သူဘာလို့ ရယ်နေတာလဲ
Vol. 6 Ch. 82
"နန်းတော်အပြင်မှာစောင့်နေ"
ရှကျိုးယွီ ပုံမှန်လိုပြောလိုက်သည်။
ထိုစကားကြောင့် စိတ်သက်သာပြီး နေပြီဖြစ်သော ကျောက်ကောင်းရဲ့နှလုံးသားက ထပ်မံ အံ့ဩသွားရပြန်သည်။
ဖူယွဲ့နန်းဆောင်အရှေ့မှာ တောင့်တင်းစွာဖြင့် ရပ်နေတော့သည်။
ကျောက်ကောင်းရဲ့ နဖူးပြင်မှာလည်း ချွေးတွေစို့လာပြီပင်။
လေထုတစ်ခုလုံး အလွန်ပြင်းထန်လာတော့သည်။
သူရဲ့မျက်လုံးထဲမှာ အရှင်မင်းကြီးကို ဓားစာခံတွေက ဖမ်းဆီးထားမယ့် မြင်ကွင်းမျိုးကိုတောင် မြင်ယောင်နေမိပြီ။
'ငါဘာလုပ်ရမလဲ? ငါဘာလုပ်ရမလဲ?’
'ဒီကိစ္စမှာ တစ်ခုခုသာ အမှားအယွင်းဖြစ်သွားလို့ကတော့... ‘
ကျောက်ကောင်း တွေးလေလေ ပိုပြီးတော့ ထိတ်လန့်လာလေလေပဲ။
သူ့ရဲ့မျက်နှာတစ်ခုလုံး ဖြူဆုတ်သွားတော့သည်။
"အရှင်မင်းကြီး၊ ကျွန်တော်မျိုး စိုးရိမ်နေတုန်းပဲ၊ တစ်ချက်လောက်ဖြစ်ဖြစ် ကျွန်တော်မျိုးကို ကြည့်ခွင့်ပေးပါလား?"
ကျောက်ကောင်း စိတ်လှုပ်ရှားစွာပြောလိုက်သည်။
လုပ်ကြံသူက ဒီဖူယွဲ့နန်းဆောင်ထဲ ပြေးဝင်သွားတာကို သူ့မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရသည်။
အဲဒီလုပ်ကြံသူရဲ့ တည်ရှိမှုကို အာရုံခံလို့မရတော့ပေမယ့် သူ့ရဲ့အတွေးထဲမှာ ရှကျိုးယွီအဖမ်းခံရတဲ့ မြင်ကွင်းတွေနဲ့သာ ပြည့်နှက်နေတော့သည်။
ဖူယွဲ့နန်းဆောင်ကို ဒီတိုင်းထားထားမယ်ဆိုရင် တစ်ခုခုဆိုးရွားတာတွေ ဖြစ်လာလိမ့်မည်။
"ငါမင်းကို အပြင်မှာစောင့်နေလို့ မပြောဘူးလား? ငါအဆင်ပြေတယ်!"
ကျောက်ကောင်း အတင်းဝင်ရောက်တော့မယ့် အချိန်မှာပဲ ရှကျိုးယွီရဲ့အသံကို ထပ်ကြားလိုက်ရသည်။
ကျောက်ကောင်း ရှေ့ဆက်မတက်ရဲတော့ပေ။ ကူကယ်ရာမဲ့စွာဖြင့် အပြင်မှာပဲ ရပ်နေတော့သည်။
နန်းဆောင်ထဲမှာရှိတဲ့ ရှကျိုးယွီကတော့
အနည်းငယ် မျက်မှောင်ကြုတ်နေခဲ့သည်။
‘ ဘာလို့များ တစ်ယောက်ပြီးတစ်ယောက် နန်းတော်ထဲပဲ ခိုးဝင်လာနေရတာလဲ?’
'ငါ့နန်းတော်က အဲလောက် အဖိုးတန်မယ့်ပုံ ပေါက်နေလို့လား?’
'ဒါမှမဟုတ် ငါ့နန်းတော်ရဲ့ ကာကွယ်မှုကပဲ အရမ်းကို အားနည်းနေလို့လား?’
'ဟုတ်တယ်၊ တော်တော်လေး အားနည်းနေတာ။အနာဂတ်မှာ ဒီလို့အဖြစ်ခံလို့ မဖြစ်တော့ဘူး!’
ရှကျိုးယွီ တွေးလေလေ၊ သူရဲ့မျက်လုံးတွေက ပိုပြီးနက်ရှိုင်းလာတော့သည်။
သိပ်မဝေးတဲ့နေရာမှာ ရပ်နေတဲ့ မိန်းကလေးနှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။
ထိုမိန်းကလေးနှစ်ယောက်ကတော့ ရှကျိုးယွီကို လျစ်လျူရှုထားပြီး စကားပြောနေကြလေရဲ့။
သူတို့ရဲ့အမြင်မှာ ရှကျိုးယွီဆိုတာ ကျင့်ကြံမှုမရှိတဲ့ သာမန်လူတစ်ယောက်သာဖြစ်သည်။
ဒါကြောင့် သူမတို့ တစ်စက်မှမကြောက်မိဘူး။
အနီရောင်မိန်းကလေးက မေးလိုက်သည်။
"နင်ဘာဖြစ်နေတာလဲ? ငါနင့်ကို ဆေးလုံးစမ်းသပ်ခန်းထဲ မစုံစမ်းခိုင်းခဲ့ဘူးလား? ဘာလို့ ဂရုမစိုက်ရတာလဲ?"
အဖြူရောင်မိန်းကလေးက ချက်ချင်းပဲ ဖြေလိုက်သည်။
"မဟုတ်ဘူး သခင်၊ ကျွန်တော်မျိုးမ တကယ်ပဲ ဆေးလုံးစမ်းသပ်ခန်းထဲကို ဝင်ခဲ့နိုင်တယ်။ ကျွန်တော်မျိုးမ ဘာရှာတွေ့ခဲ့တယ်ထင်လဲ?"
အနီရောင်မိန်းကလေး အနည်းငယ် အံ့ဩသွားကာ…..
"နင်ဘာတွေ့ခဲ့လို့လဲ?"
အဖြူရောင်မိန်းကလေးက မပြောခင် အရင် အသက်တစ်ချက် ရှုသွင်းလိုက်ပြီးမှ တည်တံ့စွာပြောလိုက်သည်။
"ရွှမ်ထန်းနယ်မြေကြီးရဲ့ မြင့်မြတ်ပစ္စည်းဖြစ်တဲ့ မြွေကိုးကောင်မီးပေါင်းဖိုပဲ!"
"မဖြစ်နိုင်တာ!!! ဘယ်လိုလုပ် အဲလို မြင့်မြတ်ပစ္စည်းက တရှားတိုင်းပြည်မှာ ရှိနေမှာလဲ?"
"ဘယ်မှာလဲ၊ အဲဒီဟာ? နင်ယူလာခဲ့လား? ငါကြည့်မယ်!"
အနီရောင်မိန်းကလေးက အလောတကြီးပြောလိုက်သည်။ သူမရဲ့အသံထဲမှာ ထိတ်လန့်မှုတွေ ပြည့်နေခဲ့သည်။
ဒါပေမယ့် အဖြူရောင်မိန်းကလေးက ရိုးရှင်းစွာပဲ ပြန်ပြောလိုက်တော့သည်။
"ကျွန်မ တကယ်ပဲ ယူလာချင်ခဲ့တယ်၊ ဒါပေမယ့် ထိလိုက်တဲ့အချိန်မှာ အဲဒီမီးပေါင်းဖိုက တရှားတိုင်းပြည်ရဲ့ကံကြမ္မာနဲ့ ဆက်နွယ်ထားသလိုမျိုး ခံစားလိုက်ရတယ်။ မသိရင် မသိရင်…"
"မသိရင် ဘာဖြစ်သလဲ?"
အနီရောင်မိန်းကလေးက စိတ်မရှည်စွာ မေးလိုက်တော့သည်။
"မသိရင် တရှားတိုင်းပြည်ရဲ့ ကိုယ်ပိုင်ရတနာတစ်ခုလိုမျိုးပဲ!"
အဖြူရောင်အမျိုးသမီးက အတည်ပေါက် ရှင်းပြလိုက်လေသည်။
ထို့နောက်မှာ သူမက ရှကျိုးယွီကို တစ်ဆက်တည်း လှည့်ကြည့်လိုက်သည်။
"သူတို့ ဘယ်လိုများလုပ်လိုက်လို့ ဒီမြွေကိုးကောင်မီးပေါင်းဖိုက တိုင်းပြည်ရဲ့ ကိုယ်ပိုင်ရတနာတစ်ခုအဖြစ် ပြောင်းလဲသွားလဲဆိုတာကို ကျွန်မ တကယ်မသိဘူး။ ဒါပေမယ့် ကျွန်မတို့ ဒီမီးပေါင်းဖိုကို ယူသွားချင်တယ်ဆိုရင် တစ်ခုတည်းသောနည်းလမ်းက..."
ထိုမိန်းကလေးက ပြောနေတာရပ်သွားပြီး ရှကျိုးယွီကို ထပ်ကြည့်လိုက်သည်။
ဒါပေမယ့် အနီရောင်မိန်းကလေးက ပြောလိုက်တော့သည်။
"နင်ပြောချင်တာသာ ပြောပစ်လိုက်၊ ဘာမှမဖြစ်ဘူး"
ထိုအချိန်မှသာ ထိုမိန်းကလေးက စကားဆက်တော့သည်။
"တရှားတိုင်းပြည်ကို ဖျက်ဆီးပစ်မှရမယ်"
"တရှားတိုင်းပြည်ကို ဖျက်ဆီးရမယ်? ဟုတ်လား?"
အနီရောင်မိန်းကလေးရဲ့ အနေအထားက ချက်ချင်းခက်ခဲသွားပုံပဲ။
ရှကျိုးယွီရဲ့ အနောက်မှာရှိနေတဲ့ ဖူယွဲ့လည်း ထိတ်လန့်သွားတော့သည်။ သူမရဲ့မျက်နှာပင် ဖြူဖျော့သွားလေ၏။
ဒါပေမယ့် ရှကျိုးယွီကတော့ ပျော်ရွှင်သွားတော့သည်။
'ဟ၊ မိုက်လှချည်လား!’
'အဲ့ဒီမီးပေါင်းဖိုက အရမ်းအင်အားကြီးတာပဲ။
သေးငယ်တဲ့ မီးပေါင်းဖိုတစ်ခုကတောင် တရှားတိုင်းပြည်ကို ဖျက်ဆီးပစ်နိုင်တယ်လား? ဟားဟား’
'ဒီလိုဆိုမှတော့ ငါဘာကိစ္စ အပင်ပန်းခံပြီး ကံကြမ္မာအမှတ်ကို တိုက်ခိုက်နေရမှာလဲ?’
'ဒီသတင်းကို လူတွေသိသွားအောင်လုပ်လိုက်ရင် ပိုမလွယ်ဘူးလား?’
'မဟုတ်သေးဘူး၊ မဟုတ်သေးဘူး။ အဲဒါလည်း အလုပ်မဖြစ်လောက်ဘူး’
'ဒီကောင်မလေးရဲ့နောက်ခံက မရိုးရှင်းဘူး။ သူမ သိသွားပြီဆိုမှတော့ ကျန်တဲ့လူတွေလည်း သိသွားဖို့ အချိန်ကြာတော့မှာ မဟုတ်ဘူး’
'ဒါဆိုရင် ငါလုပ်စရာမလိုဘဲနဲ့ သတင်းက အလိုလို ပျံ့သွားလိမ့်မယ်။ အဲဒီအချိန်ကျရင်တော့... ‘
ရှကျိုးယွီ မနေနိုင်စွာ ပြုံးမိသွားသည်။
ထိုအပြုံးက ချက်ချင်းပဲ အနီရောင်မိန်းကလေးရဲ့ အာရုံကို ဆွဲဆောင် သွားလေတော့သည်။
'သူပြုံးနေတာလား?’
'နေဦး၊ သူဘာလို့ ပြုံးနေတာလဲ?’
'ဒီလိုစကားမျိုး ကြားလိုက်ရရင် အရမ်းဒေါသထွက်နေရမှာလေ’
'သူဟန်ဆောင်နေတာလား? ဒါဆိုရင် ဒီရှကျိုးယွီက ငါတို့လာမယ်ဆိုတာကိုပါ သိနေတာလား?!’
‘ ဒါပေမယ့် သူ့ရဲ့ရည်ရွယ်ချက်က ဘာလဲ?’
'ဟုတ်ပြီ၊ သူက ဆေးလုံးစမ်းသပ်မှုနဲ့ ပတ်သက်တဲ့ သတင်းကို သေချာဖြန့်ခဲ့တာပဲ။ ငါတို့ကို မြှားခေါ်ခဲ့တာ’
'ငါတို့ရဲ့ စုံစမ်းမှုကို အသုံးပြုပြီးတော့ သူတို့ဆီမှာ မြွေကိုးကောင်မီးပေါင်းဖိုကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့ သတင်းကို အပြင်ကို ပေါက်ကြားစေချင်တာ’
'ငါတို့ရဲ့ အဆက်အသွယ်ကို အသုံးပြုပြီး သတင်းပေါက်ကြားစေချင်ရင်တောင်မှ တရှားတိုင်းပြည်အနေနဲ့ ဘာအကျိုးအမြတ် ရမှာမို့လို့လဲ?’
'နေဦး၊ ထျန်းချီတာဝါကတောင် ရှကျိုးယွီကို ကြောက်ရတယ်လို့ ကြားဖူးတယ်’
'ခုနကလဲ ရှကျိုးယွီ ငါတို့နဲ့ ရင်ဆိုင်နေချိန်မှာ သူရဲ့မျက်နှာက ကြောက်ရွံ့မှု တစ်စုံတစ်ရာမရှိဘူး’
'သူကမရိုးရှင်းဘူး!’
'ဆိုလိုတာက သူရဲ့နောက်ကွယ်မှာ သေချာတဲ့ လွတ်မြောက်မှုတစ်ခု ရှိနေလို့ပဲ!’
‘ မသိရင် ငါက မုဆိုးတစ်ကောင်လိုမျိုး ထင်ရပေမယ့် တကယ်မှာတော့ ငါကသားကောင်ဖြစ်နေတာလား?!’
'ဒါဆိုရင် အစောပိုင်းက ငါ့ရဲ့ဒေါသကို ဆွနေခဲ့တာလည်း ဒီမီးပေါင်းဖိုကို ရှာတွေ့စေချင်လို့ပေါ့?’
'သူက တစ်ဖက်ကနေ ငါ့ကို ဒေါသထွက်အောင် လုပ်ထားမယ်၊ အဲဒီအချိန်မှာ ငါ့ရဲ့အစေခံက သူတို့ဆီမှာ ဒီမီးပေါင်းဖို ပိုင်ဆိုင်ထားကြောင်းကို ရှာတွေ့ခဲ့မယ်’
'အဲဒီအချိန်မှာ ငါက ဒေါသတွေပေါက်ကွဲသွားပြီး ဒီသတင်းကို အပြင်လောကကို ဖြန့်ကျက်ပစ်လိုက်မယ်။ အဲဒါဆိုရင် သိုင်းလောကရဲ့ အင်အားကြီးပုဂ္ဂိုလ် အသီးသီးကို ဆွဲဆောင်မိသွားပြီး တရှားတိုင်းပြည်ကို ပျက်စီးစေမယ်မလား?’
ရှကျိုးယွီရဲ့ အစီအစဉ်ကို စဉ်းစားမိသွားသောအခါမှာ အနီရောင်မိန်းကလေး ထိတ်လန့်သွားတော့သည်။ သူမရဲ့ပတ်ပတ်လည်ကို စိတ်လှုပ်ရှားစွာဖြင့် စစ်ဆေးလိုက်သည်။
"သခင်၊ ဘာဖြစ်လို့လဲ?"
သခင်ဖြစ်သူရဲ့ မူမမှန်တဲ့ အပြုအမူကြောင့် အဖြူရောင်မိန်းကလေး မနေနိုင်စွာ မေးလိုက်တော့သည်။
ချက်ချင်းပဲ ရှကျိုးယွီရဲ့ မျက်နှာထားပေါ်က မူမမှန်မှုကို သူမလည်း သတိထားမိသွားတော့သည်။ သူမ မနေနိုင်စွာ ပြောလိုက်လေ၏။
"ဒီဘုရင်စုတ်က အခုအခြေအနေ ရောက်နေတာတောင်မှ ကြောက်ရွံ့ဟန်မပြဘူး။ အခုလိုမျိုး စိုက်ကြည့်နေရဲသေးတယ်၊ အရှက်မရှိလိုက်တာ။ ကျွန်မအခုပဲ သူ့ရဲ့မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်!"
ပြောပြီးတာနဲ့ အဖြူရောင်မိန်းကလေးက ဒေါသတကြီး အရှေ့ကို ပြေးဝင်သွားတော့သည်။
"ရွှမ်းအာ၊ မရိုင်းနဲ့!"
အနီရောင်မိန်းကလေးက အမြန်ပဲ တားမြစ်လိုက်သည်။ ထိုအချိန်မှသာ ရွှမ်းအာဆိုသော မိန်းကလေးလည်း ရပ်တန့်သွားလေ၏။
"သခင်"
ရွှမ်းအာရဲ့ ရှုပ်ထွေးနေတဲ့အကြည့်ကို လျစ်လျူရှုကာ အနီရောင်မိန်းကလေးက ရှကျိုးယွီကို ပြန်စိုက်ကြည့်လိုက်သည်။ ထို့နောက်မှာ ပြုံးလိုက်ပြီး
"တရှားတိုင်းပြည်ရဲ့ဘုရင်က တကယ့်ကို အတွက်အချက်တော်တာပဲ။ ကျွန်မမှန်းတာသာ မမှားဘူးဆိုရင် အရှင်မင်းကြီးရဲ့ လုံခြုံမှု အခြေအနေက မနိမ့်လောက်ဘူး။ ကျွန်တော်မျိုးမတို့နှစ်ယောက်လုံး ပူးပေါင်းပြီးတိုက်ရင်တောင်မှ သတ်ဖို့မလွယ်လောက်ဘူး၊ ဟုတ်တယ်မလား?"
ရှကျိုးယွီ အနည်းငယ် ဆွံ့အသွားတော့သည်။ သူ မဖြေကြားခဲ့ဘူး။
ဒါပေမယ့် သူရဲ့မျက်လုံးတွေက အဖြေကို ပြောကြားပေးနေသည်။ ပထမအဆင့် သိုင်းနတ်ဘုရားတစ်ယောက်အနေနဲ့ အရှေ့က မိန်းကလေးနှစ်ယောက် တကယ်ပဲ တိုက်ခိုက်လာတယ်ဆိုရင်တော်မှ သူ့အနေနဲ့ အလွယ်တကူလေး ဖြေရှင်းလိုက်နိုင်တာ သိသာသည်။
ရှကျိုးယွီရဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အပြုအမူကိုမြင်တော့ အနီရောင်မိန်းကလေး စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။
‘ကြည့်ရတာ သူမမှန်းတာ မှန်သွားပုံပဲ’
'အစကနေအဆုံးထိ သူမတို့တွေက ရှကျိုးယွီရဲ့ အကြံအစည်ထဲမှာ ပိတ်မိနေခဲ့ရတာ’
'ပြောရရင် ရှကျိုးယွီဆီမှာ ကစားခံနေရတာပဲ’
'သူမတို့ ဒီတရှားနန်းတော်ထဲ ဝင်ရောက်လာခဲ့တာတောင်မှ ရှကျိုးယွီရဲ့ အစီအစဉ်တွေ ဖြစ်မယ်လို့ ထင်မိတယ်။ သိုင်းလောကက အခြေအနေတွေကို အသုံးပြုပြီး သူမတို့တွေကို နန်းတော်ထဲ ဝင်ရောက်စစ်ဆေးစေဖို့ မြှားခေါ်ခဲ့တာပဲ’
'အဲဒီနောက်မှာ ဆေးလုံးစမ်းသပ်ခန်းထဲမှာရှိတဲ့ မြွေကိုးကောင်မီးပေါင်းဖိုကို အသုံးပြုပြီးတော့ သူမရဲ့အာရုံကို ဆွဲဆောင်ခဲ့တယ်။ တကယ်ကို ကြောက်ဖို့ကောင်းလှတဲ့ တွက်ချက်မှုကြီးပါလား’
'ဒီအချိန်မှာ သူမတစ်ခုတည်းသော စိတ်ပူနေတဲ့အရာက အဲဒီမီးပေါင်းဖိုကို ရှကျိုးယွီ ဘယ်လိုရခဲ့လဲဆိုတာပဲ?’
'အဲဒီမီးပေါင်းဖိုက ရွှမ်ဂိုဏ်းရဲ့ မြင့်မြတ်ပစ္စည်းတစ်ခုလေ!’