← Chapters

တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်တွေ လျော့သွားတယ်

Vol. 6 Ch. 75

တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်တွေ လျော့သွားတယ်

Vol. 6 Ch. 75

လီချင်းလွမ် ခဏလောက် တွန့်ဆုတ်နေခဲ့သည်။

ထျန်းချီတာဝါက လူအပေါ်မှာ ရှကျိုးယွီရဲ့ဆက်ဆံပုံကို ပြန်တွေးမိသွားလို့ပင်။ ပြီးတော့ ရှကျိုးယွီက ထိုသူပေးထားတဲ့ ရေခဲပုစဥ်းကိုလည်း ငြင်းခဲ့တာမဟုတ်ဘူးလား?

ဒါပေမဲ့ သူမ ဆက်ပြောလိုက်သည်။

"အရှင်မင်းကြီးက ဂုဏ်သိက္ခာကြီးမားတဲ့ ပုဂ္ဂိုလ်ဆိုတာ ကျွန်တော်မျိုးမ နားလည်ပါတယ်။ ဒါပေမဲ့ အစ်မပြောသွားသလိုပဲ တိုင်းပြည်ရဲ့ အုပ်ချုပ်သူတစ်ယောက်အနေနဲ့ ပြည်သူတွေရဲ့အသက်ကို လျစ်လျူရှုနေလို့မရဘူး။ အခုအချိန်မှာ အဲဒီလူရဲ့အစွမ်းကို ယူသုံးဖို့ မဖြစ်မနေ လိုအပ်နေပြီဆိုမှတော့ ဘာလို့များ ကျွန်တော်မျိုးမတို့ ငြင်းဆန်နေရမှာလဲ?”

ပြောပြီးတာနဲ့ လီချင်းလွမ်က ခဏလောက်ရပ်လိုက်ကာ ရှကျိုးယွီရဲ့တုံ့ပြန်မှုကို စောင့်နေလိုက်သည်။

ရှကျိုးယွီ မျက်မှောင်ကြုတ်သွားခဲ့သည်။

'မျှော်လင့်ထားတဲ့အတိုင်းပဲ... စကားပြောတဲ့ပုံကိုက သူများနဲ့မတူဘူး!’

'ဘယ်သူမှ မငြင်းနိုင်အောင် စကားအလှနဲ့ပြောတတ်တယ်။ တကယ်ပဲ ကြောက်ဖို့ကောင်းလိုက်တာ’

ရှကျိုးယွီ လီချင်းလွမ်ကို စိုက်ကြည့်လိုက်သည်။

"ဆက်ပြော"

လီချင်းလွမ်ပင် အနည်းငယ် အံ့သြသွားခဲ့သည်။ သူမ အစက တားမြစ်ခံရတော့မည်လို့ တွေးထားတာပင်။

ဒါပေမဲ့ ရှကျိုးယွီက အခုလိုမျိုး ပြောလာခဲ့မယ်လို့ မထင်ထားခဲ့ဘူး။ သူမ အသက်ဝဝရှူသွင်းလိုက်သည်။

ရှကျိုးယွီနဲ့ ဒီရက်ပိုင်း အချိန်တွေကုန်ဆုံးခဲ့ရပြီးနောက်မှာ သူမ သဘောပေါက်သွားခဲ့ပြီ။

ရှကျိုးယွီဘက်က အခုလိုမျိုး ဆက်ပြောဖို့ အမိန့်ပေးလာပြီဆိုမှတော့ သေချာပေါက် သူ နားထောင်နေလို့ပဲ။

ဒါကြောင့် သူမ ဆက်ပြောလိုက်သည်။ "ကျွန်တော်မျိုးမ အရှင်မင်းကြီးကို အရင်တုန်းကလည်း ပြောဖူးပါတယ်။ ရေခဲပုစဥ်းက အလွန့်အလွန်ကို တန်ဖိုးကြီးတဲ့ပစ္စည်းပဲ"

“ဒါပေမဲ့ ကျွန်တော်မျိုးမ အရှင်မင်းကြီးကို ရေခဲပုစဥ်းရဲ့တကယ့်တန်ဖိုးနဲ့ပတ်သက်ပြီး မပြောပြခဲ့မိဘူး။ အဲဒါက သေမျိုးတွေအတွက်တော့ သိပ်အသုံးမဝင်ပေမဲ့ ကျင့်ကြံသူတွေ အတွက်တော့ မယုံနိုင်လောက်အောင် အင်အားတိုးပေးနိုင်တဲ့ပစ္စည်းပဲ။ ရေခဲပုစဥ်းတစ်ခုက သေမျိုးတွေပြည့်နေတဲ့ မြို့တစ်မြို့နဲ့ ညီမျှတယ်လို့တောင် ပြောလို့ရတယ်”

“အရှင်မင်းကြီး ဘာလို့လဲသိလား?”

လီချင်းလွမ် လျှို့ဝှက်စွာ မေးလိုက်သည်။ မေးပြီးတာနဲ့ သူမက အလွန့်အလွန်ကို တည်တင်းနေတဲ့ မျက်လုံးများနဲ့ ရှကျိုးယွီကို မော့ကြည့်လိုက်သေးသည်။

"ဘာလို့လဲ?"

ရှကျိုးယွီ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

လီချင်းလွမ် ဘာကိုပြောချင်နေမှန်း သူ နားမလည်ပေမဲ့ သူ့အနေနဲ့ သူမရဲ့စကေးကို လေးစားပါသည်။ စကားပြောကောင်းလွန်းတဲ့ သူမရဲ့အရည်အချင်းကို သူ လေးစားသည်။

ဒီလိုစကေးမျိုးနဲ့ဆိုရင် အနာဂတ်မှာ အမိန့်တွေပေးနိုင်ဖို့က လုံးဝ အလွယ်လေးပဲ။ ဒါကြောင့် သူ လီချင်းလွမ်ကို ကြည့်လေလေ ပိုပြီးကြိုက်လေလေပဲ။

သူမမှာ ဆွဲဆောင်မှုတစ်မျိုးရှိတယ်လို့တောင် ထင်မိသည်။

ဖူယွဲ့နဲ့မတူတဲ့ ဆွဲဆောင်မှုမျိုးပေါ့... မိဖုရားဖူယွဲ့မှာကျတော့ အထက်တန်းကျတဲ့ မိန်းကလေးတစ်ယောက်လိုမျိုး အိန္ဒြေ ရှိတဲ့ဆွဲဆောင်မှုရှိသည်။

လီချင်းလွမ်ကတော့... ကမ္ဘာကြီးအနှံ့ကို လှည့်ပတ်သွားလာနေပြီး လွတ်လပ်တဲ့ မိန်းမငယ်လေးတစ်ယောက်ရဲ့ ဆွဲဆောင်မှုကို ပိုင်ဆိုင်ထားလေ၏။

သူ ကြည့်မိလေလေ လီချင်းလွမ်ကို ပိုပြီးနှစ်သက်မိလေလေပဲ။

ဒါကြောင့်မို့ ရှကျိုးယွီ မနေနိုင်စွာ အကြိမ်ရေတချို့ နှာဘူးအကြည့်နှင့်စိုက်ကြည့်မိသွားသည်။

လီချင်းလွမ်ကတော့ ရှကျိုးယွီရဲ့အကြည့်ကို နားမလည်ခဲ့ပေ။ သူမက ထိုအစား တည်ငြိမ်စွာဖြင့် ဆက်ပြောလိုက်သည်။

"ဘာလို့ဆိုရင် ရေခဲပုစဥ်းကို မသန့်စင်ရသေးရင်တောင်မှ ဒီအတိုင်း စားလိုက်တာနဲ့ ကျင့်ကြံသူတစ်ယောက်ကို တည်ငြိမ်မှုပေးနိုင်တဲ့အစွမ်းမျိုး ပိုင်ဆိုင်ထားလို့ပဲ!"

လီချင်းလွမ်က ပြောပြီးတာနဲ့ ဘေးနားမှာရှိနေတဲ့ လျိုချင်းချန်ကို လှမ်းကြည့်လိုက်သည်။ အဓိကကတော့ လျိုချင်းချန်ရဲ့လက်ထဲက ဆေးလုံးကို လှမ်းကြည့်လိုက်တာပင်။

အရင်တုန်းက ထိုဆေးလုံးနဲ့ပတ်သက်ပြီး သူမ အလွန်သိချင်ခဲ့မိသည်။ အထဲက ပါဝင်ပစ္စည်းတွေနဲ့ပတ်သက်ပြီး အလွန့်အလွန်ကို သိချင်ခဲ့တာပင်။

ဒါပေမဲ့ အခုတော့ အဲဒီဆေးလုံးထဲမှာ အထူးပါဝင်ပစ္စည်းတချို့ ပါနေမှန်း သူမ သဘောပေါက်သွားခဲ့သည်။ ဒါကြောင့်မို့ ဆေးလုံးကရတဲ့အနံ့နဲ့တင် ကျင့်ကြံသူတစ်ယောက်ရဲ့စိတ်ကို ငြိမ်စေတာပဲ။

ဒီဆေးလုံးထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေက ရေခဲပုစဥ်းထက်တော့ အရည်အသွေး နိမ့်မှာမဟုတ်ဘူး။

'ဒါပေမဲ့ အရှင်မင်းကြီးက လျိုချင်းချန်ကို တကယ်ပဲ ပေးခဲ့တယ်’

'ငါတို့ တာအိုဂိုဏ်းကို အရှင်မင်းကြီး ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ ပြလိုက်တာပဲ’

ဒါပေမဲ့ သူမ ထပ်တွေးမိသွားသည်။ သူမ ရေခဲပုစဥ်း လိုချင်တယ်လို့ ပြောခဲ့တုန်းကလည်း ရှကျိုးယွီက မေးခွန်းတစ်စုံတစ်ရာ မေးမြန်းခြင်းမရှိဘဲ ရှာဖွေဖို့အတွက် လူတွေစေလွှတ်ခဲ့တာပဲမလား?

ချက်ချင်းပဲ လီချင်းလွမ်ရဲ့နှလုံးသားထဲမှာ ကျေးဇူးတင်မှုတို့ ပြည့်နှက်သွားခဲ့သည်။

ဒါကြောင့် သူမ ဆက်ရှင်းပြလိုက်သည်။

"ကျင့်ကြံသူတွေအတွက်တော့ သူတို့ရဲ့စိတ်ကို တည်ငြိမ်စေနိုင်ပြီး အတွေးတွေကို ပိုစုစည်းစေနိုင်တာက တိုးတက်မှုကိုဖြစ်ပေါ်စေတယ်!"

လီချင်းလွမ်က ပြောပြီးတာနဲ့ ရှကျိုးယွီကို လှမ်းကြည့်လိုက်သည်။

"အဲဒီလူက အရှင်မင်းကြီးကို ရေခဲပုစဥ်းပေးဖို့တောင် ဆုံးဖြတ်ခဲ့မှတော့ သူ့ရဲ့ရင်ထဲမှာ တကယ် စိတ်မကောင်းဖြစ်ခဲ့လို့လို့ ဆိုလိုတာပဲမလား? အရှင်မင်းကြီးသာ တောင်းဆိုမယ်ဆိုရင် သူ မငြင်းဘူးလို့ ကျွန်တော်မျိုးမ ယုံကြည်ပါတယ်"

သူမက တည်ငြိမ်စွာ ပြောလိုက်လေ၏။

အဲ့ဒါကသူမ ဒီတစ်လျှောက်လုံးမှာ ပြောချင်နေခဲ့တဲ့ စကားလုံးပဲ။

ဒါပေမဲ့ သူမ တွေးတော့တွေးမိသေးသည်။ ရှကျိုးယွီအနေနဲ့ ထျန်းချီတာဝါဘက်ကလူကို အကူအညီတောင်းမယ့်ကိစ္စကို... သူမအနေနဲ့ မြင်ကြည့်လို့ မရနေဘူး။

ဘာလို့ဆိုရင် ထျန်းချီတာဝါနဲ့ ပူးပေါင်းတာက ရှကျိုးယွီရဲ့ရည်ရွယ်ချက် မဟုတ်ဘူးလို့ သူမ ခံစားရလို့ပဲ။

ထိုအချိန်မှာ ရှကျိုးယွီက ခေါင်းယမ်းလိုက်ကာ နူးညံ့စွာ ပြန်ပြောလိုက်သည်။

“ဒါပေမဲ့ ငါကိုယ်တော်က ဘာကိစ္စ သူများဆီကနေ အကူအညီကို တောင်းရမှာလဲ?”

လျိုချင်းချန်ကော လီချင်းလွမ်ကော နှစ်ယောက်လုံး အနည်းငယ် ထိတ်လန့်သွားခဲ့သည်။

ရှိကျိုးယွီရဲ့စကားလုံးတွေထဲကနေ မနှစ်မြို့မှုတချို့ကို သူမတို့ ရှာတွေ့ခဲ့လေ၏။

"ဒါပေမဲ့ အရှင်မင်းကြီး၊ ကျန်းနန်မြို့မှာ တရှားရဲ့ပြည်သူပေါင်း သန်းချီပြီးရှိနေပါတယ်!"

လီချင်းလွမ် မနေနိုင်စွာ ပြောလိုက်တော့သည်။

"ဟုတ်ပါတယ် အရှင်မင်းကြီး။ အရှင်မင်းကြီး မလုပ်ချင်ဘူးဆိုရင်တောင်မှ အဲဒီအပြစ်မဲ့တဲ့ ပြည်သူတွေအတွက်တော့ တွေးပေးသင့်ပါတယ်"

လျိုချင်းချန်လည်း အမြန်ပဲ သဘောတူလိုက်သည်။

ဒါပေမဲ့ ရှကျိုးယွီက ခေါင်းသာယမ်းပြလိုက်သည်။

"ငါ ပင်ပန်းနေပြီ။ မင်းတို့ အရင်သွားနှင့်တော့။ ငါကိုယ်တော် တွေးလိုက်ဦးမယ်"

သူမတို့နှစ်ယောက် တစ်ခုခုပြောချင်ခဲ့သေးပေမဲ့ အချင်းချင်းပဲ စိုက်ကြည့်လိုက်ကာ နန်းဆောင်ထဲမှ တိတ်တဆိတ် ထွက်သွားလိုက်လေတော့၏။

...

"အစ်မ၊ အရှင်မင်းကြီး ဒီနေ့ ဘာကိုပြောချင်တာလဲ? အစ်မ ဘယ်လိုထင်လဲ"

လီချင်းလွမ် မနေနိုင်စွာ မေးလိုက်သည်။

လျိုချင်းချန် ခဏလောက် တွေးတောလိုက် အပြီးမှာ

"အရှင်မင်းကြီးက တစ်ခုခုကို စိုးရိမ်နေပုံပဲ။ သူက ထျန်းချီတာဝါရဲ့လူကို အသုံးပြုရမှာ ကြောက်နေတာ ထင်တယ်။ သူ့မှာ အကြောင်းရင်းတစ်ခုခု ရှိမှာပါ"

"ဒါနဲ့ နင် ခုဏကပြောလိုက်တာ ထျန်းချီတာဝါကလူက အရှင်မင်းကြီးကို ရေခဲပုစဥ်း ပေးချင်ခဲ့တယ်ဆိုတာ အမှန်ပဲလား?"

လျိုချင်းချန် ထပ်ပြီး အတည်ပြုလိုက်သည်။

လီချင်းလွမ် ခေါင်းညိတ်ပြလိုက်သည်။

"ထျန်းချီတာဝါရဲ့လူက ဘာလို့ပေးချင်ခဲ့တာလဲဆိုတာကို နင် စဥ်းစားခဲ့ဖူးလား?"

လီချင်းလွမ် နေရာမှာတင် အေးခဲသွားခဲ့သည်။ သူမ စဥ်းစားနေစဥ်မှာပဲ လျိုချင်းချန်က ရှင်းပြလိုက်သည်။

"အကြောင်းမရှိရင် ရလဒ်မရှိဘူး။ ကြည့်ရတာ အရှင်မင်းကြီးနဲ့ ထျန်းချီတာဝါရဲ့ကြားမှာ လျှို့ဝှက်ချက်တစ်ခုခုရှိနေပုံပဲ။ အကုန်လုံးရဲ့ လေးစားမှုကိုခံထားရတဲ့ ထိပ်သီးဂိုဏ်းတွေထဲက တစ်ခုဖြစ်တဲ့ ထျန်းချီတာဝါလိုဂိုဏ်းက ငါတို့လိုမျိုး တိုင်းပြည်ငယ်တစ်ခုနဲ့ ပူးပေါင်းဖို့အတွက် ဒီလောက်ထိ ရိုကျိုးနေမယ်လို့ နင်ထင်လား?"

"ဒါက လုံးဝကို မူမမှန်နေဘူး။ ပြီးတော့ အစောပိုင်းက ကံကြမ္မာရဲ့အမှတ်တွေ လျော့သွားတာကို နင်ရော ခံစားမိတယ်မလား?"

လျိုချင်းချန်က လီချင်းလွမ်ကို တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့သည်။ လီချင်းလွမ် တော်တော်လေး ထိတ်လန့်သွားတာပင်။

"ဘာ၊ အဲဒါက ဘယ်လိုလို့ဖြစ်နိုင်မှာလဲ?"

"အရမ်းအံ့သြမနေပါနဲ့။ အဲဒီကံကြမ္မာအမှတ်တွေကို လျော့အောင်လုပ်ခဲ့တဲ့လူကလည်း နန်းတော်ထဲမှာပဲ ရှိနေတာ။ နန်းတော်ထဲမှာ ပထမအဆင့်ထက် ကျင့်ကြံဆင့်မြင့်တဲ့ ဆရာဘိုးဘေးကြီးတစ်ယောက် ပုန်းနေတယ်လို့ ငါသံသယရှိနေတယ်"

လျိုချင်းချန် ပြောနေရင်းနဲ့ ဘေးပတ်ပတ်လည်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။

ဒါပေမဲ့ တကယ်တော့ သူမလည်း ကောင်းကောင်းနားမလည်သေးဘူး။

ရှကျိုးယွီက ဒီနေ့ ဟန်ဆောင်ခဲ့တာလား။ ဒါမှမဟုတ် ဒါက တကယ်ပဲ သူ့ရဲ့အပြုအမူလားဆိုတာကို။

ရှကျိုးယွီရဲ့ပုံစံက အနည်းငယ် မူမမှန်နေသလိုမျိုး သူမ ခံစားခဲ့ရသည်။ ဒါပေမဲ့ ဘယ်အချက်က လွဲနေလဲဆိုတာကို သူမလည်းပဲ ထောက်ပြလို့မရနေဘူး။

"နင်ပြောချင်တာက... တရှားတိုင်းပြည်မှာလေ... ပထမအဆင့်ထက်ကျော်တဲ့ ကျင့်ကြံသူ ရှိနေတယ်လို့လား!"

"ဟုတ်တယ်"

လျိုချင်းချန် ခေါင်းညိတ်လိုက်သည်။

ထို့နောက်မှာ တစ်ခါတည်း သူမရဲ့အမြင်ကို ပြောပြလိုက်တော့သည်။

"ဒီလိုဆိုမှပဲ ထျန်းချီတာဝါဘက်က စိတ်ဝင်တစားရှိလာမှုနဲ့ပတ်သက်ပြီး ဆက်စပ်လို့ရတော့မှာ မဟုတ်ဘူးလား?"

"ကျန်းနန်မြို့က အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ ငါ အာရုံခံလို့ရခဲ့တာ ကြာခဲ့ပြီ။ ဒါပေမဲ့ ရှေ့ရက်တွေထဲက ငါ မတင်ပြခဲ့တာ ဘာလို့လဲ နင်သိလား?"

လျိုချင်းချန် အပြုံးတစ်ခုနဲ့ မေးလိုက်သည်။

လီချင်းလွမ်ကတော့ ရှုပ်ထွေးစွာဖြင့် သူမကိုပဲ စိုက်ကြည့်နေတော့သည်။

"ဘာလို့လဲ"

လျိုချင်းချန် ဖြေပေးလိုက်သည်။

"ဘာလို့ဆိုရင် ငါ တင်ပြရင်တောင်မှ အသုံးမဝင်ဘူးဆိုတာ သိနေလို့ပဲလေ။ ဒါပေမဲ့ ငါ ခုဏက သဘောပေါက်သွားခဲ့တယ်။ ခုဏက ခံစားလိုက်ရတဲ့ အရှိန်အဝါကြောင့် ပြဿနာကို ဖြေရှင်းနိုင်မယ့်နည်းလမ်း တွေ့ပြီဆိုပြီးတော့ ချက်ချင်းပဲ နန်းတော်ကို ရောက်လာခဲ့တာပဲ"

"ဒါပေမဲ့ ငါ မတင်ပြခင်မှာကို ရှကျိုးယွီက ပြဿနာနဲ့ပတ်သက်ပြီး သိနေတာလား မသိဘူး"

"ဘာလို့ဆိုရင် သူ့ရဲ့ဒီနေ့ပုံစံက နည်းနည်းလေး ထူးဆန်းနေသလို ခံစားရတယ်..."

All Chapters