ကောင်းကင်ဘုံ အကာအကွယ်စည်း
Vol. 6 Ch. 84
“ နေအုံး နေအုံး ဘာရယ်..?”
“ ရေကြီးတာကို ဟုတ်လား?”
ထိုမိန်းကလေးက ရှကျိုးယွီကို အံ့သြစွာ ကြည့်နေခဲ့သည်။
သူမ မကြားသင့်တဲ့စကားတစ်ခုကို ကြားလိုက် ရသလိုမျိုးပဲ။
“ ဟုတ်တယ်လေ။ ဘာမှားလို့လဲ? ပြဿနာ ရှိလို့လား?”
ရှကျိုးယွီ အနည်းငယ် အံ့သြသွားသည်။
သူ့အတွက်တော့ ရေကြီးမှုဆိုတာ ရိုးရှင်းတဲ့ ကိစ္စမဟုတ်ဘူး။ အရှေ့က မိန်းကလေး ဘယ်လိုမှ ကောင်းမွန်စွာ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။
'မကြာခင် တရှားတိုင်းပြည်အတွက် ရန်သူတွေ အများကြီး ရောက်လာတော့မယ်.. အဲ့ဒီ အချိန်ကျရင် ကံကြမ္မာအမှတ်ကို ငါစိတ်ပူဖို့ လိုအုံးမှာလား?’
ရှကျိုးယွီရဲ့ မျက်လုံးတွေက တောက်ပလာခဲ့သည်။
ရွှမ်းအာပင် ဘေးကနားထောင်ရင်း အနည်းငယ် သံသယ ဝင်လာခဲ့သည်။
ရှကျိုးယွီကို ပြူးကျယ်စွာ ကြည့်လိုက်သည်။
သူမရဲ့နားကိုပါ အကြိမ်ကြိမ် ပွတ်လိုက်သည်။ မယုံနိုင်စရာကောင်းတဲ့အရာတစ်ခုကို ကြားလိုက်ရသလိုမျိုး သူမ ခံစားနေရသည်။
ရှကျိုးယွီထံမှ အကြည့်မဖယ်နိုင်တော့ပေ။
အနီရောင်မိန်းကလေးက တည်ငြိမ်စွာ ပြောလိုက်လေသည်။
“ အတည်ပြောတာလား?”
ထိုအချင်းအရာကို ရှကျိုးယွီမြင်တဲ့အခါမှာ ဒီကောင်မလေးက ထွက်ပြေးနိုင်ပြီဆိုပြီး စိတ်လှုပ်ရှားသွားပါလားလို့ မှတ်ယူလိုက်တာမလို့ အများကြီး မစဥ်းစားခဲ့ဘူး။ ဒါကြောင့် ရိုးရှင်းစွာ ခေါင်းညိတ်ပြလိုက်သည်။
“ အမှန်ပဲ!”
“ ဒါဆိုရင် တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကိုကော ကျွန်မ ယူသုံးလို့ရလား?”
ထိုမိန်းကလေးက သံသယ မျက်လုံးများနဲ့ မေးလာသည်။
ရှကျိုးယွီ အနည်းငယ် အံ့သြသွားသည်။
သူ ချက်ချင်းပဲ ပျော်ရွှင်သွားသည်။
‘ငါမင်းကို ကြိုက်သွားပြီ ကောင်မလေး’
‘ ဘာလို့များ အစောတည်းက မပြောခဲ့ရတာလဲ? အခုလောက်ထိ ဒုက္ခခံနေရတယ်လို့ကွာ’
ရှကျိုးယွီ ပြုံးကာပြောလိုက်သည်။
“ သေချာပေါက် ဖြစ်နိုင်တာပေါ့။ အခုလို လူအများကြီးရဲ့အသက်ကို ကယ်တင်နိုင်ချိန်မှာ ဘာကိစ္စ တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ် အနည်းငယ်လောက်ကို ငါကိုယ်တော် စိတ်ပူနေရမှာလဲ?”
ရှကျိုးယွီ စိတ်အားထက်သန်စွာ ပြောလိုက်သည်။ သူ့ရဲ့မျက်လုံးတွေ အနည်းငယ် စူးလက်လက်လာခဲ့သည်။
ထိုမိန်းကလေး အံ့သြသွားပုံပဲ။ ရှကျိုးယွီကို လှမ်းကြည့်လာခဲ့သည်။
ရှကျိုးယွီရဲ့စကားကို သူမ အတည်မယူရဲ သေးဘူး။
ဒါပေမဲ့ ရှကျိုးယွီရဲ့ မျက်လုံးထဲက တည်ငြိမ်မှုကို မြင်ရသည်နှင့်အမျှ တစ်ဖြည်းဖြည်း လက်ခံလာရတော့သည်။
‘ ဒါဆို တစ်ကယ်ပြောခဲ့တာလား? ဘယ်လို ဘုရင်က ဒါမျိုးလုပ်လို့လဲ?’
ရှကျိုးယွီအပေါ် သူမရဲ့အမြင်က အဆပေါင်းများစွာ မြင့်တက်သွားခဲ့သည်။
‘သူက ဘုရင်ကောင်းပဲ။ ပြည်သူတွေကို ဂရုစိုက်တယ်။ ကမ္ဘာပေါ်က လူဘယ်နှစ်ယောက်လောက်များ အခုလို သတ္တိနဲ့ အခုလို စိတ်ဓာတ်ကို ပိုင်ဆိုင်ထားလို့လဲ?’
ရှကျိုးယွီကို သူမ ပိုလေးစားသွားသလိုပဲ။
ထိုလေးစားမှုက အချိန်နဲ့အမျှ ခိုင်မာလာခဲ့သည်။
သူမရဲ့ မျက်လုံးထဲမှာပါ ထုတ်ပြမိသွားတော့သည်။ ထို့နောက်မှာ အသက်ဝဝ တစ်ချက်ရှုသွင်းလိုက်ပြီး..
“ အရှင်မင်းကြီးက လူတွေကို ဂရုစိုက်တယ် ဆိုမှတော့ ကျွန်မ အကောင်းဆုံး ကြိုးစားပေးမယ်”
“ အခုလိုညဘက်ကြီး နှောက်ယှက်ခဲ့ရတဲ့ အပြုအမူအတွက် နောက်ရက်မှ သေချာ တောင်းပန်ပါတော့မယ်”
“ ရွှမ်းအာ သွားမယ်!”
သူမက တစ်ခါထဲ အစေခံဖြစ်သူကိုပါ ဆွဲခေါ် သွားခဲ့သည်။
ရှကျိုးယွီ မတားမြစ်ခဲ့ဘူး။
ထိုမိန်းကလေးကိုသာ အပြုံးတစ်ခုနဲ့ကြည့်နေ ခဲ့သည်။ စိတ်ထဲမှာလဲ သက်သာစွာ သက်ပြင်းချလိုက်လေ၏။
‘ မဆိုးဘူး။ ဉာဏ်ပြေးသားပဲ။ ဘယ်အချိန် နောက်ဆုတ်ရမလဲဆိုတာ သိရင် အနာဂတ်မှာလဲ အသုံးဝင်လိမ့်မယ်’
‘ နဂါးကိုးကောင်.မီးပေါင်းဖိုရဲ့ သတင်းတွေသာ ပျံ့သွားခဲ့မယ်ဆိုရင် တရှားတိုင်းပြည် တစ်ခုလုံးမှာလဲ ပွက်လောရိုက်သွားတော့မှာပဲ ဟီးဟီးဟီး’
ရှကျိုးယွီရဲ့ မျက်နှာပေါ်က အပြုံးတွေ မရပ်တန့်နိုင်တော့ဘူး။
“ အရှင်မင်းကြီး သူတို့ကို တစ်ကယ်ပဲ လွှတ်ပေးလိုက်မှာလား?”
ဖူယွဲ့ မနေနိုင်စွာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ?”
ရှကျိုးယွီ ဖူယွဲ့ကို လှမ်းကြည့်လိုက်သည်။
ချက်ချင်းပဲ မိဖုရားရဲ့မျက်နှာက ဖြူဖတ်သွားခဲ့တာမလို့ ရှကျိုးယွီ မနေနိုင်စွာ ဆွဲဖက်လိုက်တော့သည်။
“ လန့်သွားတာလား? တောင်းပန်ပါတယ် ကိုယ့်မိဖုရား”
“ အရှင်မင်းကြီး ကျွန်တော်မျိုးမက….သူတို့ကို ဒီတိုင်းလွှတ်ပေးလိုက်ပြီး ကံကြမ္မာအမှတ်ပါ ပေးမယ်လို့ ကတိပေးလိုက်ရင်… မကောင်းတဲ့ အကျိုးဆက် ကြုံလာရမှာကို စိတ်ပူလို့ပါ”
သူမက ပြောပြီးတာနဲ့ အပြင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ထို့နောက်မှာမှ ဆက်ပြောလိုက်သည်။
“ အရှင်မင်းကြီး သေချာမသိသေးတာ ဖြစ်မှာပါ။ အခုလိုမျိုး နှုတ်စကားနဲ့ တိုက်ရိုက် သုံးခွင့်ပေးလိုက်တာက သူတို့ကို စိတ်ကြိုက် သုံးခွင့်ပေးသလိုမျိုး ဖြစ်သွားနိုင်တယ်။ သူတို့သာ ကျွန်တော်မျိုးမတို့ တရှားကို အန္တာရယ်ပြုချင်ခဲ့ရင်…”
ထိုအချိန်မှာပဲ စနစ်ရဲ့အချက်ပြသံကို ရှကျိုးယွီ ကြားလိုက်ရသည်။
( ပိုင်ရှင်က ဘယ်ကမှန်းမသိတဲ့ လူကို ကံကြမ္မာအမှတ်တွေ စိတ်ကြိုက်ယူသုံးခွင့်ပေးခဲ့တယ်။ အန္တရာယ်များစွာ ကြုံလာနိုင်တဲ့အပြင် အကျိုးဆက်ကလည်း သေးမှာမဟုတ်ဘူး။ အသုံးမကျတဲ့ ဘုရင်တစ်ယောက်ရဲ့ အပြုအမူပဲ)
( ကံကြမ္မာအမှတ် ၅၀၀၀ လျော့ပါတယ်။ လက်ရှိမှာ ၄၆၀၀၀ပဲ ကျန်တော့တယ်)
(ဆုလာဘ်- ကောင်းကင်အကာအကွယ်စည်း)
( ကောင်းကင်ဘုံ အကာအကွယ်စည်းက ထူးခြားဆန်းကြယ်တဲ့ အခြေခံအုတ်မြစ် ပစ္စည်တွေနဲ့ ဖန်တီးထားတဲ့ အဆင့်မြင့် အစီအရင်တစ်ခုပဲ။ သတ်မှတ်နေရာတစ်ခုရဲ့ ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုကို ကာကွယ်ပေးနိုင်တယ်။ အသုံးပြုသူကို မိုင်တစ်ရာ အကွာအဝေးအတွင်းမှာရှိတဲ့ အနှောက်အယှက်မှန်သမျှကို အာရုံခံနိုင်ပြီး.. ထိုအကွာအဝေးအတွင်းရှိ အဆင့်တစ်နှင့်အောက် ရှိသော ကျင့်ကြံသူ တစ်ယောက်ချင်းဆီကို အနိုင်ယူနိုင်တယ်)
'ဒါက… အကာအကွယ်အစီအရင်ပေါ့’
‘ ငါလိုချင်တာနဲ့ ကွက်တိပဲ’
‘ ဒါကိုသာ နန်းတော်ထဲ ချထားလိုက်ရင် ဘယ်ကောင်ခိုးဝင်ရဲအုံးမလဲ ငါကြည့်မယ်’
ရှကျိုးယွီ ချက်ချင်းပဲ နန်းတော်မှာ အသုံးပြုဖို့ အကြံရသွားခဲ့သည်။ မိုင်တစ်ရာတွေ ဘာတွေ မလိုဘူး။ နန်းတော်ကိုသာ စောင့်ကြည့်ပေးနိုင်ရင် ဖြစ်ပြီ။
အစီအရင် ဗဟိုချက်ကို ရှကျိုးယွီ သိမ်းဆည်းလိုက်ပြီး ဖူယွဲ့ကို တင်းနေအောင် ဖက်လိုက်ကာ ပြောလိုက်သည်။
“ အရေးမကြီးပါဘူး။ သူတို့ကို ပေးလိုက်ရလဲ ဘာဖြစ်မှာမလို့လဲ? ရေကြီးမှုကို ဖြေရှင်းနိုင်သရွေ့ အဆင်ပြေပါတယ်”
ဖူယွဲ့ အနည်းငယ် တွန့်ဆုတ်နေဆဲပဲ။
ဒါပေမဲ့ ရှကျိုးယွီက သူမနဲ့ ဆက်စကား မပြောတော့ဘူး။ ထိုအစား နန်းဆောင် အပြင်ဘက်ကို လှမ်းပြောလိုက်လေသည်။
“ ကျောက်ကောင်း ဝင်ခဲ့”
ကျောက်ကောင်း အစကတော့ အံ့သြသွားခဲ့ပေမဲ့ ချက်ချင်းပဲ ပျော်ရွှင် သွားတော့သည်။ တံခါးဖွင့်ကာ ဝင်ပြီးတာနဲ့ တစ်နေရာလုံးကိုပါ စစ်ဆေးလိုက်သေးသည်။
“ ကြည့်မနေနဲ့ သွားကြပြီ!”
ရှကျိုးယွီ အမြင်ကတ်စွာ ပြောလိုက်တော့သည်။
“ ကျွန်တော်မျိုး သေသင့်ပါတယ်။.ကျွန်တော်မျိုး သေသင့်ပါတယ်!”
ကျောက်ကောင်း ချက်ချင်းပဲ ဒူးထောက်ကျသွားပြီး အကြိမ်ကြိမ် ဦးတိုက် အရိုအသေပေးလိုက်သည်။
“ မင်းအမှားမဟုတ်ဘူး။ မလိုဘူး။ ဟုတ်ပြီ ကျောက်ကောင်း… ငါကိုယ်တော်မှာ အစီအရင်တစ်ခုရှိတယ်။ မင်း စီစဥ်လိုက်”
ရှကျိုးယွီက လိုအပ်တဲ့ညွှန်ကြားချက်တွေ ရေးထားသော စာရွက်နဲ့ အစီအရင် ဗဟိုချက်ကို ထုတ်ပေးလိုက်သည်။
အစီအရင်ရဲ့ ထိန်းချုပ်ပစ္စည်းကိုတော့ ယူထားလိုက်သည်။
ကျောက်ကောင်း.အရှေ့တိုးကာ ကြည့်မိပြီးတာနဲ့ ချက်ချင်းပဲ တုန်လှုပ်သွားတော့သည်!
မျက်နှာတစ်ခုလုံး ဖြူဖွေးသွားလေရဲ့။
'ဒီအစီအရင်… ဒီအစီအရင်က အရမ်းကောင်းတာပဲ!’
‘ ဘယ်ကနေ ရောက်လာခဲ့တာလဲ?’
‘ ကြည့်ရတာ အရှင်မင်းကြီးကနန်းတော်ရဲ့ ပြဿနာကို သတိထားမိပုံပဲ။ ဒါကြောင့် အစီအရင်ကိုပါ ထုတ်ပေးလာတာ!’
ရှကျိုးယွီ ခဏလောက်တွေးပြီးမှ ဆက်ပြောလိုက်သည်။
“ မနက်ဖြန် နေမထွက်ခင်မှာ အပြီးလုပ်ထား!”
“ အမိန့်တော်အတိုင်းပါ”
ကျောက်ကောင်း အမြန်ခေါင်းညိတ်လိုက်သည်။
“သွားလို့ရပြီ”
ကျောက်ကောင်း အစီအရင် ဗဟိုချက်ကို ရိုသေစွာ လှမ်းယူပြီးတာနဲ့ တိတ်တဆိတ် ထွက်သွားခဲ့လိုက်သည်။
ထိုအချိန်မှသာ ဖူယွဲ့ စိတ်သက်သာစွာ သက်ပြင်းချနိုင်တော့သည်။
ရှကျိုးယွီ ပေးလိုက်တဲ့ပစ္စည်းကို သူမ နားမလည်ပေမဲ့ သူ့မှာ အစီအစဥ်ရှိမှန်းတော့ သူမသိလိုက်ရပြီလေ။ ဒါဆို သူမ စိတ်ပူဖို့ မလိုလောက်တော့ဘူး။
စာစဉ်ပြီး၏