ဘာတွေကြောက်နေတာလဲ အခုပဲသွားမယ်
Vol. 6 Ch. 78
"အဲဒါဘာကိုဆိုလိုတာလဲ"
မနေနိုင်စွာဖြင့် လူတစ်ယောက်ကမေးလိုက်သည်။
ဒါပေမယ့် ကျောက်ကောင်း ရှင်းမပြခဲ့ဘူး။ သူ လက်တစ်ဖက်ကိုသာ ယမ်းပြလိုက်သည်။
ထို့နောက်မှာ အခန်းထဲကလူတွေကို ဝေ့ကြည့်လိုက်သည်။ သူ့ရဲ့မျက်လုံးထဲမှာ လွှမ်းမိုးမှုတို့အပြည့်ရှိသည်။
ကျောက်ကောင်း တည်ငြိမ်စွာပြောလိုက်တော့သည်။
"ဘာမှမဟုတ်ဘူး၊ ငါပြောသလိုပဲ"
ငါပြောသလိုပဲ...?
ကျောက်ကောင်းကို ရှုပ်ထွေးစွာပင် အကုန်လုံးလှည့်ကြည့်လာကြသည်။
"ဒါဆိုရင် မင်းတို့ရဲ့ကိုယ်ပိုင်စွမ်းရည်ပေါ်မှာ မူတည်တယ်ဆိုတာက ဘာကိုပြောချင်တာလဲ"
နောက်ထပ်မေးခွန်းသံတွေ ထွက်လာခဲ့ပြီ။
ကျောက်ကောင်း ခဏလောက်စဉ်းစားပြီးမှ ပြောလိုက်သည်။
"လွယ်လွယ်လေးပါ၊ ငါကမင်းတို့ကို နဂါးနှင်းတောင်ရဲ့အောက်ခြေမှာ စောင့်နေမှာ။ ငါ့ဆီမှာ ဆေးလုံးတစ်ရာလောက်ရှိတယ်။ အရင်လာတဲ့လူက အရင်ဆုံး ဆေးလုံးရမယ်။ ငါလည်းပဲ တောင်ပေါ်တက်မှာ။ အကယ်လို့မင်းတို့က ငါ့ထက်အရင် ရောက်နိုင်မယ်ဆိုရင် ဆေးလုံးနှစ်လုံးရမယ်။ စိတ်မပူကြပါနဲ့၊ ငါမင်းတို့ထက် တစ်ရက်နောက်ကျပြီးမှ သွားမှာ"
ပြောပြီးတာနဲ့ ကျောက်ကောင်းက လူတစ်ယောက်ချင်းစီကို စိုက်ကြည့်လိုက်သည်။
ရှကျိုးယွီထံကနေ ဆေးလုံးတွေ အဆက်မပြတ်ထောက်ပံ့မယ်လို့ ကတိစကားရထားပေမယ့် သူ အကုန်လုံးကို မပြောပြခဲ့ဘူး။
ဒီအချိန် သူ့မှာ ရည်ရွယ်ချက်တစ်ခုပဲရှိသည်။
ဒီလူတွေရဲ့စိတ်ဓာတ်ကို မြှင့်တင်ရမယ်။ သူတို့တွေ ယှဉ်ပြိုင်လိုစိတ်ကြီးနေမှပဲ ဒီကိစ္စကို ဆောင်ရွက်နိုင်မှာ။
ဒါမှ သူတို့ရဲ့ လုပ်နိုင်စွမ်းကို အပြည့်အဝကို အသုံးချလို့ရမှာ။
ရေခဲပုစဥ်းသွားရှာတာကလည်း ပိုကောင်းတဲ့ရည်ရွယ်ချက်ကြောင့်ပဲမလား?
"အဲလိုလား? ဒါနဲ့ သခင်ကြီးရဲ့နာမည်ကို သိခွင့်ရှိမလား?"
ထိုအချိန်မှာ လူတယောက်က ကျောက်ကောင်းကိုကြည့်ကာ မေးလိုက်သည်။
"ကျောက်ကောင်း"
သူအထင်သေးစွာဖြင့် ပြန်ဖြေပေးလိုက်သည်။
"ဘာ၊ ခင်ဗျားက နာမည်ကြီးတဲ့ အရှင်ကျောက်ကောင်းလား?"
ကျောက်ကောင်းရဲ့နာမည်ကို ကြားတာနဲ့ သူတို့တွေ လှုပ်ရှားသွားတော့သည်။
ဒါပေမယ့် သူတို့ရဲ့ရည်ရွယ်ချက်က ကျောက်ကောင်းရဲ့ပုံစံအစစ်ကို သိရဖို့မဟုတ်ဘူး။
ကျောက်ကောင်းနဲ့ပတ်သက်ပြီး အချက်အလက်တချို့ကိုသိချင်လို့ အခုလိုမျိုး မေးခွန်းတွေ အစ်ထုတ်နေခဲ့တာပဲ။
ဒါပေမယ့် ကျောက်ကောင်းက မတုံးအဘူး။ မေးခွန်းမေးတဲ့လူကို အထင်သေးစွာ စိုက်ကြည့်လိုက်သည်။ ထို့နောက်မှာ ပုံမှန်လိုဆက်မေးလိုက်သည်။
"မင်းက ငါ့ကိုသိလို့လား"
ထိုလူက ချက်ချင်းပဲပြန်ဖြေလိုက်သည်။
"ကျွန်တော်မျိုး လူကိုယ်တိုင်မတွေ့ဖူးပေမယ့် အလုပ်ခွင်ပိုင်းဆိုင်ရာ အမတ်ကြီးချန်ရှုံးကို သခင်ကျောက်ကောင်းက ဖမ်းသွားခဲ့တာကိုတော့ ကြားဖူးပါတယ်။ ဒါကြောင့် ကျွန်တော်မျိုးတို့လည်း သခင်ကျောက်ရဲ့ အကွက်မိခဲ့ရတာနေမှာ!"
ထိုသူက မြောက်ပင့်စွာပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် ကျောက်ကောင်းရဲ့အနားကို တိုးသွားလိုက်ပြီး "သခင်ကျောက်က ဒီတစ်ခေါက် ကျွန်တော်တို့ကို နဂါးနှင်းတောင်ဆီသွားခိုင်းတာ ဘာရှာခိုင်းမလိုပါလဲ? ဘာပဲဖြစ်ဖြစ် အဲဒီပစ္စည်းက သေချာပေါက် အရမ်းအဖိုးတန်ရမယ်"
ထိုသူက အခွင့်အရေးယူကာ စကားပြောဖို့ပြင်လိုက်သည်။ နဂါးနှင်းတောင်ကိုသွားရမယ့် ခရီးစဉ်က အန္တရာယ်တွေနဲ့ပြည့်နှက်နေတာမလို့ သူတို့ဂရုမစိုက်ဘဲ မနေရဲဘူး။
အကယ်လို့ သူတို့သွားရှာရမယ့် ပစ္စည်းက ရိုးရှင်းလွယ်ကူတဲ့ ပစ္စည်းဆိုရင် ကိုယ်ပိုင်အဆက်အသွယ်တွေကို အသုံးပြုပြီး ရှာလိုက်လို့ရသည်လေ။
ဒီလိုဆိုရင် အန္တရာယ်ထဲမှာ သွားပြီးစွန့်စားစရာ မလိုတော့ဘူး။ ဒါပေမယ့် မကြာခင်မှာပဲ သူတို့ရဲ့ရည်မှန်းချက်တွေ ဖျက်ဆီးခံလိုက်ရတော့သည်။
"ရေခဲပုစဉ်း"
ကျောက်ကောင်းက ထိုသူကိုစိုက်ကြည့်ကာ ပြောလိုက်သည်။
ထိုသူရဲ့ရည်ရွယ်ချက်ကို သိပေမယ့် ကျောက်ကောင်းထုတ်မပြခဲ့ဘူး။
"ရေခဲပုစဉ်း!!"
အခန်းထဲမှာရှိတဲ့ လူတွေအကုန်လုံး အံ့သြမှင်သက်သွားတော့သည်။ တစ်ခန်းလုံး တိတ်ဆိတ်သွားတော့၏။
ချက်ချင်းပဲ အခန်းထဲကလေထုက တင်းကြပ်လာတော့သည်။
ရေခဲပုစဥ်းရဲ့အဖိုးတန်မှုကို အကုန်လုံးနားလည်ကြသည်။
ပြီးတော့ နဂါးနှင်းတောင်ရဲ့ထိပ်ကို တက်နိုင်ခဲ့မယ်ဆိုရင်တောင် ရေခဲပုစဉ်းကိုရနိုင်ပါ့မလားဆိုတာ မသေချာဘူး။ ရေခဲပုစဥ်းကိုလိုချင်ရင် မီတာပေါင်းသောင်းချီပြီးမြင့်တဲ့ နဂါးနှင်းတောင်ရဲ့ထိပ်ကို မဖြစ်မနေတက်ဖို့ လိုတယ်!
ဒါပေမယ့် နဂါးနှင်းတောင်ဆိုတာ ကြောက်စရာသားရဲကြီးတွေ ပြည့်နှက်နေတဲ့ နေရာလေ။ ဘယ်လိုလုပ် လူတစ်ယောက်က အလွယ်တကူ ခြေချနိုင်မှာလဲ?
ထိုအချိန်မှာသူတို့အားလုံးသဘောပေါက်သွားကြသည်။
ဒါကြောင့်မို့ အရမ်းအဖိုးတန်တဲ့ ထန်ရွှမ်းဆေးလုံးကိုတောင် ထုတ်ပေးလာတာကိုး!
ဒါပေမယ့် သူတို့မသွားဘူးဆိုရင် သေခြင်းရှင်ခြင်းအဆောင်သိုင်းကနေ မလွတ်မြောက်နိုင်ဘဲနေလိမ့်မည်။ အကုန်လုံးတွေဝေနေတော့သည်။
ထိုအချိန်မှာပဲ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ ဓားသမားတစ်ယောက်က ရုတ်တရက် ရှေ့ထွက်လိုက်ကာ
"အကုန်လုံးပဲ ဆိုရိုးတစ်ခုကိုကြားဖူးလား?"
ထိုသူက အပြုံးတစ်ခုနဲ့ ပြောလိုက်သည်။
အကုန်လုံး လှည့်ကြည့်လိုက်ပြီး
"ဘာလဲ?"
ဝတ်ရုံဖြူနဲ့လူက ရယ်လိုက်သည်။ လေပြည်တချက်မှာ အဖြူရောင်ဝတ်ရုံစတွေက လွင့်မျောနေလေ၏။
ထို့နောက်မှာ ထိုသူက ခေါင်းမော့ပြီး ကောင်းကင်ကိုမော့ကြည့်လိုက်ကာ "အခွင့်အရေးဆိုတာ အချိန်တိုင်းမရဘူး။ အရည်အချင်းပြည့်ဝလာချင်ရင် တစ်ဆင့်ချင်းကြိုးစားရတယ်။ မင်းတို့တွေ အတိတ်ကို သတိရပြီး နောင်တရနေချင်တယ်ဆိုရင်တော့ ဒီအခွင့်အရေးကို ငြင်းလိုက်ကြပေါ့၊ ငါသွားပြီ"
ပြောပြီးတာနဲ့ ထိုလူက အလင်းအဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။
အချိန်ခဏကြာတဲ့အထိ အခန်းထဲကလူတွေအကုန်လုံး အေးခဲကုန်လေ၏။
‘ဒီလူက...ဒီလူက ဒီတိုင်းပဲ ထွက်သွားလိုက်တာလား?’
‘ဘာတွေဖြစ်နေတာလဲ၊ ဘေးမှာ မိန်းမစိုးကျောက် ရှိနေရက်နဲ့ အဲဒီလူက အခုလိုမျိုး ပြောချင်ရင်ပြောပြီး ထွက်သွားလိုက်တာ၊ မယဥ်မကျေးအပြုအမူပဲ မဟုတ်ဘူးလား!’
အကုန်လုံးက မနေနိုင်စွာ ကျောက်ကောင်းကို လှမ်းကြည့်လိုက်ကြသည်။
ဒါပေမယ့် ကျောက်ကောင်းရဲ့ပုံစံကတော့ မပြောင်းလဲသေးဘူး။ သူ့ရဲ့မျက်နှာမှာ တားမြစ်လိုတဲ့အရိပ်အယောင်လည်း မရှိပေ။
အခန်းထဲကလူတွေ အချင်းချင်း ကြည့်လိုက်ကြသည်။
"ဒီလောက်အမြန်ကြီး ထွက်သွားတာလား?"
တစ်စုံတစ်ယောက်က မနေနိုင်စွာ ပြောလိုက်တော့သည်။
ဒါပေမယ့် ထိုစကားလုံးတွေ ပြောပြီးပြီးချင်းမှာတင် နောက်ထပ်လူတယောက် ပျောက်ကွယ်သွားပြန်သည်။
"ကျွန်တော်မျိုး သွားနှင့်ပါတော့မယ်"
"ငါရောပဲ"
လူတွေတစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြတော့သည်။ ထောင်ချီတဲ့လူတွေ ပြည့်နှက်နေတဲ့ အခန်းကျယ်ကြီးက ချက်ချင်းဆိုသလို လူတစ်ရာလောက်သာ ကျန်တော့သည်။
တချို့ဆိုလျှင် တစ်ခွန်းမှမပြောဘဲ ပျောက်ကွယ်သွားကြတာပင်။
သူတို့ရဲ့မျက်လုံးထဲမှာ စိတ်ပိုင်းဖြတ်ထားမှုတို့ ရှိနေသည်။
"ငါ့မှာ ပြောစရာမရှိတော့ဘူး။ အကုန်လုံးပဲ၊ နဂါးနှင်းတောင်ရဲ့အောက်ခြေမှာ တွေ့ကြတာပေါ့"
ကျောက်ကောင်းက ကျန်နေသေးတဲ့လူတွေကိုကြည့်ကာ ရယ်လိုက်သည်။ ထို့နောက်မှာ သူလည်းပဲ ပျောက်ကွယ်သွားတော့သည်။
ဒီလိုနဲ့ ကျန်တဲ့လူတွေလည်း အသီးသီး ထွက်သွားကြတော့သည်။
အဆုံးမှာ တစ်ခန်းလုံးဗလာကျင်းသွားခဲ့ပြီး လူနှစ်ယောက်သာ ကျန်တော့သည်။
တစ်ယောက်က အနီရောင်ဝတ်စုံနှင့်ဖြစ်ပြီး တစ်ယောက်က အဖြူရောင်ကိုဝတ်ဆင်ထားသည်။
သေးသွယ်ပိန်ပါးတဲ့ အနီရောင်အမျိုးသမီးရဲ့ ခန္ဓာကိုယ်အထက်မှာ ဦးထုပ်ရှည်ကြီးဝတ်ဆင်ထားပြီး မျက်နှာကို ဖုံးကွယ်ထားလေ၏။
ဒါပေမယ့် ဘယ်လိုပဲ ဖုံးကွယ်ထားပါစေ၊ သူမရဲ့ အလှတရားကိုတော့ မဖုံးကွယ်နိုင်ဘူး။ သူမရဲ့မျက်လုံးတွေက ကြယ်တစ်စင်းလိုမျိုး တောက်ပသည်။
ဒုတိယအဆင့်ရောက်နေတဲ့ ကျင့်ကြံမှုကြောင့် သူမရဲ့အရှိန်အဝါကလည်း အလွန်အားပြင်းသည်။
ဒါကြောင့် ကျောက်ကောင်းတောင် သတိမထားမိခဲ့ဘူး။ ဗလာဖြစ်နေတဲ့ အခန်းထဲမှာ ထိုနှစ်ယောက်က အချိန်အကြာကြီး မတ်တတ်ရပ်နေခဲ့သည်။
“ဘယ်လိုကြောင့်များ ရှကျိုးယွီက သိုင်းလောကမှာရှိတဲ့ ဒီလောက်လူတွေကို ထိန်းချုပ်နိုင်သွားတာလဲ?”
အဖြူရောင်ဝတ်စုံနဲ့ အမျိုးသမီးက မနေနိုင်စွာ မေးခွန်းထုတ်လိုက်သည်။
အနီရောင်မိန်းမလှလေး အနည်းငယ်အံ့ဩသွားကာ ခေါင်းယမ်းလိုက်ပြီး
“ငါလည်းမသိဘူး၊ ဒါပေမယ့် ဘုရင်တစ်ယောက်အနေနဲ့ ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေသုံးတာက ဖြစ်နိုင်တာပဲလေ။ ဒါကြောင့်မို့လို့လည်း တိုင်းပြည်ရဲ့ ကံကြမ္မာအမတ်က ခြောက်ဆလောက်တက်သွားတာပေါ့”
အဖြူရောင်ဝတ်စုံနဲ့မိန်းကလေး ခေါင်းညိတ်လိုက်သည်။ သူမ သဘောပေါက်သွားခဲ့ပြီ။
“ရှကျိုးယွီက ဒီလောက်တောင် စွမ်းဆောင်ရည်ရှိတာလား?”
“တကယ်ဟုတ်လား မဟုတ်လားဆိုတာ ငါတို့သိရမှာပေါ့”
အနီရောင်မိန်းကလေးက ရယ်လိုက်သည်။ သူမရဲ့မျက်လုံးထဲမှာ ယုံကြည်ချက်တချို့ ရှိနေသည်။ ထိုယုံကြည်ချက်ထဲမှာ အထင်သေးမှုတချို့လည်း ဝင်ရောက်နေခဲ့သည်။
ရှကျိုးယွီနဲ့ပတ်သက်ပြီး သူမ စိတ်ဝင်စားနေပေမယ့် ထိုအချက်ကိုလည်း ထုတ်မပြခဲ့ဘူး။
ထိုအချိန်မှာ အဖြူရောင်မိန်းကလေးက တစ်ခုခုကို တွေးမိသွားတာမို့ မော့ကြည့်လိုက်ပြီး
“သခင်၊ သူက…”
“ရှနန်းတော်ကို ငါနဲ့အတူ အဖော်လိုက်ခဲ့ပေး”
အနီရောင်မိန်းမလှလေးက အနောက်လှည့်ကြည့်ကာ ပြောလိုက်သည်။ သူမရဲ့မျက်လုံးထဲမှာ စိတ်ပိုင်းဖြတ်မှုတို့ ပြည့်နေခဲ့သည်။ တစ်ဖက်လူဘက်က ငြင်းဆိုချက်မထုတ်နိုင်မယ့် စိတ်ပြတ်သားမှုတို့ပေါ့။
အဖြူရောင်မိန်းကလေး အချိန်အကြာကြီး တွန့်ဆုတ်နေခဲ့သည်။
အနီရောင်မိန်းကလေးက စိတ်ဝင်စားစွာ ပြောလိုက်လေ၏။
“ရှကျိုးယွီရဲ့ဘေးမှာရှိတဲ့ မိန်းမစိုးက အဆင့်နှစ်ကျင့်ကြံသူတစ်ယောက်ပဲ။ ဒါကြောင့် ရှကျိုးယွီရဲ့ဘေးမှာ ပိုပြီးတော့အင်အားကြီးတဲ့ ကျင့်ကြံသူတွေရှိနေနိုင်တယ်”
“ဒါပေမယ့် သခင်ထင်နေသလို ဟုတ်ချင်မှဟုတ်မှာပါ။ သူကဒီတိုင်း…”
ဒါပေမယ့် အနီရောင်မိန်းမလှလေးက တစ်ခုခုကို အတွေးလွန်နေပုံပဲ။
“ဒါပေမယ့် ငါတို့အခု ကြားလိုက်တာပဲလေ။ ဒီလူတွေက ရေခဲပုစဉ်းရှာဖို့အတွက် နဂါးနှင်းတောင်ကို သွားနေကြတာမလား? ရှကျိုးယွီ ဘာကြောင့် နဂါးနှင်းတောင်ကိုသွားပြီး ရေခဲပုစဉ်းရှာခိုင်းလဲဆိုတာ ငါသိချင်တယ်”
အနီရောင်မိန်းမလှလေးက ပြောလိုက်သည်။ သူမရဲ့မျက်လုံးထဲမှာ အထင်မကြီးမှုတို့ ရှိနေသည်။
အဲဒီရေခဲပုစဉ်းဆိုတာ ရှာလို့လွယ်ကူတဲ့ အရာမဟုတ်ဘူး။ အဲလိုမှမဟုတ်ရင် သိုင်းလောကက လူတွေအများကြီးရဲ့လက်ထဲမှာ ရေခဲပုစဉ်းတွေ ရှိနေမှာပေါ့။
ဒါ့အပြင် နဂါးနှင်းတောင်ဆိုတာလည်း သွားဖို့ကောင်းတဲ့ နေရာတစ်ခု ဟုတ်မနေဘူး။ သွားခဲ့ရင်တောင်မှ ကိုယ့်ရဲ့လုံခြုံမှုကိုယ် အာမမခံနိုင်တဲ့ နေရာတစ်ခုပဲ။
နဂါးနှင်းတောင်မှာရှိတဲ့ ကြောက်စရာသားရဲကြီးတွေက တိုက်ခိုက်ဖို့မလွယ်ကူဘူး။
စဉ်းစားနေရင်းနဲ့ အနီရောင်မိန်းကလေးက နန်းတော်ရှိရာကို လှမ်းကြည့်လိုက်သည်။ ဒါကိုမြင်တော့ အဖြူရောင်မိန်းကလေးက မနေနိုင်စွာ ပြောလိုက်တော့သည်။
“သခင်၊ ကျွန်မတို့ ထိုက်အန်းမြို့တော်ကို ရောက်လာတာ ရက်ပိုင်းပဲရှိသေးတယ်။ ဘာလို့ ဒီမှာနည်းနည်းလောက်နေပြီး အခြေအနေကို အရင်မစုံစမ်းရမှာလဲ?”
“ပြီးတော့ သူတို့ရဲ့စကားတွေကို နားထောင်ရသလောက် ကျောက်ကောင်းက မနက်ဖြန် ထိုက်အန်းမြို့တော်က သွားတော့မှာမလား?”
“ဒါကြောင့် တစ်ရက်နှစ်ရက်လောက် အခြေအနေစောင့်ကြည့်လိုက်လည်း ပြဿနာတစ်ခုခုဖြစ်လာမှာ မဟုတ်ဘူးလေ”
အနီရောင်မိန်းကလေး အနည်းငယ် အတွေးများသွားခဲ့သည်။ အကြာကြီးစဉ်းစားပြီးနောက်မှာ သူမခေါင်းယမ်းလိုက်ပြီး “မင်းကငါ့နောက်လိုက်လာတာ နှစ်များစွာကြာခဲ့ပြီ”
“တရှားတိုင်းပြည်ဆိုတာ တိုင်းပြည်ငယ်လေးတစ်ခုပဲ။ ဘာတွေကြောက်နေတာလဲ?”
………
တော်ဝင်နန်းတော်ထဲမှာတော့…ရှကျိုးယွီက ခပ်ဖြည်းဖြည်းချင်းနဲ့ ဖူယွဲ့နန်းဆောင်အတွင်းကို ခြေချလိုက်သည်။
အထဲကိုဝင်လိုက်တာနဲ့ မွှေးပျံ့တဲ့ရနံ့တစ်ခုက သူ့ကိုရိုက်ခတ်လာတော့သည်။
မြူခိုးတွေကိုလည်း သူမြင်လိုက်ရသည်။
ချက်ချင်းပဲ ရှကျိုးယွီ စိတ်ဝင်စားသွားတော့သည်။
သူကျေနပ်စွာဖြင့် ထိုမွှေးရနံ့ကို ရှူသွင်းလိုက်သည်။ သူ့ရဲ့တစ်ကိုယ်လုံး လန်းဆန်းသွားတော့သည်။
“ထားလိုက်တော့”
“ဘာကြောင့် နိုင်ငံရေးတွေ၊ ကံကြမ္မာအမှတ်တွေကို စိတ်ပူနေရမှာလဲ? မိန်းကလေးတစ်ယောက်ရဲ့ အလှတရားနဲ့ နှိုင်းယှဉ်လိုက်ရင် ဘာကအရေးကြီးနေမှာမလို့လဲ?”
ထိုစကားတွေကို အပြင်ထွက်ကာ နှုတ်ဆက်ဖို့ပြင်နေတဲ့ မိဖုရားဖူယွဲ့လည်း ကြားသွားခဲ့သည်။
ချက်ချင်းပဲ သူမရဲ့မျက်နှာက ရှက်သွေးဖြာသွားလေ၏။
သူမ ချက်ချင်းပဲ ခေါင်းငုံ့လိုက်သည်။
“အရှင်မင်းကြီး”
“အလှလေး၊ ကိုယ့်ကိုလွမ်းနေရဲ့လား?”
ရှကျိုးယွီ ချက်ချင်းပဲ အခွင့်အရေးယူကာ သူမကို ဆွဲဖက်လိုက်တော့သည်။
နူးညံ့တဲ့ပခုံးပေါ် လက်တင်ထားရင်း ခေါင်းထဲမှာ အကြံဆိုးတွေ ပြည့်လာတော့သည်။
ဖူယွဲ့ရဲ့မျက်နှာကတော့ ရှက်ရွံ့နေတာ သိသာလေ၏။
သူမ ခပ်တိုးတိုးပြောလိုက်သည်။
“ကျွန်တော်မျိုးမ လွမ်းနေတာပေါ့…”