ဘုရင်လုပ်ရတာ ခက်လိုက်တာ
Vol. 6 Ch. 76
လျိုချင်းချန်ရဲ့မျက်လုံးတွေက ပိုပိုပြီးရှုပ်ထွေးလာခဲ့သည်။
အဆုံးမှာတော့ သူမရဲ့ မျက်လုံးထဲမှာပါ နက်ရှိုင်းမှုတွေ ဝင်ရောကိလာခဲ့သည်။
သူမရဲ့အကြည့်ထဲမှာ သံသယအချို့ ပါဝင်နေသည်။
လျိုချင်းချန် ရုတ်တရက်မော့ကြည့်လိုက်သည်။ သူမက လီချင်းလွမ်ရဲ့ မျက်လုံးတည့်တည့်ကို စိုက်ကြည့်လိုက်သည်။
လီချင်းလွမ် မနေနိုင်တော့ပေ။
"အစ်မ ဘာဖြစ်လို့လဲ၊ ပြဿနာရှိလို့လား?"
လျိုချင်းချန် ခေါင်းယမ်းပြကာ ခပ်တိုးတိုးပြောလိုက်သည်။
"ရှကျိုးယွီက တစ်ခုခုကို သေချာဖုံးကွယ်နေသလိုမျိုး ဖြစ်နိုင်တယ်နော်။ ငါတို့သတိမထားမိအောင်လို့ သေချာစကားအမှားတွေပြောခဲ့တာရော မဖြစ်နိုင်ဘူးလား?"
"သူက ဘာကိုဖုံးကွယ်ထားမှာလဲ?"
လီချင်းလွမ် ရှုပ်ထွေးသွားခဲ့သည်။ သူမရဲ့မျက်လုံးတွေလည်း အနည်းငယ်တည်ငြိမ်သွားတော့၏။
"ပြောရမယ်ဆိုရင် ရှကျိုးယွီရဲ့ ဒီနေ့အပြုအမူက နည်းနည်းထူးဆန်းနေတယ်။ ကျန်းနန်မြို့မှာရှိတဲ့ဂိုဏ်းတွေကို ဖျက်ဆီးခိုင်းတာလည်း သူပဲလေ။ အဲဒါကို ဒီလိုအခြေအနေမျိုး ကြုံလာရမယ်ဆိုတာ သူကကြိုတင်ပြီး မမှန်းဆမိဘူးတဲ့လား? သူ့ရဲ့အရင်ကလုပ်ရပ်တွေကို ကြည့်မယ်ဆိုရင် သေချာပေါက် သူမှန်းဆပြီးသားဆိုတာ ငါတို့သိနိုင်တယ်"
"ဒါကြောင့် ဖြစ်နိုင်ချေတစ်ခုပဲ ရှိတော့တယ်။ ရှကျိုးယွီက သေချာဟန်ဆောင်နေတာ! ငါလည်း သူ့ရဲ့ရည်ရွယ်ချက်အစစ်ကိုတော့ မသိဘူး။ ဒါပေမယ့် တစ်ခုခုတော့ရှိနေတယ်"
လျိုချင်းချန်ပြောလိုက်သည်။
သူမရဲ့စကားလုံးတွေကြောင့် လီချင်းလွမ်ပင် အနည်းငယ်မူးဝေလာသလိုပဲ။
ဒါပေမယ့် သူမဆေးလုံးဖော်စပ်ချိန်မှာ ရှကျိုးယွီဘယ်လိုမျိုး စောင့်ကြည့်ခဲ့တယ်...ဘယ်လိုမျိုး သူမအတွက်ပံ့ပိုးပေးခဲ့တယ်ဆိုတာကို ပြန်တွေးကြည့်မိသွားတော့ လီချင်းလွမ်လည်း နားလည်သွားခဲ့သည်။ ဒီနေ့ ရှကျိုးယွီရဲ့ အပြုအမူက ပုံမှန်ဟုတ်မနေဘူး။
"ရှင်ဘုရင်တစ်ယောက်ရဲ့စိတ်က မှန်းဆလို့မရဘူးပဲလေ။ ရှကျိုးယွီမှာ အစီအစဉ်တစ်ခုခု ရှိနေမယ်ဆိုရင်လည်း ငါတို့ မှန်းလို့ရမှာမဟုတ်ဘူး"
လျိုချင်းချန် နူးညံ့စွာ သက်ပြင်းချလိုက်သည်။
ထို့နောက်မှာ သူမတစ်ခုခုကို သတိရသွားခဲ့တာမို့ လီချင်းလွမ်ကို မော့ကြည့်လိုက်ကာ
"ညီမလေး၊ နင် အခု ရှကျိုးယွီကို သွားရှာခဲ့တာမလား? ဘာလို့လဲ? ဆေးလုံးတစ်ခုခု ဖန်တီးနိုင်ခဲ့လို့လား"
"ငါ ရေခဲပုစဥ်းသွားရှာမယ့်သူတွေအတွက် ဆေးလုံးတချို့ပဲဖန်တီးနိုင်ခဲ့တာပါ"
လီချင်းလွမ်က ပုံမှန်လိုပဲပြောလိုက်သည်။
လျိုချင်းချန် အနည်းငယ်အံ့သြသွားတော့သည်။
"ရေခဲပုစဥ်းသွားရှာမယ့်သူတွေအတွက်…? အော်… သူတို့အတွက်လား။ ငါနားလည်ပြီ"
"ရှကျိုးယွီက ဒီနေ့ နင်နဲ့ငါနဲ့ကို တစ်ခုခုပြောဖို့ ကြိုးစားခဲ့တာ"
လျိုချင်းချန်ရဲ့မျက်နှာက လင်းလက်သွားကာ လီချင်းလွမ်ကိုကြည့်လိုက်သည်။
"တစ်ခုခုဟုတ်လား?"
လီချင်းလွမ်ကတော့ ရှုပ်ထွေးနေပြီပင်။
လျိုချင်းချန် ပြုံးပြလိုက်ပြီး
"ငါနင့်ကိုမေးမယ်၊ ရှကျိုးယွီ အရင်တုန်းက ထျန်းချီတာဝါကို ဘယ်လိုမျိုး ဆက်ဆံခဲ့တာလဲ?"
ဒါကိုကြားတော့ လီချင်းလွမ်၏မျက်နှာက အနည်းငယ်တင်းကြပ်သွားခဲ့သည်။
ထိုနေ့က ရှကျိုးယွီရဲ့အပြုအမူကို သူမပြန်စဉ်းစားလိုက်သည်။ ရှကျိုးယွီက တစ်ချိန်လုံးမောက်မာခဲ့ပြီး ထျန်းချီတာဝါနဲ့ အကွာအဝေးတစ်ခု ခြားထားခဲ့တာပဲ!
အထင်သေးတဲ့အပြုအမူလို့တောင် ပြောလို့ရနိုင်တယ်!
လီချင်းလွမ် တုံးအစွာပဲဖြေလိုက်တော့သည်။
"အထင်သေးတဲ့ပုံစံမျိုးကြီး...အဲ့ဒီနေ့က ရှကျိုးယွီရဲ့ပုံစံကို ကြည့်ရသလောက် သူကလုံးဝကို ပူးပေါင်းချင်စိတ်ရှိမနေဘူး။ ပြီးတော့ သူအဲဒီနေ့က ထျန်းချီတာဝါကို ဆက်ဆံနေတဲ့ပုံဆိုရင် မသိရင် ဂိုဏ်းသေးသေးလေးတစ်ခုကို ဆက်ဆံနေသလိုမျိုးပဲ။ တော်တော်လေး နားမလည်နိုင်စရာကောင်းတယ်"
"ဒါပေမယ့် ပိုဆိုးတာက ထျန်းချီတာဝါဘက်ကလူက ရှကျိုးယွီရဲ့ အပြုအမူနဲ့ပတ်သက်ပြီး မကျေနပ်ချက်တွေ ထုတ်မပြလာခဲ့ဘူး။ ပြောရရင် သူတို့ကပိုပြီးတောင် လေးစားသွားသလိုမျိုးပဲ။ အဲ့ဒီနေ့ကဆိုရင် ပြောတောင်သွားသေးတယ်၊ ရှကျိုးယွီရဲ့ အမိန့်မရဘဲနဲ့ နန်းတော်ထဲကို ထပ်ခြေမချတော့ပါဘူးဆိုပြီးတော့”
လျိုချင်းချန် စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။
"ဒါဆိုရင် အဓိပ္ပာယ်ရှိသွားပြီ"
"ဟုတ်လား?"
လီချင်းလွမ် ရှုပ်ထွေးနေပြီပင်။
"ငါတို့အရင်တုန်းကပြောခဲ့သလို ထျန်းချီတာဝါဘက်ကလူရဲ့ အကူအညီကို ငါတို့တောင်းလိုက်လို့ရတယ်။ ဒါပေမယ့် အဲဒီနေ့က အရှင်မင်းကြီးက သူတို့နဲ့လုံးဝ မပူးပေါင်းချင်ခဲ့ဘူးမလား? ငါတို့လည်း အကြောင်းအရင်းကို မသိပေမယ့် ထျန်းချီတာဝါဘက်က အပြုအမူတွေကို ကြည့်ရသလောက် သူတို့က ငါတို့ရဲ့ တရှားတိုင်းပြည်ကို သတိထားနေသလိုမျိုးပဲ"
"ပြီးတော့ ငါတို့ အရှင်မင်းကြီးနဲ့ ဒီနေ့စကားပြောခဲ့ရသလောက် သူ့ရဲ့ရည်ရွယ်ချက်က ထျန်းချီတာဝါအစား ငါတို့ရဲ့တာအိုဂိုဏ်းကိုပဲ အရှေ့ထွက်ပြီး ဖြေရှင်းစေချင်နေသလိုမျိုးကြီး!"
"အရှင်မင်းကြီးက ငါတို့အတွက် ရှေ့ထွက်နိုင်မယ့်အခွင့်အရေးတစ်ခု ပေးနေခဲ့တာ!"
လျိုချင်းချင်ရဲ့မျက်လုံးတွေကတော့ ပိုပိုပြီးတည်ငြိမ်လာလေ၏။
"ဒါပေမယ့် ထျန်းချီတာဝါဆိုတာ ထိပ်သီးဂိုဏ်းတစ်ခုလေ။ ငါတို့ရဲ့တာအိုဂိုဏ်းလို ဂိုဏ်းငယ်လေးတစ်ခုက ဘယ်လိုလုပ်သူတို့ကို ဆွဲဆောင်နိုင်မှာလဲ?"
လီချင်းလွမ် ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"ဒါကတော့ အရှင်မင်းကြီး ဘယ်လောက်ကြိုးစားမလဲအပေါ်ပဲ မူတည်တယ်။ အရှင်မင်းကြီးရဲ့ လွှမ်းမိုးမှုကသာ လုံလောက်ခဲ့မယ်ဆိုရင် ငါတို့တာအိုဂိုဏ်းရဲ့ အထောက်အပံ့ကိုပါသုံးလိုက်ရင် ထျန်းချီတာဝါဘက်ကလူကို မတောင်းဆိုနိုင်စရာ အကြောင်းမှ မရှိတာပဲ"
လျိုချင်းချန် နူးညံ့စွာသက်ပြင်းချလိုက်သည်။
သူမအနေနဲ့ စကားကို မစဥ်းစားဘဲ ပြောခဲ့တာ မဟုတ်ဘူး။ သူမပြောခဲ့သလိုပဲ ဒီကိစ္စက တရှားတိုင်းပြည်ရဲ့ ကံကြမ္မာနဲ့ အများကြီးသက်ဆိုင်နေသည်။ တစ်နည်းပြောရရင် ထျန်းချီတာဝါဘက်ကို စိတ်ပူနေခဲ့တဲ့ ရှကျိုးယွီရဲ့ လေးလံမှုတွေနဲ့လည်း သက်ဆိုင်နေသည်။
"ဟုတ်ပြီ၊ ငါနန်းတော် အပြင်ရောက်တာနဲ့ ထျန်းချီတာဝါဘက်ကလူကို သွားရှာလိုက်မယ်။ ဘာရယ်မဟုတ်ဘူး၊ ပြောကြည့်တာပေါ့။ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ငါတို့နဲ့သက်ဆိုင်တာမှ မဟုတ်တာ"
ပြောနေရင်းနဲ့ သူမတို့နှစ်ယောက်က ရှေ့ကိုဆက်လျှောက်သွားလိုက်ကြသည်။ နှစ်ယောက်လုံးရဲ့မျက်လုံးထဲမှာ ပြတ်သားတဲ့ဆုံးဖြတ်ချက်တို့ ရှိနေလေ၏။ သူမတို့ ဆုံးဖြတ်ချက်ချပြီးသွားပုံပဲ။
ရှကျိုးယွီကတော့ ဒါတွေသတိမထားမိခဲ့ဘူး။ သူကအခုချိန်ထိ အခန်းထဲကကို မထွက်နိုင်သေးတာပင်။
လျိုချင်းချန်ရဲ့စကားတွေကို ပြန်တွေးနေရင်းနဲ့ ဖြေရှင်းချက်တစ်ခုကို ရှာဖွေနေခဲ့သည်။ အခုအခြေအနေရဲ့ အရေးကြီးမှုကို သူလည်းပဲသဘောပေါက်သည်။
ဒါပေမယ့် သူ့အနေနဲ့ ဆည်တည်ဆောက်ဖို့ကို လက်မလျော့ချင်သေးဘူး။ လူတွေရဲ့အသက်နဲ့ သက်ဆိုင်နေတယ်ဆိုပေမယ့် ဆည်တည်ဆောက်လိုက်ရင် ငွေတွေအများကြီးဖြုန်းနိုင်မှာလေ!
'ဘာက အကောင်းဆုံးဖြေရှင်းချက် ဖြစ်လောက်သလဲ?’
'ဘုရင်လုပ်ရတာ အရမ်းခက်တာပဲကွာ'
‘ထားတော့၊ ဆည်တည်ဆောက်တာကပဲ အရေးကြီးတဲ့ကိစ္စပဲ'
'အင်အားကြီးပုဂ္ဂိုလ်တစ်ယောက် ကို အကူအညီတောင်းပြီး ကျန်းနန်မြို့ကို သွားခိုင်းဖို့ဆိုတာ မဖြစ်နိုင်သေးဘူး’
'ဒါပေမယ့်လည်း လီဖူက အရည်အချင်းတော့ရှိတယ်'
ရှကျိုးယွီ ခပ်တိုးတိုးရေရွတ်လိုက်သည်။
သူ့ရဲ့မျက်လုံးတွေက အဆက်မပြတ် တွက်ချက်နေလေ၏။
သူ့ခေါင်းထဲမှာ အကြံဉာဏ်တစ်ခုပေါ်လာခဲ့ပြီ။ စွမ်းအင်တန်ပြန်မှုကို ဖိနှိပ်နိုင်ဖို့အတွက် အင်အားကြီးပုဂ္ဂိုလ်တစ်ယောက်ကို ကျန်းနန်ကိုစေလွှတ်မည်။ တစ်ပြိုင်နက်တည်းမှာ ကြီးမားတဲ့ ဆည်မြောင်းကြီးတွေကိုလည်း တည်ဆောက်ခိုင်းမည်။
ကျန်းနန်မြို့က မကြာခဏ မိုးရွာလေ့ရှိသည်။ မြစ်ချောင်းအင်အိုင်တွေ ပေါများသည်။
ဒါကြောင့် ဆည်မြောင်းဆောက်မယ်ဆိုရင်လည်း အကျိုးမယုတ်ဘူး။ ဒါပေမယ့် ဆည်မြောင်းတည်ဆောက်တဲ့ကိစ္စကိုတော့ ရေကြီးတဲ့ကိစ္စကို အရင်ဖြေရှင်းပြီးမှပဲ အောင်မြင်အောင်လုပ်လို့ရနိုင်မည်။ အခုလက်ရှိမှာ အရေးအကြီးဆုံးက ရေကြီးလာမယ့်ကိစ္စကို ဖြေရှင်းဖို့ပဲ!
ရှကျိုးယွီ တွေးရင်းတွေးရင်းနဲ့ စိတ်ပျက်လာတော့သည်။ နောက်ဆုံးမှာ သူလုံးဝ စိတ်မပါတော့ဘူး။
ဒါကြောင့် ကျောက်ကောင်းကိုလည်း အဝေးကိုမောင်းထုတ်လိုက်ပြီး အဝတ်လဲပြီးတာနဲ့ ဖူယွဲ့နန်းဆောင်ဆီ ဦးတည်လေတော့သည်။
ကျောက်ကောင်းလည်း စိတ်ပူမနေခဲ့ဘူး။ ရှကျိုးယွီပေးခဲ့တဲ့ ထန်ရွှမ်းဆေးလုံးကို ကျေနပ်စွာသယ်ဆောင်ရင်း မြို့ပြင်ကို ဦးတည်တော့သည်။
မြို့ပြင်ရှိစားသောက်ဆိုင်တစ်ခုတွင် ထောင်ချီသောကျင့်ကြံသူတွေ စုဝေးနေခဲ့သည်။ သူတို့အားလုံးရဲ့အသက်က ကျောက်ကောင်းရဲ့လက်ထဲမှာ ရှိနေသည်။
အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးဆိုပေမယ့် သေခြင်းရှင်ခြင်းအဆောင်သိုင်းနဲ့ သူတို့ရဲ့အသက်ကို တခြားသူက ထိန်းချုပ်ထားတာကိုတော့ ဘယ်သူမှမပျော်ကြဘူး။
"ရှကျိုးယွီက ငါတို့ကို ဒီနေရာမှာ ဘာလို့စုခိုင်းတယ်လို့ မင်းတို့ထင်လဲ?"
"ငါတကယ် ထိုက်အန်းမြို့တော်ကို လာကိုမလာခဲ့သင့်တာ။ ပိုက်ဆံရှာလို့ကောင်းတဲ့နေရာဆိုပြီး လာခဲ့လိုက်မိတာ အဆုံးကျတော့ ပိုက်ဆံမရဘဲ သေတောင်သေတော့မလိုပဲ!"
"မိန်းမစိုးတစ်ယောက်က ဒီလောက်လုပ်နိုင်မယ်လို့ ဘယ်သူကထင်ခဲ့မိမှာလဲကွာ"
"ငါ့ဘဝမှာ တော်၀င်နန်းတော်ကို ဒီလောက်အထိ စိတ်ပါလက်ပါအမှုထမ်းရလိမ့်မယ်လို့ ထင်ကိုမထင်ခဲ့မိဘူး!"
"အေးလေဟာ၊ ငါတို့ရဲ့ဂိုဏ်းတွေကိုကျ ဖျက်ဆီးခဲ့ပြီးတော့ ငါတို့ကိုကျ သူ့အတွက်အလုပ်လုပ်စေချင်နေတယ်၊ ဟာသပဲ!”
"ဘာလား၊ မင်းတို့ရဲ့စကားသံတွေက အရမ်းကို ယုံကြည်ချက်ရှိနေသလိုပါပဲလား? အဲဒါဆိုလည်း ဘာလို့ထွက်မပြေးလဲ"
လူအုပ်ထဲကတစ်ယောက်က မနေနိုင်စွာဖြင့် ပြောလိုက်တော့သည်။
အကုန်လုံး အစတော့ အံ့သြသွားကြ၏။ ဒါပေမယ့် ချက်ချင်းပဲ သူတို့ရဲ့မျက်နှာတွေ မည်းမှောင်လာတော့သည်။
"ထွက်ပြေးတဲ့လား?"
"မင်းရူးနေလား? မင်းရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ နတ်ဆိုးလိုအရာက ဘယ်လောက်အင်အားကြီးလဲ မင်းနားမလည်ဘူးလား?"
ဒီတစ်ကြိမ်မှာတော့ ငြင်းဆိုသံတွေ ထွက်မလာတော့ဘူး။
ဘာလို့ဆိုရင် လွန်ခဲ့တဲ့ရက်ပိုင်းက တစ်စုံတစ်ယောက်က တကယ်ပဲ ထွက်ပြေးဖို့ကြိုးစားခဲ့သည်။ ချက်ချင်းပဲ သေခြင်းရှင်ခြင်းအဆောင်သိုင်းက အသက်ဝင်လာတော့သည်။
ထိုသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်နေခဲ့ပြီး အဆုံးမှာ အဝါရောင်အရည်တွေတောင် စီးကျလာသလိုပဲ!
မြေပေါ်မှာထွန့်ထွန့်လူးနေတဲ့ ထိုလူရဲ့ပုံစံကို ကြည့်ရတာတောင်မှ တော်တော်လေး နာကျင်စရာကောင်းလှသည်။ သေချာပေါက် သေတာထက်ဆိုးတဲ့ နာကျင်မှုမျိုးပဲ!
အော်သံနက်ကြီးကလည်း ကြောက်စရာကြီး!
ထိုအဖြစ်အပျက်ကို ပြန်တွေးမိတာမို့ အကုန်လုံးကြောက်လန့်သွားတော့သည်။
"ကဲပါ၊ စကားလမ်းကြောင်းပြောင်းကြရအောင်၊ ငါတို့ကို ဘာလို့ခေါ်တယ်လို့မင်းထင်လဲ?"
"ဘာလို့ဖြစ်ရမှာတုန်း၊ သူတို့အတွက် အလုပ်လုပ်ခိုင်းဖို့ပေါ့"
"မင်းကဘယ်လိုထင်လို့လဲ?"
စားသောက်ဆိုင်ထဲမှာရှိတဲ့ လူတွေအကုန်လုံး တိတ်ဆိတ်သွားတော့သည်။ သူတို့အခု ဒီနေရာကို ရောက်လာခဲ့ရပြီ…
ခုခံချင်ရင်ရော ဘာသုံးဝင်မှာမို့လို့လဲ? ထွက်ပြေးချင်ရင်ရော ဘာအသုံးဝင်မှာမို့လို့လဲ?
ထိုအချိန်မှာပဲ အပြင်ဘက်က ချောင်းဟန့် သံတစ်ခု ထွက်လာလေ၏။
"အဟမ်း”