ငါတို့ ဒီလိုမျိုး ကျရှုံးလို့ဖြစ်ရဲ့လား
Vol. 6 Ch. 79
ဖူယွဲ့နန်းဆောင်အတွင်းမှာ အဆက်မပြတ် ထွက်ပေါ်နေတဲ့ အသံတစ်ချို့ကြောင့်.... အစေခံမလေးများပင် ရှက်ရွံနေကြသည်။
သူတို့တွေ မော့မကြည့်ရဲကြဘူး။
ဒါပေမယ့် သူမတို့ မနေနိုင်စွာ နန်းဆောင်အတွင်းကို တစ်ချက် ခိုးကြည့်လိုက်ကြသည်။ ထို့နောက်မှာ ချက်ချင်းပဲ ခေါင်းပြန်ငုံလိုက်လေ၏ ။ အစေခံမလေးများ၏ ပါးပြင်က ရဲသထက်ရဲလာတော့သည်။
ဒီလိုနဲ့ ညသန်းခေါင်ကို ရောက်လာခဲ့သည်။
အကြိမ်ကြိမ် ဆင်နွဲလာခဲ့ရတဲ့ တိုက်ပွဲတွေကြောင့် ရှကျိုးယွီ တစ်ကိုယ်လုံး ချွေးတွေစိုနေပြီပင်။
ရှကျိုးယွီတစ်ယောက် မိဖုရားဖူယွဲ့ကို လက်မောင်းထဲထည့်ထားရင်း မောပန်းမှုတွေ ဖြေဖျောက်နေခဲ့သည်။
သူမကတော့ ရင်ခွင်ထဲမှာ မျက်နှာလေး ဝှက်ထားလေရဲ့။ ရှကျိုးယွီကိုလည်း မော့မကြည့်ရဲရှာဘူး။
ရှကျိုးယွီရဲ့စိတ်ကို သူမ ထပ်မံပြီး ဆွမိသွားမှာ ကြောက်သည်လေ။
ဒီလိုနဲ့ အချိန်တွေ ဘယ်လောက်ကြာသွားမှန်း မသိခဲ့ဘူး။ သူမ ရှကျိုးယွီကို တစ်ချက် ခိုးကြည့်လိုက်သည်။
ဒါပေမယ့် ရှကျိုးယွီက အတွေးလွန်နေပုံပေါက်တာမို့ ဖူယွဲ့ မနေနိုင်စွာ မေးလိုက်တော့သည်။
"အရှင်မင်းကြီး စိတ်ပူတော်မူနေပုံပဲ။ ဘာကိစ္စများရှိလို့ပါလဲ?"
ထို့နောက်မှာ သူမ စကားများသွားမိမှန်း ဖူယွဲ့ သဘောပေါက်သွားသည်။ ချက်ချင်းပဲသူမ ခေါင်းပြန်ငုံလိုက်သည်။
"ကျွန်တော်မျိုးမ စကားတွေအများကြီးပြောမိသွားတယ်။ အရှင်မင်းကြီးကိုမမေးသင့်ပါဘူး။"
"ရတယ် ကိစ္စမရှိဘူး။"
ရှကျိုးယွီက စိတ်ထဲမထားပေ။
ဖူယွဲ့ကို တင်းနေအောင် ဖက်လိုက်သည်။ ထို့နောက်မှာ ပြုံးလိုက်ပြီး
"ငါကိုယ်တော် ချင်မင်းသားကို ကျန်းနန်မြို့ဆီ စေလွှတ်ထားတာ မှတ်မိလား?"
ဖူယွဲ့ အနည်းငယ် တွေးလိုက်ပြီးမှ ခေါင်းငြိမ့်လိုက်ကာ
"ကျွန်တော်မျိုးမ မှတ်မိတယ်။"
"ဘာဖြစ်လို့ပါလဲ? ကျန်းနန်မြို့မှာ တစ်ခုခုဖြစ်နေလို့လား?"
"ကျွန်တော်မျိုးမ ကြားခဲ့ရတာတော့ အရှင်မင်းသားက ကျန်းနန်မြို့မှာရှိတဲ့ အင်အားကြီးဂိုဏ်း တော်တော်များများရဲ့ လွှမ်းမိုးမှုတွေကို ဖျက်စီးနိုင်ခဲ့တာမလို့ ပြည်သူတွေကတောင် အရှင်မင်းကြီးကို ချီးကျူးနေကြ သေးတယ်မလား? ကျန်းနန်မြို့မှာရှိတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ခဲ့ရုံတင်သာမကဘဲ စီပွားရေးပိုင်းမှာလည်း တိုးတက်သွားအောင် လုပ်နိုင်ခဲ့တယ်လေ”
“အခုဆိုရင် သိုင်းလောကက လူတွေတောင်မှ ထိုက်အန်းမြို့တော်ကို ရောက်လာခဲ့ပြီ။ ကျွန်တော်မျိုးမ မှတ်မိပါသေးတယ်။ ရုံးတော်မှာရှိတဲ့ အခြေအနေတွေကို တည်ငြိမ်စေချင်ရင် သိုင်းလောကက လူတွေကိုပါ အမှုထမ်းစေဖို့ လိုတယ်လို့ အရှင်မင်းကြီးတစ်ခါက ပြောခဲ့ဖူးတယ်လေ။ အခုအခြေအနေတွေက အရှင်မင်းကြီး လိုချင်နေသမျိုး ဖြစ်နေပြီမဟုတ်လား..."
ဖူယွဲ့ ပြောနေရင်းနဲ့ ရှကျိုးယွီရဲ့မျက်လုံးထဲက စိတ်အလိုမကျမှု တစ်ချို့ကို အာရုံခံလိုက်မိသည်။ ဒါကြောင့် သူမ ချက်ချင်းပဲ ရပ်လိုက်တော့သည်။
သူမနူးညံစွာ ပြောလိုက်လေ၏။ "ကျွန်တော်မျိုးမ စကားများမိပြန်ပြီ။"
ရှကျိုးယွီ ခေါင်းရမ်းလိုက်လေသည်။ အမှန်တော့ သူဒီကိစ္စတွေနဲ့ ပတ်သတ်ပြီး မသိခဲ့ဘူး။ ချင်မင်းသားကို ကျန်းနန်မြို့ဆီ စေလွှတ်ခဲ့တာကလည်း အုပ်ချုပ်ရေးပိုင်းမှာ နားမလည်တဲ့ ချင်မင်းသားကို ပြဿနာတက်စေဖို့ မျှော်လင့်ချက်နဲ့ပဲ။
ဒါပေမယ့် အခုတော့ သူက ကြီးမားတဲ့လုပ်ဆောင်မှုတွေ လုပ်နိုင်ခဲ့တယ်။
အခုဆို ရလဒ်အနေနဲ့ ရေကြီးမှုတောင် အစစ်ပါလာခဲ့ပြီ။
ဒီချိန်မှာ ရှကျိုးယွီ စိတ်ပူတာက ရေကြီးမှုပဲ။
ဒီကိစ္စက လူသန်းပေါင်းများစွာရဲ့အသက်နဲ့ သက်ဆိုင်နေတယ်။
"ရပါတယ်။ မိဖုရား ပုံမှန်လိုပဲပြောလို့ရတယ်”
ရှကျိုးယွီ လက်တစ်ဖက် ယမ်းပြလိုက်သည်။
ထိုအခါမှ ဖူယွဲ့ စိတ်သက်သာစွာ သက်ပြင်းချနိုင်တော့သည်။
သူမရှကျိုးယွီကို မော့ကြည့်လိုက်သည်။ ထို့နောက်မှာ ရှုပ်ထွေးစွာဖြင့် မေးလိုက်တော့သည်။
"ဒါဆိုရင် အရှင်မင်းကြီးက ဘာကို စိတ်ပူတော်မူနေတာလဲ?"
ရှကျိုးယွီ ခနလောက် အံဩသွားခဲ့သည်။ ထို့နောက်မှာ ဖူယွဲ့ကို ပြန်ကြည့်လိုက်သည်။
"ကိုယ်စိတ်ပူတာ ရေကြီးမဲ့ကိစ္စပဲ။ ဦးရီးတော်လုပ်ရပ်ကြောင့် အကျိုးဆက်တစ်ချို့ ဖြစ်ပေါ်လာခဲ့တယ်။ ဒါကြောင့်မို့ ကျန်းနန့်မြို့ ၃မြို့မှာ ကြီးမားတဲ့ ရေကြီးမှုကို ကြုံရတော့မယ်။ အဲ့ဒီလို ရေကြီးလာခဲ့မယ်ဆိုရင်... ငါကိုယ်တော် စိုးရိမ်မိတာက သန်းပေါင်းများစွာသော လူတွေရဲ့အသက်ပဲ"
တကယ်တော့ ချင်မင်းသားရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး ရှကျိုးယွီ အရမ်းစိတ်မပူခဲ့ဘူး။ ပြောရရင် သူ ဂရုကိုမစိုက်တာပဲ။
ဒါပေမယ့် ထိုစကားလုံးတွေကဖူယွဲ့အတွက်တော့ မတူညီတဲ့ အဓိပ္ပာယ်ကို သက်ရောက်စေခဲ့သည်။
'အရှင်မင်းကြီးက ကိုယ်ကိုကိုယ် အပြစ်တင်နေတာပါလား?
ပြည်သူနဲ့တိုင်းပြည်အပေါ် စိတ်ပူနေခဲ့တာပဲ’
'ဒီလိုမျိုး တွေးမဲ့သူက အရှင်မင်းကြီး တစ်ယောက်ပဲရှိတယ်’
မိဖုရားဖူယွဲ့ မနေနိုင်စွာ အတွေးများသွားတော့သည်။
သူမရဲ့မျက်လုံးတွေက အနည်းငယ်နက်ရှိုင်းလာတော့၏။
'ဒါပေမယ့် အရှင်မင်းကြီးက ချင်မင်းသားကို စေလွှတ်ခဲ့တယ်ဆိုမှတော့ ကျန်းနန်မြို့ကအခြေအနေတွေကို ကြိုပီးမှန်းဆထားလောက်မှာပါ။ ဒါပေမယ့် အခုဘာလို့ စိတ်ပူတဲ့ပုံပေါက်နေရတာလဲ?....’
'ကံကြမ္မာအမှတ်နဲ့ သက်ဆိုင်လောက်လား?’
'ဟုတ်တယ်အဲ့လိုပဲဖြစ်ရမယ်။ ကံကြမ္မာအမှတ်က တရှားတိုင်းပြည်ရဲ့ကံကြမ္မာနဲ့ တိုက်ရိုက်ဆက်သွယ်ထားတယ်။ ဒီတော့ မဖြစ်မနေ မလိုအပ်ဘူးဆိုရင် ကံကြမ္မာအမှတ်ကို ဖြန်းတီးပစ်ချင်မှာ မဟုတ်ဘူး။ ဘယ်လိုပဲပြောပြော ကံကြမ္မာအမှတ် မြင့်တက်လာတာနဲ့ တရှားတိုင်းပြည်ရဲ့ မြင့်တက်လာမှုကလည်း အတူတူပဲလေ’
'ဒါဆိုရင် အရှင်မင်းကြီးက ကံကြမ္မာအမှတ်ကို တည်ငြိမ်အောင် လုပ်နိုင်မဲ့နည်းလမ်း ရှာမတွေ့နေတာလား?’
'ဟုတ်ပါတယ်လေ ကံကြမ္မာအမှတ်က တရှားတိုင်းပြည်ရဲ့ ရာသီဥတုနဲ့လည်း တိုက်ရိုက်သက်ဆိုင်နေတာဆိုတော့…’
မနေနိုင်စွာဖြင့် ဖူယွဲ့ ရှကျိုးယွီကို လှမ်းကြည့်လိုက်သည်။
'ဒါဆိုရင် အရှင်မင်းကြီးက အဲ့ဒီရေကြီးမှုကနေတွေ ကံကြမ္မာအမှတ် အများကြီး စုပ်ယူခံလိုက်မှာကို စိုးရိမ်နေတာပဲ’
ဒါကို ကြားတော့ ရှကျိုးယွီ အံဩသွားတော့သည်။
သူ ချက်ချင်းပဲ ဖူယွဲ့ကို လှမ်းကြည့်လိုက်သည်။
သူရဲ့ မျက်လုံးတွေက လင်းလက်နေတော့၏။
"မိဖုရားဘာပြောလိုက်တယ်? ကံကြမ္မာအမှတ်ကို စုပ်ယူမယ် ဟုတ်လား?"
"အဲ့လိုမျိုး မဟုတ်ဘူးလား။ ကျွန်တော်မျိုးမ အမှန်လားတော့မသိပေမဲ့ တစ်ခါက ဖခင်ဆီက ကြားခဲ့ဖူးတယ်။ တရှားရဲ့အရင် အရှင်မင်းကြီးက ရေကြီးမှုကို ထိန်းချုပ်နိုင်ဖို့အတွက် အင်အားကြီးတဲ့ကျင်ကြံသူ တစ်ယောက်ဆီကနေ အကူအညီတောင်းခဲ့ရတယ်။ ရလဒ်အနေနဲ့ တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ် တော်တော်များများကို ပြန်ပေးခဲ့ရတယ်လေ"
ဖူယွဲ့ ပြောနေရင်းနဲ့ လေထုထဲမှာ တစ်ခုခုထူးဆန်းနေတာကို သတိထားမိသွားခဲ့သည်။
ဘာလို့ဆိုရင် ရှကျိုးယွီရဲ့ မျက်လုံးတွေက ပိုပိုပြီး တောက်ပလာလို့ပဲ။
'ဘာတွေဖြစ်နေတာလဲ? ဘာလို့ အရှင်မင်းကြီးရဲ့ပုံက အရမ်း စိတ်လှုပ်ရှားနေတဲ့ပုံပေါက်နေတာလဲ? ကံကြမ္မာအမှတ်တွေ ပေးလိုက်ရမှာလေ’
ဒါကြောင့် သူမ ပြောနေတာ ရပ်သွားပြီး ရှကျိုးယွီကို စိုက်ကြည့်နေမိတော့သည်။
ရှကျိုးယွီက ဆက်မေးလိုက်သည်။
"ဒါဆိုရင် မိဖုရားပြောချင်တာက စွမ်းအားကြီး ပုဂ္ဂိုလ် တစ်ယောက်ယောက်ကို အသုံးပြုမယ်ဆိုရင်တောင်မှ ကံကြမ္မာအမှတ်ကတော့ မဖြစ်မနေ ပေးဆပ်ရဦးမှာလို့လား?"
ဖူယွဲ့နားထောင်ပြီးနောက်မှာ ခေါင်းငြိမ့်ပြလိုက်သည်။
"သေချာပေါက်ပဲ"
"တိုင်းပြည်တစ်ခုရဲ့ ကံကြမ္မာအမှတ်ဆိုတာ အဲ့ဒီတိုင်းပြည်ရဲ့ ပိုင်ဆိုင်မှုအခြေခံပဲ။ ရေကြီးမှုဆိုတာ သဘာဝကပ်ဘေး... ဒါကြောင့်မို့ သဘာဝကပ်ဘေးတစ်ခုကို တားမြစ်ချင်ရင် ကံကြမ္မာအမှတ်ကို မဖြစ်မနေ စတေးရတယ်။ အဲ့ဒါက အခြေခံစည်းမျဉ်းပဲ!"
"ကျွန်တော်မျိုးမ အတိအကျတော့ မသိပေမဲ့ လူကြီးတွေပြောတက်ကြတယ်မလား? တစ်ခုခုကိုလိုချင်ရင် တစ်ခုခုကိုပြန်ပေးဆပ် ရတယ်ဆိုတာကိုလေ။"
"ကျန်းနန်မြို့ကလူတွေကို ကယ်တင်ချင်တယ်ဆိုရင်တော့ ကံကြမ္မာအမှတ်အချို့ကို မဖြစ်မနေစတေးရလိမ့်မယ်။"
"ဘယ်လောက်ထိ စတေးရမလဲဆိုတာကတော့ အရှင်မင်းကြီး အကူအညီတောင်းခံမဲ့ ကျင်ကြံသူရဲ့ အရည်အချင်းပေါ်ပဲ မူတည်တယ်"
"ပြောရမယ်ဆိုရင် အဲ့ဒီကျင့်ကြံသူက ပိုပြီးသန်မာလေလေ ပေးဆက်ရမဲ့တန်ကြေးက ပိုပြီးလျော့နည်းလေလေပဲ။ အကယ်လို့ အဲ့ဒီလူက အားနည်းနေမယ်ဆိုရင် ကံကြမ္မာအမှတ်အများကြီးကို စတေးရလိမ့်မယ်!"
"ဒါပေမယ့် စွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်တော်တော်များများက ဒီလိုကိစ္စမျိုးမှာ မပါချင်ကြဘူး..."
ဖူယွဲ့က တည်ငြိမ်စွာဖြင့် သတိပေးလိုက်သည်။ တစ်ချိန်ထဲမှာပဲ သူမက ရှကျိုးယွီကို လှမ်းကြည့်လိုက်သည်။
ရှကျိုးယွီရဲ့ အလွန်စိတ်လှုပ်ရှားနေတဲ့ မျက်နှာကိုမြင်တော့ သူမ မနေနိုင်စွာ အတွေးလွန်သွားရတော့၏။ သူမရဲ့ မျက်လုံးတွေလည်း နက်ရှိုင်းလာတော့သည်။
'အရှင်မင်းကြီး ဒီနေ့ဘာဖြစ်နေတာလဲ?’
‘ဘာလို့ အရှင်မင်းကြီးရဲ့ပုံက စိတ်လှုပ်ရှားနေတဲ့ပုံ ပေါက်နေရတာလဲ?’
ဖူယွဲ့ တွေးနေစဉ်မှာပဲ ရှကျိုးယွီရဲ့ ကျယ်လောင်တဲ့ ရယ်သံကို ကြားလိုက်ရလေသည်။
"သတင်းကောင်းပဲ ဒါသတင်းကောင်းပဲ ဟားဟား!"
ရှကျိုးယွီ မနေနိုင်စွာ ဖူယွဲ့ရဲ့ ခေါင်းလေးကို ပွတ်သတ်ပေးလိုက်သည်။
သူရဲ့မျက်လုံးတွေကတော့ အလွန်စိတ်လှုပ်ရှားနေလေ၏။
"သတင်းကောင်းဟုတ်လား? အရှင်မင်းကြီး တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကို စိတ်မပူတော့ဘူးလား?"
ဖူယွဲ့ ရှုပ်ထွေးစွာ မေးလိုက်သည်။
"ဘာလို့စိတ်ပူနေရမှာလဲ? တကယ်ပဲ မင်းပြောသလိုသာဆိုရင် ဒီကိစ္စကို အကူအညီတောင်းဖို့အတွက် ငါကိုယ်တော် ဘယ်သူဆီကို ဆက်သွယ်ရမလဲဆိုတာကို စဉ်းစားဖို့လိုနေပြီ"
ရှကျိုးယွီ ပြောပြီးနောက် ရယ်လိုက်ပြန်သည်။ သူရဲ့မျက်လုံးထဲက စိုးရိမ်မှုတို့က ချက်ချင်းပဲ ပျောက်ကွယ်သွားတော့သည်။
ထိုအစား ပျော်ရွှင်မှုတွေ ဝင်ရောက်လာသလိုပဲ။
"အရှင်မင်းကြီး ဘာတွေဖြစ်နေတာလဲ?”
ဖူယွဲ့ပင် အံဩလာပြီ ဖြစ်သည်။
ကံကြမ္မာအမှတ်နဲ့ ပတ်သတ်ပြီး ရှကျိုးယွီက စိတ်ပူပင်နေတာပါလားလို့ သူမ နဂိုကတွေးခဲ့မိသည်။
ဒါပေမဲ့ အခုတော့ ရှကျိုးယွီရဲ့ ပုံစံအရ သူမ အတွေးမှားသွားခဲ့ပုံပဲ။
ရှကျိုးယွီက မိဖုရားဖူယွဲ့ရဲ့မေခွန်းကို အဖြေမပေးခဲ့ဘူး။
ထိုအစား ခပ်ဖြေးဖြေး မတ်တပ်ထရပ်လိုက်လေကာ
"ဘာမှမဟုတ်ဘူးလေ။ ပြောရရင် ကံကြမ္မာအမှတ်လေး တစ်ချို့ပဲ။ ပြည်သူတွေကို ကယ်ဖို့အတွက်က ပိုပြီး အရေးကြီးတယ်။ ပြည်သူတွေကို ကယ်နိုင်မယ်ဆိုရင် ငါကိုယ်တော် ဘာမဆိုလုပ်မှာ"
ရှကျိုးယွီက တည်ငြိမ်စွာဖြင့် ဟိတ်ဟန်ပါပါ ပြောလိုက်သည်။ သူရဲ့စကားလုံးထဲမှာ စစ်မှန်မှုတို့ ဖြာထွက်နေသည်။
ဒါပေမယ့် သူတကယ် တွေးနေတာကတော့ လား... တိုင်းပြည်ပျက်လေ ငါနတ်မြန်မြန်ဖြစ်လေပဲ
ဖူယွဲခမျာ ရှကျိုးယွီရဲ့စကားတွေကြောင့် မိန်းမောစွာဖြင့် ရှကျိုးယွီကို အကြာကြီးစိုက်ကြည့်နေမိတော့သည်။
ရှကျိုးယွီကလည်း မိဖုရားရဲ့လှပတဲ့မျက်နှာကို စိုက်ကြည့်နေရင်း စကားဟဖို့ ပြင်လိုက်သည်။
ထိုအချိန်မှာပဲသူတစ်ခုခုကို သတိထားမိသွားတာမို့ ချက်ချင်းပဲ မျက်မှောင်ကျုံသွားလေကာ...
“ဘယ်သူလဲ?”