← Chapters

ငါ့ကိုရန်စနေတာလား

Vol. 6 Ch. 80

ငါ့ကိုရန်စနေတာလား

Vol. 6 Ch. 80

"ငါ အထင်သေးမိသွားတယ်၊ နင်က သတိတော့ကောင်းသားပဲ"

ချက်ချင်းဆိုသလို ပေါ့ပါးတဲ့ အနီရောင်ပုံရိပ်တစ်ခုက အခန်းထဲကို ဝင်လာခဲ့သည်။

သူမရဲ့မျက်နှာပေါ်မှာ ပုဝါပါးတစ်ခုနဲ့ ဖုံးအုပ်ထားသည်။ ထိုအနီရောင်မိန်းကလေးက ရှကျိုးယွီတို့နဲ့ သိပ်မဝေးတဲ့နေရာမှာ အိန္ဒြေရှိရှိရပ်လိုက်သည်။

ဖူယွဲ့ အစကတော့ အံ့ဩနေသေးသည်။

ထို့နောက်မှာ သူမအော်တော့သည်။

"ဒီမှာသူခိုး..."

ဒါပေမဲ့ သူမရဲ့စကားမဆုံးခင်မှာပဲ ရှကျိုးယွီက တားမြစ်လိုက်သည်။

"ရတယ် ဘာမှမဖြစ်ဘူး၊ လုပ်ကြံဖို့လာခဲ့တာဆိုရင် တိုက်ခိုက်နေတာကြာလောက်ပြီ"

ပြောပြီးတာနဲ့ ရှကျိုးယွီက ဖူယွဲ့ရဲ့ပုခုံးပေါ်က သူ့ရဲ့လက်ကို ဖယ်ရှားလိုက်သည်။

‘ ဒီရှကျိုးယွီက ချင်မင်းသားကို ကျန်းနန်မြို့ဆီ လွှတ်ပြီး ဂိုဏ်းတော်တော်များများကို ဖျက်ဆီးခဲ့တယ်။ မသေမျိုးတစ်ယောက် ဖြစ်လာနိုင်ဖို့အတွက်နဲ့ တော်ဝင်နန်းတော်မှာ တော်ဝင်ဆေးဆရာမတစ်ယောက်ကိုပါ ခန့်အပ်ထားသေးတယ်’

ဒါကြောင့် ထို အနီရောင် မိန်းကလေး အတွက် ရှကျိုးယွီအပေါ် အမြင်က... 'အကြံအစည်များတယ်’

ဒါပေမဲ့ သူမ ထိုက်အန်းမြို့တော်ကို မရောက်လာခင်မှာ ရွှေအဆင့်သတ်မှတ်ချက်နဲ့ပတ်သက်ပြီး သတင်းကြားခဲ့သည်။ တရှားတိုင်းပြည်ရဲ့ကံကြမ္မာအမှတ်က ခြောက်ဆလောက်ကို တက်သွားသည်။

ထိုသတင်းကြောင့် တရှားတိုင်းပြည်ရဲ့ အိမ်နီးချင်း တိုင်းပြည်တွေသာမက သောင်းချီတဲ့တိုင်းပြည်အားလုံးမှာပါ စိုးရိမ်စိတ် ဖြစ်ပေါ်လာခဲ့ရသည်။

ဒါကြောင့် သူမလည်း စိတ်ဝင်စားသွားခဲ့တာပဲ။

ဒီတရှားတိုင်းပြည်ရဲ့ ဘုရင်က ဘယ်လိုများလုပ်ခဲ့လို့ တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကို တစ်လထဲနဲ့ ခြောက်ဆ တက်အောင် လုပ်နိုင်ခဲ့လဲဆိုတာ သူမကိုယ်တိုင် မြင်တွေ့ချင်ခဲ့သည်။ ဒါကြောင့်မလို့ ထိုက်အန်းမြို့တော်ကို ချက်ချင်းပဲထွက်လာခဲ့သည်။

ဒါပေမဲ့ သူမ ထိုက်အန်းမြို့ကိုရောက်တာနဲ့ ရှကျိုးယွီရဲ့နောက်ထပ်ဗျူဟာတစ်ခုမှာ မိသွားတော့သည်။

သူမရောက်နေချိန်မှာ သိုင်းလောကက လူတော်တော်များများကို မြင်တွေ့လိုက်ရသည်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အဲဒီသိုင်းလောကမှာရှိတဲ့ လူတွေအားလုံးက ရှကျိုးယွီရဲ့ထိန်းချုပ်မှုကို ခံလိုက်ရသည်။

ထိုကြောက်ဖို့ကောင်းတဲ့ လုပ်ရပ်ကြောင့် သူမ မှင်သက်သွားတာပဲ။

သိုင်းသမားတွေကို ထိန်းချုပ်နိုင်တာက ကမ္ဘာကြီးကိုထိန်းချုပ်နိုင်တာနဲ့ ညီမျှသည်။ အင်အားကြီးတိုင်းပြည်တစ်ခုတောင်မှ သိုင်းသမားအများကြီးကို မထိန်းချုပ်နိုင်ဘူး။

ဒါပေမဲ့ စောနကကြားခဲ့ရတဲ့ ထိုက်အန်းမြို့တော် အပြင်ဘက်က စားသောက်ဆိုင်မှာရှိတဲ့ စကားဝိုင်းအရ ထိုသူတွေအားလုံးကို ရှကျိုးယွီက အပြတ်အသတ် ထိန်းချုပ်ထားနိုင်မှန်း သူမ သဘောပေါက်သွားတော့၏။

'တော်ဝင်နန်းတော်ထဲမှာပဲထိုင်နေရင်း သိုင်းလောကက လူထောင်ချီကို ရှကျိုးယွီကထိန်းချုပ်နေခဲ့တယ်။ တစ်လတည်းနဲ့ကံကြမ္မာအမှတ်ကို ခြောက်ဆလောက်တက်သွားအောင် လုပ်နိုင်တယ်ဆိုတဲ့သတင်းက သူနဲ့တကယ်ပဲထိုက်တန်ပါတယ်။ ကြောက်ဖို့ကောင်းလိုက်တာ’

"မိန်းကလေးရဲ့ဝတ်စုံကိုကြည့်ရသလောက် တရှားတိုင်းပြည်က ဟုတ်ပုံမရဘူး၊ ဘယ်ကများလည်း ငါကိုယ်တော်သိချင်မိသား၊ ဝေ့တိုင်းပြည်ကလား?"

ရှကျိုးကတော့ ထိုမိန်းကလေးကို ရန်လိုမှုတစ်စုံတစ်ရာမပြသခဲ့ဘူး။ သူက ထိုအစား စိတ်လှုပ်ရှားစွာဖြင့် သူမကို စိုက်ကြည့်နေလေ၏။

အနီရောင်ဝတ်စုံနဲ့အမျိုးသမီးရဲ့ သိုင်းပညာကွန်ဖူးက တော်တော်လေးမြင့်တယ်ဆိုတာကို ရှကျိုးယွီ အာရုံခံလို့ရသည်။

အနည်းဆုံး ဒုတိယအဆင့်တော့ရှိသည်။ ဒီလောက်ငယ်တဲ့အရွယ်မှာ ဒုတိယအဆင့်ကိုရောက်နိုင်တယ်ဆိုမှတော့ သိသာနေပြီ။ ဒီမိန်းကလေးရဲ့နောက်ခံက မရိုးရှင်းဘူး။

ဒီလိုမိန်းမလှလေးမျိုးက ကောင်းကောင်းပျိုးထောင်ခံထားရတဲ့ပန်းတစ်ပွင့်လိုပဲ။ တသီးတသန့်နဲ့ လှပစွာဖြစ်တည်နေတဲ့ ပန်းမျိုးပေါ့။

ဒါပေမဲ့ ရှကျိုးယွီအနေနဲ့ အင်အားကြီး နောက်ခံရှိနေတာနဲ့ပဲ ကြောက်စရာလား? သေချာပေါက် သူမကြောက်ဘူး။

ရှကျိုးယွီအတွက်တော့ သူမက လမ်းလျှောက်နေတဲ့ရတနာတစ်ခုလိုပဲ။ သူမကိုသာ ဒေါသထွက်အောင်လုပ်နိုင်ခဲ့ရင် တိုင်းပြည်ရဲ့ကံကြမ္မာအမှတ်ကို ဖျက်ဆီးနိုင်မလား သူသိချင်နေခဲ့သည်။

ဖျက်ဆီးနိုင်ခဲ့ရင်တော့ ကိစ္စကောင်းပဲ မဟုတ်လား?

ဒီကောင်မလေးရဲ့ အရင်ပစ်မှတ်ဖြစ်တဲ့ လီဖူကတော့ ခေါင်းမာပြီး ထိန်းချုပ်မှုပြင်းသည်။

ဒါပေမယ့် ဒီကောင်မလေးကိုတော့ လီဖူလိုမျိုး ဒေါသနည်းမယ်လို့ သူ မယုံဘူး။

ဒါကြောင့် ရှကျိုးယွီက ပြောနေရင်းနဲ့ သူမရဲ့ခံစားချက်တွေကို အဓိပ္ပာယ်ဖတ် နေခဲ့သည်။

သူ့ရဲ့မျက်လုံးထဲမှာပါ ထိန်းသိမ်းမှုတချို့ကို သယ်ဆောင်ထားလေ၏။

"မင်းမှာ မျက်နှာလှလှလေးရှိတာပဲ၊ အင်း၊ ခန္ဓာကိုယ်လဲလှတယ်… ကျွတ်ကျွတ်ကျွတ်၊ ငါကိုယ်တော်ရဲ့ နန်းတော်ထဲကို ဒီလောက်နောက်ကျတဲ့အချိန်မှ ဝင်လာခဲ့တာ..ဘာလဲ? ငါကိုယ်တော့်ကို မျှော်လင့်နေလို့လား? ရပါတယ် ယဉ်ကျေးမနေပါနဲ့ မင်းဘယ်သူလဲ ဆိုတာကိုသာပြောပြလိုက်၊ ငါကိုယ်တော်မင်းကို ကိုယ်လုပ်တော်အနေနဲ့ယူပေးရလည်း ကိစ္စမရှိဘူး"

ရှကျိုးယွီက ပုံမှန်လိုပြောလိုက်သည်။

သူက ရည်ရွယ်ချက်ရှိရှိနဲ့ ထိုကောင်မလေးရဲ့ခံစားချက်တွေကို တုံ့ပြန်လာအောင်လုပ်နေခဲ့တာပဲ။

သူမဘက်က အမှားတစ်ခုခုလုပ်လာဖို့အတွက် လမ်းစဖော်နေခဲ့တာ။

ဒါပေမဲ့ ထိုမိန်းကလေးက ရှကျိုးယွီရဲ့စကားတွေကိုကြားပေမဲ့ ဒေါသမထွက်ခဲ့ဘူး၊ ထိုအစားသူမက ရယ်လိုက်လေကာ၊

"ငါဘယ်ကလဲဆိုတာ အဲဒီလောက်စိတ်ပူမနေနဲ့၊ အပြင်မှာသူများတွေပြောနေတဲ့ ရှကျိုးယွီက ဘယ်လောက်တောင်အင်အားကြီးပြီး ဘယ်လောက်တောင်ဉာဏ်ပညာများလဲဆိုတာသိချင်လို့ ငါလာခဲ့တာပဲ"

ထို့နောက်မှာ ထိုမိန်းကလေးက စကားပြောနေတာရပ်လိုက်ပြီး ရှကျိုးယွီကိုစိုက်ကြည့်လိုက်သည်။

ရှကျိုးယွီ မနေနိုင်စွာပြုံးသွားပြီး၊

"အို ဟုတ်လား? ငါကိုယ်တော်က အဲ့လောက်ထိနာမည်ကြီးမယ် မှန်းမသိခဲ့ဘူး၊ ဒါကလည်း မင်းငါ့ကိုတွေ့ချင်တယ်လို့ ဆိုလိုတာပဲမလား? ဘာလို့ငြင်းနေတာလဲ?"

ရှကျိုးယွီက ပြောနေရင်းနဲ့ ရှေ့တစ်လှမ်းတိုးလိုက်သည်။ မိဖုရား ဖူယွဲ့ကို သူ့ရဲ့ခန္ဓာကိုယ်နဲ့ ပိတ်ပင်လိုက်သည်။

ရှကျိုးရဲ့အပြုအမူက ပုံမှန်လို့ ထင်ရပေမယ့်... တကယ်တော့သူက ထိုမိန်းကလေးရဲ့လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းကို အသေးစိတ်စောင့်ကြည့်နေခဲ့သည်။

ထိုမိန်းကလေးက ရယ်လိုက်ကာ "သတင်းတွေထဲက အင်အားကြီးဘုရင်မှာ ဒီလိုမျိုးဖုံးကွယ်ထားတဲ့ဘက်ခြမ်းရှိမယ်လို့ ငါတစ်ခါမှမထင်ခဲ့မိဘူး"

ပြောပြီးတာနဲ့ ထိုကောင်မလေးက ရှကျိုးယွီကို အချိန်အကြာကြီးစိုက်ကြည့်နေခဲ့သည်။ ထို့နောက်မှာ သူမကဆက်ပြောလိုက်သည်။

"ကြည့်ရတာ ငါအတွေးလွန်ခဲ့တာနဲ့တူတယ်"

"တရှားတိုင်းပြည်ရဲ့ဘုရင်က ရဲရင့်သလို ဉာဏ်လည်းကောင်းတာပဲ၊ ငါတကယ်ပဲလေးစားမိသွားပြီ"

"ဒါပေမဲ့ နားမလည်နိုင်တာတစ်ခုက ဘာလို့နင်က ငါ့ရဲ့ခံစားချက်တွေကို သေချာဒေါသထွက်အောင် လုပ်နေတာလဲ? ဘာရည်ရွယ်ချက်ရှိလို့လဲ?"

ရှကျိုးယွီ အံ့ဩသွားတော့သည်။

သူ့ရဲ့အစီအစဉ်ကို ထိုမိန်းကလေးသိနေမယ်လို့ ထင်မထားမိဘူး။

ဒါပေမယ့် ရှကျိုးယွီက ဒီလောက်နဲ့ မဖြုံပေ။ ထိုအစား ပြန်စိုက်ကြည့်လိုက်ကာ

"ဟုတ်လား?"

ရှကျိုးယွီ အရှေ့ကမိန်းကလေးကို အထက်အောက်သေချာအကဲခတ်လိုက်သည်။ ဒါကိုမြင်တော့ ထိုမိန်းကလေးကပြောလိုက်တော့သည်။

"မှန်းကြည့်ပါရစေ၊ ဖြစ်နိုင်တာ အရှင်မင်းကြီးက ငါ့ရဲ့သရုပ်မှန်ကိုသိ နေတာလား? ဒါပေမဲ့ပြောရရင် အဲ့ဒါက မဖြစ်နိုင်ဘူး”

ထိုမိန်းကလေးက ပြောပြီးတာနဲ့ ချက်ချင်းပဲငြင်းချက်ထုတ်လိုက်သည်။ ရှကျိုးယွီကိုစိုက်ကြည့်ကာ ပြုံးပြလိုက်ပြီး၊

"ဒါဆိုရင် အရှင်မင်းကြီးက ရည်ရွယ်ချက်ရှိရှိနဲ့ ငါ့ကို ရန်စနေခဲ့တာပေါ့?"

ဒါပေမဲ့ ပြောပြီးတာနဲ့ ထိုမိန်းကလေးက ခေါင်းရမ်းလိုက်ပြန်ကာ၊

"ဒါတော့မဟုတ်သေးဘူးလေ၊ အရှင်မင်းကြီးတစ်ယောက်အနေနဲ့ တိုင်းပြည်ကိုဒီလိုမျိုး ရန်သူတွေ ပိုတိုး လာအောင်မဖန်တီးသင့်ဘူး၊ ဒါမှမဟုတ် အရှင်မင်းကြီးမှာ ငါ ဒေါသနဲ့ တုံ့ပြန်လာရင်တောင်မှ ပြန်ခုခံနိုင်တဲ့ နောက်ခံတစ်ခုခုရှိနေလို့လား? ဒါပေမဲ့ငါ ဒေါသထွက်လာရင် အရှင်မင်းကြီး ဘာရမှာမလို့လဲ?"

“ အင်းပါ။ နင့်ရဲ့ရည်ရွယ်ချက်ကို နားမလည်ဘူးဆိုတာ ဝန်ခံလိုက်ပြီ၊ တရှားတိုင်းပြည်ကိုတော့ ငါပိုပိုပြီး စိတ်ဝင်စားလာပြီပဲ"

ထိုမိန်းကလေးက ရယ်လိုက်တော့သည်။

သူမရဲ့စကားတွေကြောင့် ရှကျိုးယွီရဲ့ မျက်လုံးတွေလည်း အနည်းငယ် တောက်ပလာတော့သည်။

'ဒီကောင်မလေးက တကယ်ကိုမယုံနိုင်စရာကောင်းလိုက်တာ’

ထိုအချိန်မှာ သူတွေးမိသွားခဲ့သည်။ သူမရဲ့နောက်ခံကသာ တကယ်ပဲ ထိတ်လန့်စရာကောင်းနေမယ်ဆိုရင်… သူမရဲ့စကားတွေကို နားလည်ပေးလို့ရပြီ။

ရှကျိုးယွီကလည်း နူးညံ့စွာပြုံးလိုက်ကာ၊

"မင်းကို ဒေါသထွက်အောင်လုပ်တယ်တဲ့လား? မဟုတ်ဘူး မဟုတ်ဘူး၊ မင်းလိုမျိုးလူတစ်ယောက်ကို ငါအရှင်ကဘာကိစ္စ ဒေါသထွက်အောင်လုပ်နေရမှာလဲ?"

"ဒီနေရာက ဘယ်နေရာလဲမင်းသိလား? ဒါက ငါကိုယ်တော်ရဲ့နန်းတော်ပဲ၊ ခွင့်ပြုချက်မရှိဘဲဝင်ရောက်တာက ပြစ်မှုကျူးလွန်တာပဲဆိုတာ ငါကိုယ်တော်ပြောစရာမလိုလည်း မင်းသိတယ်မလား?"

ရှကျိုးယွီ ရယ်လိုက်၏။ သူ့ရဲ့မျက်လုံးထဲမှာ တွန့်ဆုတ်မှုတစ်စုံတစ်ရာမရှိဘူး။

သူက မျက်စိရှေ့ကအနီရောင်မိန်းကလေးကို အေးစက်စွာဖြင့် စိုက်ကြည့်နေ၏။

ထိုမိန်းကလေး အနည်းငယ်အံ့ဩသွားတော့သည်။ သူမရဲ့တည်ငြိမ်တဲ့ဟန်ပန်ပင် အနည်းငယ်ပုံပျက်သွားသလိုပဲ။

“နင်..”

"ဖြေမနေပါနဲ့ မင်းမှာဆင်ခြေပေါင်း တစ်သောင်းလောက်ရှိမယ်ဆိုတာ ငါအရှင်သိပြီးသား၊ လူတိုင်းဆင်ခြေရှာတတ်တယ်"

ရှကျိုးယွီက ပြောပြီးတာနဲ့ မျက်နှာကိုမဲ့လိုက်သည်။

'ကောင်မလေး မင်းကငါနဲ့တိုက်ခိုက်ဖို့အတွက် အရမ်းငယ်လွန်းနေတယ်’

'ပေါက်ကွဲပြီမလား?'

'ကောင်းတယ်၊ ဒေါသထွက်ပစ်လိုက်၊ လုပ်ပစ်လိုက်!’

'မင်းရဲ့နောက်ခံက ကြီးလေလေ မင်းပိုဒေါသထွက်သင့်လေလေပဲ၊ အဲဒါမှ ကံကြမ္မာအမှတ်တွေအများကြီးလျော့မှာ!’

All Chapters