← Chapters

ဒါဘယ်လို မျက်နှာထားမျိုးလဲ

Vol. 6 Ch. 83

ဒါဘယ်လို မျက်နှာထားမျိုးလဲ

Vol. 6 Ch. 83

'နေဦး၊ ဒီမီးပေါင်းဖိုက ရွှမ်ဂိုဏ်းရဲ့ မြင့်မြတ်ပစ္စည်းတစ်ခုဆိုရင်…’

'ဖြစ်နိုင်တာ ရွှမ်ဂိုဏ်းက သူ့နောက်မှာ ရှိနေတာလား?’

အနီရောင်မိန်းကလေး ချက်ချင်းပဲ အတွေးလွန်သွားတော့သည်။

'ဒါဆိုရင် အကုန်လုံး အဓိပ္ပာယ်ရှိသွားပြီ။ ဒီရှကျိုးယွီမှာ ရွှမ်ဂိုဏ်းရဲ့ ထောက်ပံ့မှုရှိနေတာပဲ’

'ဒါကြောင့် သူအခုလိုမျိုး အရမ်းတည်ငြိမ်နေနိုင်တာ’

'ဒါကြောင့်မလို့လည်း အကြောက်အလန့်မရှိဘဲ သိုင်းလောကက လူတွေအများကြီးကို ထိန်းချုပ်ဖို့ကြိုးစားခဲ့တာ’

'ထျန်းချီတာဝါကိုလည်း အဲဒါကြောင့်မလို့ ရန်စရဲတာပဲ!’

သူမတို့ ဂရုမစိုက်ဘဲ ပြုမူလို့မဖြစ်တော့ဘူး။

'ဒီရှကျိုးယွီက ရွှမ်ဂိုဏ်းရဲ့ထောက်ပံ့မှုကြောင့် ကံကြမ္မာအမှတ်ကို တစ်လတည်းနဲ့ ခြောက်ဆလောက်တက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။ ရေခဲပုစဉ်းနဲ့ပတ်သက်ပြီး ပြောခဲ့တာတောင်မှ သူက စိတ်မလှုပ်ရှားခဲ့ဘူး’

ဆန်းကြယ်တဲ့ဖြစ်ရပ်တွေအားလုံးက... ရှကျိုးယွီမှာ ရွှမ်ဂိုဏ်းရဲ့ထောက်ပံ့မှုကို ရနေတယ်ဆိုတဲ့အချက်ကို ထောက်ပြနေတော့သည်။

ရွှမ်ဂိုဏ်းဆိုတာ ဆန်းကြယ်မှုတွေနဲ့ ဖန်တီးထားတဲ့နေရာတစ်ခုပဲ။

ဒါပေမဲ့ သူမ နားမလည်တာတစ်ခုရှိသေးသည်။

ရွှမ်ဂိုဏ်းက ဘာလို့ တရှားတိုင်းပြည်ကို ကူညီရတာလဲ?

ပြီးတော့ သူတို့ရဲ့ မြင့်မြတ်ပစ္စည်းတစ်ခုကိုတောင်မှ တရှားတိုင်းပြည်ရဲ့ ကိုယ်ပိုင်ရတနာအဖြစ် ဘာကြောင့်ပြောင်းလဲဖို့ ဆန္ဒရှိရတာလဲ!

တိုင်းပြည်တစ်ခုရဲ့ ကိုယ်ပိုင်ရတနာဖြစ်သွားမယ်ဆိုရင်... အဲဒီတိုင်းပြည် တည်ရှိနေသ၍ ကိုယ်ပိုင်ရတနာကို ဘယ်သူကမှ ယူလို့ရမှာမဟုတ်ဘူး။

ရွှမ်ဂိုဏ်းက တရှားတိုင်းပြည်ကို တကယ်ပဲထောက်ပံ့ချင်တယ်ဆိုရင်တောင်မှ ဒီလောက်အတိုင်းအတာအထိတော့ လုပ်မှာမဟုတ်ဘူး။

အနီရောင်မိန်းကလေး ပိုပိုပြီး ရှုပ်ထွေးလာတော့သည်။

သူမရဲ့ နှလုံးသားက အဆုံးမရှိအောင် လှိုင်းထန်နေတော့သည်။ အခြေအနေကို နားလည်သွားခဲ့ပေမဲ့ အဲဒီအခြေအနေရဲ့ ဖြစ်ပေါ်စေတဲ့အကြောင်းအရင်းကို သူမ နားမလည်နိုင်သေးဘူး။

‘ ရွှမ်ဂိုဏ်းက ဘာလို့ တရှားတိုင်းပြည်ကို ကူညီရမှာလဲ? တရှားတိုင်းပြည်ဆိုတာ သေးငယ်တဲ့တိုင်းပြည်လေးတစ်ခုလေ။ ဒီရွှမ်ထန်းနယ်မြေကြီးမှာရှိတဲ့ တိုင်းပြည်ပေါင်းများစွာရဲ့ အောက်ဆုံးမှာရှိတဲ့ သေးငယ်တဲ့တိုင်းပြည်တစ်ခု!’

'ဘာအရည်အချင်းတွေများရှိနေလို့ တခြားတိုင်းပြည်တွေကိုကျော်ပြီး သူ့ကိုရွေးခဲ့ရတာလဲ? ဒါက လုံးဝအဓိပ္ပာယ်မရှိဘူး’

'နေဦး၊ တရှားတိုင်းပြည်မှာ ဆန်းကြယ်တဲ့နေရာတစ်ခုရှိတယ်။ အဲဒါက နဂါးနှင်းတောင်ပဲ!’

'ဒါဆိုရင် ရွှမ်ဂိုဏ်းက နဂါးနှင်းတောင်ကို ပစ်မှတ်ထားနေတာလား?’

အနီရောင်မိန်းကလေးက နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားခဲ့သည်။

'ရွှမ်ဂိုဏ်းရဲ့ပစ်မှတ်က တရှားတိုင်းပြည်မဟုတ်ဘဲ တရှားတိုင်းပြည်မှာရှိတဲ့ နဂါးနှင်းတောင် ဖြစ်နေခဲ့တာပေါ့’

နဂါးနှင်းတောင်က မီတာပေါင်းသောင်းချီပြီးမြင့်သည်။ ထိုတောင်ပေါ်မှာ ကြောက်စရာသားရဲကြီးများစွာလည်းရှိသည်။

ဒါ့အပြင် ရတနာတွေအများကြီးလည်းရှိသည်။ နဂါးနှင်းတောင်နဲ့ပတ်သက်ပြီး ဒဏ္ဍာရီလာပုံပြင်တွေတောင် အများကြီးရှိကြသည်။

'ရွှမ်ဂိုဏ်းက ဆေးပညာနဲ့ပတ်သက်ပြီး ကျော်ကြားတဲ့ဂိုဏ်းပဲ။ နဂါးနှင်းတောင်မှာ သူတို့လိုချင်တဲ့ပစ္စည်းတွေအများကြီး ရှိနေလောက်တယ်’

'ဒါဆိုရင် သိုင်းလောကကလူတွေ နဂါးနှင်းတောင်ပေါ်သွားရတဲ့ အဓိကရည်ရွယ်ချက်က ရေခဲပုစဉ်း သွားရှာတာမဟုတ်ဘဲနဲ့ နယ်မြေနဲ့ပတ်သက်ပြီး လေ့လာတာပေါ့’

'မီတာပေါင်းသောင်းချီပြီးမြင့်တဲ့ နဂါးနှင်းတောင်ပေါ်ကိုတက်ပြီး အဲဒီတောင်ရဲ့ဆန်းကြယ်မှုတွေကို လေ့လာမှုပြုကြတာ။ တကယ်ပဲ အဲဒီတောင်ပေါ်မှာ ဘယ်လိုရတနာမျိုး ရှိနေလို့လဲ?’

အဲဒီအချက်ကိုတော့ ဘယ်သူမှမသိကြဘူး။ အနီရောင်မိန်းကလေးရဲ့မျက်လုံးထဲမှာ ကြောက်ရွံ့မှုတို့ အချိန်နဲ့အမျှ မြင့်တက်လာတော့သည်။ သူမ ခြေလှမ်းအနည်းငယ်တောင် နောက်ဆုတ်သွားမိသည်။

"သခင် ဘာဖြစ်လို့လဲ?" သခင်ဖြစ်သူရဲ့ပုံစံကြောင့် ရွှမ်းအာ မနေနိုင်စွာမေးလိုက်သည်။

ဒါပေမဲ့ ထိုမိန်းကလေးက အဖြေမပေးခဲ့ဘဲ ရှကျိုးယွီကိုသာ စိုက်ကြည့်နေလေ၏။ သူမရဲ့အကြည့်ထဲမှာ လေးစားမှုတို့ ရှိနေသည်။

“ကြည့်ရတာ ကမ္ဘာကြီးက တရှားတိုင်းပြည်ရဲ့ဘုရင်ကို အထင်မှားခဲ့ပုံပဲ။ ကျွန်တော်မျိုးမလည်း အရှင်မင်းကြီးက ဒီလောက်ကြောက်ဖို့ကောင်းမှန်း မထင်ခဲ့မိဘူး!”

ရှကျိုးယွီ အနည်းငယ်အံ့ဩသွားခဲ့သည်။ ဒီမိန်းကလေးရဲ့မျက်လုံးတွေကို ကြည့်ရသလောက် တစ်ခုခုမှားနေမှန်း သူလည်းပဲ အာရုံခံလို့ရနေသည်။

‘ ဘာတွေဖြစ်နေတာလဲ? ငါ့ရဲ့သန်မာမှုကိုများ ထုတ်ပြလိုက်မိလိုက်လို့လား? အဲလိုလည်း မဟုတ်လောက်ပါဘူး’

ထိုမိန်းကလေးရဲ့ပြောင်းလဲမှုကို ရှကျိုးယွီ စဉ်းစားလို့မရပေ။ ဒါကြောင့် သူမနေနိုင်စွာ မေးလိုက်တော့သည်။

"မိန်းကလေးက ကြင်နာလွန်းနေပါပြီ၊ မင်းက ငါကိုယ်တော်ကို အဲ့လိုမျိုးမြင်တယ်ဆိုမှတော့ အဲ့လိုပဲပေါ့။"

ထိုအခါမှ ထိုမိန်းကလေးက စိတ်သက်သာစွာ သက်ပြင်းချလိုက်တော့သည်။

'ဝန်ခံတယ်ပေါ့? ဒါဆိုရင် အကုန်လုံး အဓိပ္ပာယ်ရှိသွားပြီ။ အကုန်ဆက်စပ်လို့ရသွားပြီ'

‘ဒီလောက်တော်တဲ့ တွက်ချက်မှုကြီးက... တကယ်ပဲ ကြောက်ဖို့ကောင်းလိုက်တာ’

'ဒီတရှားတိုင်းပြည်ရဲ့ဘုရင်က ကြောက်ဖို့ကောင်းတယ်! ဒါကြောင့်မလို့ ရွှမ်ဂိုဏ်းရဲ့အထောက်အပံ့ကို ရခဲ့တာပဲ။ သူ့မှာသာ အစွမ်းအစမရှိဘူးဆိုရင် ဘယ်လိုပဲ ရွှမ်ဂိုဏ်းရဲ့ထောက်ပံ့မှုကိုရနေနေ ခုလိုမျိုး အောင်မြင်လာမှာမဟုတ်ဘူး’

'ဒီကိစ္စနဲ့ပတ်သက်ပြီး ငါသတိထားမှဖြစ်တော့မယ်’

"အရှင်မင်းကြီး ဘာကိုဆိုလိုတာလဲ?" ထိုမိန်းကလေးက မျက်မှောင်ကြုတ်ဖြင့် မေးလိုက်သည်။

ရှကျိုးယွီ ပြုံးသွားပြီး၊

"ရိုးရှင်းပါတယ်၊ သတင်းပဲလေ၊ မင်းနားလည်တယ်မလား? ဒီသတင်းနဲ့ ပတ်သက်ပြီး မင်းကောင်းကောင်း စွမ်းဆောင်နိုင်မယ်ဆိုရင် ငါတို့ရဲ့ပူးပေါင်းမှုက လွယ်ကူသွားလိမ့်မယ်"

ရှကျိုးယွီ ရယ်လိုက်သည်။ သူ တိုက်ရိုက်မပြောခဲ့ဘူး။

ပူးပေါင်းမှုအကြောင်းကို စကားဟခဲ့ပေမယ့်... သူမက ဘာကိုပူးပေါင်းချင်နေမှန်း သူလည်းပဲမသိဘူး။

ရှကျိုးယွီအနေနဲ့ ထိုမိန်းကလေးကို ဒေါသထွက်အောင်လုပ်ဖို့ပဲ အားသန်နေခဲ့သည်။

ဒီနေ့ နဂါးကိုးကောင်မီးဖိုနဲ့ပတ်သက်တဲ့သတင်းကို သူမသိသွားခဲ့ပြီ။

အကယ်လို့ အဲဒီသတင်းကိုသာ တစ်ကမ္ဘာလုံးသိသွားခဲ့မယ်ဆိုရင်... တာရှာတိုင်းပြည်က ဘယ်လိုလုပ် အေးချမ်းနိုင်တော့မှာလဲ?

ရှကျိုးယွီရဲ့မျက်လုံးတွေက မနေနိုင်စွာ လက်လာတော့သည်။

"မဖြစ်နိုင်တာ! ကျွန်မ မလုပ်ရဲပါဘူး၊ အရှင်မင်းကြီးရဲ့ရည်ရွယ်ချက်ကို ကျွန်မသိပြီးသွားပြီ၊ ဒါကြောင့် လုပ်မှာမဟုတ်ဘူး"

ထိုမိန်းကလေးက ပြောလိုက်တော့သည်။

ပြောပြီးတာနဲ့ သူမက မနေနိုင်စွာဖြင့် စိတ်ထဲမှာ ရေရွတ်လိုက်ပြန်သည်။

'ရွှမ်ဂိုဏ်း…’

ဒါပေမဲ့ သူမ အတင်းအကြပ်ထိန်းချုပ်လိုက်တော့သည်။

သူမနားလည်ပါသည်။ စိတ်ထဲရှိတဲ့အတိုင်းသာ အကုန်လုံးကို ထုတ်ပြောလိုက်ရင် သူမသေသွားလိမ့်မည်။

ဘယ်လိုပဲ အနောက်မှာ အင်အားကြီးတဲ့နောက်ခံရှိနေတယ်ဆိုဆို ရွှမ်ဂိုဏ်းကိုတော့ သူမလည်းပဲကြောက်သည်။

"မဖြစ်နိုင်ဘူးတဲ့လား? စိတ်မကောင်းစရာပဲ"

ရှကျိုးယွီက ထိုမိန်းကလေးရဲ့အဖြေကို ဟန်ဆောင်ပန်ဆောင်ဖြင့် တုံ့ပြန်လိုက်သည်။ တကယ်တော့ သူ့ရဲ့စိတ်ထဲမှာ ပျော်ရွှင်နေတာပဲ!

'အေး ဟုတ်တယ်။ သဘောမတူနဲ့၊ ဒေါသထွက်နေလိုက်’

'မင်းဒေါသထွက်သ၍ ငါ့တိုင်းပြည် ပျက်စီးမှာပဲ။ ဒါဆိုရင် ကံကြမ္မာအမှတ်လည်း ပျက်စီးလိမ့်မယ်!’

ရှကျိုးယွီရဲ့နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခု ဖြစ်ပေါ်လာတော့သည်။

ဒါကိုမြင်တော့ အနီရောင်မိန်းကလေးရဲ့အနောက်မှာရှိတဲ့ ရွှမ်းအာ မနေနိုင်စွာ ဝင်ပြောတော့သည်။

"သခင် ဘာလို့ဒီအသုံးမကျတဲ့အရူးဘုရင်နဲ့ ငြင်းနေရတာလဲ?"

ဒါပေမဲ့ သူမရဲ့စကားမဆုံးခင်မှာပဲ သခင်ဖြစ်သူဆီက စူးရှတဲ့အကြည့်ကို လက်ခံလိုက်ရသည်။

ထို့နောက်မှာ အနီရောင်မိန်းကလေးက ရှကျိုးယွီကို ပြန်ကြည့်လိုက်ပြီး၊ "ကျွန်မရဲ့အစေခံက ရိုင်းပြမိသွားတယ်၊ ကျေးဇူးပြုပြီး အရှင်မင်းကြီး စိတ်ထဲမထားပါနဲ့၊ ကျွန်မတို့ရဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးလို့ရသေးလား?"

အနီရောင်မိန်းကလေးရဲ့ တုံ့ပြန်မှုကြောင့် ရှကျိုးယွီ အနည်းငယ်အံ့ဩသွားတော့သည်။ သူ့ရဲ့မျက်နှာထားပင် အနည်းငယ်တွန့်ဆုတ်သွားတော့သည်။

'သူတို့ကို အရင်ဦးဆုံး အခွင့်အရေးပေးတဲ့ပုံစံ ဟန်ဆောင်ရမယ်။ လွတ်လမ်းပေးမယ့်အစား ဖိအားပေးလိုက်ပြီး သူတို့ဘာသာထွက်ပြေးနိုင်အောင် ငါစီစဉ်ရမယ်’

'ဒီလိုဆိုမှ သတင်းတွေက သူမဆီကတစ်ဆင့် ကျန်တဲ့လူတွေဆီကို ချောမွေ့စွာရောက်သွားလိမ့်မယ်’

'ဒါပေမဲ့ ငါက ဘယ်လိုမျိုးသူတို့ကို လွှတ်ပေးလိုက်ရမလဲ?’

ရှကျိုးယွီ ဖြစ်နိုင်ခြေကိုစဉ်းစားလိုက်သည်။

'ရေကြီးမှုကို ထိန်းချုပ်ဖို့ ရှိတယ်လေ!’

'ရေကြီးမှုကို ထိန်းချုပ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့သာ ဒီနှစ်ယောက်ကို လွှတ်ပေးလိုက်မယ်ဆိုရင်…. နန်းတော်ထဲမှာရှိတဲ့ နဂါးကိုးကောင်မီးဖိုနဲ့ ပတ်သက်တဲ့သတင်းလည်း ချောမွေ့စွာ ပြန့်သွားလိမ့်မယ်။ ဒါဆိုရင် အကုန်လုံးအဆင်ပြေပြီ!’

'ပြီးတော့ သူမတို့နှစ်ယောက်ရဲ့ပုံစံကို ကြည့်ရတာ အရမ်းသန်မာမယ့်ပုံလည်းမရှိဘူး။ သူတို့ရဲ့အကူအညီကိုသာသုံးမယ်ဆိုရင် ကျင့်ကြံမှု မလုံလောက်မှုကြောင့် သေချာပေါက် ကံကြမ္မာအမှတ်တွေအများကြီး စုပ်ယူခံလိုက်ရမှာပဲ!’

'ဒါပဲလေ၊ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်တယ်ဆိုတာ!’

ရှကျိုးယွီ ပြောလိုက်တော့သည်။

"ငါတို့ ဆွေးနွေးလို့မရတာလည်းမဟုတ်ဘူး။

အခုလက်ရှိမှာ တာရှာတိုင်းပြည်ထဲက ကျန်းနန်ဆိုတဲ့မြို့မှာ မိုးအဆက်မပြတ်ရွာသွန်းနေတာမလို့ ရေကြီးမှုဖြစ်လာနိုင်ခြေရှိတယ်၊ အကယ်လို့ မင်းတို့နှစ်ယောက်သာ ကူညီဖို့စိတ်ကူးရှိတယ်ဆိုရင် အခုဖြစ်ခဲ့တဲ့ကိစ္စကို မဖြစ်ခဲ့ဘူးလို့ ငါကိုယ်တော် သဘောထားပေးမယ်!”

All Chapters