောက်ဆုတ်အောင်လုပ်နိုင်ခဲ့တာတော့ သူမသိသည်။

ဒါကြောင့် ထျန်းချီတာဝါဘက်ကလူကို လက်ခံလာအောင်လည်း ရှကျိုးယွီလုပ်နိုင်သည်။

ရှကျိုးယွီမှာ သေချာပေါက် အထူးနည်းလမ်းတစ်ခုခု ရှိနေမှာပဲ။

ဒါပေမယ့် သူမ ပိုပြီးစိတ်ဝင်စားမိတာကတော့ တော်ဝင်နန်းတော်ထဲမှာ ပုန်းနေတဲ့ ဆန်းကြယ်တဲ့အရာပဲ။

'တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်တွေကို စုပ်ယူသွားတဲ့ အဲဒီအရာ...!’

'အဲဒီလူကိုသာ ခေါ်လာနိုင်ခဲ့ရင် ဒီကိစ္စက လုံးဝကိုပြီးမြောက်သွားလိမ့်မယ်’

"လီဖူက ဒီဟာကိုလုပ်နိုင်လောက်လား?"

ရှကျိုးယွီက လျိုချင်းချန်ကို နူးညံ့စွာဖြင့်မေးလိုက်သည်။

လျိုချင်းချန် အံ့သြသွားလေ၏။

'လီဖူတဲ့လား?’

'အဲဒီလူက ထျန်းချီတာဝါရဲ့ အင်အားကြီးပုဂ္ဂိုလ်မလား?’

သူမ မနေနိုင်စွာ အံ့သြသွားခဲ့သည်။ သူမ စိတ်လှုပ်ရှားလာတော့၏။ အဲဒီလူ ထိုက်အန်းမြို့ကို ပထမဆုံးရောက်လာတဲ့ အချိန်ကိုတောင် သူမပြန် တွေးမိသွားသည်။

ခဏလောက်တွေးတောပြီးနောက်မှာ သူမခေါင်းညိတ်ကာ ပြောလိုက်တော့သည်။

"ပြောရမယ်ဆိုရင် အဲဒီလူက လုပ်နိုင်ပါတယ်။ ဒါပေမယ့် သူလုပ်မယ်ဆိုရင်တောင်မှ အရှင်မင်းကြီးအနေနဲ့ သူ့ကို မြင့်မားတဲ့တန်ကြေးပြန်ပေးရမှာ။ ပြီးတော့ ဂရုမစိုက်မိဘူးဆိုရင် တန်ပြန်အကျိုးဆက်ကို ခံရနိုင်တယ်။ ဒါကြောင့်မို့ အခုလိုမျိုး ဒုက္ခများတဲ့ကိစ္စတွေကို တော်ရုံအင်အားကြီးပုဂ္ဂိုလ်တွေက မကူညီရဲကြဘူး"

"အို၊ ဟုတ်လား?"

ရှကျိုးယွီ မျက်မှောင်ကြုတ်သွားခဲ့သည်။

တန်ကြေးတဲ့လား၊ သူ့အနေနဲ့ ပိုက်ဆံပေးလိုက်ရမှာကို စိတ်မပူမိဘူး။

ဘာလို့ဆိုရင် အခုလိုပိုက်ဆံဖြုန်းရတာကိုက သူ့အတွက် မျှော်လင့်ချက်ကြီးပဲလေ။

'ပိုက်ဆံကုန်မယ်ဆိုရင် တိုင်းပြည်ရဲ့ကံကြမ္မာအမှတ်ကိုလည်း ဖျက်ဆီးလို့ရမယ်’

'ဒါက ကိစ္စကောင်းပဲမဟုတ်ဘူးလား?’

ဒါကြောင့် ရှကျိုးယွီ မနေနိုင်စွာမေးလိုက်တော့သည်။

"ဘာလို့သူတို့က မလုပ်ချင်ကြတာလဲ?"

လျိုချင်းချန် ခဏလောက် ရပ်သွားခဲ့သည်။ ထို့နောက်မှာ ဘေးမှာရှိနေတဲ့ လီချင်းလွမ်ကို လှည့်ကြည့်လိုက်သည်။

"ရိုးရှင်းပါတယ်။ တာဝန်ယူစိတ်၊ တာဝန်သိစိတ်ကြောင့်ပဲပေါ့"

ရှကျိုးယွီ ဆွံ့အသွားလေတော့၏။

"တာဝန်ယူစိတ်တဲ့လား?"

လျိုချင်းချန် အသက်ဝဝရှုသွင်းလိုက်သည်။

ရှကျိုးယွီရဲ့ ထူးဆန်းတဲ့အပြုအမူကို သူမ တော်တော်လေး ရှုပ်ထွေးနေရပေမယ့် ဒီအချိန်မှာ သူမစိတ်ကိုလည်း အတတ်နိုင်ဆုံး ဆွဲဆန့်ထားရလေသည်။

သူမစတင်ပြီး ရှင်းပြလိုက်တော့သည်။

"အကယ်လို့ အဲဒီအင်အားကြီးပုဂ္ဂိုလ်တွေက ဒီကိစ္စမှာဝင်မပါချင်ဘူးဆိုရင်လည်း ၀င်မပါဘဲနေလို့ရတယ်လေ။ ဘယ်လိုပဲပြောပြော ဒီကိစ္စက သူတို့နဲ့ဆိုင်တဲ့ ကိစ္စမှမဟုတ်တာ။ လူတွေဘယ်လောက်ပဲသေသေ သူတို့ရဲ့စိတ်ကို သက်ရောက်စေနိုင်မှာမဟုတ်ဘူး"

"ဒါပေမယ့်၊ အကယ်လို့ အင်အားကြီးပုဂ္ဂိုလ် တစ်ယောက်ယောက်ကသာ ရှေ့ထွက်ပြီးတော့ တာဝန်ယူလိုက်မယ်ဆိုရင် အမှားတစ်ခုခုဖြစ်ခဲ့တာနဲ့ လူတွေသေကြလိမ့်မယ်။ အဲဒါဆိုရင် ဒီလူတွေသေခဲ့ရတယ်ဆိုတဲ့ ဖြစ်ရပ်ဆိုးကြီးက သူတို့ရဲ့တစ်ဘဝလုံးမှာ နာမည်ဆိုးအဖြစ်လိုက်နေတော့မှာ!"

'ဒါဘယ်လိုသောက်ကျိုးနည်း သီအိုရီကြီးလဲ?’

ရှကျိုးယွီ ချက်ချင်းပဲ ပြန်ရှင်းပြလိုက်တော့သည်။

"မဟုတ်သေးဘူး၊ မင်းဟာကမဟုတ်သေးဘူးနော်"

လျိုချင်းချန် သိချင်သွားခဲ့သည်။ ရှကျိုးယွီရဲ့ဆိုလိုရင်းကို သူမနားမလည်နေဘူး။

ဒါပေမယ့် ရှကျိုးယွီရဲ့မျက်လုံးထဲက တည်ငြိမ်မှုတွေကို ခံစားလို့ရတာမို့ မနေနိုင်စွာမေးလိုက်တော့သည်။

"အရှင်မင်းကြီးက ဘယ်လိုထင်လို့ပါလဲ"

ရှကျိုးယွီ ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်။

"မင်းပြောတာမမှားပါဘူး။ ဒီကမ္ဘာကြီးမှာ အင်အားကြီးတဲ့လူက အထက်စီးမှာနေရတယ်။ သာမန်ပြည်သူတွေရဲ့အသက်ကို ဘယ်သူကဂရုစိုက်မှာလဲ? ဒါက ကမ္ဘာကြီးရဲ့စည်းမျဉ်းပဲ။ ဒါပေမဲ့လဲ အကယ်လို့ သန်မာတဲ့သူတွေကသာ ပြည်သူတွေကို ဂရုစိုက်မယ်ဆိုရင် ဒီလိုကိစ္စကနေ ဘာလို့ ဘေးထွက်နေရမှာလဲ?"

ရှကျိုးယွီရဲ့ဆိုလိုရင်းကို လျိုချင်းချန် နားလည်လိုက်သည်။ ဒါကြောင့်မို့ သူမ အမြန်ရှင်းပြလိုက်တော့သည်။

"အရှင်မင်းကြီးပြောတာ မှန်ကောင်းမှန်ပါတယ်။ ဒါပေမယ့် အခုလိုမျိုး ဆိုလိုရင်းလည်း ရှိသေးတာပဲမဟုတ်ဘူးလား"

"ဘာလဲ"

ရှကျိုးယွီ မေးလိုက်သည်။

လျိုချင်းချန် နူးညံ့စွာဖြေလိုက်လေ၏။

"ဒီကမ္ဘာကြီးထဲမှာ လူတွေက သူတို့နဲ့သက်ဆိုင်တဲ့အရာကိုပဲ ဂရုစိုက်တတ်ကြတယ်။ သူတို့နဲ့မသက်ဆိုင်တဲ့အရာ… တစ်နည်းပြောရမယ်ဆိုရင် သူတို့ ဂရုစိုက်စရာမလိုတဲ့ အရာနဲ့ပတ်သက်ပြီးတော့ ကိုယ့်ကိုယ်ကိုအထိခိုက်ခံရင်း ဝင်ပါမှာမဟုတ်ဘူး”

“ပြောရမယ်ဆိုရင် လူသားတွေအနေနဲ့ သူတို့ကို ရှုံ့ချချင်ရှုံ့ချခံလိုက်မယ်၊ ဒါပေမယ့် သူတို့ရဲ့ကျင့်ကြံမှုနဲ့ ပတ်သက်ပြီးတော့ နှောင့်နှေးခံရအောင်တော့ လုပ်မှာမဟုတ်ဘူး။ သူတို့အနေနဲ့ ဒီကိစ္စမှာပါဝင်ခဲ့မယ်ဆိုရင် တစ်ခုခုမှားသွားခဲ့တာနဲ့ လူတွေရဲ့အပြစ်တင်ရှုံ့ချမှုကို ခံရမှာတင်မကဘဲ ကျင့်ကြံမှုကလည်း အဆုံးမရှိအောင် နှောင့်နှေးသွားလိမ့်မယ်။ ပြောရရင် အတွင်းနတ်ဆိုးလိုမျိုးပဲ"

လျိုချင်းချန် စိတ်မရှည်တော့ပေ။ သူမ တစ်လုံးချင်း ရှင်းပြလိုက်လေသည်။

အခုသူမ နားလည်သွားပြီ။ ရှကျိုးယွီ တွန့်ဆုတ်နေခဲ့တယ်ဆိုတာကို။

ဒါကြောင့်သူမ တည့်ပဲပြောလိုက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ လိုချင်တဲ့ရလဒ်က ဒီကိစ္စဖြေရှင်းနိုင်သွားဖို့ပဲ မဟုတ်ဘူးလား?

ဒါပေမယ့် အခုကြည့်ရသလောက် ရှကျိုးယွီက ဖြေရှင်းဖို့နေနေသာသာ အတည်အတံ့ကိုမ စဉ်းစားနေသလိုမျိုးပဲ။

'ငါဒီလူကို မှားယွင်းဆုံးဖြတ်ခဲ့မိတာလား?’

'ငါအရင်က တွေ့ခဲ့ရတာတွေအားလုံးက ဟန်ဆောင်ပန်ဆောင် အပြုအမူတွေလား?’

'ဒါပေမယ့်လည်း ဘယ်လိုလုပ် ဒီလောက်တိုက်ဆိုင်နိုင်မှာလဲ?’

လျိုချင်းချန် တော်တော်လေးရှုပ်ထွေးနေခဲ့သည်။

ဒါပေမယ့် သူမ ပြောလိုက်လေ၏။

"ဒါက ပုံမှန်ကိစ္စတစ်ခုဖြစ်ပြီး ရှောင်လွဲလို့မရဘူး!"

ရှကျိုးယွီလည်း အတွေးနစ်သွားခဲ့သည်။ သူ့ရဲ့မျက်လုံးထဲမှာ နက်ရှိုင်းမှုတို့ ဖြစ်ပေါ်လာသည်။ ထို့နောက်မှာ သူခပ်တိုးတိုးရေရွတ်လိုက်သည်။

"အဲလိုလား"

“ဒီလိုဆိုရင်တော့ အင်အားကြီးပုဂ္ဂိုလ်တွေကို တန်ရာတန်‌ကြေးမပေးဘဲနဲ့ ဖိတ်ခေါ်ဖို့ဆိုတာ လွယ်ကူမှာမဟုတ်ဘူးပေါ့နော်”

ရှကျိုးယွီရဲ့ အတွေးလွန်နေပုံကိုမြင်တော့ လျိုချင်းချန်ပြောလိုက်သည်။

"ဒါက အခြေခံစည်းမျဉ်းပဲလေ"

အချိန်ခဏကြာသည်အထိ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားလေ၏။

လီချင်းလွမ် နေရာမှာတင် ရပ်နေခဲ့သည်။ သူမ စကားတစ်လုံးမှ ဝင်မပြောခဲ့ဘူး။

ရှကျိုးယွီကတော့ လက်နောက်ပစ်ကာ အရှေ့သွားလိုက် အနောက်သွားလိုက်ဖြင့် အတွေးလွန်နေလေ၏။

လျိုချင်းချန်က ရှကျိုးယွီကို သတိကြီးစွာဖြင့် စိုက်ကြည့်နေခဲ့သည်။

ရှကျိုးယွီ ဘာတွေကြံစည်နေမှန်း သူမမသိတော့ဘူး။ ဒါပေမယ့် သူ့ရဲ့တုံ့ပြန်မှုကို ကြည့်ရသလောက် ရှကျိုးယွီ လည်းပဲ ရုန်းကန်နေရသည်လို့ သူမထင်သည်။

ဒါပေမယ့် သူမ အခုထိ ရှုပ်ထွေးနေဆဲပဲ။ နန်းတော်ထဲမှာ အင်အားကြီးပုဂ္ဂိုလ်တစ်ယောက် ရှိနေပါရက်နဲ့...သူဘာတွေစိတ်ပူနေတာလဲ?

အဲဒီလူကိုပဲ ရှေ့ထွက်ခိုင်းပြီး ဖြေရှင်းခိုင်းလို့မရဘူးလား?

ဒီလိုနဲ့ လေထုက တဖြည်းဖြည်းထူးဆန်းလာတော့သည်။

နောက်ဆုံးတော့ လီချင်းလွမ် စကားပြောလိုက်လေတော့၏။

"အရှင်မင်းကြီး၊ ကျွန်တော်မျိုးမ ယုံကြည်ပါတယ်။ ထျန်ချီတာဝါကလူက အရှင်မင်းကြီးအတွက် ရေခဲပုစဉ်းကိုတောင် ထုတ်ပေးဖို့လုပ်ခဲ့တာပဲ။ ဒီကိစ္စမှာလည်း သူကူညီချင်လောက်မှာပါ"

လီချင်းလွမ်ရဲ့စကားတွေက အရမ်းမကျယ်ခဲ့ဘူး။

ဒါပေမယ့် လျိုချင်းချန်ကတော့ တော်တော်လေးထိတ်လန့်သွားလေရဲ့။

သူမချက်ချင်းပဲ လီချင်းလွမ်ကို လှည့်ကြည့်လိုက်ကာ

"နင်ပြောလိုက်တာ တစ်ယောက်ယောက်က အရှင်မင်းကြီးကို ရေခဲပုစဉ်း ဆက်သချင်ခဲ့တယ်လို့လား? ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ရေခဲပုစဥ်းဆိုတာက အရမ်းကိုတန်ဖိုးရှိတဲ့အရာလေ၊ တန်ဖိုးကို ဖြတ်လို့မရတဲ့အရာ! ဘယ်လိုအရူးကများ..."

လျိုချင်းချန် ချက်ချင်းပဲ သတိဝင်သွားတာမို့လို့ ပါးစပ်ကိုအမြန်ပိတ်လိုက်တော့သည်။

ဒါပေမယ့် ထိုအချိန်မှာ ရှကျိုးယွီကတော့ လျိုချင်းချန်ကို လျစ်လျူသာရှုထားတော့သည်။

သူက လီချင်းလွမ်ကို ကြည့်လိုက်လေကာ

"မင်းကသူ့ကို ဖိတ်ခေါ်စေချင်တာလား”

All Chapters