ဘာမှ ပြောစရာမရှိဘူး
Vol. 6 Ch. 81
"ဒါဆိုရင် ကျွန်မ ဘာပြောပြော အသုံးမဝင်ဘူးပေါ့"
အနီရောင်မိန်းကလေးက ဒေါသထွက်ရမည့်အစား ပြုံးကာ ရှကျိုးယွီကို ကြည့်လိုက်သည်။
"ပြောရမယ်ဆိုရင်တော့ အဲ့တာအမှန်ပဲ၊ ဒီတရှားတိုင်းပြည်မှာ ငါကိုယ်တော်ကသာ ရှင်ဘုရင်ပဲ"
ရှကျိုးယွီရဲ့စကားသံ ဆုံးတာနဲ့
အရှိန်အဝါတစ်မျိုး ထွက်ပေါ်လာတော့သည်။
ထိုအင်အားကြီး ရှင်ဘုရင်တစ်ယောက်ရဲ့ အရှိန်အဝါက အလွန်အထင်ကြီးဖို့ကောင်းသည်။
ထိုမိန်းကလေး အနည်းငယ်တွန့်ဆုတ်သွားတော့သည်။
'တရှားတိုင်းပြည်ရဲ့ ရှင်ဘုရင်တဲ့လား၊ ရဲတင်းလိုက်တဲ့ အပြောအဆိုပဲ’
'ဒီရှကျိုးယွီက တကယ်ပဲ ပြောထွက်ရဲတယ်’
'မဖွံ့ဖြိုးတဲ့တိုင်းပြည်မှာ ပညာမတတ်တဲ့လူတွေရှိတတ်တယ် ဆိုတဲ့စကားက အမှန်ပဲကိုး’
'အပြုအမူက ကျိုးကြောင်းကိုမသင့်ဘူး!’
"အရှင်မင်းကြီးက အခုလိုမျိုးရန်စနေတာ ငါနေရာတင် ချက်ချင်းသတ်ပစ်လိုက်မှာကို မကြောက်ဘူးလား?"
ထိုမိန်းကလေးက ထပ်မေးလိုက်သည်။
သူမရဲ့ မျက်လုံးထဲမှာ လူသတ်အရိပ်အငွေ့တို့ ဝင်ရောက်လာတော့၏။
"အရှင်မင်းကြီး သတိထားပါ"
ဖူယွဲ့မနေနိုင်စွာ အရှေ့ တိုးလိုက်သည်။ ဒါပေမယ့် ရှကျိုးယွီက သူမကိုကာလိုက်သည်။
"ရတယ် စိတ်မပူနဲ့"
ထို့နောက်မှာ ရှကျိုးယွီက အနီရောင်မိန်းကလေးကို ပြန်ကြည့်လိုက်သည်။
သူ့ရဲ့အကြည့်ထဲမှာ အသနားခံခြင်းရော၊ တစ်ဖက်သားကို အထင်သေးခြင်းမျိုးရော မရှိဘူး။
"မင်းငါ့ကို သတ်ချင်တယ်ဆိုလည်း အရှေ့တိုးပြီး ကြိုးစားကြည့်လေ! "
ရှကျိုးယွီက မောက်မာနေတာမဟုတ်ဘူး၊ ဒီအနီရောင် မိန်းကလေးရဲ့ ကျင့်ကြံမှုက အဆင့်နှစ်ပဲ ရှိသေးသည်။
ဒါပေမယ့် ရှိကျိုးယွီက ပထမအဆင့် သိုင်းနတ်ဘုရားကိုတောင် ကျော်လွန်ခဲ့ပြီးပြီ။
ဒီလိုကျင့်ကြံမှု အထောက်အပံ့မျိုး ရှိထားမှတော့ ဒီမိန်းကလေး မပြောနဲ့… လီဖူ လာခဲ့ရင်တောင်မှ ဘယ်သူမှ သူ့ကိုသတ်နိုင်မှာမဟုတ်ဘူး။
ဒါကယုံကြည်မှုပဲ။
သူ့ရဲ့ယုံကြည်မှုက သူ့ရဲ့ သန်မာမှုပဲ။
ဒါပေမယ့် ထိုစကားလုံးတွေကို အနီရောင်မိန်းကလေးကြားတဲ့အခါမှာ မတူညီတဲ့အမြင်တစ်ခု ဖြစ်ပေါ်သွားခဲ့သည်။
သူမက အံသြမှုတချို့နဲ့ ရှကျိုးယွီကို စိုက်ကြည့်လိုက်သည်။ ထို့နောက်မှ ရှကျိုးယွီရဲ့ ကာကွယ်ပေးခံထားရတဲ့ ဖူယွဲ့ကို လှမ်းကြည့်လိုက်သည်။
ထိုမိန်းကလေး ပြုံးသွားကာ
"အရှင်မင်းကြီးမှာ သေချာပေါက် ကျောထောက်နောက်ခံတစ်ယောက်ယောက် ရှိနေပုံပဲ၊ ထားလိုက်ပါတော့ ဘယ်လိုပဲဆိုဆို ငါဒီနေ့ အရှင်မင်းကြီးကို သတ်ဖို့လာခဲ့တာမှ မဟုတ်တာ”
“ပြီးတော့ စကားပြောနေရင်းလည်း အချိန်ဖြုန်းမနေချင်ဘူး”
“ငါ ဒီကိုရောက်လာခဲ့တာက အပေးအယူတစ်ခုကို ဆွေးနွေးချင်လို့ပဲ"
"အပေးအယူလား?"
ရှကျိုးယွီအနည်းငယ် အံ့သြသွားခဲ့သည်။ ဒီမိန်းကလေးရဲ့ နောက်ခံက ထူးခြားပြီး ကျင့်ကြံမှုလည်း မြင့်သည်။
ပြောရမယ်ဆိုရင် သူမအနေနဲ့ တရှားလို သေးငယ်တဲ့တိုင်းပြည်တစ်ခုက ရှင်ဘုရင်နဲ့ ပူးပေါင်းစရာအကြောင်း မရှိဘူး။
တစ်ခုခုတော့ လွဲနေပြီ။
'သူမဘာတွေကြံစည်နေတာလဲ?’
'မင်းရဲ့မျက်နှာဖုံးကို ငါဘယ်လိုမျိုး ခွာချရမလဲ?’
"ငါကိုယ်တော် ဘယ်အပေးအယူကိုမှ စိတ်မဝင်စားဘူး"
"မင်းက ညဘက်ကြီး ငါကိုယ်တော်ရဲ့ နန်းဆောင်ထဲကို ခိုးဝင်တယ်။ ငါကိုယ်တော် အနားယူတာကို နှောက်ယှက်ခဲ့တယ်၊ ဒီကိစ္စကိုတောင် အရေးမယူရသေးဘူး၊ ကောင်းမွန်တဲ့ စကားဝိုင်းတစ်ခုရဖို့ မျှော်လင့်မနေနဲ့"
ထိုမိန်းကလေးကို စိုက်ကြည့်ကာ ရှကျိုးယွီတည်ငြိမ်စွာ ပြောလိုက်သည်။
သူ့ရဲ့အပြုအမူထဲမှာ ယဥ်ကျေးမှုတစ်စက်လေးမှ မရှိဘူး၊ သူအနည်းငယ်တောင် ဒေါသထွက်နေသေးသည်။
ဒါကိုမြင်တော့ ထိုမိန်းကလေးက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"အရှင်မင်းကြီး အလောတကြီး အရေးယူဖို့ လုပ်မနေပါနဲ့၊ အရှင်မင်းကြီး ရေခဲပုစဥ်းကို လျှို့ဝှက်ပြီး ရှာဖွေနေတာ သိထားတယ်”
“သိုင်းလောကရဲ့ လူထောင်ချီပြီးတော့ကိုတောင်မှ နဂါးနှင်းတောင်ကို သွားပြီး ရှာခိုင်းထားတာမလား?”
“ဒါပေမယ့် တစ်ခုတော့သိထားဖို့ လိုတယ်နော်၊ နဂါးနှင်းတောင်ပေါ်မှာ တကယ်ပဲ ရေခဲပုစဥ်း ရှိနေရင်တောင်မှ အဲ့ဒီလူတစ်ထောင်လုံးက ရှာနိုင်မှာမလို့လား?"
“တကယ်လို့ အရှင်မင်းကြီးသာ ကျွန်တော်မျိုးမနဲ့ ပူးပေါင်းဖို့ သဘောတူမယ်ဆိုရင် ရေခဲပုစဥ်းကို ရှာနိုင်မယ့်နည်းလမ်း ပြောပြပေးမယ်၊ ဘယ်လိုသဘောရလဲ?"
ထိုအနီရောင် မိန်းကလေး ထင်ထားခဲ့သည်က ရေခဲပုစဥ်းအကြောင်း ပြောလိုက်တာနဲ့ ရှကျိုးယွီ စိတ်လှုပ်ရှားလာမယ်လို့ပင်။
သူချက်ချင်း သဘောတူလာလိမ့်မယ်လို့ ထိုမိန်းကလေး ထင်ထားခဲ့သည်။
သူမတို့စုံစမ်းခဲ့ရသလောက် ရှကျိုးယွီက ရေခဲပုစဥ်းကို အလွန် လိုချင်နေသည်လေ။
ဒါကြောင့် သူမက ယုံကြည်မှုရှိစွာဖြင့် ရှကျိုးယွီကို စိုက်ကြည့်ကာ ပြောလိုက်လေသည်။
တကယ်ပဲ ရေခဲပုစဥ်းအကြောင်းကို ပြောလိုက်တဲ့အချိန်မှာ ရှကျိုးယွီရဲ့ မျက်လုံးတွေ အနည်းငယ်လှုပ်ရှားသွားတာကို ထိုမိန်းကလေး သတိထားမိသွားသည်။
ဒါကြောင့် ရှုကျိုးယွီဘက်က သဘောတူလာမည်ဟု သူမအတည်မှတ်လိုက်တာပေါ့။
ထိုအချိန်မှာပဲ ရှကျိုးယွီရုတ်တရက် အော်လိုက်ကာ
"မင်းဘယ်လိုတောင် လုပ်ရဲတာလဲ!"
"ငါကိုယ်တော်ကို ဘယ်သူထင်နေလဲ? ဒီနေရာကို ဘယ်နေရာထင်နေလဲ?!”
“ရေခဲပုစဥ်းလေးအတွက်နဲ့ ငါကိုယ်တော်က စည်းမျဥ်းတွေကိုဖောက်ဖျက်မယ်လို့ ထင်နေသလား?"
"ငါသေချာပေါက် ပြောလိုက်မယ်၊ တရှားတိုင်းပြည်က မင်းနဲ့ဘယ်တော့မှ ပူးပေါင်းမှာမဟုတ်ဘူး"
တခါတည်း ရှကျိုးယွီက ပြတ်သားစွာ ပြောလိုက်သည်။
"ငါကိုယ်တော် သေရင်တောင်မှ တရှားတိုင်းပြည်က မင်းနဲ့မပူးပေါင်းစေရဘူး!"
ထို့နောက်မှာ ဟိတ်ဟန်ပါပါဖြင့် မျက်နှာလွှဲလိုက်တော့သည်။
သူ့ရဲ့မျက်လုံးထဲမှာ ဒေါသတို့ပြည့်နှက်နေသည်။
ထိုမိန်းကလေး ရှုပ်ထွေးသွားတော့သည်။
'ဘာတွေဖြစ်နေတာလဲ?’
'အစောကပဲ ရေခဲပုစဥ်းရှာဖို့အတွက်နဲ့ လူတွေရော၊ ငွေတွေရော အများကြီး ဖြုန်းတီးခဲ့တာမဟုတ်ဘူးလား?’
'ဒါပေမယ့် ငါပြောလိုက်တော့ကျ ဘာလို့အရမ်းဒေါသထွက်နေရတာလဲ?’
'ငါ့ရဲ့အပေးအယူအတွက် ပျော်ရွင်ရမှာမဟုတ်ဘူးလား?’
'တကယ်ပဲ ဘယ်နေရာမှာ မှားသွားတာလဲ?’
'ရှကျိုးယွီက ဘယ်လိုလူမျိုးလဲ?’
ထိုမိန်းကလေး ရှုပ်ထွေးသွားခဲ့သည်၊ သူမ ပြောစရာစကား ပျောက်ဆုံးသွာတော့၏။
"???"
"သေချာလား?"
ထိုမိန်းကလေး မနေနိုင်စွာ အတည်ပြုလိုက်သည်။ သူမ ရှကျိုးယွီကို တည်တံ့စွာဖြင့် စိုက်ကြည့်နေလိုက်သည်။
"သေချာတယ်!"
"သွားတော့ ငါပင်ပန်းနေပြီ၊ မင်းနန်းတော်ထဲ ခိုးဝင်ခဲ့တာကို ငါကိုယ်တော် ဘာမှမဖြစ်သလို သဘောထားပေးမယ်၊ ဒါကြောင့် ချက်ချင်း ထွက်သွားတော့!"
ပြောပြီးတာနဲ့ ရှကျိူးယွီအနောက်ကို အနည်းငယ်မှီလိုက်တော့သည်။
ချက်ချင်းပဲ အခန်းထဲက လေထုက အလွန်သိပ်သည်းလာတော့သည်။
အနီရောင်မိန်းကလေးရဲ့ မျက်နှာကတော့ အမျိုးမျိုးပြောင်းလဲနေတော့သည်။ သူမ မတွေးနိုင်တော့ဘူး။
ထွက်သွားဖို့ကိုလည်း တွန့်ဆုတ်နေခဲ့သည်။
ရှကျိုးယွီရဲ့ မပြောင်းလဲတဲ့ မျက်နှာထားကိုမြင်တော့ ထိုမိန်းကလေး မနေနိုင်စွာမေးခွန်းထပ် ထုတ်ဖို့ ပြင်လိုက်သည်။
ဒါပေမယ့် ထိုအချိန်မှာ နန်းတော်အပြင်ဘက်က အသံကိုကြားလိုက်ရလေ၏….
"လုပ်ကြံသူကို ဖမ်းကြ!!”
“ဟိုမှာ ဖမ်းကြ!"
အပြင်ဘက်က ဆူညံသံတွေ ဝင်ရောက်လာမှုကြောင့် အခြေအနေက ပြောင်းလဲသွားတော့သည်။
ဖူယွဲ့နန်းဆောင်အနားကို ခြေသံတွေက နီးသထက် နီးလာခဲ့ပြီး….
"လုပ်ကြံသူက ဖူယွဲ့နန်းဆောင်ဘက်ကို ဦးတည်သွားတယ်"
"ငါတို့ချက်ချင်း ဖမ်းရမယ်"
"လိုက်ကြဟေ့ လိုက်ကြ!"
ခြေသံတွေက ပိုပိုပြီးကျယ်လာတော့သည်။
ထိုအသံတွေကြောင့် ရှကျိုးယွီ မနေနိုင်နိုင်စွာ မျက်မှောင်ကြုတ်သွားသည်။
အပြင်ဘက်ကို လှမ်းကြည့်လိုက်လေကာ
"မင်းတစ်ယောက်ယောက် ခေါ်လာသေးလား?"
ရှကျိုးယွီအရှေ့က အနီရောင်မိန်းကလေးကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ထိုမိန်းကလေးလည်း တော်တော်အံ့သြသွားပုံပဲ။
ရှကျိုးယွီရဲ့ ဒေါသထွက်နေတဲ့ အရှိန်အဝါကို ရင်ဆိုင်လိုက်ရတော့ သူမဘယ်လို တုံ့ပြန်ရမလဲ မသိတော့ပေ။
အဆက်မပြတ် ခေါင်းငြိမ့်လိုက်လေကာ
"ဟုတ်...ဟုတ်တယ် အဲ့တာက ငါ့ရဲ့ အစေခံ!"
ရှကျိုးယွီခေါင်းရမ်းလိုက်ပြီး
"အစေခံ ဟုတ်လား? ဘယ်လိုတောင်လုပ်ရဲတာလဲ? ငါကိုယ်တော်ရဲ့ နန်းတော်ကို မင်းရဲ့အနောက်ခြံထင်နေလား?!"
ထိုမိန်းကလေးဘာမှ ပြန်မပြောနိုင်ခင်မှာပဲ အဖြူရောင်ပုံရိပ်တစ်ခုက နန်းတော်ထဲကို ဝင်ပြေးလာခဲ့သည်။
ထိုပုံရိပ်က အနီရောင်မိန်းကလေးရဲ့ အရှေ့မှာရပ်သွားပြီး အရိုအသေပေးလိုက်သည်။
"သခင် ကျွန်တော်မျိုးမ ရှာတွေ့ခဲ့ပြီ"
တချိန်တည်းမှာပဲ ကျောက်ကောင်းရဲ့ အသံကိုကြားလိုက်ရသည်။
"အရှင်မင်းကြီး နန်းတော်နားမှာ အဖြူရောင်ဝတ်စုံနဲ့ မိန်းကလေးတစ်ယောက် သွားလာနေပါတယ်”
“အခုအရှင်မင်းကြီးရဲ့ အိပ်ဆောင်ထဲကို ဝင်ပြေးသွားပုံရတယ်"
"အရှင်မင်းကြီး?"
"?"
"အရှင်မင်းကြီး?"
ကျောက်ကောင်း အကြိမ်ရေတချို့ ခေါ်ကြည့်လိုက်သည်။ တုံ့ပြန်သံမကြားရတာမလို့ ချက်ချင်းပဲ လူလက်တစ်ဖက် ယမ်းပြလိုက်သည်။
အပြင်ဘက်က ခြေသံတချို့ကို ထွက်ပေါ်အပြီးမှာ….
လျင်မြန်စွာနဲ့ ဖူယွဲ့နန်းဆောင်ရဲ့ ပတ်ပတ်လည်ကို တောင်ဝင်အစောင့်တွေက ဝိုင်းလိုက်တော့၏။
အစောင့်တစ်ယောက်ချင်းစီရဲ့ လက်ထဲမှာ ဓားရှည်တွေ ကိုင်ဆောင်ထားပြီး နန်းဆောင်အတွင်းကို ကြောက်မက်ဖွယ်ကောင်းစွာ စိုက်ကြည့်နေကြသည်။
ထိုအချိန်မှာပဲ ရှကျိုးယွီ၏အသံ ထွက်လာခဲ့သည်။
"ငါကိုယ်တော် အဆင်ပြေတယ် မင်းတို့အားလုံးသွားတော့!"
ထိုအခါမှ ကျောက်ကောင်း စိတ်သက်သာစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူလက်ရမ်းလိုက်တာနဲ့ ဝိုင်းထားတဲ့ တော်ဝင်အစောင့်တွေ အကုန်လုံး ချက်ချင်းပဲ သွားလိုက်တော့သည်။
"အရှင်မင်းကြီး ကျွန်တော်မျိုး ဝင်ခဲ့လို့ရမလား?"
ကျောက်ကောင်း အကဲစမ်းတဲ့အနေနဲ့ မေးလိုက်သည်။ ပြီးတာနဲ့ ရှကျိုးယွီရဲ့ အဖြေကိုတောင် မစောင့်တော့ဘဲ သူခြေလှမ်းအနည်းငယ် အရှေ့တိုးလိုက်သည်။